မန္တလေး ကန့်သတ်ချက်နဲ့ နောက်ဆက်တွဲ အခြေအနေ

မန္တလေးတိုင်းဒေသကြီးအစိုးရက ဒီနေ့ ( ဧပြီ ၄ ) ရက်စွဲနဲ့ မန္တလေးတိုင်းဒေသကြီးအတွင်း တားမြစ်မိန့်ထုတ်ပြန်ခဲ့ပါတယ်။ ပုံ ၁အဲဒီအမိန့်မှာ မန္တလေးတိုင်းဒေသကြီးအတွင်းမှာ ဧပြီလ ၆ ရက်နေ့ကနေ ဧပြီလ ၂၁ ရက်နေ့ အထိ ကာလအတွင်း ဖွင့်လှစ်ခွင့်ရှိတဲ့ လုပ်ငန်းတွေ၊ ပိတ်ထားရမယ့် လုပ် ငန်းတွေကို တိတိကျကျ သတ်မှတ်ပေးထားတယ်။ ဒီအချက်ကတော့ မလိုအပ်ဘဲနဲ့ အပြင်ထွက်တဲ့သူတွေ နည်းသွား အောင် ဆောင်ရွက်နိုင်သလို လူထုရဲ့ အခြေခံလိုအပ်ချက်တွေ ရပ်တန့်မသွားအောင် အာမခံ တဲ့ အတွက် ကောင်းပါတယ်။ဒါပေမယ့် အပိုဒ် ၅ ခရီးသွားလာမှုကန့်သတ်ချက်မှာ ခရီးသည်တင်ပို့ဆောင်ရေးယာဉ်လိုင်း များ အားလုံးကို မန္တလေးတိုင်းဒေသကြီးထဲကို ဝင်ထွက်ခွင့်မပြုဘူးဆိုတဲ့ အချက်ကတော့ ပြဿနာ ရှိ နိုင်တယ်။ ပုံ ၂ဘာ့ကြောင့်လဲဆိုတော့၁။ အခုအချိန်ကContinue reading “မန္တလေး ကန့်သတ်ချက်နဲ့ နောက်ဆက်တွဲ အခြေအနေ”

အဆိုးထဲက အကောင်းများ

တစ်ကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါကပ်ဆိုးကြီးကြောင့် စိုးရိမ်ပူပန်နေရပေမယ့် ကပ်ဆိုး အလွန်ကာလတွေမှာ အကောင်းတွေလည်းဖြစ်လာနိုင်တယ်လို့ ယူဆနေသူတွေလည်းရှိတယ်။ အဲဒီထဲက တစ်ယောက်ကတော့ စင်္ကာပူနိုင်ငံရဲ့ ဝါရင့်သံတမန်တစ်ဦးဖြစ်တဲ့ တော်မီကိုး ဖြစ်ပါ တယ်။ သူက ဒီနေ့ ( ဧပြီ ၄ ရက်နေ့) ထုတ် စထရိတ်တိုင်းမ် သတင်းစာမှာ “7 silver linings in Covid-19 dark cloud” ဆိုပြီး ဆောင်းပါးတစ်ပုဒ်ရေးခဲ့တယ်။ သူပြောထားတဲ့ အကောင်းဘက်ကို မေ ျှာ်လင့်နိုင်တဲ့အချက် ၇ ချက်ကို အတိုချုပ်ပြောရရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကိုရိုနာဗိုင်းရပ်စ်ပိုးဟာ လင်းနို့ကနေ တဆင့် ကူးစက်ခဲ့တယ်လို့ သုံးသပ်ထားကြ တယ်။ ၂၀၀၃ ခုနှစ် ဆားစ် ရောဂါဖြစ်တုန်းကလည်း ဒီလိုပဲ။ ဒါ့ကြောင့် အခု တရုတ်အစိုးရကContinue reading “အဆိုးထဲက အကောင်းများ”

စင်္ကာပူ ဗိုင်းရပ်စ်ကာကွယ်ရေးနောက်ဆုံးအခြေအနေ

ဒီနေ့ညနေ စင်္ကာပူစံတော်ချိန် ညနေ ၄ နာရီမှာ စင်္ကာပူ ဝန်ကြီးချုပ် လီရှန်လွန်းက စင်္ကာပူ န။ိုင်ငံ ဗိုင်းရပ်စ် ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းစဉ်များနဲ့ပတ်သက်ပြီးနောက်ထပ် တိုးမြှင့်လုပ် ဆောင်မယ့် အခြေအနေတွေကို ပြည်သူလူထုအား ရှင်းလင်းတင်ပြခဲ့ပါတယ်။ သူ့မိန့်ခွန်းထဲက အရေးကြီးတဲ့အချက်တွေကတော့ ၁။ ပြီးခဲ့တဲ့ နှစ်ပတ်အတွင်းမှာ ရောဂါ ကူးစက်သူ တစ်နေ့ကို ငါးဆယ်နဲ့ အထက်ရှိခဲ့တယ်။ အစပိုင်းမှာ ရောဂါကူးစက်ခံရသူအများစုဟာ ပြည်ပကနေ ပြန်လာတဲ့ စင်္ကာပူနိုင်ငံသားတွေ ဖြစ် တယ်။ ၂။ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ်က စပြီး ပြည်တွင်းမှာ ကူးစက်သူတွေပိုများလာတယ်။ ၃။ အရေးကြီးတာက အစိုးရအနေနဲ့ ရောဂါဖြစ်ပွားမှုကို နောက်ကြောင်းပြန်ခြေရာခံလိုက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားခဲ့ပေမယ့် ကူးစက်သူထက်ဝက်ကျော်ဟာ ဘယ်နေရာကနေ၊ ဘယ်သူ့ဆီကနေ ကူးစက်ခဲ့တယ်ဆိုတာ အဖြေရှာမတွေ့သေးဘူး။ ၄။Continue reading “စင်္ကာပူ ဗိုင်းရပ်စ်ကာကွယ်ရေးနောက်ဆုံးအခြေအနေ”

အကုန်သိသတင်းဌာနရဲ့ ဗိုင်းရပ်စ် ကျိန်စာ

မနေ့က အကုန်သိသတင်းဌာနရဲ့ သတင်းအစီအစဉ် အပြီးမှာ သတင်းတင်ဆက်သူ ဒေါ်ကေကေ ခင်က အခုလို ပြောကြားခဲ့တယ်။ “ဒီတင်ဆက်မှုကတော့ ဒီမှာပဲ ပြီးဆုံးပါပြီ။ တစ်နိုင်ငံလုံး ဗိုင်းရပ်စ်ရောဂါ ကပ်ဆိုးကြီးကနေပြီးတော့ ကင်းဝေးပြီး ကျန်းမာဘေးကင်းကြစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။ လူသားစိတ်မရှိတဲ့သူတွေ၊ စိတ်ဓာတ်ယုတ်ညံ့တဲ့သူတွေ ကတော့ ကပ်ရောဂါနဲ့ အတူ လွင့်ပါးသွားစေဖို့အတွက် ဆန္ဒပြု လိုက်ပါတယ်ရှင် ၊ ကျွန်မ ကေကေခင်ပါ။” သတင်းသမားတစ်ယောက် သတင်းတင်ဆက်မှု အဆုံးမှာ ကျိန်စာတိုက်တဲ့ သဘောပြောဆို တာဟာ သတင်းသမားတစ်ယောက်ရဲ့ လူမဆန်မှုကို ပြသလိုက်တာပဲ။ အခုအချိန်ဟာ ဗိုင်းရပ်စ်ရောဂါကပ်ဆိုးကြောင့် သေဆုံးသွားသူတွေရှိတယ်၊ ကြေကွဲနေရတဲ့ မိသားစုဝင်တွေရှိတယ်။ ကုသဆဲ၊ စောင့်ကြည့်ခံနေရဆဲလူနာတွေရှိတယ်။ သူတို့အတွက် ပူပင်သောက ရောက်နေတဲ့ မိသားစုဝင်တွေရှိတယ်။ ဒီရောဂါကူးစက်မှာကို စိုးရိမ်နေတဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရှိတယ်။ အကုန်သိသတင်းဌာန ၊Continue reading “အကုန်သိသတင်းဌာနရဲ့ ဗိုင်းရပ်စ် ကျိန်စာ”

ဗိုင်းရပ်စ် နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ

ကိုရိုနာ ဗိုင်းရပ်စ် တစ်ကမ္ဘာလုံးနီးပါးကို ပျံ့နှံ့သွားချိန်မှတော့ နိုင်ငံတိုင်းက ပြည်သူတွေ ကြားမှာ မေးခွန်းနှစ်ခုပေါ်လာတယ်။ ပထမတစ်ခုက “ ဒီကပ်ရောဂါဘေးကြီးဘယ်တော့ပြီးမှာလဲ” နောက်မေးခွန်းတစ်ခု “ တရုတ်မှာ စဖြစ်နေတာသိနေတာပဲ။ ဘာ့ကြောင့် ကြိုတင်ပြင်ဆင်မှုတွေ မလုပ် ခဲ့တာလဲ ” ပထမမေးခွန်းအတွက်တော့ အဖြေမရှိသေးဘူး။ ဒုတိယမေးခွန်းကတော့ ရောဂါ ကူးစက်ခံနေရတဲ့ နိုင်ငံတိုင်းက ခေါင်းဆောင်တွေ အသည်းအသန်ဖြေရှင်းနေရတယ်။ အထူးသဖြင့် ကျန်းမာရေး ကဏ္ဍလိုအပ်ချက်တွေအတွက် လုံလောက်အောင်ကြိုတင်ပြင်ဆင်မထားခဲ့တဲ့ အချက်က ဖြေရှင်းဖို့ အခက်ဆုံးဖြစ်နေတယ်။ ဒီလိုအချိန်မှာ ၂၀၂၀ ဖေဖော်ဝါရီနဲ့မတ်လ တွေအတွင်းမှာ ဗိုင်းရပ်စ်ရောဂါ ကူးစက်နဲ့မှု နဲ့ပတ်သက်ပြီး ပေါ့ပေါ့တန်တန် ပြောခဲ့တဲ့စကားတွေ၊ ပေါ့ပေါ့တန်တန် သဘောထားလုပ်ဆောင်ခ ဲ့ တဲ့ အပြုအမှုတွေဟာ နိုင်ငံ့ခေါင်းဆောင်တွေအတွက် အရှက်ကွဲဖို့ဖြစ်လာခဲ့တယ်။ အဲဒီလို ဖြစ်ခဲ့သူတွေထဲမှာ ထင်ရှားတဲ့ခေါင်းဆောင်တွေကတော့ ၁။Continue reading “ဗိုင်းရပ်စ် နဲ့ နိုင်ငံ့ခေါင်းဆောင်တွေ”

ဗိုင်းရပ်နဲ့ ဝါရှင်တန်မြို့တော် အတွေ့အကြုံ

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန် ဒီစီ မြို့တော်ဝန်က မတ်လ ၂၅ ရက်နေ့ကနေ ဧပြီလ ၂၄ ရက်နေ့အထိ လူထုအတွက် မဖြစ်မနေ လိုအပ်တဲ့ ဆိုင်တွေ၊ စီးပွားရေးလုပ်ငန်းတွေက လွဲပြီး ကျန်တဲ့ ဆိုင်တွေ လုပ်ငန်းတွေကို ပိတ်ဖို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီအမိန့်မှာ ဆက်ဖွင့်ထားနိုင်တဲ့ လုပ်ငန်းတွေနဲ့ ပိတ်ထားရမယ့် လုပ်ငန်းတွေကို အခုလို ခွဲခြားသတ်မှတ်ထားတာတွေ့ရတယ် ။ ( လုပ်ငန်းအမျိုးအစား အမည်တွေကို ကိုယ့်နိုင်ငံနဲ့နီးစပ်တဲ့ အသုံးအနှုန်းတွေနဲ့ ဆီလျော်အောင် ဘာသာပြန်ထား ပါတယ်။ ) ဖွင့်လှစ်နိုင်သောလုပ်ငန်းများ ၁။ ကားပြင်အလုပ်ရုံ နဲ့ ကားအပိုပစ္စည်းအရောင်းဆိုင်များ။၂။ ဘဏ်များ၊၃။ စက်ဘီးအရောင်းဆိုင်နဲ့ စက်ဘီးပြင်ဆိုင်များ။၄။ ကလေးစောင့်ရှောက်ရေးဂေဟာများ။၅။ စားနပ်ရိက္ခာ ၊ အိမ်သုံးပစ္စည်း ၊ လူသုံးကုန်ပစ္စည်း နဲ့ အဖျော်ယမကာContinue reading “ဗိုင်းရပ်နဲ့ ဝါရှင်တန်မြို့တော် အတွေ့အကြုံ”

ဗိုင်းရပ်စ် နဲ့ အိန္ဒိယအတွေ့အကြုံ(၂)

မတ်လ ၂၄ ရက်နေ့မှာ အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက မတ်လ ၂၅ ရက်နေ့ ည ၁၂ နာရီအချိန်က စပြီး တစ်နိုင်ငံလုံးမှာ ၂၁ ရက်ကြာ သွားလာမှုတွေ ကန့်သတ်မယ်၊ အားလုံးအိမ်ထဲမှာပဲ နေရမယ်။ စားနပ်ရိက္ခာ နဲ့ ဆေးဆိုင်တွေ၊ အစိုးရက သတ်မှတ်ထားတဲ့ စက်ရုံ၊အလုပ်ရုံ နဲ့ရုံးတွေပဲဖွင့်ရမယ်လို့ အမိန့်ထုတ်ခဲ့တယ်။ အဲဒီ အမိန့်ဟာ နယူးဒေလီ ၊ မွန်ဘိုင်း နဲ့မြို့ကြီးတွေမှာရောက်နေတဲ့ သန်းချီတဲ့ ကျေးလက် က အလုပ်သမားတွေ အတွက် လုံလောက်တဲ့ပြင်ဆင်ချိန်မပေးခဲ့ဘူး။ သွားလာမှု ကန့်သတ်တာနဲ့ တစ်ချိန်ထဲမှာ လူစီးရထားလို အများပြည်သူပို့ဆောင်ရေးတွေပါ ရပ်သွား တဲ့အတွက် ရွှေ့ပြောင်းလုပ်သားတွေ ဟာ မြို့ကြီးတွေမှာ အလုပ်မရှိ၊ စားစရာမရှိနဲ့ ပိတ်မိနေတယ်။ ဒီလူအများစုက တစ်နေ့လုပ်Continue reading “ဗိုင်းရပ်စ် နဲ့ အိန္ဒိယအတွေ့အကြုံ(၂)”

ဗိုင်းရပ်စ် နဲ့ မလေးရှားစီးပွားရေး

မတ်လ ၂၇ ရက်နေ့မှာ မလေးရှားအစိုးရက အမေရိကန် ဒေါ်လာ ၅၈ ဘီလျံ ( ရင်းဂစ် ၂၅၀ ဘီလျံ) ရှိတဲ့ စီးပွားရေး နလံထူမှု အစီအစဉ်ကို ကြေညာခဲ့တယ်။ ဒီပမာဏဟာ မလေးရှား ဂျီဒီပီရဲ့ ၁၇% ဖြစ်ပါတယ်။ အဲဒီအစီအစဉ်မှာ ကျန်းမာရေးဝန်ဆောင်မှုပေးနေသူတွေကို ကူညီထောက်ပံ့ရေး၊ အလတ် စားနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေကို ကူညီရေး နဲ့ ပြည်သူတစ်ဦးချင်းကို တိုက်ရိုက် ထောက်ပံ့မှုဆိုပြီး အပိုင်းသုံးပိုင်းပါတယ်။ အဓိက အချက်တွေကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်- ၁။ ၂၅၀ ဘီလျံမှာ လူထု သက်သာချောင်ချိရေးအတွက် ရင်းဂစ် ၁၂၈ ဘီလျံသုံးမယ်။ အဲဒီမှာ ကျန်းမာရေး ဝန်ထမ်းများအတွက် သီးခြားထောက်ပံ့မှုတွေပါတယ်။ စီးပွားရေးလုပ်ငန်းတွေကို အထောက်အကူပေးဖို့ ရင်းဂစ် ဘီလျံContinue reading “ဗိုင်းရပ်စ် နဲ့ မလေးရှားစီးပွားရေး”

ဗိုင်းရပ်စ် နဲ့ ပြောရေးဆိုခွင့်

၂၀၁၃ ခုနှစ် သြဂုတ်လ နေပြည်တော်မှာ အမေရိကန်နိုင်ငံက မီဒီယာကျွမ်းကျင်သူ မာဂရိတ် ဆူလီဗန် ဆိုတဲ့ အမျိုးသမီးတစ်ယောက် ဝန်ကြီးဌာနတွေက သတင်းထုတ်ပြန်ရေးတာဝန်ယူမယ့် အရာရှိကြီး တွေကို သင်တန်းပို့ချတယ်။ သူက အိမ်ဖြူတော်၊ နိုင်ငံခြားရေးဝန်ကြီးဌာန စတဲ့ အရေးကြီးတဲ့ဌာနတွေမှာ သတင်းထုတ်ပြန်ရေးအဖွဲ့ဝင်အဖြစ်တာဝန်ထမ်းဆောင်ဖူးတယ်။ ကိုယ် တိုင်ကလည်း စာနယ်ဇင်းသမားဖြစ်တဲ့အပြင် သတင်းနဲ့စာနယ်ဇင်းအတတ်ပညာ မဟာဘွဲ့ကို ရ ထားတဲ့သူဖြစ်ပါတယ်။ သူက ကျွန်တော့်ကို ပြောရေးဆိုခွင့်ရှိသူ အဖြစ်တာဝန်ယူတဲ့အခါ လိုက်နာရမယ့် အချက်သုံးချက် ကို ပြောပြခဲ့တယ်- ၁။ သည်းခံ ၊ သည်းခံ ၊ သည်းခံ ပြောရေးဆိုခွင့်ရှိသူဆိုတာ အစိုးရ ၊ မီဒီယာ နဲ့ ပြည်သူ သုံးပွင့်ဆိုင်ကြားမှာ နေရတယ်။ လိုအပ်ချက်က တစ်ယောက်တစ်မျိုး မတူဘူး။ အဲဒါကိုလည်း သည်းခံ။Continue reading “ဗိုင်းရပ်စ် နဲ့ ပြောရေးဆိုခွင့်”

ရန်ကုန်မြို့လယ်

ဒီနေ့ မနက် ဆယ်နာရီလောက်က ပစ္စည်းတစ်ချို့ဝယ်ဖို့ ၂၇ လမ်း၊ ၂၈ လမ်းဘက် ရောက် သွားတယ်။ ဗိုလ်ချုပ်လမ်း၊ ဆူးလေ ဘုရားလမ်း ကားရှင်းတယ်။ အနော်ရထာ၊ မဟာဗန္ဓုလ ၂၈ လမ်း ၊ ၂၇ လမ်းတစ်ဝိုက်မှာ ကားကျပ်ဆဲ၊ ကားရပ်ဖို့နေရာခက်နေဆဲပဲ။ ကားကို ဟိုတယ်/ခရီး ရုံးဟောင်း ရှေ့မှာ သွားရပ်ပြီးလမ်းပြန်လေ ျှာက်ရတယ်။ မဟာဗန္ဓုလ လမ်း ဘယ်ညာ ပလက်ဖောင်းတွေပေါ်မှာတော့ လူနည်းနည်းရှင်းတယ်။ ကွန်က ရစ်မြောင်းလုပ်နေတဲ့ ၊ ဓာတ်ကြိုးနဲ့မလွတ်တဲ့ အပင်တွေကို ခုတ်နေတဲ့ စည်ပင်ဝန်ထမ်းတွေ၊ တွေ့တယ်။ မြို့တော်ကြီး ရပ်မသွားဖို့ အခြေခံအကျဆုံးအလုပ်တွေကို လုပ်နေသူတွေပေါ့။ လူမသိတဲ့ သူရဲကောင်းတွေပဲ။ စည်ပင်ဝန်ထမ်းတွေသာ တစ်ပတ်လောက် အမှိုက်မသိမ်းနိုင် ရင် ရန်ကုန်မြို့ဘာဖြစ်သွားမလဲလို့ တွေးကြည့်မိတယ်။ ပလက်ဖောင်းပေါ်မှာContinue reading “ရန်ကုန်မြို့လယ်”