မပြေးသော် ကန်ရာရှိ

ပြည်ခိုင်ဖြိုးပါတီ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားပါတီတစ်ချို့ နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄ အရ လွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ တောင်းဆိုမယ်လို့ ပြောခဲ့တယ်။ ဒီတောင်းဆိုမှုဟာ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ ကျင်းပ ဖို့ ဖိတ်ကြားခြင်းမရှိဘဲ တတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေကိုပဲ ၂၀၂၁ ဖေဖော်ဝါရီ လ ၁ ရက်နေ့ မှာကျင်းပဖို့ ဖိတ်ကြားခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင် သန်း တို့ရဲ့ လုပ်ဆောင်ချက်ကြောင့်ပေါ်ထွက်လာရတာဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ရဲ့ လုပ်ဆောင်ချက်က ပထမအကြိမ်လွှတ်တော် နောက်ဆုံး အစည်းအဝေးတွေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်အထိ ပြုလုပ်ခဲ့တဲ့ အစဉ်အလာကို ချိုးဖောက်လိုက်တဲ့ လုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော် ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပထမအကြိမ်လွှတ်တော် ရဲ့ နောက်ဆုံးအစည်းContinue reading “မပြေးသော် ကန်ရာရှိ”

ပြောစရာ ဖြစ်နေတဲ့ ရွေးကော်

၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ က စပြီး ရွေးကောက်ပွဲလွန် ကာလအထိ ဦးလှသိန်းကော်မရှင် ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာခဲ့တယ်။ အဲဒီမှာ ဦးလှသိန်း ကော်မရှင်က နိုင်ငံရေးပါတီတွေ၊ စောင့်ကြည့်လေ့လာသူတွေ၊ မီဒီယာတွေရဲ့ အမြင် တွေ၊ သဘောထားတွေကို ထည့်တွက်ဖို့ ရှင်းပြဖို့ မလိုဘူး၊ ငါတို့လုပ်ပိုင်ခွင့်အရ၊ ဥပဒေအရ လုပ်ခွင့်ရှိရင်၊ လုပ်သင့်တယ်ထင်ရင် လုပ်မှာပဲ ဆိုတဲ့သဘောထားရှိတာကို ထင်ထင်ရှားရှားတွေ့ခဲ့ရတယ်။ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ ပါတီတွေက ဘာပြောပြော ကျုပ်တို့ လုပ်ချင်တာလုပ် မှာပဲ ဆိုတဲ့ သဘောကို “ ရွာလယ်မှာဖြတ်မောင်းတဲ့ လှည်းတန်းကြီး” နဲ့ ဥပမာပေး ပြောခဲ့ဖူးကြောင်း တစည ပါတီလူကြီးတစ်ယောက်ကလည်း ကျွန်တော့်ကို ပြောပြဖူးတယ်။ အခုလည်း မဲစာရင်း မှား/ မှန်ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြမှုတွေ ဖြစ်နေချိန်မှာContinue reading “ပြောစရာ ဖြစ်နေတဲ့ ရွေးကော်”

ရှင်းလေ ရှုပ်လေ ရွေးကော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ( ဒီဇင်ဘာ ၃၀ ) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့တယ်။ ဒီထုတ်ပြန်ချက်ရဲ့ အဓိက အချက်ကတော့ “ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်နေတဲ့ မဲစာရင်းမှားယွင်းမှုဆိုတာတွေဟာ အချက်အလက်မှားရင် ပြင်နိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်း တွေ ကို PDF ဖိုင်နဲ့ ဖြန့်ဝေထားတဲ့စာရင်းကို အခြေခံပြီးပြောနေတာဖြစ်တယ်။ နိုဝင်ဘာ ၈ရက် နေ့မှာ တကယ်မဲပေးခဲ့တဲ့စာရင်းမဟုတ်ဘူး” ဆိုတာပါပဲ။ ( ပုံ ၁ နဲ့ ၂ ) ဒါပေမယ့် ပြဿနာက ဦးလှသိန်းကော်မရှင်ဟာ ခင်ဗျားတို့ စစ်နေတဲ့စာရင်းက မှားနေတယ်၊ နောက်ဆုံး မဲစာရင်းမဟုတ်ဘူးလို့ပြောလိုက်ပေမယ့် “ တကယ်မဲပေးခဲ့တဲ့ စာရင်းက ဟောဒီမှာ၊ လာယူ၊ တိုက်ဆိုင်စစ်ဆေးစမ်း၊ မသမာမှုတွေ့ရင် ပြောစမ်းContinue reading “ရှင်းလေ ရှုပ်လေ ရွေးကော်”

တပ်မတော် နဲ့ ရွေးကော်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ တပ်မတော်သားတွေ ဆန္ဒမဲပေးခဲ့ရတဲ့ မဲဆန္ဒနယ် လေးခုရဲ့ မဲစာရင်း မှားယွင်းမှုတွေကို ထုတ်ပြန်ကြေညာခဲ့ တယ်။ ( ပုံ ၁ ) ။ စာရင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ မဲစာရင်းမှားယွင်းမှုတွေကို ၁။ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း၂။ မဲ မသမာမှုဖြစ်နိုင်သည့် မဲစာရင်း ဆိုပြီးခွဲခြားထားတယ်။ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်းဆိုတာက နိုင်ငံသားကတ်၊ အမည်၊ အသက်၊ မိဘ အားလုံးတူနေတာကနေ နိုင်ငံသားကတ်တူ ပြီး ကျန်တဲ့အချက်တစ်ခု မဟုတ်တစ်ခုပဲ လွဲနေတဲ့ မဲဆန္ဒရှင်အရေအတွက်ဖြစ်ပါတယ်။ မဲ မသမာမှုဖြစ်နိုင်သည့် စာရင်း ဆိုတာက ၁၈ နှစ်မပြည့်ပဲ မဲစာရင်းထဲပါနေတဲ့သူများ၊ နိုင်ငံသားContinue reading “တပ်မတော် နဲ့ ရွေးကော်”

နိုင်ငံရေး ကကြီး ခခွေး

ရုပ်သံသတင်း၊ သတင်းစာ နဲ့ ဂျာနယ်တွေမှာပါတဲ့ နိုင်ငံရေးသတင်းတွေကို တွေ့တိုင်း နိုင်ငံရေး ဝေါဟာရတွေအကြောင်းမေးလေ့ရှိတဲ့ ၈ တန်းကလေးတစ်ယောက်အတွက် နိုင်ငံရေးအဘိဓာန် စာအုပ်လိုက်ရှာတဲ့အခါ “ နိုင်ငံရေး ကကြီး ခခွေး” ( မင်းရွှေမောင် ၊ Myanmar Heritage စာအုပ်တိုက်၊ စက်တင်ဘာ ၂၀၂၀ ) ဆိုတဲ့ စာအုပ်ကိုတွေ့တယ်။ ဒီစာအုပ်က ဘာသာပြန်စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်က “Politics for Beginners” ဆိုတဲ့စာအုပ်ဖြစ် ပါတယ်။ စာမျက်နှာ ၁၂၈ မျက်နှာရှိတဲ့ ဒီစာအုပ်မှာ အစိုးရအမျိုးမျိုး၊ နိုင်ငံရေးစနစ်များ၊ ရွေးချယ်တင်မြှောက် ပွဲများနှင့် ဆန္ဒမဲပေးခြင်း၊ နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးဝါဒစနစ်များ၊ အရေးပါသော မေးခွန်း များဆိုတဲ့ အခန်းခြောက်ခန်းပါပြီး ရုပ်ပုံများနဲ့ လိုတိုရှင်း ရေးသားထားတယ်။ မူရင်းစာအုပ်ရေးသားသူများက လစ်ဘရယ်ဒီမိုကရေစီContinue reading “နိုင်ငံရေး ကကြီး ခခွေး”

၂၀၁၆ အလွဲအပြောင်း

လွန်ခဲ့တဲ့ ငါးနှစ်တိတိက အစိုးရသစ်ကို တာဝန်လွှဲပြောင်းဖို့ ပြင်ဆင်နေချိန်မှာ တာဝန်လွှဲပြောင်းဖို့အတွက် ဘာတွေပြင်ဆင်ထားပြီလဲ၊ အနာဂတ်မှာဘာဆက်လုပ်မလဲ ၊ လုပ်ဖော်ကိုင်ဘက် ပြန်ကြားရေးဝန်ထမ်းတွေအတွက် ဘယ်လိုခံစားရလဲ လူပြောများတဲ့ သမ္မတလယ်တော်ဆိုတာ ဧက ငါးရာမဟုတ်ကြောင်းနဲ့ ဦးသိန်းစိန် ကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတဲ့ ဧက သုံးဆယ်ကျော်သာရှိတဲ့အကြောင်း၊ ကျွန်တာ် ဖေ့စ်ဘွတ်သုံးရတဲ့ အကြောင်း တပ်မတော်အစိုးရလက်ထက်မှာ ကျွန်တော်သဘောမကျခဲ့တဲ့ ပြန်ကြားရေး မူဝါဒတစ်ခုအကြောင်း နေပြည်တော်က ကျွန်တော့်နေအိမ်ကိုလည်း ပြခဲ့သလို ရုံးခန်းထဲက ကိုယ်ပိုင်စာအုပ်များနဲ့ အမှတ်တရ ပစ္စည်းများအကြောင်း စသည် စသည်ဖြင့် အားလုံးကို ပွင့်ပွင့်လင်းလင်းရှင်းပြခဲ့တယ်။

၂၀၁၆ အလွှဲအပြောင်း (၁၁ )

မတ်လ ၃၀ ရက်နေ့ မှာတော့ အစိုးရအဖွဲ့ဝင်အဟောင်းတွေက သမ္မတအိမ်တော်မှာ ကြိုရောက်နေကြတယ်။ သမ္မတဦးသိန်းစိန်လည်း ရောက်လာပါတယ်။ သမ္မတ သစ်နဲ့ ဝန်ကြီးအသစ်တွေကတော့ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုတဲ့အခမ်းအနား နဲ့ သမ္မတမိန့်ခွန်းနာခံတဲ့ အခမ်းအနားတက်ရောက်နေကြတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဦးထင်ကျော် မိန့်ခွန်းစပြောပြီဆိုတဲ့အချိန်မှာ အစိုးရဟောင်းအဖွဲ့ဝင် တွေ သံတမန်ဆောင်မှာနေရာယူတယ်။ ကျွန်တော်လည်း ပါတယ်။ ဒါပေမယ့် အရင်လို သတင်း မီဒီယာတွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲဖို့မလိုတော့ဘူး။ သတ်မှတ်ထားတဲ့ထိုင်ခုံမှာ နေရာယူ ဖို့ ပဲရှိတယ်။ ပြည်ထောင်စုလွှတ်တော်မှာအခမ်းအနားပြီးတော့ အစိုးရသစ်ဝန်ကြီးတွေ ရောက်လာတယ်။ ဒေါ် အောင်ဆန်းစုကြည်လည်း ရောက်လာတယ်။ သတ်မှတ်ထိုင်ခုံတွေမှာနေရာယူတယ်။ ဦးကျော် တင့်ဆွေ နဲ့ ဦးဝင်းထိန်တို့လည်းရောက်လာတယ်။ သူတို့က အခမ်းအနားတက်ဖို့ မဟုတ်ဘူး။ အခမ်းအနားပြီးလို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ အိမ်တော် အဆောင်တွေကို လိုက်လံ စစ်ဆေးချိန်မှာContinue reading “၂၀၁၆ အလွှဲအပြောင်း (၁၁ )”

၂၀၁၆ အလွှဲအပြောင်း (၁၀ )

သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြည် ထောင်စုအစိုးရအဖွဲ့ကလျာထားတဲ့ စီမံကိန်း ၆၈ ခုကိုလည်း နောက်အစိုးရက စဉ်းစား ဆောင် ရွက်နိုင်ဖို့ ဆိုင်းငံ့ထားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ လိုက်နာရမယ့် တာဝန်လွှဲပြောင်းခြင်းဆိုင်ရာညွှန်ကြားချက် တွေထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် အဲဒီညွှန်ကြားချက်တွေကို လက်အောက်က အပြည့်အ၀ လိုက် နာသလားလို့ ကျွန်တော့်ကိုမေးရင်တော့ အာမမခံနိုင်ဘူးလို့ပဲဖြေရမှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ၁။ ဝန်ကြီးဌာနတွေက ဆောင်ရွက်ဆဲ လုပ်ငန်းများဆိုတာကို လိုသလို အနက်ဖွင့်ကြတယ်။ အဆိုပြုတဲ့ အဆင့်ပဲရှိတဲ့ကိစ္စမျိုးကို ရပ်ထားသင့်ပေမယ့် ဆက်လုပ်ဖို့ ကြိုးစားတဲ့အတွက် အစိုးရ အဖွဲ့ရုံးက တားခဲ့ရတဲ့ဖြစ်စဉ်တွေရှိတယ်။ ဒါပေမယ့် လွတ်ထွက်သွားတာ လည်း ရှိနိုင် တယ်။ ၂။ ဝန်ကြီးဌာနလုပ်ပိုင်ခွင့်ထဲမှာ ရှိတဲ့ကိစ္စမျိုးဆိုရင် အစိုးရအဖွဲ့ကို တင်ပြဖို့မလိုတဲ့အတွက် သမ္မတ လည်းမသိနိုင်ဘူး။ တစ်ချို့ဌာနတွေက အဆောက်အဦ၊မြေContinue reading “၂၀၁၆ အလွှဲအပြောင်း (၁၀ )”

၂၀၁၆ အလွှဲအပြောင်း (၉ )

၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ လွှတ်တော်အစည်းအဝေးတွေစတင်ချိန်မှာ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီအစိုးရ ( နယက) က တာဝန်ယူဆဲ ဖြစ်ပြီး သမ္မတ သစ်နဲ့ အစိုးရအဖွဲ့ကတိသစ္စာပြုတဲ့ မတ်လ ၃၀ ရက်နေ့ကျမှ နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကို ဖျက်သိမ်းကြောင်း ဗိုလ်ချုပ် မှူးကြီးသန်းရွှေ လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ တာဖြစ်ပါတယ်။ ဒါ့ကြောင့် ပထမအကြိမ် ပြည်သူ့ လွှတ်တော် အစည်းအဝေးများကို နယက အစိုးရလက်ထက်မှာကျင်းပခဲ့ရတာဖြစ်ပါတယ်။ အဲဒီလွှတ်တော်အစည်းအဝေးတွေမှာ လွှတ်တော်ကော်မတီတွေ ဖွဲ့စည်းခြင်း၊ သမ္မတနဲ့ ဒုသမ္မတ များရွေးချယ်ခြင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများဖွဲ့စည်းခြင်း၊ ပြည်ထောင်စုအဆင့် ရာထူး တွေကို အတည်ပြုခြင်းတွေလုပ်သလို အစိုးရကို တိုက်တွန်းတဲ့အဆိုတင်သွင်းတာ၊ အစိုးရကို မေးခွန်းမေးတာတွေလည်းလုပ် တယ်။ နယကအစိုးရဝန်ကြီးလည်းဖြစ် လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်နေသူတွေContinue reading “၂၀၁၆ အလွှဲအပြောင်း (၉ )”

၂၀၁၆ အလွှဲအပြောင်း (၈)

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ အင်န်အယ်လ်ဒီ အဆိုပြုချက်အကျဉ်းချုပ်က အောက်ပါ အတိုင်းဖြစ်ပါတယ် ၁။ သမ္မတသစ်နဲ့ လက်ရှိသမ္မတ သမ္မတအိမ်တော်မှာတွေ့ဆုံခြင်း။၂။ သမ္မတနှစ်ဦး လက်ဖက်ရည်ပွဲဖြင့် ဧည့်ခံခြင်း။ သမ္မတအိမ်တော်အကြောင်းရှင်းပြခြင်း။၃။ သမ္မတနှစ်ဦး ပြည်ထောင်စုလွှတ်တော်သို့ထွက်ခွာခြင်း။၄။ သမ္မတသစ် ကတိသစ္စာပြုအခမ်းအနားပြုလုပ်ခြင်း။၅။ သမ္မတဟောင်း ပြည်ထောင်စုလွှတ်တော်မှ ပြန်လည်ထွက်ခွာခြင်း။၆။ မတ် ၃၀ ရက်နေ့ တွင် အင်န်အယ်လ်ဒီအစီအစဉ်ဖြင့် ညစာစားပွဲပြုလုပ်ခြင်း။ အင်န်အယ်လ်ဒီဘက်က အဆိုပြုချက်မှာ ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် သဘောတူ ထားတဲ့ သမ္မတနှစ်ဦး တာဝန်လွှဲပြောင်းခြင်းနဲ့ပတ်သက်တဲ့ အခမ်းအနားအစီအစဉ်မပါတော့ဘူး။ ကျွန်တော်တို့ကတော့ အခု အဆိုပြု ချက်ဟာ ကျွန်တော်တို့ဘက်က အဆိုပြုချက်ထဲမှာ သူတို့ လက်မခံနိုင် တာတွေပါနေလို့ ဆွေးနွေးပွဲတွေထုံးစံအရ ဈေးဆစ်တဲ့အနေနဲ့ အနိမ့်ဆုံး အချက်တွေကို ပြန်အဆိုပြုတာလို့သုံးသပ်လိုက်တယ်။ ဒါ့ကြောင့် အန်အယ်လ်ဒီဘက်က ဘာတွေလက်မခံနိုင်တာလဲဆိုတာသိဖို့ကြိုးစားတယ်။ တစ်ဖက်Continue reading “၂၀၁၆ အလွှဲအပြောင်း (၈)”