အသုပ်စုံသည်လေးဟာ စတီးဇလုံထဲက မုန့်ဖတ်တွေကို တစ်ခါသုံးလက်အိတ်စွတ်ထားတဲ့ လက်နဲ့ အားပါး တရ နယ်နေတယ်။ ဆိုင်ရှေ့ ခွေးခြေခုံတွေမှာ အမျိုးသမီးလေးယောက်ထိုင်နေတယ်။ ၀၀ဖိုင့်ဖိုင့် တစ်ယောက်နဲ့ ပိန်ပိန် သွယ်သွယ်တစ်ယောက်က တစ်ဖွဲ့၊ အဒေါ်ကြီးတစ်ယောက်နဲ့ သူ့သမီးအရွယ် အမျိုး သမီးငယ်လေးက တစ်ဖွဲ့၊ အဒေါ်ကြီးနဲ့ သူ့အဖော်က အသုပ်စုံစားပြီးလို့ ဟင်းခါးကို ဇိမ်ခံ သောက်နေတယ်။ ငြုပ်ကောင်းများများ၊ အချိုမှုန့်များများနဲ့ ဟင်းခါးဟာ အဟာရတန်ဖိုးအရ အနှစ်သာရ မရှိပေမယ့် မိုးအေးအေး အသုပ်စုံစပ်စပ်နဲ့ လိုက်ဖက်ခံတွင်းတွေ့တာတော့ အမှန်ပဲ။ မူလတန်ဖိုးမရှိပေမယ့် အခြေအနေအချိန်အခါကြောင့် တန်ဖိုးတက်သွားတတ်တာကလည်း လောက သဘာဝပဲ။ ၀၀ဖိုင့်ဖိုင့်အမျိုးသမီးကတော့ အသုပ်စုံသည်လေးကို မန်ကျည်းရေ နည်းနည်းထပ်ထည့်၊ ပဲမှုန့် ထပ်ထည့်ဦး၊ ငြုပ်သီးလျော့ စသည်ဖြင့် ညွှန်ကြားနေတယ်။ သူတို့ နှစ်ယောက်ပြောဆိုနေပုံ အရတော့ ဒီအမျိုးသမီးနဲ့Continue reading “လ ျှပ်တစ်ပြက် ဘဏ်”
Author Archives: ye htut
စစ် နှင့် ငြိမ်းချမ်းရေး
“ (တစ်ချိန်မှာ) ငါတို့ အောင်မြင်စွာကျော်ဖြတ်နိုင်မှာပါ ( We Shall Overcome) ” ၁၉ ၅၀၊ ၁၉ ၆၀ ဆယ်စုနှစ်များ အာဖရိကန်နွယ်ဖွားအမေရိကန်နိုင်ငံသားတွေ၊ တနည်းအား ဖြင့် လူမည်းတွေ၏ နိုင်ငံသားအခွင့်အရေးတိုက်ပွဲတွေပြင်းထန်ခဲ့သည့် အချိန်က လူမည်း အခွင့် အရေးတိုက်ပွဲဝင်သူများ၏ တိုက်ပွဲဝင်တေးသံ၏ အမည် ဖြစ်သည်။ ထိုတေးသီချင်းက အမေရိကန် နိုင်ငံရေးခေါင်းဆောင်နှစ်ဦးရဲ့ ဘဝနှင့် ဆက်စပ်နေသည်။ အမေရိကန် ပြည်တွင်းစစ် ( ၁၈၆၂ – ၁၈၆၅) အပြီးတွင် တောင်ပိုင်းပြည်နယ်များရှိ ကျေးကျွန်စနစ် ကို ဖျက်သိမ်းခဲ့သည်။ ပြည်ထောင်စုကနေ ခွဲထွက်ဖို့ ကြိုးစားခဲ့သည့် တောင်ပိုင်းပြည်နယ် ၁၁ နယ်ကလူမည်းတွေကို ကျွန်ဘဝက လွတ်မြောက် အောင်၊ အလုပ်အကိုင်အခွင့်အလမ်းတွေရ အောင်ဆောင်ရွက်ပေးခဲ့သည်။ လူမည်းတွေ မဲပေးခွင့်Continue reading “စစ် နှင့် ငြိမ်းချမ်းရေး”
ပေတံ
အရိပ်ကောင်းကောင်း သစ်ပင်ကြီးအောက်က တဲအိမ်လေး။ တဲအိမ်လေး နဲ့ မနီးမဝေးမှာ ရေတွင်း တစ်တွင်းရှိသည်။ ရေတွင်းဘောင်ကို ပကာသားတွေနဲ့ ကာထားသည်။ ရေတွင်း ဘေး မြေပြင်မှာ ရေချိုးဖို့ ၊ အဝတ်လေ ျှာ်ဖို့ သစ်သားပြားကြီးနှစ်ချပ်ရှိသည်။ သစ်သားပြားတွေက ရေနဲ့ အမြဲ ထိနေရတော့ မည်းပုတ်ညစ်ထပ်နေသည်။ သစ်သားပြားကြီးဘေးမှာ စဉ့်အိုးတစ်လုံးရှိသည်။ ချိုးရေတွေ တွင်းထဲပြန်မကျဖို့အတွက် ရေမြောင်းလေးတစ်ခုရှိသည်။ မြောင်းဆုံးမှာ ဗူးစင် ရှိသည်။ မြေပြင်မှလွှတ်ထားသော ဖရုံပင်တစ်ပင်ရှိသည်။ ရေကောင်း၊ မြေဆီကောင်းသည့် အတွက် ဖရုံပင်တွေက စိမ်းညို့နေသည်။ ဗူးသီးတွေက အမေ့နို့ကို ဝိုင်းစို့နေသည့် ဝက်သား ပေါက်လေးတွေလို ပြွတ်ခဲနေသည်။ တစ်ချိန်က အဲဒီလို တဲလေးတစ်ခုမှာ တစ်လကျော်၊ နှစ်လ နီးပါး နေပြီး စိုက်ခင်းတွေထဲ အလုပ် ဆင်းခဲ့ဖူးသည်။Continue reading “ပေတံ”
တာလီဘန်လို လူတွေ
ကျောင်းတွေ ပြန်ဖွင့်တဲ့အခါ ကိုယ်တိုင် ကျောင်းမတက်ဘူး။ ကိုယ့်ကလေးတွေကို ကျောင်း မအပ်ဘူး ဆိုတာ တစ်ဦးချင်းရဲ့ ဆုံးဖြတ်ချက်ပဲ။ ယုံကြည်ရာ လုပ်ကြတာဖြစ်တဲ့အတွက် အကောင်းအဆိုး မဝေဖန် လို ဘူး။ ဒါပေမယ့် ပညာသင်ဖို့ ဆန္ဒရှိသူတွေ ကျောင်းမတက်နိုင် အောင် ခြိမ်းခြောက်တယ်၊ အန္တရာယ်ပြုတယ်၊ ကျောင်းကို ဗုံးခွဲတယ် ၊ မီးရှို့တယ်ဆိုတာက တော့ ကိုယ်မသင်စေချင်တဲ့ စာတွေ သင်လို့ ကျောင်းသား/ ကျောင်းသူတွေနဲ့ ဆရာ/ဆရာမတွေကို သတ်တယ် ၊ ကျောင်းကို ဗုံးခွဲတယ် ဆိုတဲ့ အာဖဂန်က တာလီဘန် အစွန်းရောက် အကြမ်းဖက်သောင်းကျန်း သူတွေရဲ့ လုပ်ရပ်နဲ့ အတူတူဖြစ်သွားပြီ။ စစ်အစိုးရအောက်က ကျောင်းတွေမှာ ပညာသင်ရင် အသုံးမကျတဲ့သူဖြစ် မယ် ဆိုရင် အခု နစက ဆန့်ကျင်ရေးလှုပ်ရှားမှုမှာContinue reading “တာလီဘန်လို လူတွေ”
စီးပွားရေး ပိတ်ဆို့မှု နှင့် မြန်မာနိုင်ငံ
ဖေဖော်ဝါရီလ ၁၁ ရက်မှာ အမေရိကန် သမ္မတ ဘိုင်ဒန်က သမ္မတ အုပ်ချုပ်မှုဆိုင်ရာ အမိန့် ( Executive Order, EO ) ထုတ်ပြန်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့ အခါ အချို့ အသိုင်းအဝန်းတွေကြားမှာ အကြီးအကျယ် ရိုက်ခတ်သွားခဲ့တယ်။ ဒါဟာ မကြုံစဖူး ထူးကဲလှတဲ့ အရေး ယူဆောင်ရွက်မှုလို့ မြင်သူတွေလည်းရှိတယ်။ ဘာမှ မဟုတ် ဘူး၊ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို မှုစရာမလိုဘူးလို့ ထင်သူတွေလည်းရှိတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ ၁၉ ၈၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ အမေရိကန် နဲ့ ဥရောပ သမဂ္ဂ ( အီးယူ) ရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ နေခဲ့ရတာပါ။ ၂၀၁၃ ခုနှစ်ကနေContinue reading “စီးပွားရေး ပိတ်ဆို့မှု နှင့် မြန်မာနိုင်ငံ”
အာဆီယံ နှင့် မြန်မာ့အရေး
လာမယ့် ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ ဒီဆွေးနွေးပွဲက နှစ်စဉ်ကျင်းပနေကျ အာဆီယံ ထိပ်သီးအစည်းအဝေးမဟုတ်ပါဘူး။ လိုအပ်ချက်အရ ကျင်းပတဲ့ သီးခြားအစည်းအဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးဟာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ ကြား ညှိနှိုင်းတိုင်ပင်ဆွေးနွေးရတဲ့ ဒုတိယမြောက်ထိပ်သီးအစည်းအဝေးလို့ ပြောနိုင်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ ပထမအကြိမ်ဆွေးနွေးခဲ့တာက ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၃ ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖြစ်ပါတယ်။ ၂၀၀၇ အတွေ့အကြုံ အဲဒီ ထိပ်သီးအစည်းအဝေးမကျင်းပမီ မြန်မာနိုင်ငံမှာ ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများတဲ့ ၂၀၀၇ စက်တင်ဘာအရေးအခင်း ဖြစ်တယ်။ အဲဒီအရေးအခင်းနောက်ဆက်တွဲအနေနဲ့ အမေရိ ကန် နဲ့Continue reading “အာဆီယံ နှင့် မြန်မာ့အရေး”
ဧပြီလ ၈ ရက်နေ့စင်္ကာပူအခြေစိုက် CNA သတင်းဌာနရဲ့ တပ်မတော်နှင့် မြန်မာ့နိုင်ငံရေးအစီအစဉ်မှာ ကျွန်တော့်အမြင်သဘောထားကို ပါဝင်ဆွေးနွေးခဲ့ပါတယ်။
လေးပွင့်ဆိုင်
ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ ရေပန်းစားနေတဲ့ Quad အဖွဲ့ဆိုတာ ဘာလဲ လေးပွင့်ဆိုင် ( Quad ) အစ Quad ရဲ့ အမည်အပြည့်အစုံက Quadrilateral Security Dialogue (QSD) လေးပွင့်ဆိုင် လုံခြုံရေးဆွေးနွေးပွဲ ဖြစ်ပါတယ်။ လေးပွင့်ဆိုင်ဆိုတာ အမေရိကန်၊ သြစတေးလျ၊ ဂျပန် နဲ့ အိန္ဒိယနိုင်ငံလေးနိုင်ငံကို ရည်ညွှန်းတာ ဖြစ် ပါတယ်။ လေးပွင့်ဆိုင် အဖွဲ့မပေါ်ခင်မှာ သုံးပွင့်ဆိုင်လုံခြုံရေးဆွေးနွေးပွဲ Trilateral Strategic Dialogue (TSD) ဆိုတာ အရင်ပေါ်ခဲ့တယ်။ အဲဒီအဖွဲ့မှာ အမေရိကန်၊ သြစတေးလျ နဲ့ ဂျပန်ပါဝင်ပြီး ၂၀၀၂ ခုနှစ်မှာ စတင်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ စက်တင်ဘာ ၁၁ တိုက်ခိုက်မှုနောက်ပိုင်း အမေရိကန်နိုင်ငံရဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေးစစ်ပွဲ အတွက်အာရှဒေသမှာ ပူးပေါင်းဆောင် ရွက်ဖို့Continue reading “လေးပွင့်ဆိုင်”
DVB ရဲ့ ဂျင်း သတင်း
မတ်လ ၂၂ ရက် ( မနေ့က ) DVB သတင်းဌာနက အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန် က မြန်မာနိုင်ငံ အတွင်းမှာ အကြမ်းဖက်သတ်ဖြတ်မှုတွေ မြင့်မားလာတာကို တုန့်ြ့ပန်တဲ့အနေနဲ့ အမေရိကန်အစိုးရက အရာရှိနှစ်ဦးနဲ့ စစ်ဌာနချုပ်နှစ်ခုကို ခန့်အပ်တာဝန်ပေးလိုက်ပြီ လို့တွစ်တာမှာ ရေးထားတဲ့အကြောင်း သတင်းဖော်ပြခဲ့တယ်။ ( ပုံ ၁ ) အဲဒီသတင်းကို မြင်တဲ့အခါ တစ်ဆင့်ခံ သတင်းဖြန့်ချိသူတွေက အမေရိကန်တပ်ဖွဲ့ကြီးပဲ လာတာ့မလိုလို မှတ်ချက်တွေရေးပြီး မ ျှဝေနေကြတယ်။ တကယ်တော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပြောတာက အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှု စာရင်းထဲမှာနောက်ထပ် မြန်မာအရာရှိကြီး နှစ်ယောက်နဲ့ မြန်မာ့တပ်မတော်တပ်ဖွဲ့နှစ်ခုကို ထပ်တိုးလိုက်တဲ့ အကြောင်းပြောတာဖြစ်ပါတယ်။ ဒါ့ကြောင့် Designating လို့ သုံးနှုန်းထား တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးပြောတဲ့ သတင်းအပြည့်အစုံကိုContinue reading “DVB ရဲ့ ဂျင်း သတင်း”
မဇ္ဈိမ နဲ့ကျွန်တော်
( မတ်လ ၈ ရက်နေ့ ထုတ်ဝေခြင်းလုပ်ငန်းပိတ်သိမ်းခံရတဲ့ မီဒီယာငါးခုလုံးမှာ ကျွန်တော်နဲ့ လုပ်ငန်းသဘောအရ ခင်မင်သိကျွမ်းခဲ့၊ အပြန်အလှန်ဆက်ဆံခဲ့ရတဲ့ သတင်းထောက်တွေရှိပါ တယ်။ ဒါပေမယ့် ဆဲဗင်းဒေး၊ DVB နဲ့ မဇ္ဈိမ သတင်းဌာနတွေကတော့ ပြန်ကြားရေးဝန်ကြီး ဌာန ရဲ့ မီဒီယာပြုပြင်ပြောင်းလဲရေး ( ၂၀၁၁ – ၂၀၁၆) မှာ ပါဝင်ကူညီခဲ့ဖူးတဲ့အတွက် ပိုပြီး အမှတ်တရ ဖြစ် ရပါတယ်။ သူတို့ ကူညီတယ်ဆိုတာ က အစိုးရကို ဖော်လံဖားတာမျိုးမဟုတ်ပါဘူး။ သတင်း သမား ရဲ့ အလုပ်ဖြစ်တဲ့ အစိုးရကို ဝေဖန် ထောက်ပြတာလည်း လုပ်တယ်။ တစ်ဖက်ကလည်း မီဒီယာပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီး ဥပဒေပြုရေး၊ လေ့ကျင့်ရေး ကိစ္စတွေမှာ ကူညီ ပေးခြင်းအားဖြင့် သတင်းလွတ်လပ်ခွင့်ရရှိရေးမှာ အထောက်အကူဖြစ်စေမယ်ဆိုတဲ့ စိတ်နဲ့Continue reading “မဇ္ဈိမ နဲ့ကျွန်တော်”