ပြောစရာ ဖြစ်နေတဲ့ ရွေးကော်

၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ က စပြီး ရွေးကောက်ပွဲလွန် ကာလအထိ ဦးလှသိန်းကော်မရှင် ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာခဲ့တယ်။ အဲဒီမှာ ဦးလှသိန်း ကော်မရှင်က နိုင်ငံရေးပါတီတွေ၊ စောင့်ကြည့်လေ့လာသူတွေ၊ မီဒီယာတွေရဲ့ အမြင် တွေ၊ သဘောထားတွေကို ထည့်တွက်ဖို့ ရှင်းပြဖို့ မလိုဘူး၊ ငါတို့လုပ်ပိုင်ခွင့်အရ၊ ဥပဒေအရ လုပ်ခွင့်ရှိရင်၊ လုပ်သင့်တယ်ထင်ရင် လုပ်မှာပဲ ဆိုတဲ့သဘောထားရှိတာကို ထင်ထင်ရှားရှားတွေ့ခဲ့ရတယ်။ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ ပါတီတွေက ဘာပြောပြော ကျုပ်တို့ လုပ်ချင်တာလုပ် မှာပဲ ဆိုတဲ့ သဘောကို “ ရွာလယ်မှာဖြတ်မောင်းတဲ့ လှည်းတန်းကြီး” နဲ့ ဥပမာပေး ပြောခဲ့ဖူးကြောင်း တစည ပါတီလူကြီးတစ်ယောက်ကလည်း ကျွန်တော့်ကို ပြောပြဖူးတယ်။ အခုလည်း မဲစာရင်း မှား/ မှန်ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြမှုတွေ ဖြစ်နေချိန်မှာContinue reading “ပြောစရာ ဖြစ်နေတဲ့ ရွေးကော်”

ငှက်ကြည့်သူ (၃)

“ အာကျဲခေါ” ဆိုတဲ့ ရွာလေးက ယူနန်ပြည်နယ် ယွမ်ရမ်ခရိုင်ထဲက ကျေးရွာလေးပါ။ ၂၀၁၃ ခုနှစ်မှာ ယွမ်ရမ်ခရိုင် တောင်တန်းတွေပေါ်က နှစ်ပေါင်း ၁၃၀၀ ကျော်သက်တမ်းရှိတဲ့ လှေကားထစ်စိုက်ခင်းတွေကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံ ရပါတယ်။ အာကျဲခေါ ရွာ လေးက လှေကားထစ်စိုက်ခင်းတွေကြားက ရွာလေး တစ်ရွာဖြစ်ပြီး ဟာနီ တိုင်းရင်းသားလူနည်းစု တွေနေထိုင်ပါတယ်။ ဒီဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်တော့ ခရီးသွားတွေရောက်လာ ကြ တယ်။ ဒါပေမယ့် ခရီးသွားလုပ်ငန်းရှင်တွေပဲ ပိုက်ဆံရပြီး ရွာလေးက ဘာမှ တိုးတက်မလာဘူး။ ဒါ့ အပြင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်လိုက်တဲ့အတွက် ရွာသားတွေဘက်က ပတ်ဝန်းကျင်ထိန်းသိမ်း ေ ရးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတွေက ပိုများလာတယ်။ တစ်ဖက် မှာလည်း ခရီးသွားတွေကြောင့် အမှိုက်တွေရှုပ်လာတဲ့Continue reading “ငှက်ကြည့်သူ (၃)”

ငှက်ကြည့်သူ (၂)

ကိုး နာရီ ထိုးခါနီးလောက်မှာ ငှက်လေးတွေ ပေါ်လာတယ်။ သူတို့ကလည်း စားပင်ကို တိုက်ရိုက် လာတာမဟုတ်ဘူး။ အတော်ဝေးဝေးက အပင်တစ်ပင်မှာ အရင်နားကြတယ်။ ကံကောင်းချင် တော့ အဲဒီအပင်က အရွက်ကြွေနေတဲ့အတွက် ဓာတ်ပုံရိုက်လို့ကောင်းတယ်။ နေရောင်အောက် မှာ စိမ်းပြာရောင် ငူငှက်လေးတွေ၊ ခေါင်းအဝါ ရွှေရောင်နှုတ်သီးနဲ့ ဆက် ရက်(ဇရက်) ရွှေဝါတွေ နေစာလှုံနေတာ သစ်သီးလေး တွေ လိုပဲ။ ဇရက်တွေကြားထဲမှာ သာလိကာတစ်ကောင် နှစ်ကောင်ပါတယ်။ သာလိကာတွေက ခေါင်းမည်း၊ နှုတ်သီးအနီ ၊ လည်ပင်းမှာ အဝါရစ်လေးနဲ့ သေသေချာချာကြည့်မှ မြင်ရတယ်။ ငှက်ရွှေဝါလို့ခေါ်တဲ့ ငှက်လေး တစ်ကောင်လည်းတွေ့တယ်။ တကယ်တော့ ကျွန်တော်လည်း ငှက်တွေကို အမျိုးအစားမခွဲ တတ် ဘူး။ နားလည်သူကို မေးရတယ်။ ခဏနေတော့ ဇရက်တွေက စပြီးContinue reading “ငှက်ကြည့်သူ (၂)”

ငှက် ကြည့်သူ (၁)

နှစ်သစ် ကို ငှက်ကြည့်ခြင်း နဲ့ ကြိုဆိုဖို့အတွက် မနေ့ ( ဇန်နဝါရီ ၃ ရက်) မနက်လေးနာရီ ဆယ်ငါးမိနစ်မှာ အိမ်ကထွက်တယ်။ ကိုယ့်ကိုကိုယ် အစောဆုံးလို့ထင်ပေမယ့် အကြောင်း ကြောင်း နဲ့ သွားလာနေတဲ့ကားတွေ လမ်းပေါ်မှာ ရောက်နေပါပြီ။ ရန်ကုန်ဟာ တရားဝင် ထုတ်ပြန် ထားတဲ့ အိမ်မှာပဲ နေထိုင်ရန် အမိန့်ရယ်၊ မဖြစ်မနေ သွားလာဖို့လိုအပ်ချက်ရယ်၊ ပျင်းလို့၊ ငြီးငွေ့ လို့ အကြောင်းရှာပြီး အပြင်ထွက်တာရယ် ကြားမှ သဟဇာတဖြစ်အောင်နေတတ်နေပါပြီ။ဒါဟာ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေရဲ့ နေထိုင်မှုပုံစံသစ်ပါပဲ။ ထောက်ကြံ့လမ်းဆုံကျော်တော့ လမ်းညာဘက်မှာ ကုန်ကားတွေ၊ ဆီသယ်ယာဉ်တွေ နှစ်ထပ် ရပ်ထားတာတွေ့တယ်။ ကိုဗစ်ကြောင့် မျက်နှာငယ်နေရတဲ့ ရန်ကုန်သားတွေ တစ်မြို့တစ်ရွာ မသွားခင်ဆေးစစ်ဖို့စောင့်နေကြတာတဲ့။ အမြန်လမ်းပေါ်မှာတော့ အိမ်စီးကားငယ်လေးတွေ တွေ့တယ်။ ဒိုင်နာကားလေးတွေလည်းတွေ့တယ်။Continue reading “ငှက် ကြည့်သူ (၁)”

ရှင်းလေ ရှုပ်လေ ရွေးကော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ( ဒီဇင်ဘာ ၃၀ ) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့တယ်။ ဒီထုတ်ပြန်ချက်ရဲ့ အဓိက အချက်ကတော့ “ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်နေတဲ့ မဲစာရင်းမှားယွင်းမှုဆိုတာတွေဟာ အချက်အလက်မှားရင် ပြင်နိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်း တွေ ကို PDF ဖိုင်နဲ့ ဖြန့်ဝေထားတဲ့စာရင်းကို အခြေခံပြီးပြောနေတာဖြစ်တယ်။ နိုဝင်ဘာ ၈ရက် နေ့မှာ တကယ်မဲပေးခဲ့တဲ့စာရင်းမဟုတ်ဘူး” ဆိုတာပါပဲ။ ( ပုံ ၁ နဲ့ ၂ ) ဒါပေမယ့် ပြဿနာက ဦးလှသိန်းကော်မရှင်ဟာ ခင်ဗျားတို့ စစ်နေတဲ့စာရင်းက မှားနေတယ်၊ နောက်ဆုံး မဲစာရင်းမဟုတ်ဘူးလို့ပြောလိုက်ပေမယ့် “ တကယ်မဲပေးခဲ့တဲ့ စာရင်းက ဟောဒီမှာ၊ လာယူ၊ တိုက်ဆိုင်စစ်ဆေးစမ်း၊ မသမာမှုတွေ့ရင် ပြောစမ်းContinue reading “ရှင်းလေ ရှုပ်လေ ရွေးကော်”

ဆံသဆိုင်

လူ့ဘဝမှာ ရှောင်လွှဲလို့မရ မဖြစ်မနေလုပ်ရတဲ့ကိစ္စတွေထဲမှာ ဆံပင်ညှပ်ခြင်း လည်း ပါသည်။ ဘဝမှ ပထမဆုံး မှတ်မှတ်ရရ ဖြစ်တဲ့ ဆံသဆိုင်ကတော့ လှည်းတန်းက “ ဝင်းဆံသ” ဖြစ်သည်။ အဲဒီအချိန်က မိဘတွေက နယ်မှာ၊ ကျွန်တော်က အဖိုး၊အဖွားနှင့်နေရသည်။ အဖိုး၊အဖွားအိမ်က ၇ မိုင်မှာ၊ ဆံပင်ညှပ်ဖို့ဆိုရင် လမ်းထဲက တစ်စီးတည်းသောကားဖြစ်သည့် အော်စတင်ကားမည်း လေး နဲ့ အကြုံလိုက်ချင်လိုက်၊ ဒါမှမဟုတ် လမ်းထိပ်က နံပါတ် ကိုး ကားကို စီးရသည်။ ဝင်း ဆံသ ဆိုင်မှာ ဆံပင်ညှပ်ရင်း သတိထားမိတာက ဆံသဆရာတွေ ဗဟုသုတစုံတာ၊ စကားပြောကောင်း တာပဲဖြစ်သည်။ ဆံသဆရာသည် ဆံပင်ညှပ်ရုံသက်သက်မဟုတ် ဆံပင် ညှပ်ခံနေသူ စိတ်ဝင် စား သည့်အကြောင်းအရာတွေကိုလည်း ဖွယ်ဖွယ်ရာရာ ပြောပြနိုင်ရမည်။ ဖောက်သည်Continue reading “ဆံသဆိုင်”

လွှမ်းခြုံ မေတ္တာ ည

၁၉ ၄၄ ခုနှစ် ဒီဇင်ဘာလ၊ ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးကာလမှာ မဟာမိတ်တပ်တွေ နော်မန်ဒီကမ်းတက်တိုက်ပွဲဆင်နွဲချိန်ထဲက တစ်ချိန်လုံး ဆုတ်ခွာနေရသော ဂျာမန် တပ်တွေ မဟာမိတ်တပ်တွေကို တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။ အာဒင်းနိစ်တန်ပြန်ထိုးစစ် သည် ဟစ်တလာ ၏ နောက်ဆုံးမေ ျှာ်လင့်ချက်လည်းဖြစ်သည်။ ဟစ်တလာ က ဒုတိယကမ္ဘာစစ်အစ တွင် အောင်မြင်ခဲ့သည့်အာဒင်းနိစ် ထိုးစစ်လိုပင် မဟာမိတ်တပ်တွေကို အငိုက်ဖမ်းတိုက်ခိုက်ပြီး စစ်ဦးကျွံနေသည့် အမေရိကန် တပ်ဖွဲ့တွေကို ဝိုင်းပတ်ပိတ်ဆို့ ချေမှုန်းရန်၊ ထိုမှ တဆင့် နှစ်ဘက် စစ်ပြေငြိမ်းရေးဆွေးနွေးသည့် အဆင့်ထိ စစ်ရေးအောင်မြင်မှုကို တိုးချဲ့ရန် ရည်မှန်းခဲ့သည်။ ဒီဇင်ဘာ ၁၆ ရက်နေ့ရက်နေ့မနက် ဂျာမန်ထိုးစစ်ကို စတင်တော့ အမေရိကန်တပ်တွေ အငိုက်မိသွားခဲ့သည်။ ရာသီဥတုဆိုးဝါးနေသဖြင့် အမေရိကန်လေတပ်က အကူအညီမပေးနိုင်၊ အမေရိကန်တပ်တွေ ပြိုဆင်းသွားသည်။ နံမည်ကျော် အမှတ် ၁၀၁Continue reading “လွှမ်းခြုံ မေတ္တာ ည”

တပ်မတော် နဲ့ ရွေးကော်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ တပ်မတော်သားတွေ ဆန္ဒမဲပေးခဲ့ရတဲ့ မဲဆန္ဒနယ် လေးခုရဲ့ မဲစာရင်း မှားယွင်းမှုတွေကို ထုတ်ပြန်ကြေညာခဲ့ တယ်။ ( ပုံ ၁ ) ။ စာရင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ မဲစာရင်းမှားယွင်းမှုတွေကို ၁။ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း၂။ မဲ မသမာမှုဖြစ်နိုင်သည့် မဲစာရင်း ဆိုပြီးခွဲခြားထားတယ်။ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်းဆိုတာက နိုင်ငံသားကတ်၊ အမည်၊ အသက်၊ မိဘ အားလုံးတူနေတာကနေ နိုင်ငံသားကတ်တူ ပြီး ကျန်တဲ့အချက်တစ်ခု မဟုတ်တစ်ခုပဲ လွဲနေတဲ့ မဲဆန္ဒရှင်အရေအတွက်ဖြစ်ပါတယ်။ မဲ မသမာမှုဖြစ်နိုင်သည့် စာရင်း ဆိုတာက ၁၈ နှစ်မပြည့်ပဲ မဲစာရင်းထဲပါနေတဲ့သူများ၊ နိုင်ငံသားContinue reading “တပ်မတော် နဲ့ ရွေးကော်”

ကိုဗစ်မကြောက်တဲ့ စောင့်ရှောက်သူ

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့က သတင်းစာတွေစောင်ရေကျတယ်၊ သတင်းခန်းတွေ ပိတ်ပြီး အိမ်ကနေ အလုပ်လုပ်ရတယ်။ ဘဏ္ဍာရေးအခြေအနေအားနည်းတဲ့သတင်းစာတိုက်တွေ က လူအင်အားလေ ျှာ့ရတယ်။ တစ်ကမ္ဘာလုံးမှာ သတင်းထောက် အလုပ်လက်မဲ့ ဖြစ် တဲ့အရေ အတွက်ကိုတော့မသိရဘူး။ ဒါပေမယ့် နယူးယောက်တိုင်းမ်သတင်းစာကတော့ ဧပြီ လနဲ့ ဂျွန်လ အတွင်းမှာ အမေရိကန်သတင်းစာလောက မှာ အလုပ်လက်မဲ့ဖြစ်သူ သုံးသောင်းခြောက် ထောင် ကျော်ရှိတယ်လို့ဆိုတယ်။ အဲဒီအထဲမှာ အလွတ်တန်းသတင်းထောက်တွေမပါသေးဘူး။ ဒါပေမယ့် စောင့်ရှောက်သူ ( Guardian ) လို့အမည်ရတဲ့ ဗြိတိန်နိုင်ငံထုတ်သတင်းစာကတော့ ကိုဗစ် ၁၉ ကြောင့်ဖြစ်တဲ့ စီးပွားရေးကျဆင်းမှုဒဏ်ကို ပရိသတ်ထောက်ခံမှုနဲ့ကျော်လွှားနိုင်ခဲ့ တဲ့ အခြေအနေမှာရှိတယ်။ ဂါဒီးယန်းသတင်းစာက ပုံနှိပ်သတင်းစာအဖြစ်ရော၊ ဒစ်ဂျစ်တယ်သတင်းစာအဖြစ်ရော ဖြန့်ချိ တယ်။ ပုံနှိပ်သတင်းစာက ဗြိတိန်နိုင်ငံမှာ စောင်ရေContinue reading “ကိုဗစ်မကြောက်တဲ့ စောင့်ရှောက်သူ”

နိုင်ငံရေး ကကြီး ခခွေး

ရုပ်သံသတင်း၊ သတင်းစာ နဲ့ ဂျာနယ်တွေမှာပါတဲ့ နိုင်ငံရေးသတင်းတွေကို တွေ့တိုင်း နိုင်ငံရေး ဝေါဟာရတွေအကြောင်းမေးလေ့ရှိတဲ့ ၈ တန်းကလေးတစ်ယောက်အတွက် နိုင်ငံရေးအဘိဓာန် စာအုပ်လိုက်ရှာတဲ့အခါ “ နိုင်ငံရေး ကကြီး ခခွေး” ( မင်းရွှေမောင် ၊ Myanmar Heritage စာအုပ်တိုက်၊ စက်တင်ဘာ ၂၀၂၀ ) ဆိုတဲ့ စာအုပ်ကိုတွေ့တယ်။ ဒီစာအုပ်က ဘာသာပြန်စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်က “Politics for Beginners” ဆိုတဲ့စာအုပ်ဖြစ် ပါတယ်။ စာမျက်နှာ ၁၂၈ မျက်နှာရှိတဲ့ ဒီစာအုပ်မှာ အစိုးရအမျိုးမျိုး၊ နိုင်ငံရေးစနစ်များ၊ ရွေးချယ်တင်မြှောက် ပွဲများနှင့် ဆန္ဒမဲပေးခြင်း၊ နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးဝါဒစနစ်များ၊ အရေးပါသော မေးခွန်း များဆိုတဲ့ အခန်းခြောက်ခန်းပါပြီး ရုပ်ပုံများနဲ့ လိုတိုရှင်း ရေးသားထားတယ်။ မူရင်းစာအုပ်ရေးသားသူများက လစ်ဘရယ်ဒီမိုကရေစီContinue reading “နိုင်ငံရေး ကကြီး ခခွေး”