၀တၳဳတိုုဆရာ

ဆရာ ဖေမြင့် ဟာ ကျွန်တော် လေးစားရတဲ့ စာရေးဆရာပါ။ လူအများ စုက သူ့ကို ဘာသာပြန် ဆရာ၊ တက်ကျမ်းဆရာလို့ ပဲသိပြီး တကယ်တော်တဲ့ ဝတ္ထုတိုဆရာ ဆိုတာကို မေ့နေကြ တယ်။ ကျွန်တော် ပြန်ကြားရေး ဒုဝန်ကြီး၊ ဝန်ကြီးတာဝန်ယူရတော့ စာနယ်ဇင်း လွတ်လပ် ခွင့်၊ သတင်းမီဒီယာကောင်စီ ဥပဒေ၊ ပုံနှိပ် ဥပဒေ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေ တွေနဲ့ပတ်သက်ပြီး ဆရာဖေမြင့် နဲ့ အစည်းအဝေးခန်းထဲမှာ ၊ မီဒီယာ တွေပေါ်မှာ အကြိမ် ပေါင်းများစွာ အပြန်အလှန် ဝေဖန်၊ ငြင်းခုန် ခဲ့ကြရတယ်။ ဒါပေမယ့် တစ်ခြားအချိန်မှာတွေ့ရင်တော့ စာပေနဲ့ပတ်သက်ပြီးရင်းရင်းနှီးနှီးပြောဖြစ်တယ်။ ပုဂ္ဂိုလ် ရေး ခင်မင်ရင်းနှီးမှုရှိသလို အပြန်အလှန်လေးစားမှုလည်း ရှိတယ်။ သူ ပြန်ကြားရေးဝန်ကြီးဖြစ်သွားတော့Continue reading “၀တၳဳတိုုဆရာ”

လမ်းခွဲချိန်

အမေရိကန်အခြေခံဥပဒေအရ အောက်လွှတ်တော်အမတ် အားလုံး နဲ့ အထက်လွှတ်တော် အမတ် သုံးပုံတစ်ပုံကို နှစ်နှစ်တစ်ကြိမ်ရွေးတယ်။ သမ္မတ ရွေးကောက်ပွဲ အပြီး နှစ်နှစ် အကြာ မှာ ကျင်းပတဲ့ ရွေးကောက်ပွဲကို သမ္မတ သက်တမ်းရဲ့ ထက်ဝက်မှာ ကျင်းပတာဖြစ်လို့ သက်တမ်း လယ်ရွေးကောက်ပွဲ Mid Term Election လို့ခေါ်တယ်။ လာမယ့် ၂၀၂၂ နိုဝင်ဘာလမှာ အမေရိကန်လွှတ်တော်ရဲ့ သက်တမ်းလယ်ရွေးကောက်ပွဲ ကျင်းပမယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲအပြီးမှာ အောက်လွှတ်တော် အမတ် ၄၃၅ နေရာအနက် ဒီမိုကရက် ပါတီက ၂၂၂ နေရာ၊ ရီပတ်ဘလီကင်ပါတီက ၂၁၂ နေရာ နိုင်ထားပြီး လစ်လပ် တစ်နေရာရှိတယ်။ အထက် လွှတ် တော်အမတ် ၁၀၀ နေရာမှာ ပါတီContinue reading “လမ်းခွဲချိန်”

ခေါင်းဆောင်တစ်ယောက်ရဲ့ နှလုံးသား

မြောက်ပိုင်း မက်ဆီဒိုးနီးယားနိုင်ငံ သမ္မတ Stevo Pendarovski ဟာ ဒေါင်း ရောဂါ လက္ခဏာ ခံစားနေရတဲ့ ၁၁ နှစ်အရွယ် ကျောင်းသူလေး တစ်ယောက်ကို လက်ဆွဲပြီး ကိုယ်တိုင် ကျောင်း ပို့ခဲ့တယ်။ အဲဒီကျောင်းသူလေးကို သူ့ရောဂါ အကြောင်းပြုပြီး ကျောင်းမှာ အနိုင်အထက် ပြုကျင့်မှုတွေရှိ တယ် ဆို တဲ့ သတင်းတွေပေါ်ထွက်လာပြီးတဲ့နောက် သမ္မတ Stevo Pendarovski ဟာ ကျောင်းသူလေး နဲ့ သူ့မိဘ တွေကို တွေ့ဆုံအားပေးစကားပြောကြားခဲ့သလို ကလေးငယ်လေးကိုလည်း ကိုယ်တိုင်လက်ဆွဲ ပြီး ကျောင်းပို့ပေးခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတက လူတိုင်းဟာ မိမိရဲ့ အခွင့်အရေးကို အပြည့်အ၀ ခံစားခွင့်ရှိသလို အခြားသူတစ်ဦးရဲ့ အခွင့်အရေးကိုလည်း လေးစား ရမယ်၊ ဒုက္ခရောက်နေသူတွေကို စာနာမှုပေးနိုင်ရမယ်၊ ကျွန်တော်တို့အနေနဲ့Continue reading “ခေါင်းဆောင်တစ်ယောက်ရဲ့ နှလုံးသား”

တစ်ခါက ပြောခဲ့သမ ျှ

အခုတစ်လော ကျွန်တော့ ခရီးသွား ဆောင်းပါးတွေ၊ အက်ဆေးတွေအောက်မှာ မှတ်ချက် ရေးသူတစ်ချို့က “ ပြည်ခိုင်ဖြိုး ကိုတော့ မဝေဖန်ခဲ့ဘူး” လို့ ရေးသလို ရွေးကောက်ပွဲ မတိုင်ခင်က “ NLD ကို ဝေဖန်ခဲ့ပြီး အခုမှ ဘက်ပြောင်းတယ်” စသည်ဖြင့် မှတ်ချက်ရေးကြ တယ်။ အဲဒီမှတ်ချက်တွေကို ဖတ်ရတော့ ရွေးကောက်ပွဲအလွန် ၁၁ နိုဝင်ဘာ ၂၀၂၀ ရက်နေ့မှာ 7 Day TV က ကိုသီဟ နဲ့လုပ်ခဲ့တဲ့ အမေးအဖြေ အစီအစဉ်ကို သတိရမိတယ်။ အဲဒီအချိန်ကလည်း ကျွန်တော်က ပြည်ခိုင်ဖြိုးပါတီက ပြောနေတဲ့ ရွေးကောက်ပွဲ ရလဒ်ကို လက်မခံဘူးဆိုတဲ့ မူဝါဒ ကို သဘောမတူကြောင်း ဖေ့စ်ဘွတ်ပေါ်မှာရော၊ မီဒီယာတွေ့ဆုံဖြေကြားမှုတွေမှာ ပြောနေတဲ့ အချိန် ဖြစ်တော့Continue reading “တစ်ခါက ပြောခဲ့သမ ျှ”

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၁၁ ရက်နေ့ က ၂၀၂၀ ရွေးကောက်ပွဲ ရလဒ် အငြင်းပွားမှု တွေနဲ့ ပတ်သက်ပြီး အခုလို သုံးသပ်ရေးခဲ့ဖူးတယ်- xxx လူထု က အရှုံးကို လက်မခံနိုင်တဲ့ပါတီ၊ ကန့်လန့်တိုက်တဲ့ပါတီ လို့ မြင်သွားနိုင်တယ်။ အဲဒါဆိုရင် မဲ ရှုံး သလို နိုင်ငံရေးသိက္ခာလည်း ရှုံးလိမ့်မယ်။ဂုဏ်သိက္ခာရှိစွာ အောင်ပွဲခံတာ ရော၊ အရှုံးကို တည်တည်ငြိမ်ငြိမ်လက်ခံတာရောဟာ နိုင်ငံရေး ပါတီတစ်ခုရဲ့ ရင့်ကျက်မှုကို မှတ်ကျောက်တင်တာဖြစ်တဲ့အတွက် တုန့်ပြန်မှုတိုင်းက အချိန်အဆ မှန်ကန်ဖို့လိုပါတယ်။xxx ( ပုံ ၁ ) xxx ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့ ပြည်ထောင်စုဝန်ကြီးတာဝန်က အနားယူပြီးချိန်က စလို့ ရဲထွဋ် ဟာ ရဲထွဋ်Continue reading

ကရင်အကြောင်း စာအုပ်ကောင်းတစ်အုပ်

မနေ့က ပန်းဆိုးတန်းမှာ စာအုပ်ရှာပုံတော်ဖွင့်ခဲ့တယ်။ ကာလအတော်ကြာ တံခါးပိတ်နေခဲ့တဲ့ စာအုပ်ဆိုင် အတော်များများ ပြန်ဖွင့်နေကြပါပြီ။ စာအုပ်ဝယ်သူကတော့ နည်းတယ်။ ကျွန်တော် သွားတဲ့အချိန်က ကိုးနာရီကျော် ဆိုင်တွေဖွင့်စ အချိန်ဖြစ်လို့ လူပါးတာလည်း ဖြစ်နိုင်ပါတယ်။ သွားရှာတဲ့စာအုပ်က ဆရာမြသန်းတင့်ရဲ့ “ လူလေးသို့ပေးစာများ” (ဘာသာပြန်) ပါ။ ပန်းဆိုး တန်း အပေါ်ဘလောက် ဘူတာကြီး ကုန်းကျော်တံတားအဆင်း ညာဘက်ခြမ်းမှာ ရှိတဲ့ Book Tree စာအုပ်မှာ ရှာတွေ့တယ်။ အဲဒီဆိုင်မှာပဲ “ ကရင်အမျိုးသားသမိုင်း” ( ဒေါက်တာ နန်းလှိုင်) စာအုပ်ထူကြီး ကို တွေ့လို ဝယ်ခဲ့တယ်။ ဆိုင်ထဲမှာ စာမြည်းကြည့်ပြီးတဲ့နောက် စာမျက်နှာ ၁၂ ၈၃ မျက်နှာ ရှိတဲ့စာအုပ်ထူကြီးကို ဝယ်ဖို့ ဆုံးဖြတ်ရတဲ့ အကြောင်းအရင်း သုံးချက်ရှိပါတယ်။Continue reading “ကရင်အကြောင်း စာအုပ်ကောင်းတစ်အုပ်”

ရွှေတောင် ငွေတောင် နဲ့ ငြိမ်းချမ်းရေး

ရွှေတောင် ငွေတောင် ဆိုတာ ပေါက်ခေါင်း – အုတ်တွင်း ကားလမ်း ပေါ်က တောင်ပေါ် ကရင် ရွာလေးပါ။ ရွှေ တောင်ငွေတောင် က အိမ်ခြေ ၈၆ အိမ်၊ လူဦးရေ ၄၄၇ ဦး ရှိတယ်။ တောင်ပေါ် ရွာအနေနဲ့ ပြောရရင်တော့ ရွာကြီးပေါ့။ ဒါပေမယ့် လမ်းဘေး ဝဲယာမှာက ထမင်းဆိုင်၊ ဈေးဆိုင် တွေအပါအဝင် အိမ် ဆယ်လုံး၊ ဆယ့်ငါးလုံးလောက်ပဲရှိတယ်။ ကျန်တာက အတွင်းဘက်မှာပါ။ ပေါက်ခေါင်း – အုတ်တွင်းက ၁၀၄ မိုင် ၂ ဖာလုံဝေးပြီး ရွှေတောင်ငွေတောင်က မိုင်တိုင် ၅၄ မှာ ရှိတာဆိုတော့ ခရီးတစ်ထောက်နားစခန်းဖြစ်နေတယ်။ မိုင်တိုင် ၅၁ နဲ့ ၅၄ ကြားမှာ ဘော်ဒါ(Continue reading “ရွှေတောင် ငွေတောင် နဲ့ ငြိမ်းချမ်းရေး”

၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ထုတ်ေ၀ ဖြန့်ချိ ဖို့ ရည်ရွယ်ခဲ့ပေမယ့် အကြောင်းကြောင်းသော အကြောင်းများကြောင့် ကြန့်ကြာနေတဲ့စာအုပ်။ ဒီနေ့ ( ဇူလိုင် ၆ )ရက်နေ့မှာ စတင်ဖြန့်ချိပါပြီ။ City Mart စာအုပ်ဆိုင်တွေမှာတော့ ဇူလိုင် ၁၁ နောက်ပိုင်းမှ ရောက်မယ်လို့သိရပါတယ်။ ဒီစာအုပ် မှာ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲ နေ့ နဲ့ ရွေးကောက်ပွဲလွန်ကာလ ကျွန်တော်ရေးခဲ့တဲ့ဆောင်းပါးတွေ၊ မီဒီယာတွေကို ဖြေကြားခဲ့တဲ့ အမေး/အဖြေတွေကို စုစည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် ၂၀၀၇ ခုနှစ် မှာရေးခဲ့တဲ့ အချိုးကျရွေးကောက်ပွဲစနစ်နဲ့ ပတ်သက်တဲ့ဆောင်းပါးတွေကိုလည်း ပြန်လည် စုစည်းဖော်ပြထားပါတယ်။ ရွေးကောက်ပွဲအကြိုကာလ မှာ ရေးခဲ့၊ပြောခဲ့တာတွေက ၂၀၂၀ ရွေးကောက်ပွဲကို ၂၀၁၅ ရွေးကောက်ပွဲကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုContinue reading “၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ”

စီးပွားရေး ပိတ်ဆို့မှု နှင့် မြန်မာနိုင်ငံ

ဖေဖော်ဝါရီလ ၁၁ ရက်မှာ အမေရိကန် သမ္မတ ဘိုင်ဒန်က သမ္မတ အုပ်ချုပ်မှုဆိုင်ရာ အမိန့် ( Executive Order, EO ) ထုတ်ပြန်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပိတ်ဆို့အရေးယူမှုတွေ ပြုလုပ်ခဲ့တဲ့ အခါ အချို့ အသိုင်းအဝန်းတွေကြားမှာ အကြီးအကျယ် ရိုက်ခတ်သွားခဲ့တယ်။ ဒါဟာ မကြုံစဖူး ထူးကဲလှတဲ့ အရေး ယူဆောင်ရွက်မှုလို့ မြင်သူတွေလည်းရှိတယ်။ ဘာမှ မဟုတ် ဘူး၊ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှုကို မှုစရာမလိုဘူးလို့ ထင်သူတွေလည်းရှိတယ်။ တကယ်တော့ မြန်မာနိုင်ငံဟာ ၁၉ ၈၈ ခုနှစ်ကနေ ၂၀၁၃ ခုနှစ်အထိ အမေရိကန် နဲ့ ဥရောပ သမဂ္ဂ ( အီးယူ) ရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာ နေခဲ့ရတာပါ။ ၂၀၁၃ ခုနှစ်ကနေContinue reading “စီးပွားရေး ပိတ်ဆို့မှု နှင့် မြန်မာနိုင်ငံ”

အာဆီယံ နှင့် မြန်မာ့အရေး

လာမယ့် ဧပြီလ ၂၄ ရက်နေ့ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်ပြီး အာဆီယံ ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။ ဒီဆွေးနွေးပွဲက နှစ်စဉ်ကျင်းပနေကျ အာဆီယံ ထိပ်သီးအစည်းအဝေးမဟုတ်ပါဘူး။ လိုအပ်ချက်အရ ကျင်းပတဲ့ သီးခြားအစည်းအဝေး ဖြစ်ပါတယ်။ ဒီအစည်းအဝေးဟာ မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ ကြား ညှိနှိုင်းတိုင်ပင်ဆွေးနွေးရတဲ့ ဒုတိယမြောက်ထိပ်သီးအစည်းအဝေးလို့ ပြောနိုင်ပါတယ်။ မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အာဆီယံခေါင်းဆောင်တွေ ပထမအကြိမ်ဆွေးနွေးခဲ့တာက ၂၀၀၇ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ စင်္ကာပူနိုင်ငံမှာ ကျင်းပခဲ့တဲ့ ၁၃ ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးဖြစ်ပါတယ်။ ၂၀၀၇ အတွေ့အကြုံ အဲဒီ ထိပ်သီးအစည်းအဝေးမကျင်းပမီ မြန်မာနိုင်ငံမှာ ရွှေဝါရောင်တော်လှန်ရေးလို့ လူသိများတဲ့ ၂၀၀၇ စက်တင်ဘာအရေးအခင်း ဖြစ်တယ်။ အဲဒီအရေးအခင်းနောက်ဆက်တွဲအနေနဲ့ အမေရိ ကန် နဲ့Continue reading “အာဆီယံ နှင့် မြန်မာ့အရေး”