အခုတလော မကြာခဏ ဖတ်နေရ၊ ကြားနေရတာက “ မြန်မာပြည် ပါတီတွေကများ” ဆိုတဲ့ စကားပဲ။ အဲဒီ စကားနဲ့ ဒွန်တွဲပြီးပါလာတာက အမေရိကန် နဲ့ အင်္ဂလိပ် (ဗြိတိန်) ဆိုရင် နှစ်ပါတီ ပဲရှိတယ်ဆိုတဲ့ စကားပေါ့။ အံ့သြဖို့ကောင်းတာက အဲဒီစကားပြောတဲ့သူအများစုက ကျန်တဲ့ကိစ္စ တွေမှာ အမေရိကန် နဲ့ အင်္ဂလိပ် ဟာ မြန်မာပြည်ကို ဖျက်ဆီးမယ့် ငပွကြီးတွေဆိုပြီး ပြောလေ့ ရှိတဲ့ သူတွေဖြစ်ပေမယ့် အခု ကိစ္စမှာတော့ “အမေရိကန်တောင်မှ ဒီလို” ဆိုပြီး ကိုးကားလာတာပဲ။ ဒီလူတွေက သူတို့လုပ်ချင်တာ၊ ပြောချင်တာကို အထောက်အကူဖြစ်ဖို့အတွက်သာ အမေရိကန်၊ အင်္ဂလိပ် နိုင်ငံရေးစနစ်ကို ကိုးကားနေတာ အဲဒီနိုင်ငံတွေရဲ့ နိုင်ငံရေးစနစ်ကို အတွင်းကျကျ လေ့လာ ထားပုံလည်း မရဘူး။ တကယ်တော့Continue reading “ဒီမိုကရေစီ နဲ့ နိုင်ငံရေးပါတီ”
Category Archives: Politics
အမေရိကန် – အာဆီယံ အစည်းအဝေး ၂၀၁၆
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ သမ္မတ အိုဘားမားရဲ့ ဖိတ်ကြားချက်အရ အမေရိကန် – အာဆီယံခေါင်းဆောင်များအစည်းအဝေးကို ကျင်းပခဲ့တယ်။ အဲဒီအစည်းအဝေးကို သမ္မတ ဦးသိန်း စိန် ကိုယ်စား ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်ခဲ့တယ်။ ပြောချင်တာက အဲဒီထိပ်သီးအစည်းအဝေးအကြောင်းမဟုတ်ဘူး။ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း အစည်းအဝေးတက်တဲ့အကြောင်းပြောချင်တာ။ ဦးဉာဏ်ထွန်းက ၂၀၁၅ ခုနှစ် အထွေထွေ ရွေး ကောက်ပွဲမှာ ပဲခူးတိုင်း၊ ဇီးကုန်းမဲဆန္ဒနယ်ကနေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လူထု ထောက်ခံမဲ ၆၀.၃၈% ၊ မဲအရေအတွက် ၂၄၉ ၅၂ မဲ နဲ့ ရွေး ချယ်တင်မြှောက်ခံရတယ်။ ဦးဉာဏ်ထွန်းက ရွေး ကောက်ခံရပြီးတော့လည်း ဒုတိယသမ္မတ တာဝန်ကို ဆက်လက်ထမ်း ဆောင်ခဲ့တဲ့ အပြင် သမ္မတ ဦးသိန်းစိန်Continue reading “အမေရိကန် – အာဆီယံ အစည်းအဝေး ၂၀၁၆”
သူငယ်ချင်းနှစ်ယောက် ဆွေးနွေး ခန်း (၄)
ကျွန်တော်- ဒီမိုကရေစီ သွားမယ်လို့ပြောနေရင် သတင်းလွတ်လပ်ခွင့်တော့ရှိရမှာပေါ့။ တိုက်အိမ် လို့ပြောရင် အုတ်နံရံ၊ သွပ်မိုး ဆိုတဲ့ အင်္ဂါရပ်နဲ့တော့ ပြည့်စုံရမယ်။ ဝါး ထရံကာ ၊ ဓနိမိုးကို လက်ညှိုးထိုးပြီး တိုက်အိမ် လို့ ပြောရင်တော့ ဘယ်သူမှ လက်ခံမှာမဟုတ် ဘူး။ သူငယ်ချင်း- မင်းတို့ မီဒီယာတွေကို လွှတ်ပေးလို့ လူတွေက မီဒီယာတွေပြောသမ ျှယုံပြီး ဟိုဘက် ပါသွားတာ၊ မင်းတို့လည်း တာဝန်ရှိတယ်။ ကျွန်တော်- ဒါဆိုရင် နှစ်နှစ်ဆယ်ကျော်လောက် မီဒီယာတွေကို ထိန်းချုပ်ထားပြီး ငါတို့ပဲ ပြောချင် တာ ပြောလာခဲ့တာ လူတွေက ဘာလို့ ငါတို့ပြောတာကို မယုံတာလဲ လို့ ပြန်စဉ်းစား ကြည့်ပါလား၊ မီဒီယာတွေရေးတာတစ်ခုတည်းကြောင့်တော့ မဟုတ်လောက်ဘူး။ သူငယ်ချင်း- လူတွေက ခက်ပါတယ်ကွာ။ ဤတွင်တစ်ခန်းရပ်
သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၃)
သူငယ်ချင်း – ဒီမိုကရေစီစနစ်က ကောင်းပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေ၊ ပါ တီ တွေ အရည် အချင်းမရှိရင် တိုင်းပြည်နစ်နာတယ်ကွ။ ကျွန်တော် – ဘယ်စနစ် ဖြစ်ဖြစ် ခေါင်းဆောင်အရည်အချင်းမရှိရင် တိုင်းပြည်နာတာပဲ။ သို့သော် ဒီမိုကရေစီမှာ နိုင်ငံရေးသမားတွေ အသုံးမကျရင် လူထုက ငါးနှစ် ဒါမှမဟုတ် လေးနှစ် တစ်ကြိမ် ရွေးကောက်ပွဲက တဆင့် ဖယ်ရှား ဖို့အတွက် အခွင့်အရေးရှိ သေး တယ်။ ကျန်တဲ့စနစ်တွေကတော့ သိတဲ့အတိုင်းပဲ၊ မကြိုက်လို့ စင်ပေါ်က တွန်းချရင်တောင် တိုင်ဖက် ထားသေးတာ။ ဤတွင်တစ်ခန်းရပ်။ မှတ်ချက်။ သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း ခေါင်းစဉ်ဖြင့် စာနှစ်ပုဒ်ကို ၅ ဇူလိုင် ၂၀၂၂ နှင့် ၂၈ ဇန် ၂၀၂၃ တို့တွင် ရေးသားခဲ့ဖူးသည့်အတွက်Continue reading “သူငယ်ချင်းနှစ်ယောက် ဆွေးနွေးခန်း (၃)”
သူငယ်ချင်းနှစ်ယောက်ဆွေးနွေးခန်း
သူငယ်ချင်း – ဒီမိုကရေစီနိုင်ငံကြီးတွေမှာဆိုရင် ပါတီနည်းနည်းပဲရှိတယ်။ ငါတို့ဆီမှာ ပါတီတွေ များလွန်းတယ်။ အရည်အချင်းလည်းမရှိဘူး။ ဒါ့ကြောင့် ပါတီနည်းနည်းပဲရှိအောင် လုပ်တာကောင်းတယ်။ ကျွန်တော် – မင်းကလူ့အခွင့်အရေးတို့၊ လွတ်လပ်စွာပြောဆိုစည်းရုံးခွင့်တို့ နဲ့ပတ်သက်ရင် မြန်မာ့ ဒီမိုကရေစီက သက်တမ်းနုနုလေးရှိသေးတယ်၊ ဒီမိုကရေစီသက်တမ်းနှစ်ရာချီ နေတဲ့ နိုင်ငံတွေလို ဖြစ်ချင်လို့မရဘူးလို့ ပြောခဲ့ပြီး ပါတီကိစ္စကျမှ ဒီမိုကရေစီနိုင်ငံ ကြီးတွေ လို တဲ့လား။ ပြီးတော့ ဟိုနိုင်ငံတွေမှာ အခုလို အရည်အချင်းပြည့်ဝတဲ့ နိုင်ငံရေး ပါတီ နည်းနည်း ပဲကျန်အောင် နှစ်ပေါင်းများ စွာ ပြည်သူ့ဆန္ဒမဲ နဲ့ ဆန်ခါတင် ရွေးချယ်ခဲ့တာ၊ ဥပဒေ ပြဋ္ဌာန်းပြီး ဒီပါတီရှိစေ၊ ဟိုပါတီ ဖျက်စေလို့ လုပ်ခဲ့တာ မဟုတ်ဘူး။ သူငယ်ချင်း – ဒါတော့ ဒါပေါ့ကွာ။ ဤတွင်တစ်ခန်းရပ်။
ဥပဒေသစ်အကြောင်းတွေးမိသမ ျှ
နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက “ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ” ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ထုတ်ပြန်ပြီး အရင်တည်ရှိနေတဲ့ “ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ ( ၂၀၁၀)” ကို ဖျက်သိမ်းလိုက်တယ်။ အခု ဥပဒေသစ်မှာ နိုင်ငံရေးပါတီများဖွဲ့စည်းမှတ်ပုံတင်မယ်ဆိုရင် ပြည့်စုံရမယ့် စံနှုန်းတွေကို အတော်မြင့်မြင့်မားမား သတ်မှတ်ထားတယ်။ ဥပမာ၊ တစ်နိုင်ငံလုံးမှာ စည်းရုံးမယ့် ပါတီ ဆိုရင် ပါတီမှတ်ပုံတင်လေ ျှာက်တဲ့အခါ မြန်မာ့စီးပွားရေးဘဏ်မှာ ပါတီရန်ပုံငွေ သိန်းတစ်ထောင် စာရင်းဖွင့်ထားပြီးဖြစ်ရမယ်၊ ပါတီ မှတ်ပုံတင်ခွင့်ပြုပြီး ရက် ၉ ၀ အတွင်း ပါတီဝင် အင်အား အနည်းဆုံး တစ်သိန်း စည်းရုံး နိုင်ရမယ်၊ တစ်နိုင်ငံလုံးမှာရှိတဲ့မြို့နယ်အားလုံးရဲ့ ထက်ဝက် မှာContinue reading “ဥပဒေသစ်အကြောင်းတွေးမိသမ ျှ”
၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံ
မိတ်ဆွေတစ်ယောက်က ကျွန်တော်ရေးတဲ့ ၂၀၁၆ အလွှဲအပြောင်းနှင့် ၂၀၂၀ ရွေးကောက်ပွဲ စာအုပ် နဲ့ပတ်သက်ပြီး ကျွန်တော်က ၂၀၁၅ ရွေးကောက်ပွဲ နဲ့ ၂၀၂၀ ရွေးကောက်ပွဲ ကိုတော့ နှိုင်းယှဉ်ရေးတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အကြောင်းတော့မပါဘူး လို့ ဝေဖန် တယ်။ ဒါနဲ့ကျွန်တော်က ၂၀၁၀ ရွေးကောက်ပွဲကျင်းပခဲ့တဲ့ အခြေအနေနဲ့ ၂၀၁၅/ ၂၀၂၀ ရွေးကောက်ပွဲ ကျင်းပခဲ့တဲ့အခြေအနေတွေက အလွန်ကွာခြားတဲ့အတွက် နှိုင်းယှဉ်မရေးတာဖြစ်တယ်၊ ဘာတွေ ကွာတယ်ဆိုတာ ဆောင်းပါးရေးပြမယ်၊ စောင့်ဖတ်ပေါ့ဗျာလို့ ပြောခဲ့တယ်။ ၂၀၁၀ ရွေးကောက်ပွဲနဲ့ ၂၀၁၅၊ ၂၀၂၀ ရွေးကောက်ပွဲများ အခြေအနေ ဘာတွေကွာခြားသလဲ ဆိုတာ အကျဉ်းချုပ် ပြောပြရရင် လွတ်လပ်စွာဝေဖန်ပြောဆိုခွင့် လွတ်လပ်ပြီး တရားမ ျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်ဖို့ဆိုရင် မဲဆန္ဒရှင်တွေ၊ သတင်းမီဒီယာ တွေ ၊Continue reading “၂၀၁၀ ရွေးကောက်ပွဲ အတွေ့အကြုံ”
မှတ်မှတ်ရရ ၂၀၁၂
၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့ဟာ ပြန်ကြားရေးဝန်ကြီးဌာန အထူးသဖြင့် မြန်မာ့အသံ နှင့် ရုပ် မြင်သံကြား အတွက် အမှတ်တရဖြစ်ခဲ့တဲ့နေ့ပဲ။ အဲဒီနေ့မှာ သမ္မတ ဦးသိန်းစိန်ရဲ့ နှစ်သစ်ကူးနှုတ်ခွန်းဆက်စကားကို ရေဒီယိုက နေ ထုတ်လွှင့် ခဲ့ တယ်။ အဲဒီနှုတ်ခွန်းဆက်စကားမှာ သမ္မတ ဦးသိန်းစိန်က အခုလို ရေဒီယိုကနေ ပြည်သူများကို တိုက်ရိုက်ပြောကြားရခြင်းဟာ မြန်မာ့လူ့အဖွဲ့အစည်းမှာ ကွက်လပ်တစ်ခုဖြစ်နေတဲ့ အစိုးရနဲ့ ပြည်သူကြား တိုက်ရိုက် ဆက်ဆံရေးလမ်းကြောင်းသစ် အစပြုလိုက်ခြင်း ဖြစ်တယ်၊ အစိုးရရဲ့ မူဝါဒများကို ပြည်သူ များထံ ရေဒီယိုကနေ တင်ပြတာကို ပုံမှန်ဆောင်ရွက်သွားမယ်လို့ ကတိပေး ပြောကြား သွားခဲ့ ပါတယ်။ သူကတိပေးခဲ့တဲ့အတိုင်းပဲ အစိုးရ အဖွဲ့ရဲ့ လုပ်ဆောင်ချက်များကို ရေဒီယို ကနေ တဆင့်Continue reading “မှတ်မှတ်ရရ ၂၀၁၂”
ဒိုင်လူကြီးရဲ့ တာဝန်
လွန်ခဲ့တဲ့ နှစ်နှစ် ၁၄-၁၁-၂၀၂၀ ရက်နေ့မှာ ၂၀၂၀ ရွေးကောက်ပွဲပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများနဲ့ ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က လုပ်ဆောင်ပေးသင့်တဲ့အချက်များကို “ ဒိုင်လူကြီးရဲ့ တာဝန်” ဆိုပြီး ဆောင်းပါး ရေး ခဲ့ပါတယ်။ အဲဒီဆောင်းပါးရေးပြီးနောက်ဆုံးအခြေအနေကို ပြောရရင် ရွေးကောက်ပွဲကော်မရှင်က ရွေးကောက် ပွဲ ဥပဒေနဲ့ အညီ ရွေးကောက်ပွဲ ကန့်ကွက်လွှာတွေကို လက်ခံခဲ့တယ်။ ၃၁-၁-၂၀၂၁ အထိ အင်န်အယ်လ်ဒီပါတီရွေးချယ်ခံကိုယ်စားလှယ်များကို ကန့်ကွက်လွှာတင်သွင်း မှု ၂၆၅ မှု ရှိခဲ့တယ်။ ရွေးကောက်ပွဲခုံအဖွဲ့တွေကိုဘယ်လိုဖွဲ့စည်းမလဲဆိုတာနဲ့ပတ်သက်လို့တော့အဲဒီအချိန်ထိပြောဆို တာ မရှိသေးဘူး။၂၀၁၀၊၂၀၁၅ရွေးကောက်ပွဲများရဲ့ အစဉ်အလာအရဆိုရင်လည်း ရွေးကောက်ပွဲ ကော်မရှင် အသစ်ဖွဲ့စည်းပြီးမှ စစ်ဆေးကြားနာမှုတွေလုပ်တာဖြစ်တဲ့အတွက် မပြော သေးတာ လည်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ၁ – ၂ –Continue reading “ဒိုင်လူကြီးရဲ့ တာဝန်”
ဘရာဇီးရွေးကောက်ပွဲ နဲ့ စစ်တပ်အခန်းကဏ္ဍ
၂၀၂၂ ခုနှစ်အတွင်း နိုင်ငံတကာအသိုင်းအဝန်းက အလေးထားစောင့်ကြည့်နေတဲ့ ရွေးကောက်ပွဲ တွေ ထဲမှာ ဘရာဇီးနိုင်ငံ သမ္မတ ရွေးကောက်ပွဲလည်းပါတယ်။ ဘရာဇီးနိုင်ငံဟာ လူဦးရေ၂၁၇ သန်း ရှိပြီးတောင်အမေရိက တိုက်မှာ အကြီးဆုံးနိုင်ငံဖြစ်ပါတယ်။ စီးပွားရေးအရဆိုရင်လည်း BRIC ( ဘရာဇီး၊ ရုရှး၊ အိန္ဒိယ နဲ့ တရုတ် ) လို့ခေါ်တဲ့ စီးပွားရေးအင်အားသစ် နိုင်ငံအုပ်စု မှာပါတယ်။ ဘရားဇီးနိုင်ငံရွေးကောက်ပွဲကို အလေးထားစောင့်ကြည့်ရတဲ့အကြောင်းအရင်းတွေထဲမှာ သမ္မတ လောင်းနှစ်ဦးရဲ့ ကွဲပြားခြားနားတဲ့ နိုင်ငံရေးရပ်တည်ချက်က အဓိက ကျတယ်။ လက်ရှိသမ္မတ ဘော်လ်ဆိုနာရို ( Jair Messias Bolsonaro) က လက်ယာစွန်းအယူအဆပြင်း ထန် တဲ့ နိုင်ငံရေးသမား၊ စီးပွားရေးလုပ်ငန်းကြီးတွေနဲ့ နီးစပ်တယ်။ သူက ၁၉ ၈၈ ခုနှစ်မှာ တပ်Continue reading “ဘရာဇီးရွေးကောက်ပွဲ နဲ့ စစ်တပ်အခန်းကဏ္ဍ”