ဂမ်ဘီယာ – မြန်မာ (၄)

မနေ့ ( ဒီဇင်ဘာ ၁၂ ) ရက်နေ့က ဂမ်ဘီယာ နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်ဘက်လုံးက အပြီးသတ် လေ ျှာက်လဲချက်ပေးခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ က ဂမ်ဘီယာအတွက် အရေးကြီး တဲ့ နေ့ဖြစ်ပါတယ်။ ပထမအကြိမ်လေ ျှာက်လဲချက်ပေးတဲ့အချိန်မှာ မြန်မာက ဒုတိယပေးရတဲ့ အတွက် ရှေ့က ဂမ်ဘီယာလေ ျှာက်ထားချက်အပေါ်မူတည်ပြီး ပြင်ဆင်ချေပနိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဂမ်ဘီယာအနေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာ လေ ျှာက် ထားချက်အပေါ် ထိထိရောက်ရောက်ချေပနိုင်ဖို့ လိုအပ်လာပါတယ်။ လက်တွေ့မှာလည်း ဂမ်ဘီယာဘက်က ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချခဲ့တာတွေ့ရပါတယ်။

ဂမ်ဘီယာ

ဂမ်ဘီယာရဲ့လေ ျှာက်လဲချက်ကို MR.Reichler က ဦးဆောင်ခဲ့ပါတယ်။

ဂမ်ဘီယာရဲ့ လေ ျှာက်လဲချက်မှာ အပိုင်းနှစ်ပိုင်းပါပါတယ်။ ပထမတစ်ပိုင်းက မြန်မာဘက်က ပြော ဆိုခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ဖို့အတွက် ရည်ရွယ်ချက်မရှိဘူူးဆိုတာ မဟုတ်တဲ့ အကြောင်း ချေပတာဖြစ်ပါတယ်။ ဒုတိယတစ်ပို်င်းကတော့ မြန်မာဘက်က ပြောဆိုခဲ့တဲ့ ပြည်တွင်း မှာပဲ ဖြေရှင်းနိုင်တဲ့ စွမ်းရည်ရှိတဲ့အတွက် ကြားဖြတ်တားဆီးမိန့်ထုတ်ပြန်ဖို့မလိုဘူးဆိုတဲ့အချက် ကို ချေပတာဖြစ်ပါတယ်။

ဒီအထဲမှာ Mr. Reicheler ရဲ့ လေ ျှာက်ထားချက်က အဓိကပဲ။ ဂမ်ဘီယာအနေနဲ့ ဒီဇင် ဘာ ၁၁ ရက်နေ့ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်ပြောဆိုချက်ဟာ တရား သူကြီးတွေအပေါ်မှာ အကျိုးသက်ရောက်မှုအများကြီးရှိနိုင်တာကို သိပါတယ်။ ဒါ့ကြောင့်လည်း Mr.Reichler က ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက်တွေကို ပြန်ကောက်နှုတ်ပြီးအောက်ပါ အတိုင်း ချေပ ပြော ဆိုခဲ့တာကို တွေ့ရပါတယ်။

၁။ တပ်မတော်က ရိုဟင်ဂျာတွေကို ရက်ရက်စက်စက်ပြုမူခဲ့တယ် ဆိုတဲ့အချက်ကို မြန်မာ ဘက်က မငြင်းဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “ အင်အားမမျှမတ သုံးစွဲခဲ့မှုတွေ မရှိခဲ့ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။” လို့ ဝန်ခံခဲ့တယ်။

၂။ တပ်မတော်အနေနဲ့ ဒီပြစ်မှုတွေကို စနစ်တကျ စုဖွဲ့ဆောင်ရွက်ခဲ့ဖြစ်တယ်ဆိုတဲ့ အချက်နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာ ရွာပေါင်း ၃၉ ၂ ရွာကို လုံးဝဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းဖြစ် စေ ဖျက်ဆီးခဲ့တဲ့ဆိုတာကို မြန်မာဘက်က ငြင်းပယ်တာမျိုးမလုပ်ခဲ့ဘူး။

၃။ နယ်မြေရှင်းလင်းမှုစစ်ဆင်ရေးတွေအတွင်း အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ အနိုင် အထက်ပြုကျင့်မှုတွေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရော၊ ရှေ့နေတွေကပါ တစ်ခွန်း တစ်ပါဒမှမပြောခဲ့ဘူး။ ဒီကိစ္စတွေက ငြင်းလို့မရသလို နှုတ် ကပြောဖို့တောင် မလွယ်တဲ့ ကိစ္စ တွေဖြစ်တယ်။ ဒါ့ကြောင့် မြန်မာဘက်က လုံးဝလျစ်လျူရှုထားလိုက်တယ်။

၄။ မြန်မာအရာရှိတွေနဲ့ အခြားသူတွေက ( ရိုဟင်ဂျာ) တွေအပေါ် ခွဲခြားဆက်ဆံရာ ရောက် တဲ့၊ လူမျိုးရေးအရ နှိမ့်ချစော်ကားတဲ့စကားတွေပြောခဲ့တာနဲ့ပတ်သက်ပြီး မြန်မာဘက်က မငြင်းပါ ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က “ အမုန်းတရားအခြေခံတဲ့ ပြောဆိုချက်များသာလျင် အမုန်းစကားအဆင့်သာ မဟုတ်တော့ဘဲ အသိုက်အဝန်းများအကြား အလွန်အကျွံ ကွဲပြားမှုများ ဖြစ်ပေါ်စေနိုင်တဲ့ အသုံးအနှုန်း ပြောဆိုချက်တွေဟာလည်း အမုန်းစကားတွေလို သဘောမျိုးပင် သက်ရောက်စေပါတယ်။” လို့ ဝန်ခံထားတယ်။ ( ဒီအချက်နဲ့ပတ်သက်ပြီး တပ်ချုပ်ရဲ့ဖေ့ဘွတ်စာမျက်နှာမှာ အစိုးရအဆက်ဆက် မဖြေရှင်းနိုင်တဲ့ ဘင်္ဂလီ ပြဿနာ ကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေတယ်။ ဒီနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးဆိုတာမရှိဘူး လို့ရေးထားချက်ကို သက် သေအဖြစ်ပြသခဲ့တယ်။ )

၅။ ခွဲခြားဆက်ဆံတဲ့ အစီအစဉ်တွေ၊ မူဝါဒတွေ (နိုင်ငံသားဥပဒေ၊ နိုင်ငံသားစိစစ်မှု )နဲ့ အစိုးရ က မြေသိမ်း၊ မြေညှိပြီး လူနည်းစုတွေပြန့်နှံ့နေထိုင်မှုပုံစံပြောင်းသွားအောင် လုပ်ဆောင်နေတာ တွေ နဲ့ပတ်သက်လို့လည်း မြန်မာဘက်က မငြင်းနိုင်ခဲ့ဘူး။ ဒေါ်အောင်ဆန်းစုကြည်က လူမျိုး ၊ ဘာသာမခွဲခြားဘဲ မွေးစာရင်းထုတ်ပေးနေပါတယ်လို့ပြောခဲ့တယ်။ မွေးစာရင်းဟာ နိုင်ငံသား ဖြစ် မှုမဟုတ်ဘူး။ မြေတွေသိမ်းတာနဲ့ပတ်သက်လို့ တစ်ခွန်းမှ ပြောမသွားဘူး။

၆။ အစိုးရအနေနဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်ပြီး အမုန်းစကားပြောကြားမှုတွေ၊ ရှုံ့ချပြောဆိုမှု တွေကို တားဆီးမှုမရှိဘူး။ ဒါတွေနဲ့ပတ်သက်ပြီးလည်း မငြင်းနိုင်ခဲ့ဘူး။

၇။ အစိုးရအနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာဥပဒေတွေကို ချိုးဖောက်နေမှုအပေါ် ထိထိရောက်ရောက် အရေးယူဆောင်ရွက်မှု မရှိ ဘူး။ ဒီအချက်ကတော့ လူမျိုးတုံးသတ်ဖြတ်ဖို့အတွက် ရည်ရွယ်ချက်ရှိတယ်ဆိုတာကို ပြသတဲ့ ကိစ္စ ဖြစ်လို့ မြန်မာဘက်က အလေးထားပြီး ငြင်းချက်ထုတ်ခဲ့တယ်။ ဒါပေမယ့် ပြစ်မှုကျူးလွန်တယ် လို့ စွပ်စွဲခံထားရတဲ့ စစ်ခေါင်းဆောင်တွေက ကိုယ့်စစ်သားတွေကိုဘယ်လို ထိထိရောက်ရောက် အရေးယူမှာလဲ။ အင်းဒင်လူသတ်မှုအကြောင်းရေးတဲ့သတင်းထောက်တွေထောင်ကျခံရပြီး ပြစ်မှု ကျူးလွန်တဲ့စစ်သားတွေက လွတ်ငြိမ်းခွင့်ရသွားတယ်။ ဒီအချက်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ် တိုင်ဝန်ခံခဲ့တယ်။ မန်စီ စစ်တရားရုံးအကြောင်းပြောသွားခဲ့တယ်။ ဒါဟာ ရခိုင်မှာဖြစ်တာမဟုတ် ဘူး။ ရိုဟင်ဂျာတွေအပေါ် ပြစ်မှုကျူးလွန်တာမဟုတ်ဘူး။ ဂူတာပြင် ခုံရုံးက ဂမ်ဘီယာက တရားရုံး ကို လေ ျှာက်ထားပြီး နှစ်ပတ်အကြာ၊ အခုကြားနာမှုမစခင် နှစ်ပတ်အလိုမှာမှ ဖွဲ့စည်းတာပါ။ တိုက် ဆိုင်မှုလား။

ဒါ့အပြင် မြန်မာဘက်က ဒုက္ခသည်တွေပြန်လက်ခံဖို့အစီအစဉ်ရှိတယ်ဆိုတာဟာ လက်တွေ့မှာ အကောင်အထည်မဖော်နိုင်ဘူး။ နည်းနည်းပဲပြန်လာတယ်ဆိုတာ ပါမောက္ခက Okowa ကိုယ် တိုင်က ဝန်ခံသွားတယ်။ ဒါ့ကြောင့် ရိုဟင်ဂျာတွေ ဂုဏ်သိက္ခာရှိရှိ၊ လုံလုံခြုံခြုံပြန်လာနိုင်ဖို့ အခြေ အနေမရှိသေးဘူးဆိုတာသေချာတယ်လို့ လေ ျှာက်ထားသွားတယ်။ Mr.Reichler က ဒေါ်အောင် ဆန်းစုကြည်အနေနဲ့ အာဆာနာမည်ကို အပြည့်အစုံရွတ်ပြတဲ့ တစ်ကြိမ်ပဲ ရိုဟင်ဂျာ ဆိုတာကို သုံး သွားတယ်။ ကျန်တဲ့အချိန်မှာ တစ်ခွန်းတောင်မပြောခဲ့ဘူးလို့ အပြစ်တင်သွားတယ်။

မြန်မာ

မြန်မာဘက်ကတော့ Mr. Staker က ဦးဆောင်ပြီး လေ ျှာက်ထားပါတယ်။ မြန်မာဘက် ကတော့ အချက်နှစ်ချက်ကို အဓိက ထားပြီးပြောတယ်။ ပထမအချက်ကတော့ ဂမ်ဘီယာဟာ အိုအိုင်စီ အဖွဲ့ရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့လုပ်နေတာဖြစ်တယ်၊ ကွန်ဗင်းရှင်းဝင် နိုင်ငံတစ်နိုင်ငံ အနေနဲ့ လေ ျှာက်ထားတာမဟုတ်ဘူး။ ဒါ့ကြောင့် တရားရုံးအနေနဲ့ လက်ခံစဉ်းစားဖို့မသင့်ဘူးဆိုတဲ့ အချက်ကို သက်သေပြတာဖြစ်ပါတယ်။ မြန်မာဘက်က ဂမ်ဘီယာဟာ ဒီအမှုနဲ့ပတ်သက်ပြီး လိုအပ်တဲ့ငွေကြေးတွေကို ဘယ်က ရသလဲဆိုတာ ပွင့်ပွင့်လင်းလင်းမပြောသေးဘူးဆိုတဲ့ အချက် ကို အထောက်အထားတွေနဲ့ထောက်ပြခဲ့ပါတယ်။

ဒုတိယအချက်ကတော့ မနက်ပိုင်းမှာ ဂမ်ဘီယာဘက်က လေ ျှာက်လဲထားတဲ့အချက်တွေကို ပြန် လည်ချေပပြီး လူမျိုးတုံးသတ်ဖြတ်ဖို့ ရည်ရွယ်ချက်မရှိကြောင်း ထပ်လောင်းသက်သေပြတာဖြစ် ပါတယ်။ ဒါ့အပြင် ဂမ်ဘီယာရဲ့ အချက်အလက်အမှားတွေကိုလည်းထောက်ပြခဲ့တယ်။ ဥပမာ တပ်ချုပ်ရဲ့ ဖေ့စ်ဘွတ်မှတ်ချက်နဲ့ပတ်သက်ပြီး ဂမ်ဘီယာက ဒီမှတ်ချက်ကို နယ်မြေရှင်းလင်းရေး တွေအရှိန်မြှင့်လုပ်ဆောင်နေချိန် ( ၂၀၁၇) မှာတင်ထားတာလို့ဆိုတယ်။ တကယ်တော့ ၂၀၁၇ မဟုတ်ဘူး ၂ စက်တင်ဘာ ၂၀၁၈ မှာရေးတာဖြစ်တယ်လို့ရှင်းခဲ့တယ်။

ဒီလိုပဲ ပါမောက္ခ Schabas က အယ်လ်ဂျာဇီးယားနဲ့ သူ့အင်တာဗျူးအကြောင်းပြောသွားတာ နဲ့ ပတ်သက်ပြီး ဂမ်ဘီယာဘက်က လိုတာကိုပဲ ဆွဲပြောသွားတယ်၊ အင်တာဗျူး အစအဆုံးကြည့်ရင် ဂမ်ဘီယာဘက်က ပြောသလိုမဟုတ်ဘူးဆိုတာကိုရှင်းပြခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ အဆုံးသတ်တင်ပြချက်ကို ခပ်တိုတိုပဲပြောခဲ့တယ်။ အဓိက ကတော့
၁။ အမေရိကန်နဲ့ ဗြိတိန်မှာ စစ်ဘက်တရားစီရင်ရေးရှိသလို မြန်မာနိုင်ငံမှာလည်း အခြေခံ ဥပဒေအရ စစ်ဘက်တရားစီရင်ရေးစနစ်ရှိတယ်။ မြန်မာနိုင်ငံမှာ အခြေခံဥပဒေကို အခြေပြုတဲ့ ဒီမိုကရေစီ စနစ် နဲ့ တရားဥပဒေစိုးမိုးရေးကို တည်ဆောက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ အခြေခံ ဥပဒေကို လျစ်လျူရှုထားလို့မရဘူး။

၂။ ရခိုင်ပြည်နယ်မှာ မျိုးနွယ်စုတွေကြား သဟဇာတဖြစ်ရေးနဲ့ပေါင်းစည်းရေးအတွက် ဆောင် ရွက်နေတဲ့ In Transformation Initiative” (ITI) ရဲ့ အောင်မြင်မှုတွေရနေပြီ။ ( ချစ်ကြည် ရေး ဘောလုံးပွဲဓာတ်ပုံတွေကို သက်သေပြတယ်။ )

၃။ တရားရုံးရဲ့ ဆုံးဖြတ်ချက်ဟာ မတူကွဲပြားမှုတွေကြားမှာ ညီညွတ်မှုကို တည်ဆောက်နိုင် ဖို့၊ မြန်မာပြည်သူတွေရဲ့ စွမ်းအားတွေကို အပြည့်အဝအသုံးချခွင့်ရဖို့၊ ထာဝရငြိမ်းချမ်းရေး နဲ့ ရေရှည် တည်တံ့မယ့်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်ဖို့အတွက်ပဲဖြစ်သင့်ပါတယ်။

ပြန်ချုပ်လိုက်ရင်

ဂမ်ဘီယာဘက်က လက်ရှိအခြေအနေအရ အလွန်အရေးကြီးနေပြီဖြစ်တဲ့အတွက် ကြားဖြတ် တား ဆီးမိန့်ထုတ်ပေးဖို့ လေ ျှာက်ထားတယ်။

မြန်မာဘက်က
၁။ ဂမ်ဘီယာရဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်းအရ အငြင်းပွားနေကြောင်း လေ ျှာက် ထားချက်ကို လုံးဝပယ်ချဖို့၊

၂။ အဲဒီလို ပယ်မချဘူးဆိုရင်တောင် ကြားဖြတ်တားဆီးမိန့်ထုတ်ပြန်ဖို့တောင်းဆိုချက်ကို ပယ်ချ ဖို့။

လေ ျှာက်ထားတယ်။

တရားရုံးဥက္ကဌ ကတော့ ဆုံးဖြတ်ချက်ချမယ့်ရက်ကို ပြန်ကြေညာမယ်၊ ဒီကြားထဲမှာ တရားရုံးအနေနဲ့ နောက်ထပ်သိလိုတဲ့အချက်တွေရှိရင် ကိုယ်စားလှယ်တွေ ( မြန်မာဘက်ဆိုရင် ဒေါ်အောင်ဆန်း စုကြည်) ကို ဆက်သွယ်မေးမြန်းမယ်လို့ ပြောခဲ့ ပါတယ်။

ဂမ်ဘီယာ- မြန်မာ (၃)

ပြီးခဲ့တဲ့ နှစ်ရက်မှာ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံဘက်က လေ ျှာက်လဲချက်တွေပေးခဲ့တယ်။ သူ့ဘက် ကိုယ့်ဘက် အားပေးသူတွေကလည်း ဘောလုံးပွဲအားပေးသလို အားပေးခဲ့ကြတယ်။ ကိုယ့်နိုင်ငံ က လေ ျှာက်လဲချက်ပေးတာအကောင်းဆုံးလို့ ထင်တယ်။ တစ်ဘက်ရဲ့ လေ ျှာက်လဲချက်ကို အမှုန့်ချေပစ်လိုက်နိုင်ပြီလို့ ယုံကြည်ကြတယ်။ မီဒီယာတွေ ကလည်း သူတို့သတင်းဌာနရဲ့ အယ်ဒီတာမူဝါဒတွေအရ အမြင်အမျိုးမျိုးကို ရေးကြတယ်။ ဒါပေမယ့် နောက်ဆုံးတော့အမှုကို အဆုံးအဖြတ်ပေးမှာကတော့ နိုင်ငံတကာတရားရုံးက တရားသူကြီးတွေပါပဲ။

တရားသူကြီးတွေဟာ သက်သေခံအထောက်အထားတွေရယ်၊ ဆက်စပ်နေတဲ့အကြောင်းအရာ တွေအပေါ်မှာ ပုဂ္ဂလိခံစားချက်မပါဘဲ တရားမ ျှတစွာဆုံးဖြတ်ပေးဖို့တာဝန်ရှိတယ်။ ဒါပေမယ့် တရားသူကြီးတွေဟာလည်း လူ့အသိုင်းအဝန်းထဲမှာနေထိုင်နေတဲ့ လူသားတွေပဲ၊ ဖန်ပေါင်း ချောင် ထဲမှာနေတာမဟုတ်ဘူး။ ဒီတော့ သူဖြတ်သန်းခဲ့ဘ၀ နဲ့ အတွေ့အကြုံတွေက သူ့ရဲ့ စဉ်းစားပုံ အပေါ်မှာ အတိုင်းအတာတစ်ခုအထိတော့ အကျိုးသက်ရောက်မှာသေချာပါတယ်။ ဥပမာ၊ ကွန်မြူနစ်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေမှာ မွေးဖွားကြီးပြင်းလာခဲ့သူဆိုရင် လူ့အခွင့်အရေး ဆိုင် ရာကိစ္စတွေနဲ့ပတ်သက်ရင် ပိုပြီး စာနာတတ်တာမျိုးပေါ့။

ဒီတော့ နိုင်ငံတကာတရားရုံး တရားသူကြီး ၁၅ ဦးရဲ့ နောက်ခံသမိုင်းတွေက ဘယ်လိုလဲ။ ( မြန်မာ နဲ့ ဂမ်ဘီယာက ဖြည့်စွက်ခန့်တဲ့ နှစ်ဦးကိုတော့ ထည့်မတွက်တော့ပါဘူး။ သူတို့ကို ကိုယ်စားပြု နိုင်ငံဘက်ကရပ်တည်ရမယ့်သူတွေဖြစ်တော့ ဘယ်ကလာတယ်ဆိုတာ အရေးမကြီးဘူး။ )

နိုင်ငံ

နိုင်ငံတကာတရားရုံးတရားသူကြီးတွေကို ရွေးချယ်တာနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ တွေကြားမှာ အစဉ်အလာအရ ကျင့်သုံးနေတာက ကမ္ဘာ့ဒေသကြီးတွေအလိုက် ကိုယ်စားပြု ရွေး ချယ်ဖို့ဖြစ်ပါတယ်။ ဒါ့ကြောင့် အနောက်နိုင်ငံတွေက ငါးဦး၊ အာဖရိကနိုင်ငံများ သုံးဦး ၊ အရှေ့ ဥရောပနိုင်ငံတွေက နှစ်ဦး၊ အာရှဒေသနိုင်ငံတွေက သုံးဦး နဲ့ လက်တင်အမေရိက/ ကာရေဘီယံ နိုင်ငံတွေက နှစ်ဦး ကို ရွေးချယ်တင်မြှောက်လေ့ရှိတယ်။

နောက်တစ်ခါ လုံခြုံရေးကောင်စီအမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ( အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်) အဆိုပြုတဲ့တစ်ယောက်စီကလည်း အမြဲ တမ်းအရွေးခံရတယ့်အတွက် အနောက်နိုင်ငံခွဲတမ်းထဲက သုံးနိုင်ငံ၊ အရှေ့ဥရောပ ခွဲတမ်းထဲက တစ်နေရာ နဲ့ အာရှတိုက် တစ်နေရာက အဲဒီငါးနိုင်ငံက အဆိုပြုသူတွေ ဖြစ်နေလေ့ရှိတယ်။ ဒါပေမယ့် ၁၉ ၆၇ ခုနှစ် နဲ့ ၁၉ ၈၅ ခုနှစ်ကြားထဲမှာ တရုတ်နိုင်ငံကအဆိုမပြုခဲ့တာရှိသလို ၂၀၁၇ ခုနှစ်ရွေးချယ်ပွဲမှာလည်း ဗြိတိန် က အဆိုပြုတဲ့တရားသူကြီးဟာ အထွေထွေညီလာခံမှာ မဲအများစုမရတဲ့အတွက် အရွေးမခံရပဲ သူ့ နေရာကို အိန္ဒိယနိုင်ငံကအဆိုပြုသူနဲ့အစားထိုးခဲ့တာလည်းရှိခဲ့တယ်။

အခု လက်ရှိတရားသူကြီး၁၅ ဦးရဲ့ နိုင်ငံတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် –
၁။ အနောက်နိုင်ငံများ ( အမေရိကန်၊ ပြင်သစ် ၊ အီတလီ၊ သြစတေးလျ )
၂။ အရှေ့ဥရောပ ( ရုရှား၊ ဆလိုဗက်)
၃။ အာရှ ( ဂျပန်၊ တရုတ်၊ အိန္ဒိယ၊ လက်ဘနွန်)
၄။ အာဖရိက ( ဆိုမာလီ၊ ယူဂန်ဒါ၊ မော်ရိုကို၊ )
၅။ လက်တင်အမေရိက ( ဘရာဇီးလ်၊ ဂျမေကာ)

ဥပဒေအတွေ့အကြုံ

၁။ ကုလသမဂ္ဂ အဖွဲ့အစည်းများတွင် ဥပဒေရေးရာနှင့်ပတ်သက်ပြီးတာဝန်ထမ်း ဆောင်ခဲ့ သူ (
ဆိုမာလီ၊ မော်ရိုကို၊ ဘရာဇီးလ်၊ အီတလီ၊ဂျမေကာ၊ သြစတေးလျ၊ ဂျပန်)

၂။ မိမိနိုင်ငံ၏ အစိုးရအဖွဲ့အစည်းများတွင် ဥပဒေရေးရာတာဝန်ထမ်းဆောင်ခဲ့သူ ( ဆိုမာလီ၊ တရုတ်၊ ဆလိုဗက်၊ ပြင်သစ်၊ မော်ရိုကို၊ အမေရိကန်၊ အီတလီ၊ ယူဂန်ဒါ၊ အိန္ဒိယ၊ သြစတေးလျ၊ ရုရှား၊ လက်ဘနွန် ၊ ဘရာဇီးလ်)

၃။ လူ့အခွင့်အရေးဆိုင်ရာ တရားရုံးများတွင် တာဝန်ထမ်းဆောင်ခဲ့သူ ( ပြင်သစ်၊ မော်ရိုကို၊ ဘရာဇီးလ်၊ ယူဂန်ဒါ၊ဂျမေကာ၊ ဂျပန်)

၄။ နိုင်ငံများ၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှုများနှင့်ပတ်သက်သည့် အမှုများတွင် တာဝန်ထမ်းဆောင်ခဲ့သူ ( ဆိုမာလီ၊ ယူဂန်ဒါ၊ ဂျမေကာ)

တရားသူကြီးအားလုံးဟာ နိုင်ငံတကာဥပဒေနဲ့ပတ်သက်တဲ့ ဘွဲ့များကို ရရှိထားသူ၊ ဥပဒေ ပညာရပ်များကို ပို့ချဖူးသူ၊ နိုင်ငံတကာဥပဒေနဲ့ပတ်သက်ပြီး စာအုပ်စာစောင်များကို ရေး သားဖူး တွေဖြစ်တဲ့အတွက် ပညာရပ်ဆိုင်ရာနဲ့ပတ်သက်ပြီး သီးခြားမပြောတော့ပါဘူး။

ဂမ်ဘီယာ – မြန်မာ (၂)


ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက် မြန်မာနိုင်ငံရဲ့ လေ ျှာက်လဲချက်ပေးတဲ့အခါ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စု ကြည်က ဦးဆောင်ပြီးလေ ျှာက်လဲချက်ပေး ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်၊ Mr. William Schabas, Mr. Christopher Staker နဲ့ Ms Phoebe Okowa တို့က အောက်ပါအတိုင်း ကဏ္ဍအလိုက် လေ ျှာက်လဲခဲ့ပါတယ်။
၁။ မြန်မာနိုင်ငံကိုယ်စားလှယ်ရဲ့ အဖွင့်လေ ျှာက်လဲချက်။
၂။ မြန်မာနိုင်ငံအစိုးရနဲ့တပ်မတော်အနေနဲ့ လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်မရှိကြောင်း။
၃။ ဂမ်ဘီယာနိုင်ငံရဲ့ လေ ျှာက်ထားချက်ကို လက်ခံစဉ်းစားရန်မသင့်ကြောင်း။
၄။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က အခြေအနေများဟာ ကြားဖြတ်တားဆီးအမိန့် ထုတ်ပြန်ဖို့ မလို အပ်ကြောင်း။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဖွင့်မိန့်ခွန်းက ၂၇ မိနစ်ကျော်ကြာပါတယ်။ အဓိက ပြောကြားသွားတဲ့ အချက်တွေက အောက်ပါအတိုင်းဖြစ်ပါတယ်-
၁။ ၁၉ ၉ ၉ ခုနှစ် ကိုဆိုဗိုမှာ ဒုက္ခသည်တစ်သန်းလောက်ရှိခဲ့တဲ့အချိန်၊ ၁၉ ၉ ၅ ခုနှစ်မှာ ခရိုအေး ရှားကနေ ဆတ်ဘ်လူမျိုးတွေ အစုလိုက်အပြုံလိုက်ထွက်ပြေးခဲ့ချိန်တွေမှာတောင် လူမျိုးတုံးသတ် ဖြတ်မှုလို့ နိုင်ငံတကာတရားရုံးက မသတ်မှတ်ခဲ့ဘူး။ ဘော့စနီးယားနဲ့ ဆာဘီးယား အမှုကိုလည်း ညွှန်းပြီးပြောသွားတယ်။
၂။ ရခိုင်ပြည်နယ်တွင်းက ပဋိပက္ခတွေဟာ ဆယ်စုနှစ်များစွာကြာခဲ့ပြီ၊ ၁၉ ၄၂ ခုနှစ် ဗြိတိသ ျှတွေ မြန်မာနိုင်ငံက ဆုတ်ခွာသွားတဲ့အချိန်မှာ ဒေသခံမူဆလင်တွေကို လက်နက်တပ်ဆင်ပေး ပြီး ဂျပန်တွေကိုခုခံခိုင်းခဲ့တယ်။ အဲဒီလက်နက်ကိုင်မူဆလင်တွေက နောက်ပိုင်းမှာ မောင်တောဒေသ ကို လွတ်လပ်တဲ့ မူဆလင်နယ်မြေအဖြစ် တည်ထောင်ဖို့ကြိုးစားတယ်။ မူဆလင်နဲ့ ဗုဒ္ဓဘာသာဝင် အကြားပဋိပက္ခတွေစတင်လာခဲ့တယ်။
၃။ ၂၀၁၆ ခုနှစ် အောက်တိုဘာလ နဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လမှာ ဖြစ်ပေါ်ခဲ့တဲ့ အာဆာ အကြမ်း ဖက်အဖွဲ့ရဲ့ တိုက်ခိုက်ခဲ့တွေအကြောင်းကို အသေးစိတ်ရှင်းပြတယ်။ အဲဒီတိုက်ခိုက်မှုတွေကနေ အစပြုပြီး ဒုက္ခသည်ပြဿနာတွေပေါ်ခဲ့သလို ဗုဒ္ဓဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေလည်း တိုက်ခိုက်ခံရတာ၊ ထွက်ပြေးရတာတွေရှိတယ်။
၄။ တပ်မတော်အနေနဲ့ အရပ်သားတွေ ထိခိုက်မှုမရှိအောင်လေကြောင်းအင်အားအသုံးပြုမှုကို ရှောင်ရှားခဲ့တယ်။ အဝိုင်းခံနေရတဲ့ စစ်ကြောင်းကို ကယ်ထုတ်နိုင်ဖို့အတွက် တစ်ကြိမ်ပဲ အသုံး ပြုခဲ့တယ်။ အဲဒီမှာတော့ မရည်ရွယ်ဘဲနဲ့ အရပ်သားတွေထိခိုက်သွားတာရှိနိုင်တယ်။
၅။ နိုင်ငံတကာက စွပ်စွဲနေတဲ့ Clearance Operation ဆိုတာကို ရှင်းပြခဲ့တယ်။ အဲဒီစကားလုံး ကို အလွဲအနက်ကောက်နေကြတယ်။ ဒီစကားလုံးဟာ မြန်မာဘာသာနဲ့ နယ်မြေရှင်းလင်းရေး လို့ ဆိုလိုတာဖြစ်တယ်။ ဒီစကားလုံးကို ၁၉ ၅၀ ပြည့်လွန်နှစ်များထဲက ဗကပ တွေကို နှိမ်နင်းတဲ့အချိန်မှာ စသုံးခဲ့တယ်။ ဆိုလိုတာက နယ်မြေတစ်ခုအတွင်းမှာ သောင်းကျန်းသူ ဒါမှ မဟုတ် အကြမ်းဖက်သမားမရှိအောင် ရှင်းလင်းတာကို ဆိုလိုတယ်။
၆။ တပ်မတော်သားတွေအနေနဲ့ အင်အားအလွန်အကျွံသုံးစွဲမှု၊ အကြမ်းဖက်သောင်းကျန်းသူနဲ့ အရပ်သားတွေကို တိတိကျကျခွဲခြားဖို့ပျက်ကွက်မှုတွေရှိနိုင်ပါတယ်။ အဲဒီလို ရှိရင်လည်း ဥပဒေ နဲ့အညီအရေးယူခဲ့တယ်။
၇။ မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေအရ တပ်မတော်သားတွေကျူးလွန်တဲ့ ပြစ်မှုတွေကို စစ်တရားရုံး နဲ့ စစ်ဆေးစီရင်ရတယ်။ အင်းဒင်ရွာဖြစ်စဉ်မှာ ပြစ်မှုကျူးလွန်သူတွေကို အပြစ်ပေးခဲ့ပေမယ့် မကြာ ခင်မှာပဲ ပြစ်ဒဏ်ကနေ လွတ်ငြိမ်းခွင့်ပေးလိုက်တဲ့အတွက် စိတ်မသက်မသာဖြစ်ရတယ်လို့ ပြောခဲ့ တယ်။
၈။ အခုလည်း ဂူတာပြင်ကျေးရွာ လူသတ်မှုနဲ့ပတ်သက်ပြီးအရေးယူဖို့အတွက် စစ်တရားရုံး ကို ဖွဲ့စည်းထားပြီးဖြစ်တယ်။ ထိထိရောက်ရောက်အရေးယူမှာဖြစ်တယ်။ ဒါ့အပြင် လွတ်လပ်တဲ့ စုံစမ်းရေး ကော်မရှင် ICOE ရဲ့တွေ့ရှိချက်တွေအရ အရေးယူသင့်သူတွေကို ထပ်ပြီး အရေးယူမှာ ဖြစ်တယ်။ တပ်မတော်သားဖြစ်ဖြစ်၊ အရပ်သားဖြစ်ဖြစ် ပြစ်မှုကျူးလွန်သူအားလုံးကို အရေးယူမှာ ပါ။
၉ ။ တပ်မတော်အနေနဲ့ ပိုပြီးတာဝန်ခံမှုရှိအောင်လိုအပ်တဲ့ အခြေခံဥပဒေပြင်ဆင်ရေးတွေကို လည်း ပြည်ထောင်စုလွှတ်တော်ထဲမှာ လုပ်နေပြီ။
၁၀။ ရခိုင်ပြည်နယ်ထဲမှာ အေအေ နဲ့တပ်မတော်တိုက်ပွဲဖြစ်နေတာတွေရှိတယ်။ ဒီအြေ ခအနေ ကြောင့်လုံခြုံရေးဆိုင်ရာကန့်သတ်ချက်တွေလုပ်နေရတယ်။ အခုပြောနေချိန်မှာတောင် ပလက် ဝမှာ တပ်မတော်စခန်းတစ်ခုကို အေအေ ၄၀၀ လောက်က ဝိုင်းထားသလို အမ်းမြို့နားမှာ လည်း အေအေ ၂၀၀ လောက်က တပ်မတော်စစ်ကြောင်းတစ်ခုကို ဝိုင်းထားတယ်။
၁၁။ မြန်မာနိုင်ငံအနေနဲ့ ဒုက္ခသည်တွေပြန်လက်ခံဖို့အတွက် ဘင်္ဂလားဒေ့ရ်ှ နဲ့သဘောတူညီ ထားပြီးဖြစ်တယ်။ အခုလည်း ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အသိုင်းအဝန်းအားလုံး ခွဲခြားမှု မရှိ ဘဲဖွံ့ဖြိုးတိုးတက်ဖို့၊နိုင်ငံသားအဖြစ်စိစစ်နိုင်ဖို့၊ မွေးစာရင်းရရှိဖို့၊ ပညာသင်ကြားခွင့်ရရှိဖို့ စတဲ့ စီမံချက်တွေလုပ်ဆောင်နေတယ်။
နိဂုံးချုပ်မှာတော့ ဒီလို အရေးယူမှုတွေ၊ပြန်လည်လက်ခံနိုင်ဖို့တွေဆောင်ရွက်နေတဲ့အခြေအနေ ကို လူမျိုးတုံးသတ်ဖြတ်မှုတွေရှိတယ်လို့ ပြောလို့မရပါဘူးလို့ လေ ျှာက်ထားခဲ့ပြီး တရားရုံးအနေနဲ့ မြန်မာနိုင်ငံဟာ နှစ်ပေါင်းရှည်ကြာတဲ့ ပဋိပက္ခတွေကြားက ရုန်းထွက်ပြီး ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု ထူထောင်နိုင်ဖို့ကြိုးစားနေချိန်မှာ အင်မတန်ရှုပ်ထွေး အကဲဆတ်တဲ့ ရခိုင်ပြည်နယ်ထဲက အခြေအနေတွေကို ပိုပြီး ဆိုးဝါးသွားအောင် မလုပ်ဖို့ မေတ္တာရပ်ခံသွားပါတယ်။
နောက်ထပ်လေ ျှာက်လဲတဲ့ နိုင်ငံတကာဥပဒေပညာရှင်သုံးယောက်ကတော့
၁။ နိုင်ငံတကာ တရားရုံးက ဆုံးဖြတ်ထားပြီးဖြစ်တဲ့ ခရိုရေးရှား နဲ့ဆာဘီးယားအမှု၊ ဘော့စနီးယားနဲ့ ဆာဘီးယား အမှုတွေကို ကိုးကားပြီး လူမျိုးတုံးသတ်ဖြတ်မှုဆိုတဲ့ ရည် ရွယ်ချက် မရှိကြောင်း ထောက်ပြခဲ့တယ်။
၂။ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အစီရင်ခံစာတွေ၊ ယန်ဟီးလီရဲ့ အစီရင်ခံစာတွေ မှာတောင် လူမျိုးတုံးသတ်ဖြတ်မှုလို့ မသုံးစွဲတဲ့အကြောင်း အထောက်အထားတွေနဲ့ ချေပခဲ့ တယ်။
၃။ ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုရေးလုပ်ဆောင်ချက်တွေဟာ ရိုးသားမှုမရှိတဲ့အကြောင်း ဖြစ်စဉ် တွေနဲ့ ပြောတယ်။ နောက်ကွယ်မှာ OIC အဖွဲ့ရှိနေပြီး အခု ဂမ်ဘီယာကိုယ်စားလှယ်အဖွဲ့ မှာ တောင် OIC အဆင့်မြင့်အရာရှိတွေပါနေတယ်။ ဒါ့ကြောင့် ဒီအမှုဟာ OIC က လေ ျှာက်ထားတဲ့ အမှုသာဖြစ်တယ်။ OIC ဟာ ဂျီနိုဆိုက် ကွန်ဗင်းရှင်းစာချုပ်ဝင် မဟုတ်တဲ့အတွက် ဒီအမှုကို လက် မခံသင့်ဘူးလို့ ချေပတယ်။
၄။ နောက်ထပ်လူမျိုးတုံးသတ်ဖြတ်မှုတွေမဖြစ်အောင်ကာကွယ်ဖို့ အတွက် ကြားဖြတ်တားဆီး အမိန့်ထုတ်ပေးဖို့ လေ ျှာက်ထားတာဟာ အကြောင်းအကျိုးမခိုင်လုံဘူး။ ရခိုင်ပြည်နယ်ထဲမှာ ရှိ နေတဲ့သူတွေအတွက် လူမှုစီးပွားရေးဆိုင်ရာအကူအညီတွေကို နိုင်ငံတကာနဲ့ ပူးပေါင်းပြီး လုပ် ဆောင်နေတယ်။ အသတ်ခံရမယ့်၊ ငတ်မွတ်ခေါင်းပါးမယ့် အခြေအနေရှိတယ်ဆိုတာ မမှန်ဘူးလို့ ချေပတယ်။
၅။ ကြားဖြတ်တားဆီးအမိန့်မှာပါဝင်ဖို့တောင်းဆိုထားတဲ့အချက်တွေမှာ တစ်ချို့အချက်တွေက ကျိုးကြောင်းမခိုင်လုံဘူး။ တစ်ချို့အချက်တွေက အေအေ နဲ့ ဖြစ်နေတဲ့တိုက်ပွဲတွေကြောင့် လက် တွေ့လုပ်ဆောင်ဖို့မဖြစ်နိုင်ဘူးလို့ ရှင်းပြတယ်။
နှစ်ရက်လေ ျှာက်လဲတာတွေ ပြန်ချုပ်လိုက်ရင်တော့
၁။ ဂမ်ဘီယာဘက်က ကုလသမဂ္ဂအစီရင်ခံစာတွေမှာပါတဲ့ အချက်အလက်တွေကို ကိုးကားပြီး လူမျိုးတုံးသတ်ဖြတ်နေတယ်၊ နောက်ထပ်ဖြစ်မယ့်အခြေအနေလည်းရှိတယ်ဆိုတဲ့ ရှုထောင့်ကနေ ပြောခဲ့တယ်။ သက်သေအထောက်အထားတွေကို အဓိကထားပြီး ကြားဖြတ်တားဆီးအမိန့် ထုတ် ပြန်ပေးဖို့ တောင်းဆိုခဲ့တယ်။
၂။ မြန်မာဘက်ကတော့ နိုင်ငံတကာတရားရုံးရဲ့ စီရင်ထုံးတွေ ၊ ကုလသမဂ္ဂ အစီရင်ခံစာတွေကို ကိုးကားပြီး လူမျိုးတုံးသတ်ဖြတ် တဲ့ အခြေအနေမဟုတ်ကြောင်းပြောတယ်။ ဂမ်ဘီယာနိုင်ငံ တရားစွဲ မှု ရဲ့ သံသယဖြစ်စရာအချက်တွေကို ထောက်ပြတယ်။ မြန်မာနိုင်ငံဘက်က ဥပဒေအရ လုပ်ဆောင် နေမှုတွေ၊ ပြန်လည်ထူထောင်ရေးဆောင်ရွက်မှုတွေကို သက်သေထူပြီး ကြားဖြတ် တားဆီးအမိန့်မလိုဘူးလို့ ချေပခဲ့တယ်။
မနက်ဖြန် ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ဒုတိယအကြိမ်လေ ျှာက်လဲချက်ပေးရမယ်။ ဒီတစ်ခါတော့ တစ်နိုင်ငံကို မိနစ်ကိုးဆယ် ပဲ အချိန်ရမယ်။
(ဆက်လက်ဖော်ပြပါမည်)

ဂမ်ဘီယာ – မြန်မာ (၁)

ဒီဇင်ဘာ ၁၀ နဲ့ ၁၁ ရက်နေ့တွေမှာ နိုင်ငံတကာတရားရုံးက ဂမ်ဘီယာ – မြန်မာ အမှုကို ကြားနာ ခဲ့တယ်။ နိုင်ငံတကာတရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တိုင်ကြားထား သူ ဂမ်ဘီယာက လေ ျှာက်လဲချက်ပေးတယ်။ မြန်မာက ဒီဇင်ဘာ ၁၁ ရက်နေ့ (ဒီနေ့)မှာ လေ ျှာက်လဲ ချက်ပေးရမယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဒုတိယအကျော့ လေ ျှာက်ထားမှုလုပ်ရမယ်။ အဲဒီ မှာ တော့ တစ်ရက်ထဲနဲ့အပြတ်ဖြတ်မှာဖြစ်ပါတယ်။ ဒီသုံးရက်လေ ျှာက်လဲချက်တွေက ဂမ်ဘီယာ နိုင်ငံကတောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံအပေါ် ကြားဖြတ်တားဆီးမိန့် ( “Provisional Measures” ) ထုတ်ပေးဖို့အတွက် လေ ျှာက်ထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ရှိ၊ မရှိ ဆိုတဲ့ အဆင့် မရောက်သေးပါဘူး။

တရားရုံးမစတင်မီမှာ တရားသူကြီးချုပ်က ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံက တင်သွင်းတဲ့ judge ad hoc နှစ်ဦးရဲ့ ကိုယ်ရေးရာဇဝင်တွေကို ရှင်းပြပြီး သူတို့နှစ်ယောက်ကို ကတိသစ္စာပြုခိုင်း ပါတယ်။ မြန်မာဘက်က ရွေးချယ်တဲ့ judge ad hoc ကတော့ ဂျာမန်နိုင်ငံသား ဥပဒေပညာရှင် Mr. Claus Kress ဖြစ်ပါတယ်။ သူက ဂျာမန်နိုင်ငံကို ကိုယ်စားပြုပြီး နိုင်ငံတကာရာဇဝတ်မှု တရားရုံး တည်ထောင်ရေးနဲ့ပတ်သက်တဲ့ဆွေးနွေးမှုတွေမှာပါဝင်ခဲ့ဖူးပါတယ်။

ဂမ်ဘီယာနိုင်ငံရဲ့ ကိုယ်စားလှယ် Agent က တရားရေးဝန်ကြီး Abubacarr Tambadou ဖြစ်ပါ တယ်။အထောက်အကူပြ ရှေ့နေ အဖွဲ့မှာ ၁၆ ယောက်ပါတယ်။ အဲဒီအထဲက နှစ်ယောက်က အိုအိုင်စီအဖွဲ့ ကိုယ်စားလှယ်တွေ၊ ၁၀ ယောက်က နိုင်ငံ ခြားသား ဥပဒေ ပညာရှင်တွေ ဖြစ်ပါတယ်။ ဒါအပြင် ဘင်္ဂလားဒေ့ရ်ှ ဒုက္ခသည်စခန်းက ဒုက္ခသည်လို့ပြောတဲ့သူတွေကိုလည်း ခေါ် လာခဲ့တယ်။

မြန်မာဘက်မှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်တယ်။ ဝန်ကြီး ဦးကျော်တင့်ဆွေက တွဲဘက်ကိုယ်စားလှယ်အဖြစ်ဆောင် ရွက်တယ်၊ ဝန်ကြီးဦးကျော်တင်က ကိုယ်စားလှယ်အဖွဲ့အဆင့်မြင့်အဖွဲ့ဝင် ( Senior member of the delegation) အဖြစ်တာဝန်ယူတယ်။ နိုင်ငံခြားသား ဥပဒေပညာရှင် ငါးယောက်ပါတယ်။ နောက်တစ်ခါ ဦးကျော်တင့်ဆွေရဲ့ အကြံပေးအဖြစ် Ms Leena Ghosh ပါတယ်။ တရားရုံးမှတ် တမ်း မှာ သူ့ကို NRPC ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အကြီးတန်းအကြံပေး Senior Peace Adviser, National Reconciliation and Peace Center ဆိုပြီးဖော်ပြထားတယ်။ မြန်မာ ဥပဒေပညာရှင်အနေနဲ့ ရှေ့ နေချုပ်ရုံး ညွှန်ကြားရေးမှူးချုပ် ဒေါ်သီတာဦးအမည်စာရင်းတွေ့တယ်။

ဂမ်ဘီယာဘက်က တရားရေးဝန်ကြီး Tambadou ကဦးဆောင်ပြီးလေ ျှာက်လဲချက် ပေးတယ်။ သူက၁၉၉၄ရဝမ်ဒါနိုင်ငံအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုနဲ့ပတ်သက်တဲ့အမှုမှာ အမှုလိုက် ရှေ့နေ လုပ်ခဲ့ဖူးတဲ့အတွက် နိုင်ငံတကာတရားရုံးနဲ့ပတ်သက်ပြီး ကောင်းကောင်း အတွေ့ အကြုံရှိတဲ့ ပုံပေါ်တယ်။ ဂမ်ဘီယာဘက်က Tambadou အပြင် Professor Payam Akhavan, Mr. Andrew Loewenstein , Ms Tafadzwa Pasipanodya , Mr. Arsalan Suleman , Professor Pierre d’Argent, Mr. Paul Reichler နဲ့ Professor Philippe Sands တို့က အောက်ပါအတိုင်း ကဏ္ဍအလိုက်လေ ျှာက်လဲ ချက်ပေးခဲ့ပါတယ်။

၁။ ဂမ်ဘီယာနိုင်ငံကိုယ်စားလှယ်ရဲ့ အဖွင့်လေ ျှာက်လဲချက်။
၂။ ရိုဟင်ဂျာတွေ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဆက်လက်ရင်ဆိုင်နေရတဲ့ စိုးရိမ်ဖွယ် အခြေ အနေ။
၃။ မြန်မာနိုင်ငံအနေဖြင့် လူမျိုးတုံးသတ်ဖြတ်ရန် ရည်ရွယ်ချက်ဖြင့်ဆောင်ရွက်နေမှု။
၄။ လူမျိုးတုံးသတ်ဖြတ်မှုများကြောင့် ရိုဟင်ဂျာများရင်ဆိုင်နေရသည့် စိုးရိမ်ဖွယ်ရာအခြေအနေ။
၅။ မည်သည့်အတွက်ကြောင့် ကြားဖြတ်တားဆီးအမိန့်ထုတ်ပြန်ရန် လိုအပ်ကြောင်း အထောက် အထားများနဲ့ တင်ပြခြင်း။

သူတို့ဘက်က အများဆုံးကိုးကား ပြောဆိုသွားတာာတွေကတော့ ကုလသမဂ္ဂ အချက် အလက် ရှာဖွေရေး မစ်ရှင်ရဲ့ အစီရင် ခံစာတွေနဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူး ကိုယ်စား လှယ် ယန်ဟီးလီရဲ့ အစီရင်ခံစာတွေဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုတွေ ဆက်ဖြစ်နိုင်တဲ့ အခြေအနေကြောင့်လိုအပ်တဲ့ တားဆီးမိန့်ကို ထုတ်ပြန်ပေးဖို့ အဓိကထား လေ ျှာက်လဲသွားပါ တယ်။

ဂမ်ဘီယာဘက်က ပြောကြားတဲ့အချက်တွေမှာ တပ်မတော်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ သတ်ဖြတ် မှု၊အဓမ္မပြုကျင့်မှုတွေကို ကျူးလွန်တဲ့အပြင် ရခိုင်ပြည်နယ်မှာ ပြန်လည်ထူထောင်ရေးလုပ် ငန်းတွေ ဆောင်ရွက်ဖို့ ဖွဲ့စည်းထား တဲ့ UEHRD ဟာ ရိုဟင်ဂျာတွေရဲ့ မြေတွေကို သိမ်းတယ်၊ မီးလောင် ထားတဲ့ရွာတွေကို မြေထိုးစက်နဲ့ ထိုးပြီးသက်သေခံအထောက်အထားတွေကို ဖျက်ဆီးတယ်၊ အဲဒီ UEHRD ရဲ့ ဥက္ကဋ္ဌက အခုအမှုမှာ မြန်မာနိုင်ငံရဲ့ ကိုယ်စားလှယ်အဖြစ်ဆောင်ရွက်နေသူဖြစ်ပါတယ် လို့ပါတယ်။ ဒါ့အပြင် တပ်မတော်အနေနဲ့ ရွာပေါင်း ၃၉ ၂ ရွာ၊ အိမ်ခြေ ၃၇၇၀၀ ကို ဖျက်ဆီးပစ် ခဲ့ဆိုတဲ့ ဂြိုလ်တု ဓာတ်ပုံအထောက်အထားတွေလည်းတင်သွင်းခဲ့တယ်။

ဒါ့အပြင် လဝက ရဲ့ဆောင်ပုဒ်၊ နိုင်ငံပိုင်မီဒီယာတွေရဲ့ သတင်းရေးသားချက်တွေဟာ အမုန်းစကား တွေကို ပွားများစေတယ်၊ ကုလား၊ အမည်းရောင်ဆူနာမီ ဆိုတဲ့စကားတွေဟာလည်း အတူတူပဲ ဆို တာမျိုးပြောသွားခဲ့ပါတယ်။ အမုန်းစကားတွေဖြန့်ချိတဲ့အတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အပါအဝင် တပ်မတော်သားတွေရဲ့ အကောင့်တွေကို ဖေ့စ်ဘွတ်နဲ့ တွစ်တာက ဖယ်ရှားခဲ့ရတဲ့ ဖြစ် စဉ်တွေကိုလည်း သက်သေအဖြစ်ပြောသွားပါတယ်။ အစိုးရအနေနဲ့ ရိုဟင်ဂျာတွေအပေါ် မုန်းတီး မှုတွေ ကို ရပ်တန့်ဖြစ်ဖို့ မကြိုးစားဘူး။ ခွင့်လွှတ်ထားတယ်လို့ စွပ်စွဲခဲ့ပြီး သက်သေအဖြစ် ၂၀၁၈ ခုနှစ်မှာ ရိုက်တာသတင်းဌာနက ပြုစုထားတဲ့ အမုန်းစကား နမူနာ တစ်ထောင်ကို ကိုးကား ပြောသွားပါတယ်။

ဂမ်ဘီယာဘက်က အချက်အလက်ရှာဖွေရေးမစ်ရှင်ရဲ့ အချက်အလက်တွေကို ထောက်ပြပြီး ပြည် တွင်းမှာ ကျန်နေတဲ့ ရိုဟင်ဂျာခြောက်သိန်းလောက်ဟာလည်း အန္တရာယ်ရှိနေပြီလို့ ပြောခဲ့တယ်။ အဲဒီအထဲမှာ ၂၀၁၂ ပဋိပက္ခတွေပြီးချိန်ထဲက ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရသူတွေရဲ့ အခြေ အနေတွေကို ပါထည့်သွင်းပြောကြားသွားပါတယ်။

ဆက်လက်ဖော်ပြပါမည်

မိုမိုရေ

 


ဟိုးတစ်ချိန်ကတော့ တိရစ္ဆာန်ဥယျာဉ်ကို သုံးဘီးကားနဲ့ သွားရင် ပြားခြောက်ဆယ်ပဲ ပေးရတဲ့ အကြောင်း သီချင်းထဲမှာတောင် ထည့်ဆိုခဲ့ကြတယ်။ အခုတော့ နှစ်ထောင်ပေးရတယ်။ မနက် ခြောက်နာရီ ခွဲကျော်ကျော်ပဲရှိသေးတော့ ကားရပ်နားကွင်းထဲက ဈေး ဆိုင်တွေမဖွင့်သေးဘူး။ အဝင်ဝက ဆိုင်တစ်ဆိုင်ပဲ ဆိုင်ခင်းဖို့ ပြင်ဆင် နေတယ်။ ကားဝင်းထဲမှာလည်း ကားတစ်စီးမှ မရှိသေးဘူး။
တိရစ္ဆာန်ရုံက မနက် ၇ နာရီဖွင့်တယ်ဆိုလို့ မနက်ပိုင်းလူရှင်းတဲ့ အချိန် ဓာတ်ပုံရိုက်ချင်တာနဲ့ ဖွင့်ဖွင့်ချင်း ဝင်နိုင်အောင် စောစောထွက်လာခဲ့တယ်။ ဆိုင်ခင်းနေတဲ့ အမကြီးကို မေးတော့ ၇ နာရီခွဲမှလို့ ပြော တယ်။ အင်တာနက်မှာ ၇ နာရီလို့တွေ့တယ်လို့ စောဒကတက်တော့ သွားကြည့်လေလို့ စိတ်မ ရှည်တဲ့အသံနဲ့ပြောတယ်။ အဝင်ဝကို ၇ နာရီအတိရောက်အောင်သွားတယ်။ လုံခြုံရေး အစောင့် တစ် ယောက်ရှိတယ်။ အမကြီးတစ်ယောက်ရှိတယ်။ ကောင်တာတွေမဖွင့်သေးဘူး။ မေးလိုက် တော့လက်မှတ်ထုတ်တာ၊ ဘာညာနဲ့ဆို ၇ နာရီ ၁၅ လောက်မှ ကောင်တာဖွင့်မယ်လို့ပြော တယ်။ အင်း ထမင်းဆိုင်က အမကြီးပြောတဲ့အတိုင်းပဲ လို့ တွေးမိတယ်။ သင်ခန်းစာကတော့ လက်တွေ့ ဘဝထဲက လူတွေရဲ့ အသံကို နားထောင်ဖို့ပဲ။
ခဏနေတော့ လုံခြုံရေးနှစ်ယောက်ရောက်လာတယ်။ နေ့ဆိုင်းတာဝန်ကျတွေဖြစ်မှာပေါ့။ သူတို့ နောက်က အမျိုးသမီးတစ်ယောက်လိုက် လာတယ်။ ဝင်ပေါက်က စက်တွေကို ပါဝါဖွင့် တယ်။ ကောင်တာခန်းထဲဝင်တယ်။ ကွန်ပျူတာကို ဖွင့်တယ်။ ဘာပြဿနာပေါ်လဲမသိဘူး။ ပထမရောက် နေတဲ့အမျိုးသမီးကို လှမ်းခေါ်တယ်။ နှစ်ယောက်ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးတယ်။ ဝါယာကြိုးတွေ ကို ဟိုကိုင်၊ ဒီကိုင်လုပ်တယ်။ ဘာမှ မထူးဘူး။ ဒီတော့ ဦးလေး ဒီအတိုင်းဝင်သွားလိုက်၊ ပြန်ထွက် လာမှ ဝင်ကြေးပေးတော့ ။ စက်က အလုပ်မလုပ်ဘူးလို့ ပြောတယ်။ အဲဒီလိုတော့ မဝင်ချင်ဘူး၊ စောင့်ပါ့မယ်လို့ပြောနေတုန်းမှာပဲ စက်က အသံမည်လာတယ်။ နောက်တော့ လက်မှတ်တစ်စောင် ထွက်လာတယ်။
ဝင်ပေါက်ကိုသွားတယ်။ အပေါက်မှာက ခေတ်မီစက်တွေနဲ့ပဲ။ လက်မှတ်ကို စကင်လုပ်လိုက်ရင် မီးစိမ်းလေးလင်းပြီး တွန်းဝင်သွားရုံပဲပေါ့။ ဒါပေမယ့် ပြဿနာက စက်က အလုပ်မလုပ်ဘူး။ ကောင် တာထဲက အမျိုးသမီးပြန်ထွက်လာတယ်။ မနက်စောစောဆိုရင် ဒီလိုပဲတဲ့။ ဟိုပုတ်၊ ဒီပုတ်လုပ်လိုက် တော့ မီးစိမ်းလေးလင်းလာပြီး ဝင်လို့ရတယ်။ အအေးလှိုင်းကြောင့် စက်တွေ ထိုင်းမှိုင်းနေတဲ့ ပုံ ပဲ။
ငယ်ငယ်တုန်းကတော့ မိသားစုတနင်္ဂနွေဆိုတဲ့ သီချင်းကြားရင် တိရစ္ဆာန်ရုံသွားချင်တော့တာပဲ။ တိရစ္ဆာန်ရုံထဲရောက်တာနဲ့ မှော်ဆရာမှန်ရှေ့မှာ သွားရပ်မယ်။ ပုံပျက်ပန်းပျက်ပေါ်နေတဲ့ ကိုယ့်ပုံ ကို ကြည့်ပြီး သဘောတွေကျလို့ ။ ပြီးရင် ရေမြင်းနဲ့ ဖျံတွေဆီကို သွားမယ်။ ဆင်ကြီးမိုမိုဆီ ချီ တက်မယ်။ ကျားတွေ၊ ခြင်္သေ့တွေ၊ ငှက်တွေ၊ မြွေတွေ ကလေးလေးတစ်ယောက်အတွက် အမြဲတမ်း အံ့သြစရာ၊ ကြောက်စရာ၊ ပျော်စရာတွေ အပြည့်နဲ့ နေရာ၊ အခုတော့ ဓာတ်ပုံရိုက်လို့ ကောင်း မယ့် နေရာပေါ့။
အဝင်ဝနားမှာသစ်တောရေးရာဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနရဲ့ ၂၅-၁-၂၀၁၆ ရက်နေ့ တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)နှစ်တစ်ရာပြည့် အထိမ်းအမှတ်ကျောက်စာတိုင်ကိုတွေ့ တယ်။ သစ် တော ရေးရာ ဝန်ကြီးဌာနလို့ခေါင်းစဉ်တပ်ထားပေမယ့် နှစ်တရာပြည့် တဲ့အချိန်မှာ တိရစ္ဆာန် ဥယျာဉ်က သစ် တော ရေးရာဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအောက်မှာ မရှိပါဘူး။ ၂၀၁၀ ထဲက ထူးကုမ္ပဏီအုပ်စု က ငှားရမ်းပြီး စီမံခန့်ခွဲနေတာပါ။
ဝင်ဝင်ချင်းမျောက်ရွာကို သွားတယ်။ အစာရောင်းတဲ့သူတွေမရှိတော့ မျောက်တွေက ဧည့်သည် လာကြည့်လည်း ထူးထူးခြားခြား မတုန့်ပြန်တော့ဘူး။ ဟိုတုန်းကတော့ ငှက်ပျောသီး၊ ပဲလှော် ဝယ် ကျွေးတော့ မျောက်တွေက မြူးတာပေါ့လေ။ မိသားစုတနင်္ဂနွေ သီချင်းထဲမှတောင် မျောက်လေး တွေအသံနဲ့ ပဲလှော် ကျွေးလို့ ကျေးဇူးတင်တဲ့အကြောင်းထည့်ဆိုရတယ်။အခန်းတစ်ခန်း မှာ တော့ ခေါင်းကြီးကြီး၊ ကိုယ်လုံး ဖိုင့် ဖိုင့်နဲ့ မျောက်တစ်ကောင် စိတ်ပျက်တဲ့ပုံနဲ့ မလှုပ် မရှက်ထိုင် နေလေရဲ့။ အနားက ဝန်ထမ်းကို မေးကြည့်တော့ အဲဒါ အာသံမျောက်မျိုး၊ အထီးကောင်တဲ့။ အမ မရှိလို့ မှိုင်နေတာဆိုပဲ။
မျောက်ရွာအလွန်က ရေမြင်းတွေထားတဲ့နေရာမှာတော့ ချမ်းချမ်းစီးစီး ရေမြင်းက ရေစိမ်နေတယ်။ အရင်က ဒီနေရာမှာ ပါးစပ်ကြီးဟပြီး ကန်စွန်းရွက်ကျွေးဖို့ အစာ တောင်းတဲ့ ရေမြင်းကြီးရှိခဲ့ဖူးတယ်။ ကြံ့တွေထားတဲ့နေရာမှာတော့ ကြံ့နှစ်ကောင်က ခေါင်းချင်းဆိုင်ပြီး အားစမ်းနေတယ်။ နှစ်ကောင်ထဲရှိတာတောင် ဗိုလ်လုနေတုန်းလား မသိဘူး။
ကျား၊ ခြင်္သေ့၊ ကျားသစ်လှိုဏ်ဂူဆိုတာ တစ်ချိန်က တိရစ္ဆာန်ဥယျာဉ်မှာ ခေတ်အမီဆုံး၊ အလှဆုံး၊ လူကြည့်အများဆုံးနေရာပေါ့။ရုပ်ရှင်ဇာတ်ကားတစ်ခုမှာ ဇာတ်လိုက်အဲဒီပေါ်ကနေ ကျား လှောင်အိမ် ထဲကို ကျသွားတဲ့အခန်း ရိုက်ဖူးတာမှတ်မိတယ်။ မင်းသားက မြတ်လေးထင် တာပဲ။ အခု ကျားလှိုဏ်ဂူဟာ နာမည်ပဲ ကျန် တော့တယ်။အပေါ်ထပ်လေ ျှာက်လမ်း တစ်စိတ်တစ်ပိုင်းကိုတောင် ပျိုးဥယျာဉ်လုပ်ခံထား ရ တယ်။ ကျားတစ်ကောင်ကို ဝန်ထမ်းက ရေချိုးပေးနေတယ်။ ကျန်တဲ့ကျားတွေက ဆောင်းတွင်းဆိုရေကြောက်ပေမယ့် ဒီကောင်ကတော့ ရေကြိုက်တယ်တဲ့ ။
မြွေပြခန်းဆိုရင်လည်း ဒီလိုပဲ၊ တစ်ချို့အခန်းတွေမှာ ဘာကောင်မှ မရှိဘူး။ နံရံမှာ ထည့်ထားတဲ့ ငါး ကန်တွေက ပျက်စီးနေပြီ။ ရေလည်းမရှိ၊ ငါးလည်းမရှိတော့ဘူး။ ငယ်ငယ်ကတော့ ကန်ထဲက မြွေ အများကြီးကို ကြည့်ပြီး ကြောက်ခဲ့ရတာ။ အခုတော့ ရှိတဲ့မြွေတွေကလည်း မလှုပ်မရှက်။
ရေကန်တွေထဲမှာလည်း ရေပျော်ငှက်တွေ နည်းနေသလိုပဲ။ သဘာဝသမိုင်းပြတိုက်နားက ငှက် လှောင်ရုံထဲမှာတော့ ရေပျော်ငှက်တွေများတယ်။ ဒီငှက်လှောင်ရုံထဲမှာတော့ ငှက်တွေ လွတ်လွတ် လပ်လပ် ပျံနိုင်သေးတယ်။ ဒါပေမယ့် သံဆန်ကာတွေ၊ သံတိုင်တွေကတော့ တော်တော် ဟောင်း နေပြီ။ ငယ်ငယ်က အကြီးကြီးလို့ ထင်ရတဲ့ ငှက်လှောင်ရုံက အခုတော့ သေးသေးလေးလို့ပဲ ခံစားရတယ်။
မဆီမဆိုင် ရေပျော်ငှက်တွေကြားထဲမှာ ဟိမဝန္တာ လင်းတတစ်ကောင်ရောက်နေတယ်။ မျိုးမတူတွေကြားထဲရောက်နေလို့ထင်ပါရဲ့။ လင်းတက ရေ စပ်နားမှာထိုင်မှိုင်နေတယ်။ သူ့အနားမှာတော့ စစ္စလီတွေ ရေကူးပြီး မြူး နေကြလေရဲ့။
သဘာဝသမိုင်းပြတိုက်မှာ ပြီးခဲ့တဲ့ မတ်လကမှ အသစ်ဖွင့်ထားတဲ့ ဆင်ပြတိုက်လည်း ရှိတယ်။ ဒါပေမယ့် ဝင်ကြေးကောက်လို့ထင်တယ်။ ကြည့်တဲ့သူနည်းတယ်။ ဆင်ပြတိုက်ရည်ရွယ်ချက် က ဆင်တွေကို တန်ဖိုးထားတတ်အောင်၊ ဆင်သတ်တာ၊ ဆင်အစိတ်အပိုင်းတွေကို တရားမဝင် ရောင်းဝယ်တာတွေကို တားဆီးဖို့အတွက်ပညာပေးဖို့ဆိုတော့ ဝင်ကြေးမကောက်တာက ပိုကောင်းမယ် ထင် တယ်။ ကျန်တဲ့ပြခန်းတွေလည်း အခမဲ့ဝင်ခွင့်ပေးထားတော့ ဒီတစ်ခုထဲငွေကောက်တာက တစ်မျိုး ဖြစ်နေတယ်။
သဘာဝသမိုင်းပြတိုက် မှာ ပြထားတဲ့ သက်ဦးကပ်၊ သက်လယ်ကပ်၊ သက်နှောင်း ကပ် ပြခန်းတွေက အတော်ကောင်းတယ်။ ဒါပေမယ့် ဘီဒိုနဲ့ ပြထားတဲ့ ပြခန်းစနစ်က ဟိုးတုန်းထဲ က အတိုင်းပဲ။ ခေတ်နောက်ကျနေပြီ။ ပြတိုက်ဘေးမှာ ရုပ်လုံးသွင်းအခန်းလို့ ဆိုင်းဘုတ်တပ် ထား တဲ့ တစ်ထပ်တိုက်လေးရှိတယ်။ အထဲမှာ ငှက်တွေ၊ ဆတ်တွေ၊ကျားသစ်ပေါက်လေးတွေရဲ့ ရုပ်လုံး တွေနဲ့ အပြည့်ပဲ။ အပြင်မှာ ပြထားတဲ့အရိုးစုကတော့ ဘို့တစ်လုံးကုလားအုပ်လို့ ပြောတယ်။ အရုပ်အားလုံးက ဒီဥယျာဉ်မှာ သေဆုံးသွားတဲ့အကောင်တွေရဲ့ ရုပ်လုံးတွေပဲ။ အဲဒီအရုပ်တွေကို သာ ပြတိုက်ထဲမှာ ပြနိုင်ရင်အတော်ကောင်းမယ်။ အခုတော့ အခန်းကျဉ်းလေးထဲမှာ စုပြုံထည့် ထားတာ နှမြောစရာ။
တိရစ္ဆာန်တွေဆိုရင်လည်း မှတ်မှတ်သားသားအသစ်တိုးလာတာက ကျားဖြူတွေပါပဲ။ သစ်ကုလား အုပ်ကြီးကတော့မရှိတော့ဘူး။ ကွယ်လွန်သွားရှာပြီ။ တစ်ချို့အကောင်တွေကတော့ နေပြည်တော် တိရစ္ဆာန်ဥယျာဉ်ကို ခွဲပေးလိုက်ရတယ်လို့ဆိုတယ်။ အကောင်ရေများလာတာကတော့ သမင်၊ ဒရယ်၊ ဂျီ နဲ့ဆတ်တွေပါပဲ။ နံနက်နေရောင်ခြည်အောက်မှာ သမင်တွေ၊ ဒရယ်တွေကို မြင်ရတာ ကြည်နူးဖို့ကောင်းတယ်။
တိရိစ္ဆာန်ဥယျာဉ်မှာ နောက်ဆုံးပေါ်ခေတ်စားနေတာကတော့ Zip-Line ပေါ့။ ထူးကုမ္ပဏီက အသစ် တည်ဆောက်ထားတာဆိုလို့ Zip-Line နဲ့ စားသောက်ဆိုင်တန်းနှစ်ခုပဲတွေ့မိတယ်။ ။ Zip-Line ရဲ့တိုင်တစ်တိုင်က ကိုလိုနီခေတ် လက်ရာ အဆောက်အဦရှိတဲ့ကုန်းပေါ်မှာထောင်ထားတယ်။ အဲဒီ နေရာက Zip-Line စ ထွက်တဲ့ နေရာလည်းဖြစ်တယ်။ ဟိုတုန်းကေ တာ့ ဒီကုန်းလေးပေါ်မှာ နားနေလို့၊ အပန်းဖြေလို့ကောင်းတယ်။ အခုတော့ အဲဒီ အဆောက်အဦလေးကလည်း လက်မှတ် ရောင်းတဲ့နေရာဖြစ်၊ နောက်မှာလည်း သံမဏိ မေ ျှာ်စင်ကြီးနဲ့အလှပျက်နေပေါ့။ နောက်ပြီး ရေ ပျော်ငှက်တွေထားတဲ့ ကန်ကို ဖြတ်ပြီး Zip-Line လုပ်သင့်လားဆိုတာလည်း စဉ်းစားစရာပဲ။
Zip-Line စီးခြင်း, နံရံတွယ်တက်ခြင်း၊ ကြိုးဆိုင်းနဲ့ ခုန်ချခြင်းဆိုတဲ့ ကစား နည်းတွေနဲ့ အခြားအပျော်ဆော့ကစားတာတွေကို တောင်ဘက်ဂိတ်( ဖဆပလဘက်) က ကလေးကစားကွင်း အဟောင်း နေရာမှာရွှေ့ပြီးထားလိုက်တာက ပိုသင့်တော်မယ်ထင် တယ်။
တိရစ္ဆာန်ဥယျာဉ်ထဲက အဆောက်အဦတွေက ၁၉ ၆၀၊ ၁၉ ၇၀ နှစ်တွေကအတိုင်းပဲ ၊ ဘာမှ တိုး တက်ပြောင်းလဲလာတာမရှိဘူး။ ကျိုးပဲ့နေတဲ့ ကြမ်းပြင်တွေ၊ လှေကားထစ်တွေ၊ သံချေးတက်နေတဲ့ သံဆန်ကာတွေကို နေရာတိုင်းမှာတွေ့နေရတယ်။ တိရစ္ဆာန်တွေပြသမှုပုံစံကလည်း ငယ်ငယ်က မြင်ခဲ့တာတွေနဲ့ ဘာမှ မထူးဘူး။
၁၉ ၈၈ နောက်ပိုင်းမှာ ပန်းခြံတွေ၊ တိရစ္ဆာန်ဥယျာဉ်တွေကို အစိုးရက ဝင်လုပ်ရင် ရှုံးတယ်။ ပုဂ္ဂလိ က ကို ငှားပြီးလုပ်ခိုင်းတာက ငှားခရတယ်။ တွက်ခြေကိုက်တယ်ဆိုတဲ့ အယူအဆပေါ်လာတာ အတော်ဆိုးတယ်။ ရိုးရိုးလေးတွေးကြည့်ရင် တာဝန်ရှိတဲ့အစိုးရတောင်မှ အရှုံးခံ မလုပ်နိုင်တာ ပုဂ္ဂလိက ဆိုလည်း ဘယ်လုပ်မလဲ။ ဒီတော့ နေ့စဉ် ကုန်ကျ စရိတ်ကာမိအောင် ဖျော်ဖြေရေးအစီအစဉ်တွေ၊ စားသောက်ဆိုင်တွေပို ထည့် တယ်။ ရေရှည် ရှင်းနှီးမြှုပ်နှံရမယ့် အဆောက်အဦသစ်တွေ၊ပြခန်းသစ်တွေကို ဦးစားမပေးနိုင်ဘူး။လူထု အပန်းဖြေ ရေးကအဓိကမဟုတ်တော့ဘူး။ တိရစ္ဆာန်ဥယျာဉ်လည်း ဒီအဖြစ်မျိုးနဲ့ ရင်ဆိုင်နေရပုံပဲ။
ပြသမှုတွေ၊အဆောက်အဦထိန်းသိမ်းမှုတွေနဲ့ပတ်သက်ပြီး ပြောစရာတွေများပေမယ့် ကုမ္ပဏီကိုအသိအမှတ်ပြုရမှာကဥယျာဉ်အတွင်းသန့်ရှင်းရေးပဲ။ အကောင်တွေထားတဲ့နေရာ ရော၊ လူတွေ သွားလာနေထိုင်တဲ့နေရာတွေအားလုံးမှာ စွန့်ပစ် အမှိုက်တွေမတွေ့ခဲ့ရဘူး။ တိရစ္ဆာန် တွေကို ပြင်ပအစာကျွေးခွင့်မပြုတော့တာလည်း မှန်ကန်တဲ့ အလုပ်ပဲ။
နောက်ဆုံးမရောက်မဖြစ်ရောက်ခဲ့ရတာကတော့ ဆင်ကြီး မိုမိုဆီကိုပေါ့။ မှတ်တမ်းတစ်ခုမှာတော့မိုမို ဟာ လွိုင်ကော်မြို့က ဦးခွန်စန္ဒ က လှုဒါန်းတဲ့ အတွက် ၁ ၉၆၁ ခုနှစ်မှာ တိရစ္ဆာန်ရုံကို ရောက်ခဲ့ တာလို့ ဖတ်ဖူးတယ်။ သူရောက်တော့အသက်ခုနှစ်နှစ်၊ အခု ၆၆ နှစ်။ သူ့ကို လှုခဲ့တဲ့ ဦးခွန်စန္ဒ နဲ့ မိသားစု တွေ ရော လွိုင်ကော်မှာရှိသေးလား။ မိုမိုရဲ့ မွေးနေ့တွေမှ ာ သူတို့ကို ရောဖိတ်လား ။ သူလှုခဲ့ တဲ့ ဆင်လေးဟာ ရန်ကုန်တိရစ္ဆာန်ဥယျာဉ်ရဲ့ လူသိအများဆုံး သင်္ကေတဖြစ်နေပြီဆိုတာ သိရင် ပျော်ရှာမှာပဲ။
ဇရာထောင်းလာတဲ့ မိုမိုဟာ သူ့အဖော်ဆင်တွေလို လှုပ်လှုပ်ရှားရှားမလုပ်နိုင်တော့ ဘူး။ သံတန်း ပေါ်မှာ မေးတင် ပြီး ငြိမ်ငြိမ်လေးပဲ ရပ်နေတယ်။ တွေးနေတာလား၊ မောနေတာလား။ မိုမိုရေ ၊ အသက်ရှည်ရှည် နေပါဦး။
မိသားစုတနင်္ဂနွေသီချင်းထဲကလိုပဲ သွားမယ်ဟေ့ မိုမိုရေ နောက်တစ်ခါရောက်လာရင်လေတို့ကို စောင့်ကြို နေ လို့ နှုတ်ဆက်ခဲ့တယ်။ အပြင်ထွက်တော့ ကားဝင်းထဲမှာ ကားတွေ ပြည့် နေပြီ။ နယ်ကလာတယ်လို့ထင်ရတဲ့ လိုက်ထရပ်တစ်စီး ဆိုက်လာတယ်။ လူတွေဆင်းတယ်။
ဈေးတန်းထဲကနေ “ လာနော်၊ ရခိုင်မုန့်တီ ၂၀၀၊ မုန့်ဟင်းခါး ၃၀၀၊ ဘဲဥနဲ့ထမင်းတစ်ပွဲ ၁၀၀၀၊ ဟင်းရည်၊ ငါးပိရည်၊ တို့စရာအစုံပါတယ်” ဆိုတဲ့ အသံတွေ တစ်ပြိုင်တည်းပေါ်လာတယ်။ ကား ပေါ်က လူတွေကတော့ အဲဒီအသံတွေကို စိတ်မဝင်စားဘူး။ ဂိတ်ဝကို ပြေးတဲ့ ကလေးတွေနောက်ကို အဖေ အမေတွေက အပြေးလိုက်သွားကြတယ်။
တိရစ္ဆာန်ဥယျာဉ်ဟာ လူတွေရဲ ရင်ထဲမှာ ရှိနေဆဲပဲ။

၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထက် ကုန်ထုတ်လုပ်မှု တိုးတက်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောထားတယ်။
ဘယ်ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံပြီး ပြောတယ်ဆိုတာ ပြည့်ပြည့်စုံစုံ သိရရင်ကောင်းမယ်။
စင်္ကာပူက မိတ်ဆွေတွေကို ပြချင်လို့ပါ။

အညာဟင်း ၊ အမေ့ဟင်း


ကျွန်တော့်အဖွားနဲ့ အမေက ရေစကြိုက အညာသူတွေ ဆိုတော့ ကျွန်တော်က အညာမှာ ကြီးပြင်းတာမဟုတ် ပေမယ့် ငယ်ငယ်လေးထဲက အညာ ဟင်း တွေနဲ့ ရင်းနှီးခဲ့ရတယ်။ အဲဒီဟင်းတွေက အသား၊ငါးတွေ၊ အဆာပလာတွေ နဲ့ ဖွယ်ဖွယ်ရာရာမဟုတ်ပါဘူး။ အညာမှာ ကိုယ့်အိမ်ဝိုင်းထဲ၊ ကိုင်းထဲ၊ ယာထဲ မှာ ၊ ခရိုးတစ်လေ ျှာက်မှာ တွေ့နိုင်တဲ့ ဟင်း သီး ဟင်းရွက်တွေနဲ့ချက်တာပါပဲ။ ဆီတောင်မှ ပြက်သိကာ လေးထည့်တာ။ အမေ့ဟင်းတွေရဲ့ ဂုဏ်ပုဒ်က ရိုးရှင်းမှုနဲ့ လတ်ဆတ်မှုပဲ။
မဟုတ်တရုတ်ဟင်း
ကျွန်တော်အကြိုက်ဆုံးဟင်း ၊ အမေ့အိမ်ရောက်တိုင်း ချက်ခိုင်းတဲ့ဟင်း။ ကျွန်တော်ငယ်ငယ်က အဖွားတို့အိမ်မှာ ရေစကြိုနယ်၊ ဂွေးဂုဏ်ရွာသူ ဒေါ်ငြိမ်းဆိုတာရှိတယ်။ သူက ရန်ကုန်ရောက်လာ တော့ အောက်ပြေအောက်ရွာက ဟင်းတွေကို မကြိုက်ဘူး။ အဲဒီတော့ အဖွားခြံထဲက ဟင်းရွက် စုံ တွေကို ခူးပြီး တစ်ယောက်စာလေးချက်တယ်။ သူ့ဟင်းက မွှေးတော့ အိမ်ကလူတွေက ဒေါ် ငြိမ်း ဘာတွေချက်နေလဲလို့မေးရင် “ အို ဘာဟင်းမှ မဟုတ်ပါဘူး။ မဟုတ်တရုတ်တွေပါ တော်” လို့ဖြေတယ်။
နှစ်ခါ၊ သုံးခါလောက်ချက်တဲ့အခါကျတော့ ဟင်းနံ့ရဲ့ ဆွဲဆောင်မှုကို မလွန်ဆန်နိုင်တော့တဲ့ အဖွား တို့က “ တော့် မဟုတ်တရုတ်ဟင်းပဲ ကျွေးစမ်းပါဦး“ ဆိုပြီး ချက်ခိုင်းသတဲ့။ အဲဒီအချိန်ကစပြီး မဟုတ်တရုတ်ဟင်းဟာ ကျွန်တော်တို့မိသားစုရဲ့ အထူးဟင်းလျာစာရင်း ဝင်သွားတော့တာပဲ။
မဟုတ်တရုတ်ဟင်းချက်မယ်ဆိုရင် ငါးပိလက်မတစ်ဆစ်လောက်၊ ကြက်သွန်ဖြူ ဓားပြားရိုက်၊ ဆား နည်းနည်းထည့်ပြီ ပွက်ပွက်ဆူအောင်တည်၊ အဲဒီအချိန်မှာ ဗူး၊ ဖရုံ၊ ကင်းပုံရွက်၊ ဆူးပုတ်လေး၊ ဒန့် ဒလွန်၊ အောင်မဲညို၊ ကြက်သဟင်းရွက်၊ ကြာဟင်းရွက်၊ ပြည်ပန်းညို စတဲ့ ဟင်းရွက်စုံကို ခူူးပြီး သင်ထား၊ ဟင်းရည်ဆူပြီဆိုမှ အရွက်တွေကို ထည့်၊ ပြီးရင် ဆီကို ပါတယ်ဆိုရုံလေး ထည့်။
ဒေါ်ငြိမ်းကတော့ “ ဝေ့” တယ်လို့သုံးတယ်။ ဆီပုလင်းအဝကို လက်နဲ့ပိတ်ပြီး အိုးပေါ်မှာ ဝေ့ လိုက်တဲ့အခါ ခေါင်းမူးသွားတဲ့ ဆီတစ်စက် ၊ နှစ်စက် အိုးထဲကို ပြုတ်ကျသွားတာကို ဆိုလို တာ ပေါ့။ အရွက်တွေနည်းနည်းနွမ်းပြီဆိုရင် ငရုတ်သီးခြောက်ကို ရေဆေး၊ အညှာချွေ၊ ခါးချိုးထည့်။ ပြီးရင် ငရုတ်သီးဆားထောင်း နဲ့ မဟုတ်တရုတ်ဟင်းပူပူနဲ့ ရှုးရှုးရဲှရဲှ စားလို့ရပြီ။
ဒီဟင်းက လယ်ထဲ၊ ယာထဲ ၊ ကိုင်းထဲက အပြန်လမ်းမှာ ဟင်းရွက်တွေခူးလာ၊ အိမ်ရောက်တာနဲ့ ချက်၊ ပူပူ နွေးနွေးချက်ခြင်းစားတဲ့ လယ်သမားဟင်းပဲပေါ့။ အရွက်တွေကတော့ ရနိုင်တဲ့အပေါ် မူတည်ပြီးထည့်တာပါပဲ။ မပါမဖြစ် ပါရတာကတော ဆူးပုတ်ကလေး လို့ခေါ်တဲ့ အညာဆူးပုတ် ။ သူက အရွက်သေးတယ်၊နူးညံ့တယ်၊ ဆူးပုတ်ကြီးလို အနံ့မပြင်းဘူး။
အမေကတော့ လတ်လတ်ဆတ်ဆတ်စားလို့ရအောင် ခြံထဲမှာ ဆူးပုတ်ကလေး၊ ပြည်ပန်းညို၊အောင်မဲညို၊ ကြက်သဟင်း ဆိုတဲ့ အပင်တွေ စိုက်ထားတယ်။
အမဲသားထန်းသမားချက်
ထန်းသမားဆိုတော့ ဆင်းရဲတာကိုး၊ ဒီတော့ အမဲပေါ်တဲ့အခါ အသားမဝယ်နိုင်တော့ ဈေးပေါတဲ့ အရိုးနုတွေ၊ အရွတ်တွေ၊ အကြောတွေ၊ မပျော်ဆီလို့ခေါ်တဲ့ အဆီခဲတွေကို ဝယ်၊ ဂျင်း၊ ကြက်သွန်ဖြူ/နီ များများကိုထောင်း၊ ငရုတ်သီးခြောက် ၊ ဒါမှမဟုတ် အစိမ်းကိုထောင်း၊ စပါးလင်ရှိရင်ထည့်၊ ပြီးရင် ဆီနည်းနည်းထည့်ပြီး အားလုံးကို ရောနယ်၊ မြေအိုးနဲ့ နှပ်ပြီးချက်၊ အရည် များများ နဲ့ ဟင်းရည်လည်းသောက်၊ အဖတ်လည်းစားလို့ရတဲ့ဟင်းပေါ့။ ထန်းရည်ရောင်းတဲ့အခါ အမြည်း အဖြစ်လည်းတွဲရောင်းတယ်။
ဒီဟင်းက စားဖို့အတွက်ရော၊ မြည်းဖို့အတွက်ရော တကယ်ကောင်းတဲ့ဟင်း။ အရက်နဲ့ မြည်းမယ် ဆိုရင်တော့ ဝီစကီလို အကောင်းစားအရက်တွေနဲ့မကိုက်ဘူး။ ဟင်းက ကြမ်းကြမ်း၊ ဟင်းရည်က စပ်စပ်၊ ဟိုးအရင်က အစိုးရ အရက်ဖြူဆိုင်တွေရှေ့က အမြည်းဆိုင်တွေမှာရောင်းတဲ့ ကြက်ရိုး ဂေါ်ရင်ဂျီချက်လိုမျိုးဆိုတော့ ဘီအီး အခုတော့ ဇေ နဲ့ဆိုရင် ပိုလိုက်တယ်၊ မဟုတ်ရင်လည်း ရမ် နဲ့ ပေါ့။
ရန်ကုန်မှာချက်စားတဲ့အခါ တစ်ခါတစ်လေ အရောင်တင်မှုန့်ထည့်တာရှိတယ်။ ဒါပေမယ့် ထန်းသမား ချက်စစ်စစ်က အရောင်တင်မှုန့်မပါဘူး။
ခရမ်းသီးငရုတ်သီးချက်
ကိုင်းခရမ်းသီးကို အတုံးလေးတွေတုံး ငါးပိ၊ နနွင်းမှုန့်၊ ဆား စိမ့်ဝင်သွားအောင်နယ်။ ငရုတ်သီး စိမ်းထည့်၊ ကြက်သွန်ဖြူ၊ နီ ထည့် ဆီနည်းနည်းထည့်ပြီး လုံးချက်ချက်တဲ့ဟင်း။ သူ့ချည်း ပဲတော့မကောင်းဘူး ၊ စပ်စပ်လေးချက်ပြီး ဝက်သားဟင်းနဲ့ တွဲလိုက်ရင်တော့ ဘာပြောကောင်း မလဲ။
ကျွန်းထဲဟင်း
အမေတို့ ငယ်ငယ်က ဧရာဝတီမြစ်ထဲက မြေနုကျွန်းတွေကို သွားလည်တဲ့အခါ စားရတဲ့ဟင်း ပေါ့။ ဧည့်သည်ရောက်မှ ခရမ်းသီးကို အခွံခွာ၊ လေးစိတ်စိတ်၊ ပဲတောင်ရှည်တွေကိုချိုးထည့်၊ ကြက် သွန်နီပါးပါးလှီးထည့်၊ ငံပြာရည်ထည့်။ ဆီလေးပြသိကာထည့်၊ မီးအေးအေးနဲ့ ခရမ်းသီးတွေ နူးအိ ကြေသွားတဲ့အထိမွှေ၊ ခရမ်းသီးနူးပြီဆိုမှ ကိုင်းထဲက ဘူးညွှန့်၊ဖရုံညွှန့်တို့ထည့်။ နံနံပင် ရှိရင် နံနံပင်အုပ်။ ကျွန်းထဲမှာစားရလို့ ကျွန်းထဲဟင်းလို့ခေါ်တဲ့ဟင်းတစ်ခွက်ရပြီ။
ဒါပေမယ့် ဒီဟင်းက အချိုချက်ဆိုတော့ ခရမ်းချဉ်သီးထောင်းနဲ့မှတွဲမှ စားလို့ကောင်းတာ။
ခရမ်းချဉ်သီးထောင်း
ဒီခရမ်းချဉ်သီးထောင်းက ရန်ကုန်ဈေးတွေမှာတွေ့ရတဲ့ ခရမ်းချဉ်သီးအလုံးကြီးကြီး လှလှ မျိုး မဟုတ်ဘူး။ အလုံးသေးသေး၊ အညာဘက်မှာ အပင်လိုက်နှုတ်ပြီး ဝါးတန်းပစ် ၊ နှစ်လုံးပေါက် ထားလေ့ရှိတဲ့ ခရမ်းချဉ်သီးမျိုးကိုသုံးတာပါ။ ခရမ်းချဉ်သီး၊ ငရုတ်သီး၊ ကြက်သွန်ဖြူ တွေကို သီတံနဲ့မီးပြ၊ ငါးပိကို စလောင်းဖုံးမှာကပ် မီးဖုတ်ပြီး ထောင်းရတဲ့ ခရမ်းချဉ်သီးထောင်း။
ရန်ကုန်မှာတော့ အဲဒီလို ခရမ်းချဉ်သီးလည်းမရနိုင်၊ ထင်းမီးနဲ့လည်းမချက်နိုင်တော့ အမေက ခရမ်းချဉ် သီး၊ ငရုတ်သီး၊ ကြက်သွန်ဖြူတွေကို ဒယ်အိုးထဲမှာ ထည့်လှော်ပြီးထောင်းတယ်။ ပြီးတော့ အဖြစ်ပါပဲလေ။ မတူပါဘူးလို့ ညည်းတယ်။
ကျွန်တော်သိတဲ့ အညာဟင်းက အများကြီးမရှိပါဘူး။ ပြီးတော့ဒီဟင်းတွေက ဟင်းကောင်း၊ ဧည့်ခံဟင်းတွေ လည်းမဟုတ်ပါဘူး။ ဒါပေမယ့် အမေ့ဇာတိမြေက ကျေးလက်ဟင်း၊ အမေ့မေတ္တာဟင်းတွေဆိုတော့ ဘယ်လောက်စားစား မဝဘူး။ ဘယ်တော့မှ လည်း မေ့မှာမဟုတ်ဘူး။

သူ့ကို အားကိုးလို့ မဲပုံပေးပြီး ရွေးခဲ့တာပဲ။

ဒါပေမယ့် သူအာဏာရထဲက

လုပ်သမ ျှ အောင်မြင်တာ မရှိသေးဘူး။

ကမ္ဘာ့အလယ်မှာ နိုင်ငံလည်း သိက္ခာကျတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီလည်း အခြေအနေမကောင်းဘူး၊

အခုတော့ သူကိုယ်တိုင်တောင် တရားစွဲခံရတော့မယ့် အခြေအနေရောက်နေပေါ့။

သူ့လက်နဲ့ထိလိုက်ရင် ရွှေမဖြစ်ဘဲ အားလုံးဒုက္ခရောက်ရတဲ့အကြောင်း ထရမ့်ကိုလည်း ဝေဖန်သလို ပါတီကိုရော၊ မိမိကိုယ်မိမိ ဝေဖန်ရေးရောလုပ်ထားတဲ့

ရီပတ်ဘလီကင်ပါတီ နိုင်ငံရေးအတိုင်ပင်ခံ Rick Wilson ရေးတဲ့

“ Everything Trump Touches Dies” စာအုပ်ကတော့ နယူးယောက်တိုင်းမ်သတင်းစာ အရောင်းရဆုံးစာအုပ်စာရင်းဝင်သွားပြီ

မြီးရှည် ၊ အေးဖောင်း၊ မအေးသောင်း

“၈၉ မန္တလေးမြီးရှည်” ဆိုတဲ့ ဘောက်ထော် ဓမ္မာရုံလမ်း ထဲက ဆိုင်နာမည် ဆန်းဆန်း ၊ စားစရာအမည်တွေကလည်း ထူးထူးခြားခြား နဲ့ ဒီဆိုင်ကို လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကရောက်ခဲ့ဖူးတယ်။ အဲဒီအချိန်က အခုလောက် အမည်စုံမရသေးဘူး။ မန္တလေး မြီးရှည် ( ဝက်/ဘဲ) ၊ ထမင်းဆီစမ်း၊ ကော်ဖီ၊ လက်ဖက်ရည်ကောင်းကောင်း ။ ဒီလောက်ပဲ။ အခုတော့ မြီးရှည်တစ်ခုတည်းတင် မူကွဲ ငါးမျိုးဖြစ်နေပြီ။ ကော်ဖီ၊လက်ဖက်ရည်၊ အချိုပွဲ၊ မြန်မာ ရိုးရာ နံနက်စာ မူကွဲတွေပေါင်းလိုက်ရင် နှစ်ဆယ်ကျော်နေပေါ့။

ခပ်ချေချေ စတိုင်နဲ့ ဒီဆိုင်က ပထမတော့ စနေ၊ တနင်္ဂနွေပဲ ဖွင့်တယ်။ အခုတော့ ကြာသာပတေး နေ့လည်း ဖွင့်တယ်။ ဒါပေမယ့် အစုံမရဘူး။ မုန့်ဟင်းခါး၊ မြီးရှည်တစ်မျိုးနဲ့ အချိုပွဲ၊ ကာဖီ၊ လက်ဖက်ရည်ပဲ ရတယ်။ စားမယ်ဆိုရင် မနက်စောစော ၇ နာရီလောက်သွား၊ ဒါမှမဟုတ် ၁၂ နာရီ လောက်မှာ သွား။ ( ဆိုင်က နေ့လည် ၂ နာရီအထိပဲဖွင့်တယ်။ ) ။ လူကျတဲ့ အချိန်ဆိုရင် တော့ ကိုယ့်အလှည့်ရောက်ဖို့ စောင့်ပေတော့ ၊ “လက်ဖက်ကောင်းစားချင် ပလောင်တောင်တက် နှေးစေ” ပဲ။

စောင့်ရလို့ စိတ်တိုနေရင်လည်း စားရတဲ့အခါ စိတ်ပြေသွားပါလိမ့်မယ်။ ဆိုင်ရဲ့ လက်ရာက အစားမက်တဲ့လူ အစားအသောက်လုပ်ရောင်းတဲ့ပုံစံကိုး။ ဆိုင်ထဲမှာ ကပ်ထားတဲ့ ဂျော့ချ်ဘားနဒ်ရှောရဲ့ အဆိုအမိန့်ကိုပဲ ကြည့် –

“ အစားအသောက်ကို ချစ်တဲ့ အချစ်လောက် ၊ ဖြူစင်တဲ့ အချစ်ဆိုတာ မရှိဘူး” တဲ့။

ကျွန်တော်ကတော့ မန္တလေးမြီးရှည်(ဝက်) သာလ ျှင် မြီးရှည်ဖြစ်တယ်လို့ယူဆတဲ့အတွက် ဒီနေ့ ရောက်တဲ့အခါ ကျန်တဲ့ မြီးရှည် မူကွဲတွေကို လက်ဖျားနဲ့တောင်မတို့ခဲ့ဘူး။ မြီးရှည် နဲ့ပတ်သက်ပြီး ဟင်းပွဲအပြင်အဆင်က ဘယ်လို၊ အရသာက ဘယ်ကဲ့သို့ ဆိုပြီးတော့ မသုံးသပ်တတ်ဘူး။ ဒါပေမယ့် ၁၉ ၇၅၊ ၁၉ ၇၆ ခုနှစ် တွေ မှာ စားဖူးတဲ့၊ ငယ်ချစ်လို စွဲမက်ခဲ့တဲ့ မန္တလေးမြီးရှည် နဲ့ ပြန်တွေ့ရတယ်လို့ခံစားရတဲ့ဆိုင်ကတော့ ရန်ကုန်မြို့မှာ ဒီတစ်ဆိုင်ပဲ တွေ့ဖူးသေးတယ်။

နောက်တစ်ခါ ငယ်ငယ်က ကာကာဆိုင်လို့ ခေါ်တဲ့ ကုလား လက်ဖက် ရည်ဆိုင်တွေမှာသောက်ရတဲ့ မလိုင်နဲ့နှပ်တဲ့ကော်ဖီ၊ လက်ဖက်ရည် ကို ပြန်သောက် ခွင့်ရတာလည်း ဒီဆိုင်ပဲ။ ကျန်တဲ့ အစားအသောက်တွေကတော့ စားမကြည့်ဘူးလို့ ကောင်း၊ မကောင်းမပြောလိုဘူး။

ဒီဆိုင်မှာ စားမယ်ဆိုရင် ထူးဆန်းသော အမည်များနဲ့ စားသောက်ဖွယ် ရာများနဲ့ ပတ်သက် ပြီး မေးဖို့ မရှက်ပါနဲ့၊ ဥပမာ။ အေးဖောင်း ကော်ဖီဆိုရင် ဘယ်လိုသောက်ရသလဲ၊ ဗြင် ဆိုတာဘာလဲ ပေါ့။

ဒီဆိုင်ရဲ့ ပင်တိုင်ဖောက်သည်တွေထဲမှာ မအေးသောင်း လည်း ပါတဲ့အတွက် ကံကောင်းရင် အေးဖောင်းကော်ဖီ သောက်နေတဲ့ မအေးသောင်းကို တွေ့နိုင်ပါလိမ့်မယ်။

မသိဘူး စီးမယ် (၂)


ဒီဇင်ဘာလ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်အကြီးအကဲများနဲ့ နိုင်ငံတော်အဆင့်ဧည့်သည်များရဲ့ ခရီးစဉ်မှာ အသုံးပြုဖို့အတွက် ကျည်ကာ ယာဉ် ခြောက်စီး ကို အခွန်ကင်းလွတ်ခွင့်ပြုဖို့ အစိုးရအဖွဲ့ကိုယ်စား ဒုတိယဝန်ကြီး ဦး မောင်မောင်ဝင်းက တင်ပြခဲ့တယ်။ (ပုံ ၁)
ဒုဝန်ကြီးရဲ့ တင်ပြချက်အရ ကားခြောက်စီးအတွက် ဒေါ်လာ ၇ သိန်းကျော် ကုန်ကျမယ်။ အဲဒီ ကား တွေကို ဥပဒေနဲ့ အညီ အခွန်ပေးရရင် နောက်ထပ် ဒေါ်လာ လေးသိန်းကျော် ထပ်ကုန်မယ်။ ဒါ့ကြောင့် အခွန်ကင်းလွတ်ခွင့်ပေးဖို့တင်ပြရတာဖြစ်တယ်လို့ သိရပါတယ်။
အဲဒီလို ကျည်ကာယာဉ် ( Bullet Proof ) ကို ၂၀၁၄ မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အသုံးပြုဖို့အတွက် ဝယ်ခဲ့ဖူးတယ်။ အဲဒီလို ဝယ်ယူမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု အစိုးရနဲ့ လွှတ် တော်ကြားမှာ အတော်အငြင်းပွားခဲ့ရတယ်။
သမ္မတစီးမှာ စိုးရိမ်လို့
၂၀၁၃-၂၀၁၄ ခုနှစ်အတွက် အမျိုးသား စီမံကိန်းဥပဒေကြမ်း ကို ရေးဆွဲတဲ့အခါ မြန်မာနိုင်ငံက အာဆီယံဥက္ကဋ္ဌ တာဝန် ယူချိန်မှာ ကျင်းပမယ့်ထိပ်သီးအစည်းအဝေးတွေ ၊ ဝန်ကြီးအဆင့် အစည်း အဝေးတွေ နဲ့ အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးတွေမှာ ဧည့်ကြိုယာဉ်တွေ ဝယ်ယူဖို့ လျာ ထားခဲ့တယ်။ အဲဒီထဲမှာ မာစီးဒီး ကျည်ကာယာဉ် ငါးစီးလည်းပါတယ်။
အဲဒီမော်တော်ယာဉ်ဝယ်ယူမှုနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ် မတ်လ ၁ ရက်နေ့ ပြည်ထောင်စုလွှတ် တော်မှာ ဆွေးနွေးတဲ့အခါ ပြည်ခိုင်ဖြိုးပါတီ ဒိုက်ဦးမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမင်းဆွေက ကျည်ကာကား ငါးစီးအပါအဝင် မော်တော်ယာဉ်ဝယ်ယူဖို့ လျာထားတဲ့ ငွေကို ၅၀% ဖြတ်တောက်ဖို့၊ ကျည်ကာယာဉ်တွေဝယ်ဖို့မလိုဘူး။ စီးချင်တဲ့ ဧည့်သည့်တော် နိုင်ငံ့ခေါင်းဆောင် တွေ အိုဘားမားလိုပဲ သူတို့ အစီအစဉ်နဲ့ သူတို့ ယူလာပါစေလို့ ဆွေးနွေးခဲ့တယ်။
အစိုးရအဖွဲ့ဘက်က ပြည်ထောင်စုဝန်ကြီး ဦးကံဇော်က အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတွေမှာ ထိပ်သီး အစည်းအဝေးများအတွက် ဧည့်ကြိုယာဉ်များစီစဉ်ပေးမှုအခြေအနေ၊ လုံခြုံရေးလိုအပ်ချက် ကြောင့် အချို့နိုင်ငံများရဲ့ နိုင်ငံတော်အကြီးအကဲများကို ကျည်ကာယာဉ်မဖြစ်မနေ စီစဉ်ပေးဖို့ လို အပ်တဲ့အခြေအနေတွေကို ရှင်းလင်းတင်ပြခဲ့တယ်။
အမျိုးသားစီမံကိန်းဥပဒေကြမ်းကို မဲခွဲတဲ့အခါမှာတော့ ကျည်ကာယာဉ်တွေဝယ်ယူတာကို ကန့်ကွက်တဲ့ ဦးမင်းဆွေရဲ့ အဆိုရှုံးသွားတယ်။ ဒါပေမယ့် ကျည်ကာယာဉ်တွေဝယ်တာနဲ့ပတ်သက် တဲ့ ကန့်ကွက်မှုတွေက ရပ်မသွားဘူး။
အမျိုးသားစီမံကိန်းဥပဒေကို အတည်ပြုပြီးတဲ့အခါ အဲဒီစီမံကိန်းကို အခြေခံပြီးရေးဆွဲထားတဲ့ အစိုးရ ဘတ်ဂျက် ( အရအသုံးခန့်မှန်းခြေငွေစာရင်း) ကို လွှတ်တော်က အတည်ပြုနိုင်ဖို့အတွက် ဝန်ကြီး ဌာနတွေနဲ့ လွှတ်တော်ကော်မတီတွေကြားဆက်ဆွေးနွေးရတယ်။
အဲဒီလိုဆွေးနွေးတဲ့အခါ စီမံ/စီးပွား ဝန်ကြီးဌာနအသုံးစရိတ်နဲ့ပတ်သက်ပြီး ဆွေးနွေးတဲ့အချိန်မှာ ကျည်ကာယာဉ်တွေအတွက်လျာထားတဲ့ငွေအပါအဝင်မော်တော်ယာဉ်ဝယ်ယူဖို့ ငွေတွေကို ဖြတ် တောက်ဖို့အတွက် လွှတ်တော်ကိုယ်စားလှယ်တွေက ထပ်ပြောလာတယ်။
အဲဒီအစည်းအဝေးတွေမှာ ကော်မတီဝင် လွှတ် တော်ကိုယ်စားလှယ်အချို့က ကျည်ကာကား တွေကို အာဆီယံအစည်း အဝေး ပြီးရင် သမ္မတနဲ့ ဒုသမ္မတတွေ စီးချင်လို့ ဝယ်တယ် ဆိုတဲ့ စကားတွေပြောလာခဲ့တယ်။ ဒီလိုနဲ့ ကျည်ကာယာဉ်ဝယ်ယူရေးကိစ္စဟာ အစိုးရအဖွဲ့နဲ့ လွှတ်တော် ကြားမှာ အပြန်အလှန် ဆွေးနွေးရတဲ့အခြေအနေကို ရောက်သွားခဲ့တယ်။
ဒီလိုနဲ့ နောက်ဆုံးမှာ အစိုးရဘက်ကလည်း ကျည်ကာယာဉ်တွေဟာ သမ္မတစီးဖို့မဟုတ်ဘူး။ သမ္မတ ဦးသိန်းစိန်ဟာ ကျည်ကာယာဉ်စီးရမှာ လုံခြုံတယ်လို့ ထင်တဲ့ပုဂ္ဂိုလ်မဟုတ်ဘူးဆိုတာ မျိုး လွှတ်တော်ကိုယ်စားလှယ်အချို့ကို ပြန်ပြောရတဲ့အဆင့်ထိဖြစ်ခဲ့တယ်။ ကောင်းတော့ မကောင်း ဘူးပေါ့။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကလည်း ကြားကသွေးထိုးပေးတာကို ယုံနေတော့ မပြောမဖြစ်ပြောခဲ့ရတာပဲ။
ချုပ်ပြောရရင် နောက်ဆုံးတော့ မာစီးဒီးကျည်ကာယာဉ် လေးစီးဝယ်ခွင့်ရတယ်။ ဒါပေမယ့် တစ် ကယ်ဝယ်တော့ နှစ်စီးပဲ ဝယ်ဖြစ်တယ်ထင်တယ်။ ဝယ်တာတော့ ဂျာမနီဆိုင်ရာ မြန်မာသံရုံးကနေ ဝယ်လိုက်တာလို့မှတ်သားမိတယ်။ သက်ဆိုင်ရာဝန်ကြီးဌာန ( စီမံ/ဘဏ္ဍာ/ စက်မှု) မှာတော့ မှတ်တမ်းအတိအကျရှိမှာပါ။
အဲဒီအချိန်က အင်န်အယ်လ်ဒီပါတီကလည်း လွှတ်တော်ထဲရောက် နေပြီဖြစ်တဲ့အတွက် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် တို့လည်း အဲဒီအကြောင်းတွေသိနိုင်တဲ့အခြေအနေမှာရှိပါတယ်။
ဝယ်မှာလား
တကယ်လို့ ကျည်ကာယာဉ်တွေ အရင်က ဝယ်ထားပြီးသား ရှိတယ်ဆိုရင် အခု ထပ်ဝယ်ဖို့ လို မလို စဉ်းစားသင့်ပါတယ်။ အာဆီယံထိပ်သီးအစည်း အဝေးလို နိုင်ငံစုံအစည်းအဝေးတွေ မရှိတော့ တဲ့ အတွက် နိုင်ငံတကာခေါင်းဆောင်တွေလာရင်လည်း တစ်ဦးချင်းပဲလာဖို့ရှိပါတယ်။ နောက်ထပ် ကားခြောက်စီးမလိုပါဘူး။
နိုင်ငံအကြီးအကဲတွေအတွက်ဆိုရင်လည်း သမ္မတ၊ သမ္မတအထက်မှာရှိတယ်လို့ ပြောနေတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် နဲ့ ဒုသမ္မတ နှစ်ဦး စုစုပေါင်း လေးဦးပဲ ရှိပါတယ်။ အဲဒီလေးဦးလုံး တစ်ပြိုင် တည်း ခရီးသွားဖို့တော့ရှိမယ်မထင်ဘူး။ တစ်ခုတော့ရှိတယ်။ နိုင်ငံ့အကြီးအကဲတွေ သွားမယ့် မြို့ မှန်သမ ျှ ကျည်ကာယာဉ်ပို့ထားမယ်ဆိုရင်တော့ ခြောက်စီးနဲ့လည်းမလောက်နိုင်ဘူး။
အခု တင်ပြတဲ့ ကျည်ကာယာဉ်တွေနဲ့ပတ်သက်လို့ ၂၀၁၈-၁၉ အမျိုးသားစီမံကိန်းဥပဒေနဲ့ ဘတ် ဂျက် ဥပဒေတွေဆွေးနွေးတဲ့ အချိန်မှာ ဆွေးနွေးတာမတွေ့မိဘူး။ ဒုဝန်ကြီးရဲ့တင်ပြချက်မှာ နိုဝင်ဘာ ၂၂ အစိုးရအဖွဲ့အစည်းအဝေးက ဆုံးဖြတ်တယ်ဆိုတော့ ခေါင်းစဉ်ပြောင်းသုံးတာမျိုး လည်း ဖြစ်နိုင်ပါတယ်။
ကျည်ကာယာဉ်ခြောက်စီး ဝယ်သင့်လား၊ ဝယ်တယ်ဆိုရင်အခွန်ကင်းလွတ်ခွင့်ပေးသင့်လား ဆိုတာ ကတော့ လွှတ်တော်ကိုယ်စားလှယ်ကြီးများရဲ့ အဆုံးအဖြတ်ပါပဲ။
သေချာတာတစ်ခုကတော့ အာဏာရှင်လို့ စွပ်စွဲခံရတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရော၊ စစ်သား တစ်ပိုင်း အရပ်သားသမ္မတလို့ အခေါ်ခံရတဲ့ ဦးသိန်းစိန်ရော ကျည်ကာယာဉ် မစီးခဲ့ဘူး။ သူတို့ နှစ်ယောက်လုံး မြောက် ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်လို ကားကို လုံခြုံရေးတွေ လက်ချင်း ချိတ်ခြံရံပြီး မသွားခဲ့ဖူးဘူး။