ဆင်လဲ ချောင်း

မြေပုံမှာက ခြင်ရဲချောင်း ( Chinye Chaung) ၊ ဒါပေမယ့် ဒေသခံတွေက ဆင်လဲချောင်း လို့ပဲ ခေါ်တယ်။ အဲဒီချောင်းမှာ ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာဟိုတယ်ကိုလာတည်းတဲ့ ဧည့် သည်တွေ လည်ပတ်လေ့ရှိတဲ့ ရေတံခွန်တစ်ခုရှိတယ်။ ဒီဆင်လဲချောင်းကလည်း ဒဏ္ဍာရီပုံပြင်နဲ့ပဲ။ ပျူမင်းသားတစ်ပါးက စစ်ရှုံးလို့ ဆင် ကိုးကောင် နဲ့ ရတနာတွေတင်ပြီး ထွက်ပြေးရတယ်။ လမ်းမှာဆင်တွေပင်ပန်းပြီး သေကုန်လို့ ပစ္စည်းတွေ ပြောင်း တင်ရင်းနဲ့ နောက်ဆုံးဆင်တစ်ကောင်ပဲကျန်တော့တယ်။ အဲဒီဆင်ကလည်း ဒီချောင်းကို ရောက် တော့ မသွားနိုင်တော့ပဲ လဲကျသွားတယ်။ ဒါနဲ့ဆင်လဲချောင်း လို့ခေါ်တယ်။ ဆင်နောက်ဆုံး ခေါင်းချတဲ့ ( သေဆုံး) တဲ့ နေရာက ကျောက်ကုတင်ခွက်ကြီးကိုတော့ ဆင်ခေါင်း အိုင်လို့ခေါ်တယ်။ ဒီဒေသကလူတွေက တောင်ကျချောင်းတွေမှာတစ်နှစ်ပတ်လုံး ရေရှိနေတဲ့ ကျောက်အိုင်ကြီးတွေကို ကျောက်ကုတင်ခွက်လို့ခေါ်တယ်။Continue reading “ဆင်လဲ ချောင်း”

တောပျော်

နေ့ကလေးထိန်းကျောင်းလား ၊ မကြားဖူးဘူး။ အဖေ နဲ့ အမေ ပဲဆွတ်၊ ကျွန်တော်က တဲနားမှာ ကစား။ ဘာကိုမှ မကြောက် သားကိုထိ ၊ ဓားကြည့်ဆိုတဲ့ အဖေရှိတယ်။

ဦးပေါက်

ဦးပေါက်၊ မှတ်ပုံတင်ထဲက နာမည်က မြင့်ရွှေ၊ ဒါပေမယ့် အဖေက ချစ်လို့ ငယ်ငယ်ထဲက “ ပေါက် ကလေး၊ ပေါက်ကလေး” နဲ့ခေါ်လာတာ။ ကြီးတော့ ပေါက်ကြီး ၊ဒီလိုနဲ့ အခု အသက်ခြောက်ဆယ် အထိ ဦးပေါက်ကြီး ဆိုမှပဲ လူသိတော့တယ်။ မြင့်ရွှေ ဆိုရင် ဘယ်သူမှမသိဘူး။ ဦးပေါက်ရဲ့ ချစ်ဇနီးက မကရင်မ။ သူ့မှတ်ပုံတင်နာမည်က မစန်းတင်။ ဒါပေမယ့် သူကို မွေးတဲ့အချိန် မှာ အဖေက အစိုးရရဲ့ ခြောက်ပင် ကျွန်းစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့အချိန်။ ကရင်ရွာတွေနားမှာ မွေးလို့လား၊ ကရင်မလေးနဲ့တူလို့လားမသိဘူး။ ငယ်ငယ်ထဲက ကရင်မလို့ခေါ်လိုက်တာ အခု ထိ ကရင်မပဲ။ ခြောက်ပင်ကျွန်းခင်းက ကျွန်မနဲ့ မွေးဘက် လို့ ဆိုတယ်။ ဦးပေါက် ဇာတိက အိုးတင်းကုန်းရွာ၊Continue reading “ဦးပေါက်”

ICJ , ICC နဲ့ အာဂျင်တီးနား (၃)

အာဂျင်တီးနား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စုတရားရုံးတစ်ခုမှာ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေ ကအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနိုင်ဖို့ လေ ျှာက်ထား ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဦးထင် ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကိုလည်း အမှုတွဲအဖြစ် တင်သွင်းထားတယ်လို့ သတင်းတွေမှာ ပါတယ်။ ဒီတရားစွဲဆိုမှုကိုဦးဆောင်တဲ့သူကတော့ မြန်မာရိုဟင်ဂျာအဖွဲ့ ( ယူနိုက်တက်ကင်းဒမ်း) Burmese Rohingya Organization UK (BROUK) ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။ ။ ဒီအဖွဲ့ ရဲ့ ရှေ့နေ အဖြစ်ဆောင်ရွက်ပေးတာကအရင်မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တား နား ပါ ။ ကင်တာနားဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် အဖြစ် ၂၀၀၈Continue reading “ICJ , ICC နဲ့ အာဂျင်တီးနား (၃)”

ICJ , ICC နဲ့ အာဂျင်တီးနား (၂)

နိုင်ငံတကာရာဇဝတ်မှုတရားရုံး ( International Criminal Court -ICC) နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ဆိုတာက ၁၉ ၉ ၀ ပြည့်လွန်နှစ်မျ ယူဂိုဆလပ်ဗီးယားနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ် ဖြတ်မှုတွေကို အကြောင်းပြုပြီး ပေါ်ပေါက်လာတာပါ။ ယူဂိုဆလပ်ဗီးယားနိုင်ငံ နဲ့ ရဝမ်ဒါ နိုင်ငံတွေမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး သီးခြားနိုင်ငံတကာရာဇဝတ်မှုတရား ရုံးတွေဖွဲ့စည်းပြီးစစ်ဆေးခဲ့ရတယ်။ အဲဒီကနေ နိုင်ငံတကာရာဇဝတ်မှုတရားရုံးတစ်ခုကို အမြဲတမ်း ဖွဲ့စည်းထားရင်မကောင်းဘူးလားဆိုတဲ့အယူအဆပေါ်ပေါက်လာခဲ့တယ်။ ဒီလိုနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံက တရားရုံးဖွဲ့စည်းနိုင်ဖို့နဲ့ပတ်သက် တဲ့ လေ့လာ ရေးကော်မတီတစ်ခုကို ၁၉ ၉ ၅ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့တယ်။ အဲဒီကော်မတီ အစီရင် ခံစာကို အခြေခံပြီး ၁၉ ၉ ၆-၁၉ ၉ ၈ အတွင်းမှာ ကုလသမဂ္ဂဌာနချုပ်မှာContinue reading “ICJ , ICC နဲ့ အာဂျင်တီးနား (၂)”

ICJ , ICC နဲ့ အာဂျင်တီးနား (၁)

နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲတယ်ဆိုတဲ့သတင်းကြားထဲက အဲဒီ အကြောင်းဆောင်းပါးရေးဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် ဆဲဗင်းဒေးရုပ်သံအစီအစဉ်မှာ အဲဒီ ကိစ္စ ပါဝင်ဆွေး နွေးမယ်လို့ ကတိပေးထားတဲ့အတွက် ရုပ်သံအစီအစဉ်ပြီးမှ ICJ ကိစ္စကို ဆောင်းပါး ရေးမယ်လို့ ဆုံဖြတ်ခဲ့တယ်။ ဒီနေ့ညနေမှာတော့ ဆဲဗင်းဒေးရုပ်သံအစီအစဉ် ထုတ်လွှင့်ပြီးသွား ပြီ ဖြစ်တဲ့အတွက် ဆောင်းပါးကို မ ျှဝေလိုက်ပါတယ်။ နိုင်ငံတကာ တရားရုံး ( International Court of Justice , ICJ) နိုင်ငံတကာတရားရုံး ICJ ဆိုတာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး ၁၉ ၄၅ ခုနှစ် ဇွန်လ မှ စတင်ဖွဲ့စည်းတယ်။ ၁၉ ၄၆ ခုနှစ် ဇွန်လမှာ လုပ်ငန်းစတင်တယ်။ ဒီတရားရုံးမှာContinue reading “ICJ , ICC နဲ့ အာဂျင်တီးနား (၁)”

လေပွေတောင်

ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာ Bago Yoma Eco Resort မှာလာတည်းတဲ့ ဧည့်သည် တွေ အတော်များများက တောလမ်းခရီးသွားကြတယ်။ အများဆုံးသွားတာ ရေတံခွန်ပေါ့။ ရေတံခွန် နှစ်ခု ရှိတယ်။ တစ်ခုက ဟိုတယ်နဲ့ နီးတဲ့ ဆင်လဲအိုင်ရေတံခွန်၊ နောက်တစ်ခုက ကားလမ်း အတိုင်းသွားရတဲ့ ကရင်မသေရေတံခွန်။ အဲဒီရေတံခွန်တွေက လမ်းပေါ်ကနေ နာရီဝက်လောက် ခြေလျင်သွားရင်ရောက်ပြီ။ ငှက်ကြည့်သွားတဲ့သူတွေ သွားတဲ့နေရာတွေက သတ် သတ်ရှိတယ်။ အဲဒါကတော့ ရာသီအလိုက်ငှက်အကျများ တဲ့နေရာတွေ ကို ရွေးပြီးသွားရတာပါ။ ကျွန်တော်ကတော့ ဧည့်သည်တွေသွားလေ့မရှိတဲ့ လေပွေတောင်ကို တက်ဖို့ရွေးခဲ့တယ်။ သာမန် အားဖြင့် ခရီးအချိန်ကြာတာရယ်၊ အဆင်းမတ်စောက်တာကြောင့် ချော်လဲတာ ဒဏ်ရာရတာ ဖြစ် မှာ စိုးရိမ်လို့ ဒီခရီးကို စီစဉ်ပေးလေ့မရှိဘူး။ ကျွန်တော်ကတော့ ကိုယ့်တာဝန်ကိုယ်ယူနိုင်ပါ တယ်Continue reading “လေပွေတောင်”

တောင်ပေါ်ဈေး

ပေါက်ခေါင်း – အုတ်တွင်းလမ်းပေါ်မှာ ညောင်ဝန်း၊ ပေါ်လံကြီး၊ ရွှေတောင် ငွေတောင် ၊ ကရင်မသေ စတဲ့ ရွာတွေရှိသလို မီးသွေးဖုတ် ၊ ဝါးခုတ်နေတဲ့ တဲစုလေးတွေလည်း ရှိတယ်။ အဲဒီ လိုပဲ ကျွန်းစိုက်ခင်းစောင့်၊ လမ်းပြင်၊ ကေဘယ်လ်ကြိုးလိုင်းတူး စတဲ့လုပ်ငန်းတွေကို လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေရဲ့ တဲတွေရှိတယ်။ လမ်းပြင်တဲ့သူ၊ ကေဘယ်လ်ကြီုးလိုင်း တူးတဲ့သူတွေကတော့ တစ်နေရာပြီး တစ်နေရာရွှေ့နေတာပါ။ အဲဒီလိုနေထိုင်သူတွေအတွက် မနက်ခင်းဈေးကတော့ ပေါက်ခေါင်းကနေ တက်လာတဲ့ ဆိုင် ကယ်ဈေးသည်တွေပါပဲ။ မနက် ခြောက်နာရီ၊ ခုနှစ်နာရီဆိုရင် သူတို့တက်လာကြပြီ။ ခြင်း တောင်း နှစ်တောင်းထဲမှာ အသီးအနှံတွေ၊ ခြင်းတောင်းဘေးပတ်လည်မှာ ကြက်သား၊ ဝက်သား၊ ငါး နဲ့ အသီးအရွက်အထုတ်လေးတွေချိတ်လို့။ ဘုရားပန်းတွေနဲ့တက်လာတဲ့ ဘီးလည်းရှိတယ်။ ကြက်သား၊ ဝက်သား၊ အမဲသားContinue reading “တောင်ပေါ်ဈေး”

မင်းလှ (၃)

ဒီဟိန္ဒူဘုရားကျောင်းကလည်း ရုံးလမ်းပေါ်မှာပဲရှိတယ်။ မြို့ထဲကလာရင် တိုင်ရာကျော် ဗလီ၊ ပြီးရင် ဟိန္ဒူဘုရားကျောင်း၊ နောက်ဆုံးမှာ မဟာသတိပဋ္ဌာန်ကျောင်းတိုက် ၊ အဲဒီ လို အစဉ်အတိုင်းရှိနေတာပါ။ ဘုရား ကျောင်းကလည်း နှစ်တစ်ရာကျော်သက်တမ်းရှိတယ်ဆိုတော့ ဘုရားတိုက်ရယ်၊ ဗလီရယ်၊ ဟိန္ဒူဘုရားကျောင်းရယ်က ခေတ်ပြိုင်တွေလို့ပြောရမှာပဲ။ ဟိန္ဒူဘုရားကျောင်းကတော့ ဒကာ တစ်ဦးတည်းတည်တာမဟုတ်ဘူး။ အဲဒီခေတ်က ချစ်တီးကုလားတွေ စုပေါင်းတည်ထားတာ လို့ ဆိုတယ်။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ရန်ကုန်က ဘုရားဖူးတွေရောက်နေတယ်။ ဘုရားကျောင်းမှာ တွေ့ရတဲ့အရုပ်အများစုကတော့ ဟိန္ဒူဘုရားကျောင်းတွေမှာ တွေ့ရလေ့ ရှိတဲ့ ရုပ်တုတွေပါပဲ။ ဗိသုကာလက်ရာအားဖြင့်တော့ ထူးထူးခြားခြားမရှိဘူး။ ဒါပေမယ့် ကိုးကွယ်တဲ့ နတ်ဘုရားကတော့ ကျွန်တော်တွေ့ခဲ့ဖူးတဲ့ သ ျှီ၀ ၊ မဟာပိန္နဲ ဘုရားကျောင်းတွေလိုမဟုတ်ဘူး။ သ ျှီ၀ ရဲ့ သားအငယ်ကို ကိုးကွယ်တာလို့ပြောတယ်။ နာမည်ရွတ်ပြတယ်။ ဒါပေမယ့်Continue reading “မင်းလှ (၃)”

ဗိုလ်အောင်မင်းကွေ့

ပေါက်ခေါင်း – အုတ်တွင်းလမ်း မိုင်တိုင် ၄၉ / ၂ မှာ ဗိုလ်အောင်မင်းကွေ့ လို့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုရှိတယ်။ ပဲခူးရိုးမ၊ ပေါက်ခေါင်းမြို့နယ်ထဲမှာ ဗကပ တွေလှုပ်ရှားနေတဲ့အချိန်က အုတ်တွင်းဘက်ကနေ ချီတက်လာတဲ့ ခလရ (၅၃) က ဗိုလ်အောင်မင်း ဦးစီးတဲ့ တပ်စုကို ဗကပတွေက ချုံခိုတိုက်ခဲ့တဲ့နေ ရာ ကို အမှတ်အသားလုပ်ထားတာပါ။ အဲဒီအချိန်ကလမ်းကအခုလိုမကျယ်သေးဘူး။ တောင်ကြောနဲ့ ချောက်ကမ်းပါးကြားမှာ ကျဉ်းကျဉ်း လေးပဲ။ဗိုလ်အောင်မင်းတပ်စုကကားလမ်းအတိုင်း လာနေတဲ့အချိန်ဗကပတပ်ဖွဲ့က ကလမ်းဘယ် ဘက်တောင်ကြောပေါ်နဲ့ လမ်းညာဘက် ချောက်ကမ်းပါးထိပ် ကနေ ညှပ်ပြီးတိုက်တယ်။ အမှန် ကတော့ တပ်စုတစ်စုလုံးကို သတ်ကွင်းထဲသွင်းပြီး အပိုင် တိုက် တာ။ ဒီလိုတိုက်ပွဲမျိုးကို စိန်ကန့် လန့် ဘက်မှာ တိုက်ခဲ့ဖူးတယ်၊ တပ်မတော်ဘက်က အတော်များ များကျဆုံးပြီးContinue reading “ဗိုလ်အောင်မင်းကွေ့”