UDP အစ

ဒီနေ့ သတင်းကြီးနေတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ နဲ့ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အကြို ပုဂ္ဂလိက မီဒီယာတွေက ထုတ်ဝေထားတဲ့ စာအုပ်၊ စာစောင်တွေကို ပြန်လေ့လာကြည့် တော့ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှ ထုတ်ဝေခဲ့တဲ့ စည်သူအောင်မြင့် ရဲ့ “ ဘယ်ပါတီလဲ ၊ ဘယ်သူတွေလဲ ” ဆိုတဲ့ မှတ်တမ်းစာအုပ်မှာ ဦးဘိုမောင် ၊ ခေါင်းဆောင် ( ယာယီ ) ဆိုပြီး တွေ့တယ်။ ပုံ ( ၁ မှ ၄ အထိ ) ပါတီမှတ်ပုံတင်နဲ့ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်မှာလေ့လာတဲ့အခါ ပါတီ မှတ်ပုံတင်ခွင့်လေ ျှာက်ထားသည့်နေ့ ၁၇-၅-၂၀၁၀ ၊ ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့ ၂၆-၅-၂၀၁၀ ဆိုပြီးတွေ့တယ်။ ပါတီဥက္ကဋ္ဌက ဦးကျော်မြင့် ဖြစ်နေပြီ။Continue reading “UDP အစ”

၂၀၁၀ မဲမပေးရေးလှုပ်ရှားမှု

၂၀၁၀ ရွေးကောက်ပွဲ မှတ်တမ်းတွေကို ပြန်ကြည့်ရင်း တွေ့မိတဲ့ မဲမပေးရေး လှုပ်ရှားမှု၊ ရွေးကောက်ပွဲ သပိတ်မှောက်မှု မှတ်တမ်းတွေ။ ၂၀၁၀ ရွေးကောက်ပွဲ ကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကျင်းပတာပါပဲ။၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲကလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အရ ကျင်းပခဲ့တာပါပဲ။၂၀၂၀ ရွေးကောက်ပွဲမှာလည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက မပြောင်းသေးပါဘူး။ အချိန်တွေပြောင်းလို့ စကားတွေသာပြောင်းလဲသွားတာပါ။

ကိုဗစ်ထက် အရေးကြီးတဲ့ရွေးကောက်ပွဲ

အခြားနိုင်ငံတွေမှာ ကိုဗစ်စတင်ကူးစက်နေပေမယ့် ၂၀၂၀ ဇန်နဝါရီ၊ ဖေဖော်ဝါရီလ နဲ့ မတ်လဆန်းအထိ လူထု တွေ့ဆုံမှုတွေလုပ်ခဲ့တာ၊ ရွေးကောက်ပွဲ မဲဆွယ်ကာလမှာ လှည့်လည်အင်အားပြ တာ၊ ဝတ်စုံပြိုင်ပွဲ ၊ ဆိုင်းဘုတ်တင်ပွဲအခမ်းအနားတွေလုပ်တာ၊ သီချင်းအဆိုပြိုင်ပွဲတွေ စီစဉ်နေတာ တွေကို ကြည့်ပြီး “ ရွေးကောက်ပွဲဟာ ကိုဗစ်ထက်ပိုပြီး အရေးကြီးတယ်” လို့ယုံကြည်ပြီးဆောင်ရွက်နေတယ်ဆိုတာ ခန့်မှန်းမိပါတယ်။ ဒါပေမယ့် အခုလို တရားဝင်ထုတ်ပြောလိုက်တော့ ပိုရှင်းသွားတာပေါ့ ။ သို့သော် ဘယ်သူ ဘာဖြစ်ဖြစ် ငတေ xxxxxxxxx တော့မဖြစ်စေလိုပါ။ “ရွေးကောက်ပွဲသည် ကိုဗစ်-၁၉ နှင့်တန်းတူအရေးကြီးပြီး တန်းတူထက်ပိုသည်ဟု ဆိုနိုင်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ယမန်နေ့ တွင် ပြောသည်။” ( သတင်းကောက်နှုတ်ချက်)

ကိုဗစ် နဲ့ သီချင်းပြိုင်ပွဲ

အစိုးရ တာဝန်ကို ယူထားတဲ့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ကိုဗစ်၁၉ ရောဂါ ကူးစက်မှုကြောင့် ပြည်သူတွေ ပူပင်သောကရောက်နေချိန်မှာ နီရိုးဘုရင်နဲ့ နှိုင်းယှဉ်ပြီး ဝေဖန်ခံရနိုင်တဲ့ လုပ်ရပ်တွေ မလုပ်မိအောင် ဆင်ခြင်သင့်တယ်လို့ ထင်ပါတယ်“ NLD အောင်နိုင်ရေး သီချင်းဆိုပြိုင်ပွဲကျင်းပမည် ” ( ခေတ်သစ်မီဒီယာသတင်း) ပုံ ၁ မှ ၄ အထိ“ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်ခြင်း (၃၂) နှစ်မြောက် အထိမ်းအမှတ်၊ ကလေးငယ်များ ဝတ်စားဆင်ယင်မှုပြိုင်ပွဲ” ( အင်န်အယ်လ်ဒီ ဥက္ကဋ္ဌ ဖေ့စ်ဘွတ်စာမျက်နှာ) ပုံ ၅ မှ ၇ အထိ

တရားဥပဒေစိုးမိုးရေး ၊ Rule of Law

ဆန္ဒပြ ကျောင်းသားသုံးယောက် ကျန်းမာရေး နဲ့ အားကစားဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်ကိုလိုက်နာဖို့ ပျက်ကွက်တဲ့အတွက် အရေးယူခံရချိန်မှာ ပါတီကြီးနှစ်ခုက ရာချီပြီး အင်အားပြ၊ ဝန်းရံသူတွေပါလို့ဆင်ခြေပေး ပါတီပြောခွင့်ရသူက “ ကိုယ့်ကို ဝန်းရံတဲ့သူတွေကို ပြန်ပြီးတော့ အရေးယူဖို့ဆိုတာ မဖြစ်နိုင်ဘူး” လို့ပြောနေတာတွေမြင်ရတော့ တရားဥပဒေစိုးမိုးရေး အကြောင်း နှုတ်ဖျားက မချသူတွေကို သတိရမိ

ဦးတင်အေး နဲ့ ဦးလှသိန်း (၇)

တွေ့ဖို့ခက်တဲ့ ရွေးကော် ရွေးကောက်ပွဲရက်နဲ့ပတ်သက်လို့ကတော့ ကော်မရှင်က စက်တင်ဘာ ၁၉ ရက်နေ့ သတင်း မီဒီယာတွေနဲ့ ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့မရှိဘူးလို့ ပြောလိုက်ပြီ။ ကော်မရှင်က ပြောတဲ့အတိုင်း ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့မရှိဘူးဆိုရင် လွတ်လပ်ပြီး တရား မ ျှ တတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက် မဲရုံ၊ မဲလက်မှတ်၊ ရွေးကောက်ပွဲစောင့်ကြည့်မှု၊ မဲရုံဝန်ထမ်း သင်တန်းပေးမှု စတဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ် သက်ပြီး ပါတီတွေ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ကို တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တွေ့ဆုံပွဲတွေနဲ့ပတ်သက်ပြီး စီစဉ်နေတဲ့သတင်းတွေမတွေ့ရသေး ဘူး။ ၂၀၁၅/၂၀၂၀ တွေ့ဆုံမှုများ ဦးတင်အေးကော်မရှင်ဟာ ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံရေး ပါတီတွေနဲ့ (၁၈) ကြိမ်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ (၂၇) ကြိမ်၊ မီဒီယာများနဲ့Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၇)”

အောင်နိုင်ခြင်း

“ ဗိုလ်စွဲဖို့က အရေးကြီးဆုံးပဲ။ ဒုတိယနေရာက ပန်းဝင်တဲ့သူကို သူ့ဇနီး နဲ့ သူ့ခွေး ကလွဲလို့ ဘယ်သူကမှ အမှတ်တရရှိနေမှာမဟုတ်ဘူး ” အင်္ဂလိပ် ပြိုင်ကားမောင်းသမား Damon Hill ၁၉ ၉ ၄ ခုနှစ်က ပြောခဲ့သောစကားဖြစ်သည်။ သူ့စကားက ၊ တစ်စက္ကန့် ရဲ့ ဆယ်ပုံတစ်ပုံက အရှုံး အနိုင်ကို ဆုံးဖြတ်ပေးသော ကားပြိုင်ပွဲများရဲ့ သဘာဝကိုသာမက ပြိုင်ဆိုင်မှုတွေပြင်းထန်လှသော ၂၀ ရာစု လူမှုအသိုင်းအဝန်းရဲ့ အခြေအနေ ကို ပါထင်ဟပ်စေသည့်အတွက် ဆန်းဒေးတိုင်းမ် သတင်းစာက တစ်နှစ်အတွက် မှတ်မှတ် သား သား စကားများကဏ္ဍတွင် ထည့်သွင်းဖော်ပြခဲ့သည်။ တကယ်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အားလုံးမှာ ပြိုင်ဆိုင်မှုပြင်းထန် လှသော ခေတ်ကြီးမှာ ကျွန်တော်တို့Continue reading “အောင်နိုင်ခြင်း”

ပြောင်းလဲခြင်း

အခြေခံဥပဒေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုတည်းပဲ ဒါပေမယ့် အချိန် နဲ့ နေရာအပေါ်မူတည်ပြီး ရှုထောင့်ပြောင်းသွားတယ်။ ၂၀၁၅ ခုနှစ် သမ္မတက ပါတီလုပ်ငန်းများဆောင်ရွက်နေမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ ကို ချိုးဖောက်ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၅ ပါ သမ္မတ နှင့် ဒုသမ္မတများ ပြုထားသော ကတိသစ္စာကို ဆန့်ကျင်ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဒီချုပ်၏ တိုင်ကြားစာတွင်ပါရှိသည်။ ပုံ ( ၁ နှင့် ၂ ) ၂၀၂၀ ပြည့်နှစ် မဲဆန္ဒရှင် မိဘပြည်သူများ နှစ်ရှည်လများလိုလားတောင့်တနေသော ဒီမိုကရေစီရေးအတွက် NLD ကို ထောက်ခံမဲပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား။ လေးစားစွာဖြင့်ဝင်းမြင့်( ပုံ ၃ ) မှတ်ချက် ။Continue reading “ပြောင်းလဲခြင်း”

ကိုဗစ် နှင့် အဆင်ပြေအောင်နေထိုင်ခြင်း

ကိုဗစ် ဒုတိယလှိုင်း နဲ့ အတူ ရန်ကုန်မြို့နယ်တွေမှာ နေအိမ်တွင်နေထိုင်ရေး ( Stay at Home ) အမိန့်တွေထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်နဲ့ အတူဖြစ်လာတဲ့အခြေအနေတွေအောက်မှာ ဘယ်လို နေထိုင်ရမလဲဆိုတာ လို၊ တို ၊ ရှင်း သုံးသပ်ကြည့်မိတယ်။ ဖြစ်သင့်တာ အိမ်မှာနေ ( Stay at Home ) ဆိုတာ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေပဲ အပြင်ထွက်ဖို့၊ အပြင် ထွက်ရင် လိုအပ်တဲ့ ရောဂါကူးစက်မှုအကာအကွယ်တွေကို မပျက်မကွက်လုပ်ဆောင်ဖို့၊ အဲဒီလို လုပ်ဆောင်ခြင်း ရှိ/ မရှိ ဒေသန္တအာဏာပိုင်အဖွဲ့အစည်းတွေက စိစစ်ဖို့ လို့ပဲနားလည်မိတယ်။ ဒီတော့၁။ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ကိုယ်နယ်မြေက အိမ်ပြင်ထွက်သူတွေဟာ အဲဒီ သတ်မှတ်ချက်တွေနဲ့ ညီ၊ မညီ စိစစ်ရမယ်။ ၂။Continue reading “ကိုဗစ် နှင့် အဆင်ပြေအောင်နေထိုင်ခြင်း”

အုပ်ကြီး နှင့် ခဏတာ

လမ်းသွယ်လေးထဲမှာ လမ်းမီးတိုင်တွေက ခပ်ကျဲကျဲဆိုတော့ တိုက်ခန်းတွေက ဖြာ ကျတဲ့ အလင်းရောင်ပဲရှိတယ်။ မြေညီထပ်တိုက်ခန်းတွေက ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ ကလည်း ပါဆယ်ပဲရောင်းရတော့ ခြောက်ကပ်ကပ်။ ဝက်သားတုတ်ထိုးသည်လည်းတွေ့တယ်။ ထိုင်စား မှ အရသာရှိတဲ့ တုတ်ထိုးဟာ ပါဆယ်ခေတ်မှာ အခြေအနေကောင်းပုံမရဘူး။ အုပ်ကြီးရဲ့ ရုံးက တစ်ထပ်တိုက်လေး။ ရယကရုံးတွေရဲ့ထုံးစံအတိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး ရယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရယ်တွဲဖွင့်ထားတယ်။ ရုံးရှေ့မှာ ကွမ်းယာဆိုင်ရှိတယ်။ ကွမ်းယာ ဟာ ကိုဗစ်ကို နိုင်တယ်။ အစထဲက ပါဆယ်ဆိုတော့ ပါဆယ်ခေတ်မှာ ကွမ်းယာက ဆရာကြီးပဲ။ အခု လည်းဆိုင်ရှေ့မှာ ကွမ်းယာစောင့်နေတဲ့သူ သုံးလေးယောက်ရှိတယ်။ အုပ်ကြီးရုံးရှေ့မှာ ရုံးရှေ့ ယာဉ်မရပ်ရ ဆိုင်းဘုတ်ရှိတယ်။ ဆိုင်းဘုတ်က သွပ်ပြား ဆိုင်းဘုတ်၊ အမည်းအောက်ခံမှာ အဖြူနဲ့ရေးထားတယ်။ သုံးပေလောက်ပဲမြင့်တဲ့ဆိုင်းဘုတ် ကိုContinue reading “အုပ်ကြီး နှင့် ခဏတာ”