ထိုင်းနိုင်ငံရေး နဲ့ ဝန်ကြီးချုပ် အနန်

အနန် ပန်ရာရချွန် ( Anand Panyarachun) ဆိုတာ ထိုင်းနိုင်ငံ ၁၉ ၉ ၁ ဖေဖော်ဝါရီ ၂၃ ရက်နေ့ စစ်တပ်အာဏာသိမ်း မှုနဲ့ Black May လို့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ၁၉ ၉ ၂ မေ ၁၇သွေးချောင်းစီးမှုကြီးနောက်ပိုင်းတွေမှာ ဝန်ကြီးချုပ်အဖြစ် နှစ်ကြိမ်တာဝန်ထမ်း ဆောင် ပြီး အခြေအနေကို ထိန်းသိမ်းပေးခဲ့ရသူဖြစ်ပါတယ်။ ဒါ့အပြင် ထိုင်းနိုင်ငံသမိုင်းမှာ ဒီမို ကရေစီ အကျ ဆုံး လို့ထင်ရှားတဲ့၁၉၉၇ခုနှစ် အခြေခံဥပဒေကို ရေးဆွဲရာမှာ ခေါင်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။ ( အဲဒီအခြေခံ ဥပဒေကို ၂၀၀၆ စစ်တပ် အာဏာသိမ်းမှု အပြီးမှာဖျက်သိမ်းခဲ့တယ်။ ) သူက နိုင် ငံရေး ခေါင်းဆောင်မဟုတ်ဘူး။ နိုင်ငံခြားရေးဝန်ကြီးဌာနContinue reading “ထိုင်းနိုင်ငံရေး နဲ့ ဝန်ကြီးချုပ် အနန်”

ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၃)

၂၀၂၃ ရွေးကောက်ပွဲရလဒ်တွေအကြောင်းမဆွေးနွေးခင် ဒီရွေးကောက်ပွဲမှာ အမတ်နေရာ အများ ဆုံးအနိုင်ရခဲ့တဲ့ Move Forward ပါတီ အကြောင်း သိထားဖို့လိုပါတယ်။ ဒီပါတီက ၂၀၁၉ ရွေး ကောက်ပွဲမှာ အမတ် ၈၁ နေရာ အနိုင်ရခဲ့တဲ့ Future Forward ပါတီကို အမွေဆက်ခံထား တာပါ။ Future Forward ပါတီကို ၂၀၁၈ ခုနှစ်မှာ လူငယ်စီးပွားရေးလုပ်ငန်းရှင် ထာနာထွန် (Thanathorn Juangroongruangkit ) ဦးဆောင်ပြီးတည်ထောင်ခဲ့တာပါ။ အဲဒီအချိန်မှာ ထာနာထွန်က အသက် လေးဆယ် ပဲရှိသေးတယ်။ Future Forward ပါတီက ထိုင်းနိုင်ငံရေးအစဉ်အလာတွေကို ဖောက် ထွက်ပြီး တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အစဉ်အလာအားဖြင့် ထိုင်းနိုင်ငံရေးပါတီတွေက နန်းတော် ဒါမှမဟုတ် စစ်တပ် ဒါမှမဟုတ် စီးပွား ရေးContinue reading “ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၃)”

ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၂)

ထိုင်းအခြေခံဥပဒေ ၂၀၁၇ ဟာ ၂၀၁၄ ခုနှစ်မှာ ဝန်ကြီးချုပ် ယင်လတ်အစိုးရကို ဖြုတ်ချပြီး အာဏာ သိမ်းခဲ့တဲ့ ဗိုလ်ချုပ်ကြီး ပရာယွတ်နဲ့ အမျိုးသားငြိမ်းချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကောင်စီ National Council for Peace and Order (NCPO) ကဦးဆောင်ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေ ဖြစ် ပါတယ်။ တကယ်တော့ ၂၀၁၄ ခုနှစ် အာဏာသိမ်းပြီးချိန်မှာ ဗိုလ်ချုပ်ကြီး ပရာယွတ်က တစ်နှစ်အတွင်း ရွေးကောက်ပွဲကျင်းပမယ်လို့ ကတိပေးခဲ့တာပါ။ ဒါပေမဲ့ အခြေခံဥပဒေအသင့်မဖြစ်သေးလို့ ဆိုပြီး ၂၀၁၅ ခုနှစ်၊၂၀၁၆ ခုနှစ်၊ ၂၀၁၇ နှစ်လယ်၊ ၂၀၁၇ ဒီဇင်ဘာ၊ ၂၀၁၈ နိုဝင်ဘာ နဲ့ ၂၀၁၉ ဖေဖော်ဝါရီ လတွေမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ အကြိမ်ကြိမ်ရက်ရွှေ့ခဲ့ပြီး နောက်ဆုံး ၂၀၁၉ ခုနှစ်Continue reading “ထိုင်းရွေးကောက်ပွဲ ၂၀၂၃ (၂)”

တရုတ်ပြည်သူ့ သူရဲကောင်းများ

ပန်းဆိုးတန်း စာအုပ်အဟောင်းဆိုင်က အညွှန်းကောင်းလို့ဝယ်ခဲ့တဲ့စာအုပ်၊ တရုတ် ဘာသာ ကနေ တိုက်ရိုက်ဘာသာပြန်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ မူရင်းတရုတ် စာအုပ် နာမည်ကို ဖော် ပြထားခြင်း မရှိဘဲ “ တရုပ်ပြည်သူ့ သူရဲကောင်းများ” ( မူရင်းသတ်ပုံအတိုင်း) “မင်းအောင် နှင့် လှဦး ဘာသာ ပြန် သည်။” လို့ရေးထားတယ်။ “မင်းအောင်” ဆိုတာက ၁၉ ၄၈ ခုနှစ် မှာ မြန်မာနိုင်ငံ ဘာသာပြန် စာပေ အသင်း ( စာပေဗိမာန်အဖွဲ့) က ပေးအပ်တဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး စာပေဆုကို “ မိုးအောက်မြေပြင်” စာအုပ်နဲ့ ရခဲ့တဲ့ စာရေးဆရာ မင်းအောင် ( ၁၉ ၁၃- ၁၉ ၉Continue reading “တရုတ်ပြည်သူ့ သူရဲကောင်းများ”

ပုရစ်ဖူးနဲ့ အသစ်ကူးချိန်

လွန်ခဲ့တဲ့ ခုနစ်နှစ် ၃၀ မတ် ၂၀၁၆ ရက်နေ့မှာ လက်ရှိ သမ္မတ ဦးသိန်းစိန် က သမ္မတ သစ် ဦးထင် ကျော် ကို သမ္မတ နဲ့ ပြည်ထောင်စုအစိုးရအဖွဲ့တာဝန်များ လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီတာဝန်လွှဲပြောင်းမှုအခမ်းအနား ကျင်းပမယ့်နေ့ မနက် လမ်းလေ ျှာက်ရင်း တွေးမိတဲ့ အတွေး တစ်စကို “ ပုရစ်ဖူးနဲ့ အသစ်ကူးချိန်” ဆိုပြီး အက်ဆေးရေးခဲ့တာကို မဖတ်ခဲ့ရသူများ ဖတ်နိုင်အောင် ပြန်လည်မ ျှဝေပေးလိုက်ပါတယ်။ ပုရစ်ဖူးနဲ့ အသစ်ကူးချိန် xx ဟောင်းရွက်ဝါ ကျကြွေလျောပါလို့တောဝနေ ဟိုဌာနီဖြာစီတဲ့ ပုရစ်ဖူး xx( ခါနွေဦး ၊ မင်းသုဝဏ်) ဒီနေ့မနက်လမ်းလေ ျှာက်တော့ လမ်းဘေးတောင်ကြောတစ်လေ ျှာက် သစ်ပင်တွေမှာ အရွက်တွေ ကြွေ၊ ပုရစ်ဖူးလို့ခေါ်တဲ့Continue reading “ပုရစ်ဖူးနဲ့ အသစ်ကူးချိန်”

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၇)

သူငယ်ချင်း-မင်းသမိုင်းကို ပြန်လေ့လာကြည့်၊ အုပ်ချုပ်ရေးအတွေ့အကြုံမရှိတဲ့သူတွေ တာဝန်ယူ လုပ်လိုက် တိုင်းပြဿနာမျိုးစုံတက်၊လူတွေ ဒုက္ခ ရောက်တာပဲ။ အဲဒီတော့ အတွေ့ အကြုံရှိတဲ့လူက ဝင်ထိန်းပေးရမှာပေါ့။ ကျွန်တော် – ငါလည်း အစက မင်းလိုထင်တာပဲ။ အဲဒီလိုပဲ ဖတ်ခဲ့ မှတ်ခဲ့၊ သင်ခဲ့ရတာကိုး။ ဒါပေမယ့် “၇၅”ထဲက“၁၅” နှုတ်ကြည့်လိုက်တော့မင်းတို့ငါတို့ထင်သလို မဟုတ်ဘူး။ “ ဆေးအ တွက်လေး” ဖြစ်နေပြီ၊။ သူငယ်ချင်း- မင်းဘာကိုပြောချင်တာလဲ၊ ငါသဘောမပေါက်ဘူး။ ကျွန်တော် – သမိုင်းကို လေ့လာကွာ။ ဤတွင်တစ်ခန်းရပ်။

လွန်ခဲ့တဲ့ ခုနစ်တိတိ ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူ ဦးထင်ကျော် ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နဲ့ နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းရေးအတွက် ပြင်ဆင်ထားပြီး ဖြစ် ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က သမ္မတသစ်ရွေးချယ်ခြင်း မပြုမီ သမ္မတဦးသိန်းစိန်က ပထမအကြိမ် ပြည်ထောင်စု လွှတ် တော် ၂၀၁၆ ခုနှစ် ဇန်နဝါရီ လ ၂၈ ရက်နေ့အစည်းအဝေး မှာ နှုတ်ဆက်မိန့်ခွန်းပြောခဲ့ပါတယ်၊ အဲဒီမိန့်ခွန်းထဲမှာ သူ့အစိုးရရဲ့ ငါးနှစ်သက်တမ်းအတွင်း လုပ်ဆောင် ချက် များ ကို ပြန်လည်သုံးသပ်ပြခဲ့သလို ဒီမိုကရေစီစနစ်မှာ ကြုံတွေ့ရမယ့် ရွေးကောက်ပွဲ အခြေ အနေContinue reading

လွန်ခဲ့တဲ့ ခုနစ် တိတိ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ပြောခဲ့တဲ့ အင်န်အယ်လ်ဒီ အစိုးရ သစ်အပေါ် သဘောထား ။ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ငြိမ်းချမ်းစွာ တာဝန်လွှဲပြောင်းရေးကို လက်ခံ နိုင်ရပါမယ်။ အခုညနေ ရုပ်သံမီဒီယာတစ်ခု ရုံးခန်းကို ရောက်လာပြီး နောက်ဖြစ်လာမယ့် သမ္မတအသစ်ကို ဘယ်လို သဘောထားလဲ လို့ ကျွန်တော့်ကိုမေးပါတယ်။အဲဒီမေးခွန်းအပေါ် အခုလို ဖြေကြားခဲ့ပါတယ်။ ၁။ ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေနဲ့ အညီ ရွေးချယ်တင်မြှောက်တဲ့ သမ္မတ သစ်ဟာ နိုင်ငံတော်အကြီးအကဲသစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝန်ကြီးတစ်ဦးအနေနဲ့ သမ္မတသစ်ဦးဆောင်တဲ့အစိုးရအဖွဲ့သစ်ကို ချောချောမွေ့မွေ့ တာဝန်လွှဲပေးဖို့အတွက် ဆောင်ရွက်ပါ့မယ်။ ၂။ ဧပြီ ၁ ရက်နေ့ သာမန်ပြည်သူတစ်ဦးဖြစ်သွားချိန်မှာတော့ သမ္မတကို ကိုယ့်နိုင်ငံရဲ့ နိုင်ငံ အကြီးအကဲအဖြစ်Continue reading

သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၆)

သူငယ်ချင်း- မော်တင်စွန်းဆောင်းပါးတွေမှာ မင်းရေးတာ ဖတ်ရတယ်။ ဒါပေမဲ့ ငါတို့နိုင်ငံက လူတွေ နိုင်ငံရေးအသိနည်းသေးတယ်။ ပါတီကို ကြည့်ပြီး မဲပေးတဲ့ အဆင့်က မတက်သေးဘူး။ ဒီမိုကရေစီနဲ့ မတန်သေးပါဘူးကွာ။ ကျွန်တော် – အနောက်ဒီမိုကရေစီနိုင်ငံတွေမှာတောင် အများစုက ပါတီအပေါ် ယုံကြည်မှု နဲ့ ပဲ မဲပေးတာ၊ ပါတီမူဝါဒတွေ၊ ကြေညာချက်တွေကို ဖတ်ပြီး မဲပေးတာမဟုတ်ဘူး လို့ ဖတ်ဖူးတယ်။ သူငယ်ချင်း- အေးလေ၊ ဒါပေမဲ့ ငါတို့ဆီက ပိုဆိုးပါတယ်ကွာ၊ လူပြိန်း တွေများတယ်။ သေသွားတဲ့ သူတောင် မဲနိုင်သေးတာပဲကြည့်။ ကျွန်တော်- အင်း ဒါဆို မင်းတို့၊ ငါတို့ နှစ်နှစ်ဆယ်ကျော် လုပ်ပိုင်ခွင့်တွေ ရထားခဲ့၊ အတိုက် အခံတွေ၊ မီဒီယာတွေကို ထိန်းချုပ်ထားခဲ့တာတောင် လူပြိန်းတွေ နိုင်ငံရေးအသိရှိ လာအောင်၊Continue reading “သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၆)”

ဒီမိုကရေစီ နဲ့ နိုင်ငံရေးပါတီ

အခုတလော မကြာခဏ ဖတ်နေရ၊ ကြားနေရတာက “ မြန်မာပြည် ပါတီတွေကများ” ဆိုတဲ့ စကားပဲ။ အဲဒီ စကားနဲ့ ဒွန်တွဲပြီးပါလာတာက အမေရိကန် နဲ့ အင်္ဂလိပ် (ဗြိတိန်) ဆိုရင် နှစ်ပါတီ ပဲရှိတယ်ဆိုတဲ့ စကားပေါ့။ အံ့သြဖို့ကောင်းတာက အဲဒီစကားပြောတဲ့သူအများစုက ကျန်တဲ့ကိစ္စ တွေမှာ အမေရိကန် နဲ့ အင်္ဂလိပ် ဟာ မြန်မာပြည်ကို ဖျက်ဆီးမယ့် ငပွကြီးတွေဆိုပြီး ပြောလေ့ ရှိတဲ့ သူတွေဖြစ်ပေမယ့် အခု ကိစ္စမှာတော့ “အမေရိကန်တောင်မှ ဒီလို” ဆိုပြီး ကိုးကားလာတာပဲ။ ဒီလူတွေက သူတို့လုပ်ချင်တာ၊ ပြောချင်တာကို အထောက်အကူဖြစ်ဖို့အတွက်သာ အမေရိကန်၊ အင်္ဂလိပ် နိုင်ငံရေးစနစ်ကို ကိုးကားနေတာ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်ကို အတွင်းကျကျ လေ့လာ ထားပုံလည်း မရဘူး။ တကယ်တော့Continue reading “ဒီမိုကရေစီ နဲ့ နိုင်ငံရေးပါတီ”