ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ၂၀၁၉ ခုနှစ်အတွင်း ရန်ကုန်မြို့တော်အခြေအနေကို အခု လိုသုံးသပ်ပြောကြားလိုက်တဲ့အကြောင်း စံတော်ချိန်သတင်းမှာ ဖော်ပြထားပါတယ် –၁။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် (NLD) အစိုးရသက် တမ်း နောက်ဆုံးနှစ်အတွင်း တိုးတက်လာ ပြီး ရာသီဥတု ကောင်းမွန်လာတယ်။၂။ လူတွေရဲ့စိတ်ရင်း၊ စိတ်ဓာတ်တွေ သာယာပြီး အေးချမ်းလို့ရာသီဥတုလည်း ကောင်းလာတာ ဖြစ်တယ်။စကားအရာမှာတော့ မန္တလေးဟာ ရန်ကုန်ကို လိုက်လို့မမီတော့ဘူး။

ပညာရေးဝန်ကြီးဌာနကတော့ ပြည်ထောင်စုဝန်ကြီးနဲ့ ညွှန်ချုပ် အပြိုင်အဆိုင်ပါလား အခြေခံပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း ၁။ အခြေခံပညာကဏ္ဍ မှာ ရှိတဲ့ ဆရာ၊ ဆရာမ လေးသိန်းခုနှစ်သောင်းကျော်က ကန့်ကွက်ရင် လက်ရှိထုတ်ပြန်ထားတဲ့ ကျောင်းတက်ချိန်တွေကို ပြန်စဉ်းစားမယ်လို့ပြောလိုက်တယ်။ ဦးကိုလေးဝင်းက သမဂ္ဂတွေက တင်ထားတဲ့ ဖေ့စ်ဘွတ်ရဲ့ Like အရေအတွက်ကိုလည်း ကြည့်ဖို့ လိုတယ်လို့လည်း ထောက်ပြ ထားတယ်။ ပုံ ၁ ၂။ ဒါ့အပြင် ဆိုရှယ်မီဒီယာတွေမှာ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေရဲ့ ဓာတ်ပုံတွေကို သုံးပြီး ကြမ်းတမ်းတဲ့ စကားပြောတဲ့သူတွေကိုလည်း ဥပဒေကြောင်းအရ စကားပြောမယ်လို့ သတိပေးထားပါတယ်။ ပုံ ၂

မိဘများစီးပွားရေးအစဉ်ပြေအောင်အလုပ်ပိုလုပ်လို့ရအောင်လို့ စာသင်ကာလတိုးတယ် ဆိုတဲ့ မြန်မာ့ပညာရေး ဆိုင်ရာ အယူအဆသစ်ကို ရှင်းပြခဲ့ပြီးတဲ့နောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဆရာ၊ ဆရာမတွေဟာ နွေရာသီကျောင်းပိတ်ရက်မှာ လစာယူတဲ့အတွက် စာသင်ကြားရမယ် လို့ ထပ်မံပြောကြားခဲ့တဲ့အကြောင်း Voice သတင်းမှာဖော်ပြထားပါတယ်။

ကားပါမစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်

၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက်နေ့ မှာ အဲဒီအချိန်က အတိုက်အခံ အင်န်အယ်လ်ဒီပါတီဥက္ကဌ လည်း ဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရက ပေးမယ့် ကားပါမစ်၊ မြေကွက် ကိစ္စတွေနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့တယ်- “ဒီလို ကားပါမစ်တွေ မြေကွက်တွေဘာတွေ ဒီလိုအချိန်မှာလည်း မလိုချင်ပါဘူး၊ အခုပြည်သူအများစုဟာ ဆိုလို့ရှိရင် သူတို့ရဲ့လယ်ယာမြေလေးတွေ ရရှိရေးအတွက် ရုန်းကန်နေရတဲ့ အချိန်မှာ ကျမတို့ပါတီအနေ နဲ့ ဒီလိုမြေကွက်တွေလည်း အလကားမယူချင်ပါဘူး၊ ကားပါမစ်တွေလည်း မလိုပါဘူး” ပုံ (၁) ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ဟာ အဲဒီအချိန်က အတိုက်အခံပါတီဖြစ်နေတဲ့ အင်န်အယ်လ်ဒီပါတီရဲ့ မူဝါဒပဲလို့နားလည်ပါတယ်။ ဒီလို အခွင့်အရေးမယူဘူးဆိုတဲ့ ရပ်တည်ချက် ကလည်း လေးစားစရာကောင်းပါတယ်။ ဒါပေမယ့် အဲဒီစကားပြောပြီး ခြောက်နှစ်နီးပါးရှိတဲ့အချိန်မှာတော့ အင်န်အယ်လ်ဒီအစိုးရContinue reading “ကားပါမစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်”

၂၀၁၆ ခုနှစ် အင်န်အယ်လ်ဒီ အစိုးရသစ် တာဝန်ယူပြီးစ ကာလမှာ“အော် သူတို့ အခြေခံလူတန်းစားတွေနဲ့ ကင်းကွာမှုမရှိဘူး။ နမူနာယူရ မယ်“ ဆိုပြီး စုဆောင်းထားခဲ့တဲ့သတင်းလေးတွေလေးနှစ်အကြာမှာ အရင်အတိုင်းပဲလား၊ ပြောင်းလဲသွားပြီးလား ဆိုတာတော့ စာဖတ်ပရိသတ်ကြီးပဲ ဆုံးဖြတ်ကြပါတော့။

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ စီးပွားရေးအတွေ့အကြုံ

ရန်ကုန်မြို့ပြအများပြည် သူ သယ်ယူပို့ဆောင်ရေး (YUPT) အများပိုင်ဘတ်စ်ကားကုမ္ပဏီ မှာ ထည့်ဝင်ထားတဲ့ ကျပ် ၃၅ ဘီလီယံ လုံးပါးပျောက် ဆုံးမယ့် အခြေအနေအဖြစ်ခံမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အာမခံ ပြောကြားလိုက်ပါတယ်။ ဒီနေ့( ဒီဇင်ဘာ ၃၀ ၂၀၁၉ )ထုတ် ဆဲဗင်းဒေးသတင်းစာပါ သတင်းအရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၁။ သူအကျွမ်းကျင်ဆုံးဘာသာသာရပ်က စီးပွားရေးဖြစ်ပြီး အများပြည်သူပို့ဆောင် ရေး လုပ်ငန်းမအောင်မြင်စရာမရှိဘူး။၂။ သူဟာ စီးပွားရေးစာအုပ်တွေဖတ်နေတဲ့သူမဟုတ်ပါဘူး။၃။ Business နယ်ပယ်မှာကို အောင်မြင်ခဲ့တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။၄။ ၃၅ ဘီလီယံ လုံးပါးပါးပြီး ပျောက်ဆုံးသွားမယ့် အခြေအနေမျိုး ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး။ လို့ ပြောကြားခဲ့တာကိုတွေ့ရပါတယ်။ သူ့အနေနဲ့ ဘာစီးပွားရေးလုပ်ငန်းတွေလုပ်ပြီးအောင်မြင်ခဲ့တယ်ဆိုတာတော့ မိန့်ခွန်းထဲမှာ ထည့် ပြောမထားဘူး။Continue reading “၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ စီးပွားရေးအတွေ့အကြုံ”

၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထက် ကုန်ထုတ်လုပ်မှု တိုးတက်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောထားတယ်။ဘယ်ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံပြီး ပြောတယ်ဆိုတာ ပြည့်ပြည့်စုံစုံ သိရရင်ကောင်းမယ်။စင်္ကာပူက မိတ်ဆွေတွေကို ပြချင်လို့ပါ။

မသိဘူး စီးမယ် (၂)

ဒီဇင်ဘာလ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်အကြီးအကဲများနဲ့ နိုင်ငံတော်အဆင့်ဧည့်သည်များရဲ့ ခရီးစဉ်မှာ အသုံးပြုဖို့အတွက် ကျည်ကာ ယာဉ် ခြောက်စီး ကို အခွန်ကင်းလွတ်ခွင့်ပြုဖို့ အစိုးရအဖွဲ့ကိုယ်စား ဒုတိယဝန်ကြီး ဦး မောင်မောင်ဝင်းက တင်ပြခဲ့တယ်။ (ပုံ ၁)ဒုဝန်ကြီးရဲ့ တင်ပြချက်အရ ကားခြောက်စီးအတွက် ဒေါ်လာ ၇ သိန်းကျော် ကုန်ကျမယ်။ အဲဒီ ကား တွေကို ဥပဒေနဲ့ အညီ အခွန်ပေးရရင် နောက်ထပ် ဒေါ်လာ လေးသိန်းကျော် ထပ်ကုန်မယ်။ ဒါ့ကြောင့် အခွန်ကင်းလွတ်ခွင့်ပေးဖို့တင်ပြရတာဖြစ်တယ်လို့ သိရပါတယ်။အဲဒီလို ကျည်ကာယာဉ် ( Bullet Proof ) ကို ၂၀၁၄ မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အသုံးပြုဖို့အတွက် ဝယ်ခဲ့ဖူးတယ်။ အဲဒီလို ဝယ်ယူမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု အစိုးရနဲ့ လွှတ် တော်ကြားမှာContinue reading “မသိဘူး စီးမယ် (၂)”

ထွေအုပ်နဲ့ နိုင်ငံရေးပါတီ

အင်တာနက်ပေါ်မှာ ချောင်းဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား တဲ့စာတစ်စောင်ကို တွေ့ရတယ်။ စာပါ အကြောင်းအရာကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မုံရွာခရိုင် အမျိုးသမီးလုပ်ငန်းကော်မတီက အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးခွင့်ရအောင် မဲစာရင်းဆောင်ရွက်တဲ့အခါ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတွေက လိုအပ်တာတွေကူညီဆောင်ရွက်ပေးဖို့ အကြောင်းကြားတာဖြစ်ပါတယ်။ ဒီစာ ကို မုံရွာခရိုင်ထွေအုပ်ရဲ့ ၂၀၁၉ သြဂုတ်လ ၉ ရက်နေ့စာကို ညွှန်းပြီး ၂၀၁၉ သြဂုတ်လ ၁၉ ရက် နေ့မှာ အုပ်ချုပ်ရေးမှူး အောင်ဘော် ( ပ/၄၄၈၄) က လက်မှတ်ထိုး ထပ်ဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီညွှန်ကြားချက်က အစစ်အမှန်ဆိုရင် အောက်ပါအချက်တွေကို စဉ်းစားသုံးသပ်ဖို့လိုလာContinue reading “ထွေအုပ်နဲ့ နိုင်ငံရေးပါတီ”

ရာပြည့်အခမ်းအနားနဲ့ ကျောင်းသားသမဂ္ဂ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာတဲ့အခမ်းအနားကို ကျင်းပတဲ့အခါ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းမှာ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး၊ နိုင်ငံတကာ တက္ကသိုလ်များနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာအရည်အချင်းမြှင့်တင်ရေး တို့နဲ့ပတ်သက်ပြီး အစိုးရရဲ့ လက်ရှိဆောင်ရွက်နေမှုများ၊အနာဂတ်မေ ျှာ်မှန်းချက်များကို ပြည့်ပြည့်စုံစုံ ပြောကြား သွားခဲ့သလို ရန်ကုန်တက္ကသိုလ်ရဲ့သမိုင်းကိုလည်း ပြောခဲ့တယ်။ မိန့်ခွန်းရဲ့ အဆုံးသတ်မှာတော့ ဒီကနေ့ ရာပြည့်အကြိုကာလကနေ ပြီး နှစ် တစ်ရာ ပြည့်မယ့် ၂၀၂၀ ဒီဇင်ဘာလအထိ လုပ်ငန်းကော်မတီ ၁၇ခု နဲ့ ရာပြည့်အထိမ်းအမှတ် လုပ်ငန်းစဉ်တွေကို ဆောင်ရွက် သွားမှာ ဖြစ်တဲ့အတွက် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူ တွေ၊ ကျောင်းသားဟောင်းကြီးတွေ၊ မိဘပြည်သူတွေ အားလုံးပူးပေါင်းဆောင်ရွက်ဖို့Continue reading “ရာပြည့်အခမ်းအနားနဲ့ ကျောင်းသားသမဂ္ဂ”