ပုဂံကို အကြိမ်ကြိမ်ရောက်ခဲ့ဖူးပေမဲ့ ဖွတ်စေတီ၊ ဖားစေတီ ၊ ဗျိုင်းစေတီ လို့ နာမည်ပေးထားတဲ့ ထူးထူးခြားခြား စေတီသုံးဆူရှိတာ ပြီးခဲ့တဲ့ ဩဂုတ်လ ခရီးစဥ်ကမှ သိရတယ်။ ဒီစေတီတွေကို ဖွတ်၊ ဖား၊ ဗျိုင်း လို့ တိရိစ္ဆာန်အမည်တပ်ခေါ်တာ ဘယ်အချိန်ကစလဲဆိုတာတော့ မှတ်တမ်းရှာ မတွေ့ ဘူး။ ဒါပေမဲ့ ၁၉၇၁ ခုနှစ် မှာ ဆရာဦးဗိုလ်ကေ ပြုစုခဲ့တဲ့ “ ပုဂံသုတေသနလမ်းညွှန်” စာအုပ်မှာ ဖွတ်၊ ဖား၊ ဗျိုင်းစေတီ သုံးဆူအကြောင်းရေးထားတဲ့အတွက် အဲဒီအချိန်မတိုင်ခင်ထဲက ဒီနာမည်တွေ ရှိ နေတာ သေချာပါတယ်။ နောက်ပြီး ကျန်တဲ့စေတီတွေလိုမဟုတ်ပဲ ဘုရားဘွဲ့အမည်တွေကို ကိုယ်လုံး တော် မှာ စာနဲ့ ရေးထိုးထားတာလည်းတွေ့ရပါတယ်။ ဒီစေတီ သုံးဆူက တန့်ကြည့်တောင်ထိပ်ကနေ မြတ်စွာဘုရားဗျာဒိတ်ပေးခန်းလို့ အစဥ်အလာပြော ခဲ့ ကြတဲ့Continue reading “ပုဂံက ဖွတ် ဖား ဗျိုင်း”
Author Archives: ye htut
မြင်းပြဂူဘုရား
ပုဂံခေတ် ပိသုကာပညာရှင်များရဲ့ အလင်းပေးမှု စနစ်ဘယ်လောက်ကောင်းတယ်ဆိုတာကို မြင်းပြ ဂူဘုရား (ဘုရားအမှတ်၁၄၉၃)မှာတွေ့နိုင်ပါတယ်။မြင်းပြဂူဘုရားကအောက်ခြေနိမ့်နိမ့် လေး ထောင့် တိုက်ပေါ်မှာ စေတီကြီးတည်ထားတာဖြစ်ပါတယ်။ စေတီအောက်တည့်တည့်မှာ ဆင်းတုတော် ထား တဲ့ အခန်းရှိပြီး အပြင်မှာ ပတ်လမ်းတစ်ခုရှိပါတယ်။ ပတ်လမ်းအပြင်မှာ ဝင်/ထွက်ဖို့အတွက် မုခ် ဆောင်တွေရှိပါတယ်။ အဲဒီလို အဆောက်အအုံ နိမ့်နိမ့်ရဲ့ အတွင်းဆုံးမှာ ရှိနေတဲ့ ဆင်းတုတော်ရဲ့ မျက်နှာ တော်ပေါ်ကို အလင်းရောင်ရအောင် ဘယ်လိုတည်ဆောက်ထားသလဲဆိုတာကို မြင်းပြဂူ ဘုရား အကြောင်း သိတဲ့ ပညာရှင်များ ဒီပို့စ်အောက်မှာ မှတ်ချက်ရေးသားရှင်းလင်းပေးရင်တော့ စာဖတ်သူ အားလုံး ဗဟုသုတ တိုးမှာပါ။ ဆင်းတုတော်ရဲ့မျက်နှာတော်ပေါ် အလင်းရောင်ထိုးကျနေပုံကို ဓာတ်ပုံရိုက်တဲ့အခါ မြင်းပြဂူဘုရား ကသော့ခတ်ပိတ်ထားတဲ့အတွက် ကင်မရာအသေးလေးကို သံတိုင်ကြားက ထိုးသွင်း၊ လူကမြေကြီး ပေါ်မှာ ဝမ်းလျားထိုးအနေအထားနဲ့ ကင်မရာကို တတ်နိုင်သလောက် အောက်နှိမ့်ပြီး ရိုက်ခဲ့ ရပါတယ်။အဲဒီလိုအနေအထားအရ View FinderကိုContinue reading “မြင်းပြဂူဘုရား”
ဇူလိုင်လပုဂံကိုသွားတဲ့အခါ ပစ္စည်းကရိယာမပြည့်စုံတဲ့အတွက် ညရှုခင်း ဓာတ်ပုံတွေကို စိတ်ကြိုက် ရိုက်ခွင့်မရခဲ့ပါဘူး။ ဒါ့ကြောင့် ဒီတစ်ခေါက် အလှုကိစ္စနဲ့ ပုဂံကို သွားတဲ့အခါ လိုအပ်တဲ့ ပစ္စည်းကရိယာတွေ ယူသွားပြီး ပုဂံ ဘုရားများရဲ့ ညရှုခင်းကို စိတ်တိုင်းကျ ရိုက်ခဲ့တာကို မိတ်ဆွေများအတွက် မျှဝေလိုက်ပါတယ်။ ဘုရားတစ်ဆူချင်းအလိုက် ရိုက်ကူးခဲ့တဲ့နေရာများက အောက်ပါအတိုင်းဖြစ်ပါတယ်- အာနန္ဒာ ဘုရား – အနောက်ဘက်မုခ် နဲ့ မြောက်ဘက်မုခ်ကြား။ အဲဒီနေရာမှာ မီးတိုင်ရှိနေတဲ့အတွက် မြင်ကွင်းကန့်သတ်ချက်တော့ရှိတယ်။ စူဠာမဏိ ဘုရား – အိုးထိန်းတောင်ရှုခင်းကြည့်တောင်ကုန်း။ ဓမ္မရံကြီးဘုရား- ဘုရားအနောက်ဘက်မှာ ရှိတဲ့ ဘုရားပျက်ကုန်း။
စူဠာမဏိ ညရှုခင်း
ခရီးသွားအများစုက စူဠာမဏိဘုရားနားမှာရှိတဲ့ ရှုခင်းကြည့်တောင်ကုန်းကနေ တန့်ကြည့် တောင် နေဝင်ချိန် မြင်ကွင်း ကိုပဲ ကြည့်ရှုခံစား ဓာတ်ပုံရိုက်တာများပါတယ်။ ကျွန်တော်တို့ကတော့ အဲဒီ တောင် ကုန်းနောက်မှာရှိတဲ့ရေကန်ကနေ စူဠာမဏိဘုရားကို ဓာတ်ပုံရိုက်ခဲ့ပါတယ်။ ဒီမြင်ကွင်းက မိုးရာသီ ရေကန် ထဲမှာ ရေရှိနေမှ မြင်နိုင်တဲ့မြင်ကွင်းဖြစ်တဲ့အတွက် အခုအချိန် ပုဂံရောက်နေတဲ့ ဧည့်သည် များ ရှုခင်းကြည့်တောင်ကုန်းပေါ်က နေဝင်ချိန်ရှုခင်းကို ခံစားသလို ရေကန်ဘက် ကနေလည်း စူဠာ မဏိ ဘုရား ရဲ့ ညရှုခင်းကို ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ မှတ်ချက်။ တာဝန်ရှိသူများက ဓာတ်ပုံရိုက်တဲ့ဘက်အခြမ်း ရေကန်စပ်က ချုံတချို့ကို ရှင်းပေး လိုက်မယ်ဆိုရင် ခရီးသွားဧည့်သည်တွေအနေနဲ့ ကင်မရာကို ဒီ့ထက်ကောင်းတဲ့ ရှုထောင့်မှာ ထားပြီး ရိုက်လို့ရမှာပါ။ အခု ပုံက တော့ ချုံတွေလွတ်တဲ့နေရာကနေ အဆင်ပြေအောင်ရိုက်ခဲ့ရတာဖြစ်ပါတယ်။
ပုဂံမြင်ကွင်းကျယ် (၁၃)
မီးဖိုချောင်မှ အသံများ ရထားဈေးသည် ယောက်ျားက ဝန်ထမ်း၊ ရတာက တစ်သိန်း သုံးသောင်း၊ စားလူက သုံး ယောက်။ မနက်ည ဆန်လေးဘူးချက် ရတယ်၊ လစာကဆန်ဖိုးနုတ်လိုက်ရင် ဘာမှ မကျန်ဘူး၊ အားတဲ့အချိန် လက်သမား လိုက်လုပ်တယ်။ ကျွန်မက ရထားပေါ်မှာ စျေးရောင်းတယ်။ အလုပ်ကထွက်ပြီး မလေးသွားမယ်ဆိုတော့ ပွဲစားက ပထမပြောတာ သိန်းသုံး ဆယ်၊ ဟိုရောက်ရင် အိမ်ကို လေးငါးသိန်း ပြန်ပို့နိုင်မယ်တဲ့။ ဒါနဲ့ သင်္ကြန်မတိုင်ခင်က ရန်ကုန်မှာ စာအုပ်( ပတ်စပို့) သွားလုပ်တယ်။ ပွဲစားခက နှစ်သိန်း၊ စားတာ သောက် တာနဲ့ ငါးသိန်းလောက်ကုန်တယ်၊ ဒါတောင် မင်္ဂလာတောင်ညွန့်က အမျိုးတွေအိမ်မှာတည်းလို့။ စာအုပ် ရ တော့ ပွဲစားက သုံးဆယ်နဲ့ မရတော့ဘူး။ ငါးဆယ်ဖြစ်သွားပြီတဲ့။ငွေကချေးပေးရမှာ၊အတိုးကပစ္စည်းမပါရင် နှစ်ဆယ်တိုး၊ အလုပ်Continue reading “ပုဂံမြင်ကွင်းကျယ် (၁၃)”
ပုဂံမြင်ကွင်းကျယ် (၁၂)
ပုဂံရထား ပြီးခဲ့တဲ့ ဇူလိုင်လ ပုဂံခရီးစဥ်အတွင်းမှာ ခရီးသွားဖော်သူငယ်ချင်းက ညောင်ဦးခရိုင်ထဲက ရွာလေးတစ်ရွာရဲ့ လို အပ်ချက်ကို တွေ့လာခဲ့ပြီး အဲဒီလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရန်ကုန်မှာ ရှိတဲ့ မိတ်ဆွေ အပေါင်း အသင်းများကိုတတ်နိုင်သရွေ့ပါဝင်ကူညီကြဖို့မေတ္တာရပ်ခံခဲ့တယ်။သူ့ကြိုးပမ်းချက်ကြောင့်ထိုက်သင့်တဲ့ အလှူငွေ ပမာဏကို ရလာတဲ့အခါ လိုအပ်တဲ့ပစ္စည်းတွေကို ဝယ်ယူစုဆောင်းပြီး ပုဂံကို နောက်တစ်ခေါက်သွားဖို့ ပြင်ဆင်ခဲ့ ပါတယ်။ ဒီတစ်ခေါက်တော့ ပုဂံကို ရထားနဲ့ သွား၊ အပြန်မှာ အဝေးပြေးကားနဲ့ ပြန်ဖို့ စီစဥ်ပါတယ်။ ရထား လက်မှတ် ဝယ်တာကတော့ မန္တလေးကို ရထားနဲ့ တစ်ခေါက်သွားခဲ့ပြီးပြီဖြစ်တဲ့အတွက် ဝယ်ရမဲ့ အချိန်၊ ဝယ်ရမဲ့နေရာကို သိတယ်။ ဒါပေမဲ့ ရန်ကုန်- ပုဂံရထားက တစ်ပတ်မှာ တစ်ရက်ပဲ ရှိတဲ့အတွက်ထွက်မဲ့ ရက်ကို သေချာအောင် စုံစမ်းတော့ ရန်ကုန်ကနေ သောကြာနေ့ထွက်ပြီးပုဂံကနေ အင်္ဂါနေ့ ပြန်ထွက်တယ်လို့ သိရတယ်။ လက်မှတ် ရောင်းတာကတော့ သုံးရက်ကြိုတင်ရောင်းတဲ့အတွက်သောကြာနေ့ထွက်မဲ့ရထားအတွက် အင်္ဂါနေ့ မှာ သွားဝယ် ရတယ်။ ရထားလက်မှတ်စရောင်းတဲ့အချိန်က မနက် ခုနစ်နာရီဖြစ်တဲ့အတွက်သူငယ်ချင်းနှစ်ယောက် မှတ်ပုံတင်ကိုယ်စီနဲ့ ဗိုလ်ချုပ်လမ်းဘက်လက်မှတ်ရုံကိုခြောက်နာရီလေးဆယ့်ငါးမိနစ်အရောက်သွားလိုက်တယ်။မန္တလေး၊မော်လမြိုင် နဲ့ ပုဂံ ရထားကောင်တာတွေမှာ ကိုယ့်ထက်ဝိရိယကောင်းတဲ့သူတွေရောက်နေပေမဲ့Continue reading “ပုဂံမြင်ကွင်းကျယ် (၁၂)”
သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၂၀)
သူငယ်ချင်း – မင်း ဖတ်လိုက်ရ၊ ကြားလိုက်ရတယ်မဟုတ်လား။ ပြိုင်ဘက်တွေ ညစ်လို့ ၊ ရစ်လို့ ၊ ကျစ်လို့ အခုလို ဖြစ်နေတာတဲ့။ ကျွန်တော် – ဘယ်ပြိုင်ပွဲ ဖြစ်ဖြစ်တကယ့် အသင်းကောင်းဆိုရင် တစ်ဘက်က ဘယ်လို လုပ်နေတဲ့ ကြား က ကျုပ်တို့ ဒီလို ချပြီး အနိုင်ယူလိုက်တာဗျ လို့ လက်မထောင်ပြောတာပဲ။ အခန့်မသင့်လို့ရှုံးရင်တောင် ကျုပ်တို့ ဒီနေရာမှာ အားနည်းသွားတယ်၊နောက်တစ်ခါမဖြစ် စေရဘူး လို့ပြောတာ။ ခပ်ညံ့ညံ့ အသင်း ကတော့ ကိုယ် ခြေစွမ်း မပြ နိုင်တာကို ဝန်မခံချင်လို့ ကွင်းကြောင့်၊ ဒိုင်ကြောင့်၊ ပရိသတ် ကြောင့်၊ ဘာကြောင့်၊ ညာကြောင့် လို့ ဆင်ခြေပေးတာ ပရီမီယာလိဂ်မှာ ကြားနေကြပဲ။ မင်းအသင်းလည်း အဲဒီလိုContinue reading “သူငယ်ချင်း နှစ်ယောက်ဆွေးနွေးခန်း (၂၀)”
ကားလက်မှတ်ဆိုရင် အွန်လိုင်းကဝယ် ရထားလက်မှတ်ဆိုရင် တန်းစီဝယ်
ထမင်းချိုင့်
ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဆရာသမားတစ်ယောက်ဟာ မြို့ရွာတွေကို ရောက် လို့ စာသင် ကျောင်း တွေကို စစ်ဆေးတဲ့အခါ ကလေးတွေရဲ့ ထမင်းချိုင့်တွေကို ဖွင့်ကြည့် တယ်။ တပ်ရင်း တပ်ဖွဲ့ တွေရောက်လို့ အိမ်ထောင်သည်လိုင်းတွေကို စစ်ဆေးတဲ့အခါ မီးဖိုချောင်ထဲကို ဝင်ပြီး ဘာ တွေ ချက်စားနေသလဲဆိုတာကို စူးစမ်းတယ်။ ဝန်ထမ်းတွေနဲ့ တွေ့ရင် ဘာဟင်းချက်လဲ လို့ မေး တယ်၊ အဲဒီလို လုပ်တာနဲ့ ပတ်သက်ပြီး သူက “ လူတွေ နေရ ထိုင်ရ တာအဆင်ပြေ၊ မပြေသိချင်ရင် ထမင်းချိုင့်ကို ကြည့်” လို့ ပြောလေ့ရှိတယ်။ တစ်သက်လုံး စွဲမှတ်သွားခဲ့ပြီး ကိုယ်တိုင် လည်း တတ်နိုင်သမျှလိုက်နာ ကျင့်ကြံခဲ့တဲ့ စကားဖြစ်ပါတယ်။ အခု တလော လမ်းဘေး အသုပ်စုံဆိုင်မှာ ထိုင်တဲ့အခါ နေ့လယ်စာအတွက် ထမင်းဖြူ ငါးရာဖိုး တစ်ထုပ်၊ ရခိုင်Continue reading ” ထမင်းချိုင့်”
ရန်ကုန်မြို့ထဲ သွားလာရင်း အမှတ်မထင်တွေ့လို့ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးပါ။ ရယ်စရာ ပြုံးစရာ လို့ ဆိုနိုင်ပေမဲ့ သေသေချာချာ တွေးကြည့်ရင် အရာရာတိုင်းကို ကိုယ့်အားကိုယ်ကိုး ကိုယ်တိုင် နည်းလမ်းရှာ ဖြေရှင်းနေရတဲ့ လူထုရဲ့ ဘဝကို မြင်နိုင်ပါတယ်။ ဘယ်အစိုးရမှ လူထုရဲ့ ပြဿနာအားလုံးကို မဖြေရှင်းပေးနိုင်ပါဘူး။ ဒါပေမဲ့ လူထု ခံစားနေရ တာ တွေကို စာနာ နားလည်မှု၊ လူထုအသံနားထောင်မှု၊ လူထုအတွက် ဘယ်အရာ တွေ အရေးကြီးဆုံး လဲ ဆိုတာ စဥ်းစားဆုံးဖြတ် ရွေးချယ်ပေးနိုင်မှုတွေမှာတော့ ကွာခြားကြပါတယ်။