၂၀၁၆ အလွှဲအပြောင်း (၇)

ဦးဝင်းထိန်တို့ဘက်က နှစ်ဘက်အဖွဲ့ကြား ဆွေးနွေးမှုမစတင်ခင်မှာပဲ ဝန်ကြီးဌာန တွေ ပြန်လည်ပြင်ဆင်ဖွဲ့ စည်းရေးအတွက် ကြိုတင်လေ့လာဖို့ အမြဲတမ်း အတွင်းဝန်တွေကို I 12 ခေါ်ပြီး ဝန်ကြီးဌာနအကြောင်းမေးချင်တယ်၊ ဝန်ကြီးရုံး တွေကို သွားကြည့်ချင်တယ် လို့ အကြောင်းကြားလာပါတယ်။ ဒါပေမယ့် ဝန်ကြီးဌာနတွေအကြောင်းရှင်းပြတဲ့အခါ ဝန်ကြီး၊ ဒုဝန်ကြီးတွေပဲ သိသင့်တဲ့အချက် အလက်တွေရှိတယ်။ အခု အစိုးရသစ်ဝန်ကြီးတွေကို ရွေးချယ်ခန့်ထားခြင်းမပြုရသေးတဲ့အတွက် အခြားပုဂ္ဂိုလ်တွေကို ရှင်းပြလို့မဖြစ်နိုင်ဘူး။ နောက် တစ်ချက်က လက်ရှိတာဝန်ထမ်းဆောင်ဆဲ ဝန်ကြီးတွေရှိနေချိန်မှာ ဝန်ကြီးဌာနတွေကို သွားကြည့် မယ်ဆိုတာကလည်း အစဉ်အလာမရှိတဲ့ ကိစ္စဖြစ်နေပါတယ်။ ဒ့ါကြောင့် ကျွန်တော်တို့ဘက်က လောလောဆယ်ဆယ် လေ့လာနိုင်ဖို့ ဝန်ကြီးဌာန တစ်ခုချင်းရဲ့ဖွဲ့စည်းပုံ၊ လုပ်ငန်း တာဝန်၊ ဘတ်ဂျက် စသည်ဖြင့်လိုအပ်တဲ့ အချက်အလက်တွေ ပေးထားမယ်၊ ပြည် ထောင်စုလွှတ်တော်က ဝန်ကြီးအသစ်တွေ အတည်ပြုပြီးတဲ့အချိန်မှာContinue reading “၂၀၁၆ အလွှဲအပြောင်း (၇)”

၂၀၁၆ အလွှဲအပြောင်း (၆)

အစိုးရသစ်နှစ်ခု တာဝန်လွှဲဖို့ပြင်ဆင်တဲ့အခါ ဝန်ကြီးအသစ်/အဟောင်းဘယ်လိုတာဝန်လွှဲမ လဲ ဆိုတာကို လည်း ကျွန်တော်တို့ဘက်က ကြိုတင်လေ့လာခဲ့တယ်။ ကျွန်တော်တို့နိုင်ငံက ၁၉ ၄၈ – ၁၉ ၆၂ အထိ ဗြိတိသ ျှပုံစံကို အခြေခံတဲ့ ပါလီ်မန်ဒီမိုကရေစီစနစ်ကို ကျင့်သုံးခဲ့ပြီး ၂၀၁၁ ခုနှစ်က စပြီး အမေရိကန်ပုံစံ ကို အခြေခံတဲ့ သမ္မတ ဦးဆောင်တဲ့ အုပ်ချုပ်ရေးစနစ်ကို ကျင့်သုံး နေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့က ကိုယ့်နိုင်ငံရဲ့ အစဉ်အလာကို လေ့လာသလို ဗြိတိသ ျှ နဲ့ အမေရိကန် တာဝန်လွှဲပြောင်းမှုပုံစံနှစ်ခုကိုလည်း အဓိက ထား လေ့လာခဲ့တယ်။ ဗြိတိသ ျှ စနစ်ကတော့ ရှင်းတယ်။ ရွေးကောက်ပွဲ ပြီးတာနဲ့ အစိုးရဟောင်းရော၊ လွှတ် တော်အဟောင်းပါ အလိုလို သက်တမ်းContinue reading “၂၀၁၆ အလွှဲအပြောင်း (၆)”

၂၀၁၆ အလွှဲအပြောင်း (၅)

ဒီဇင်ဘာလ ၂၂ ပထမအကြိမ်စတင်တွေ့တဲ့အချိန်မှာတော့ နှစ်ဘက်လုံးမှာ ပြောဆိုဆွေးနွေးလို့ အဆင်ပြေပါ့မလားဆိုတဲ့ စိုးရိမ်စိတ်ရှိတယ်လို့ခံစားမိတယ်။ တွေ့တဲ့အခင်းအကျင်းကလည်း ထိုင်ခုံကြီးတွေမျက်နှာချင်းဆိုင်ချထားတော့ နွေးနွေးထွေးထွေးလည်း မရှိလှဘူး။ ( နောက် ဆွေးနွေးပွဲတွေမှာတော့ အစည်းအဝေးစားပွဲရှည်မှာမျက်နှာချင်းဆိုင်ထိုင်ဆွေးနွေးကြပါ တယ်။ ) ဒါပေမယ့် ဝန်ကြီး ဦးလှထွန်းက မိတ်ဆက်စကားပြောပြီးလို့ ဦးဝင်းထိန် ဘက်က ပြန်ပြောတဲ့ အချိန်မှာပဲ ကျွန်တော်တို့အဖွဲ့မှာ ဝန်ကြီးဦးလှထွန်းနဲ့ ညွှန်ချုပ် ဦးလှထွန်း နှစ်ယောက်ပါနေ တာဟာ ရည်ရွယ်ချက်ရှိရှိ၊ ယတြာလုပ်ထားတယ်လို့ထင်ကြောင်း၊ ဘာ့ကြောင့်လဲဆိုတော့ သူ အဖေ နာမည်ကလည်း ဦးလှထွန်းဖြစ်ကြောင်း အရွှန်းဖောက်ပြီး ပြောတဲ့အတွက် အားလုံး ရယ်မောပြီး ပေါ့ပေါ့ပါးပါးဖြစ်သွားခဲ့ပါတယ်။ ကျွန်တော်တို့ နှစ်ဖွဲ့ဟာ ဒီဇင်ဘာ ၂၂ ရက်နေ့ကနေ မတ်လ ၂၂ ရက်နေ့ ကြားမှာ ငါးကြိမ် တွေ့ ဆုံခဲ့ကြပါတယ်။Continue reading “၂၀၁၆ အလွှဲအပြောင်း (၅)”

၂၀၁၆ အလွှဲအပြောင်း (၄)

၂၀၁၅ ဒီဇင္ဘာ ၈ ရက်နေ့ ညနေ လေးနာရီခွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ I 12 ကသူ့ ရုံးခန်းမှာ တွေ့တော့ ဦးဝင်းမြင့်လည်းရှိနေတယ်။ ဒေါ်အောင်ဆန်းစု ကြည်က အစိုးရဘက်က တာဝန် လွှဲပြောင်းရေးအတွက် ပြင်ဆင်ဆောင်ရွက်နေမှုအခြေအနေများကို မေးပါ တယ်။ တာဝန်လွှဲပြောင်း ရေးအဖွဲ့အတွက် သူ့ဘက်ကတော့ ဦးဝင်းထိန်၊ ဒေါက်တာအောင်သူ နဲ့ ဒေါက်တာမျိုးအောင် တို့ ကို တာဝန်ပေး မယ်လို့ပြောတယ်။ ကျွန်တော်ကတော့ အစိုးရဘက်က ပြည်ထောင်စုဝန်ကြီး ဦးလှထွန်း၊ ကျွန်တော်၊ သမ္မတရုံး ညွှန်ချုပ် ဦးလှထွန်း၊ ဆောက်လုပ်ရေး ဒုညွှန်ချုပ် ဦးမောင်မောင်အုန်း နဲ့ သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေး တို့ ပါမယ်လို့ တင်ပြခဲ့တယ်။ အဖွဲ့နာမည်ပေးဖို့ကျတော့ နှစ်ဘက်မတူပြန်ဘူး။ သမ္မတ ဦးသိန်းစိန်က “နိုင်ငံတော်Continue reading “၂၀၁၆ အလွှဲအပြောင်း (၄)”

၂၀၁၆ အလွှဲအပြောင်း (၃)

သမ္မတ ဦးသိန်းစိန် နဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံနိုင်မယ့် ရက်သက်မှတ်နိုင်ဖို့ စဉ်းစားတဲ့ အခါ အာဆီယံထိပ်သီးအစည်းအဝေးကျင်းပမယ့်ရက်ကလည်း အကြောင်းတစ်ချက်ဖြစ် နေပါတယ်။ ဦးသိန်းစိန်က မလေးရှား နိုင်ငံမှာ ကျင်းပမယ့် အာဆီယံထိပ်သီးအစည်းအဝေးကို တက်ဖို့အတွက် နိုဝင်ဘာ ၂၀ ရက်နေ့မှာ နေပြည်တော်ကနေ ထွက်ခွာရမယ်။ ဒေါ်အောင်ဆန်းစုကြည်က တစ်ပတ် အတွင်း တွေ့ဖို့တောင်းဆိုထားတော့ သူတောင်းဆိုလို့ လုပ်ရတယ်ဆိုတဲ့ အမြင်မရှိ စေချင်ဘူးဆိုရင် အာဆီယံ အစည်းအဝေးက ပြန်လာမှပဲတွေ့ဖို့ စီစဉ်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် အာဆီယံ အစည်းအဝေးပြီးမှ တွေ့နိုင်မယ့်အကြောင်း ဒေါ်အောင်ဆန်းစုကြည်ကို အသိမပေးနိုင်ခဲ့တဲ့အတွက် အင်န် အယ်လ်ဒီဘက်ကလည်း အစိုးရက အချိန်ဆွဲနေတယ်လို့ ယူဆနေခဲ့တယ်။ အဲဒီယူဆချက် က မီဒီယာတွေရဲ့ မေးခွန်းတွေမှာထင်ဟပ်နေခဲ့ပြီး သူတို့ မေးသမ ျှ ဒိုင်ခံဖြေနေရတဲ့ ကျွန်တော့်အတွက်လည်း အတော် အကျပ်အတည်းဖြစ်ခဲ့ရတယ်။Continue reading “၂၀၁၆ အလွှဲအပြောင်း (၃)”

၂၀၁၆ အလွှဲအပြောင်း (၂)

ရွေးကောက်ပွဲညမှာ အနိုင်အရှုံးစာရင်းတွေဟာ မဲရုံကိုယ်စားလှယ်တွေဆီ က တဆင့်အရင် ထွက်လာပါတယ်။ ရွေးကောက်ပွဲ ကော် မရှင်ရဲ့ တရားဝင်စာရင်းကတော့ တိုင်းဒေသကြီး၊ ပြည်နယ်ကော်မရှင်တွေက အတည်ပြုချက်ကို ယူပြီးမှ ထုတ်ပြန်တဲ့အတွက် နည်းနည်းနောက်ကျတယ်။ ဒါပေမယ့် စာရင်းနှစ်ခုလုံးမှာ အင်န်အယ်လ်ဒီပါတီက ရှေ့က ဦး ဆောင်နေတာတော့ ထင်ထင်ရှားရှားမြင်နေရပါတယ်။ ဦးသိန်းစိန်ရဲ့ မူလ ရည်ရွယ်ချက်ကတော့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ တရားဝင်ထုတ်ပြန်ချက် အရ အင်န်အယ်လ်ဒီပါတီက အများစုအနိုင်ရပြီး အစိုးရဖွဲ့နိုင်တဲ့အခြေအနေရောက်ရင် ဒေါ်အောင်ဆန်း စုကြည်ဆီကို ဖုန်းဆက်ပြီး ဂုဏ်ပြုစကားပြောမယ်၊ ပြီး ရင် တာဝန်လွှဲပြောင်းရေးဆိုင်ရာ လုပ်ငန်းတွေကို ညှိနှိုင်းမယ်ဆိုပြီး ဆုံးဖြတ်ထားတာပါ။ ဒါပေမယ့် သူ့အစီအစဉ်အတိုင်းလုပ်လို့မရတဲ့အခြေအနေတွေဖြစ်လာတယ်။ ပထမ အခြေအနေ က ရွေးကောက်ပွဲရှုံးတဲ့ ဝန်ကြီး အချို့နဲ့ ပြည်ခိုင်ဖြိုးခေါင်းဆောင်အချို့က သူတို့အညစ်ခံရတယ်၊ ရွေးကောက်ပွဲ ရလဒ်Continue reading “၂၀၁၆ အလွှဲအပြောင်း (၂)”

၂၀၁၆ အလွှဲအပြောင်း (၁)

အခု ၂၀၂၀ ရွေးကောက်ပွဲမှာ အာဏာရ အင်န်အယ်လ်ဒီပါတီကပဲပြန် အနိုင်ရခဲ့တယ်။ သမ္မတ အဖြစ် လက်ရှိ သမ္မတ ဦးဝင်းမြင့်ပဲ တာဝန်ထမ်းဆောင်မလား၊ သမ္မတအသစ် ရွေးချယ်တာဝန် ပေးမလားဆိုတာလည်း မသိနိုင်သေးဘူး။ တကယ်လို့ သမ္မတ အသစ်ရွေးချယ်မယ်ဆိုရင် တောင် သမ္မတ နှစ်ယောက်တာဝန်လွှဲပြောင်းတဲ့အခမ်းအနားက ပါတီတစ်ခုတည်းပဲ လွှဲပြောင်းတာဖြစ်လို့ ၂၀၁၆ တာဝန်လွှဲပြောင်းခြင်းအခြေအနေ လောက် စိတ်လှုပ်ရှားစရာကောင်းမယ်မထင်ဘူး။ ၂၀၁၆ မတ်လ ၃၀ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ လက်ရှိ သမ္မတ ဦးသိန်းစိန် နဲ့ သမ္မတ သစ် ဦးထင်ကျော်အကြား တာဝန်လွှဲပြောင်းတဲ့အခမ်းအနားကတော့ မြန်မာ နိုင်ငံ ဒီမိုကရေစီ အသွင်ကူူးပြောင်းရေးကာလမှာ အရေးကြီးတဲ့အခမ်းအနား ၊ သမိုင်းဝင်အခမ်းအနား ဖြစ်ခဲ့ပါတယ်။ ဒီအခမ်းအနားမတိုင်ခင်က လွတ်လပ်ရေးရပြီးနောက် မြန်မာ့နိုင်ငံရေးသမိုင်းမှာ အာဏာရ ရွေးကောက်ခံ အစိုးရတစ်ရပ်ကContinue reading “၂၀၁၆ အလွှဲအပြောင်း (၁)”

သက်တန့်ရောင်စုံ နယူးဇီလန်

ပါတီစုံ ရွေးကောက်ပွဲစနစ်ကို ကျင့်သုံးတဲ့နိုင်ငံတွေမှာ အင်အားနည်းအုပ်စုတွေ ဖြစ် တဲ့ အမျိုးသမီးတွေ၊ လူနည်းစုတိုင်းရင်းသားတွေ၊ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေ၊ LGBTQ တွေ ဥပဒေပြုလွှတ်တော်ထဲမှာ ဘယ်လောက်ပါဝင်သလဲဆိုတာကို အလေးထားသုံးသပ်လေ့ရှိ တယ်။ ကိုယ်စားပြုမှုများပြားစုံလင်တယ်ဆိုရင် အဲဒီလွှတ်တော်ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အုပ်စု အားလုံးရဲ့အကျိုးစီးပွားကို ထည့်သွင်းစဉ်းစားပေးနိုင်တယ်လို့ ယေဘုယျ သတ်မှတ်ကြ တယ်။ ၂၀၂၀ အောက်တိုဘာလ မှာကျင်းပခဲ့တဲ့ နယူးဇီလန်နိုင်ငံရွေးကောက်ပွဲကနေပေါ်ထွက်လာတဲ့ လွှတ်တော်ကတော့ ကမ္ဘာပေါ်မှာ ကိုယ်စားပြုမှုအစုံလင်ဆုံး လွှတ်တော်တစ်ခုဖြစ်တယ်လို့ နိုဝင်ဘာ ၁၇ ရက်နေ့ CNN သတင်းမှာဖော်ပြထားတာကိုတွေ့ရပါတယ်။ ဒေသခံတိုင်းရင်းသားများ ၁၈၄၀ ပြည့်နှစ် အင်္ဂလိပ်တွေ သိမ်းပိုက်ကိုလိုနီ မပြုခင်အထိ နယူးဇီလန်နိုင်ငံလို့ဖြစ်လာမယ့် ကျွန်းတွေမှာ အခြေချနေထိုင်သူတွေက မောဝ်ရီ Māori လို့ခေါ်တဲ့ ဒေသခံတိုင်းရင်းသားတွေ ဖြစ် ပါတယ်။ ဒါပေမယ့် ၁၈၅၂ ခုနှစ်Continue reading “သက်တန့်ရောင်စုံ နယူးဇီလန်”

ရွေးကောက်ပွဲအပေါ် တပ်မတော်သဘောထား

တပ်မတော် က ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲ အသစ်ကျင်းပပေးဖို့ တောင်းဆိုချက်ဟာ တပ်မတာ်သဘောထားမပါဝင်ကြောင်းနဲ့ ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ပြောပြီးသားဖြစ်တယ်လို့ တုန့်ပြန်ပြောကြားလိုက်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲနေ့မှာ ပြည်သူ့ဆန္ဒနဲ့ အညီ ထွက်ပေါ်လာတဲ့ ရလဒ်ကို လက်ခံရမှာဖြစ်ပြီး ငြင်းပယ်လို့မရတဲ့အကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ တာဖြစ်ပါတယ်။ သတင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာဖတ်နိုင်ပါတယ်

အချိန်အဆ (၂)

နိုင်ငံရေးပါတီတစ်ခု ဒါမှမဟုတ် နိုင်ငံရေးပါတီတွေက အစိုးရကို တစ်စုံတစ်ခု တောင်းဆိုတယ်ဆိုတာက နိုင်ငံရေးတိုက်ပွဲဆင်တာပဲ။ တနည်းအားဖြင့် တောင်းပွဲ ၊ တိုက်ပွဲ ဝင်တာပဲ။ လေ့လာမှတ်သားမိတဲ့စာတွေအရတော့ အဲဒီလိုလုပ်ဆောင်တဲ့အခါ ပထမဆုံးလိုအပ်ချက်က မိမိ တောင်းဆိုတဲ့ ကိစ္စက အကြောင်းအကျိုးခိုင်လုံရမယ်။ ဒါမှလည်း လူထုက ဒီတောင်းဆိုချက်က မှန်ကန်တယ်၊ ဖြစ်သင့်တယ်၊တရားမ ျှတတယ်လို့ မြင်မယ်။ ကိုယ့်ပါတီဝင်တွေကလည်း ပါတီ နောက်ကနေ ခိုင်ခိုင်မာမာရပ်တည်ဖို့ ခွန်အားရမယ်။ ဒုတိယလိုအပ်ချက်က တောင်းဆိုချက်က လက်တွေ့လည်းကျ၊ အကောင်အထည်လည်း ဖော်နိုင်တဲ့ တောင်းဆိုချက်ဖြစ်ရမယ်။ တတိယအချက်က အဲဒီတောင်းဆိုချက်မရရင် ဘာလုပ်မှာလဲ ဆိုတာ ဆုံးဖြတ်ထားရမယ်။ ဆုံးဖြတ်ထားတဲ့အတိုင်း လုပ်နိုင်စွမ်းရှိအောင်ပြင်ဆင်ထားရမယ်။ အထက်ပါ အခြေခံလိုအပ်တွေကို အချိန်အဆမှန်မှန် မလုပ်ဘူးဆိုရင်တော့ ဆင်ဖမ်းမယ်၊ ကျားဖမ်းမယ် နဲ့ လှည့်ကြည့်လိုက်တော့ ကိုယ့်နောက်မှာ တစ်ယောက်မှ မရှိတဲ့Continue reading “အချိန်အဆ (၂)”