ရွှေ ဖိနပ် နဲ့ ငွေ နားဆွဲ

ဗြိတိန် ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ရဲ့ အရိုက်အရာကို ဆက်ခံနိုင်ဖို့အတွက် ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်ရွေးချယ်ပွဲကမပြီးသေးဘူး။ကွန်ဆာဗေးတစ် ပါတီ လွှတ်တော်အမတ်တွေရဲ့ ထောက်ခံ မှု ရဖို့ ယှဉ်ပြိုင်ရတဲ့အဆင့်ပြီးပေမယ့် ပါတီဝင်တွေမဲပေးဆုံးဖြတ်ရမယ့် အဆင့်အတွက် ပြင်ဆင်နေ ကြတယ်။ ပါတီဝင်တွေက စက်တင်ဘာလ ၂ ရက်နေ့မှာ မဲပေးပြီး ပါတီခေါင်းဆောင်သစ်ကို စက် တင်ဘာလ ၅ ရက်နေ့မှာ ကြေညာမယ်။ ဘောရစ်ဂျွန်ဆင်က ဇူလိုင်လ ၇ ရက်နေ့မှာ ရာထူးက နုတ်ထွက်တာဆိုတော့ ခေါင်းဆောင်သစ် ရွေးဖို့အတွက် နှစ်လလောက် အချိန်ယူရတဲ့သဘောပဲ။ ကြာလိုက်တာဆိုပြီး အပြစ်တင်လို့တော့ မရဘူး။ ပါတီတွင်း ဒီမိုကရေစီ ရှင်သန်ချင်တယ်ဆိုရင်တော့ အောက်ခြေပါတီဝင်တွေရဲ့ထောက်ခံမှု နဲ့ ပါတီခေါင်းဆောင်နေရာကို ရယူရမှာပဲ။ ပါတီခေါင်းဆောင်ရာထူးကို အမွေပေးသလို လွှဲပေး လို့မရ သလိုContinue reading “ရွှေ ဖိနပ် နဲ့ ငွေ နားဆွဲ”

ကြောက်ခေတ် ဈေးသည်

ဝါးလုံးတန်းမှာ ပလတ်စတစ်အိတ်လေးတွေ တွဲလောင်းဆွဲထားတယ်။ မြေကြီးပေါ်မှာ ရေသန့် ဘူး လေးတွေထောင်ထားတယ်။ ပလတ်စတစ်အိတ်တွေထဲမှာ မ ျှစ်စိုတွေ ၊ မ ျှစ်ပြုတ်တွေ၊ မ ျှစ်ချဉ် တွေ ရှိတယ်။ ရေသန့် ဘူးထဲမှာ ပါးပါးလှီးထားတဲ့မ ျှစ်တွေရှိတယ်။ အဲဒီလို ရာသီထွက်ကုန် မ ျှစ် ရောင်းတဲ့ လမ်းဘေးဈေးဆိုင်တွေကို နေပြည်တော်- မန္တလေး ကြား အမြန် လမ်းမကြီးဘေး မိုင် ၂၁၀ ကျော်တာနဲ့ စတွေ့ရပြီ။ တစ်ချို့နေရာမှာ လေးငါးခြောက်ဆိုင် တန်းစီလို့၊ တစ်ချို့နေရာတွေမှာတော့ တစ်ဆိုင် တည်း။ ဆိုင်တွေအများကြီးရှိတဲ့နေရာမှာဆိုရင် ဒီဆိုင်ဝယ်ရင် ဟိုဆိုင်ကို မျက်နှာပူရတာကြောင့် တစ်ဆိုင် တည်းရှိတဲ့နေရာမှာ ရပ်လိုက်တယ်။ သစ်ပင်ရိပ်ကောင်းကောင်းအောက်မှာ ဝါးကွပ်ပျစ်လေးတစ်ခုရှိတယ်။ အဲဒီပေါ်မှာ ကလေး တစ်ယောက် နဲ့အထုပ်အပိုးတွေရှိတယ်။Continue reading “ကြောက်ခေတ် ဈေးသည်”

ကဗျာချစ်သူ သမ္မတ

လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ က ရေးခဲ့တဲ့ ကဗျာ ချစ်သူ သမ္မတ နဲ့ ကဗျာဆရာအကြောင်း ————————————————————————————— ကဗျာဆရာတွေကအခြားသူတွေထက်ခံစားချက်ပိုထူးခြားတယ်၊ စူးရှတယ်၊ အတွေးအမြင်တွေက လွတ်လပ်တယ်။ ဒီတော့ သူတို့ နေထိုင် ပြောဆိုမှုပုံစံတွေကို လူတိုင်းနားလည်ဖို့၊ လက်ခံနိုင်ဖို့ ခက်တယ်။ အာဏာရှိတဲ့လူတွေဆို ပိုဆိုး တာပေါ့။ ဒါပေမယ့် ထူးထူးခြားခြား ကဗျာဆရာကို တန် ဖိုးထားတဲ့ သမ္မတတစ်ယောက်လည်းရှိခဲ့တယ်။ သူ့ကြောင့်လည်း နိုင်ငံက ကဗျာဆရာကောင်း တစ်ယောက်ကို ပိုင်ဆိုင်ခွင့်ရခဲ့တယ်။ ကဗျာဆရာရဲ့ ဘဝအစက မလှပခဲ့ဘူး။ သူ့မိဘတွေက သားနှစ်ယောက်မွေးပြီးလို့ သမီး လေး လို ချင်နေချိန်မှာ သူ့ကို မွေးတာကြောင့် မိဘမေတ္တာအပြည့်မရခဲ့ဘူး။ အကိုတွေတုန်းက မွေးပြီးတာနဲ့ နာမည်ပေးခဲ့ပေမယ့်သူကတော့ခြောက်လကြာမှအမည်ပေးကင်ပွန်းတပ်ခံရတယ်။အရွယ် ရောက် လာတော့ သူတစ်ဖက်သတ် ချစ်နေရသူကContinue reading “ကဗျာချစ်သူ သမ္မတ”

ခေတ်သုံးခေတ် ကားဆရာ

ဗင်ကားလေးက အငှားကားထဲမှာတော့ အတော်သန့်တယ် လို့ ပြောရမယ်။ ကားအတွင်း ပိုင်း က သန့်ရှင်းသလို ကားသမားနေရာကိုလည်း ကိုဗစ်ကာကွယ်ရေးအတွက် ပလတ်စတစ်နဲ့ ကာ ထားတယ်။ ခုံနောက်မှီမှာ ကိုဗစ်ရောဂါကာကွယ်ရေးအတွက် လက်ဆေးဖို့ ၊ နှာခေါင်းစည်း တပ်ဖို့ သတိပေးတဲ့ စတစ်ကာ ကပ်ထားတယ်။ ရှေ့ထိုင်ခုံနှစ်ခုကြားမှာ လက်သန့်ဆေးရည် ဘူး လေး ရှိတယ်။ ခရီးသည်တွေ လိုအပ်ရင် ဖုန်းအားသွင်းနိုင်ဖို့ အားသွင်းကြိုးလေးတစ်ချောင်း ရှိ တယ်။ ကားဆရာက ရှပ်အကျီ ၤအဖြူ လည်ကတုံး လက်တို၊ ဆံပင်တိုတိုနဲ့ဆိုတော့ သူ့ပုံက အငှားယာဉ်မောင်း ထက် ရုံးဝန်ထမ်း တစ်ယောက်နဲ့ ပိုတူတယ်။ စကားပြောကြည့်တော့ နိုင်ငံ့ဝန်ထမ်းဟောင်း ဆိုတာ သိလိုက်ရတယ်။ကျွန်တော့်ကို ဘယ်သူမှန်းမသိပါဘူး။ ဒါပေမယ့် ကျွန်တော်လည်းဝန်ထမ်းဟောင်း ဆိုတာ ပြောပြContinue reading “ခေတ်သုံးခေတ် ကားဆရာ”

Power ဂျာနယ်အင်တာဗျူး

လွန်ခဲ့တဲ့ နှစ်နှစ် ၂၀၂၀ ဇူလိုင်လ ၁၆ ရက်နေ့ ရွေးကောက်ပွဲ အကြို အင်တာဗျူး အဲဒီအချိန်ထဲက NLD နဲ့ ပြည်ခိုင်ဖြိုးအခြေအနေကို အခုလို သုံးသပ်ခဲ့တယ်။ xx လူထုက ဒေါ် အောင်ဆန်းစုကြည်အပေါ်မှာ (မဲပေးခဲ့တဲ့ မဲဆန္ဒရှင်အ များစုက)အဲဒီအချိန်တုန်းက ယုံပြီးပုံအပ်ခဲ့တယ်။ ဘာပဲ ပြောပြော NLD အစိုးရရဲ့ စွမ်းဆောင်မှုကို သူတို့အား မရဘူးဆိုရင်တောင်မှ နောက်ထပ် ၅ နှစ်အချိန်ပေးချင် သေးတယ်ဆိုတဲ့စိတ် လူအတော်များများမှာရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဓိကက အဲဒီပြဿနာပဲ။ ရှင်း ရှင်းပြောရရင် NLD အစိုးရက အရင်လူတွေလောက် တော့ မဆိုးသေးပါဘူးဆိုတာလောက်တော့ ရှိတာပေါ့။ အစိုးရရဲ့ လုပ်ဆောင်ချက်ကို ပြောတာမဟုတ်ဘူး။ အဂ တိလိုက်စားမှုတွေ၊ ခရိုနီကိစ္စတွေ၊ ဆွေမျိုးကောင်းစားရေး ဝါဒတွေ ဒီလိုဟာမျိုးတွေနဲ့ပတ်သက်ရင်Continue reading “Power ဂျာနယ်အင်တာဗျူး”

သီရိလင်္ကာ သင်ခန်းစာ

၂၀၂၂ ခုနှစ် အစပိုင်းထဲက စတင်လာတဲ့ သီရိလင်္ကာ စီးပွားရေးအကျပ်အတည်းဟာ ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက်မှာ သမ္မတ ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာ နိုင်ငံက ထွက်ပြေးသွား တာနဲ့ အဆုံး သတ်သွားခဲ့တယ်။ ကိုဗစ်၁၉ ကပ်ရောဂါ နဲ့ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတိုင်းလိုလို စီးပွားရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေရချိန်မှာ သီရိလင်္ကာနိုင်ငံကတော့ ကြွေးပြန်မဆပ်နိုင်လို့ ဒေဝါလီခံရတဲ့အဆင့် ရောက်ပြီး နိုင်ငံစီးပွားရေးလည်း ပြိုလဲတဲ့အထိ ၊ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေတောင် ဖြည့်ဆည်းမပေးနိုင်တော့တဲ့ အထိ ဖြစ်ခဲ့ရတယ်။ သီရိလင်္ကာနိုင်ငံ အခုလို မွဲပြာကျရတဲ့ အခြေအနေရောက်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းက ဆွေမျိုးတပည့်ကောင်းစားရေးဝါဒ ကြောင့် ဖြစ်တယ်လို့ အကဲခတ်လေ့လာသူ တွေ က သုံးသပ် ကြတယ်။ သူတို့က ဆွေမျိုးတပည့်ကောင်းစားရေးဝါဒ ကြောင့်Continue reading “သီရိလင်္ကာ သင်ခန်းစာ”

ဘောရစ်ဂျွန်ဆင်ပေးတဲ့ သင်ခန်းစာ

မနေ့ ဇူ လိုင် ၇ ရက်နေ့မှာ ဗြိတိသ ျှ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်တယ်။ အာဏာရပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက် တယ်ဆိုတော့ ဝန်ကြီးချုပ်အဖြစ်ကလည်း နုတ်ထွက်ရမှာပဲ။ ဒါပေမယ့် ကွန်ဆာဗေးတစ်ပါတီက ခေါင်းဆောင်သစ်ကို မရွေး ချယ်နိုင်ခင်အထိတော့ ဂျွန်ဆင်က ဝန်ကြီးချုပ်အဖြစ် ခဏ ဆက် တာဝန်ယူထားပေးရမယ်။ ဂျွန်ဆင် ဝန်ကြီးချုပ်အဖြစ် နဲ့ ပါတီခေါင်းဆောင်အဖြစ်ကနေ ကျဆုံးခန်းရောက်ရတာဟာ ရွေး ကောက်ပွဲရှုံးလို့လည်း မဟုတ်ဘူး။ လွှတ်တော်ထဲမှာ အတိုက်အခံ ပါတီက အယုံအကြည်မရှိ အဆိုတင်သွင်းတာ နိုင်သွားလို့လည်း မဟုတ်ဘူး။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၊ပါတီ ခေါင်း ဆောင်တစ်ယောက်မှာ ရှိသင့် ရှိအပ်တဲ့ ဂုဏ်သိက္ခာမရှိတဲ့အတွက် သူ့ခေါင်းဆောင်မှုကို ပါတီနဲ့ မဲဆန္ဒရှင်တွေက ယုံကြည်မှုကင်းမဲ့လာတာကြောင့် နုတ်ထွက်လိုက်ရတာဖြစ်ပါတယ်။Continue reading “ဘောရစ်ဂျွန်ဆင်ပေးတဲ့ သင်ခန်းစာ”

ဓာတ်ပြားဟောင်း

ဆောင်းပါးတွေမရေးဖြစ်တာ တစ်ပတ်လောက်ရှိပြီ။ အဲဒါကို သတိထားမိတဲ့ မိတ်ဆွေတစ်ယောက် က မေးလာတော့ ကျွန်တော် ဆောင်းပါး ရေးခဲ့ဖူးတဲ့ “ လှိုင်သာယာသူ” ရဲ့ စကားကို သတိရ သွားတယ်။ တစ်နေ့က သူ သန့်ရှင်းရေးအလုပ်လုပ်နေတဲ့ မိတ်ဆွေရဲ့ ရုံးခန်းကို ရောက်သွားတယ်။ လှိုင်သာ ယာသူ ကိုလည်း တွေ့တယ်။ လှိုင်သာယာသူ အတော်စကားနည်းသွားတာ သတိထားမိတော့ “ ဘယ်လိုလဲဗျ၊ ကုန်ဈေးနှုန်းအကြောင်း၊ လှိုင်သာယာအကြောင်း ဘာဘာ ညာညာ မပြောတော့ ဘူးလား” လို့ မေးမိတယ်။ လှိုင်သာယာသူက “ ဆရာရေ အဆင်ပြေလို့၊ ကျေနပ်လို့ ငြိမ် နေတာ မဟုတ်ဘူး။ စိတ်ပျက်လွန်းလို့ ပြောချင်ဆိုချင်စိတ်ကို မရှိတော့တာ။” လို့ ဖြေသဗျ။ အခုတော့လည်း မရေးမဖြစ် ရေးဖို့အကြောင်းပေါ်လာတော့Continue reading “ဓာတ်ပြားဟောင်း”

၀ယ်ကြမလား ရုရှားရေနံ

ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်မှာ မြေပြင်စစ်ပွဲနဲ့ စီးပွားရေးစစ်ပွဲဆိုပြီး စစ်မျက်နှာ နှစ်ခု ရှိတယ်။ စီးပွားရေးစစ်ပွဲမှာ အဓိက စစ်မျက်နှာကတော့ စွမ်းအင်ကဏ္ဍပေါ့။ ၂၀၂၁ ခုနှစ် စာရင်းအရ စွမ်းအင်ကဏ္ဍက ဝင်ငွေဟာ ရုရှားအစိုးရ ဘတ်ဂျက်ရဲ့ ၄၅ % ရှိပါတယ်။ ဒ့ါကြောင့် ရုရှားကို စီးပွားရေးအရ ထိုးနှက်ဖို့ဆိုရင် စွမ်းအင်ကဏ္ဍက အကောင်းဆုံးပဲ။ ဒါပေမယ့် အမေရိကန်နဲ့ ဗြိတိန်တို့က အဲဒီလို လုပ်ဖို့လွယ်ပေမယ့် အီးယူနိုင်ငံတွေအတွက်က မလွယ် ဘူး။ ဥရောပသမဂ္ဂ( အီးယူ) အဖွဲ့ဝင်နိုင်ငံတွေ လိုအပ်တဲ့ ရေနံ ၃၆% နဲ့ သဘာဝဓာတ်ငွေ့ ၄၁% က ရုရှားကနေတင်သွင်းနေရတာဖြစ်ပါတယ်။ တစ်နိုင်ငံချင်းအနေနဲ့တော့ ရုရှားရေနံကို မှီခို ရတဲ့ ရာခိုင်နှုန်းအနည်းအများကွာပါတယ်။ ဒါ့ကြောင့် အီးယူနိုင်ငံတွေကြားမှာ အပေးအယူ အမျိုးမျိုးလုပ်ပြီးမှContinue reading “၀ယ်ကြမလား ရုရှားရေနံ”

ယုံကြည် ရဲရင့် (၃)

ယုံကြည် ရဲရင့် (၃) အမေရိကန်အောက်လွှတ်တော် ဇန်နဝါရီ ၆ ရက်နေ့အရေးအခင်း စုံစမ်းရေးကော်မတီရဲ့ တတိယ အကြိမ် စစ်ဆေးကြားနာမှုကို ဇွန်လ ၁၆ ရက်နေ့ မှာ ကျင်းပခဲ့တယ်။ ဒီတစ်ကြိမ် ကြားနားမှု မှာ တော့ ၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့ နဲ့ ၆ ရက်နေ့မတိုင်မီ အချိန်တွေမှာ သမ္မတ ထရမ့်က ဒုသမ္မတ မိုက်ပင့်စ် ကိုဘယ်လို ဖိအားပေးခဲ့သလဲဆိုတာတွေကို အဓိက ထား ဖော်ထုတ်ခဲ့ပါတယ်။ ဒုတိယသမ္မတ မိုက်ပင့်စ် အကြောင်းမပြောခင် အမေရိကန်ဒုတိယသမ္မတရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေကို သိထားဖို့လိုပါတယ်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယ သမ္မတ ဟာ သမ္မတရဲ့ အစိုးရအဖွဲ့မှာ ပါဝင်ပြီး အုပ်ချုပ်ရေးဆိုင်ရာတာဝန်တွေကို ထမ်းဆောင်ရသလို အထက် လွှတ်တော်Continue reading “ယုံကြည် ရဲရင့် (၃)”