ယုံကြည် ရဲရင့်

အမေရိကန်အောက်လွှတ်တော်ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်အရေးအခင်း စုံစမ်းရေးကော်မတီ ရဲ့ စစ်ဆေးကြားနာမှုကို ဇွန်လ ၉ ရက်နေ့ က စတင်ကျင်းပခဲ့တယ်။ ဇန်နဝါရီ ၆ ရက် အရေး အခင်း စုံစမ်းရေးကော်မတီရဲ့ အရင်စစ်ဆေးကြားနာမှုတွေက တံခါးပိတ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခု တစ်ကြိမ်ကတော့ အများပြည်သူလေ့လာနိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့အတွက် စိတ် ဝင်စားမှု များပြားခဲ့တယ်။ အခု ကြားနာစစ်ဆေးမှုက တစ်ကြိမ်တည်းနဲ့ ပြီးမယ့် ပွဲမဟုတ် ဘူး။ အနည်းဆုံး ခုနှစ်ကြိမ်ပြုလုပ်မှာဖြစ်ပါတယ်။ အခု စစ်ဆေးကြားနာမှု အကြောင်းမပြောခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ အရေးအခင်း ဘာလဲ ဆိုတာကို အတိုချုပ်ရှင်းပြချင်ပါတယ်။ ၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်းContinue reading “ယုံကြည် ရဲရင့်”

ဘယ်ကိုသွားမလဲ မောင်ရေခဲ

အကျီ ၤလက်ရှည်အဖြူ၊ ပိုးတွဲလုံချည်နီညိုရောင်ကွက်စိပ်၊ လေးထောင့်ဆန်ဆန် ကိုင်းအနက် မျက်မှန် နဲ့၊ လူကလည်း လေးဆယ်ကျော် ဆိုတော့ သူ့ပုံက ပါမောက္ခ ပုံပေါက်နေတယ်။ တကယ် တော့လည်း သူ့ဘဝရည်မှန်းချက်က တက္ကသိုလ်မှာ ဆရာလုပ်ဖို့ပဲ။ ဒါပေမယ့် ဘ၀ ဇာတ်လမ်း အလှည့် အပြောင်းကြောင့်သာ ဟိုတယ်လောကထဲရောက်လာတာ။ သူ့မိဘတွေက အညာဒေသမြို့ကြီးတစ်မြို့က။ သူဆယ်တန်းအောင်တော့ ၁၉၈၇ ခုနှစ်။ တက္ကသိုလ်တက်မယ်၊ ပြီးရင် တက္ကသိုလ်ပညာရေးလောကထဲဝင်မယ် ဆို တာ သူ့အိပ်မက်။ ဒါပေမယ့် ၈၈ အရေးအခင်းဖြစ်ပြီးတော့ ကျောင်းတွေ ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ ကျောင်းတက် ရတာအဆင်မပြေတော့ဘူး။ ဒီလိုနဲ့ အလုပ်လုပ်ဖို့ဖြစ်လာတယ်။ အဲဒီအချိန်က ပုဂ္ဂလိက လုပ်ငန်းတွေက စလုံးရေစပဲရှိသေးတော့ အလုပ်ရဖို့ခက်တယ်။ ဒီလိုနဲ့ အလုပ်သမားရုံးမှာ မှတ်ပုံတင်ပြီး အစိုးရအလုပ်ရှာရတယ်။ အစိုးရအလုပ်ကလည်းContinue reading “ဘယ်ကိုသွားမလဲ မောင်ရေခဲ”

ပေါက်ခေါင်း သင်ခန်းစာ

လွန်ခဲ့တဲ့ ရှစ်နှစ် ၂၀၁၄ ခုနှစ်မေလကုန်၊ ဇွန်လဆန်းမှာ ပေါက်ခေါင်းမြို့နယ်ထဲက ငါးမြွေဇင်း၊ ထန်းတပင်၊ ဓမ္မသော်ကျေးရွာတွေမှာ ကျေးရွာလူထုနဲ့တွေ့ခဲ့တယ်။ ခရီးစဉ်အဆုံးမှာ ကောင်းစီရွာလူထုနဲ့တွေ့ပြီး ပေါက်ခေါင်း – အုတ်တွင်း ကားလမ်းအတိုင်း နေပြည်တော်ကို ပြန်ခဲ့တယ်။ အခုခေတ် လူငယ်တွေအတွက် ပေါက်ခေါင်း ဆိုတဲ့ နာမည်က ဘာမှ ထူးခြားမှု ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခသမိုင်းမှာ ပေါက်ခေါင်းကနေ သင်ခန်းစာ ယူ စရာ အဖြစ်အပျက်နှစ်ခုရှိတယ်။ ပထမတစ်ခုက သာယာဝတီထောင်နဲ့ပတ်သက်တယ်။ ၁၉ ၄၈ ခုနှစ် လွတ်လပ်ရေး ရပြီး တဲ့အခါ ဝန်ကြီးချုပ် ဦးနုရဲ့ ဖဆပလ အစိုးရက သာယာဝတီထောင်ကို ပုဒ်မ ၅ နိုင်ငံရေး အကျဉ်း သမား တွေထားတဲ့ထောင်အဖြစ်သတ်မှတ်တယ်။ အဲဒီထောင်ကိုContinue reading “ပေါက်ခေါင်း သင်ခန်းစာ”

ပြည်နယ်အသစ်နဲ့ ၂၀၀၈

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးကြတဲ့အခါ ၀ ပြည်နယ် ဖွဲ့စည်းရေး ကိစ္စ အကြောင်းလည်း ပါလာတယ်။ တကယ်တော့ ၀ တိုင်းရင်းသားတွေသာမဟုတ်ဘူး။ အနာဂတ်မှာ ပြည်နယ် မရသေးတဲ့ အခြား တိုင်းရင်းသားတွေကလည်း ပြည်နယ်အဆင့် တောင်းဆို တာတွေလည်း ရှိလာနိုင်တာပဲ။ ပြည်နယ်အသစ်ဖွဲ့စည်းရေးလို့ ပြောတဲ့အခါ ဘယ်တိုင်းရင်းသားတွေက ပြည်နယ် ရသင့်တယ်၊မရ သင့်ဘူးဆိုတာ မပြောခင် လက်ရှိအချိန်မှာ အတည်ဖြစ်နေဆဲ ၂၀၀၈ အခြေခံဥပဒေမှာ ပြည်နယ် အသစ် ဖွဲ့စည်း ရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြဋ္ဌာန်းချက်တွေရှိသလဲ၊ဘယ်သူ တွေက ပြည်နယ် အသစ်ဖွဲ့စည်းရေးကို ဆုံးဖြတ်ခွင့်ရှိသလဲဆိုတာ အရင်သိထားသင့်တယ်လို့ ထင် ပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ တိုင်းဒေသကြီး ၊ ပြည်နယ်ဖွဲ့စည်းမှုက ၁၉ ၇၄ အခြေခံဥပဒေပါ သတ်မှတ် ချက်အတိုင်းပဲဖြစ်ပါတယ်။Continue reading “ပြည်နယ်အသစ်နဲ့ ၂၀၀၈”

ဗီအိုင်ပီ ရောဂါ

ကျွန်တော်တို့ နိုင်ငံမှာ ဗီအိုင်ပီ ရောဂါက အတော်အမြစ်တွယ်နေပြီ။ ကိုယ်တိုင်လည်း အဲဒီ ရောဂါ မကူးအောင် ကြိုးစားခဲ့ပေမယ့် ရာနှုန်းပြည့်တော့ မအောင်မြင်ပါဘူး။ လွန်ခဲ့တဲ့ လေးနှစ် ၂၀၁၈ ခုနှစ် မေလ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ မလေးရှားနိုင်ငံရွေးကောက်ပွဲမှာ လွတ်လပ်ရေးရပြီးနောက် ပထမဆုံးအကြိမ်အဖြစ် အတိုက်အခံ ပါတီက အနိုင်ရခဲ့တယ်။ မေ ၂၀ ရက်နေ့ထုတ် မလေးရှား Star သတင်းစာမှာ ဆောင်းပါးရှင် Wong Chun Wai က“ Man in the Mirror ” ခေါင်းစဉ်နဲ့ အစိုးရ သစ် ဝန်ကြီးတွေ ဘယ်လို ပြုမူနေထိုင်သင့်သလဲဆိုတဲ့ဆောင်းပါးရေးခဲ့တယ်။ အဲဒီဆောင်းပါးကို ဆီလျော်အောင်ဘာသာပြန် ပြီး ၂၀၁၈ ခုနှစ် မေလ ၂၁Continue reading “ဗီအိုင်ပီ ရောဂါ”

ပုဏ္ဏားတိုင်

မြန်မာ အဘိဓာန်မှာ “ပုဏ္ဏားတိုင်” ကို အားကိုး တိုင်တည်ရာ ပုဂ္ဂိုလ် လို့အနက်ဖွင့်ထားတယ်။ မနေ့က ရိုးရင်း တစ်ယောက်နဲ့တွေ့တော့ ကျွန်တော်ရေးနေတဲ့ စာတွေအကြောင်းပြောရင်း နဲ့ “ ဒါဆို ငါ တို့က ဘယ်သူ့ကို ပြောရမှာလဲ၊ တိုင်ရမှာလဲ” ဆိုတဲ့မေးခွန်းမေးတယ်။ သူမေးတဲ့မေးခွန်းမျိုးကို ကျွန်တော့်စာတွေအောက်မှာ မှတ်ချက် လာရေးတာလည်း ရှိပါတယ်။ ဒါ့ကြောင့် ရိုးရင်းကြီးမေးခွန်းကို ပြန်မဖြေတော့ဘူး။ “ ခင်ဗျားလိုမေးတဲ့သူတွေ များတယ်ဗျ၊ စာတစ်ပုဒ်ပဲ ရေးတော့မယ်။ စောင့်ဖတ်ပေါ့” လို့ ပြောခဲ့တယ်။ သူတို့မေးတဲ့ မေးခွန်းရဲ့ ရဲ့ အနှစ်ချုပ်ကတော့ “ပါတီစုံစနစ်မှာ တစ်ပါတီတည်းက အများစု အနိုင်ရထားပြီး ကျန်တဲ့ပါတီတွေကို အလေးမထားရင်၊ နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေမယ့် လုပ်ရပ်တွေ ဆောင် ရွက်နေရင်၊ တရားရုံးတွေကိုလည်း အားကိုးContinue reading “ပုဏ္ဏားတိုင်”

လှိုင်သာယာသူ

သူ့ကို ကျွန်တော့်မိတ်ဆွေရုံးခန်းမှ တွေ့ခဲ့တာပါ။ အသက်လေးဆယ်ပတ်ဝန်းကျင် ပိန်ပိန်သွယ် သွယ်။ အရပ်က မြန်မာအမျိုးသမီးတစ်ယောက် အတွက် မြင့်တယ်လို့ပြောနိုင်တယ်။ ဘောင်းဘီ ရှည် နီညိုရောင်နဲ့၊ စပို့ရှပ်နဲ့။ စပို့ရှပ်မှာ သူတို့ သန့်ရှင်းရေး ကုမ္ပဏီအမည်နဲ့ တံဆိပ် ရိုက်ထားတယ်။ ဒီတံဆိပ် နဲ့ ဝန်ထမ်းတွေကို ဆူပါမားကက်တစ်ချို့မှာ တွေ့ဖူးတယ်။ မိတ်ဆွေ ရုံးခန်းကို ရောက်တိုင်းတွေ့နေရတော့ သူနဲ့ မျက်မှန်းတန်းမိနေပြီ။ သင်္ကြန်မတိုင်ခင်က မိတ်ဆွေရုံးခန်းကို သွားတော့ အပြင်ခဏသွားနေတယ်တဲ့။ ဒါနဲ့ သူ့ကို စောင့်ရင်း ရုံးက ဝန်ထမ်းတွေကို ခွင့်တောင်းပြီး အဲဒီသန့်ရှင်းရေးအမျိုးသမီးကို သူ့ဘ၀ အကြောင်းမေး မိ တယ်။ ထိုင်ခုံမှာ ထိုင်ပြောပါဆိုတော့ သူတို့ စည်းကမ်းအရ အဲဒီနေရာမှာ ထိုင်လို့မရဘူးဆိုတာနဲ့ နှစ်ယောက်သား မတ်တပ်ရပ်တွေ့ဆုံမေးမြန်းခန်း လုပ်ရတယ်။ သူဟာContinue reading “လှိုင်သာယာသူ”

ယူကရိန်း နဲ့ နေတိုး

ပူတင်က ယူကရိန်းသာ နေတိုး အဖွဲ့ဝင်နိုင်ငံဖြစ်သွားရင် ရုရှားနိုင်ငံလုံခြုံရေးအတွက် အန္တရာယ် ရှိတယ်။ ဒါ့ကြောင့် ယူကရိန်းကို ဝင်တိုက်ရတာလို့ ပြောတယ်။ ပူတင်ကို ထောက်ခံသူတွေက လည်း ဒီစကားကို သံယောင်လိုက်ပြောတယ်။ ဒါပေမယ့် ဒီလူတွေဟာ ယူကရိန်းအနေနဲ့ ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲတဲ့အချိန် ၁၉ ၉ ၂ ခုနှစ်က စလို့ နှစ်နှစ်ဆယ်ကျော်လောက် နေတိုးအဖွဲ့ဝင်ဖို့ မကြိုးစားခဲ့ပဲ ဘာဖြစ်လို့ အခု မှ ကြိုးစားရသလဲဆိုတဲ့ အဖြေကို ရှာဖို့ မစဉ်းစားကြဘူး။ တကယ်တော့ ဒီဇာတ်လမ်းအားလုံးရဲ့ အစ ဟာ ၁၉ ၉ ၄ ခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့ ဟန်ဂေရီနိုင်ငံ မြို့တော် ဘူဒါပက်စ် မှ စခဲ့တာဖြစ်ပါတယ်။ ဆိုဗီယက် ပြည်ထောင်စုပြိုကွဲသွားတော့Continue reading “ယူကရိန်း နဲ့ နေတိုး”

ယူကရိန်း နဲ့ ခွဲထွက်ခွင့်

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး တစ်ချို့က ပုူတင် ယူကရိန်းကို တိုက်တာဟာ ရုရှားပိုင်ခဲ့တဲ့ နယ်မြေကို ပြန်သိမ်းသွင်းနိုင်ဖို့ဖြစ်တယ်၊ ရုရှားရဲ့ အချုပ်အခြာအာဏာတည်မြဲရေးအတွက် ဖြစ်တယ်၊ ယူကရိန်းဟာ အနောက်အုပ်စု မြှောက်ပေးလို့ ရုရှားနိုင်ငံကနေ ခွဲထွက်ခဲ့တာဖြစ်တယ် လို့ ပြောကြတယ်။ တကယ်တော့ ယူကရိန်းက ပဒေသရာဇ် ဇာဘုရင်လက်ထက်မှာ ရုရှားပိုင်နယ်မြေ ဖြစ်ခဲ့ပေ မယ့် ခေတ်သစ် ဆိုဗီယက်ပြည်ထောင်စုဆိုတဲ့ နိုင်ငံထဲမှာတော့ ရုရှား နဲ့ တန်းတူသမ္မတနိုင်ငံအဖြစ် ပါဝင်ခဲ့ တာဖြစ်ပါတယ်။ ရုရှားရဲ့ ပြည်နယ်မဟုတ်ပါဘူး။ ဒါ့ကြောင့် ယူကရိန်းဟာ ဆိုဗီယက် ပြည်ထောင်စုထဲမှာ ဘယ်လိုပုံစံနဲ့ ပါခဲ့သလဲ၊ ဘယ်လို ခွဲထွက်ခဲ့သလဲဆိုတာ သိဖို့လိုပါတယ်။ ဒါပေမယ့် အခုဆောင်းပါးက ခွဲထွက်ခွင့် နဲ့ဆိုဗီယက် ပြည်ထောင်စု နိုင်ငံရေး စနစ်ကို သုံးသပ်တဲ့ဆောင်းပါးမဟုတ် ဘူး။ ရုရှား နဲ့Continue reading “ယူကရိန်း နဲ့ ခွဲထွက်ခွင့်”

၀တၳဳတိုုဆရာ

ဆရာ ဖေမြင့် ဟာ ကျွန်တော် လေးစားရတဲ့ စာရေးဆရာပါ။ လူအများ စုက သူ့ကို ဘာသာပြန် ဆရာ၊ တက်ကျမ်းဆရာလို့ ပဲသိပြီး တကယ်တော်တဲ့ ဝတ္ထုတိုဆရာ ဆိုတာကို မေ့နေကြ တယ်။ ကျွန်တော် ပြန်ကြားရေး ဒုဝန်ကြီး၊ ဝန်ကြီးတာဝန်ယူရတော့ စာနယ်ဇင်း လွတ်လပ် ခွင့်၊ သတင်းမီဒီယာကောင်စီ ဥပဒေ၊ ပုံနှိပ် ဥပဒေ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေ တွေနဲ့ပတ်သက်ပြီး ဆရာဖေမြင့် နဲ့ အစည်းအဝေးခန်းထဲမှာ ၊ မီဒီယာ တွေပေါ်မှာ အကြိမ် ပေါင်းများစွာ အပြန်အလှန် ဝေဖန်၊ ငြင်းခုန် ခဲ့ကြရတယ်။ ဒါပေမယ့် တစ်ခြားအချိန်မှာတွေ့ရင်တော့ စာပေနဲ့ပတ်သက်ပြီးရင်းရင်းနှီးနှီးပြောဖြစ်တယ်။ ပုဂ္ဂိုလ် ရေး ခင်မင်ရင်းနှီးမှုရှိသလို အပြန်အလှန်လေးစားမှုလည်း ရှိတယ်။ သူ ပြန်ကြားရေးဝန်ကြီးဖြစ်သွားတော့Continue reading “၀တၳဳတိုုဆရာ”