မတ်လ ၈ ရက်နေ့မှာ ပြန်ကြားရေးဝန်ကြီးဌာနက မဇ္ဈိမ၊ ခေတ်သစ်မီဒီယာ၊ 7 Day ၊ DVB နဲ့ Myanmar Now တို့ကို ထုတ်ဝေခွင့်ပိတ်သိမ်းလိုက်ကြောင်းကြေညာတာကို တွေ့ရတော့ စိတ် မကောင်းဘူး။ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့ဝင်တွေထဲမှာ ကျွန်တော်ဟာ မီဒီယာတွေရဲ့ ဝေဖန်တိုက်ခိုက်မှု အများဆုံးခံခဲ့ရတဲ့သူဖြစ်ပါတယ်။ သတင်း/ သတင်းဆောင်းပါး/ ကာတွန်းနဲ့ ဝေဖန်ခံရရုံတင် မဟုတ် ပါဘူး၊ သတင်းသမားတစ်ဦးချင်းရဲ့ ကိုယ်ပိုင်ဖေ့စ်ဘွတ်အကောင့်တွေကနေ ပုဂ္ဂိုလ်ရေး အရ ဝေဖန် တိုက်ခိုက် တာလည်းခံရဖူးပါတယ်။ ကျွန်တော်တက်ရောက်တဲ့အခမ်းအနားကို သပိတ်မှောက်တာ၊ ဆိုင်းဘုတ် ထောင်ဆန္ဒပြတာလဲ ကြုံဖူးတယ်။ ကျွန်တော်ဘက်ကလည်း သတင်းမီဒီယာတွေမှားတယ်၊ ကျင့်ဝတ်နဲ့မညီဘူးလို့ထင်တဲ့အခါ ပြန် ဝေဖန်တာပဲ။ ကိစ္စနှစ်ခုမှာဆိုရင် သတင်းမီဒီယာကောင်စီကတဆင့် ဖြေရှင်းတာမပြေလည်တဲ့ အတွက် ဝန်ကြီး ဌာနအနေနဲ့ တရားစွဲခဲ့တယ်။Continue reading “ဒီမိုကရေစီ နဲ့ မီဒီယာ”
Tag Archives: yehtutarticle
ကြေကွဲဇာတ်လမ်း
မလွမ်းချင်သူ၊ ကြေကွဲဖွယ်ရာဇာတ်သိမ်းတွေကို မကြိုက်သူတစ်ဦးအတွက် အလွမ်းဇာတ်တွေကို မလွဲ မရှောင်သာ အကြိမ်ကြိမ်ကြုံတွေ့နေရခြင်းသည်လည်း ဝဋ်တစ်ခုပင်ဖြစ်၏ ။ လွန်ခဲ့သည့် နှစ်သုံးဆယ်ကျော်က ကျွန်တော် တာဝန် ကျရာ မြို့က နယ်မြို့ဆိုတော့ တစ်ယောက် နဲ့တစ်ယောက် မျက်မှန်းတန်းမိတာများသည်။ သူ ဘယ်သူလဲ၊ ကိုယ်ဘယ်သူလဲဆိုတာ သိကြ သည်။ မိဘအရွယ်၊ ဦးလေး၊ အဒေါ်အရွယ် စားအိမ် သောက်အိမ်ဖြစ်နေတာလည်းရှိသည်။ သက်တူရွယ်တူ သောက်ဖော်စားဖက် တွေလည်းရှိ သည်။ သံယောဇဉ်နွယ်နေ သူတွေလည်း ရှိသည်။ ဒါပေမယ့် ဘယ်လိုမှ မေ ျှာ်လင့်မထားတဲ့ မုန်တိုင်းနှင့် ကျွန်တော်တို့ ကြုံခဲ့ရသည်။ မုန်တိုင်းကို ကျော်ဖြတ်ရင်း ကြေကွဲစရာ တွေကြုံခဲ့ရသည်။ ဇာတ်လမ်းပြီးသွားတော့ မြို့လေးနှင့် ကျွန်တော် တို့ သူစိမ်းပြင်ပြင်ဖြစ်သွားသလိုခံစား ခဲ့ရသည်။ လေထုထဲမှာ အေးစက်တင်းမာမှုတွေContinue reading “ကြေကွဲဇာတ်လမ်း”
လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးကို မမေ့စေချင်
“ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ခေါင်းဆောင်တွေ သစ္စာဖောက်လ ျှင်၊ ခြေလှမ်းမှား လ ျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် သစ္စာဖောက်နေသော ခေါင်းဆောင်များကိုလည်းကောင်း၊ ခြေလှမ်းမှားနေသော ခေါင်းဆောင်များကိုလည်းကောင်း အချိန်မီ သတိပေးနိုင်သည် ဖြစ်ပါစေသတည်း။” “ ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ပြည်သူလူထုကြီးသည် မိမိထမ်းဆောင်ရမည့် တာဝန်များကို ပျက်ကွက်လ ျှင်၊ ဝါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဆိုလ ျှင် ယနေ့စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးသည် တာဝန်ပျက်ကွက်သော ပြည်သူလူထုကြီး ကို လည်းကောင်း၊ ဝါးအစည်းပြေသကဲ့သို့ ပြေတော့မည်ဖြစ်သော ပြည်သူလူထုကြီးကို လည်းကောင်း ၊ အချိန်မီ သတိပေးနိုင်သည် ဖြစ်ပါစေသတည်း။” “ဤသမ္မတနိုင်ငံသစ်ကြီးကို တည်ဆောက်ရာ၌ ဖျက်လိုဖျက်ဆီးလုပ်လိုသော ပြည်တွင်းပြည်ပ ရန်သူများ ပေါ်ပေါက်လာလ ျှင် ယနေ့ စိုက်ထူတဲ့ ဤလွတ်လပ်ရေးမော်ကွန်းကျောက်တိုင် ကြီး သည် ထိုရန်သူများကိုContinue reading “လွတ်လပ်ရေးမော်ကွန်းကျောက်တိုင်ကြီးကို မမေ့စေချင်”
ဘဏ် ဘဏ် ဘဏ်
အေတီအမ်ကတ် လေးရှိမှ၊ ဘာ Pay ညာ Pay သုံးနိုင်မှ ခေတ်မီတဲ့ကာလမှာ ကျွန်တော် လည်း ပုဂ္ဂလိကဘဏ်တစ်ခုမှာ ငွေစုစာအုပ်လုပ်၊ အေတီအမ်ကတ်လေးကိုင်နဲ့ စတိုင်ကျနေတာပဲ။ ဒါ ပေမယ့် ဝန်ထမ်းလည်းဖြစ်ခဲ့တော့ လစာ၊ ဆုကြေး၊ အငြိမ်းစားလစာတွေ အတွက် မြန်မာ့စီးပွား ရေးဘဏ်မှာလည်း ငွေစုစာအုပ်ထားရတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာ့စီးပွားရေးဘဏ်က ခြောက်လတစ်ခါ ပင်စင်ထုတ်မှ ရောက် ဖြစ် တာပါ။ မြန်မာ့စီးပွားရေးဘဏ် ဆိုတာက အဆောက်အဦ ကလည်း ဟောင်း၊ အတွင်းမှာလည်း လေအေးပေးစက် မဆိုထား နဲ့ ပန်ကာတောင် အနိုင်နိုင်၊ ဝန်ထမ်းတွေကလည်း လယ်ဂျာ စာအုပ်တွေကြားမှာ နွမ်းလျလျ၊ ပုဂ္ဂလိက ဘဏ်ကတော့ သူတို့ အဆိုအတိုင်း “ဘဏ်ထဲ ဝင် လိုက်တာနဲ့ လေအေးစက်ကြောင့် ရင်အေး၊Continue reading “ဘဏ် ဘဏ် ဘဏ်”
မေ ျှာ်လင့်ချက် မမှားဖို့
လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ်သက်ပြီး တစ်ချို့အဖြစ်အပျက်တွေက မြန်လွန်းပြီး လိုက်မမီနိုင်တော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေရဲ့ နောက်ခံသမိုင်းကြောင်း ကို တိတိကျကျ မသိတော့ဘူး။ တစ်ချို့ အဖြစ်အပျက်တွေက ကိုယ် ယုံကြည်ခဲ့တာတွေနဲ့ ကွဲလွဲနေတယ်။ ဒါ့ကြောင့် သုံးသပ်ချက်ဆောင်းပါးတွေ မရေးဘူး၊ မီဒီယာတွေနဲ့လည်း မပြော တော့ဘူးလို့ ဖေဖော်ဝါရီလ ၄ ရက်နေ့က ပို့စ်တင်ခဲ့တယ်။ ပြောတဲ့အတိုင်း လည်းနေခဲ့ တယ်။ အခုတော့ သတင်းတစ်ခုအပေါ် လူငယ်တွေ သုံးသပ်ချက်မမှားစေချင်လို့ နောက်ခံရာဇဝင်နဲ့ အဖြစ်မှန် ကို ရှင်းပြချင်ပါတယ်။ ဖေ ဖော်ဝါရီလ ၁၁ ရက်မှာ အမေရိကန် သမ္မတ ဘိုင်ဒင်က မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုတွေ လုပ် ဆောင်တဲ့ အမိန့်တစ်ခုထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်မှာ “ constitutes an unusualContinue reading “မေ ျှာ်လင့်ချက် မမှားဖို့”
တတိယမြောက်စာအုပ်
တတိယမြောက်စာအုပ် သမ္မတ ဦးသိန်းစိန် တာဝန်ယူစဉ် ကာလ မြန်မာ့နိုင်ငံရေးအခြေအနေတွေအကြောင်း အင်္ဂလိပ် ဘာသာနဲ့ စာအုပ်ရေးမယ်ဆိုတော့ ပထမရွေးတဲ့ခေါင်းစဉ်ကို “ မြန်မာ့နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု ( ၂၀၁၀ – ၂၀၁၆) ” လို့ ရိုးရိုးလေး ပဲရွေးခဲ့တယ်။ စာအုပ်ရေးနေရင်းနဲ့ ၂၀၁၀ – ၂၀၁၆ ကာလအတွင်းမှာ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အင်စတီ ကျူးရှင်းတွေကို ခိုင်မာအောင်တည်ဆောက်ဖို့အခွင့်အလမ်းတွေကို လက်လွတ်ခဲ့ရတဲ့ အတွက် အင်စတီကျူးရှင်းတွေ မခိုင်မာသေးတဲ့ အကျိုးဆက်ဟာ ၂၀၁၆ နောက်ပိုင်း နိုင်ငံရေးအခြေအနေ တွေ အပေါ်မှာပါ အကျိုးသက်ရောက်မှုတွေရှိနေတယ်ဆိုတာကို မြင်လာခဲ့တယ်။ ဒီလိုနဲ့ ကျွန်တော့်စာအုပ်ကို “ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု နှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ “ Myanmar’s Political TransitionContinue reading “တတိယမြောက်စာအုပ်”
မိတ်ဆွေတွေ ရန်မဖြစ်ကြပါနဲ့
နိုင်ငံရေး အခြေအနေ ရှုပ်ထွေးတင်းမာမှုတွေက လူမှု အသိုင်းအဝန်းကြားကိုပါ ကူးစက်လာတယ်။ ပုဂ္ဂိုလ်ချင်း ဆက်ဆံရေးမှာ သူ့ဘက် ကိုယ့်ဘက် ကွဲပြီး မခေါ်နိုင်၊ မပြောနိုင် ဖြစ်တာလည်း ကြား ရတယ်။ ဖေ့စ်ဘွတ်မျက်နှာစာမှလည်း မိတ်ဆွေ စာရင်းထဲက ထုတ်ပစ်မယ်၊ ထုတ်ပစ်လိုက်ပြီ လို့ ကြွေးကြော်တာလည်းမြင်ရတယ်။ ပရိုင်ဖိုင်း မပြောင်းလို့၊ ပရိုဖိုင်းပြောင်းလိုက်လို့ ဆိုပြီး ရန်ဖြစ် နေတာလည်း တွေ့ရတယ်။ နိုင်ငံရေးအမြင်မတူတာနဲ့ မိတ်ဆွေဖြစ်လို့မရတော့ဘူးလား၊ နိုင်ငံရေး အမြင်မတူတာနဲ့ ရန်သူ ဖြစ်ရတော့မလား။ လွတ်လပ်ရေးရပြီးထဲက ကြုံခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာအားလုံး ရဲ့ အရင်းခံ အကြောင်းတရားတွေထဲမှာ ငါ နဲ့မတူ ငါ့ရန်သူ ဆိုတဲ့ သဘောထားက အဓိက အချက် တစ်ခုအနေနဲ့ပါခဲ့တယ်ဆိုရင် မှားမယ်မထင်ဘူး။ ကျွန်တော့်ကတော့ ငါနဲ့မတူ ငါ့ရန်သူလို့Continue reading “မိတ်ဆွေတွေ ရန်မဖြစ်ကြပါနဲ့”
တတိယ မဲစာရင်း
မနေ့က Trends in Myanmar စကားဝိုင်းမှာ တတိယမဲစာရင်းဆိုတဲ့အချက်ကို ထည့်ဆွေးနွေး ခဲ့တယ်။ တတိယ မဲစာရင်းဆိုတာ ဘာလဲ လို့မေးရင် ဦးလှသိန်းကော်မရှင်က ပြည်သူတွေကို ပွင့်ပွင့် လင်းလင်း အသိပေးဖို့ပျက်ကွက်နေတဲ့ မဲစာရင်း၊ လူသိရှင်ကြားထုတ်ပြန်ဖို့ လက်တွန့်နေတဲ့ မဲစာရင်း လို့ ပြောရမှာပဲ။ ရွေးကောက်ပွဲ ပြီးသွားတဲ့နောက် မဲစာရင်းနဲ့ပတ်သက်ပြီး အငြင်းပွားမှုတွေဖြစ်တဲ့ အခါ ပြည်ခိုင်ဖြိုး ပါတီက မဲစာရင်းမိတ္တူကူးခွင့်တောင်းတယ်။ အဲဒါနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ဒီဇင်ဘာ ၇ ရက်နေ့ နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြီးတုန့်ပြန်တယ်။ အဲဒီကြေညာချက်မှာ မဲစာရင်းတွေကို ၂၀၂၀ ဇူလိုင် ၂၅ ရက် ရက်နေ့ သြဂုတ် ၁၄ ရက်နေ့အထိ တစ်ကြိမ်၊ အောက် တိုဘာ ၁ ရက်နေ့ကနေ အောက်တိုဘာContinue reading “တတိယ မဲစာရင်း”
လမ်းစဉ်မှားတဲ့အခါ
သမ္မတ ထရမ့်ကတော့ ထွက်တော်မူ နန်းကခွာသွားပြီ။ ဒါပေမယ့် သူချန်ထားခဲ့တဲ့ အကွဲအပြဲ ဇာတ်လမ်းက မပြီးသေးဘူး။ သူ့မူဝါဒကြောင့် အမေရိကန် လူ့အဖွဲ့အစည်းထဲမှာ အကွဲအပြဲ တွေ ၊ ဒေါသတွေအများကြီးကျန်ခဲ့တယ်။ သမ္မတသစ် ဂျိုးဘိုင်ဒန်က အဲဒီဒဏ်ရာတွေကို ကုစားဖို့ အများကြီးကြိုးစားရဦးမယ်။ အမေရိကန်နိုင်ငံ သမ္မတရွေးကောက်ပွဲတွေက ပြိုင်ဆိုင်မှု အလွန်ပြင်းထန်ပါတယ်။ ရွေးကောက်ပွဲ အကြိုကာလမှာ မူဝါဒအရရော၊ ပုဂ္ဂိုလ်ရေးအရပါ တိုက်ခိုက်ကြတယ်။ ရွေးကောက်ပွဲရလဒ်ပေါ် ထွက်လာတဲ့အခါမှာလည်း ရှုံးနိမ့်သူက အနိုင်ရသူကို ချက်ခြင်း အသိအမှတ်ပြုတာရှိသလို ပြည်နယ်အလိုက် မဲပြန်လည်ရေတွက်ဖို့အတွက် တရားရုံးတွေမှာ လေ ျှာက်ထားတဲ့ အမှုတွေ ရှိတယ်။ ၂၀၀၀ ပြည့်နှစ် သမ္မတရွေးကောက်ပွဲဆိုရင် ဖလော်ရီဒါ ပြည်နယ်မှာ မဲပြန်လည် ရေတွက်သင့်၊မသင့်ဆိုတဲ့ကိစ္စက ပြည်ထောင်စုတရားရုံးချုပ် အထိရောက်ခဲ့ရတယ်။ ဒါပေမယ့် ရွေးကောက်ပွဲအကြိုကာလမှာ ဘယ်လောက်ပဲContinue reading “လမ်းစဉ်မှားတဲ့အခါ”
မပြေးသော် ကန်ရာရှိ
ပြည်ခိုင်ဖြိုးပါတီ ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ခိုင်ဖြိုးပါတီ၊ တိုင်းရင်းသားပါတီတစ်ချို့ နဲ့ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေပူးပေါင်းပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၈၄ အရ လွှတ်တော်အထူးအစည်းအဝေးခေါ်ယူဖို့ တောင်းဆိုမယ်လို့ ပြောခဲ့တယ်။ ဒီတောင်းဆိုမှုဟာ ဒုတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ ကျင်းပ ဖို့ ဖိတ်ကြားခြင်းမရှိဘဲ တတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေကိုပဲ ၂၀၂၁ ဖေဖော်ဝါရီ လ ၁ ရက်နေ့ မှာကျင်းပဖို့ ဖိတ်ကြားခဲ့တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်နဲ့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင် သန်း တို့ရဲ့ လုပ်ဆောင်ချက်ကြောင့်ပေါ်ထွက်လာရတာဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ နှစ်ယောက်ရဲ့ လုပ်ဆောင်ချက်က ပထမအကြိမ်လွှတ်တော် နောက်ဆုံး အစည်းအဝေးတွေကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလနောက်ဆုံးပတ်အထိ ပြုလုပ်ခဲ့တဲ့ အစဉ်အလာကို ချိုးဖောက်လိုက်တဲ့ လုပ်ဆောင်ချက်လည်းဖြစ်ပါတယ်။ ပထမအကြိမ် လွှတ်တော် ၂၀၁၀ ရွေးကောက်ပွဲကနေ ပေါ်ထွက်လာတဲ့ ပထမအကြိမ်လွှတ်တော် ရဲ့ နောက်ဆုံးအစည်းContinue reading “မပြေးသော် ကန်ရာရှိ”