လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၂၁ ရက်နေ့ က ရေးခဲ့တဲ့ဆောင်းပါး။ သူ့ ကြောင့် သူ့ခေါင်းဆောင်ရတဲ့ တပ်ဖွဲ့ ဂုဏ်သိက္ခာထိခိုက်သွားရတာကို အသက်နဲ့ လဲပြီး တာဝန်ယူသွားခဲ့တဲ့ ဦးစီးချုပ်တစ်ယောက်အကြောင်း။ “ ရဲဘော်တို့ ၊ ငါ့ကြောင့် ရေတပ်မတော် ဂုဏ်သိက္ခာထိခိုက်ရတဲ့အခြေအနေကို ဘယ်လိုမှ ခံစား လို့မရဘူး။ ငါတို့ ရေတပ်မတော်ကို သိက္ခာချလိုတဲ့ လူတွေ အခွင့်အရေးရအောင် ငါလုပ်မိတယ်။ ဒါပေမယ့် ငါ့ကို မကြာခင်မေ့သွားကြမှာပါ။ မင်းတို့တစ်တွေနဲ့ ရေတပ်မတော်ကြီးကတော့ ဆက် လက်တည်တံ့ခိုင်မြဲနေမှာပါ။ မင်းတို့ကို ခေါင်းဆောင်ခဲ့ရတဲ့အတွက် ဂုဏ်ယူတယ်။ ငါဟာ ရေတပ် အတွက် ဒီထက်ကောင်းအောင်ပိုပြီးလုပ်ခဲ့သင့်တယ်လို့လည်း နောင်တရမိတယ်” (ဆောင်းပါးကောက်နှုတ်ချက်) —————————————————————– ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ ဗိုလ်ချုပ်ကြီး မိုက်ဘော်ဒါContinue reading “ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ”
Category Archives: International
ဂါဇာ ဟားမားစ် ဘယ်လဲ
ဂါဇာကမ်းမြှောင်ဒေသ အစ္စရေးနဲ့ ပါလက်စတိုင်း လက်နက်ကိုင်ပဋိပက္ခက ဒီနေ့ လူတိုင်းစိတ်ဝင်စားတဲ့ ကိစ္စ ဖြစ် နေတဲ့အတွက်ဂါဇာပဋိပက္ခနဲ့ပတ်သက်ပြီးသိသင့်သိထိုက်တဲ့အချက်အလက်များကိုမျှဝေပေးလိုက် ပါ တယ်။ ဂါဇာကမ်းမြှောင်ဒေသ ဂါဇာကမ်းမြှောင်ဒေသဆိုတာက အစ္စရေးနိုင်ငံနဲ့ မြေထဲပင်လယ်ကြားထဲက စတုရန်းမိုင် ၁၄၁ မိုင်ပဲ ရှိတဲ့ နယ် မြေ ဖြစ်ပါတယ်။ ( မြေပုံကိုကြည့်ပါ) တစ်ဖက်မှာ မြေထဲပင်လယ်ကမ်းခြေရှိတယ်၊ အီဂျစ်နိုင်ငံနဲ့ ထိစပ်နေတဲ့ နယ်နမိတ်က ၆ ဒဿမ ၈ မိုင်ရှိပြီး အစ္စရေးနဲ့ ထိစပ်နေတဲ့နယ်နမိတ်က ၃၂ မိုင်ရှိတယ်။ စတုရန်းမိုင် ၁၄၁ မိုင်မှာ လူဦးရေ နှစ်သန်းကျော် နေထိုင်တဲ့အတွက် ကမ္ဘာပေါ်မှာ တတိယမြောက် လူဦးရေ သိပ်သည်းမှု အများဆုံးဒေသ လည်းဖြစ်တယ်။ ဂါဇာကမ်းမြှောင်ဒေသဟာ ၁၆ ရာစုနှစ်ကနေ ၁၉၁၈ ခုနှစ်အထိ တူရကီအော်တိုမန်အင်ပါယာရဲ့Continue reading “ဂါဇာ ဟားမားစ် ဘယ်လဲ”
ဂရင်းဗီးလ်
သင်္ဘောတစ်စီးမှာ ရေယာဥ်မှူးဆိုတာက ရာထူးအကြီးဆုံး၊ သင်္ဘောတစ်စီးလုံး ဘေးရန် ကင်း ကင်းနဲ့ လိုရာ ခရီး ရောက်ဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်၊ နိုင်ငံရေး၊ စီးပွားရေး လောကမှာတောင် သူတို့ ခေါင်းဆောင် တွေကို ပဲ့ကိုင် ရှင် ကြီး ဆိုပြီး တင်စားရအောင် ရေယာဥ်မှူးရဲ့ အခန်းကဏ္ဍက ကြီးမားလှတယ်။ ဒါပေမဲ့ ပဲ့ကိုင်ရှင်ကြီး အမှားမှား အယွင်းယွင်း ဖြစ်ရင် ဘယ်လိုလုပ်မလဲ။ အဲဒီမေးခွန်းကို ဂရင်းဗီးလ် ရေငုပ် သင်္ဘေဖြစ်စဥ်မှာ အဖြေရှာ လို့ရပါ တယ်။ ဂရင်းဗီးလ်ဆိုတာက အမေရိကန် ရေတပ် က အဏုမြူစွမ်းအင်သုံး ရေငုပ်သင်္ဘော ယူအက်စ် အက်စ် ဂရင်းဗီးလ် ( USSGreeneville) ကို ပြောတာဖြစ်ပါတယ်။ ၂၀၀၁ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့မနက် ရှစ်နာရီမှာ ဂရင်းဗီးလ် ရေငုတ်သင်္ဘောက ဟာဝိုင်ယီကျွန်း ပုလဲဆိပ်ကမ်းကနေ ထွက်လာတယ်။Continue reading “ဂရင်းဗီးလ်”
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၂၁)
ကျွန်တော်- ဒီတစ်ခါတော့ ပြုံးပြုံးကြီးပါလား။ ဘာတွေဖြစ်လာတာတုံး။ သူငယ်ချင်း- မင်းမသိသေးဘူးလား။ BRICS အဖွဲ့ကြီးက ကိုယ်ပိုင်ငွေထုတ်တော့မယ်တဲ့။ အဲဒါနဲ့ အိတ်စပို့ ၊ အင်ပို့ ငွေချေလို့ရတော့မယ်။ ငါတို့ ကုမ္ပဏီ ဒေါ်လာကြောင့် စိတ်မညစ်ရတော့ဘူး၊ ဒေါ်လာကို မသုံးတော့ဘူး၊ ဟို ငပွကြီး အမေရိကန်ကိုလည်း ဂရုစိုက်ဖို့ မလိုတော့ဘူး လို့ ဘော့စ် ကပြောလိုက်တယ်။ ကျွန်တော်- မင်းကလည်း အီးယူက ယူရို ငွေကို သူတို့ ဘုံငွေကြေးအဖြစ်ထုတ်ပြီး သုံးလာတာ အနှစ်နှစ်ဆယ် ရှိပြီ၊ ကမ္ဘာ့ငွေကြေးဈေးကွက်မှာ ဒေါ်လာနေရာကို အစားထိုးနိုင်လို့လား။ နိုင်ငံတကာ ကုန်သွယ်မှု ရှစ်ဆယ် ရာခိုင်နှုန်းလောက်က ဒေါ်လာနဲ့ပဲ လုပ်နေတာ။ မင်းပြောတဲ့ BRICS က ဆောက်ဖြစ်မှ ကျောင်းဒကာ၊ လုပ်ဖြစ်ရင်တောင် ဒေါ်လာ ကို အစားထိုးနိုင်ဖို့ အဝေးကြီး။ သူငယ်ချင်း-မင်းကလည်း BRICS မှာ တရုတ်၊ ရုရှား၊ အိန္ဒိယတို့လို ဆရာကြီးတွေပါတယ်လေကွာ၊ နောက်ပြီး ဆော်ဒီတို့ ယူအေအီးတို့ ရေနံသူဌေးတွေလည်း ပါဦးမှာတဲ့ ။ Continue reading “သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း (၂၁)”
တစ်ခါက မှတ်မှတ်ရရ
ဇင်ဘာဘွေနိုင်ငံကို ၁၉၈၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ သမ္မတ ရောဘတ်မူဂါဘီ လက်ထက်မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း စီးပွားရေးအကျပ်အတည်းနဲ့ ကြုံပြီး အစိုးရဘတ်ဂျက်မှာလည်း ငွေ မရှိ ဖြစ်လာတယ်။ မူဂါဘီက အဲဒီအခြေအနေကို ငွေစက္ကူအသစ် တွေ ရိုက်ထုတ်တဲ့နည်းနဲ့ ကုစားဖို့ကြိုးစားတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက မအောင်မြင်ဘဲ ငွေ ကြေးဖောင်းပွမှုမြင့်မား၊ ဇင်ဘာဘွေငွေကြေးတန်ဖိုး စံချိန်တင်လောက်အောင် ကျဆင်း လာတာ ပဲ အဖတ်တင်တယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရိုက်တာ သတင်းဌာနက “ As Zimbabwe’s money runs out, so does Mugabe’s power” ( ဇင်ဘာ ဘွေ( အစိုးရ)Continue reading “တစ်ခါက မှတ်မှတ်ရရ”
ဝဂ္ဂနာ နဲ့ ပရီဂေါဇင်
ပြီးခဲ့တဲ့ ဇွန် ၂၃ ၊ ၂၄ ရက်နေ့ ရုရှားနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဝဂ္ဂနာတပ်ဖွဲ့တွေရဲ့ ဆူပူထကြွမှု အရေးအခင်း အပြီးမှာ ဝဂ္ဂနာတပ်ဖွဲ့ နဲ့ သူတို့ခေါင်းဆောင်အကြောင်းကို ခြေရာကောက် ကြည့်ခဲ့ပါတယ်။ ဝဂ္ဂနာ တပ်ဖွဲ့ ဆိုတာ PMC Wagner ကုမ္ပဏီကို ရည်ညွှန်းပြီးပြောတာဖြစ်ပါတယ်။ ရုရှားလို အသံထွက်အမှန်က ဗဂ္ဂနာ Vagner လို့ ဆိုပါတယ်။ PMC ဆိုတာက private military company ပုဂ္ဂလိကစစ်ဘက်ရေးရာကုမ္ပဏီ ကို ဆိုလိုတာဖြစ်ပါတယ်။ ဒီလို ကုမ္ပဏီမျိုးက ရုရှားမှာတင်ရှိတာမဟုတ်ပါဘူး။ အနောက်နိုင်ငံတွေမှာလည်း ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီတွေရှိပြီး အစိုးရက တရား၀င်ငှားရမ်းသုံးတာရှိသလို ကုမ္ပဏီတွေ၊ ပုဂ္ဂလိကတစ်ဦးချင်း တွေ အတွက်လုံခြုံရေးလုပ်ပေးတာ၊ လုံခြုံရေးဆိုင်ရာအကြံပေးတာ၊ တချို့နိုင်ငံအစိုးရတွေအတွက် လုံခြုံရေး သင်တန်းပေးတာတွေ လုပ်တယ်။ အီရတ်နဲ့Continue reading “ဝဂ္ဂနာ နဲ့ ပရီဂေါဇင်”
ပူတင်ဇာတ်လမ်း
ဘီလာရုစ် သမ္မတ ကြားဝင်စေ့စပ်ပေးတဲ့အတွက် ဝဂ္ဂနာ တပ်ဖွဲ့တွေရဲ့ ဆူပူထကြွမှု အဆုံး သတ်သွား တော့ မြန်မာနိုင်ငံက ပူတင် မှ ပူတင် ဆိုသူတွေဟာ ဒီဇာတ်လမ်းက တကယ်ဖြစ်တာ မဟုတ်ဘူး။ ပူတင်၊ ဝဂ္ဂနာတပ်ဖွဲ့ခေါင်းဆောင် ပရီဂေါဇနီ နဲ့ ဘီလာရုစ် သမ္မတ ကြား ကြိုတင် ဇာတ်လမ်း ဆင် ထားတာ ဘီလာရုစ်ဘက်ကို ဝဂ္ဂနာ/ဗဂ္ဂနာ တပ်ဖွဲ့ တွေရွှေ့ချင် လို့ ဒီလို လုပ်တာလို့ သုံးသပ် နေ တာ တွေ့ရတယ်။ ပူတင်လို အာဏာရှင်မျိုးဟာ တစ်ချို့တိရိစ္ဆာန်တွေ တစ်ကောင်နဲ့ တစ်ကောင် ရန်စောင် တဲ့ အခါ အမွှေး တွေ ဖွားပြီး တကယ်ရှိတဲ့ ကိုယ်လုံးအရွယ်အစားထက် ပိုကြီးတယ်လို့ ထင်အောင် လုပ် သလို မျိုး ကိုယ့်ကိုကိုယ်တကယ် ရှိတာထက် အင်အားပို ကောင်းတယ်၊ အာဏာပိုContinue reading “ပူတင်ဇာတ်လမ်း”
ဝံပုလွေ ပူတင်
ကစ်ပလင်ရဲ့ တောဟေဝန်ဇာတ်လမ်းများ ( The Jungle Book) မှာ ဝံပုလွေတွေအကြောင်းကို အခု လို ရေးခဲ့တယ်- ဝံပုလွေ အုပ်စုတစ်စုကို ဝံပုလွေအထီးတစ်ကောင်က ဦးဆောင်တယ်။ဒါပေမဲ့ ဝံပုလွေ အုပ်စုခေါင်း ဆောင်ဆိုတာ အင်အားကို သုံးပြီး ခေါင်းဆောင်ဖြစ်လာတာဆိုတော့ သူခွန်အားရှိနေသရွေ့ပဲ အုပ်စု ကို ဦးဆောင်လို့ရတယ်။ အုပ်စုထဲက အရွယ်ရောက်လာတဲ့ ဝံပုလွေပျိုအထီးအားလုံးဟာ တစ်နေ့မှာ အုပ်စုခေါင်းဆောင် ဖြစ်ရမယ်ဆိုတဲ့ အကောင်တွေချည်းပဲ။ ဒါ့ကြောင့် သူတို့အားလုံးက အုပ်စုခေါင်းဆောင်အခြေအနေ ကို စောင့်ကြည့် နေကြတယ်။ အမဲလိုက်တဲ့အခါ အုပ်စုခေါင်းဆောင်က ဦးဆောင်ရတယ်။ သူ့တာဝန်က သားကောင်ရှာရုံနဲ့ မပြီး ဘူး၊ သားကောင်ကို ခုန်အုပ်ပြီးချက်ကောင်းကို ကိုက်ခဲ ဆွဲလှဲနိုင်ဖို့လည်း လိုတယ်။ အုပ်စုခေါင်း ဆောင်က သားကောင်ကို မိမိရရ မတိုက်ခိုက်နိုင်ဘူး၊ သားကောင်က ပြန်တိုက်ခိုက်ပြီးContinue reading “ဝံပုလွေ ပူတင်”
ထိုင်းနိုင်ငံရေး နဲ့ ဝန်ကြီးချုပ် အနန်
အနန် ပန်ရာရချွန် ( Anand Panyarachun) ဆိုတာ ထိုင်းနိုင်ငံ ၁၉ ၉ ၁ ဖေဖော်ဝါရီ ၂၃ ရက်နေ့ စစ်တပ်အာဏာသိမ်း မှုနဲ့ Black May လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ၁၉ ၉ ၂ မေ ၁၇သွေးချောင်းစီးမှုကြီးနောက်ပိုင်းတွေမှာ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ထမ်း ဆောင် ပြီး အခြေအနေကို ထိန်းသိမ်းပေးခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံသမိုင်းမှာ ဒီမို ကရေစီ အကျ ဆုံး လို့ထင်ရှားတဲ့၁၉၉၇ခုနှစ် အခြေခံဥပဒေကို ရေးဆွဲရာမှာ ခေါင်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ( အဲဒီအခြေခံ ဥပဒေကို ၂၀၀၆ စစ်တပ် အာဏာသိမ်းမှု အပြီးမှာဖျက်သိမ်းခဲ့တယ်။ ) သူက နိုင် ငံရေး ခေါင်းဆောင်မဟုတ်ဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနContinue reading “ထိုင်းနိုင်ငံရေး နဲ့ ဝန်ကြီးချုပ် အနန်”
သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၉ )
သူငယ်ချင်း- ဂျီနီဗာ ကွန်ဗင်းရှင်းတွေ၊ စစ်ရာဇဝတ်မှု တွေဆိုတာ အမေရိကန် နဲ့ မဆိုင်ဘူးလား။ ဘယ်သူကမှ အရေးမယူဘူးလား။ ကျွန်တော်- ဒီလို စဉ်းစားကြည့်ကွာ။ မင်းက တရားသူကြီးဆိုပါတော့၊ တရားခံက ကျွန်တော့်ကို တော့ အရေးယူတယ်၊ ဦးဖြူ ကိုတော့ အရေးမယူဘူးလို့ လေ ျှာက်လဲရင် အဲဒီ တရားခံ ကို လွှတ်ပေးမှာလား။ သူငယ်ချင်း- ဘယ်ရမလဲ၊ သူ့အမှုနဲ့ ဆိုင်တဲ့ သက်သေအထောက်အထားနဲ့ပဲ ဆုံးဖြတ်ရမှာ ပေါ့။ ကျွန်တော်- အဲဒါပဲလေ။ သူများ တရားစွဲမခံရတာက အရေးမကြီးဘူး။ ကိုယ်တရားရုံးရှေ့ မရောက်ဖို့ပဲ စဉ်းစား။ နောက်ပြီး ရပ်ထဲ ရွာထဲမှာ ကိုယ့်ကို အမြင်ကပ် တဲ့ သူများနေရင် ပိုပြီး အနေ အထိုင်ဆင်ခြင်ရတယ်ဆိုတဲ့ သဘောတရားကိုလည်း မမေ့နဲ့။Continue reading “သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၉ )”