ရွေးကောက်ပွဲနေ့ ကိုဗစ် ဒုတိယလှိုင်းခြိမ်းခြောက်မှုပေါ်လာတော့ ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းဖို့ သင့်/မသင့် ဆိုတဲ့ ဆွေးနွေးမှုတွေပေါ်လာတယ်။ ဒီနေရာမှာ ပထမဆုံး သတိပြုရမယ့်အချက်က ရွေးကောက်ပွဲကျင်းပရမယ့် နေ့ရက်ကို မြန်မာနိုင်ငံ ဖွဲ့စည်း ပုံ အခြေခံဥပဒေမှာ တိတိကျကျ သတ်မှတ်ထားခြင်းမရှိဘူး။ အခန်း (၉ ) “ ရွေးကောက် တင်မြှောက်ခြင်း” ပုဒ်မ ၃၉ ၉ မှာ ရွေး ကောက်ပွဲကျင်းပတာ၊ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်တွေကို သတ်မှတ်တာ စတဲ့လုပ်ငန်းတာဝန်အားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်အဖြစ်သတ်မှတ်ပေးထားတယ်။ ပုဒ်မ ၄၀၂ မှာတော့ ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများနဲ့ပတ်သက်ရင် ကော်မရှင်ရဲ့ ဆုံးဖြတ် ချက်နဲ့ ဆောင်ရွက်ချက်တွေက အတည်ဖြစ်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၄ မှာတော့ ရွေးကောက်ပွဲများကိုContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၅)”
Category Archives: Election
ပုဒ်မ ၁၂ နဲ့ ကားစီးခြင်း
သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ ရွေးကောက်ပွဲဆိုင်ရာ ပါတီလုပ်ငန်းတွေလုပ်ဆောင် တဲ့ အခါ နိုင်ငံတော်ပိုင်ယာဉ်တွေနဲ့ သွားခွင့်မရှိဘူး။ နိုင်ငံရေးပါတီတွေဟာ နိုင်ငံတော်ပိုင် ယာဉ်၊ ပစ္စည်းတွေကို မသုံးရဘူး။ ဒီကား တွေက နိုင်ငံတော်ပိုင်ကားတွေဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ဝေဖန်နေတာတွေ တွေ့ရတယ်။ တစ်ချို့ကလည်း သြဂုတ်လ ၂၃ ရက်နေ့ အင်န်အယ်လ်ဒီခေါင်းဆောင်တွေနဲ့ အင်န်အယ်လ်ဒီပါတီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့အခမ်းအနားကို နိုင်ငံတော်ပိုင်ကားတွေနဲ့ လာကြတယ်။ ဒါဟာ ဥပဒေ ကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုကြတယ်။ တကယ်တော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) (၅) မှာ ပါတီ တစ်ခုဟာ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ် ၊ ပစ္စည်းContinue reading “ပုဒ်မ ၁၂ နဲ့ ကားစီးခြင်း”
ဦးတင်အေး နဲ့ ဦးလှသိန်း (၄)
ကိုဗစ် နဲ့ ရွေးကောက်ပွဲ ၂၀၁၅ ရွေးကောက်ပွဲနဲ့ မတူတာက ၂၀၂၀ ရွေးကောက်ပွဲ ဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက် နိုင်မှု အန္တရာယ်အောက်ကနေ ကျင်းပရတာပဲ။ ဒါ့ကြောင့် ဦးလှသိန်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရုံးခန်းဖွင့်တာ၊ ဆိုင်းဘုတ် တင်တာ၊ ပါတီညီလာခံကျင်းပတာ၊ သင်တန်းလုပ်တာ၊ ဆွေးနွေးပွဲကျင်းပတာ၊ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောတာ မဲဆွယ်စည်းရုံးတာတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက် တွေနဲ့အညီကြီးကြပ်ဖို့ဆိုပြီး ကော်မရှင်အဆင့်ဆင့်ကို ညွှန်ကြားထားရတယ် ။ ပုံ (၁) ကော်မရှင်အဆင့်ဆင့်ကလည်း အဲဒီအတိုင်းပဲ ကြီးကြပ်ပါတယ်။ လူထုနဲ့တွေ့မယ်၊ ဆိုင်းဘုတ် တင်မယ်ဆိုရင် ခွင့်ပြုတာလည်းContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၄)”
ပေးမယ် ၊ မပေးဘူး
၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ “ မဲမပေးရေး လှုပ်ရှားမှု No Vote Campaign” ပေါ်လာတာပါပဲ။ မဲမပေးရေးလှုပ်ရှားမှုက ၂၀၁၀ ရွေးကောက်ပွဲမှာ ရှိခဲ့တယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မရှိခဲ့ဘူး။ အခုတစ်ခါ ပြန်ပေါ် လာပြန်တယ်။ ပေးမယ် အခု အချိန်မှာတော့ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ အင်အားစုတွေအားလုံးက မဲမပေးရေး လှုပ်ရှား မှုကို လက်မခံကြပါဘူး။ အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကတော့ “မဲပေးရမယ်၊ ဒါဟာ နိုင်ငံသားတွေရဲ့ တာဝန်လည်းဖြစ်တယ်။ အခွင့်အရေးလည်းဖြစ်တယ်။ မဲမပေးဘဲနဲ့ နောက်မှ ဒီအစိုးရ ဘာညာ ဆိုပြီး လုံးဝပြောပိုင်ခွင့်မရှိဘူး” လို့ အတိအလင်းပြောထားတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အင်န်အယ်လ်ဒီပါတီက ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့တယ်။Continue reading “ပေးမယ် ၊ မပေးဘူး”
ဦးတင်အေး နဲ့ ဦးလှသိန်း (၃)
အစိုးရအဖွဲ့ဝင်များနဲ့ ရွေးကောက်ပွဲ ၂၀၂၀ ရွေးကောက်ပွဲနီးလာတဲ့အချိန်မှာ သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေဟာ ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေလုပ်ခွင့်ရှိသလား၊ မရှိဘူး လားဆိုတဲ့ ဆွေးနွေးမှုတွေပြန်ပေါ်လာတယ်။ ဒီလိုငြင်းခုန်မှုတွေဟာ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလမှာလည်းပေါ်ခဲ့တာပဲ။ မလုပ်သင့် ဘူးလို့ပြောတဲ့ဘက်မှာ အဓိက အင်အားစုက ၂၀၁၅ မှာ အင်န်အယ်လ်ဒီပါတီဖြစ်ပြီး ၂၀၂၀ မှာ ပြည်ခိုင်ဖြိုးပါတီဖြစ်နေတာပဲကွာတယ်။ အခြေခံဥပဒေ အခြေခံဥပဒေမှာ သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေ နိုင်ငံရေးပါတီလုပ်ငန်းလုပ်တာ၊ရွေးကောက်ပွဲဝင်တာနဲ့ပတ်သက်တဲ့ ပြဋ္ဌာန်းချက်သုံးခုရှိတယ်။ ပုဒ်မ ၆၁ နဲ့ ၂၃၂ မှာက သမ္မတ ၊ ဒုတိယသမ္မတ ၊ ပြည်ထောင်စုဝန်ကြီး နဲ့ ဒုတိယ ဝန်ကြီးတွေဟာContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၃)”
ဦးတင်အေး နဲ့ ဦးလှသိန်း (၂)
ကိုဗစ် နဲ့ မဲရုံများ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမယ့် အဖွဲ့အစည်းများက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေ၊ သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်တွေ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံး ရေး လုပ်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြပေမယ့် မဲရုံတွေ အကြောင်း ဆွေးနွေးတာမတွေ့ရသလောက်ပဲ။ မဲရုံကိစ္စလို့ပြောတဲ့အခါ မဲရုံအတွင်းက လုပ်ငန်းစဉ်တွေကို မပြောခင် မဲရုံ အရေအတွက်ကို အရင် စသုံးသပ်ရမယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၃၂၃ ) နယ်၊ အမျိုး သားလွှတ်တော် မဲဆန္ဒနယ် (၁၆၈ ) နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ( ၆၅၉ ) နယ် မှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တယ်။ မဲပေးခွင့်ရှိသူ ၃၄,၂၉၅, ၃၃၄ ယောက်ရှိတယ်။Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၂)”
၂၀၁၀ နဲ့ ၂၀၂၀ ၊ အန်ကယ်နဲ့ အန်တီ
၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ သမ္မတဦးသိန်းစိန်ရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီ ဝင်တွေက သမ္မတကို ကြိုဆိုနှုတ်ဆက်ခဲ့တဲ့ဖြစ်စဉ်တွေကို အခြေခံဥပဒေကို ဆန့်ကျင်ပြီး ပါတီလုပ်ငန်းဆောင်ရွက်နေတယ်လို့ အင်န်အယ်လ်ဒီပါတီက တိုင်ကြားခဲ့တယ်။ ( ပုံ ၁) ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလမှာတော့ ရွေးကောက်ပွဲ ကော် မရှင်က ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင် ရွက်ခွင့်ပြုတဲ့အတွက် သမ္မတ နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ဇူလိုင်လ ၂ ရက်နေ့က စပြီး ပါတီ စည်းရုံးရေးလုပ်ငန်းနဲ့နယ်မြေ စည်းရုံးရေးလုပ်ငန်းတွေ လုပ်မယ်လို့ ကြေညာခဲ့တယ်။ ( ပုံ ၂) အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော့်သဘောထား မေးလာသူကို ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲအခြေအနေနဲ့ တူဖို့ အလားအလာများတယ်။ ၂၀၁၅ အခြေအအနေ နဲ့ တော့ လုံးဝမတူဘူးလို့ဖြေခဲ့တယ်။Continue reading “၂၀၁၀ နဲ့ ၂၀၂၀ ၊ အန်ကယ်နဲ့ အန်တီ”
၂၀၂၀ ရွေးကောက်ပွဲအလားအလာ
စင်္ကာပူအခြေစိုက် ISEAS Yusof Ishak Institute က ထုတ်ဝေတဲ့ အရှေ့တောင် အာရှ ရေးရာ ၂၀၂၀ (Southeast Asian Affairs 2020 ) စာအုပ် မှာ ၂၀၂၀ ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ ကျွန်တော့် ရဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ဒီစာအုပ်အတွက် ဆောင်းပါးကို ၂၀၁၉ ဒီဇင်ဘာ ၃၀ နောက်ဆုံးထားပြီးပို့ရတယ်။ ဒီတော့ ဆောင်းပါးပါအချက်အလက်တွေက ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စုဆောင်းရရှိ တဲ့အချက်အလက်တွေပဲဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီဆောင်းပါးမှာ တိုင်းဒေသကြီး၊ ပြည် နယ်လွှတ်တော်တွေအတွက် ထည့်သွင်းသုံးသပ်မထားဘူး။ သမ္မတရွေးချယ်ရေးအတွက် အရေး ပါတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက်ပဲ သုံးသပ်ထားပါတယ်။ ဆောင်းပါးအတွက် တိုင်းရင်းသားပါတီလေးပါတီအပါအဝင် နိုင်ငံရေးပါတီ ကိုးခုက တာဝန်ရှိသူတွေနဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။Continue reading “၂၀၂၀ ရွေးကောက်ပွဲအလားအလာ”
လေဘာပါတီ အရှုံး
ဒီဇင်ဘာ ၁၂ ရက်နေ့ ဗြိတိန်ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီဟာ အများမေ ျှာ်လင့် ထား တာထက် ပိုအောင်မြင်ခဲ့ပြီး လေဘာပါတီက အရှုံးကြီးရှုံးခဲ့ရတယ်။ လေဘာပါတီရဲ့ အရေး နိမ့်မှုက ပြီးခဲ့တဲ့ ၈၄ နှစ်အတွင်းမှာ အဆိုးဝါးဆုံးအရေးနိမ့်မှုဖြစ်ခဲ့တယ်။ လေဘာပါတီ ဘာ့ကြောင့်ရှုံးရသလဲ။ခေါင်းဆောင်လေဘာပါတီခေါင်းဆောင် ဂျယ်ရမီကိုဘင်( Jeremy Corbyn) ဟာလေဘာပါတီရဲ့ လက်ဝဲစွန်း အုပ်စုက ဖြစ်ပါတယ်။ မဲဆန္ဒရှင် တွေက ကိုဘင်ကို လက်ဝဲစွန်းဝါဒီအဖြစ်နဲ့ မြင်တယ်။ ဝန်ကြီး ချုပ် မဖြစ်သင့်ဘူးလို့ယူဆတယ်။ အလုပ်သမားတွေကတောင် ကိုဘင် ကို မကြိုက်ကြဘူး။ တစ် အိမ်တစ်ဆင်း မဲဆွယ်တဲ့ လေဘာအမတ်တွေက လေဘာပါတီကိုတော့ကြိုက်တယ်၊ ကိုဘင်ကို မကြိုက်ဘူး၊ ကိုဘင်ကို မယုံဘူးဆိုတာတွေကို ကြားခဲ့ရတယ်။မူဝါဒလေဘာပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းက စာမျက်နှာ ၁၀၅ မျက်နှာရှိတယ်။Continue reading “လေဘာပါတီ အရှုံး”
ဗြိတိန်လမ်းခွဲ ရွေးကောက်ပွဲ
မရေမရာဖြစ်နေတဲ့ ဗြိတိန်လမ်းခွဲကိစ္စဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ရွေးကောက်ပွဲ ရလဒ် ကြောင့် ဥရောပသမဂ္ဂကနေ လမ်းခွဲဖို့ သေချာသွားခဲ့ပါပြီ။ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေအတွင်းက ဝန်ကြီးချုပ် ဂျွန်ဆင်တင်ပြတဲ့ ဗြိတိန် လမ်းခွဲစာချုပ်ကို ပါလီမန်က အတည်ပြုဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရွေးကောက် ပွဲအသစ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။၂၀၁၇ ဇွန် ၈ မှာ ဝန်ကြီးချုပ် မေ က လွှတ်တော်သက်တမ်းမကုန်ခင် ရွေးကောက်ပွဲလုပ်ခဲ့တယ်။ အဲဒီအချိန်က ကွန်ဆာဗေးတစ်ပါက ၃၃၀ နေရာရထားလို့ အများစုတော့ ဖြစ်တယ်။ဒါပေမယ့် ဝန်ကြီးချုပ် ကင်မရွန်းကို ဆက်ခံခဲ့တဲ့ ဝန်ကြီးချုပ်မေ က ဥရောပသမဂ္ဂနဲ့ လမ်းခွ ဲစာချုပ် ဆွေး နွေးတဲ့အခါ ပြည်တွင်း၊ ပြည်ပမှာ သူ့ရဲ့Continue reading “ဗြိတိန်လမ်းခွဲ ရွေးကောက်ပွဲ”