တံခါးပိတ်ချိန်

ပြီးခဲ့တဲ့ ရက်တွေမှာ စာတွေမပြတ်ရေးနေပေမယ့် တကယ်တော့ ကျွန်တော်ဟာ တံခါးပိတ် သော့ခတ် Lockdown လုပ်ခံထားရတာပါ။ သင်္ကြန်ကာလ အိမ်မှာပဲနေကြဖို့သတ်မှတ်ထား တဲ့ အချိန် ဧပြီ ၁၀ ရက်နေ့က စပြီးအိမ်မှာပဲနေတယ်။ ဧပြီ ၁၅ ကျတော့ ကျွန်တော်တို့နေတဲ့ တိုက် တစ်တိုက်လုံး အပြင်မထွက်ဖို့ တားမြစ်ခံရတယ်၊ မေ ၅ ရက် ညနေရောက်မှ Lockdown ကာလ ပြီး တယ်ဆိုတော့ တစ်လနီးပါးလောက် တံခါးပိတ်နေခဲ့ရတာပေါ့။

တံခါးပိတ်သော့ခတ်ခံရတာကတော့ ထုံးစံအတိုင်းပါပဲ။ တိုက်မှာနေတဲ့ လူနှစ်ယောက်က ရောဂါပိုး ရှိကြောင်းစစ်ဆေးတွေ့ရှိသူ အိမ်ကိုရောက်ဖူးတယ်။ ဒီတော့ သူတို့ နှစ်ယောက်ကို သီးခြား စောင့်ကြည့်ဖို့လာခေါ်သွားတယ်။ ကျွန်တော်တို့အားလုံးကတော့ တိုက်ထဲမှာပဲနေပေါ့။

ကျွန်တော်တို့ မြို့နယ်ကတော့ သံသယရှိသူကိုလာခေါ်တာ အဲဒီကာလက ဖေ့စ်ဘွတ်တွေမှာ မြင် ရသလို မီးတန်းကားတွေ၊ ဝတ်စုံမျိုးစုံနဲ့ လက်ညှိုးထိုးပြီး သြဇာပေးမယ့်သူတွေ၊ ဖုန်းကင်မရာနဲ့ မှတ်တမ်းတင်မယ့် လူအုပ်ကြီးတွေမပါပါဘူး။ လုပ်ရမယ့်အလုပ်တွေကို အေးအေးဆေးဆေးပဲ လုပ် သွားခဲ့တယ်။

ပထမဆုံး ကျန်းမာရေးက ကာယကံရှင်ကို ဖုန်းနဲ့ဆက်သွယ်တယ်။ လိုအပ်တာတွေ ကြိုပြင်ဆင် ထားဖို့ပြောတယ်၊ လူနာတင်ကားရယ်၊ တာဝန်ရှိသူတွေရယ်ရောက်လာတယ်။ သံသယရှိသူတွေ ကို ခေါ်သွားတယ်။ တာဝန်ရှိသူတွေက တိုက်စည်ပင်သာယာရေးအဖွဲ့က လူကြီးတွေကို လိုက် နာရမယ့် စည်းကမ်းတွေ နဲ့ သူတို့ဘက်က လုပ်ဆောင်ပေးမယ့် အုပ်ချုပ် ထောက်ပံ့မှုဆိုင်ရာ ကိစ္စတွေကို ရှင်းပြတယ်။ Lockdown ကို စောင့်ကြည့်မယ့် အဖွဲ့တွေနေရာယူတယ်။ ဒါ ပါပဲ။ ကျွန်တော်တို့အပါအဝင် တစ်ချို့ အခန်းတွေဆိုရင် တိုက်လူကြီးတွေက အကြောင်းကြားမှ Lockdown ဆိုတာ သိရတယ်။

Lockdown သတင်းကို ကြားတော့ ပထမဆုံးလုပ်တဲ့အလုပ်ကတော့ သံသယရှိသူနှစ်ယောက်မှာ ပိုးမတွေ့ပါစေနဲ့လို့ ဆုတောင်းမေတ္တာပို့တာပဲ။ ဒါပေမယ့် ဒီဆုတောင်းဟာ စစ်မှန်တဲ့ဆုတောင်း လို့တော့ ပြောလို့မရဘူး။ သူတို့မှာ ပိုးတွေ့ရင် ကိုယ်ပါ ၂၁ ရက် Lockdown အလုပ်ခံရမှာကို ကြောက်လို့ ဆုတောင်းတဲ့ ကိုယ်ကျိုးနဲ့ယှဉ်သော ဆုတောင်းမျိုးပါ။

ဒါပေမယ့် ဆုတောင်းမပြည့်ပါဘူး။ တစ်ယောက်မှာ ပိုးတွေ့လို့ ဆေးရုံတက်ရတယ်။ ကျန်တဲ့တစ်ယောက်ကတော့ ပိုးမတွေ့ပေမယ့် ၂၁ ရက် သီးခြားစောင့်ကြည့်ခံရတယ်။ ကျွန်တော် တို့ တိုက်လည်း ၂၁ ရက် Lockdown ဖြစ်မယ်လို့ အကြောင်းကြားတယ်။ တိုက်မှာနေတဲ့လူစာ ရင်းကောက်တယ်။

တကယ် Lockdown နဲ့ ရင်ဆိုင်ရပြီဆိုတော့ ပထမဆုံးပေါ်လာတာက အပြစ်တင်တဲ့စိတ်ပဲ ။ ဒီလူ တွေ ဘာဖြစ်လို့ အဲဒီနေရာကို သွားရတာလဲ၊ အဲဒီလူကို တွေ့ရတာလဲ။ သူ့ကြောင့် ငါတို့ အားလုံး ဒုက္ခရောက်ပြီ စသည်ဖြင့်ပေါ့။ ဒါပေမယ့် ဘယ်သူက ရောဂါကူးစက်ခံချင်မှာလဲ။ သူလည်း မသိလို့ သွားမိ တာပေါ့။ ကိုယ်က အိမ်မှာ တံခါးပိတ်သော့ခတ်ခံရတာ၊ သူကျတော့ မိသားစုနှစ်ယောက်ထဲရှိတာ၊ တစ်ယောက်က သီးသန့် ခွဲထား တဲ့နေရာမှာ။ တစ်ယောက်က ဆေးရုံမှာ၊ ဘယ်လိုနေရှာမလဲ လို့တွေးပြီး ခွင့်လွှတ်နိုင်ပါတယ်။

တိုက်က လူအများစုကလည်း ဒီလိုပဲတွေးမယ်ထင်ပါတယ်။ သံသယလူနာနှစ်ယောက်ရဲ့ ပုဂ္ဂိုလ် ရေးလွတ်လပ်ခွင့်ကိုလည်း မတိုင်ပင်ထားပဲနဲ့စောင့်ထိန်းကြပါတယ်။ တကယ်တော့ အဲဒီအထဲက က တစ်ယောက်ဆိုရင် နာမည်ပြောလိုက်ရင် လူတော်တော်များများသိတဲ့သူပါ။ ဒါပေမယ့် အဲဒီ ပုဂ္ဂိုလ် နဲ့ သူ့မိသားစုဝင် တို့ ပိုးတွေ့တာ၊ Q ဝင်ရတာ နဲ့ပတ်သက်ပြီး ဖေ့စ်ဘွတ်ပေါ်မှာ မတွေ့ ရဘူး။

အပြစ်တင်ချင်တဲ့စိတ်ပျောက်သွားတော့ စိုးရိမ်စိတ်ပေါ်လာတယ်။ ရောဂါပိုးတွေ့သူနဲ့ အတက်/ အဆင်း ဆုံခဲ့ဖူးလား၊ တိုက်အဝင်တံခါး၊ ဓာတ်လှေကား၊ ဘာတွေကိုင်မိခဲ့သလဲ။ အပြင်က ပြန်လာတိုင်း လက်ဆေးမိ ရဲ့လား၊ တိုက်ထဲမှာ ကူးစက်ခံရသူ ထပ်တွေ့ရင် ဘာဆက်ဖြစ်မလဲ။ အဲဒီ အတွေးတွေက နှစ်ပတ်လောက် ဖိစီးနေတယ်။နှစ်ပတ်မြောက်မှာ ကိုယ်ရော၊ တိုက်က သူ တွေပါ ဖျားတာ၊ ရောဂါလက္ခဏာပြတာ မရှိတော့ဘူးဆိုမှ သက်ပြင်းချနိုင်တော့တယ်။

ကိုယ့်အိမ်မှာကိုယ် Lockdown လုပ်ခံရတာဆိုတော့ နေမှု၊ စားမှုကတော့ အခက်အခဲမရှိဘူး။ သင်္ကြန်မတိုင်ခင်ထဲက နှစ်ပတ်စာကြိုဝယ်ထားတာရှိတယ်။ အိမ်အရောက်ပို့ပေးတဲ့ ဝန်ဆောင် မှု တွေရှိတယ်။ အိမ်နဲ့မနီးမဝေး ဝယ်နေကျဈေးက ဟင်းသီးဟင်းရွက်သည်က ဧပြီ ၁၀ Home Stay ကာလမစခင်ထဲက ဖောက်သည်တွေကို သူ့ဖုန်းနံပါတ်ပေးထားတယ်။ လိုရင်ဖုန်းဆက်မှာ၊ ဆိုက်ကားနဲ့ ပို့ ပေးမယ်၊ ပို့ဆောင်ခမယူဘူးလို့ပြောထားတယ်။ တိုက်မှာ သူ့ဖောက်သည် လေးငါး ယောက်ရှိ တော့ ဟင်းသီးဟင်းရွက်အပြင် သူ့ဆိုင်မှာ မရှိတဲ့ အသား၊ ငါး ၊ ကြက်ဥ တွေ လည်း မှာရင် ဝယ်ပို့ပေးတယ်။ Lockdown ပြီးတော့လည်း ဒီဝန်ဆောင်မှုကို ဆက် ပေး မယ်တဲ့။ ကိုဗစ် အလွန်ကာလမှာ အရောင်းအဝယ်ပုံစံတွေ ပြောင်းလဲသွားတော့မယ့် လက္ခဏာ ပဲ။

လူ အပြင်မထွက်ရတော့ အင်တာနက်ပေါ်ကနေ ခရီးထွက်တယ်။ ဒါပေမယ့် ဘယ်နေရာ ကြည့် ကြည့် ရောဂါ ကပ်ဘေးသတင်းတွေ၊ ကြာတော့လည်း ကူးစက်ခံရသူ၊ သေဆုံးသူ စာရင်း တွေကို ဘောလုံးပွဲရလဒ်လို စောင့်ကြည့်ရတာ ငြီးငွေ့လာတယ်။ ဒါ့ကြောင့် သတင်းတွေထဲက စိတ်အားတက်ကြွစရာအဖြစ်အပျက်လေးတွေကို ရှာဖွေပြီးရေးတယ်။

အပြင်မထွက်ရဘူးဆိုတော့ အတိတ်က သွားခဲ့၊လာခဲ့ ၊ စားခဲ့တာတွေပြန်တွေးတယ်။ အရမ်းသွား ချင်တယ်။ ဒါပေမယ့် နည်းနည်းကြာလာတော့ ဒါတွေ မရှိဘဲနဲ့လဲ နေလို့ရတာပဲ ဆိုတာမြင် လာ တယ်။ စာအုပ်စင်ကို ရှင်းတယ်။ အညွှန်းကောင်းလို့ ဝယ်ထားပြီး မဖတ်ဖြစ်တဲ့စာအုပ်တွေ နဲ့ အကြိမ်ကြိမ်ဖတ်ဖြစ်တဲ့စာအုပ်တွေ၊ မဖြစ်မနေ ဖတ်ကို ဖတ်ရမယ့်စာအုပ်တွေကို ခွဲခြား လိုက်တယ်။ အီလက်ထရောနစ်ပစ္စည်းတွေထည့်ထားတဲ့ပုံးထဲမှာလည်း ဒီလိုပဲ။ လက်ရှိသုံးနေ တာနဲ့ ထူးဆန်းလို့၊ လှလို့၊ ဝယ်ထားတာတွေ ခွဲလိုက်တယ်။ မလိုတာတွေအားလုံး လိုတဲ့သူတွေ ကို ပေးဖို့ စီစဉ်တယ်။

အားလုံးပြီးသွားတော့ ဘဝမှာ လိုအပ် လို့ မဖြစ်မနေလုပ်ရတဲ့ ကိစ္စ ( Need ) နဲ့ အလိုဆန္ဒတွေကြောင့် လုပ်မိ တဲ့ ကိစ္စ ( Want) တွေကို ခွဲခွဲခြားခြားမြင်လာတယ်။ အပိုတွေ နဲ့ ဝန်ပိနေတဲ့ ကိုယ့်ကိုကိုယ် သနားမိတယ်။

အင်္ဂလိပ်လူမျိုးစာရေးဆရာ Jerome K. Jerome ( ၁၈၅၉ – ၁၉ ၂၇) ကတော့
“ ဘဝလှေကို ပေါ့ပေါ့ပါးပါးထား၊ လိုအပ်တာပဲယူ၊ နွေးထွေးတဲ့အိမ်၊ ရိုးစင်းတဲ့ပျော်ရွှင်မှု၊ မိတ်ဆွေ ကောင်းတစ်ယောက်၊ နှစ်ယောက်၊ ချစ်သူတစ်ယောက်၊ ကြောင်တစ်ကောင်၊ ခွေးတစ်ကောင်၊ ဆေးတံတစ်ချောင်း၊ နှစ်ချောင်း ဆိုရင် နေပျော်ပြီ ”လို့ ဆိုဖူးတယ်။

ဗုဒ္ဓကတော့ မေတ္တသုတ်မှာ ဉာဏ်ပညာနဲ့ယှဉ်တဲ့ အကျိုးစီးပွားရဖို့ဆိုရင် နည်းသော အမှုကိစ္စ ( အပ္ဗကိစ္စောစ ) ရှိရမယ်၊ ပေါ့ပါးသော နေထိုင်မှု ( သလဟုကဝုတ္တိ ) ရှိရမယ်လို့ဟောကြားခဲ့ တယ်။

လူသားတွေသာ အသက်ရှင်သန်ရေးအတွက် မလုပ်မဖြစ် လုပ်ရမယ့်အလုပ်တွေကိုပဲ လုပ်မယ် ၊ အပိုအလုပ်တွေလေ ျှာ့လိုက်မယ်ဆိုရင် ကမ္ဘာကြီးဟာ အတော်နေထိုင်လို့ကောင်းတဲ့နေရာ ဖြစ် မှာပဲ။ လူတွေဟာ သူတို့ရဲ့ အပိုအလုပ်တွေနဲ့ ကမ္ဘာကြီးကို ဝန်ပိစေခဲ့တာ ကြာခဲ့ ပြီ ။ အခု ကိုဗစ် ကပ်ဘေးကြောင့် အလုပ်ပိုတွေမလုပ်နိုင်တဲ့အခါ ကမ္ဘာကြီး ပြန်ကျန်းမာလာခဲ့တာမျက်မြင် ကိုယ် တွေ့ပဲ။

လူကို သော့ခတ်တံခါးပိတ်ထားချိန်မှာ၊ စိတ်တံခါးတွေပွင့်သွားခဲ့တယ်။ သော့ခတ်တံခါးပိတ် ချိန် ပြီးဆုံးသွားပေမယ့် အပိုတွေကို ဖယ်ထုတ်ပစ်ဖို့ကိစ္စတွေမပြီးသေးဘူး။ ဒါပေမယ့် တစ်ချို့ ကိစ္စတွေက စာအုပ်စင် ရှင်းသလောက်မလွယ်လှဘူး။

သမင်လည်ပြန်

·

မေလ ၃ ရက်နေ့ကို ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်နေ့ ( World Press Freedom Day) အဖြစ် သတ်မှတ်ကျင်းပခဲ့တာ ၁၉ ၉ ၃ ခုနှစ် က ဆိုတော့ ဒီနှစ်ဆိုရင် ၂၆ ကြိမ်မြောက်ပေါ့။ ဒါပေမယ့် မြန် မာနိုင်ငံမှာတော့ ၂၀၁၂ ခုနှစ်မှ စပြီးကျင်းပနိုင်တဲ့အတွက် ၈ ကြိမ်မြောက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ နဲ့ ဆက်စပ်အခမ်းအနားတွေကို လွတ်လွတ် လပ်လပ်ကျင်းပနိုင်တာဟာ မြန်မာ့မီဒီယာလောကရဲ့ သိသာထင်ရှားတဲ့အပြောင်းအလဲတွေထဲက တစ်ခုပါပဲ။ အဲဒါကြောင့် ဒီအခမ်းအနားကို ၂၀၁၂ ခုနှစ်မှ စတင်ကျင်းပနိုင်တဲ့ အဆင့်ထိရောက် အောင်ဖြစ်လာခဲ့တဲ့အခြေအနေတွေကို ပြန်ပြောရင် ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မီဒီယာပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ် တစ်စိတ်တစ်ဒေသကို နားလည်နိုင်ကြပါလိမ့်မယ်။

ပြုပြင်ပြောင်းလဲရေး

မြန်မာ့အရေးလေ့လာသူအတော်များများနဲ့ သတင်းမီဒီယာသမားတွေက မြန်မာ့မီဒီယာပြုပြင် ပြောင်းလဲရေးတွေဟာ ၂၀၁၁ ခုနှစ် ဦးသိန်းစိန် သမ္မတ တာဝန်ယူပြီးနောက်ပိုင်း ဆောင်ရွက်ခဲ့ တဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေရဲ့ ရလဒ်လို့ ယူဆကြတယ်။ တကယ်တော့ ဦးသိန်းစိန် ရဲ့ ပြု ပြင်ပြောင်းလဲရေးအစီအစဉ်တွေဟာ မီဒီယာပွင့်လင်းမှုတွေကို ပိုပြီး မြန်ဆန်သွားစေတာမှန် ပေမယ့် မီဒီယာပြုပြင်ပြောင်းလဲရေးရဲ့ မူလအစတော့မဟုတ်ခဲ့ဘူး။

တပ်မတော်အစိုးရခေတ် ပြန်ကြားရေးဝန်ကြီးတွေထဲမှာ ဦးကျော်ဆန်းဟာ လူသိအများဆုံးနဲ့ မီဒီယာသမားအများစုရဲ့ အမုန်းခံရဆုံးဖြစ်မယ်ထင်တယ်။ ဒါ့ကြောင့်၂၀၁၁ ခုနှစ်နောက်ပိုင်းမှာ မြင် ရမယ့်အပြောင်းအလဲတွေကို ဦးကျော်ဆန်းက ၂၀၀၆ ခုနှစ် ထဲက စတင်ခဲ့တယ် ဆိုရင် အံ့သြ ကြ လိမ့်မယ်၊ ယုံချင်မှလည်းယုံကြလိမ့်မယ်။

ဦးကျော်ဆန်းဟာ အစိုးရအဖွဲ့ဝင်ဖြစ်တဲ့အတွက် တပ်မတော်အစိုးရရဲ့ ပြန်ကြားရေးမူဝါဒတွေကို တိ တိကျကျ အကောင်အထည်ဖော်တယ်။ ဒါ့ကြောင့်လည်း ခေါင်းမာဂိုဏ်းသားအဖြစ် တံဆိပ်ကပ်ခံရ တယ်၊ လူမုန်းခံရတယ်။ ဒါပေမယ့် အဲဒါကြောင့်ပဲ သူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအဝင် လူကြီးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ရခဲ့ပြီး ပြုပြင်ပြောင်းလဲရေးအတွက် ကြိုတင်ပြင်ဆင်နိုင်ခဲ့ တယ် ။

ကျွန်တော် ပြန်ကြားရေးကို ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရတာ ၂၀၀၅ ခုနှစ် မေလ။ ဝန်ကြီး ရုံး ခန်းမှာ ပထမဆုံးသတင်းပို့တဲ့အချိန်မှာ ဦးကျော်ဆန်းက “ အခု ဖွဲ့စည်းပုံအခြေခံဥပဒေသစ် အတွက်ပြင်ဆင်နေတယ်၊ အခြေခံဥပဒေပေါ်လာရင် စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာ နိုင်ငံသား အခွင့်အရေးဖြစ်သွားပြီ။ မဖြစ်မနေပေးရမယ်။ အဲဒါကြောင့် ငါတို့ မူဝါဒတွေ ပြောင်းဖို့ရှိတယ်။ နိုင်ငံ တကာအခြေအနေတွေကို လေ့လာနိုင်ဖို့ ပြင်ဆင်နေတယ်။” လို့ပြောခဲ့တယ်။

အဲဒီအချိန်က ဦးကျော်ဆန်းရဲ့ အစီအစဉ်က အခုလိုဖြစ်ပါတယ်-

၁။ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ဆက်သွယ်ပြီး မီဒီယာပြုပြင်ပြောင်းလဲရေး အတွက် ကြိုတင် လေ့လာမှုတွေလုပ်မယ်။
၂။ စာပေစိစစ်ရေးမူဝါဒတွေကို ဖြေးဖြေးချင်းလေ ျှာ့သွားမယ်။
၃။ နိုင်ငံတကာသတင်းဌာနတွေကိုလည်း အခြေအနေပေးတိုင်း လူကြီးတွေကို တင်ပြပြီး မြန်မာ နိုင်ငံထဲမှာ သတင်းယူခွင့်ပြုမယ်။ လူကြီးတွေအနေနဲ့ နိုင်ငံတကာသတင်းမီဒီယာကို သတင်းယူ ခွင့် ပြုတာဟာ အကျိုးရှိတယ်ဆိုတာလက်ခံအောင် ကြိုးစားမယ်။

ဒါပေမယ့် အဲဒီအစီအစဉ်တွေကို အကောင်အထည်ဖော်ရတာက မလွယ်ဘူး၊ ဖြောင့်ဖြောင့်တန်း တန်းမဟုတ်ဘူး။ အထူး သဖြင့် စာပေစိစစ်ရေးမူဝါဒရယ် ၊ နိုင်ငံတကာသတင်းဌာနတွေနဲ့ ဆက် ဆံရေးရယ်က ထိပ်ပိုင်းက လူကြီးတွေရဲ့ မိုးလေဝသကို ကြည့်ပြီး လုပ်နေရတယ်။ တစ်ခါတစ်လေ မမေ ျှာ်လင့်တဲ့ဖြစ်ရပ်တွေကြောင့် တုန့်ဆိုင်းသွားရတာရှိတယ် ။ တစ်ခါတစ်ခါကျတော့လည်း ဝန်ကြီးအချင်းချင်း အချွန်နဲ့မ တာခံရလို့ အစီအစဉ်တွေရပ်သွားတာ၊ နောက်ပြန်ရွေ့သွားတာ လည်း ရှိတယ်။

ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အားနည်းချက်တွေကို အများဆုံးထောက်ပြလေ့ရှိတာကတော့ ဦးအောင် သောင်းနဲ့ ဦးခင်အောင်မြင့်ပဲ။ ( ဦး) စောေ၀ ရဲ့ ကဗျာကိစ္စ၊ မြန်မာတိုင်းမ် ကြော်ငြာကိစ္စ တို့လိုမျိုး တွေမှာ စာပေစိစစ်ရေး ညံ့တယ်၊ ဦးကျော်ဆန်း မီဒီယာတွေကို မထိန်းနိုင်ဘူး စသည်ဖြင့် အပြောခံရတယ်။ တစ်ခါကတော့ ဦးခင်အောင်မြင့်က ဂျာနယ်တစ်စောင်မှာ အစိုးရကို သွယ်ဝိုက်ေ၀ ဖန်ထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို ပြပြီး ဒီလိုဂျာနယ်ကို ဘယ်သူက ခွင့်ပြုလဲဆိုပြီး ဦးရွှေမန်း ဦးစီး ကျင်းပတဲ့ နေ့စဉ်နိုင်ငံရေးအစည်းအဝေးမှာ ပြောတယ်။ အဲဒီနေ့က ဦးကျော်ဆန်းနေပြည်တော် မှာ မရှိလို့ ကျွန်တော်က ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားတက်ရတော့ ဦးရွှေမန်းက ပြန်စစ်ပြီး တင်ပါလို့ ညွှန်ကြားတယ်။ တကယ်ပြန်စစ်လိုက်တော့ အဲဒီဂျာနယ်က ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ခံ ဦးစီးဌာနတစ်ခုရဲ့ ထုတ်ဝေခွင့်ကို ငှားပြီး ထုတ်နေတာဖြစ်နေတယ်။ အဲဒီလို ကိစ္စ တွေက မကြာမကြာဖြစ်လေ့ရှိတယ်။

တစ်ခါမှာကျတော့ကော်ဖီမစ် ကြော်ငြာတစ်ခုဟာ ပြောင်းပြန်ဖတ်လိုက်ရင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့ကို ညွှန်းတာဖြစ်နေတယ်ဆိုပြီး ဦးကျော်ဆန်းကို ကျပ်လွှတ်လိုက်တယ်။ အဲဒီ အချိန်က စောဝေရဲ့ ကဗျာကိစ္စကလည်း ဖြစ်ပြီးချိန်ဆိုတော့ ဦးကျော်ဆန်း ရှုးရှုးရှားရှားနဲ့ ပြန် ရောက်လာတယ်။ ရန်ကုန်စာပေစိစစ်က ဦးတင့်ဆွေတို့ရော၊ နေပြည်တော်က ကျွန်တော်တို့ရော အဲဒီကြော်ငြာကို နေရောင်ထဲ ထောင်ကြည့်၊ မှန်ထောင်ကြည့် အလုပ်ရှုပ်တော့တာပေါ့။ တကယ် တာ့ ဘာမှမဟုတ်ပါဘူး။

အဲဒီဒဏ်တွေကို အများဆုံးခံရတာကတော့ ဦးတင့်ဆွေပေါ့။ အပေါ်က အခြေအနေကို မူတည်ပြီး ဦး ကျော်ဆန်းက စာပေစိစစ်ရေးမူဝါဒတွေကို အတိုးအလျှော့လုပ်ရတာကို မသိတဲ့ သတင်း သမား တွေကတော့ စာပေစိစစ်က ဂဏန်းမငြိမ်ဘူး၊အပြောင်းအလဲမြန်တယ်၊ လိုတစ်မျိုး မလိုတစ်မျိုးဆို ဦးတင့်ဆွေကို အပြစ်တင်ကြတယ်။

နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု

အနာဂတ်မီဒီယာအခြေအနေကို ဒီမိုကရေစီစနစ်နဲ့ ကိုက်ညီအောင်ပြင်မယ်ဆိုရင် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေ အထူးသဖြင့် အနောက်နိုင်ငံတွေမှာ အခြေပြုထားတဲ့ မီဒီယာအဖွဲ့အစည်း တွေ၊ ယူနက်စကိုလို အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ဒါပေမယ့် အနောက် အုပ်စုနိုင်ငံတွေနဲ့ မြန်မာဆက်ဆံရးအခြေအနေကြောင့် ဒီကိစ္စကို အကောင်အထည်ဖော်ဖို့ အခက်တွေ့နေတယ်။

အဲဒီအချိန်မှာ စွန့်စားပြီး ကူညီတဲ့ ပထမဆုံး နိုင်ငံတကာအဖွဲ့အစည်းက ဂျာမနီနိုင်ငံအခြေစိုက် Friedrich-Ebert-Stiftung , FES လို့ခေါ်တဲ့ Friedrich Ebert ဖောင်ဒေးရှင်းပဲ။ FES က ၂၀၀၈ ခုနှစ်ထဲမှာ ပြန်ကြား ရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တစ်ဖွဲ့ကို စင်္ကာပူ အခြေစိုက် Asia Media Information and Communication Centre, AMIC နဲ့ မလေးရှားအခြေစိုက် Asia-Pacific Institute for Broadcasting Development, AIBD တွေမှာ နှစ်ပတ်ကြာ ဆွေးနွေးပွဲတွေလုပ်ပေး တယ်။ အဲဒီဆွေးနွေးပွဲတွေမှာ နိုင်ငံတကာမီဒီယာပညာရှင်တွေက မီဒီယာဥပဒေ၊ အများပြည်သူ ဝန် ဆောင်မှုမီဒီယာ၊ မီဒီယာနဲ့ ဒီမိုကရေစီ စတဲ့ ဘာသာရပ်တွေကို ဆွေးနွေးတယ်။ မြန်မာနိုင်ငံ အနေနဲ့ဆောင်ရွက်သင့်တဲ့ ပြုပြင်ပြောင်းလဲရေးအစီအစဉ်ကို သုံးသပ်တယ်။

အဲဒီဆွေးနွေးပွဲတွေရဲ့ ရလဒ်အရ ၂၀၀၉ ခုနှစ်ထဲရောက်တော့ ဦကျော်ဆန်းက အနာဂတ် မီဒီယာ ပြုပြင်ပြောင်းလဲရေး အတွက်

၁။ မီဒီယာဥပဒေသစ်တွေ ( ပုံနှိပ်/မှတ်ပုံတင်ဥပဒေ၊ စာနယ်ဇင်းဥပဒေ၊ ရုပ်သံဥပဒေ၊ ရုပ်ရှင်ဥပဒေ၊ အများပြည်သူဝန်ဆောင်မှု မီဒီယာဥပဒေ) ဆွဲဖို့။

၂။ စာနယ်ဇင်းဥပဒေပြီးရင် စာပေစိစစ်ဖျက်သိမ်းဖို့။

၃။ အစိုးရရုပ်သံနဲ့ သတင်းစာတွေကို အများပြည်သူဝန်ဆောင်မှုမီဒီယာအဖြစ် ပြောင်းဖို့။

၄။ နိုင်ငံတကာအဖွဲ့အစည်းတွေကို ပြည်တွင်းမှာ မီဒီယာသင်တန်းတွေပို့ချခွင့်ပြုဖို့

ဆိုပြီးသတ်မှတ်ခဲ့တယ်။ ကျွန်တော်သိသလောက် အဲဒီ အစီအစဉ်ကို အကြီးအကဲတွေကိုလည်း ဦးကျော်ဆန်းရှင်းပြအတည်ပြုချက်ယူခဲ့တယ်။ ဒါ့ကြောင့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာထဲကို ဌာန အသီးသီးက ဥပဒေသစ်တွေအတွက်လေ့လာမှုတွေစလုပ်နေခဲ့ပြီ။ စာပေစိစစ်မူဝါဒတွေကို လေ ျှာ့ပေးတာတွေ လုပ်နေပြီ။

၂၀၁၁ အပြောင်းအလဲ

၂၀၁၁ သမ္မတ ဦးသိန်းစိန်တာဝန်ယူပြီးချိန်မှာလည်း အစိုးရအဖွဲ့သစ်နဲ့ လွှတ်တော်ဥက္ကဌ နှစ်ဦး ကို ဦးကျော်ဆန်းက မီဒီယာပြုပြင်ပြောင်းလဲရေးအစီအစဉ်တွေ တရားဝင်ရှင်းလင်းတင်ပြခဲ့တယ်။ အဲဒီ တင်ပြတဲ့အချိန်မှာ ဦးတင့်ဆွေလည်း လိုက်ပါသွားခဲ့ရတယ်။ အကြီးအကဲတွေကလည်း ဦးကျော် ဆန်းရဲ့ အစီအစဉ်ကို လက်ခံခဲ့တယ်။

သမ္မတဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ စတင်ချိန်မှာ နိုင်ငံတကာထောက်ခံမှုတွေ ရလာတဲ့အတွက် မီဒီယာပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာအကူအညီတွေလည်း ပိုရလာခဲ့ တယ်။ အဲဒီအချိန်မှာ ဦးကျော်ဆန်းက မြန်မာနိုင်ငံမှာ မီဒီယာပြုပြင်ပြောင်းလဲရေးကို သက်သေပြ ဖို့နဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်ဖို့အတွက် နိုင်ငံတကာ အ စည်းအဝေးနှစ်ခုကို လုပ်ခဲ့ တယ်။

ပထမတစ်ခုကတော့ မြန်မာ့မီဒီယာဖွံ့ဖြိုးတိုးတက်မှု နိုင်ငံတကာညီလာခံဖြစ်ပြီးနောက်တစ်ခုက ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့ အခမ်းအနား ဖြစ်ပါတယ်။ အခုတော့ အဲဒီ အခမ်းအနားနှစ်ခုက နှစ်စဉ်ပုံမှန်ကျင်းပတဲ့အခမ်းအနားတွေဖြစ်နေပြီး အစိုးရ၊ပြည်တွင်းမီဒီယာသမားများနဲ့ နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းတွေကြား ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖလှယ်နိုင်တဲ့ နေရာတွေဖြစ်နေပါပြီ။

ဦးကျော်ဆန်း

ဒီနေရာမှာ ဦးကျော်ဆန်းဟာ မီဒီယာပြုပြင်ပြောင်းလဲရေးကို စတင်ခဲ့သူဆိုရင် သမ္မတ ဦးသိန်းစိန် က ဘာ့ကြောင့် ဦးကျော်ဆန်းကို သမဝါယမဝန်ကြီးဌာနကို ရွှေ့လိုက်တာလဲလို့မေးစရာရှိပါတယ်။

အဓိကကတော့ မီဒီယာပြုပြင်ပြောင်းလဲရေးအပေါ် ရှုမြင်ပုံကွဲလွဲတာကြောင့်ပါပဲ-

၁။ သမ္မတနဲ့ ဝန်ကြီးတစ်ချို့က မီဒီယာပြုပြင်ပြောင်းလဲရေးကို နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ရဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်တယ်။ မြန်မြန်ပြောင်းလဲပြချင်တယ်။

၂။ ဦးကျော်ဆန်းက မီဒီယာပြုပြင်ပြောင်းလဲရေးကို ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းအဖြစ်ပဲ ဆက်လုပ်ချင်တယ်။ အဆင့်ဆင့်ပြောင်းချင်တယ်။

ဥပမာ၊ စာပေစိစစ်ဖျက်သိမ်းရေးကိစ္စမှာ သမ္မတရုံးဘက်က မြန်မြန်ဖျက်ချင်တယ်။ ဦးကျော်ဆန်းက စာနယ်ဇင်းဥပဒေ ( သတင်းမီဒီယာဥပဒေ)ရေးဆွဲနေချိန်မှာ ထုတ်တင် စနစ်ကနေ တင်ထုတ်စနစ် ပြောင်းတာကို အဆင့်ဆင့်လုပ်မယ်၊ ဥပဒေအတည်ဖြစ်မှ စာပေစိစစ် လုံးဝဖျက်သိမ်းတာကို လုပ်ချင်တယ်။

အဲဒီလို သဘောထားကွဲလွဲမှုတွေရဲ့ နောက်ဆုံးရလဒ်ကတော့ ဦးအောင်ကြည်နဲ့ ဦးကျော်ဆန်းကို အစားထိုးခဲ့တာဖြစ်ပါတယ်။

မဆုံးတဲ့ခရီး

ပြီးခဲ့တဲ့ ၇ နှစ်အတွင်း တံတားအောက်မှာ မြစ်ရေတွေအများကြီး စီးဆင်းသွားခဲ့ပါပြီ။ မြန်မာ့ မီဒီယာ ပြုပြင်ပြောင်းလဲရေးဟာလည်း လီဗာနင်းတဲ့အချိန်ရော၊ ဘရိတ်ဆောင့်နင်းတဲ့ အချိန်တွေ ရောကြုံခဲ့ရပြီ။ ဆက်သွားနေသလား၊ ရပ်နေသလား ဆိုတာတောင် မသေချာဘူး။ မီဒီယာ ပြုပြင်ပြောင်းလဲရေးဆိုတဲ့ စကားလုံးတောင် ကြားရတာ နည်းသွားပြီ။ ဒါပေမယ့် ပြဿနာတွေ ဘယ်လောက်ရှိရှိ ဒီခရီးက ရပ်လို့မရတာတော့ သေချာပါတယ်။

မှတ်ချက်။ ၂၀၁၉ ခုနှစ် မေ လ ၃ ရက်နေ့ Facebookမှာ ရေးခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။

ကိုဗစ်ကို အောင်နိုင်ခြင်း

အသက် ၇၄ နှစ်၊ သွေးတိုးရောဂါ အခံလည်းရှိတဲ့ ကိုဗစ် ၁၉ ဝေဒနာရှင်တစ်ယောက် ပြန်နလံ ထူ ဖို့အတော်ခက်ပါတယ်။ အထူးကြပ်မတ်ကုသဆောင်ထဲမှာ ကုသခံရပြီး အသက်ရှုစက်အကူအညီ နဲ့နေရတယ်ဆိုရင် ပိုဆိုးတာပေါ့။

ဒါပေမယ့် Manuel Bulauitan ကတော့ ကိုဗစ် ၁၉ နဲ့ တစ်လခွဲလောက်တိုက်ပွဲဝင်ပြီး အောင်ပွဲခံ ခဲ့တယ်။ Manuel Bulauitan ကိုယ်တိုင်က ခွဲစိတ်ဆရာဝန်ဖြစ်ပါတယ်။ သူ့သားသုံးယောက် လုံးကလည်း ဆရာဝန်တွေ၊ သားအကြီးဆုံးက အမေရိ ကန်တပ်မတော်အရန်တပ်ဖွဲ့ဝင် ဆရာဝန်။ အငယ်နှစ်ယောက်က အရပ်ဘက် ဆရာဝန်တွေ၊

Manuel Bulauitan က အသက် ၇၄ နှစ် ဖြစ်ပေမယ့် အလုပ်လုပ်နေဆဲပဲ။ လွန်ခဲ့တဲ့ အနှစ်လေး ဆယ်လုံး ဖိလစ်ပိုင်နိုင်ငံမှာ စေတနာ့ဝန်ထမ်းဆေးကုပေးခဲ့တယ်။ အမေရိကန်နိုင်ငံ နယူး ယောက် မြို့က ဆေးရုံ နဲ့ သက် ကြီးရွယ်အို စောင့်ရှောင့်ရေးဂေဟာတွေမှာ ကျန်းမာရေး စောင့်ရှောက် မှုပေးတယ်။ ကိုဗစ် ၁၉ ကိုလည်း အဲဒီနေရာတွေမှာ အလုပ်လုပ်ရင်း ကူးစက် ခံခဲ့ရတယ်လို့ ယူဆ ရတယ်။

Manuel Bulauitan ရောဂါ ကူးစက်ကြောင်း သိတော့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်မှာ အလုပ် လုပ်နေတဲ့ သားနှစ်ယောက်နယူးယောက်ကိုလိုက်လာတယ်။ သူ့ကို သားအကြီးဆုံး အလုပ် လုပ် နေတဲ့ နယူးဂျာဆီပြည်နယ်က ဆေးရုံမှာ ကုသမှုပေးတယ်။ သားတွေက “အဖေဟာ ကျွန်တော်တို့ စံပြ ပုဂ္ဂိုလ်၊ အဖေ့ခြေရာနင်းနိုင်ဖို့ ဆရာဝန်ဖြစ်အောင်ကြိုးစားခဲ့တယ်၊ ကျွန်တော်တို့ကို တစ်သက်လုံး စောင့်ရှောက်ခဲ့တဲ့ အဖေ့ အသက်ကို ကယ်ပြီး ကျေးဇူးဆပ်နိုင်ဖို့ ကျွန်တော် တို့ကြိုးစား ခဲ့တယ်“ လို့ ပြောပြတယ်။

Manuel Bulauitan ဟာ အသက်ရှုစက်အကူအညီနဲ့ ၁၅ ရက်နေခဲ့ရတယ်။ နောက် တစ် ဖြေး ဖြေးပြန်နလံထူလာခဲ့တယ်။ သူက အခြေအနေအရမ်းဆိုးနေတဲ့အချိန်မှာ သားကြီးက လက်ကိုကိုင် ပြီး အဖေ့ကို ကျွန်တော်တို့ ရအောင်ကုမယ်လို့ပြောနေတာတွေကိုပဲ မှတ်မိတယ် လို့ ပြောပြတယ်။

အထူးကြပ်မတ်ကုသဆောင်ကနေ ပြန်ထွက်လာတော့ Manuel Bulauitan ဟာ ချည့်သွားတယ်။ လမ်းလေ ျှာက်ဖို့နေသာသာ လက်တွေ၊ ခြေတွေတောင် မမြှောက်နိုင်တော့ဘူး။ ဆရာဝန်တွေက ခြေလှမ်း လေးလှမ်းပြည့် အောင် လေ ျှာက်နိုင်တဲ့နေ့မှာ အိမ်ပြန်ရမယ်လို့ပြောတော့ အားတင်းပြီး လေ့ကျင့်တယ်။ ငါး ရက်မြောက်နေ့မှာ လမ်းလေ ျှာက်နိုင်လို့ ဆေးရုံက ဆင်းပေးလိုက်တယ်။

သူ့ဇနီးလည်း ကိုဗစ် ၁၉ ကူးစက်ခံရတယ်။ သူ့လောက်အခြေအနေမဆိုးဘူး။ သားတွေရဲ့ ပြုစု မှု နဲ့ အခုတော့ သက်သာနေပြီ။

Manuel Bulauitan က သားဆရာဝန်တွေရှိတာ ကံကောင်းတာပဲလို့ ပြောတယ်။ ကုသပေးခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ကြောင်းပြောတယ်။ ရိုမန် ကက် သလစ် ဘာသာဝင် ဖြစ်တော့ ဘုရားသခင်ရဲ့ ကျေးဇူးတော်ကိုလည်း ချီးမွမ်းတယ်။ ဒါပေမယ့် သူနဲ့ ကိုဗစ် ၁၉ တိုက်ပွဲက မပြီးသေးဘူး။ အရင်လို သွားလာလှုပ်ရှားနိုင်အောင် ဆက်ပြီးလေ့ကျင့် နေရတယ်။

“ ကျွန်တော်က တစ်သက်လုံး ကိုယ့်အားကိုယ်ကိုးပြီးနေလာတာ၊ ကိုဗစ်ကို နိုင်အောင် တိုက် ရမယ်။ အရင်လို မြေးလေးယောက်နဲ့ ပြန်ဆော့နိုင်အောင် လုပ်ရမယ်လို့” Manuel Bulauitan က ပြော တယ်။

ပင်လယ်ပြင်ကို အောင်နိုင်ခြင်း


ကမ္ဘာတစ်လွှားမှာ ကိုဗစ် ၁၉ နဲ့ ဗျာများနေဆဲ မှာ အသက် ၇၂ နှစ်အရွယ် အဖိုးအိုကတော့ အတ္တလန်တစ်သမုဒ္ဒရာ ပင်လယ်ပြင်မှာ မုန်တိုင်းနဲ့ တိုက်ပွဲဝင်နေခဲ့တယ်။
Mr. Graham Walters ဟာ ဗြိတိန်နိုင်ငံ Leicestershire ခရိုင် Thurmaston မြို့လေး ကဖြစ် ပါတယ်။ မစ္စတာဝေါ်လတာ ဟာ လက်သမားလုပ်တယ်။ သူ့လှေကို လွန်ခဲ့တဲ့ ၂၂ နှစ်က သူကိုယ် တိုင်တည်ဆောက်ခဲ့တာပါ။ လှေကို သူ့အဖိုးရဲ့ နာမည် George Geary လို့ပေးထားတယ်။
မစ္စတာ ဝေါ်လတာဟာ လှေတစ်ကိုယ်တော်လှေလှော်ခရီးနှင်ရတာကို ဝါသနာပါတယ်။ သိမ်း မြစ် အစကနေ ပင်လယ်ပြင်အထိ တစ်ကိုယ်တော်လှေလှော်ခရီးနှင်ခဲ့ဖူးတယ်။ အတ္တလန်တစ် သမုဒ္ဒရာ ကို အရင်က လေးကြိမ်ဖြတ်ဖူးတယ်။ နှစ်ကြိမ်က တစ်ကိုယ်တော်၊ နှစ်ကြိမ်က နှစ်ယောက်စီးလှေ နဲ့ ၊ အခုတစ်ခါကတော့ ငါးကြိမ်မြောက် ဖြတ်သန်းခြင်းပေါ့။ ၁၉ ၉ ၇ ခုနှစ် ပထမအကြိမ် အတ္တလန်တစ်သမုဒ္ဒရာကိုဖြတ်ခဲ့ချိန်ကလည်း ဒီလှေနဲ့ပဲ။
မစ္စတာဝေါ်လတာက အာဖရိကကမ်းခြေ Gran Canaria ကျွန်းကနေ ဇန်နဝါရီလ ၂၅ ရက်နေ့မှာ စထွက်ခဲ့တယ်။ သူ့လှေပေါ်မှာ ချောကလက်နဲ့ အင်နာဂျီဘားတွေပါတယ်၊ အသင့်ချက်ပြုပြီး အစား အစာတွေ ပါတယ်။ ။ ရေသန့်စင်စက်ပါတယ်။ နေရောင်ခြည်နဲ့အားသွင်းဖို့ ဆိုလာပြား တွေ ပါတယ်။ လမ်းမှာ မုန်တိုင်းနဲ့တွေ့တယ်။ သူ့ လှေ နောက်ကို တောက်လေ ျှာက်လိုက်လာတဲ့ ငါးမန်းတစ်ကောင်နဲ့လည်း ကြုံခဲ့ရ တယ်။ ဝေလငါးပေါက်စလေးတစ်ကောင် လှေ အနားမှာ ခုန်ပျံမြူးတူးနေတာလည်း မြင်ခဲ့ရတယ်။ အီလက်ထရော နစ် ရေသန့်စက်ပျက်သွားတဲ့အတွက် အရေးပေါ်ရေသန့်စက်ကိုသုံးခဲ့ရတယ်။ အဲဒီစက်က လူအား နဲ့ လှုပ်ရှားရတာဖြစ်ပြီး ရေ လီတာဝက်ရဖို့ တစ်နာရီနီးပါး အလုပ်လုပ်ရတယ်။ လှေဝမ်းပေါက်တာ လေးကြိမ်ကြုံခဲ့ရတယ်။ ကုန်းပတ်ကျွံသွားလို့ ပြန်ပြင်ရတယ်။
မစ္စတာာ ဝေါ်လ်တာဟာ မိုင်သုံးထောင် ခရီးကို ၉ ၆ ရက် ဖြတ်သန်းခဲ့ပြီး ဧပြီလ ၂၉ ရက်နေ့မှာ Antigua ကျွန်းအနားကို ရောက်တယ်။ ကျွန်းနဲ့ ခြောက်မိုင်လောက်အလိုမှာ လေပြင်းတိုက်ခိုက်မှု နဲ့ကြုံပြီး နောက်ပြန်လွင့်သွားမယ့် အန္တရာယ်နဲ့ ကြုံရတယ်။ နောက်ဆုံးတော့ ကမ်းခြေစောင့် တပ်ဖွဲ့သဘောၤက သူ့လှေကို ဆွဲပြီး ဆိပ်ကမ်းကို ပို့ပေးတာကိုလက်ခံလိုက်ရတယ်။
ကမ်းခြေအထိ သူ့ခွန်အားနဲ့ ရောက်အောင် လှော်ခတ်မှု မပြုခဲ့တဲ့အတွက် သူ့ခရီးစဉ်ကို မှတ်တမ်း တင် မတင် မသိရသေးဘူး။ တကယ်လို့ ဂင်းနစ်အဖွဲ့ကလက်ခံခဲ့ရင်တော့ မစ္စတာ ဝေါ်လ်တာဟာ အတ္တလန်တစ်သမုဒ္ဒရာကို တစ်ကိုယ်တော်ကျော်ဖြတ်နိုင်တဲ့ အသက်အကြီး ဆုံး လှေသမားအဖြစ် အသိအမှတ်ပြုခံရမှာဖြစ်ပါတယ်။ အရင်စံချိန်ရှင်က ပြင်သစ်နိုင်ငံသား
Gerard Marie အသက် ၆၆ နှစ်ဖြစ်ပါတယ်။
သူခရီးစထွက် တော့ ဥရောပတိုက်မှာ ကိုဗစ် ၁၉ ကပ်ရောဂါ မဖြစ်သေးဘူး။ သမုဒ္ဒရာအလယ် ရောက်တော့ သူ့နောက်ချန်အဖွဲ့မှာရှိတဲ့ ဇနီးဖြစ်သူက ကပ်ရောဂါအကြောင်း လှမ်းပြောတယ်။ ဒါ ပေမယ့် ဒီရောဂါ ဘယ်လောက်ဆိုးသလဲဆိုတာ Antigua ကျွန်းရောက်မှာ သိရတော့တယ်။ ကျွန်း ဆိပ်ကမ်းကိုသူ့ လှေဆိုက်တော့ လူတွေက လက်ခုပ်တီးပြီး ကြိုကြတယ်။ ဒါပေမယ့် ဘယ်သူကမှ သူ့ကို ပွေ့ဖက်ချီးကျူးတာမျိုးမလုပ်ကြဘူး။
Antigua ကျွန်းက ပြင်ပသဘောၤတွေ ရပ်နားခွင့်ပိတ်ထားတယ်။ မစ္စတာ ဝေါ်လ်တာကိုသာ အထူး ကိစ္စအနေနဲ့ ဆိုက်ကပ်ခွင့်ပေးခဲ့တာပါ။ ဒါ့ကြောင့် သူရော၊ သူ့လှေကိုပါ ပိုးသတ်ရတယ်။ ကုန်းပေါ် ရောက်တာ နဲ့ Mask ဝတ် ထားရတယ်။ ကျွန်းမှာထုတ်ပြန်ထားတဲ့ ဝေးဝေးနေစည်းကမ်းနဲ့ ညမထွက်ရအမိန့်ကိုလိုက် နာ ရတယ်။ ပင်လယ်ထဲမှာ လူတစ်ယောက်နဲ့မှ မတွေ့ခဲ့ပေမယ့် လုပ် ထုံးလုပ်နည်းအတိုင်း ကွာရင်တိုင်း ဝင်ရမယ်။ လေယာဉ်ခရီးစဉ်တွေ မရှိ သေး တဲ့အတွက် အင်္ဂလန်ပြန်ဖို့အတွက် အချိန်စောင့်ရဦးမယ်။
မစ္စတာဝေါ်လတာကတော့ သူ့စံချိန်ကို အသိအမှတ်ပြုတာ၊ မပြုတာကို စိုးရိမ်မှု မရှိဘူး။ သူ့ အသက်အရွယ်နဲ့ သမုဒ္ဒရာကို အောင်နိုင်တာကို ကျေနပ်နေတယ်။ သူ့က ဇနီးဖြစ်သူကို ဒီ ခရီး က နောက်ဆုံးခရီးပဲလို့ ကတိပေးထားတယ်။ သူ့လှေကိုလည်း Antigua ကျွန်းက ပြတိုက်မှာပဲ ထားခဲ့တော့မယ်။
မစ္စတာဝေါ်လ်တာက “လှေနဲ့ ခွဲရမှာကို ဝမ်းနည်းစရာပဲ။ ဒါပေမယ့် သူရော၊ ကျွန် တော်ရော နားရမယ့်အချိန်ရောက်ပါပြီလေ” လို့ပြောတယ်။

ဗိုင်းရပ်နဲ့ မြန်မာ့ စီးပွားရေး

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ကူးစက်မှုကြောင့် ထိခိုက်နေတဲ့ မြန်မာစီးပွားရေး နလံထူနိုင် ဖို့ အတွက် အစိုးရက COVID-19 Economic Relief Plan ကို ဧပြီလ ၂၈ ရက်နေ့ညက http://www.moi.gov.mm မှာတင်ခဲ့တယ်။

အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ဒီ စီးပွားရေးကူညီမှုအစီအစဉ်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားရေးထားတယ်။ အစီအစဉ်မှာ ရည်ရွယ်ချက် ခုနှစ်ခု ပါတယ်။ အဲဒါတွေကတော့ –

၁။ မက်ခရိုစီးပွားရေးအခြေအနေကောင်းမွန်အောင် ငွေကြေးမူဝါဒဖြင့်ဆောင်ရွက်ခြင်း။
၂။ ပုဂ္ဂလိက စီးပွားရေးကဏ္ဍ အပေါ် ထိခိုက်မှုသက်သာစေရန် ဘဏ်၊ ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြုပြင်ပြောင်းမှုများ ဆောင်ရွက်ခြင်း။
၃။ အလုပ်သမားများအပေါ် ထိခိုက်မှုသက်သာစေရန်ဆာင်ရွက်ခြင်း
၄။ အိမ်ထောင်စုများအပေါ် ထိခိုက်မှုသက်သာစေရန်ဆောင်ရွက်ခြင်း။
၅။ တီထွင်ဆန်းသစ်သော ထုတ်ကုန်များ၊ လုပ်ဆောင်ရန်နည်းလမ်းများ ( Platform) ပေါ် ပေါက်စေရန်အားပေးခြင်း။
၆။ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ခိုင်မာအားကောင်းအောင် ဆောင်ရွက်ခြင်း။
၇။ ကိုဗစ် ၁၉ တုံ့ပြန်ရေးရန်ပုံငွေကို လွယ်ကူစွာရရှိစေခြင်း။

ဒီစီမံချက်မှာ တစ်ချက်ချင်းအလိုက် အသေးစိတ်ဆောင်ရွက်မယ့်အချက်တွေကို ဇယားနဲ့ဖော်ပြ ထားတာတွေ့ရတယ်။ အကောင်အထည်ဖော်မယ့် အခြေအနေကိုလည်း ဆောင်ရွက်ပြီး၊ ချက် ခြင်း ဆောင်ရွက်ရန်၊ ၂၀၂၀ နှစ်မကုန်မီဆောင်ရွက်ရန် စသည်ဖြင့် ခွဲခြားဖော်ပြထားပါတယ်။

အဲဒီခုနှစ်ချက်မှာ အမှတ် ၂ ၊ ၃ နဲ့ ၄ က လူထုအပေါ် တိုက်ရိုက်အကျိုးသက်မယ့် ကိစ္စတွေဖြစ်ပါ တယ်။ အဲဒီသုံးချက်ထဲက အရေးကြီးတယ်လို့ မြင်မိတဲ့အချက်တွေက အောက်ပါအတိုင်းဖြစ် ပါ တယ် –

ပုဂ္ဂလိက စီးပွားရေးကဏ္ဍ

၁။ လက်ရှိ ကျပ်ငွေ ဘီလျံ ၁၀၀ နဲ့မတည်ထားတဲ့ ကိုဗစ် ၁၉ စီးပွားရေးအကူအညီ ရန်ပုံငွေကို ဈေးကွက်တုန့်ပြန်မှု အခြေအနေအပေါ် မူတည်ပြီး ဘီလျံ ၂၀၀ ကနေ ၅၀၀ အထိ တိုးချဲ့မယ်။

၂။ ကိုဗစ် စီးပွားရေးအကူအညီကနေ ထောက်ပံ့ငွေ ယူမထားတဲ့ စီးပွားရေးလုပ်ငန်းတွေရဲ့ ဘဏ် ချေးငွေ ၅၀% ကို အစိုးရက အာမခံပေးမယ်။ ဒါပေမယ့် ဘဏ်ချေးငွေက သန်း တစ်ထောင် အောက်ဖြစ်ရမယ်။

၃။ ကိုဗစ် ၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးနဲ့ သက်ဆိုင်ရဲ့ ဆေး၊ ဆေးပစ္စည်း တွေ အပေါ် ကောက်ခံတဲ့အကောက်ခွန်၊ ကုန်သွယ်ခွန်၊ အထူးကုန်ပစ္စည်းခွန်တွေကို ပယ်ဖျက်ပေး မယ်။

၄။ အစိုးရပိုင် စက်ရုံတွေကို ငှားရမ်းလုပ်ဆောင်နေတဲ့လုပ်ငန်းတွေကို ငှားရမ်းခ သုံးလကနေ ခြောက်လအထိ ကင်းလွတ်ခွင့်ပေးမယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းတွေက ပုံမှန် လုပ် ငန်းလုပ်နေသူဖြစ်ရမယ်၊ ပြီးခဲ့တဲ့ သုံးလအတွင်း ငှားရမ်းခ ပုံမှန်ပေးချေနေသူဖြစ်ရမယ်။

၅။ ဈေးကွက်ပျက်ပြီး ဝင်ငွေထိခိုက်နေတဲ့ တောင်သူလယ်သမားတွေကိုလည်း မိုးရာသီ စိုက် ပျိုး ချိန်အမီ ငွေကြေးထောက်ပံ့တာ ဒါမှမဟုတ် ငွေချေးမယ်။

၆။ သွားလာမှုကန့်သတ်ချက်တွေ ပယ်ဖျက်ပြီးတဲ့အချိန်ကျရင် ကျေးလက်ဒေသမှာ အလုပ် အကိုင်တွေဖော်ထုတ်ပေးမယ် ( Cash for Work Program ) ။

အလုပ်သမားကဏ္ဍ

၁။ အလုပ်သမားတွေနဲ့ ပတ်သက်တဲ့အချက်သုံးချက်မှာ နှစ်ချက်က လူမှုဖူလုံရေးရန်ပုံငွေနဲ့ ပတ်သက်တဲ့ လက်ရှိဆောင်ရွက်ပြီးအချက်တွေဖြစ်ပါတယ်။

၂။ အလုပ်လက်မဲ့များ၊ နေရပ်ပြန်လာသော ရွှေ့ပြောင်းလုပ်သားများအတွက် လုပ်သားအင်အား အများအပြားသုံးရတဲ့ အခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းတွေ အကောင်အထည် ဖော်မယ်။

အိမ်ထောင်စုများ

၁။ အိမ်ထောင်စုတွေကို တိုက်ရိုက်အထောက်အကူပေးမယ့်အချက်ခြောက်ချက်ရှိတယ်။ မီတာခ၊ ရိက္ခာထောက်ပံ့မှုတွေနဲ့ဆိုင်တဲ့သုံးချက်က ဆောင်ရွက်ပြီး အချက်များဖြစ်ပါတယ်။

၂။ မိခင်နဲ့ ကလေးထောက်ပံ့ငွေ နဲ့ လူမှုရေးထောက်ပံ့ငွေ ခံစားခွင့်တွေကို (နှစ်လ / သုံးလ ) အတွက် တိုးမြှင့်ပေးမယ်။ ခံစားခွင့်ရှိတဲ့ အသက်အရွယ်ကိုလေ ျှာ့ချပေးဖို့လည်း စဉ်းစားမယ်။

၃။ IDP များအပါအဝင် ( ကိုဗစ် ၁၉ ကြောင့်) ထိခိုက်နစ်နာမှုများပြားတဲ့ အိမ်ထောင်စုများ အတွက် သင့်တော်သော ငွေကြေးထောက်ပံ့ပေးမယ်။

၄။ ကိုဗစ် ၁၉ ကြောင့် ထိခိုက်မှုရှိနေတဲ့ အိမ်ထောင်စုများရဲ့ ဘဏ် ချေးငွေများ၊ အရစ်ကျဝယ်ယူ ထားမှု များ အတွက် သက်ဆိုင်ရာငွေကြေးအဖွဲ့အစည်းတွေနဲ့ ပြန်ညှိနှိုင်းပေးမယ်။
မှတ်ချက်။ စီးပွားရေး ဝေါဟာရများကို ဘာသာပြန်ရာမှာ လွဲမှားမှုတွေ့ပါက ပြင်ပေးကြပါရန်။

အစီရင်ခံစာအပြည့်အစုံကို အောက်က လင့်ခ်မှာဖတ်နိုင်ပါတယ်။

စေတနာ့ဝန်ထမ်း နဲ့ အစိုးရဝန်ထမ်း

COVID 19 ကာကွယ်ကုသ ထိန်းချုပ်ရေး မှာ ကူညီဆောင်ရွက်နေတဲ့ စေတနာ့ဝန်ထမ်းတွေကို စနစ်တကျ စုဖွဲ့နိုင်ဖို့ နဲ့ နောင်ဖြစ်လာမယ့် အရေးပေါ်အခြေအနေတွေမှာလည်း အစိုးရ မူဝါဒ နဲ့အညီ အတွက် စုစည်းပါဝင်နိုင်ဖို့အတွက် အမျိုးသားအဆင့်စေတနာ့ဝန်ထမ်းအသင်းချုပ် ( National Volunteer Corps) ဖွဲ့ဖို့စီစဉ်နေတယ်။ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းဦးဆောင်အဖွဲ့ ဖွဲ့တယ်။

ဖွဲ့စည်းတဲ့ရည်ရွယ်ချက်တွေကို အနှစ်ချုပ်လိုက်ရင်တော့

၁။ လက်ရှိ ရင်ဆိုင်နေရတဲ့ ကူးစက်မြန်ရောဂါ ကပ်ဘေးအတွက်ရော၊ နောင်မှာဖြစ်လာနိုင်တဲ့ သဘာဝဘေးအပါအဝင် အရေးပေါ်အခြေအနေ အတွက် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ရန်။

၂။ အရေးပေါ်အခြေအနေမှာ အစိုးရဆောင်ရွက်ချက် နဲ့ အလှုရှင်များ၊စေတနာ့ဝန်ထမ်းများ ရဲ့ လုပ်ဆောင်ချက်များ ဟန်ချက်ညီညီပေါင်းစပ်နိုင်ရန် ။

၃။ စေတနာ့ဝန်ထမ်းဆောင်ရွက်သူများရဲ့ လုပ်ငန်းဆိုင်ရာလိုအပ်ချက်၊အုပ်ချုပ်မှုဆိုင်ရာလိုအပ် ချက်များကို ဖြည့်ဆည်းပေးရန်။

ဆိုတဲ့ ဆိုတဲ့ သုံးချက်ပါပဲ။

ဒီရည်ရွယ်ချက်တွေက သဘာဝဘေး၊ ရောဂါကပ်ဘေးလို အရေးပေါ်အခြေအနေတွေကို ရင်ဆိုင်တုန့်ပြန် ရာမှာ တကယ်လိုအပ်တဲ့အချက်တွေပဲ။ အစိုးရအနေနဲ့ ဒီရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်တဲ့အခါမှာ အရေးကြီးဆုံးလိုအပ်ချက် တစ်ခုပဲရှိတယ်။

အဲဒါကတော့ စေတနာ့ဝန်ထမ်း နဲ့ အစိုးရ ဝန်ထမ်း သဘောသဘာ၀ မတူတဲ့အချက်ကို သတိထား ဖို့ပါပဲ။

ဒီနေရာမှာ ကျွန်တော်ပြောတဲ့ စေတနာ့ဝန်ထမ်းဆိုတာ တစ်နိုင်ငံလုံးမှာ အင်န်ဂျီအို၊ အိုင်အန်ဂျီအို ပုံစံနဲ့လုပ်နေတဲ့ အဖွဲ့အစည်းကြီးတွေကို မဆိုလိုပါဘူး။ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ အဆင့်မှာ စေ တနာရှင်တွေစုပေါင်းပြီး ဆောင်ရွက်နေတဲ့အဖွဲ့အစည်းတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။

အဲဒီဒေသအဆင့်စေတနာ့ဝန်ထမ်းများနဲ့ အစိုးရဝန်ထမ်းများကြားမှာ

၁။ အဖွဲ့အစည်း သဘောသဘာဝမတူဘူး။ အထက်အောက် ဆက်ဆံရေးထက် ဘေးတိုက် ဆက်ဆံရေးကို ပိုများတယ်။

၂။ ခေါင်းဆောင်မှုပုံစံမတူဘူး။ အထက်အောက် အမိန့်ပေးစနစ် မဟုတ်ဘူး။ စံနမူနာပြခေါင်းဆောင်မှု နဲ့ ဦးဆောင်တယ်။

၃။ လုပ်ငန်းဆောင်ရွက်ပုံက ဒေသအခြေအနေနဲ့ကိုက်ညီအောင် ပြောင်းလွယ်၊ ပြင်လွယ် လုပ်ရ တယ်။

၄။ စိတ်ဓာတ်လှုံ့ဆော်မှုက ဘာသာရေးကြောင့်၊ အယူဝါဒကြောင့်၊ အဖွဲ့အစည်းကြောင့်၊ အားနည်းတဲ့အုပ်စုတစ်ခုခုကို ကူညီချင်တဲ့စိတ်ကြောင့်၊ လူမှုရေးစိတ်ဓာတ် ကြောင့် အကြောင်း အမျိုးမျိုးရှိတယ်။

ဒါက အကျဉ်းချုပ်ပြောတာပါ။ မတူညီတဲ့ သဘောသဘာဝတွေကို အသေးစိတ်ပြောရင် အများကြီး ရှိတယ်။

အခု အမျိုးသားအဆင့် စေတနာ့ဝန်ထမ်းအသင်းချုပ်ကြီးဖွဲ့မယ်၊ နိုင်ငံတော်အဆင့်က ခေါင်းဆောင်မယ်ဆိုပေမယ့် တကယ်လက်တွေ့ အကောင်အထည်ဖော်ရမှ ာက မြို့နယ်အဆင့် ဖြစ်ပါတယ်။

မြို့နယ်အဆင့် ဌာနဆိုင်ရာ အထူးသဖြင့် ထွေ/အုပ်တွေ က စေတနာ့ဝန်ထမ်းတွေရဲ့ သဘော သဘာ၀ ကိုနားလည်ပြီး စည်းရုံးနိုင်ရင်တော့ လုပ်ငန်းစဉ်အားလုံးချောချောမွေ့မွေ့ ပြီးမြောက် မှာပဲ။ အဲဒီလိုမဟုတ်ဘဲ ပုံစံခွက်ထဲကို အတင်းရိုက်သွင်းနေရင်တော့ စိန်ခေါ်မှုတွေပိုများလိမ့် မယ်။

စာရေးသူ “သင့်လူ” က ကိုရိုနာဗိုင်းရပ်စ် ပိုး ကူးစက်မှုဆိုင်ရာ “ ပိုးတို့၏ မာယာ” ဆောင်းပါးတွေကို အခန်းဆက်ရေးနေတာ အခု အပိုင်း (၃) ရောက်နေပါပြီ။

စာရေးသူကိုယ်တိုင်က ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ စာရေးသူက ခက်ခဲတဲ့ ပညာရပ်ဆိုင်ရာအကြောင်းအရာတွေကို စာတွေ့နဲ့လက်တွေ့ နှိုင်းယှဉ်ပြီး သာမန်ပြည်သူတွေ နားလည်လွယ်အောင် ရှင်းပြထားပါတယ်။

ဆရာသင့်လူက

အပိုင်း (၁) မှာ ကူးစက်ရောဂါဆိုင်ရာ ကွင်းဆက်များ (Chain of Infection) လို့ ခေါ်တဲ့ အခြေအနေခြောက်ခုအကြောင်းရှင်းပြထားတယ်။ အဲဒါတွေက (၁) လက်သည် (Agent)၊ (၂) လက်ခံကောင် (Reservoir and Host)၊ (၃) ပိုးထွက်တဲ့နေရာ (Portal of Exit)၊ (၄) ကူးစက်ပုံနည်းလမ်း (Mode of Transmission)၊ (၅) ဝင်ပုံဝင်နည်း (Portal of Entry) နဲ့ (၆) ရောဂါပိုးလက်ခံသူ (Susceptible Host) တို့ဖြစ်ပါတယ်။ စာရေးသူက
အဲဒီ ကွင်းဆက် ခြောက်ခုကို သိလာပြီဆိုတာနဲ့ ဘယ်လို ကာ ကွယ်မယ်၊ ဘယ်လိုထိန်းချုပ်မယ် ဆိုတဲ့ လုပ်ငန်းစဉ်တွေဟာ ရှင်းရှင်းလင်းလင်း ရှိလာတယ်လို့ ဆိုပါတယ်။

အပိုင်း (၂) မှာ ကပ်ရောဂါဗေဒဆိုင်ရာ အခြေခံ အဓိပ္ပါယ်ဖွင့်ဆိုချက်များ ကို ရှင်းပြထားတယ်။ အခု အချိန်မှာ ကျွန်တော်တို့က Pandemic ကူးစက်မြန် ကပ်ရောဂါ ကို ပြောနေပေမယ့် အဲဒီအဆင့် မရောက်ခင် ရှေ့မှာ ကူးစက်ရောဂါဖြစ်ပွားပုံ အဆင့်တွေရှိသေးတဲ့အကြောင်းနဲ့ ကူးစက်ရောဂါတစ်ခုဖြစ်တာ နဲ့ Pandemic လို့ချက်ခြင်းကြေညာလို့မရတဲ့အကြောင်း ရှင်းပြထားတယ်။ ဒါ့အပြင် ကပ်ရောဂါ ဖြစ်ပွားမှုနဲ့ပတ်သက် ပြီးတိုင်းတာရင် သင်္ချာ သဘောအရ Rate လို့ခေါ်တဲ့ နှုံး၊ Ratio လို့ခေါ်တဲ့ အချိုး နဲ့ Proportion လို့ခေါ်တဲ့ အားလုံးထဲမှာ ဘယ်လောက်ရှိနေပြီဆိုတဲ့ ရာခိုင်နှုန်း ပမာဏ၊ သုံးမျိုးနဲ့ တိုင်းတာရတဲ့အကြောင်းနဲ့ တိုင်းတာပုံ တိုင်းတာနည်းတွေကို ရှင်းပြထားတယ်။

အပိုင်း (၃) မှာ ကူးစပ်မြန် ကပ်ရောဂါကို ထိန်းချုပ် နိုင်ဖို့ဆိုရင် ကူးစက်ရောဂါ ကွင်းကြီး ခြောက်ကွင်းထဲက
 ဒုတိယကွင်းဖြစ်တဲ့ လက်ခံကောင်၊ ရောဂါလက်ခံတဲ့နေရာ၊ ရောဂါ ပွားများရာ သတ္တဝါ
 စတုထ္ထကွင်းဖြစ်တဲ့ တယောက်ကတယောက်ကို ကူးစက်တဲ့ နည်းလမ်းများ
 ဆဌမကွင်းဖြစ်တဲ့ ရောဂါကူးစက်ခံရမဲ့ သတ္တဝါ၊ ရောဂါဆက်လက်သယ်ဆောင်ပေးသူ ဆိုတဲ့ သုံးခုကို ဂရုစိုက်ဖို့လိုတဲ့အကြောင်း ရှင်းပြထားပါတယ်။

ဆောင်းပါးအပိုင်း ၁၊ ၂ နဲ့ ၃ ကိုအောက်ကလင့်ခ်တွေမှာ ဖတ်နိုင်ပါတယ်။

အပိုင်း (၁) https://www.facebook.com/thintlu/posts/3022954811098229

အပိုင်း (၂) https://www.facebook.com/thintlu/posts/3032004950193215

အပိုင်း (၃) https://www.facebook.com/thintlu/posts/3032846190109091

ဗိုင်းရပ်စ် နဲ့ ဗီယက်နမ်

ဗီယက်နမ်၊ လာအို နဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ် ၁၉ ရောဂါ ကြောင့်သေဆုံးသူမရှိသေးတဲ့ သုံးနိုင်ငံဖြစ်ပါတယ်။ ပုံ (၁)

အဲဒီအထဲမှာ နိုင်ငံအရွယ်အစား နဲ့ လူဦးရေ၊ တရုတ်နိုင်ငံနဲ့ မိုင် ၉ ၀၀ နီးပါး နယ်နမိတ်ချင်း ဆက်စပ်နေတဲ့အခြေအနေတွေအရ ဗီယက်နမ်ရဲ့ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး လုပ်ငန်းစဉ်တွေအပေါ် စိတ်ဝင်စားလာကြတယ်။

ဧပြီ ၂၄ အထိ ဗီယက်နမ်နိုင်ငံမှာ ပိုးတွေ့ရှိသူ ၂၆၈ ယောက်၊ သက်သာပျောက်ကင်းသူ ၂၂၄ ယောက်နဲ့ သေဆုံးသူမရှိဘူး။ ပုံ (၂) ။

ကွန်မြူနစ်နိုင်ငံဖြစ်ပြီး သတင်းမီဒီယာကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားတဲ့ ဗီယက်နမ်နိုင်ငံရဲ့ ကိန်းဂဏန်းတွေအပေါ် မေးခွန်းထုတ်မှုအချို့ရှိတယ်။ ဒါပေမယ့် ဗီယက်နမ်နိုင်ငံဟာ နိုင်ငံတွင်းရောဂါကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ခဲ့ပြီးဆိုတဲ့ အချက် ကတော့ သေချာတယ်။

ဗီယက်နမ်နိုင်ငံရဲ့ လုပ်ဆောင်ချက်ကို ပြန်လေ့လာကြည့်တော့ အခုလိုတွေ့ပါတယ်

၁။ ဇန်နဝါရီလထဲမှာ ဝန်ကြီးချုပ် Nguyen Xuan Phuc က ကွန်မြူနစ်ပါတီအစည်းအဝေး မှာ ဗိုင်းရပ်စ်က ဗီယက်နမ်ကို ကူးစက်လာမှာပဲ။ ဗိုင်းရပ်စ် ကို စစ်တိုက်သလိုတိုက်ဖို့ ပြင်ဆင်ထား ရမယ် လို့ပြောခဲ့ တယ်။ အဲဒီအချိန်က ဗီယက်နမ်မှာ ရောဂါ ကူးစက်သူမတွေ့သေးဘူး

၂ ။ ဗီယက်နမ် က တောင်ကိုရီးယားလို ပိုးစစ်ဆေးမှုကို လူသန်းနဲ့ချီပြီးမလုပ်နိုင်ဘူး။ ဒါ့ကြောင့် ပိုး ရှိတဲ့သူတွေ့တာနဲ့ ဆက်စပ်သူအားလုံးကို ချက်ခြင်းခြေရာခံတယ်။ သီးခြားခွဲခြားထားမှုကို ကျယ် ကျယ်ပြန့်ပြန့်လုပ်တယ်။

၃။ ရောဂါပိုးကူးစက်မှုများမယ်လို့မေ ျှာ်လင့်တဲ့ မြို့ရွာတွေကို ချက်ခြင်း Lockdown လုပ် တယ်။ ဥပမာအားဖြင့် ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ လူဦးရေတစ်သောင်းကျော်ရှိတဲ့ မြို့လေးကို အစောဆုံး Lockdown လုပ်တယ်။ အဲဒီအချိန်က တစ်နိုင်ငံလုံးမှာ ပိုးတွေ့သူ ၁၀ ယောက်ပဲ ရှိ သေးတယ်။

၄။ နိုင်ငံအများစုမှာ ရောဂါပိုးတွေ့တဲ့သူ နဲ့ အဲဒီလူကို တိုက်ရိုက်ထိတွေ့သူကိုပဲ သီးခြား ခွဲခြား ထိန်းသိမ်းတာမျိုးလုပ်တယ်။ ဗီယက်နမ်ကတော့ အစထဲက တိုက်ရိုက်ထိတွေ့သူအပြင် ဒုတိယ၊ တတိယ နဲ့ စတုတ္ထအဆင့် ထိတွေ့ဖို့အလားအလာရှိသူတွေကိုပါ ခြေရာကောက်ပြီး ခွဲခြား စောင့် ကြည့်တယ်။

၅။ ဖေဖော်ဝါရီ၁ ရက်နေ့ထဲက ရောဂါဖြစ်ပွားတဲ့ နိုင်ငံတွေက လာရောက်သူတွေကို ၁၄ ရက် ခွဲခြားစောင့် ကြည့်တယ်။ ကျောင်းတွေ၊ တက္ကသိုလ်တွေကို ပိတ်လိုက်တယ်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ တရုတ်နိုင်ငံက ပြန်လာတဲ့အလုပ်သမားတွေကနေ တဆင့် ကူးစက်တာကို ကာကွယ်နိုင်ဖို့ Vinh Phuc ပြည်နယ်တစ်ခုလုံးက ၂၁ ရက် Lockdown လုပ်ထားခဲ့တယ်။ တရုတ်နယ်စပ်ကို ပိတ်လိုက် တယ်။

၆။ မတ်လဆန်းမှာ လူတိုင်း အပြင်ထွက်ရင် Mask ဝတ်ဆင်ရမယ်လို့ အမိန့်ထုတ်တယ်။

၇။ မူလထဲက တင်းကျပ်တဲ့လုံခြုံရေးစနစ်ရှိတဲ့ ဗီယက်နမ်အစိုးရက အဲဒီစနစ်ကို သုံးပြီး မြို့ တိုင်း၊ ရွာတိုင်း၊လူတိုင်းကို စောင့်ကြည့်တယ်။ သတင်းပေးကွန်ယက်တွေကနေ ရောဂါ ကူးစက်သူလို့ သံ သယရှိသူတွေ၊ ရောဂါထိန်းချုပ်ရေးဆိုင်ရာစည်းကမ်းချိုးဖောက်သူတွေကို ဖော်ထုတ်တယ်။ ( ဘေး ထွက်ဆိုးကျိုးကတော့ ရောဂါကူးစက်သူတွေကို အပယ်ခံလိုမျိုးထားတာ၊ အလွန်အမင်းခွဲခြား ဆက် ဆံတာတွေဖြစ်ခဲ့တယ်။ )

၈ ။ ဧပြီ ၂၂ ရက်နေ့အထိ ရောဂါပိုးကူးစက်ခြင်းရှိမရှိ စစ်ဆေးမှုပေါင်း တစ်သိန်း ရှစ်သောင်းကျော်လုပ်ခဲ့တယ်။ ကူးစက်သူ ၂၇၀ နီးပါးရှိတဲ့အတွက် ကူးစက်သူ နဲ့ စမ်းသပ်မှုအချိုးက ၁ း ၆၇၀ လောက်ရှိခဲ့တယ်။

၉ ။ အစိုးရက ဗီယက်နမ်လွတ်မြောက်ရေးစစ်ပွဲ ကာလက တိုက်ပွဲဝင်စိတ်ဓာတ်ကို ပြန်လည် လှုံ့ဆော်ခဲ့တယ်။ ဝန်ကြီးချုပ်က “စက်ရုံတိုင်း၊ လုပ်ငန်းတိုင်း၊ မြို့ရွာတိုင်း၊ လူတိုင်းဟာ ဗိုင်းရပ်စ် ကို ကာကွယ်မယ့် ခံတပ်တွေဖြစ်အောင်လုပ်ကြ” လို့ တိုက်တွန်းခဲ့တယ်။

၁၀။ စီးပွားရေးလုပ်ငန်းတွေ နဲ့ အလုပ်သမားတွေကို အကူအညီပေးဖို့အတွက် ဒေါ်လာ ၁.၁ ဘီလျံ သုံးစွဲခဲ့တယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်ကတော့ ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်ပြီဖြစ်တဲ့အတွက် မကြာခင်မှာ သွားလာမှု ဆိုင်ရာကန့်သတ်ချက်တွေကို လေ ျှာ့ပေါ့ပေးမယ်လို့ ကြေညာခဲ့တယ်။

ပြန်ချုပ်လိုက်ရင်တော့ အစိုးရရဲ့ ကြိုတင်မေ ျှာ်တွေး ပြင်ဆင်မှု နဲ့ ဗိုင်းရပ်စ် ပျံ့ပွားမှု ထိန်းချုပ် ရေးကို ပြတ်ပြတ်သားသား လုပ်ခဲ့တာက အဆုံးအဖြတ်ပေးသွားတာပါပဲ။

ကိုးကား။ DW သတင်းဌာန ၁၆ ဧပြီ ၂၀၂၀၊ World Economic Forum ဝက်ဘ်ဆိုက် ၃၀ မတ် ၂၀၂၀၊ ရိုက်တာ သတင်း ၂၃ ဧပြီ ၂၀၂၀ ၊ ဗီအိုအေ (မြန်မာ) ၂၃ ဧပြီ ၂၀၂၀

ဗိုင်းရပ်စ် နဲ့သော့ဖွင့်ချိန်

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် Lockdown ကို ပုံစံအမျိုးမျိုး နဲ့ ကျင့် သုံးကြတယ်။ ဘယ်လိုပုံစံနဲ့ကျင့်သုံးသည်ဖြစ်စေ လူတွေရဲ့ စီးပွားရေး နဲ့ လူမှုဘဝနေထိုင်ပုံ ကို တော့ အနည်းနဲ့အများထိခိုက်တာပဲ။

ဒါ့ ကြောင့် ကန့်သတ်တားမြစ်တဲ့ ကာလ နှစ်လလောက်ဖြစ်လာတဲ့ နိုင်ငံတွေမှာ ကန့်သတ်မှုတွေ လေ ျှာ့ပေါ့ပေးဖို့တောင်းဆိုမှုတွေရှိလာတယ်။ အမေရိကန်နိုင်ငံမှာဆိုရင် ဆန္ဒပြမှုတွေတောင် လုပ်လာတယ်။ အဓိကကတော့ စီးပွားရေးပုံမှန်လည်ပတ်နိုင် ဖို့အတွက်တောင်းဆို ကြတာပါပဲ။

အစိုးရတွေကလည်း စီးပွားရေး နဲ့ ကျန်းမာရေးကို ချိန်ဆနေရတယ်။ Lockdown လုပ် လို့ နစ်နာ တဲ့စီးပွားရေးလုပ်ငန်းတွေနဲ့ လူထုကို ဘယ်လောက်ကြာကြာ ကူညီထောက်ပံ့ထားနိုင်မလဲဆိုတာ လည်း တွက်ချက်ရတယ်။ လူထုကြားမှာလည်း အယူအဆအမျိုးမျိုးဖြစ်လာတယ်။ ငါ့ဝမ်းပူဆာ မနေသာ ဖြစ်လာတော့ မြန်မြန်ပြန်ဖွင့်၊ ဖျားရင်ဖျား ငတ်သေတာတော့မခံဘူးလို့ ပြော တာ တွေလည်း ရှိတယ်။

ဒီတော့ ဘယ်လို အခြေအနေမှာ Lockdown ကို လေ ျှာ့ပေးမလဲဆိုတဲ့ မေးခွန်းပေါ်လာတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ဧပြီလ ၁၄ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာတော့ Lockdown လုပ် ထားတာတွေကို အခြေအနေ ခြောက်ရပ်နဲ့ ပြည့်စုံမှ အဆင့်ဆင့်လေ ျှာ့ပေးသင့်တယ် လို့ ပြောထားတယ်။ အဲဒီအခြေအနေခြောက်ရပ် အကျဉ်းချုပ်ကတော့

၁။ ရောဂါ ကူးစက်မှုကို ထိန်းချုပ်နိုင်စွမ်း ရှိခြင်း။

၂။ နိုင်ငံရဲ့ ကျန်းမာရေးစနစ်က ရောဂါဖြစ်သူတိုင်း နဲ့ ရောဂါဖြစ်သူနဲ့ ထိတွေ့မိသူတိုင်းကို ထောက်လှမ်းရှာဖွေ၊ စမ်းသပ်စစ်ဆေး၊ ခွဲခြားကုသနိုင်စွမ်းရှိခြင်း။

၃။ သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာလို ကူးစက်မှု၊ သေဆုံးမှုများပြားနိုင်တဲ့နေရာ တွေ ကို ကာကွယ်နိုင်စွမ်းရှိခြင်း။

၄။ ကျောင်းများ၊ စက်ရုံအလုပ်ရုံများ နဲ့အခြားအရေးကြီးနေရာများမှာ ကာကွယ်ထိန်းချုပ်ရေး လုပ် ငန်းများ လုပ်ဆောင်ပြီးဖြစ်ခြင်း။

၅။ ပြည်ပမှတဆင့် ပြန်လည်ကူးစက်မယ့်အခြေအနေကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း။

၆။ ပြည်သူလူထုကိုယ်တိုင် ဗိုင်းရပ်စ်ကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်ပြီး အပြည့်အ၀ နားလည် ခြင်း၊ ပူး ပေါင်းဆောင်ရွက်ခြင်း၊ အခြေအနေသစ်အောက်မှာ နေထိုင်နိုင်စွမ်းရှိခြင်း ။

အဲဒီအခြေအနေတွေနဲ့ ပြည့်စုံလို့ Lockdown လုပ်ထားတာတွေကို လေ ျှာ့ပေါ့မယ်ဆိုရင် အောက်ပါအတိုင်းလုပ်ရမယ်လို့ ဆိုပါတယ် –

၁။ ရောဂါဖြစ်ပွားမှုနဲ့ လူမှုစီးပွားအခြေအနေအပေါ် မူတည်ပြီး အဆင့်ဆင့် ဆောင် ရွက် ရမယ်။

၂။ တစ်ဆင့် နဲ့ တစ်ဆင့်ကြားမှာ အနည်းဆုံး နှစ်ပတ်ခြားပြီးဆောင်ရွက်ရမယ်။

၃။ အဆင့်တစ်ဆင့်ပြီးတိုင်း ရောဂါဖြစ်ပွားမှုအခြေအနေ ကို ပြန်လည်သုံးသပ်ရမယ်။

ပြန်ချုပ်လိုက်ရင်တော့ သော့ဖွင့်မယ်ဆိုရင်

၁။ ရောဂါကူးစက်မှု တန့်သွား ဒါမှမဟုတ် လျော့ကျနေရမယ်။

၂။ နောက်တစ်ကြိမ်ရောဂါဖြစ်ပွားမှု မြင့်တက်မလာစေဖို့အတွက် ပြင်ဆင်မှုကောင်း ကောင်း လုပ် ထားရမယ်။

၃။ လူထုကို အပြည့်အ၀ ပညာပေးထားရမယ်။

၄။ အဆင့်ဆင့်လုပ်ရမယ်၊ စိတ်ရှည်ရှည်ထားနိုင်ရမယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက် အပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါ တယ်။

https://www.who.int/publications-detail/covid-19-strategy-update—14-april-2020

ဗိုင်းရပ်စ် နဲ့ အိမ်ပြန်ပို့တဲ့ငွေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချမ်းသာတဲ့နိုင်ငံတွေရော၊ ဆင်းရဲတဲ့နိုင်ငံတွေရော စီးပွားရေးကျတယ်။ ဒီအခြေအနေမှာ ပြည်ပမှ အလုပ်သွားလုပ်နေသူတွေအများအပြားရှိတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက နှစ်ထပ်ကွမ်း အထိနာတယ်။

ဗိုင်းရပ်စ်ကြောင့် စီးပွားရေးကျဆင်းနေတဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတွေ ဟာ ဖွံ့ဖြိုးဆဲ နို င်ငံတွေ မှာ နောက်ထပ် ရင်းနှီးမြှုပ်နှံမှုတွေလုပ်နိုင်ဖို့ အချိန်အတော်ယူရဦးမယ်။ ဒါ့အပြင် အဲဒီနိုင်ငံတွေ မှာ အလုပ်သွားလုပ်နေတဲ့ အလုပ်သမားတွေရဲ့ အနာဂတ်ကလည်း မသေချာတော့ဘူး။

အရင်ကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဝင်ငွေနည်းမိသားစုတွေအတွက် ပြည်ပမှာ အလုပ်သွား လုပ်နေသူ တွေက ပြန်ပို့တဲ့ငွေ ဟာ စီးပွားရေးလုပ်ဖို့ အရင်းအနှီးလည်းဖြစ်တယ်။ အစိုးရက ဖြည့် ဆည်းမပေးနိုင်တဲ့ ကျန်းမာရေး၊ ပညာရေးအသုံးစရိတ်လည်းဖြစ်တယ်။ ဒါ့အပြင် မိခင်နိုင်ငံမှာ
အခက်အခဲအကျပ်အတည်းတွေနဲ့ ကြုံတဲ့အခါ ပြည်ပရောက် အလုပ် သမားတွေက ငွေများများ ပြန်ပို့တဲ့အတွက် မိသားစုတွေ အခက်အခဲကနေရုန်းထွက်နိုင်ကြတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်တဲ့အတွက် ချမ်းသာတဲ့ နိုင်ငံတွေမှာ စက်ရုံတွေရပ်တယ်၊ စီးပွားရေးကျတယ်။ အဲဒီနိုင်ငံတွေမှာရောက်နေတဲ့ အလုပ် သမားတွေလည်း အလုပ်လက်မဲ့တယ်။ အိမ်ကို ငွေပြန်မပို့နိုင်ဘူး။ တစ်ချို့ကတော့ အိမ်ကို အပြီး ပြန်လာရတယ်။

ကမ္ဘာ့ဘဏ်ရဲ့ ဧပြီ ၂၂ ရက်နေ့ သတင်းထုတ်ပြန်ချက်အရ အလယ်အလတ်ဝင်ငွေရှိနိုင်ငံ နဲ့ ဝင်ငွေနည်းနိုင်ငံတွေက ပြည်ပရောက်အလုပ်သမားတွေရဲ့ အိမ်ပြန်ပို့တဲ့ငွေဟာ ၂၀၁၉ ခုနှစ်မှာ ဒေါ်လာ ၅၅၄ ဘီလျံရှိပေမယ့် ၂၀၂၀ ပြည့်နှစ်မှာတော့ ပျမ်း မ ျှ ၁၉ .၇ % ကျဆင်းပြီး ၄၄၅ ဘီလျံပဲ ရှိ မယ်လို့ သိရတယ်။

ကမ္ဘာ့ဒေသကြီးအလိုက်ပြောရရင် ဥရောပနဲ့ ဗဟိုအာရှဒေသ ၂၇.၅% ၊ ဆာဟာရ တောင်ပိုင်း အာဖရိကဒေသ ၂၃.၁%၊ မြန်မာနိုင်ငံပါဝင်တဲ့ တောင်အာရှဒေသ ၂၂.၁%၊ အရှေ့အလယ်ပိုင်း နဲ့ မြောက်ပိုင်းအာဖရိကဒေသ ၁၉ .၆% ၊ တောင်အမေရိကနဲ့ ကယ်ရီဘီယံဒေသ ၁၉ .၃% ၊ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသ ၁၃% ကျဆင်းမယ်လို့တွက်ချက်ထားတယ်။

ပြည်ပရောက်အလုပ်သမားတွေရဲ့ အိမ်ပြန်ပို့ငွေတွေ ကျဆင်းလာချိန်မှာ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ကလည်း အခြေအနေမကောင်းဘူး။ ကမ္ဘာ့ဘဏ်ကတော့ ၂၀၂၀ ပြည့်နှစ်မှာ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှု ၃၅% ကျဆင်းမယ်လို့ခန့်မှန်းထားတယ်။

မြန်မာနိုင်ငံဟာလည်း ပြည်ပရောက်အလုပ်သမားအများအပြားရှိတဲ့နိုင်ငံဖြစ်တဲ့အတွက် ဗိုင်းရပ်စ် ကြောင့်ပေါ်ပေါက်နေတဲ့ စီးပွားရေး ကျဆင်းမှုကို တွက်ချက်ရာမှာ ပြည်တွင်းအခြေအနေတွေ ကို တွက်ချက်ရုံ နဲ့မလုံလောက်တော့ဘူး။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု နဲ့ ပြည်ပရောက်အလုပ်သမားတွေ ရဲ့ အိမ်ပြန်ပို့ငွေတွေ လျော့နည်းသွားမယ့် အလားအလားတွေ၊ အဲဒီအလုပ်သမားတွေ အိမ်ပြန် ရောက်လာတဲ့အခါ ပေါ်ပေါက်လာမယ့် အလုပ်လက်မဲ့ အခြေအနေတွေကို ပါ ထည့်သွင်း တွက် ချက်ထားရတော့မှာဖြစ်ပါတယ်။