စက်စက်ယို မြန်မာနိုင်ငံမှာ ‘စက်စက်ယို’ နာမည်နဲ့ ရွာအတော်များတာပဲ။ ဂူဂဲလ်မှာ ရှာကြည့်တဲ့အခါ ဧရာ၀တီတိုင်း၊ မကွေး တိုင်း၊ ပဲခူးတိုင်းနဲ့ မန္တလေးတိုင်းတွေမှာ ‘စက်စက်ယို’နာမည်နဲ့ ရွာတွေရှိတာတွေ့တယ်။ ကျွန်တော်ပြောမယ့် ‘စက်စက်ယို’ကတော့ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်ထဲက ‘စက်စက်ယို’ ရွာဖြစ်ပါတယ်။ ညောင်ဦးစက်စက်ယိုရွာ ဆိုတာက အဲဒီရွာက ကလေးတွေကို အခုအချိန်ထိ သျှောင်ပေစူး/ဆံရစ်ဝိုင်း၊ ဆံတောက် တွေနဲ့ တွေ့ နိုင် သေးလို့ လူတွေစိတ်ဝင်စားတဲ့ရွာဖြစ်ပါတယ်။ ၂၀၂၀ ပုဂံခရီးစဥ်မှာ စက်စက်ယို ကျေးရွာကို သွား ကြည့်ဖို့ စီစဥ် ခဲ့ ပေမယ့် ကိုဗစ် ကန့်သက်ချက်တွေကြောင့် ရွာထဲ ဝင်လို့ရတယ်၊ မရဘူး သတင်းအမျိုးမျိုး ဖြစ်နေ တဲ့အတွက် မသွားနိုင်ခဲ့ဘူး။ ဒ့ါကြောင့် ဒီတစ်ခေါက်တော့ အရောက်သွားခဲ့တယ်။ စက်စက်ယို ရွာကို သွားမယ်ဆိုရင် ပုဂံကနေ ကျောက်ပန်းတောင်းဘက်ကို ပြန်သွား၊ တောင်ဇင်းရွာContinue reading “ပုဂံမြင်ကွင်းကျယ် (၃)”
Author Archives: ye htut
တစ်ခါက မှတ်မှတ်ရရ
ဇင်ဘာဘွေနိုင်ငံကို ၁၉၈၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ သမ္မတ ရောဘတ်မူဂါဘီ လက်ထက်မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း စီးပွားရေးအကျပ်အတည်းနဲ့ ကြုံပြီး အစိုးရဘတ်ဂျက်မှာလည်း ငွေ မရှိ ဖြစ်လာတယ်။ မူဂါဘီက အဲဒီအခြေအနေကို ငွေစက္ကူအသစ် တွေ ရိုက်ထုတ်တဲ့နည်းနဲ့ ကုစားဖို့ကြိုးစားတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက မအောင်မြင်ဘဲ ငွေ ကြေးဖောင်းပွမှုမြင့်မား၊ ဇင်ဘာဘွေငွေကြေးတန်ဖိုး စံချိန်တင်လောက်အောင် ကျဆင်း လာတာ ပဲ အဖတ်တင်တယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရိုက်တာ သတင်းဌာနက “ As Zimbabwe’s money runs out, so does Mugabe’s power” ( ဇင်ဘာ ဘွေ( အစိုးရ)Continue reading “တစ်ခါက မှတ်မှတ်ရရ”
ပုဂံမြင်ကွင်းကျယ် (၂)
ပုဂံပြတိုက် ၂၀၂၀ ခရီးစဥ်တုန်းက ကိုဗစ် ၁၉ကြောင့် ပုဂံရှေးဟောင်းသုတေသန ပြတိုက်ပိတ် ထား ရ တဲ့ အတွက် လေ့လာခွင့်မရခဲ့ဘူး။ဒါ့ကြောင့် ဒီတစ်ခေါက်တော့ ဘုရားတွေဘက်မလှည့်ခင် ပြတိုက် ကို အရောက် သွားခဲ့တယ်။ အခုရှိနေတဲ့ ပုဂံပြတိုက်က ၁၉၉၅ ခုနှစ်မှာ ဆောက်လုပ်ပြီး ၁၉၉၈ ခုနှစ်မှာ ဖွင့်လှစ်ထားတဲ့ ပြတိုက် ဖြစ်ပါတယ်။ လေးထပ်အဆောက်အအုံဖြစ်ပြီး ဓာတ်ခွဲခန်းနဲ့ စတိုခန်းတွေရှိတဲ့ မြေအောက်ထပ်နဲ့ ပုဂံရှုခင်းကို မြင်ရတဲ့ အပေါ်ဆုံးထပ်ကိုတော့ ပြတိုက် ကို လာရောက်လေ့လာသူတွေ ဝင်ရောက်ခွင့် မရှိဘူး။ ပြတိုက်ဝင်းအဝင်ဂိတ်ညာဘက်မှာလက်မှတ်ဝယ်ရတယ်၊မြန်မာနိုင်ငံသားလူကြီးတစ်ယောက်ငါးရာ၊ သံဃာတော်များ၊သီလရှင်များ၊ကျောင်းသူကျောင်းသားများ နဲ့ ကလေးတွေက အခမဲ့၊ နိုင်ငံခြား သား ဆိုရင်ငါးထောင်။ ပြတိုက်ကို တနင်္လာနေ့နဲ့ အစိုးရရုံးပိတ်ရက် တွေကလွဲပြီး နေ့တိုင်း မနက် ကိုးနာရီ ကနေ ညနေ လေးနာရီခွဲအထိ ဖွင့်ပါတယ်။ ပြတိုက်ထဲကိုကင်မရာယူလို့မရဘူး၊ အိတ်တွေ ယူလို့ မရဘူး၊ပါလာရင်ပြတိုက်အဆောက်အအုံအဝင်ဝမှာရှိတဲ့ဘီဒိုအကန့်လေးတွေမှာထည့်၊သော့ခတ်ပြီး သော့ယူ သွားရတယ်။ ဖုန်းတော့ ယူလို့ရတယ်၊ ပြခန်းထဲမှာ ဖုန်းကင်မရာနဲ့ ရိုက်လို့ရတယ်။ Continue reading “ပုဂံမြင်ကွင်းကျယ် (၂)”
ပုဂံမြင်ကွင်းကျယ် (၁)
တုတ်တုတ် ဝေဒနာ ဒီတစ်ခါ ခရီးထွက်မယ်ဆိုတော့ ပုဂံကို ရွေးလိုက်တယ်။ ပုဂံကို နောက်ဆုံးသွားခဲ့တာ ၂၀၂၀ ဇူလိုင်လတုန်းက ဖြစ်ပါတယ်။ အဲဒီအချိန်က ကိုဗစ် ဒုတိယလှိုင်း ပြီးကာစဖြစ်တဲ့အတွက် ကားလိုင်းတွေကလည်း ပိတ်လိုက် ဖွင့် လိုက်၊ ဟိုတယ်တွေ၊ ဘုရားတွေကလည်း ပိတ်လိုက် ဖွင့်လိုက် ဂဏန်းမငြိမ်သေးတဲ့အချိန်၊ ပုဂံခရီးသွား လုပ် ငန်း ကလည်း ကိုဗစ် ဒဏ်ကနေ နာလန် ထူနိုင်ဖို့ ရုန်းကန်နေရတဲ့အချိန်ပေါ့။ အဲဒီအချိန်က ခရီးသွားအတွေ့အကြုံတွေ ကို “ ပုဂံ အလှနဲ့ ဘ၀ “ ဆိုပြီး အခန်းဆက်ဆောင်းပါးတွေရေးခဲ့တယ်။ အခု သုံးနှစ်အကြာမှာတော့ ကပ်ဘေးနှစ်ခုကြားမှာ ပုဂံ၊ညောင်ဦးဒေသခံတွေ ဘယ်လို လှုပ်ရှား ရုန်းကန်နေလဲ ဆိုတာကို သိနိုင်ဖို့နဲ့ ၂၀၂၀ ခရီးစဥ်မှာ ဓာတ်ပုံရိုက်ခွင့်မရခဲ့တဲ့ ဘုရားတွေကို ဓာတ်ပုံရိုက်နိုင်ဖို့အတွက် နောက် တစ်ကြိမ်ခရီးထွက်ဖို့ စီစဥ်ခဲ့တယ်။ခရီးထွက်မယ်ဆိုတာနဲ့သွားရေးလာရေး၊Continue reading “ပုဂံမြင်ကွင်းကျယ် (၁)”
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၁၅)
သူငယ်ချင်း – မင်းကြားပြီးပြီလား။ ကောင်မလေးက ဟိုလူကို မချစ်ဘူး၊ လက်မခံဘူးတဲ့။ ငါ့တူ အတွက် တော့ သတင်းကောင်းပဲ။ ကျွန်တော်- အေးကြားပြီးပြီ။ ဒါပေမဲ့ ဟိုလူကို မချစ်ဘူး၊ လက်မခံဘူးဆိုတာ မင်းတူကို ချစ်တယ်၊ လက်ခံလိုက် ပြီ လို့ ပြောတာ မဟုတ်ဘူးလေ။ မင်းတူကိုလည်း အပိုင်တွက်ပြီး ဝမ်းသာမနေနဲ့ ၊ “ရွှေ ငုံးမင်း အမြီးမျှော်သလို “ ဖြစ်နေ ဦးမယ်လို့ သတိပေးလိုက်ဦး။
ရဲဲထွဋ်ရဲ့နောက်ကွယ်မှာ
၂၀၁၆ – ၂၀၂၁ အင်န်အယ်လ်ဒီ အစိုးရ ကာလမှာ အစိုးရလုပ်ဆောင်ချက်တွေကို ကျွန်တော် က ဝေဖန်တဲ့ အခါ ရဲထွဋ် နောက်မှာ ဘယ်သူတွေရှိလဲ ဆိုပြီး မေးခွန်းထုတ်ခဲ့ကြတယ်၊ ဒါကြောင့် လွန်ခဲ့တဲ့ ခုနစ်နှစ် ၂၀၁၇ ခုနှစ် ဇူလိုင်လ ၁၀ ရက်နေ့က ‘ ရဲထွဋ်ရဲ့ နောက်ကွယ်မှာ’ ဆိုတဲ့ဆောင်းပါးရေးပြီး တကယ်ကတော့ အခုအချိန်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြောရဲတဲ့၊ ဝေဖန်သုံးသပ်ရဲတဲ့သူတွေ လျော့လျော့လာချိန်မှာ လူငယ်တွေအနေနဲ့ ရှုထောင့်အမျိုးမျိုးက အမြင်တွေကို သိနိုင်ဖို့အတွက် ကိုယ့်မှာ တာ၀န်ရှိတယ် လို့ခံယူတယ်။ အဲဒီယုံကြည်ချက်ကြောင့် ကျင့်၀တ်အရ၊ ဥပဒေအရ ဆင်ခြင်ရတာကလွဲရင် ကျွန်တော်ပြောနိုင် သလောက် ပွင့်ပွင့် လင်းလင်း ဝေဖန်ဆွေးနွေးနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ဦးရဲထွဋ် ရဲ့နောက်မှာ ဘယ်သူရှိလဲ လို့မေးရင်Continue reading “ရဲဲထွဋ်ရဲ့နောက်ကွယ်မှာ”
အကြွေးဇာတ်လမ်း
ဒီတစ်ခေါက် နေပြည်တော်ရောက်တော့ ရိုးရင်းမိတ်ဆွေကြီးနဲ့တွေ့တယ်။ ဒီလူနဲ့ ခင်ပေမယ့် အခု နောက်ပိုင်းကာလတွေမှာ အမြင်မတူတော့ မကြာခဏ စကားစစ်ထိုးရတယ်။ ပါတီစုံ ဒီမိုကရေစီ စနစ်မှာ ပြည်သူလူထု ထောက်ခံမှု ရအောင်လုပ်၊ ပြည်သူထောက်ခံမှု မရဘဲ နဲ့ ဖြတ်လမ်းနည်းနဲ့ အာဏာရပါတီ ဖြစ်ဖို့ကြိုးစားတာ ရှက်ဖို့ကောင်းတဲ့အကြောင်းရေးထားတဲ့ ပုဏ္ဏား တိုင် ဆောင်းပါး ဆိုရင် သူနဲ့ ပြောခဲ့တာတွေကို အခြေခံပြီး ရေးခဲ့တာ တွေပါ။ ဒီတစ်ခါဆုံတော့ မိတ်ဆွေကြီးက ပိုင်ပြီဆိုတဲ့ အပြုံးနဲ့ ကျွန်တော့်ကို “ နဝတ အစိုးရ လက်ထက်မှာ နိုင်ငံခြားက ငွေချေးတာမရှိခဲ့ဘူး၊ ပြီးခဲ့တဲ့အစိုးရ နှစ်ခု လက်ထက်မှာ နိုင်ငံခြားကငွေတွေ အများ ကြီး ချေးခဲ့တယ်” လို့ ဆိုင်းမပါ ဗုံမဆင့် ပြောပါလေရော။ သူ့စကားကိုContinue reading “အကြွေးဇာတ်လမ်း”
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ( ၁၅)
သူငယ်ချင်း – မင်း xxx ကို မှတ်မိလား။ ကျွန်တော် – အေးမှတ်မိတယ်၊ မတွေ့တာကြာပြီ။ အခုဘာလုပ်နေလဲ။ သူငယ်ချင်း – xxx ဘက်မှာ ကားဆွဲနေတယ်ကွ၊ ပြီးခဲ့တဲ့ လ က ငါက အဲဒီဘက်မှာ နေခဲ့ဖူး လို့ဆိုပြီး အကူ အညီတောင်း တယ်။ ကျွန်တော် – ဘာတဲ့လဲ။ သူငယ်ချင်း- သူ့ကားတွေ သယ်ရတဲ့ပစ္စည်းထဲမှာ ရေခဲရိုက် ငါး၊ ပုစွန်တွေလည်း ပါတယ်၊ အဲဒါ လမ်းမှာ ငါးပုံးတွေ ဖွင့်ခိုင်း၊ ဟင်းစားဆိုပြီး နှိုက်နှိုက်ယူတော့ ကားသမား က စိုက်လျော် ရမ လိုဖြစ်နေတယ်၊ တိုင်လည်း မတိုင်ရဲဘူး၊ အဲဒါဘယ်လို လုပ်ရင်ကောင်းမလဲလို့ အကြံတောင်းလာ တာ။ ကျွန်တော်- မင်းက ဘာပြောလိုက်လဲ။ သူငယ်ချင်း – ငါက အဲဒါဆိုရင် ကုန်သည်တွေကို ဈေးပေါပေါ ငါးတွေပါတဲ့ ပုံးအပိုတွေတင်ပေးလို့ ပြော၊ လမ်းမှာဟင်းစားတောင်းတဲ့လူတွေ့ရင် အပိုပါလာတဲ့ ပုံးကို ပေးလိုက်၊ အဲဒါ ဆိုရင် ငါးအကောင်းတွေပါတဲ့ ပုံးတွေဖွင့်ပေးဖို့မလိုတော့ဘူးလို့ ပြောလိုက်တယ်။ သိတဲ့အတိုင်းပဲ၊ ငါက အဲဒီဘက်က အထာတွေ ကျွမ်းတယ်လေ။ ကျွန်တော် – အဲဒီတော့အဆင်ပြေသွားရောလား။ သူငယ်ချင်း – ဟင့်အင်း၊ အလကားပေးတဲ့ ပုံးလည်းယူထားတယ်။ ဈေးကြီးတဲ့ ပုံးကို လည်း ဖွင့် ကြည့်ပြီး စားချင်တာယူထားလိုက်တယ်။ မိအေးနှစ်ခါနာပဲ။ ကျွန်တော် – မင်းက လူမိုက်တွေရဲ့ လောဘကို လျှော့တွက်တာကိုး။ ဤတွင် တစ်ခန်းရပ်
ဝဂ္ဂနာ နဲ့ ပရီဂေါဇင်
ပြီးခဲ့တဲ့ ဇွန် ၂၃ ၊ ၂၄ ရက်နေ့ ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဝဂ္ဂနာတပ်ဖွဲ့တွေရဲ့ ဆူပူထကြွမှု အရေးအခင်း အပြီးမှာ ဝဂ္ဂနာတပ်ဖွဲ့ နဲ့ သူတို့ခေါင်းဆောင်အကြောင်းကို ခြေရာကောက် ကြည့်ခဲ့ပါတယ်။ ဝဂ္ဂနာ တပ်ဖွဲ့ ဆိုတာ PMC Wagner ကုမ္ပဏီကို ရည်ညွှန်းပြီးပြောတာဖြစ်ပါတယ်။ ရုရှားလို အသံထွက်အမှန်က ဗဂ္ဂနာ Vagner လို့ ဆိုပါတယ်။ PMC ဆိုတာက private military company ပုဂ္ဂလိကစစ်ဘက်ရေးရာကုမ္ပဏီ ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို ကုမ္ပဏီမျိုးက ရုရှားမှာတင်ရှိတာမဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာလည်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရှိပြီး အစိုးရက တရား၀င်ငှားရမ်းသုံးတာရှိသလို ကုမ္ပဏီတွေ၊ ပုဂ္ဂလိကတစ်ဦးချင်း တွေ အတွက်လုံခြုံရေးလုပ်ပေးတာ၊ လုံခြုံရေးဆိုင်ရာအကြံပေးတာ၊ တချို့နိုင်ငံအစိုးရတွေအတွက် လုံခြုံရေး သင်တန်းပေးတာတွေ လုပ်တယ်။ အီရတ်နဲ့Continue reading “ဝဂ္ဂနာ နဲ့ ပရီဂေါဇင်”
ပူတင်ဇာတ်လမ်း
ဘီလာရုစ် သမ္မတ ကြားဝင်စေ့စပ်ပေးတဲ့အတွက် ဝဂ္ဂနာ တပ်ဖွဲ့တွေရဲ့ ဆူပူထကြွမှု အဆုံး သတ်သွား တော့ မြန်မာနိုင်ငံက ပူတင် မှ ပူတင် ဆိုသူတွေဟာ ဒီဇာတ်လမ်းက တကယ်ဖြစ်တာ မဟုတ်ဘူး။ ပူတင်၊ ဝဂ္ဂနာတပ်ဖွဲ့ခေါင်းဆောင် ပရီဂေါဇနီ နဲ့ ဘီလာရုစ် သမ္မတ ကြား ကြိုတင် ဇာတ်လမ်း ဆင် ထားတာ ဘီလာရုစ်ဘက်ကို ဝဂ္ဂနာ/ဗဂ္ဂနာ တပ်ဖွဲ့ တွေရွှေ့ချင် လို့ ဒီလို လုပ်တာလို့ သုံးသပ် နေ တာ တွေ့ရတယ်။ ပူတင်လို အာဏာရှင်မျိုးဟာ တစ်ချို့တိရိစ္ဆာန်တွေ တစ်ကောင်နဲ့ တစ်ကောင် ရန်စောင် တဲ့ အခါ အမွှေး တွေ ဖွားပြီး တကယ်ရှိတဲ့ ကိုယ်လုံးအရွယ်အစားထက် ပိုကြီးတယ်လို့ ထင်အောင် လုပ် သလို မျိုး ကိုယ့်ကိုကိုယ်တကယ် ရှိတာထက် အင်အားပို ကောင်းတယ်၊ အာဏာပိုContinue reading “ပူတင်ဇာတ်လမ်း”