စင်္ကာပူ တံခါးဖွင့်ချိန်

မေ လ ၂၃ ရက်နေ့မနက်ထိ စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၃၀၄၂၆ ယောက်ရှိတယ်။ ရောဂါပျောက်ကင်းသွားသူ ၁၂၉ ၅၅ ယောက်ရှိတယ်။ သေဆုံး သူ ၂၃ ယောက်ရှိတယ်။ စင်္ကာပူနိုင်ငံရဲ့ မဟာဗျူဟာက ဗိုင်းရပ်စ်ပိုးကူးစက်ထားသူရှိ၊ မရှိ စစ်ဆေးမှု ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီး ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်တယ်။ ဧပြီလဆန်းမှာ တစ်နေ့ကို ပျမ်းမ ျှ လူ နှစ်ထောင့်ကိုးရာလောက် စစ်ဆေးနိုင်တယ်။ ဧပြီ လကုန်ပိုင်းရောက်တော့ တစ်နေ့ကို လူ ရှစ်ထောင်လောက်စစ်ဆေးနိုင်တယ်။ မေလ ၈ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာတော့ အစိုးရက တစ်နေ့ကို နှစ်သောင်းနီးပါးစစ်ဆေးနိုင်ပြီ၊ ဒါပေမယ့် တစ်နေ့ကို လေးသောင်းစစ်ဆေးနိုင်တဲ့ အထိ ဆောင်ရွက်သွားမယ်လို့ပြောတယ်။ စင်္ကာပူအစိုးရက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံခြား သားအလုပ်သမားများ၊ ဝန်ဆောင်မှုလုပ်ငန်းမှContinue reading “စင်္ကာပူ တံခါးဖွင့်ချိန်”

ရှင်သန်ခြင်း

ကိုဗစ် ၁၉ ရောဂါဖြစ်လာတော့ ကျွန်တော်တို့နေ့စဉ်သုံးစကားတွေမှာ ဝေါဟာရအသစ်တွေ တိုး လာသည်။ Mask, Quarantine ဆိုတာတွေက ကား၊ ကွန်ပျူတာ တို့လိုပဲ မွေးစားစကားလုံးတွေ ဖြစ်လာပြီ။ နောက်ဆုံးတိုးလာတဲ့ ဝေါဟာရက New Normal။ New Normal ကို တိုက်ရိုက်ဘာသာပြန်ရင်တော့ ပုံမှန်အခြေအနေသစ်လို့ ဆိုရမည်ထင် သည်။ ဒါပေမယ့် မူလဆိုလိုရင်းက ရှောင်လွဲလို့မရ၊ မဖြစ်မနေရင်ဆိုင်ရတော့မယ့်အခြေအနေ ကို ဆို လို ခြင်းဖြစ်သည်။ New Normal ကို စသုံးခဲ့တာ ၂၀၀၇ – ၂၀၀၈ ကမ္ဘာ့ငွေကြေးကဏ္ဍအကျပ်အတည်း ဖြစ်ပွားချိန် မှာဖြစ်သည်။ ထိုအကျပ်အတည်းရဲ့ အကျိုးဆက်အဖြစ် အစိုးရတွေရဲ့ ဘဏ္ဍာရေး၊ ငွေကြေးကဏ္ဍ နဲ့ စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒတွေမှာအပြောင်းအလဲတွေအများကြီးဖြစ်ခဲ့သည်။ စည်းမျဉ်း အသစ်တွေပေါ်လာသည်။ စီးပွားရေးပညာရှင်တွေကContinue reading “ရှင်သန်ခြင်း”

ဒေါက်တာအေးမောင် နဲ့ ရွေးကောက်ပွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်နေ့ရက်စွဲနဲ့ ရခိုင်ပြည် နယ်၊ အမ်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဆက်လက်ရပ်တည်ခွင့်မရှိကြောင်း နောင်ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာလည်း ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေညာခဲ့တယ်။ ပုံ ၁ဒီကြေညာချက်ကြောင့် တစ်ချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် ကြတယ်။ ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် လို့မရဘူး။ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေအတိုင်းလုပ်ရမှာပဲ။ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာ အချက်နှစ်ချက်ပါတယ်။ပထမအချက်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ ၊ ပုဒ်မခွဲ (ဃ) နဲ့ ငြိစွန်း တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ပုဒ်မ ၁၁ ပုဒ်မ ခွဲ (ဃ) ဆိုတာက လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံContinue reading “ဒေါက်တာအေးမောင် နဲ့ ရွေးကောက်ပွဲ”

ဝေဖန်မှုနဲ့ သတိပြုစရာ

ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression ) က အရေးကြီးတယ်။ ဒီနေ့ပြောနေကြတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရဲ့ အစိတ်အပိုင်း၊ တနည်းအားဖြင့် စာနယ်ဇင်းသမားများရဲ့ လုပ်ငန်း သဘောသဘာ၀ အရ လိုအပ်ချက်များကို သီးခြားအထူးပြုပြောထားတာဖြစ်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာကတော့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေးများထဲက တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ကို ၊ အဖွဲ့အစည်းတစ်ခုကို ဝေဖန် တယ်ဆိုတာဟာလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးတာပဲပေါ့။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ရင် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ အခုလို ဖော်ပြထားတယ်။ “ လူတိုင်းတွင် ထင်မြင်ယူဆခွင့် နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ တွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင်Continue reading “ဝေဖန်မှုနဲ့ သတိပြုစရာ”

ကိုယ်ရေးရာဇဝင်စိစစ်ခြင်း

နိုင်ငံတော်သမ္မတ အိမ်တော်မှာ သတင်းယူခွင့်ပြုဖို့ လေ ျှာက်ထားတဲ့သတင်းထောက်နှစ်ယောက် ကို ပြစ်မှုနောက်ကြောင်းမရှင်းလို့ သတင်းယူခွင့်မပြုတဲ့ အကြောင်း ကာယကံရှင်သတင်းထောက် က တင်ထားတာတွေ့ရတယ်။ ပုံ ၁ အခု သတင်းထောက်နှစ်ယောက် ပြစ်မှုနောက်ကြောင်းမရှင်းတာဟာ ဘာကိစ္စလည်းလို့တော့ မပါဘူး။ ဒါပေမယ့် ဒီသတင်းကို ဖတ်ရတော့ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ပြင်ပ ပုဂ္ဂိုလ်တွေရဲ့ နောက်ကြောင်းရာဇဝင်စိစစ်ချိန်မှာ ကြုံရတဲ့ အဖြစ်အပျက်တွေကို သတိရမိတယ် အရေးကြီးတဲ့ အစိုးရဌာနတွေမှာ အလုပ်လုပ်မယ့်သူတွေရဲ့ ကိုယ်ရေးနောက်ကြောင်းကို စစ်ဆေး ရတာ အစိုးရဌာနတွေရဲ့လုပ်ထုံးလုပ်နည်းပါပဲ။ ဒီလို စိစစ်မှုကို နိုင်ငံ့ဝန်ထမ်းတွေကို လုပ်သလို အစိုးရဌာနတွေမှာ ကာလအတိုင်းအတာတစ်ခုအထိ ဝင်ထွက်မယ့်၊ အလုပ်လုပ်မယ့် ပြင်ပ ပုဂ္ဂိုလ် အရပ်သားတွေကိုလည်း စိစစ်ရပါတယ်။ အိမ်တော်မှာ သတင်းယူမယ့် သတင်းထောက်တွေ ရဲ့ ကိုယ်ရေးရာဇဝင်ကိုContinue reading “ကိုယ်ရေးရာဇဝင်စိစစ်ခြင်း”

ဗိုင်းရပ်စ် နဲ့ အိန္ဒိယ

မေလ ၁၅ ရက်နေ့က အိန္ဒိယနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၈၆၅၀၈ ယောက် ရှိတယ်။ ဒါကြောင့် တရုတ်နိုင်ငံရဲ့ စုစုပေါင်းရောဂါ ကူးစက်ခံရသူ အရေအတွက် ၈၄၀၃၈ ယောက်ကို ကျော်လွန်သွားခဲ့ပြီး အိန္ဒိယဟာ အာရှတိုက်မှာ ရောဂါကူးစက်မှုအများဆုံး နိုင်ငံ ဖြစ်လာခဲ့တယ်။ သေဆုံးသူအရေအတွက်ကတော့ ၂၇၆၀ ယောက်ရှိတဲ့အတွက် တရုတ် နိုင်ငံ ရဲ့ သေဆုံးသူအရေအတွက် ၄၆၃၇ ယောက်ထက် နည်းတယ်။ အိန္ဒိယနိုင်ငံရဲ့ ရောဂါကူးစက်ခံရသူ သုံးပုံတစ်ပုံနီးပါး ဟာ လူဦးရေ ၁၉ သန်းရှိတဲ့ မြို့တော် ဒေလီ နဲ့ လူဦးရေ ၂၂ သန်းရှိတဲ့ စီးပွားရေးမြို့တော် မွန်ဘိုင်း က ဖြစ်တဲ့အတွက် ဒီထက်ပိုပြီး ကူးစက်သူ တွေများလာနိုင်တယ်လို့ စိုးရိမ်နေကြတယ်။ အခုလိုContinue reading “ဗိုင်းရပ်စ် နဲ့ အိန္ဒိယ”

ဗိုင်းရပ်စ် နဲ့ မီတာခ

ကိုဗစ် ၁၉ ကြောင့် စီးပွားရေး အရထိခိုက်မှုတွေ သက်သာအောင်လို့ နိုင်ငံတော်က ဧပြီလ အတွက် ယူနစ် ၁၅၀ အခမဲ့ သုံးခွင့်ပြုတယ်။ ဒါပေမယ့် ပြည်သူတွေမေ ျှာ်လင့်သလောက် မသက် သာဘူး၊ အရင်လတွေထက် ပိုပေးရတဲ့သူတွေရှိတယ်၊ ဒါ့ကြောင့် ကန့်ကွက်သံတွေ ပေါ်လာ တယ်။အဲဒီလို ကန့်ကွက်မှုတွေထဲမှာ ကျသင့် မီတာယူနစ်တွေထဲက ယူနစ် ၁၅၀ ကို ဖြတ်ပြီး လက်ကျန် ယူနစ်ကိုပဲ တွက်ချက် ကောက်ခံသင့်တယ်လို့ ပြောဆိုမှုေ တွ နဲ့ပတ်သက်ပြီးယူနစ် ၁၅၀ ကို ဖြတ်ပြီးမှ ငွေကောက်ခံရင် စာရင်းစစ်ကန့်ကွက်ချက်ပေါ်မယ်၊ ဒါ့ကြောင့် ကျသင့်ငွေအားလုံးကို တွက်ချက်ပြီးမှ ဈေးအသက်သာဆုံး ယူနစ် ၁၅၀ အတွက် ကျသင့်ငွေ ၁၁၅၅၀ ကျပ်ကို ပြန်ဖြတ်တာဖြစ်တယ်လို့ ဖြေရှင်းတဲ့Continue reading “ဗိုင်းရပ်စ် နဲ့ မီတာခ”

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အိပ်မက်နဲ့ လက်တွေ့

ရန်ကုန်တိုင်းဒေသကြီး အစိုးရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျူးကျော်နေထိုင်သူတွေကို စနစ်တကျနေရာချပေးဖို့ အတွက် “ မေ့ မေတ္တာ” အမည်နဲ့ စီမံကိန်းတစ်ခုလုပ်ဆောင်နေ တယ်လို့ ပြောလိုက်တယ်။ ပုံ ၁ ဒီစီမံကိန်းကို ဘယ်ရန်ပုံငွေနဲ့ အကောင်အထည်ဖော်နေတယ်ဆိုတာတော့ တိတိကျကျ ပြော မထားဘူး။ ဒါပေမယ့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ၂၀၁၉ ခုနှစ်အောက်တိုဘာလ အတွင်းက မြေကွက်လေ ျှာက်လွှာတွေကို တစ်စောင်တစ်သောင်းနှုန်းနဲ့ ရောင်း ချခဲ့တာ လေ ျှာက်လွှာပေါင်း ၁၂၁၅၇ စောင်ရောင်းခဲ့ရပြီး ငွေ သိန်းပေါင်းတစ်သောင်းကျော် ရခဲ့ တယ်။ ပထမအသုတ် ၆၄ ဧက ကိုရောင်းချရာမှာ ၆ ဧက ကျယ်တဲ့ မြေကွက်တစ်ခုတည်း နဲ့ သိန်းပေါင်း နှစ်သောင်းကျော် ရတယ်ဆိုတော့ အဲဒီငွေတွေနဲ့မတည်ဆောက်လုပ်ပြီး အရစ်ကျ ပြန်ဆပ်ခိုင်းတာမျိုးလည်းContinue reading “၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ အိပ်မက်နဲ့ လက်တွေ့”

Mask နဲ့ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး

ကိုရိုနာဗိုင်းရပ်စ် ပိုးကူးစက်မှုကို ကာကွယ်ဖို့ လုပ်ဆောင်ရာကနေ Mask ဝတ်ဆင်တဲ့ အလေ့ အထ ဖြစ်သွားတာကောင်းတယ်။ ဒါပေမယ့် အခု ရက်ပိုင်းမှာ Mask ဟာ ကိုရိုနာဗိုင်းရပ်စ် အပြင် ဆင်တုပ်ကွေး၊ သွေးလွတ်တုပ်ကွေး တို့ကို ကာကွယ်နိုင်တယ်လို့ ပြောတာတွေ ကြားလာရတယ်။ ဒါဟာ ကျွန်တော်တို့ အရင် သိထားတဲ့ အချက်အလက်တွေနဲ့ ကွဲလွဲနေတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်အတွင်း ထုတ်ပြန်ခဲ့တဲ့ ပညာပေးစာစောင်တွေမှာတော့ ၁။ သွေးလွန်တုပ်ကွေးဟာ ရောဂါပိုး ကူးစက်ခံထားရတဲ့ ခြင်ကျားကိုက်လို့ ကူးစက်တယ်။ ဒါ့ကြောင့် ခြင်မကိုက်အောင် ကာကွယ်ပါ၊ ပိုးလောက်လန်းကို နှိမ်နင်းပါ။ ၂။ ဆင်တုပ်ကွေးကလည်း ခြင်ကျားကိုက်လို့ကူးစက်တယ်၊ ခြင်ကျားပိုးလောက်လန်းကို နှိမ်နင်းပါ။ လို့ပဲ ပညာပေးထားပါတယ်။ ပုံ ၁ နဲ့Continue reading “Mask နဲ့ သွေးလွန်တုပ်ကွေး၊ ဆင်တုပ်ကွေး”

တောင်ကိုရီးယား နဲ့ တစ်ကျော့ပြန် ဗိုင်းရပ်စ်

တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက် ခံရသူကို ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၀ ရက်နေ့က စတင်တွေ့ရှိခဲ့တယ်။ ကိုရီးယားနိုင်ငံရဲ့ ဗိုင်းရပ်စ် ကာကွယ်၊ ထိန်းချုပ် ၊ ကုသရေး အစီ အစဉ်က ပိုးရှိမရှိ စစ်ဆေးမှုကို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်မှု နဲ့ ပိုးတွေ့သူနဲ့ ထိတွေ့ခဲ့ သူတွေကို သတင်းအချက်အလက်နည်းပညာသုံးပြီးခြေရာခံမှု ပေါ်မှာ အခြေခံတယ်။ တောင်ကိုရီး ယားနိုင်ငံဟာ တရုတ် နဲ့ ဥရောပနိုင်ငံတွေမှာ ကျင့်သုံးတဲ့ တင်းကျပ်တဲ့ Lockdown အစီအစဉ် တွေမလုပ်ခဲ့ဘူး။ Mask တပ်ဖို့ ၊ ဝေးဝေးနေဖို့၊ လူစုလူဝေးမလုပ်ဖို့ ပဲ တားမြစ် ခဲ့တယ်။ စာသင် ကျောင်း၊ စက်ရုံ၊ စားသောက်ဆိုင်တွေနဲ့ပတ်သက်တဲ့ ကန့်သတ်ချက်တစ်ချို့ ပဲထုတ်ပြန်ခဲ့ တယ်။ တောင်ကိုရီးယားရဲ့Continue reading “တောင်ကိုရီးယား နဲ့ တစ်ကျော့ပြန် ဗိုင်းရပ်စ်”