ဒေါ်သက်သက်ခိုင် အင်တာဗျူး နဲ့ ဖေ့စ်ဘွတ် (၁)

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ အင်တာဗျူးကို #Facebook က ဖယ်ရှားလိုက်တယ်ဆိုတာ အတော်ထူးဆန်းတဲ့ကိစ္စပဲ လူမျိုးရေး၊ဘာသာရေး ဆိုင်ရာ အမုန်းစကားတွေပါနေလို့လား။ မကြားချင်တဲ့အတွင်းရေးတွေပါနေလို့များလား။

လေဘာပါတီ နဲ့ ရွေးကောက်ပွဲ

မရေမရာဖြစ်နေတဲ့ ဗြိတိန်လမ်းခွဲကိစ္စကတော့ ရွေးကောက်ပွဲ ဘူတာကို ဆိုက်သွားပြီ။ အောက်တိုဘာ ၂၉ ရက်နေ့မှာ ဗြိတိသ ျှ ပါလီမန်က ဝန်ကြီးချုပ် ဂျွန်ဆင်တင်ပြတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အဆိုကို မဲခွဲ တဲ့အခါ ထောက်ခံသူ ၄၃၈ ဦး၊ ကန့်ကွက်သူ ၂၀ ဦးရှိတယ်။ ဒါဟာ ဥပဒေ အရ လိုအပ်တဲ့ မဲအရေအတွက် သုံးပုံ နှစ်ပုံ ၄၃၄ မဲကို ကျော်လွန်တဲ့အတွက် ဝန်ကြီးချုပ်ရဲ့ အဆို ပြုတဲ့ အတိုင်း ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။ တကယ် တော့ လက်ရှိ ပါလီမန်ဟာ ၂၀၁၇ ဇွန်လကမှ ရွေးကောက်ထားတာဖြစ်တဲ့အတွက် ၂၀၂၂ ခုနှစ် ဇွန်လ မှသာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းContinue reading “လေဘာပါတီ နဲ့ ရွေးကောက်ပွဲ”

YUPT ဒါရိုက်တာတွေ အကြောင်း

သုံးနှစ်အထိ အမြတ်မရသေးလို့ အစုရှယ်ယာရှင်တွေကန့်ကွက်နေတဲ့ YUPTရဲ့ ဥက္ကဋ္ဌ ၊ အုပ်ချုပ်မှု ဒါရိုက်တာနဲ့ ဒါရိုက်တာတွေ အကြောင်း ခေတ်သစ်မီဒီယာက သတင်းရေးသားရာမှာ – YUPT ကုမ္ပဏီတွင် ဒါရိုက်တာအဖွဲ့ဝင် (၉) ဦးရှိပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ခန့်အပ်ထားသူ ၄ ဦး ရှိကာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုက်ရိုက်ခန့်အပ်သူ ဦးဇော်ထွန်းက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၏ သမီးဖြစ်သူ ဒေါ်ပြုံးသာမြင့်က အုပ်ချုပ်ဒါရိုက်တာအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ဒါရိုက်တာအဖြစ်လည်းကောင်း၊ ဦးအောင်မြတ်က ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ဒါရိုက်တာ ၅ ဦးမှာ အစုရှယ်ယာရှင်များဘက်မှ ရွေးချယ်သူများဖြစ်ကြောင်း သိရှိရသည်။ လို့ဖော်ပြထားပါတယ်။ သတင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ https://www.facebook.com/khitthitnews/posts/760790247691657?tn=K-R

YUPT အစည်းအဝေးအပေါ်သုံးသပ်ချက်

YUPT နှစ်ပတ်လည်အစည်းအဝေး မှာ အစုရှယ်ယာရှင်တွေရဲ့ တင်ပြချက်တွေကို နားထောင်ကြည့် တယ်။ အဓိက သတိပြုမိတာကတော့ ၁။ ဒါရိုက်တာအဖွဲ့မှာ အစိုးရခန့်ဆိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ( ဝန်ကြီးချုပ်) ကတာဝန်ပေး ထားတဲ့ ပုဂ္ဂိုလ်တွေက ဥက္ကဋ္ဌ၊အုပ်ချုပ်မှုဒါရိုက်တာ တာဝန်တွေယူထားတယ်။ ဒါပေမယ့် ဒီပုဂ္ဂိုလ် တွေက ကားလိုင်းပြေးဆွဲတဲ့၊ ကားလိုင်းကို စီမံအုပ်ချုပ်တဲ့အတွေ့အကြုံလုံးဝမရှိဘူး။ ၂။ အစုရှယ်ယာရှင်တွေ ( သူတို့စကားအရဆိုရင် အရင်က ယာဉ်ပိုင်ရှင်တွေ) က ရွေးချယ်ထား တဲ့ ဒါရိုက်တာတွေက လုပ်ပိုင်ခွင့်မရှိဘူး။ တကယ်တော့ ဒီဒါရိုက်တာတွေက ကားလိုင်းအတွေ့ အကြုံရှိတဲ့ သူတွေဖြစ်တယ်။ ၃။ YUPT က အခု ဥက္ကဋ္ဌ လက်ထက်နှစ်နှစ်အတွင်းမှာ တစ်ခါမှ အမြတ်ငွေ ခွဲမပေးဘူး ၊ ရှုံးတယ်လို့ပြောတယ်။ ၂၀၁၆ ခုနှစ်Continue reading “YUPT အစည်းအဝေးအပေါ်သုံးသပ်ချက်”

အမြတ်မရသေးတဲ့ YUPT

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရှယ်ယာ ၃၅ ဘီလျံထည့်ဝင်ထားတဲ့ ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT)ရဲ့ ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှာ သုံးနှစ်ပြည့်တဲ့အထိ အမြတ်ငွေမရလို့ အငြင်းပွားမှု ဖြစ်ပွားတယ်လို့ အလဲဗင်းသတင်းမှာဖတ်ရတယ်။ YBS စတဲ့အချိန်က မထသ နှစ်ပေါင်းများစွာ ရှာမှ ရတဲ့ ငွေကို တစ်လတည်းနဲ့ရတယ်ဆိုလား ပြောသံတွေကြားခဲ့ဖူးတာ အမှတ်ရမိတယ်။

ဝန်ကြီးများရုံးဟောင်းထဲက အလှပြုပြင်ရေးဆိုင်

ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့တဲ့ ဝန်ကြီးများရုံးဟောင်းထဲမှာ အလှပြုပြင်ရေးနဲ့ပတ်သက်တဲ့ ဆိုင်ဖွင့်တာနဲ့ ပတ်သက်ပြီး အရင်အစိုးရလက်ထက်က ငှားခဲ့လို့ အခုအစိုးရက ဘာမှလုပ်လို့ မရဘူးလို့ပြောနေသူများ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၂၀၁၇ ခုနှစ်မတ်လမှာထဲက ဝန်ကြီးများရုံးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ တိုက်ရိုက်ကြီးကြပ်မှုနဲ့ ရှေးဟောင်း အမွေ အနှစ်အတိုင်း ထိန်းသိမ်းစောင့်ရှောက်သွားမယ်လို့ ပြောခဲ့တာကို မေ့နေကြတယ်ထင်ပါတယ်။

YBS နဲ့ ဗီဇာကတ်

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS ယာဉ်စီးခကို မာစတာကတ်၊ ဗီဇာကတ် စတာတွေနဲ့ပါ ပေးဆောင်နိုင်တော့မယ်၊ ကမ္ဘာပေါ်မှာ ဒီစနစ်မျိုးလုပ်ဆောင်နိုင်တာ လက်ဆယ် ချောင်းပြည့်အောင်မရှိသေးဘူးလို့ ပြောလိုက်ပါတယ်။ ပုံ ၁ နဲ့ ၂ ဝန်ကြီးချုပ်ပြောတဲ့အတိုင်းအကောင်အထည်ဖော်နိုင်ခဲ့ရင် YBS ဟာ လူတန်းစားမရွေး စီးနင်း နိုင် တော့မှာဖြစ်ပြီး ဗီဇာကတ်ပြားကိုင် ဇိမ်ခံကားကြီးစီးနေတဲ့လူတွေပါ YBS ပေါ်ရောက်လာ ရင် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာလည်း အထိုက်အလျောက်လျော့ကျသွားမယ်လို့ မေ ျှာ်လင့်ရပါ တယ်။ ဦးဖြိုးမင်းသိန်းနဲ့ ရန်ကိုင်းတိုင်းဒေသကြီးအစိုးရဟာ YBS စနစ်နဲ့ပတ်သက်ရင် အတော်ကြိုးစားဆောင်ရွက်နေတယ်ဆို တာ အောက်ပါ သတင်းတွေကို ကြည့်ရင် သိနိုင်ပါတယ်- ၁။ YBS စနစ်ဟာ အခြားနိုင်ငံများထက်သာစေရမယ်၊ ကျွန်တော်တို့အားလုံး အားသာ ချက် က နောက်ကျခြင်းရဲ့Continue reading “YBS နဲ့ ဗီဇာကတ်”

မရေရာတဲ့ ဗြိတိန်လမ်းခွဲ

ဗြိတိသ ျှ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဟာ ဇူလိုင် ၂၄ ရက် နေ့ ဝန်ကြီးချုပ်ဖြစ်လာပြီးချိန်က စလို့ ဥရောပသမဂ္ဂ နဲ့ သဘောတူညီချက်ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ လမ်းခွဲမှာပဲလို့ ကတိပေးခဲ့တယ်။ အစိုးရအဖွဲ့အနေနဲ့ သဘောတူညီချက်မရဘဲ လမ်း ခွဲရင် ဖြစ်လာမယ့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေကို ကိုင်တွယ်နိုင်ဖို့ ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။ ဒါပေမယ့် ပါလီမန်ထဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ မဖြစ်မနေ လမ်းခွဲမယ် ဆိုတဲ့ မူဝါဒကို ကွန် ဆားဗေးတစ်ပါတီဝင်အမတ်တစ်ချို့ကတောင် လက်မခံနိုင်ဘူး။ ဒါ့ကြောင့် ပြီး ခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ ဝန်ကြီးချုပ်အနေနဲ့ ဥရောပသမဂ္ဂ နဲ့ သဘောတူညီချက်မရရင် လမ်းခွဲကိစ္စဆွေးနွေးမှုကို ၂၀၂၀ ဇန်နဝါရီContinue reading “မရေရာတဲ့ ဗြိတိန်လမ်းခွဲ”

နိုင်ငံပြုခေါင်းဆောင်

နှစ် ၇၀ ကြာဖြစ်လာတဲ့ ပြဿနာကို သုံးနှစ်နဲ့ ဖြေရှင်းလို့မရဘူးလို့ပြောနေကြ၊ ကြားနေကြ စကားနဲ့ပတ်သက်ပြီး NyoTun က “ ရာစုနှစ်စုကြား တည်မြဲခဲ့တဲ့ ကျွန်စနစ်ကို လင်ကွန်းကတော့ လေးနှစ်အတွင်း အပြီးရှင်းသွားခဲ့တယ်” လို့ ထောက်ပြခဲ့တယ်။ ဒီစကားကို ကြားတော့ မန်ဒဲလားကို သတိရမိတယ်။ တောင်အာဖရိကမှာ အသားအရောင် ခွဲခြား တဲ့ စနစ်ကို Native Location Act of 1879 နဲ့စတင်ခဲ့တယ်။ ၁၉ ၄၈ ခုနှစ် အမျိုးသားပါတီ အာဏာရလာချိန်မှာတော့ ပိုပြီးပြင်းထန်တဲ့အသားအရောင်ခွဲခြားတဲ့စနစ်ကို ကျင့်သုံးခဲ့တယ်။ မန်ဒဲလား နဲ့ ANC ပါတီက ဒီစနစ်တိုက်ဖျက်ရေးအတွက် အစဉ်တစိုက်ဆောင်ရွက်ခဲ့ တယ်။ လူဖြူအစိုးရက ၁၉ ၆၀ ပြည့်နှစ်မှာ ANC ကို မတရားအသင်းContinue reading “နိုင်ငံပြုခေါင်းဆောင်”

အတုတွေလာပြန်ပြီ

အတုတွေလာပြန်ပြီ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တွေက သင်ကြားရေး ဆရာ၊ ဆရာမတွေရဲ့ ရာထူးတိုး ပြောင်းမှုအတွက် တင်ပြထားတဲ့ သုတေသနစာတမ်းတွေကို စစ်ဆေးခဲ့တာ ကိုယ်တိုင်မရေးဘဲ နိုင်ငံခြား ဝက်ဘ်ဆိုက်တွေက ဝယ်ထားတဲ့ စာတမ်း အတု တစ်ထောင်ကျော် တွေ့တယ်လို့ အလဲဗင်းသတင်းမှာ ဖော်ပြထားတယ်။ “ခေါင်မိုးက မလုံတော့ မိုးဒဏ်ကို ကိုယ်ခံနေရတာအမှန်ပဲ” ( စိုင်းထီးဆိုင် သီချင်း တစ်ပိုင်းတစ်စ)