တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ တပ်မတော်သားတွေ ဆန္ဒမဲပေးခဲ့ရတဲ့ မဲဆန္ဒနယ် လေးခုရဲ့ မဲစာရင်း မှားယွင်းမှုတွေကို ထုတ်ပြန်ကြေညာခဲ့ တယ်။ ( ပုံ ၁ ) ။ စာရင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ မဲစာရင်းမှားယွင်းမှုတွေကို ၁။ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း၂။ မဲ မသမာမှုဖြစ်နိုင်သည့် မဲစာရင်း ဆိုပြီးခွဲခြားထားတယ်။ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်းဆိုတာက နိုင်ငံသားကတ်၊ အမည်၊ အသက်၊ မိဘ အားလုံးတူနေတာကနေ နိုင်ငံသားကတ်တူ ပြီး ကျန်တဲ့အချက်တစ်ခု မဟုတ်တစ်ခုပဲ လွဲနေတဲ့ မဲဆန္ဒရှင်အရေအတွက်ဖြစ်ပါတယ်။ မဲ မသမာမှုဖြစ်နိုင်သည့် စာရင်း ဆိုတာက ၁၈ နှစ်မပြည့်ပဲ မဲစာရင်းထဲပါနေတဲ့သူများ၊ နိုင်ငံသားContinue reading “တပ်မတော် နဲ့ ရွေးကော်”
Tag Archives: yehtutarticle
ကိုဗစ်မကြောက်တဲ့ စောင့်ရှောက်သူ
ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့က သတင်းစာတွေစောင်ရေကျတယ်၊ သတင်းခန်းတွေ ပိတ်ပြီး အိမ်ကနေ အလုပ်လုပ်ရတယ်။ ဘဏ္ဍာရေးအခြေအနေအားနည်းတဲ့သတင်းစာတိုက်တွေ က လူအင်အားလေ ျှာ့ရတယ်။ တစ်ကမ္ဘာလုံးမှာ သတင်းထောက် အလုပ်လက်မဲ့ ဖြစ် တဲ့အရေ အတွက်ကိုတော့မသိရဘူး။ ဒါပေမယ့် နယူးယောက်တိုင်းမ်သတင်းစာကတော့ ဧပြီ လနဲ့ ဂျွန်လ အတွင်းမှာ အမေရိကန်သတင်းစာလောက မှာ အလုပ်လက်မဲ့ဖြစ်သူ သုံးသောင်းခြောက် ထောင် ကျော်ရှိတယ်လို့ဆိုတယ်။ အဲဒီအထဲမှာ အလွတ်တန်းသတင်းထောက်တွေမပါသေးဘူး။ ဒါပေမယ့် စောင့်ရှောက်သူ ( Guardian ) လို့အမည်ရတဲ့ ဗြိတိန်နိုင်ငံထုတ်သတင်းစာကတော့ ကိုဗစ် ၁၉ ကြောင့်ဖြစ်တဲ့ စီးပွားရေးကျဆင်းမှုဒဏ်ကို ပရိသတ်ထောက်ခံမှုနဲ့ကျော်လွှားနိုင်ခဲ့ တဲ့ အခြေအနေမှာရှိတယ်။ ဂါဒီးယန်းသတင်းစာက ပုံနှိပ်သတင်းစာအဖြစ်ရော၊ ဒစ်ဂျစ်တယ်သတင်းစာအဖြစ်ရော ဖြန့်ချိ တယ်။ ပုံနှိပ်သတင်းစာက ဗြိတိန်နိုင်ငံမှာ စောင်ရေContinue reading “ကိုဗစ်မကြောက်တဲ့ စောင့်ရှောက်သူ”
သတင်းစာသမား
သတင်းစာလောကမှာ နှစ်ပေါင်းခြောက်ဆယ်ကျော် လုပ်ကိုင်ဖို့ဆိုတာ လွယ်တဲ့ အလုပ်မဟုတ် ဘူး။ ဒါပေမယ့် သတင်းစာအယ်ဒီတာလည်းမဟုတ်၊ သတင်းစာဆရာလည်းမဟုတ်၊ ပုံနှိပ်စက် ဆရာလည်း မဟုတ်တဲ့ သူလိုလူ လူတစ်ယောက် သတင်းစာလောကမှာ နှစ်ပေါင်းခြောက်ဆယ် ကျော် လှုပ်ရှားလုပ်ကိုင်နေတာကို သတိပြုမိသူ၊ အသိအမှတ်ပြုမယ့်သူလည်းမရှိပါဘူး။ သူ့ကို သတင်းစာလောကထဲရောက်အောင်ပို့ခဲ့တာတော့ သူ့ဆရာတော်ပဲ။ သူူ့ဇာတိက မော်လမြိုင်၊ မိဘတွေက လက်လုပ်လက်စား၊ သူ့ကိုမွေးတာက ၁၉ ၄၂ ခုနှစ် ၊ ခေတ်မပျက်ခင် လေးပေါ့။ ငယ်ငယ်က ဘုန်းကြီးကျောင်းသားဘ၀ နဲ့ နေခဲ့ရချိန်မှာ သူ့ဆရာတော်က သတင်းစာပုံမှန်ယူတယ်။ ထူးခြားတဲ့သတင်းတွေဆိုရင် ကိုရင်တွေ၊ ကျောင်းသားတွေကို ဖတ်ပြတယ်။ စစ်ပြီးခေတ်က သတင်းစာတစ်စောင်မှ တစ်မတ်ပဲပေးရ တယ်။ ဆရာတော် သတင်းစာဖတ်ပြတဲ့အခါတိုင်း သတင်းစာဆိုတာ တန်ဖိုးရှိတယ်။ သတင်းစာ ထုတ်တဲ့ လူတွေကိုလည်းကျေးဇူးတင်ဖို့ကောင်းတယ်၊Continue reading “သတင်းစာသမား”
အရှိန်လျော့သွားပြီလား ပိုးလမ်းမ
၂၀၁၇ ခုနှစ် မေလ ၁၄ ရက်နေ့မှာ တရုတ်သမ္မတ ရှီကျင်းဖျင်က နိုင်ငံ့ခေါင်းဆောင်သုံးဆယ်နီးပါး နဲ့ နိုင်ငံပေါင်း ၁၃၀ ကျော်က ကိုယ်စားလှယ်အဖွဲ့တွေတက်ရောက်တဲ့ ၂၁ ရာစု ပိုးလမ်းမသစ် နိုင်ငံတကာအစည်းအဝေး ( The Belt and Road Forum for International Cooperation) မှာ အဖွင့်မိန့်ခွန်းပြောခဲ့တယ်။ အဲဒီအခမ်းအနားမှာ သမ္မတ ရှီက ပိုးလမ်းမသစ် အခြေခံ အဆောက်အအုံတည်ဆောက်ရေး စီမံကိန်းတွေအတွက် ဖွံ့ဖြိုးရေးချေးငွေ ဒေါ်လာ တစ်ထရီလျံ နီးပါး အသုံးပြုမယ်လို့ကြေညာခဲ့ပြီး ပိုးလမ်းမ သစ် စီမံကိန်းကို “ ၂၁ ရာစု အထူူးခြားဆုံး စီမံကိန်း” လို့ မှတ်ချက်ပေးခဲ့တယ်။ သူပြောတာလည်း မမှားဘူး။ ပိုးလမ်းသစ်စီမံကိန်းက ငွေကြေးဖောင်းပွမှုတွေကိုထည့်တွက်ရင် တောင်Continue reading “အရှိန်လျော့သွားပြီလား ပိုးလမ်းမ”
လင်းယုန်နဲ့ နဂါးကြားက အိန္ဒိယ သမုဒ္ဒရာ
ဒီဇင်ဘာ ၈ ရက်နေ့က နေ ၁၀ ရက်နေ့အထိ အိန္ဒိယသမုဒ္ဒရာဒေသအတွင်း အမေရိကန် – တရုတ် အင်အားပြိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ အွန်လိုင်းအလုပ်ရုံဆွေးနွေးပွဲတစ်ခု တက်ခဲ့ရတယ်။ လူ ရှစ်ဆယ်ကျော်ပါဝင်ဆွေးနွေးတဲ့အထဲမှာ မြန်မာနိုင်ငံက တပ်မတော်အရာရှိနှစ်ဦး၊ ပညာရေးဝန် ထမ်းတစ်ဦး တက်ရောက်တာလည်း တွေ့တယ်။ ဆွေးနွေးပွဲက အမေရိကန်နိုင်ငံရဲ့ အင်ဒို – ပစိဖိတ်မဟာဗျူဟာ နဲ့ တရုတ်နိုင်ငံရဲ့ အိန္ဒိယသမုဒ္ဒရာအတွင်း အင်အားတိုးချဲ့လာမှု တွေက ဒေသတွင်းနိုင်ငံတွေအပေါ် အကျိုးသက်ရောက်မှုအခြေအနေကို ဆွေးနွေးကြတာဖြစ်ပါတယ်။ အင်ဒို – ပစိဖိတ် ဆိုသည်မှာ အင်ဒို – ပစိဖိတ်ဒေသဆိုတာက အာဖရိက တိုက် အရှေ့ဘက်ကမ်းခြေကနေ အမေရိကန်နိုင်ငံ အနောက်ဘက်ကမ်းခြေ အထိ ၊ တနည်းအားဖြင့် အိန္ဒိယသမုဒ္ဒရာ နဲ့ ပစိဖိတ်သမုဒ္ဒရာ နှစ်ခု ပေါင်းစပ်ထားတဲ့ ဒေသကြီးဖြစ်ပါတယ်။Continue reading “လင်းယုန်နဲ့ နဂါးကြားက အိန္ဒိယ သမုဒ္ဒရာ”
၂၀၁၆ အလွဲအပြောင်း
လွန်ခဲ့တဲ့ ငါးနှစ်တိတိက အစိုးရသစ်ကို တာဝန်လွှဲပြောင်းဖို့ ပြင်ဆင်နေချိန်မှာ တာဝန်လွှဲပြောင်းဖို့အတွက် ဘာတွေပြင်ဆင်ထားပြီလဲ၊ အနာဂတ်မှာဘာဆက်လုပ်မလဲ ၊ လုပ်ဖော်ကိုင်ဘက် ပြန်ကြားရေးဝန်ထမ်းတွေအတွက် ဘယ်လိုခံစားရလဲ လူပြောများတဲ့ သမ္မတလယ်တော်ဆိုတာ ဧက ငါးရာမဟုတ်ကြောင်းနဲ့ ဦးသိန်းစိန် ကိုယ်ပိုင်ငွေနဲ့ ဝယ်ထားတဲ့ ဧက သုံးဆယ်ကျော်သာရှိတဲ့အကြောင်း၊ ကျွန်တာ် ဖေ့စ်ဘွတ်သုံးရတဲ့ အကြောင်း တပ်မတော်အစိုးရလက်ထက်မှာ ကျွန်တော်သဘောမကျခဲ့တဲ့ ပြန်ကြားရေး မူဝါဒတစ်ခုအကြောင်း နေပြည်တော်က ကျွန်တော့်နေအိမ်ကိုလည်း ပြခဲ့သလို ရုံးခန်းထဲက ကိုယ်ပိုင်စာအုပ်များနဲ့ အမှတ်တရ ပစ္စည်းများအကြောင်း စသည် စသည်ဖြင့် အားလုံးကို ပွင့်ပွင့်လင်းလင်းရှင်းပြခဲ့တယ်။
၂၀၁၆ အလွှဲအပြောင်း (၁၁ )
မတ်လ ၃၀ ရက်နေ့ မှာတော့ အစိုးရအဖွဲ့ဝင်အဟောင်းတွေက သမ္မတအိမ်တော်မှာ ကြိုရောက်နေကြတယ်။ သမ္မတဦးသိန်းစိန်လည်း ရောက်လာပါတယ်။ သမ္မတ သစ်နဲ့ ဝန်ကြီးအသစ်တွေကတော့ ပြည်ထောင်စုလွှတ်တော်မှာ ကတိသစ္စာပြုတဲ့အခမ်းအနား နဲ့ သမ္မတမိန့်ခွန်းနာခံတဲ့ အခမ်းအနားတက်ရောက်နေကြတယ်။ ပြည်ထောင်စုလွှတ်တော်မှာ သမ္မတဦးထင်ကျော် မိန့်ခွန်းစပြောပြီဆိုတဲ့အချိန်မှာ အစိုးရဟောင်းအဖွဲ့ဝင် တွေ သံတမန်ဆောင်မှာနေရာယူတယ်။ ကျွန်တော်လည်း ပါတယ်။ ဒါပေမယ့် အရင်လို သတင်း မီဒီယာတွေနဲ့ပတ်သက်ပြီး စီမံခန့်ခွဲဖို့မလိုတော့ဘူး။ သတ်မှတ်ထားတဲ့ထိုင်ခုံမှာ နေရာယူ ဖို့ ပဲရှိတယ်။ ပြည်ထောင်စုလွှတ်တော်မှာအခမ်းအနားပြီးတော့ အစိုးရသစ်ဝန်ကြီးတွေ ရောက်လာတယ်။ ဒေါ် အောင်ဆန်းစုကြည်လည်း ရောက်လာတယ်။ သတ်မှတ်ထိုင်ခုံတွေမှာနေရာယူတယ်။ ဦးကျော် တင့်ဆွေ နဲ့ ဦးဝင်းထိန်တို့လည်းရောက်လာတယ်။ သူတို့က အခမ်းအနားတက်ဖို့ မဟုတ်ဘူး။ အခမ်းအနားပြီးလို့ ဒေါ်အောင်ဆန်းစုကြည် သမ္မတ အိမ်တော် အဆောင်တွေကို လိုက်လံ စစ်ဆေးချိန်မှာContinue reading “၂၀၁၆ အလွှဲအပြောင်း (၁၁ )”
မဲစာရင်း မိတ္တူကူးခွင့်
၂၀၂၀ ရွေးကောက်ပွဲအလွန် အငြင်းပွားမှုတွေထဲမှာ မဲစာရင်းမိတ္တူကူးခွင့်ရှိ / မရှိ ဆိုတဲ့ ကိစ္စလည်း ပါတယ်။ လက်ရှိမီဒီယာသတင်းတွေမှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက် ခြေ ကော်မရှင်အသီးသီးကို ခွင့်ပြုချက်မရှိဘဲ ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းတွေ မိတ္တူကူး ခွင့်မပြုဖို့ညွှန်ကြားထားတယ်လို့တွေ့တယ်။ရွေးကောက်ပွဲဆိုင်ရာစာရွက်စာတမ်းဆိုတော့မဲစာရင်း လည်းပါတယ်လို့ပဲနားလည်မိတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေတွေမှာ မဲစာရင်းမိတ္တူကူးခွင့်နဲ့ပတ်သက်ပြီး ဘယ်လို ပြဋ္ဌာန်းခဲ့သလဲဆိုတာ လေ့လာကြည့်တယ်။ တပ်မတော်အစိုးရ ဦးသိန်းစိုးကော်မရှင်က ၂၀၁၀မှာ ထုတ်ပြန်တဲ့ ပြည်သူ့လွှတ်တော်ရွေးကောက် ပွဲ နည်းဥပဒေ နည်းဥပဒေ ပုဒ်မ ၁၅ မှာမဲစာရင်းကို လွှတ်တော်ကိုယ်စားလှယ်လောင်းကဖြစ်စေ၊ ခိုင်လုံသော အကြောင်းပြချက်ဖြင့် အခြားသူတစ်ယောက်ကဖြစ်စေ တစ်မျက်နှာကို ၂၀၀ ကျပ် နဲ့ ကူးခွင့်ပြု ရမယ်လို့ပြဋ္ဌာန်းခဲ့တယ်။ ခွင့်ပြုနိုင်တဲ့ အာဏာပိုင်က မြို့နယ်ကော်မရှင် အဖွဲ့ခွဲဖြစ် ပါ တယ်။ ( ပုံContinue reading “မဲစာရင်း မိတ္တူကူးခွင့်”
၂၀၁၆ အလွှဲအပြောင်း (၁၀ )
သမ္မတ ဦးသိန်းစိန်အနေနဲ့ ပြည် ထောင်စုအစိုးရအဖွဲ့ကလျာထားတဲ့ စီမံကိန်း ၆၈ ခုကိုလည်း နောက်အစိုးရက စဉ်းစား ဆောင် ရွက်နိုင်ဖို့ ဆိုင်းငံ့ထားခဲ့ပြီး ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ လိုက်နာရမယ့် တာဝန်လွှဲပြောင်းခြင်းဆိုင်ရာညွှန်ကြားချက် တွေထုတ်ပြန်ခဲ့တယ်။ ဒါပေမယ့် အဲဒီညွှန်ကြားချက်တွေကို လက်အောက်က အပြည့်အ၀ လိုက် နာသလားလို့ ကျွန်တော့်ကိုမေးရင်တော့ အာမမခံနိုင်ဘူးလို့ပဲဖြေရမှာပါ။ ဘာ့ကြောင့်လဲ ဆိုတော့ ၁။ ဝန်ကြီးဌာနတွေက ဆောင်ရွက်ဆဲ လုပ်ငန်းများဆိုတာကို လိုသလို အနက်ဖွင့်ကြတယ်။ အဆိုပြုတဲ့ အဆင့်ပဲရှိတဲ့ကိစ္စမျိုးကို ရပ်ထားသင့်ပေမယ့် ဆက်လုပ်ဖို့ ကြိုးစားတဲ့အတွက် အစိုးရ အဖွဲ့ရုံးက တားခဲ့ရတဲ့ဖြစ်စဉ်တွေရှိတယ်။ ဒါပေမယ့် လွတ်ထွက်သွားတာ လည်း ရှိနိုင် တယ်။ ၂။ ဝန်ကြီးဌာနလုပ်ပိုင်ခွင့်ထဲမှာ ရှိတဲ့ကိစ္စမျိုးဆိုရင် အစိုးရအဖွဲ့ကို တင်ပြဖို့မလိုတဲ့အတွက် သမ္မတ လည်းမသိနိုင်ဘူး။ တစ်ချို့ဌာနတွေက အဆောက်အဦ၊မြေContinue reading “၂၀၁၆ အလွှဲအပြောင်း (၁၀ )”
ဦးတင်အေး နဲ့ ဦးလှသိန်း (၁၁)
မဲလက်မှတ် နဲ့ ပြန်ကြားရေး နိုင်ငံပိုင်သတင်းစာတွေမှာ နိုဝင်ဘာ ၉ /၁၀ ရက်နေ့ မှာဖော်ပြခဲ့တဲ့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၃၇ သန်းကျော် ဆိုတဲ့အချက်အလက် နဲ့ နိုဝင်ဘာ ၃၀ရက်နေ့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ခဲ့တဲ့ ဆန္ဒမဲ ပေး ပိုင်ခွင့်ရှိသူ ၃၈ သန်းကျော်ကြား ကွာခြားချက်နဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြမှုတွေ ရှိတယ်။ နောက်တော့ ၃၇ သန်းကျော်ဆိုတာ အောက်တိုဘာ စာရင်းပါ၊ ၃၈ သန်းကျော်က အမှန်ပါ ဆိုပြီး ဒီဇင်ဘာ ၂ ရက်နေ့ထုတ်နိုင်ငံပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တယ်။ အဲဒီလို ဆန္ဒမဲပေးခွင့်ရှိသူအရေအတွက် ကွာခြားမှုထဲမှာ ပြန်ကြားရေးပါ ဆွဲထည့်နေတဲ့ ဝေဖန် မှုတွေလည်း တွေ့တယ်။ အဓိကကတော့ မဲလက်မှတ်တွေ ဘယ်လောက်ရိုက်လဲ၊ ဘယ်သူက တာဝန်ခံ လဲ စသည်ဖြင့်ပေါ့။Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၁၁)”