ကိုယ်ပျောက် ပုဂ္ဂိုလ်

အာဆီယံ အဖွဲ့ အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ထိန်းချုပ်၊ ကုသရေးကို ဘယ်လိုလုပ်ဆောင် နေလဲဆိုတာ လေ့လာရင်းနဲ့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးနဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ကျန်းမာရေးဆိုင်ရာ အဆင့်မြင့်အရာ ရှိ ကြီးတွေ ဗီဒီယို ကွန်ဖရင့်လုပ်ပြီး ဆွေးနွေးတဲ့အကြောင်း သတင်းတင်ထား တာတွေ့တယ်။ ပုံ ၁

အဲဒီသတင်းမှာဖော်ပြထားတဲ့ ဗီဒီယိုကွန်ဖရင့်မှာ ပါဝင်ဆွေးနွေးနေသူတွေ ရဲ့ ဓာတ်ပုံမှာ မြန်မာနိုင်ငံမှာ ခုံအလွတ်ပဲ တွေ့တယ်။ ပုံ ၂

မြန်မာဘက်က ကိုယ်ပျောက်ပုဂ္ဂိုလ်က ဘယ်သူလဲ၊ ဘာတွေဆွေးနွေးသလဲ။ အာဆီယံနိုင်ငံ တွေက အရာရှိကြီးတွေက ခုံအလွတ်ကြီးကို ကြည့်ပြီး ဘာတွေ တွေးနေမလဲ။ စိတ်ဝင်စားစရာပဲ။

နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၈ မတ် ၂၀၂၀)

၁။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အာရှဒေသဆိုင်ရာညွှန်ကြားရေးမှူး Poonam Khetrapal Singh က အရှေ့တောင်အာရှနိုင်ငံတွေအနေနဲ့ ကိုရိုနာဗိုင်းရပ် ကာကွယ်၊ ထိန်းချုပ်ရေးလုပ်ငန်းတွေကို ပို ပြီး ပြင်းပြင်းထန်ထန်လုပ်ဆောင်ဖို့လိုနေပြီ၊ တစ်ချို့နိုင်ငံတွေရဲ့ ကျန်းမာရေးကဏ္ဍဟာ ရော ဂါ ဖြစ်လာရင် ကိုင်တွယ်နိုင်စွမ်းမရှိမှာကို စိုးရိမ်ရတယ်လို့ ပြောကြားခဲ့တယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ မလေးရှားနိုင်ငံက ရောဂါဖြစ်ပွားသူ ၆၇၈ ယောက်နဲ့ အများဆုံးဖြစ်ပါတယ်။

၂။ အဖွဲ့ဝင် ၂၇ နိုင်ငံပါတဲ့ ဥရောပသမဂ္ဂအဖွဲ့ကတော့ သူတို့နယ်မြေထဲကို ပြည်ပ ခရီးသွား တွေ ဝင်ရောက်ခွင့် တစ်လ ပိတ်ထားဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ အီးယူအဖွဲ့ဝင်နိုင်ငံ သားတွေ၊ ဗြိတိန်၊ နော်ဝေ၊ အိုက်စ်လန်နိုင်ငံသားတွေနဲ့ အကျုံးမဝင်ဘူးလို့ သိရပါတယ်။

၃။ တရုတ်နိုင်ငံ ဟူဘေးပြည်နယ် Ezhou မြို့အုပ်ချုပ်ရေးအာဏာပိုင်တွေကတော့ သူတို့ မြို့ မှာ ပိတ်မိနေတဲ့ အခြားပြည်နယ်များက တရုတ်နိုင်ငံသားတွေကို မြို့ထဲက ထွက်ခွာခွင့်ပြုလိုက် ပါတယ်။ အဲဒီလူတွေက ဘေဂျင်းမြို့တော်ကလွဲရင် မိမိတို့နေရပ်မြို့များကို ပြန်နိုင်ပြီ ဖြစ် ပါတယ်။ Ezhou မြို့မှာ ရောဂါဖြစ်ပွားသူ ၁၃၉ ၄ ယောက်ရှိခဲ့ပြီး ၅၇ ယောက် သေဆုံးခဲ့ပါတယ်။

၄။ မနေ့ ( မတ် ၁၇) က တရုတ်နိုင်ငံမှာ ရောဂါဖြစ်ပွားသူ ၁၃ ယောက်တွေ့ရှိခဲ့တယ်။ အဲဒီ ထဲက ၁၂ ယောက်က ပြည်ပက ပြန်လာသူတွေဖြစ်တယ်လို့ သိရပါတယ်။

၅။ မလေးရှားမှာ အလုပ်ကိစ္စနဲ့ ဒါမှမဟုတ် အလည်အပတ်ရောက်ရှိနေတဲ့ စင်္ကာပူနိုင်ငံသား တွေ ပြန်လာခွင့်ရမယ်လို့ သိရပါတယ်။ မလေးရှားမှာ အမြဲတမ်း နေထိုင်ခွင့်ရ ထားတဲ့ စင်္ကာပူနိုင်ငံသားတွေအနက် အရေးကြီးလုပ်ငန်းများမှာ တာဝန်ထမ်းဆောင်နေသူတွေ ကို မလေးရှားနိုင်ငံကို ပြန်လာခွင့်ပြုမယ်လို့လည်း သိရပါတယ်။

၆။ စင်္ကာပူအစိုးရကတော့ စင်္ကာပူကို နေ့ချင်းပြန်လာရောက်အလုပ်လုပ်နေတဲ့ မလေးရှား နိုင်ငံ သားတွေ စင်္ကာပူမှာ ယာယီနေထိုင်ပြီး အလုပ်လုပ်နိုင်အောင် လိုအပ်တာတွေ ကူညီပံ့ပိုးပေး မယ် လို့ ပြောခဲ့ပါတယ်။ မလေးရှားအစိုးရရဲ့ ခရီးသွားလာခွင့် ကန့်သတ်ကာလက မတ်လ ကုန်အထိ ဖြစ်ပါတယ်။

ကိုးကား
စထရိတ်တိုင်းမ်၊ စီအင်န်အေ၊ ရိုက်တာ

တက္ကသိုလ် စာမေးပွဲတွေ ရွှေ့သင့်လား၊မရွှေ့သင့်ဘူးလား ဆိုတဲ့ကိစ္စကိုတော့ မှတ်ချက် မပေးလိုပါဘူး။
ဒါပေမယ့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတိပေးချက်ထုတ် ထားချိန်မှာ ကျောင်းသင်္ကြန် ကျခဲ့ပေမယ့် အခုမှ စာမေးပွဲ ရွှေ့ဖို့ပြောတယ်ဆိုပြီး ကျောင်းသားတွေကို အပြစ်တင်နေသူတွေအနေနဲ့
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မတ်လ ၁၁ ရက်နေ့အထိ အင်အားထောင်ချီတက်တဲ့ လူထုတွေ့ဆုံပွဲတွေ လုပ်ခဲ့တာကို မေ့နေပုံရတယ်။

ဗြိတိန်သံရုံးဆိုတာ အင်န်လယ်လ်ဒီ ပါတီ အတိုက်အခံဘဝထဲက ထဲထဲ ဝင်ဝင် ရင်းနှီးခဲ့တာပဲ။ သံရုံးအရာရှိဟောင်းတစ်ယောက်တောင် အနီးကပ် အကြံပေးအရာရှိပုံစံနဲ့ အတွင်းစည်းအထိ ဝင်ထွက်ခဲ့တာပဲလေ။

အစိုးရဖြစ်လာတော့လည့် အစိုးရ နဲ့ရော၊လွှတ်တော်နဲ့ပါ အလွန်နီးနီး စပ်စပ် နေခဲ့၊ ကျန်းမာရေးအပါအဝင် ကဏ္ဍပေါင်းစုံမှာ သင်တန်းတွေ၊ အလုပ်ရုံဆွေးနွေးပွဲတွေ၊ ဖွံ့ဖြိုးရေး အကူ အညီတွေပေးခဲ့တာ မျက်မြင်ပဲ။

ဒီလို အတွင်းသိ အစင်းသိ သံရုံးက သူ့နိုင်ငံသားတွေ ပြန်ဖို့ပြောတဲ့အခါ မှာ

“ မြန်မာနိုင်ငံရဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာလုပ်ငန်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိအားတွေ ရင်ဆိုင်ရဖို့ရှိတယ်၊ သာမန် ကျန်းမာရေးစောင့်ရှောက်မှုတွေတောင် မလုပ်နိုင်တာ ဖြစ်လာနိုင်တယ်

( The worldwide coronavirus outbreak is expected to put significant pressure on Myanmar’s medical facilities, and they may not be able to offer routine care.)”

လို့ သံတမန် စကား နဲ့ ပြောသွားတာကတော့ စဉ်းစားစရာပဲ။

ဒီတော့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသာ အဓိက လို့ ပြောထားတဲ့အတိုင်း ပြည်သူတစ်ဦးချင်းက ရောဂါမကူးစက်အောင် ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပေါ့။

ကာကွယ်ခြင်းက အကောင်းဆုံး ကုသမှုပါပဲ။

သူတို့ သွားကြပြီ

မတ်လ ၁၇ ရက်နေ့မှာ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသ ျှ သံရုံးက

၁။ ကမ္ဘာမှာပျံ့နေတဲ့ဗိုင်းရပ်စ်ကြောင့် မြန်မာဆေးရုံတွေမှာ ဝန်ပိလာနိုင်တယ်၊ ပုံမှန်ဆေးကုသမှုတောင် ခက်လာနိုင်တဲ့အခြေအနေရယ်၊

၂။ မြန်မာကနေ ထွက်ဖို့ လေယာဉ်ခရီးစဉ်တွေကို ကြိုတင်အသိပေးခြင်းမရှိဘဲ ရပ်ဆိုင်း လိုက်တာမျိုး ဖြစ်လာနိုင်တဲ့အခြေအနေရယ်၊

ကြောင့် ဗြိတိနိုင်ငံသားတွေကို မြန်မာနိုင်ငံက ထွက်ခွာဖို့ အကြံပေးကြောင်း သတင်းထုတ်ပြန်လိုက်ပါတယ်။

အဲဒီသတိပေးချက်မှာပဲ သံရုံးဝန်ထမ်းအချို့နဲ့ မှီခိုသူတွေကိုလည်း ရုပ်သိမ်းနေကြောင်းဖော်ပြထား ပါတယ်။

လက်ဆေးမယ်ဆိုရင် ပဲခူးကို သတိရပါ

နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ လူစုလူဝေး နဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မလုပ်ဖို့ ညွှန်ကြားတယ်။

ပဲခူးတိုင်းဝန်ကြီးချုပ်ကတော့ မတ်လ ၁၆ ရက်နေ့ပဲခူးတက္ကသိုလ်မှာ တောင်သူတွေနဲ့ တွေ့ဆုံပွဲ လုပ်တယ်။

သမ္မတရုံးညွှန်ကြားချက်နဲ့ ကွဲလွဲနေပေမယ့် ကိုရိုနာ ဗိုင်းရပ် ကာကွယ်၊ထိန်းချုပ်ရေးကို အထောက် အကူပြုတဲ့အနေနဲ့

“ လက်ဆေးဖို့ ပိုက်ဆံမရှိရင် သူ့ဆီလာတောင်းပါ” လို့ ပြောတဲ့အကြောင်း သတင်းမှာဖတ် ရတယ်။

ဒါ့ကြောင့်လည်း ပဲခူးဟာ နာမည်ကြီးတာပဲ။

လက်သန့်စင်ဆေးရည်တွေ ဈေးတက်မှာမပူနဲ့ ပဲခူးဝန်ကြီးချုပ်ရှိတယ်။

နိုင်ငံတကာ ဗိုင်းရပ်စ်သတင်း ( ၁၇ မတ် ၂၀၂၀)

၁။ မတ်လ ၁၆ ရက်နေ့ညနေ မှာ မလေးရှားအစိုးရက မတ်လ ၁၈ ရက်နေ့ကနေ ၃၁ ရက်နေ့ အထိ မလေးရှားနိင်ငံထဲကို အပြင်ကနေလည်း ဝင်ခွင့်မပြုဘူး။ အထဲကလည်း ထွက်ခွင့်မပြုဘူး လို့ ကြေညာခဲ့တယ်။ နိုင်ငံပြင်ပရောက် မလေးရှားနိုင်ငံသားတွေ ပြန်လာရင် (၁၄) ရက် သီးခြားခွဲ ခြားထိန်းသိမ်းခံရမယ်လို့ ကြေညာခဲ့ပါတယ်။

၂။ မလေးရှားအစိုးရကဘာသာရေးအခမ်းအနားတွေ၊ ဆုတောင်းပွဲတွေ၊ အားကစားပွဲတွေ အားလုံးပိတ်ပင်ခဲ့တယ်။ ဘုရင်ကလည်း သောကြာနေ့ဝတ်ပြုမှုတွေကို ဆိုင်းငံ့ထားဖို့ အမိန့် ထုတ်ခဲ့တယ်။ ရုံးတွေ၊ ဈေးဆိုင်တွေ၊ ရုပ်ရှင်ရုံတွေပိတ်ထားရမယ်။ အစိုးရရုံးတွေမှာလည်း အများ ပြည်သူဝန်ဆောင်မှုအတွက် မဖြစ်မနေလိုတဲ့ ရုံးတွေပဲဖွင့်မယ်။ ဆူပါမားကက်၊မီနီမားကတ်တွေ နဲ့ စတိုးဆိုင်လေးတွေကိုတော့ ဖွင့်ခွင့်ပြုတယ်။

၃။ စင်္ကာပူနိုင်ငံမှာတော့ မလေးရှားနယ်စပ်ကို ပိတ်လိုက်တဲ့အတွက် စားနပ်ရိက္ခာအတွက် စိုးရိမ် ပူပန်ပြီး အလုအယက်ဈေးဝယ်မှုတွေဖြစ်ခဲ့တယ်။ ဒါပေမယ့် အစိုးရ အစီအစဉ်နဲ့ လူတစ်ယောက် ချင်း ဝယ်ယူခွင့်ရှိတဲ့အရေအတွက်ကို ကန့်သတ်တာတွေလုပ်ခဲ့သလို ကုန်သွယ်ရေးနဲ့ စက်မှု ဝန်ကြီးဌာန ဝန်ကြီး Chan Chun Sing စင်္ကာပူအစိုးရအနေနဲ့ လူထု အခြေခံလိုအပ်ချက်တွေ ကို သုံးလစာစုဆောင်းထားပြီးကြောင်း နဲ့ လူထု အနေနဲ့ စိတ်ပူဖို့မလိုကြောင်း ပြောခဲ့တယ်။

၄။ ဒီနေ့ညနေမှာတော့ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက မလေးရှားဝန်ကြီးချုပ်နဲ့ ဖုန်းပြောပြီး ဖြစ်တဲ့အကြောင်းနဲ့ မလေးရှားဘက်က ကုန်စည်စီးဆင်းမှု မပြတ်ဖို့အာမခံခဲ့တဲ့ အကြောင်း သူ့ကိုယ်ပိုင်ဖေ့စ်ဘွတ်စာမျက်နှာကနေ ပြည်သူကို အသိပေးခဲ့တယ်။

၅။ အမေရိကန်နိုင်ငံမှာတော့ သမ္မတ ထရမ့်က ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စည်းမျဉ်းအသစ်တွေ ထုတ်ပြန်ခဲ့ရာမှာ လူဆယ်ဦးထက် ပိုပြီး စုဝေးတာမလုပ်ဖို့နဲ့ လာမယ့် ၁၅ ရက်အတွင်းမှာ လူစု လူဝေးနဲ့လုပ်ဆောင်တာတွေ ရှောင်ကျဉ်ဖို့ ဆိုတဲ့အချက်တွေပါတယ်။

၆။ ပြင်သစ်နိုင်ငံမှာတော့ သမ္မတက ဒီနေ့ (မတ်၁၇) နေ့လည်မှာ တစ်နိုင်ငံလုံး မှာ အစားအသောက်ဝယ် ဖို့ ၊အလုပ်သွားဖို့နဲ့ ဆေးကုသခံယူဖို့ကလွဲရင် အိမ်ပြင်မထွက်ရ အမိန့် ထုတ်ခဲ့တယ်။ ဒီအမိန့် ကို အကောင်အထည်ဖော်ဖို့အတွက် ရဲတပ်ဖွဲ့အင်အားတစ်သိန်းကို အသုံးပြုမယ်လို့လည်း ဆိုတယ်။ တစ်ချိန်တည်းမှာပဲ စီးပွားရေးကျဆင်းမှုကို ကယ်တင်ဖို့အတွက် ယူရို ၄၅ ဘီလျံသုံးမယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။

၇။ နယူးဇီလန်နိုင်ငံအစိုးရကတော့ စီးပွားရေးကျဆင်းမှုကို ကယ်တင်ဖို့အတွက် ဒေါ်လာ ၇ ဘီလျံ ကျော်အသုံးပြုမယ်လို့ ကြေညာခဲ့တယ်။

ကိုးကား
စထရိတ်တိုင်းမ်း၊ စီအင်န်အေ၊ ရိုက်တာ၊ အေအက်ဖ်ပီ

ဗိုင်းရပ်စ် နဲ့ ပြည်သူ


မနေ့ည ( မတ်လ ၁၆ ) ၈နာရီသတင်းအပြီးမှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကိုရို နာ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသ ရေးနဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးဆိုင်ရာ အခြေအနေများ နဲ့ လူထုကို အစီရင်ခံတင်ပြတဲ့ မိန့်ခွန်းကို ထုတ်လွှင့်ခဲ့တယ်။
တကယ်တော့ မတ်လ ၁၂ ရက်နေ့ ည ရန်ကုန် မြို့သူမြို့သားတွေ ထိတ်လန့်ပြီး ဈေးဝယ်တာတွေ ဖြစ်ခဲ့ပြီး မတ်လ ၁၃ ရက်နေ့မှာ သမ္မတ ၊ ဒါမှမဟုတ် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ တစ်ဦးဦးက ပြည်သူ လူထုကို မိန့်ခွန်းပြောမယ်လို့ မေ ျှာ်လင့်ခဲ့ပေမယ့် မတ်လ ၁၆ ရက်နေ့ ည မှာပဲ ဒီမိန့်ခွန်းကို ကြားခဲ့ရတယ်။
အခုအချိန်မှာ လူတွေရဲ့ အဓိက စိုးရိမ်မှုက “ ရောဂါဖြစ်ရင် နေရေး၊ စားရေး၊ သွားလာရေး၊ ကုသရေး” တွေ ဘယ်လိုဖြစ်မလဲဆိုတာပါပဲ။ အစိုးရက စားနပ်ရိက္ခာလုံလောက်တယ်လို့ ပြောနေ ပေမယ့် အဲဒီ စားနပ်ရိက္ခာကို ဝယ်စားဖို့အတွက် ငွေရှိပါ့မလားဆိုတာ စိုးရိမ်တယ်။ ဆေး ရုံ တွေက လူနာတွေကို နိုင်နိုင်နင်းနင်း ကုသနိုင်ပါ့မလားလို့ စိုးရိမ်တယ်။ ဝန်ပိပြီး ကျန်းမာရေး ဝန်ထမ်း တွေ ပါ ပုံလဲသွားမှာကို စိုးရိမ်တယ်။ စက်ရုံတွေ၊စားသောက်ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေ ပိတ်သွားပြီး အလုပ်လက်မဲ့ဖြစ် မှာကြောက်တယ်။
အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းကလည်း အဲဒီ စိုးရိမ်မှုတွေ ပပျောက်သွားအောင် နိုင်ငံတော်က ဘာတွေ ပြင်ဆင်ထားသလဲ ဆိုတာကို ရှင်းပြတာ ပါပဲ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို အစိုးရ ဆောင်ရွက်ချက်၊ စီးပွားရေး၊ သတင်းထုတ်ပြန်ရေး ၊ ရန်ပုံငွေ နဲ့ ပြည်သူ ဆိုပြီး အပိုင်း ငါးပိုင်းခွဲပြီး လေ့လာနိုင်ပါတယ်။
အစိုးရဆောင်ရွက်ချက်
အစိုးရဆောင်ရွက်ချက်နဲ့ပတ်သက်ပြီး အခုလို ပြောထားပါတယ် –
၁။ ဒီရောဂါကို ကာကွယ်နိုင်ဖို့ ဇန်နဝါရီ ၃၀ ထဲကစပြီး ဒီရောဂါဖြစ်လာရင် ရင်ဆိုင်နိုင်ဖွယ်ရှိတဲ့ ကျန်းမာရေး၊ လူမှုရေး၊စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုတွေကို ကာကွယ်နိုင်ဖို့ ဗဟိုကော်မတီဖွဲ့ခဲ့ တယ်။
၂။ ကျန်းမာရေး၊ စီမံ/ဘဏ္ဍာ၊ စီးပွားကူးသန်း နဲ့ အခြားဆက်စပ်ဝန်ကြီးဌာနတွေ ညှိနှိုင်းဆောင်ရွက် ခဲ့တယ်။ ဌာနအလိုက်ဆောင်ရွက်ချက်တွေကို ပြည်သူတွေထံ အသိပေးဖို့ စီစဉ်ထားတယ်။
၃။ မတ်လ ၁၃ ရက်နေ့မှာ ဒီကိစ္စကို ထိထိရောက်ရောက်ကိုင်တွယ်နိုင်ဖို့ ဗဟိုကော်မတီကို အမျိုး သားအဆင့် တိုးမြှင့်ဖွဲ့စည်းခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဥက္ကဋ္ဌ တာဝန်ယူထား တယ်။
၄။ မတ်လ ၁၃ ရက်နေ့မှာ နိုင်ငံတော် သမ္မတရုံးက ပြည်သူသို့ ပန်ကြားချက်ထုတ်တယ်။ သင်္ကြန် အပါအဝင် လူစုလူဝေးနဲ့လုပ်တဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မလုပ်ဖို့ ညွှန်ကြားချက် ထုတ်တယ်။ ဝန်ကြီးဌာနတွေကလည်း ကိုယ်နဲ့ ဆိုင်တဲ့ကိစ္စတွေကို အခါအားလျော်စွာ ညွန်ကြား ချက်ထုတ်တယ်။
စီးပွားရေး
စီးပွားရေးကတော့ လူတွေအစိုးရိမ်ဆုံးကိစ္စပဲ။ ဗိုင်းရပ်စ် ပိုး မြန်မာနိုင်ငံမရောက်သေးပေမယ့် တရုတ် အပါအဝင် နိုင်ငံတကာမှာဖြစ်နေတဲ့ စီးပွားရေးကျဆင်းမှု ဂယက်က မြန်မာနိုင်ငံကိုရောက် နေပြီဆိုတော့ သူဋ္ဌေးကနေ လမ်းဘေးဈေးသည်အထိ အားလုံးမှာ စိုးရိမ်စိတ်ရှိတယ်။
ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးရိုက်ခတ်မှုဒဏ်ကို ကုစားနိုင်ဖို့ အတွက် အခုလို ဆောင်ရွက် မယ့် အကြောင်းပြောထားတယ်။
၁။ တတ်နိုင်သမ ျှ အလုပ်သားတွေ အလုပ်လက်မဲ့မဖြစ်ဖို့၊ စက်ရုံတွေ လည်ပတ်နိုင်ဖို့နဲ့ စီးပွားရေး လည်ပတ်မှုကို ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ အခွန်အကောက်ဖြေလေ ျှာ့ခြင်း၊ အတိုးနှုန်း လေ ျှာ့ချ ခြင်းတွေဆောင်ရွက်မယ်။
၂။ ထိခိုက်မှုအများဆုံးကြုံနိုင်တဲ့ CMP စနစ်နဲ့လုပ်နေတဲ့လုပ်ငန်းတွေ၊ ဟိုတယ်နဲ့ ခရီးသွားလုပ် ငန်း၊ အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းများ အတွက် အထူးသက်သာတဲ့ အတိုးနှုန်း နဲ့ ချေးငွေတွေ၊ အခွန်ကင်းလွတ်ခွင့်တွေ စီမံပေးသွားမယ်။
၃။ ပို့ကုန်လုပ်ငန်းတွေကနေ ကြိုတင်ကောက်ခံတဲ့ ဝင်ငွေခွန် ၂% ကိုလည်း အခု ဘဏ္ဍာနှစ်ကုန် အထိ ကင်းလွတ်ခွင့်ပေးသွားမယ်။
သတင်းထုတ်ပြန်ရေး
သတင်းထုတ်ပြန်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဝန်ကြီးဌာန အသီးသီးအနေနဲ့ ညွှန်ကြားချက်ထုတ်တာ၊ ညွှန်ကြားချက်ရဲ့ ရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြခြင်းတွေ တစိုက် မတ် မတ်လုပ်သွားမယ်လို့ ကတိပေးသွားတယ်။
ဒီလိုကတိပေးတာဟာ ကြိုဆိုရမယ့်အချက်ပါပဲ။ သတင်းထုတ်ပြန်ချက်တွေကို မှန်မှန် နဲ့ မြန်မြန် သာ လုပ်ဆောင်နိုင်ရင် မတ်လ ၁၂ ရက်နေ့ ဖြစ်စဉ် နဲ့ မတ်လ ၁၅ ရက်နေ့ကစပြီး ပြည်ပခရီးသွားတွေ အပေါ် ကန့်သတ်ချက်တွေသတ်မှတ်တာကို မတ်လ ၁၅ ရက်နေ့ ည ကျမှ နိုင်ငံခြားရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်နဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ထုတ်ပြန်တာမျိုးကို ရှောင်ရှား နိုင်မှာဖြစ်ပါတယ်။
ရန်ပုံငွေ
ကိုရိုနာ ဗိုင်းရပ်စ် ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသ နိုင်ဖို့ ဆောင်ရွက်နေတဲ့ နိုင်ငံတိုင်းမှာ ကာကွယ်ရေး၊ ကုသရေး၊ စီးပွားရေး နလံထူ ရေး စတာတွေနဲ့ပတ်သက်ပြီး ပြည်သူလူထု ယုံကြည် မှုရှိအောင် ၊ စိတ်အေးရအောင် အရေးပေါ် ရန်ပုံငွေ ဘယ်လောက်သုံးမလဲဆိုတာကို ထုတ်ပြန် ကြေညာကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာလည်း ရန်ပုံငွေနဲ့ပတ်သက်ပြီး အခုလို ပြောထားပါ တယ် –
၁။ COVID 19 ကာကွယ် ကုသ ထိန်းချုပ်ရေးဆိုင်ရာ ရန်ပုံငွေ တစ်ရပ်ကို ထူထောင်သွား မယ်။
၂။ စေတနာရှင် ပြည်သူများအနေနဲ့ မိမိတို့ တတ်နိုင်သမ ျှ ထည့်ဝင်လှုဒါန်းနိုင်ဖို့ တိုက်တွန်း ပါတယ်။
ပြည်သူလူထုကို ရန်ပုံငွေထည့်ဝင်ဖို့ တိုက်တွန်းပေမယ့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကိုရိုနာ ရောဂါ နဲ့ပတ်သက်ပြီး အစိုးရက ဘယ်လောက် သုံးစွဲမယ်ဆိုတာ တိတိ ကျကျ ပြောမသွားဘူး။ သမ္မတ အရေးပေါ်ရန်ပုံငွေကနေ သုံးဖို့ အစီအစဉ် ရှိ ၊ မရှိဆိုတာလည်း ထည့်ပြောမသွားဘူး။ ကျန်း မာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ပုံမှန် ဘတ်ဂျက်ဟာ အခုလို အရေးပေါ်အခြေအနေအတွက် လုံ လောက်မှုမရှိဘူးဆိုတာ လူတိုင်းသိနေတဲ့အတွက် နောက်ထပ် အရေးပေါ်ရန်ပုံငွေ ဘယ် လောက် သုံးမလဲဆိုတာမျိုးကို တိတိကျကျ ပြောရင်တော့ ပိုကောင်းတာပေါ့။
ပြည်သူ
ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းနိဂုံးချုပ်မှာ ကိုရိုနာ ဗိုင်းရပ်စ် ရောဂါ ကာကွယ်၊ ၊ထိန်းချုပ်၊ ကုသရေးမှာ ပြည်သူတွေရဲ့ အခန်းကဏ္ဍ အရေးကြီးပုံကို အခုလို ပြောထားပါတယ် –
၁။ ရောဂါ ကာကွယ်ထိန်းချုပ်ရေး၊ ရောဂါဆိုးကျိုး တတ်နိုင်မ ျှ နည်းပါးစေရေးအတွက် ပြည်သူက အဓိက ပဲ။
၂။ ပြည်သူတွေ ပူးပေါင်းပါဝင်မှာ အောင်မြင်မယ်ဆိုတာ ကျွန်မ အကြိမ်ကြိမ်ပြောခဲ့ဖူးတယ်။ COVID 19 နဲ့ပတ်သက်ရင် ဒီစကားကို အထူး အလေးထားစေလိုပါတယ်
၃။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာဖို့၊ သတင်းမှားတွေ မပြန့်ပွားရေးမှာလည်း ပြည်သူက အဓိက ပဲ။
၄။ အစိုးရိမ်လွန်ပြီး စားနပ်ရိက္ခာစုဆောင်းရေးကဲ့သို့သော မတည်ငြိမ်တဲ့လုပ်ရပ်တွေ မဖြစ်ဖို့ လည်း ပြည်သူတွေက အဓိကပဲ။
၅။ မြန်မာနိုင်ငံဟာ အရင်းအမြစ်ကြွယ်ဝတဲ့ နိုင်ငံကြီးများနဲ့ ယှဉ်ပြိုင်စေနိုင်တဲ့ “ ပြည်သူ သာလ ျှင် အဓိက ” ဆိုတဲ့ အင်အားနဲ့ ပြည့်ဝနေတယ်ဆိုတာကို အခု ကမ္ဘာ့ကပ်ရောဂါကြီးကို ရင်ဆိုင်ရာ မှာ သက်သေပြကြပါ။
လိုနေတဲ့ အချက်တွေ
ကျွန်တော်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းမှာ အောက်ပါ အချက်တွေသာ ပါဝင်မယ် ဆိုရင် လူထုအနေနဲ့ပိုပြီး အားတက်မယ်၊ ယုံကြည်မှုတွေအားကောင်းလာမယ်လို့ မြင်မိတယ် –
၁။ တကယ်လို့များရောဂါဖြစ်ပွားလာခဲ့ရင် ကုသနိုင်ဖို့ ပြင်ဆင်ထားတဲ့အခြေအနေ။ ( ဦးဇော် ဌေးရဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီအချက်ကို သတင်းထောက်တွေက မေးတဲ့အချိန်မှာ တိ တိကျကျ မပြောခဲ့ဘူး။ ဝန်ကြီးဌာနက စီစဉ်ထားပါတယ်ဆိုတဲ့ သဘောပဲ ပြောခဲ့တယ်။ )
၂။ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်း အဆင့်ဆင့် အတွက် လုံခြုံမှုအကာအကွယ်များ၊ သူတို့ကို ရောဂါကူးစက်ခဲ့ရင် ဆောင်ရွက်ပေးမယ့် အခြေအနေများ။
၃။ လက်ရှိဆောင်ရွက်နေတဲ့ ကာကွယ်ထိန်းချုပ်မှုအစီအစဉ်တွေကြောင့် စီးပွားရေး ထိခိုက်မှု ကို စတင်ခံစားနေရတဲ့ လုပ်ငန်းများ၊ လခစားလုပ်သားများ၊ နေ့စားဝန်ထမ်းများ ၊ ဈေးသည်များ အတွက် ကူညီထောက်ပံ့မှု အစီအစဉ်များ။
၄။ အရေးပေါ်အခြေအနေအတွက် ကျန်းမားရေး၊ စီးပွားရေး ကဏ္ဍတွေမှာ အစိုးရက သုံးစွဲမယ့် ရန်ပုံငွေပမာဏ။
၅။ ကုန်ဈေးနှုန်းမတက်အောင် ထိန်းချုပ်မယ့်အစီအစဉ်။
သို့သော် ဘာပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကြောင့် ပြည်သူလူထုအနေနဲ့ ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်၊ ကုသ ၊ ထိန်းချုပ်ရေး မှာ “ငါတို့က အဓိကပဲ၊ ငါတို့မှာ တာဝန်ရှိတယ်၊ ကိုယ့်ကိုယ်ကိုယ်သာ အား ကိုးရာပဲ” ဆိုတာကို နားလည်သွားတာကတော့ အမြတ်ပါပဲ။
မိန့်ခွန်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်ရှုနိုင်ပါတယ်။
https://www.facebook.com/state.counsellor/

နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၆ မတ် ၂၀၂၀ )

၁။ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး နမူနာကို အမေရိကန်နိုင်ငံ ဆီယက်တဲလ်မြို့မှာ ဒီနေ့ (မတ်လ ၁၆ ရက်) စမ်းသပ်မှုတွေ စတင်လုပ်ဆောင်မယ်လို့ အမည်မဖော်တဲ့ အမေရိကန်အစိုးရအရာရှိတစ်ဦးကို ကိုးကားပြီး အေပီ သတင်းမှာဖော်ပြခဲ့ပါတယ်။ ကာကွယ်ဆေးကို ဆန္ဒအလျောက်ပါဝင်သူ ၄၅ ဦး မှာစမ်းသပ်မယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကာကွယ်ဆေးကို ချက်ခြင်းအသုံးပြုနိုင်မှာမဟုတ်ဘူး။ ဘေးထွက် ဆိုးကျိုး အပါအဝင် အခြေအနေအမျိုးမျိုးအတွက် စမ်းသပ်ရမှာဖြစ်ပြီး လက်တွေ့အသုံးပြုနိုင်ဖို့အတွက် အနည်းဆုံးတစ်နှစ်လောက်အချိန်ယူရမယ်လို့လည်း ဆိုပါတယ်။

၂။ တစ်နိုင်ငံလုံးမှာ ခရီးသွားလာမှု၊ အိမ်ပြင်ထွက်မှုတွေကို ကန့်သတ်ထားပေမယ့် အီတလီ နိုင်ငံမှာ မနေ့က တစ်နေ့ထဲမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ ၃၆၈ ဦး သေဆုံးခဲ့တယ်။ ဒါ ဟာ တစ်နေ့တည်းမှာ အများဆုံးသေဆုံးတဲ့အရေအတွက်ဖြစ်ပါတယ်။ အခုအချိန်ထိ အီတလီမှာ ရောဂါ ကြောင့်သေဆုံးသူ ၁၈၀၉ ဦးရှိပြီး ဒါဟာ တရုတ်နိုင်ငံအပြင်ဘက်မှာ သေဆုံး သူအရေအတွက်ထက်ဝက်ကျော်ဖြစ်ပါတယ်။ ပုတ်ရဟန်းမင်းကြီးကလည်း ဧပြီလ ၅ ရက်နေ့မှာ ကျင်းပမယ့် အီစတာပွဲတော်အခမ်းအနားတွေကို ဖျက်သိမ်းမယ်လို့ ပြောထားပါတယ်။

၃။ မလေးရှားနိုင်ငံ မနေ့က တစ်နေ့တည်းနဲ့ ရောဂါဖြစ်ပွားသူ ၁၉ ၀ ဦးကို စစ်ဆေးတွေ့ရှိခဲ့ တယ်။ ဒါဟာ တစ်နေ့တည်းမှာ အများဆုံးတွေ့ခဲ့တာဖြစ်ပြီး မလေးရှား အစိုးရက ဗလီတွေမှာ ဝတ်ပြုတာ အပါအဝင် ဘာသာသာရေး အခမ်းအနားတွေ လုပ်တာကို ဆယ်ရက်ပိတ်ပင်ခဲ့ပါတယ်။ အခုထပ်တွေတဲ့လူနာအများစုဟာ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ က မတ်လ ၁ ရက် အထိ ပြုလုပ်ခဲ့တဲ့ အစ္စလမ်ဘာသာရေးအခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ သူတွေဖြစ်ပါတယ်။ အဲဒီအခမ်းအနားကိုတက်ခဲ့သူ တစ်သောင်းခြောက်ထောင်ကျော်ရှိပြီး စင်္ကာပူ နဲ့ ဘရူးနိုင်းနိုင်ငံသားတွေလည်းပါပါတယ်။ အခုအချိန်ထိတော့ အခမ်းအနားတက်ခဲ့သူ ငါးထောင် နီးပါးကို ဖော်ထုတ်ရရှိထားပြီး စစ်ဆေးမှုတွေလုပ်ဆောင်နေပါတယ်။

၄။ စင်္ကာပူနိုင်ငံကတော့ ပြည်ပက ဝင်ရောက်လာမယ့် ခရီးသည်များအပေါ် တင်းကျပ်တဲ့ စည်းကမ်းချက်တွေ သတ်မှတ်ခဲ့သလိုပဲ စင်္ကာပူနိုင်ငံသားတွေကိုလည်း မသွားမဖြစ် သွားရ မယ့် ခရီးစဉ်ကလွဲရင် ကျန်တဲ့ခရီးစဉ်တွေကို တစ်လ ရွှေ့ဆိုင်းထားဖို့ အကြံပေးထားပါတယ်။

၅။ ထိုင်းနိုင်ငံမှာလည်း မနေ့က ရောဂါဖြစ်ပွားသူ ၃၂ ယောက်တွေ့ရှိခဲ့ပါတယ်။ ဒါဟာ လည်း တစ်နေ့တည်းမှာ အများဆုံးတွေ့တာဖြစ်ပါတယ်။ ရောဂါဖြစ်ပွားသူအများစုက လက်ဝှေ့ပွဲ နဲ့ နိုက်ကလပ် သွားခဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်။

ဦးထင်လင်းဦး

ဦးထင်လင်းဦးနဲ့ ဘယ်တုန်းကမှ သဘောထားချင်း၊ အယူအဆချင်းမတူခဲ့ဘူး။
ဒါပေမယ့် ယုံကြည်ချက်အတိုင်း ရပ်တည်နိုင်၊ ပြောနိုင်တဲ့သူတွေ နိုင်ငံရေး လောက ထဲက ထွက်ခွာသွားတာကိုလည်း မမြင်ချင်ဘူး။
အယူအဆမတူတဲ့သူတွေ၊ သဘောထားချင်းမတိုက်ဆိုင်တဲ့သူတွေ ရှိနေတာဟာ ကိုယ့်အတွက် ပြဿနာတွေကို အခြားရှုထောင့်က တွေးနိုင်အောင် အထောက်အကူပြုတယ်လို့ပဲခံယူပါတယ်။
ဒ့ါကြောင့်လဲ ကျွန်တော့်ဖေ့စ်ဘွတ်မိတ်ဆွေစာရင်းထဲမှာ ကျွန်တော့်ကို ဝေဖန်တဲ့အဆင့်မဟုတ်ဘူး ၊ ငါ နဲ့ ၊ မအေ နဲ့ကိုင်ပြီးဆဲတဲ့သူတွေတောင်ရှိတယ်။ ဒါပေမယ့် သူရိုင်းတာက သူ့အဆင့်အတန်းပဲ၊ နိုင်ငံရေး၊ စီးပွားရေး နဲ့ပတ်သက်ရင် သူ့အယူအဆတွေ သိရတာက ငါ့အတွက် အမြတ်ပဲဆိုပြီး စာရင်းမဖျက်ဘဲ ထားပါ တယ်။
နိုင်ငံရေးလောကကို စွန့်ခွာသွားပေမယ့် သတင်းသမားတစ်ယောက် အနေနဲ့ တန်ဖိုးရှိတဲ့ဝေဖန်ထောက်ပြမှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ပါ တယ်။