သီရိလင်္ကာ သင်ခန်းစာ

၂၀၂၂ ခုနှစ် အစပိုင်းထဲက စတင်လာတဲ့ သီရိလင်္ကာ စီးပွားရေးအကျပ်အတည်းဟာ ဒီနေ့ ဇူလိုင်လ ၁၃ ရက်နေ့ မနက်မှာ သမ္မတ ဂိုတာဘာယာ ရာဂျာပါ့ခ်ဆာ နိုင်ငံက ထွက်ပြေးသွား တာနဲ့ အဆုံး သတ်သွားခဲ့တယ်။ ကိုဗစ်၁၉ ကပ်ရောဂါ နဲ့ ယူကရိန်းစစ်ပွဲကြောင့် နိုင်ငံတိုင်းလိုလို စီးပွားရေးအကျပ်အတည်းနဲ့ ကြုံတွေ့နေရချိန်မှာ သီရိလင်္ကာနိုင်ငံကတော့ ကြွေးပြန်မဆပ်နိုင်လို့ ဒေဝါလီခံရတဲ့အဆင့် ရောက်ပြီး နိုင်ငံစီးပွားရေးလည်း ပြိုလဲတဲ့အထိ ၊ ပြည်သူတွေရဲ့ အခြေခံလိုအပ်ချက်တွေတောင် ဖြည့်ဆည်းမပေးနိုင်တော့တဲ့ အထိ ဖြစ်ခဲ့ရတယ်။ သီရိလင်္ကာနိုင်ငံ အခုလို မွဲပြာကျရတဲ့ အခြေအနေရောက်ခဲ့ရတဲ့ အဓိက အကြောင်းအရင်းက ဆွေမျိုးတပည့်ကောင်းစားရေးဝါဒ ကြောင့် ဖြစ်တယ်လို့ အကဲခတ်လေ့လာသူ တွေ က သုံးသပ် ကြတယ်။ သူတို့က ဆွေမျိုးတပည့်ကောင်းစားရေးဝါဒ ကြောင့်Continue reading “သီရိလင်္ကာ သင်ခန်းစာ”

ဘောရစ်ဂျွန်ဆင်ပေးတဲ့ သင်ခန်းစာ

မနေ့ ဇူ လိုင် ၇ ရက်နေ့မှာ ဗြိတိသ ျှ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာ ကွန်ဆာဗေးတစ် ပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်လိုက်တယ်။ အာဏာရပါတီခေါင်းဆောင်အဖြစ်က နုတ်ထွက် တယ်ဆိုတော့ ဝန်ကြီးချုပ်အဖြစ်ကလည်း နုတ်ထွက်ရမှာပဲ။ ဒါပေမယ့် ကွန်ဆာဗေးတစ်ပါတီက ခေါင်းဆောင်သစ်ကို မရွေး ချယ်နိုင်ခင်အထိတော့ ဂျွန်ဆင်က ဝန်ကြီးချုပ်အဖြစ် ခဏ ဆက် တာဝန်ယူထားပေးရမယ်။ ဂျွန်ဆင် ဝန်ကြီးချုပ်အဖြစ် နဲ့ ပါတီခေါင်းဆောင်အဖြစ်ကနေ ကျဆုံးခန်းရောက်ရတာဟာ ရွေး ကောက်ပွဲရှုံးလို့လည်း မဟုတ်ဘူး။ လွှတ်တော်ထဲမှာ အတိုက်အခံ ပါတီက အယုံအကြည်မရှိ အဆိုတင်သွင်းတာ နိုင်သွားလို့လည်း မဟုတ်ဘူး။ နိုင်ငံ့ခေါင်းဆောင်တစ်ယောက်၊ပါတီ ခေါင်း ဆောင်တစ်ယောက်မှာ ရှိသင့် ရှိအပ်တဲ့ ဂုဏ်သိက္ခာမရှိတဲ့အတွက် သူ့ခေါင်းဆောင်မှုကို ပါတီနဲ့ မဲဆန္ဒရှင်တွေက ယုံကြည်မှုကင်းမဲ့လာတာကြောင့် နုတ်ထွက်လိုက်ရတာဖြစ်ပါတယ်။Continue reading “ဘောရစ်ဂျွန်ဆင်ပေးတဲ့ သင်ခန်းစာ”

ဓာတ်ပြားဟောင်း

ဆောင်းပါးတွေမရေးဖြစ်တာ တစ်ပတ်လောက်ရှိပြီ။ အဲဒါကို သတိထားမိတဲ့ မိတ်ဆွေတစ်ယောက် က မေးလာတော့ ကျွန်တော် ဆောင်းပါး ရေးခဲ့ဖူးတဲ့ “ လှိုင်သာယာသူ” ရဲ့ စကားကို သတိရ သွားတယ်။ တစ်နေ့က သူ သန့်ရှင်းရေးအလုပ်လုပ်နေတဲ့ မိတ်ဆွေရဲ့ ရုံးခန်းကို ရောက်သွားတယ်။ လှိုင်သာ ယာသူ ကိုလည်း တွေ့တယ်။ လှိုင်သာယာသူ အတော်စကားနည်းသွားတာ သတိထားမိတော့ “ ဘယ်လိုလဲဗျ၊ ကုန်ဈေးနှုန်းအကြောင်း၊ လှိုင်သာယာအကြောင်း ဘာဘာ ညာညာ မပြောတော့ ဘူးလား” လို့ မေးမိတယ်။ လှိုင်သာယာသူက “ ဆရာရေ အဆင်ပြေလို့၊ ကျေနပ်လို့ ငြိမ် နေတာ မဟုတ်ဘူး။ စိတ်ပျက်လွန်းလို့ ပြောချင်ဆိုချင်စိတ်ကို မရှိတော့တာ။” လို့ ဖြေသဗျ။ အခုတော့လည်း မရေးမဖြစ် ရေးဖို့အကြောင်းပေါ်လာတော့Continue reading “ဓာတ်ပြားဟောင်း”

ယုံကြည် ရဲရင့် (၃)

ယုံကြည် ရဲရင့် (၃) အမေရိကန်အောက်လွှတ်တော် ဇန်နဝါရီ ၆ ရက်နေ့အရေးအခင်း စုံစမ်းရေးကော်မတီရဲ့ တတိယ အကြိမ် စစ်ဆေးကြားနာမှုကို ဇွန်လ ၁၆ ရက်နေ့ မှာ ကျင်းပခဲ့တယ်။ ဒီတစ်ကြိမ် ကြားနားမှု မှာ တော့ ၂၀၂၁ ဇန်နဝါရီလ ၆ ရက်နေ့ နဲ့ ၆ ရက်နေ့မတိုင်မီ အချိန်တွေမှာ သမ္မတ ထရမ့်က ဒုသမ္မတ မိုက်ပင့်စ် ကိုဘယ်လို ဖိအားပေးခဲ့သလဲဆိုတာတွေကို အဓိက ထား ဖော်ထုတ်ခဲ့ပါတယ်။ ဒုတိယသမ္မတ မိုက်ပင့်စ် အကြောင်းမပြောခင် အမေရိကန်ဒုတိယသမ္မတရဲ့ အခန်းကဏ္ဍနဲ့ တာဝန်တွေကို သိထားဖို့လိုပါတယ်။ အမေရိကန်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဒုတိယ သမ္မတ ဟာ သမ္မတရဲ့ အစိုးရအဖွဲ့မှာ ပါဝင်ပြီး အုပ်ချုပ်ရေးဆိုင်ရာတာဝန်တွေကို ထမ်းဆောင်ရသလို အထက် လွှတ်တော်Continue reading “ယုံကြည် ရဲရင့် (၃)”

တံဆိပ်ကပ် နိုင်ငံရေး

ဒီဆောင်းပါးက ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ ရေးတင်ခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့ စင်္ကာပူ ကို အလုပ်သဘောခရီးစဉ် (Working Visit ) လာတယ်။ သြဂုတ်လ ၂၁ ရက်နေ့ ကျွန်တော် ပညာဆည်းပူးနေတဲ့ ISEAS Yusof Ishak Institute ကစီစဉ်တဲ့ အခမ်းအနားမှာ “Myanmar’s Democratic Transition: Challenges and Way Forward” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြော ပို့ချတော့ ကျွန်တော်လည်း တက်ရောက်နားထောင်ခွင့် ရတယ်။ အဲဒီဟောပြောပွဲမှာ စင်္ကာပူရောက်မြန်မာနိုင်ငံသား များနဲ့ စကားပြောရင်းနဲ့ရခဲ့တဲ့အတွေးကို “ တံဆိပ်ကပ်နိုင်ငံရေး” ဆိုပြီး ရေး ထားတာဖြစ်ပါတယ်။Continue reading “တံဆိပ်ကပ် နိုင်ငံရေး”

ယုံကြည်ရဲရင့် (၂)

ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က အမေရိကန်အောက်လွှတ်တော် ဇန်နဝါရီ ၆ ရက် အရေး အခင်း စုံစမ်းရေးကော်မတီ ဒုတိယအကြိမ် စစ်ဆေးကြားနာမှု လုပ်တယ်။ ပထမအကြိမ်နဲ့ ဒုတိယ အကြိမ် ကြားနာမှုတွေမှာ အမေရိကန်ရှေ့နေချုပ်ဟောင်း ဝီလျံဘားရ် အပါအဝင် ထရမ့်ရဲ့ အိမ်ဖြူတော် ဝန်ထမ်းတွေ၊ ထရမ့်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက တာဝန်ရှိသူတွေ ရဲ့ ထွက်ဆို ချက် တွေကို တင်ပြခဲ့တယ်။ ထရမ့်ရဲ့ သမီးနဲ့ သားမက်ရဲ့ ထွက်ဆိုချက်တွေကိုလည်း တင်ပြခဲ့တယ်။ အခုကြားနာမှုတွေမှာ ရှေ့နေချုပ်ဟောင်း ဘားရ်ရဲ့ ပြောဆိုချက်တွေက နိုင်ငံရေးအကဲခတ် လေ့လာသူတွေ၊ မီဒီယာတွေရဲ့ အာရုံစိုက်မှုအများဆုံးရခဲ့တယ်။ ထရမ့်ကို ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေကြား အငြင်းအခုန်ဖြစ်စရာအများဆုံးဖြစ်ခဲ့တယ်။ ဝီလျံဘားရ်ရဲ့ ထွက်ဆိုချက်တွေအကြောင်းဆက်မပြောခင် အမေရိကန်ရှေ့နေချုပ်ရဲ့ အရေး ကြီးမှု ကို သိဖို့လိုပါတယ်။Continue reading “ယုံကြည်ရဲရင့် (၂)”

တန်ဖိုး

ကျွန်တော်က ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးတဲ့အခါ စိတ်ပါဝင်စားသူတွေ ဖတ်နိုင် အောင်၊ နှစ်သက်သူတွေကလည်း တစ်ဆင့်မ ျှဝေနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာဆိုတော့ ကျွန်တော့်စာတွေ၊ ဓာတ်ပုံတွေကို အသုံးပြုချင်တယ်ဆိုရင် ခရက်ဒစ်ပေး သုံးရင် ရပြီလို့ပဲ အကြောင်း ပြန်လေ့ရှိ ပါတယ်။ ကျင့်ဝတ်အရ ခွင့်ပြုချက်တောင်းရင် ပိုကောင်းပေမယ့် ခွင့်ပြုချက်မတောင်းဘဲ သုံးရင်လည်း ကိုယ့်စာတွေကို လူတွေ ပိုသိအောင်လုပ်ပေးတယ် လို့ ပဲ သဘောထားလိုက်ပါတယ်။ ဒ့ါကြောင့်လည်း အခု လူပြောသူပြောများနေတဲ့ စာအုပ်ကိစ္စ မှာ ကျွန်တော့် ဆောင်းပါးလည်း သုံးထားတယ်လို့ မိတ်ဆွေတွေက အသိပေးလာတဲ့အခါ ကျန်တဲ့စာရေးသူများကျေနပ်အောင် တောင်းပန်ရင်ကောင်းတာပေါ့။ ကျွန်တော့်အတွက်ကတော့ ပြဿနာမရှိပါဘူးလို့ပဲ ပြောခဲ့ တယ်။ ဒါပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေရေးတဲ့ ပို့စ်တွေအောက်က မှတ် ချက် တွေContinue reading “တန်ဖိုး”

နော်ေ၀ ခရီးစဉ် ၂၀၁၆

လွန်ခဲ့တဲ့ ခြောက်နှစ်က ၂၀၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ကနေ ဇွန်လ ၂၀ ရက်နေ့အထိ နော်ဝေနိုင်ငံကို သွားခဲ့ရတယ်။ ကျွန်တော့်အနေနဲ့ နော်ဝေကို ပထမဆုံးရောက်ဖူးတာက ၂၀၁၂ ခုနှစ်ပါ။ အဲဒီ အချိန်က IMS နဲ့ DVB အစီအစဉ်နဲ့ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နိုင်ငံတွေရဲ့ပြည်သူ့ဝန်ဆောင် မှုမီဒီယာ လုပ်ငန်းတွေကို လေ့လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားလှယ် အဖွဲ့မှာ အဖွဲ့ဝင်အနေနဲ့ လိုက်ခဲ့ရ တာပါ။ ဒုတိယအကြိမ်ကတော့ ၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်ရဲ့ချစ်ကြည်ရေးခရီးစဉ်ဖြစ် ပါတယ်။ အခု ခရီးစဉ်အတွက် ကျွန်တော့်ကို ဖိတ်ကြားတာက နော်ဝေးမြန်မာကော်မတီ ( Norwegian Burma Committee ) က ဖြစ်ပါတယ်။ ဒီအဖွဲ့ကအရင်က ပြည်ပအခြေစိုက်Continue reading “နော်ေ၀ ခရီးစဉ် ၂၀၁၆”

ယုံကြည် ရဲရင့်

အမေရိကန်အောက်လွှတ်တော်ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်အရေးအခင်း စုံစမ်းရေးကော်မတီ ရဲ့ စစ်ဆေးကြားနာမှုကို ဇွန်လ ၉ ရက်နေ့ က စတင်ကျင်းပခဲ့တယ်။ ဇန်နဝါရီ ၆ ရက် အရေး အခင်း စုံစမ်းရေးကော်မတီရဲ့ အရင်စစ်ဆေးကြားနာမှုတွေက တံခါးပိတ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခု တစ်ကြိမ်ကတော့ အများပြည်သူလေ့လာနိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့အတွက် စိတ် ဝင်စားမှု များပြားခဲ့တယ်။ အခု ကြားနာစစ်ဆေးမှုက တစ်ကြိမ်တည်းနဲ့ ပြီးမယ့် ပွဲမဟုတ် ဘူး။ အနည်းဆုံး ခုနှစ်ကြိမ်ပြုလုပ်မှာဖြစ်ပါတယ်။ အခု စစ်ဆေးကြားနာမှု အကြောင်းမပြောခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ အရေးအခင်း ဘာလဲ ဆိုတာကို အတိုချုပ်ရှင်းပြချင်ပါတယ်။ ၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်းContinue reading “ယုံကြည် ရဲရင့်”

ဘယ်ကိုသွားမလဲ မောင်ရေခဲ

အကျီ ၤလက်ရှည်အဖြူ၊ ပိုးတွဲလုံချည်နီညိုရောင်ကွက်စိပ်၊ လေးထောင့်ဆန်ဆန် ကိုင်းအနက် မျက်မှန် နဲ့၊ လူကလည်း လေးဆယ်ကျော် ဆိုတော့ သူ့ပုံက ပါမောက္ခ ပုံပေါက်နေတယ်။ တကယ် တော့လည်း သူ့ဘဝရည်မှန်းချက်က တက္ကသိုလ်မှာ ဆရာလုပ်ဖို့ပဲ။ ဒါပေမယ့် ဘ၀ ဇာတ်လမ်း အလှည့် အပြောင်းကြောင့်သာ ဟိုတယ်လောကထဲရောက်လာတာ။ သူ့မိဘတွေက အညာဒေသမြို့ကြီးတစ်မြို့က။ သူဆယ်တန်းအောင်တော့ ၁၉၈၇ ခုနှစ်။ တက္ကသိုလ်တက်မယ်၊ ပြီးရင် တက္ကသိုလ်ပညာရေးလောကထဲဝင်မယ် ဆို တာ သူ့အိပ်မက်။ ဒါပေမယ့် ၈၈ အရေးအခင်းဖြစ်ပြီးတော့ ကျောင်းတွေ ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ ကျောင်းတက် ရတာအဆင်မပြေတော့ဘူး။ ဒီလိုနဲ့ အလုပ်လုပ်ဖို့ဖြစ်လာတယ်။ အဲဒီအချိန်က ပုဂ္ဂလိက လုပ်ငန်းတွေက စလုံးရေစပဲရှိသေးတော့ အလုပ်ရဖို့ခက်တယ်။ ဒီလိုနဲ့ အလုပ်သမားရုံးမှာ မှတ်ပုံတင်ပြီး အစိုးရအလုပ်ရှာရတယ်။ အစိုးရအလုပ်ကလည်းContinue reading “ဘယ်ကိုသွားမလဲ မောင်ရေခဲ”