သိသွားပြီ

အခြေခံဥပဒေပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ထောက်ခံမဲ ၇၅% ကျော်ရဖို့ မလွယ်မှန်းသိပေမယ့် ပြည်သူလူထုရဲ့ သဘောထား ၊ လွှတ်တော်ကိုယ်စားလှယ် အားလုံ းရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတာ သိအောင် စမ်းသပ်တာပါလို့ အင်န်အယ်လ်ဒီ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောတယ်။ ( ပုံ ၁) မနေ့က မဲခွဲတဲ့အချိန်မှာ ပြည်ထောင်စု ပြိုကွဲမယ့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲမယ့်၊ အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးမယ့် အရေးပေါ် အခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရယူသုံးစွဲခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မဲခွဲတဲ့အခါ ထောက်ခံ မဲ ၃၄၃ မဲပဲရခဲ့တယ်။ ( ပုံ ၂ နဲ့ ၃) သတင်းတွေအရ အဲဒီနေ့က လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်Continue reading “သိသွားပြီ”

မဲခေါင် ခရီးသည် (၂၁)

ဖေဖော်ဝါရီလ ၈ ရက်နေ့မနက် ၈ နာရီ ၅ မိနစ်မှာ ကျွန်တော်တို့ယာဉ်တန်းက ဗီယန်ကျင်းကနေ ထိုင်းနိုင်ငံ ခေါက်ရိုင် ( Khao Yai) ကို ထွက်တယ်။ ဒီနေ့ခရီးစဉ်က ၅၀၇ ကီလိုမီတာရှိတဲ့အတွက် ခရီးစဉ်တစ်ခုလုံးမှာ အဝေးဆုံးကားမောင်းရတဲ့နေ့ဖြစ်ပါတယ်။ဗီယန်ကျင်းက ထိုင်းနိုင်ငံနဲ့ မဲခေါင်မြစ်ဘဲ ခြားပေမယ့် မြို့ထဲကနေ ထိုင်းနယ်စပ်ကို တိုက်ရိုက် ဖြတ်လို့မရဘူး။ နောင်ခိုင် နယ်ခြားဂိတ်ကနေဖြတ်ရတယ်။ မြို့ကနေ နယ်စပ်ထို ၂၅ ကီလို မီတာ ဝေးတယ်။ အဲဒီနေရာမှာ အမှတ် ၁ ချစ်ကြည်ရေးတံတားရှိတယ်။ဗီယန်ကျင်းကနေ တံတားကို လေးလမ်းသွား လမ်းသစ်ဖောက်ထားတယ်။ ဗီယန်ကျင်းမြို့ လယ် မှာ အထပ်မြင့် အဆောက်အဦတွေ မတွေ့ရပေမယ့် လမ်းသစ်ဘက် မြို့စွန်ကိုရောက်တာနဲ့ အထပ်မြင့်အဆောက်အဦ စီမံကိန်းတွေ စပြီးတွေ့လာရတယ်။ တံတားမရောက်ခင်Continue reading “မဲခေါင် ခရီးသည် (၂၁)”

ထရမ့် နဲ့ အပြိုင် ဘယ်သူနိုင်

မတ်လ ၉ ရက်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်းသတင်းစာမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်တဲ့ နိုင်ငံတကာအခြေအနေတွေကို ဖော်ပြတဲ့ သတင်းဆောင်းပါးတစ်ပုဒ်ပါတယ်။ ဆောင်းပါး ခေါင်းစဉ် က “ ကိုရိုနာ ဗိုင်းရပ်စ် ကူးစက်မှု အရှိန်မြင့်နေပေမယ့် မဲဆွယ် စည်းရုံးမှုတွေ ဆက်လုပ်မယ့် ဒေါ် နယ် ထရမ့်” လို့ ခေါင်းစဉ်တပ်ထားတယ်။ ဆောင်းပါး အစ တစ်ကော်လံခွဲလောက်က အမေရိကန် မှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါဖြစ်ပွားနေပေမယ့် သမ္မတ ထရမ့်ကတော့ ၂၀၂၀ သမ္မတ ရွေးကောက်ပွဲ အတွက်မဲဆွယ်စည်းရုံးမှုတွေ ဆက်လုပ်မယ့်အကြောင်း ဝေေ၀ဆာဆာရေးထားတယ်။ ပုံ ၁ ဒါဟာ ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက ဗိုင်းရပ်စ်ရောဂါ ကာကွယ်နိုင်ရေးအတွက် သတိပေးချက်ထုတ်ပြန်ထားချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လူထုတွေ့ဆုံပွဲတွေ၊ အစိုးရရဲ့ နိုင်ငံတော် အဆင့်အခမ်းအနားတွေ လုပ်သင့် မသင့်Continue reading “ထရမ့် နဲ့ အပြိုင် ဘယ်သူနိုင်”

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဟာ စဉ့်လုပ်ငန်းရှင်တွေကို မီးဖို ထုတ်လုပ်မှုမှာတင် ရပ်တန့်မနေဘဲ နူကလီယာ ဓာတ်ပေါင်းဖို့ ထုတ်လုပ်နိုင်တဲ့အထိ ကြိုးစားဖို့ တိုက်တွန်းခဲ့ဖူးတယ်ဆိုတော့ သူ့ လေ့လာမှုစွမ်းအားနဲ့ ရည်မှန်း ချက်ကိုတော့ လေ ျှာ့တွက်လို့မရဘူး။

ပြည်တွင်းစစ်ဖြစ်ရခြင်း အကြောင်း

ပြောတဲ့သူ ဘယ်သူလဲဆိုတာတော့ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါပေမယ့်ဝတ်ထားတဲ့ တိုက်ပုံအရောင်နဲ့ နောက်ခံစာသား“ တွေ့ဆုံပွဲ” ဆိုတာကြောင့် အာဏာရ အင်န်အယ်လ်ဒီပါတီက ခေါင်းဆောင်တစ်ယောက်ဆိုတာတော့ သေချာတယ်။ကျိုက်ထီးရိုးမှာ ဝါးသေနတ်တွေရောင်းတာကြောင့် ပြည်တွင်းစစ်ဖြစ်ရတယ်၊ အဲဒီသေနတ်တွေ ဝယ်လာတဲ့ကလေးတွေကြီးလာတော့ ဗိုလ်ချုပ်ကြီးတွေဖြစ်လာတယ် ဆိုတာကတော့ မှတ် သားလောက်တဲ့အယူအဆပဲ။ဟာသ ပြောတယ်လို့ ဆိုရအောင်လည်း တွေ့ဆုံပွဲ ဆိုတာ အငြိမ့်ကနေတာ၊ ကွက်စိတ်ဟောနေတာမှ မဟုတ်ဘူး ။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တာဝန်ရှိ သူတွေနဲ့ ပြည်သူတွေ တွေ့ဆုံတဲ့၊ အမြင်ချင်းဖလှယ်တဲ့ အခမ်းအနား၊ တက်လာတဲ့ ပြည်သူကို လေးလေးစားစားပြောဆိုဆက်ဆံရမယ်လို့ပဲ နားလည်မိတယ်။မဲလိုတဲ့အခါ ပြည်သူဆိုတဲ့ စကားလုံးကို ပါးစပ်က မချဘူးဆိုရင် ပြည်သူနဲ့တွေ့တဲ့အခါ လေးလေး စားစားဆက်ဆံဖို့၊ ပေါက်ပန်းဈေး မပြောဖို့တော့လိုမယ်ထင်ပါတယ်။https://www.facebook.com/…/pcb.1981031214…/198102124777278/…https://www.facebook.com/100037324749679/videos/pcb.198103121443845/198102124777278/?type=3&theater

မဲခေါင် ခရီးသည် (၂၀)

ဗီယန်ကျင်း မြို့လယ် မှာ အောင်မြင်ခြင်း မုခ်ဦး ဆိုတာရှိတယ်။ လာအိုလိုတော့ Patuxai လို့ ခေါ် ပါတယ်။ ပြင်သစ်နိုင်ငံ ပါရီမြို့က အောင်မြင်ခြင်း မုခ်ဦး Arc de Triomphe ကို နမူနာယူတည် ဆောက်ထားတာလို့ဆိုပါတယ်။ ဒါပေမယ့် မုခ်ဦးတည်ဆောက်တဲ့အယူအဆ ကိုသာ နမူနာ ယူတာဖြစ်မယ်ထင်ပါ တယ်။ လက်ရာကတော့ လာအို ရိုးရာပုံစံပါပဲ။ဒီအဆောက်အဦကို စည်းမျဉ်းခံဘုရင်စနစ်ကျင့်သုံးနေတဲ့ ၁၉ ၆၂ ခုနှစ် မှာ စတင်တည်ဆောက်ခဲ့ တယ်။ တည်ဆောက်တဲ့ရည်ရွယ်ချက်ကတော့ ပြင်သစ်လက်အောက်က လွတ်မြောက်ရေး အတွက် တိုက်ပွဲဝင်ရာမှာ ကျဆုံးခဲ့သူတွေကို ဂုဏ်ပြုဖို့အတွက် တည်ဆောက်ခဲ့တာဖြစ် တယ်။ ဒါ ပေမယ့် မူလ ဗိသုကာ ပုံစံအတိုင်း ပြီးအောင်မတည်ဆောက်နိုင်ပဲ ၁၉ ၆၈ ခုနှစ်မှာContinue reading “မဲခေါင် ခရီးသည် (၂၀)”

တပ်မတော်နဲ့ ပြည်သူတွေမှာပဲ တာဝန်ရှိပါတယ်တဲ့ ။ နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ လူထု မဲလိုချင်တာပဲ ရှိပါတယ်။ တာဝန်တော့ မရှိဘူးပေါ့။ ဒါက တပ်မတော်ကနေပြီးတော့ တိုင်းပြည်ကို အာဏာနဲ့ အုပ်ချုပ်လို့ တကယ်တမ်းလည်း အဲဒီလိုဖြစ်သွားတယ်။ ဒါပေမယ့် တပ်မတော်တွေက အာဏာသိမ်းလောက်အောင် အခြေအနေတွေကို ဘယ်သူတွေက ဖန်တီးတာလဲ။ တိုင်းပြည်ကြီး ဗရုတ်ဗရက်ဖြစ်ပြီး တပ်မတော်က အာဏာသိမ်းလောက်အောင် ဘယ်သူတွေက ဖန်တီးနေကြတာလဲ။ ပြည်သူတွေက ဖန်တီးနေတာမဟုတ်ဘူးလား” ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောဆိုသည်။( ကောက်နှုတ်ချက်)

ဗိုင်းရပ်စ် နဲ့ ယုံကြည်မှုအလွဲများ

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ရဲ့ ဝက်ဘ်ဆိုက် မှာ ကိုရိုနာဗိုင်းရပ်စ် ( ဝူဟန်ဗိုင်းရပ်စ်) နဲ့ပတ်သက်ပြီး ယုံကြည်မှုလွဲမှားနေတာတွေကို အပြည့်အစုံရှင်းပြထားပါတယ်။ အဲဒါတွေကို အတိုချုပ်ပြောရ ရင် ၁။ အေးလို့၊နှင်းကျလို့ ကိုယ်ထဲက ဗိုင်းရပ်စ်တွေ သေကုန်တယ်ဆိုတာမဟုတ်ပါဘူး။ ပြင်ပ အပူချိန် ဘယ် လောက်ပဲရှိရှိ ၊ လူရဲ့ ကိုယ်တွင်းအပူချိန်က ၃၆.၅ နဲ့ ၃၇ ဒီဂရီ ( 36.5 – 37 ံC) ကြားမှာပဲ ရှိပါတယ်။ ၂။ ရေနွေးနဲ့ ရေချိုးတာဟာလည်း ရောဂါကို မကာကွယ်နိုင်ပါဘူး။ ရေနွေးနဲ့ချိုးတဲ့အတွက် ကိုယ် တွင်းအပူချိန်ကပြောင်းမသွားဘူး။ ၃။ တရုတ် နိုင်ငံကဖြစ်ဖြစ်၊ ရောဂါဖြစ်ပွားနေတဲ့ နိုင်ငံတစ်နိုင်ငံက ဖြစ်ဖြစ် တင်သွင်းလာတဲ့ ကုန်ပစ္စည်းတွေကို အသုံးပြုတာကြောင့်လည်း ရောဂါမကူးစက်နိုင်ဘူး။ ဗိုင်းရပ်စ်ပိုးဟာContinue reading “ဗိုင်းရပ်စ် နဲ့ ယုံကြည်မှုအလွဲများ”

မဲခေါင် ခရီးသည် (၁၉ )

ဖေဖော်ဝါရီလ ၆ ရက်နေ့ညနေမှာ ဗီယန်ကျန်း ကို ရောက်တယ်။ ကျွန်တော်တို့က တစ်ညအိပ် နှစ် ရက်နေတဲ့အတွက် လေ့လာဖို့ အချိန်အတော်ရပါတယ်။ ဗီယန်ကျန်းနဲ့ပတ်သက်ပြီး ပထမ ဆုံး သတိထားမိတာက မဲခေါင်မြစ်ကမ်းနားရှုခင်းပဲ။ဗီယန်ကျန်းကို အာဆီယံ ပြန်ကြားရေးဝန်ကြီးများ အစည်းအဝေးတက်ဖို့ ဝန်ကြီး ဦးကျော်ဆန်း နဲ့ အတူ ၂၀၀၉ ခုနှစ် နိုဝင်ဘာလ ၃ ရက်နေ့က ၇ ရက်နေ့အထိရောက်ခဲ့ဖူးတယ်။ ကျွန်တော် တို့က ကြိုရောက်နေပြီး အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတက်ရတယ်။ ဝန်ကြီးက နောက် မှ လိုက်လာပြီး ဝန်ကြီးအဆင့်အစည်းအဝေးတက်တယ်။အဲဒီအချိန်က မဲခေါင်မြစ်ကမ်းနားမှာ ဟိုတယ်ကြီးကြီးမားမားဆိုလို့ အစည်းအဝေး ကျင်းပတဲ့ Don Chan Palace Hotel တစ်ခုပဲရှိတယ်။ ကမ်းနားတစ်လေ ျှာက် ကားလမ်းကျဉ်းကျဉ်း ဘယ်၊ ညာ မှာContinue reading “မဲခေါင် ခရီးသည် (၁၉ )”

ဧရာဝတီသတင်းဌာန မှာ ဖော်ပြထားတဲ့ ကရိုနာဗိုင်းရပ်စ် သံသယလူနာ သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက တိတိကျကျ သတင်းထုတ်ပြန်ပေးရင်ကောင်းမယ်။ လွန်ခဲ့တဲ့ နာရီဝက်အထိတော့ ကျန်းမာရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်စာမျက်နှာမှာ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်မတွေ့သေးဘူး။ မတ်လ ၅ ရက်နေ့ ည ၈နာရီ သတင်းထုတ်ပြန်ချက်ပဲရှိသေးတယ်။ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် မတ်လ ၄ ရက်နေ့ ညက COVID-19 ရောဂါ သံသယ လက္ခဏာများဖြင့် ရောက်ရှိလာသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီးမှာ ယမန်နေ့ ညက သေဆုံးသွားပြီး မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါ်သန်းသန်းမြင့်က ဧရာဝတီသို့ အတည်ပြု ပြောသည်။( သတင်းကောက်နှုတ်ချက်)