ကုန်စိမ်း ညည်းချင်း

ပေါင်းတည်၊ ပုတီးကုန်း၊ သဲကုန်း ဒေသက ဟင်းသီးဟင်းရွက်မျိုးစုံ ထွက်ပုံရတယ်။ မနက်စော စော ပုတီးကုန်းမြို့အထွက်နဲ့ ဝက်ပုတ်ရွာ အထွက်မှာ ဆယ်ဘီးကားတွေနဲ့ ကုန်စိမ်းတွေ တင် နေတာတွေ့တယ်။ အရင်ကတော့ ဝက်ပုတ်ရွာထဲမှာ တင်ပေမယ့် ကိုဗစ် ၁၉ ကြောင့် ရွာပြင် မှာပဲ တင်ရတော့တယ်တဲ့။ ဆယ်ဘီးကားတွေသာမက ခရီးသည်တင်အဝေးပြေးကားတွေရဲ့ ဝမ်းထဲမှာလည်း ကုန်စိမ်းတွေ တင်နေတာတွေ့ရတယ်။ ရွာတွေက ကုန်စိမ်းတင်လာတဲ့ ထွေလာဂျီတွေ တန်းစီ၊ ဘယ်သူ က ဘယ်လောက်တင်တယ်ဆိုတာ စာရင်းမှတ်တဲ့သူကမှတ်၊ ကားပေါ်ကို ကုန်စိမ်းထုတ်တွေ တင်သူ ကတင်နဲ့ ပျားပန်းခတ်နေတာပဲ။ ရန်ကုန်ဘက်သွားတဲ့ကားတွေက တစ်ချို့က ထောက်ကြန့်မှာချတယ်။ ထောက်ကြန့်က တဆင့် မွန်/ ကရင်ပြည်နယ်ဘက်ကို ပို့တယ်။ တစ်ချို့က ရန်ကုန်ထဲဝင်ပြီး ဒိုင်တွေကို ပို့တယ်။ ကုန်စိမ်းပို့တဲ့နေရာမှာContinue reading “ကုန်စိမ်း ညည်းချင်း”

တောင် နဝင်းချောင်း

တောင်နဝင်းချောင်း ဆိုတာက ပေါက်ခေါင်း – အုတ်တွင်း ကားလမ်း တောင်ဘက်ကနေ ကားလမ်း နဲ့ အပြိုင်လို စီးဆင်းနေတဲ့ချောင်းမကြီးဖြစ်ပါတယ်။ ပေါက်ခေါင်း နားရောက်တော့ တောင်နဝင်း ဆည်ဖြစ်သွားပါတယ်။ နဝင်းချောင်းဆိုတာလည်း ရာဇဝင်နဲ့ပဲ။ ၁၉ ၆၃ ခုနှစ် တော်လှန်ရေးကောင်စီ နဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်သွားတော့ ၁၉ ၆၃ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ဗကပ ပဏာမ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ကို ရန်ကုန်က နေ ပြည်အထိ တပ်မတော်လေယာဉ်နဲ့ ပြန်ပို့တယ်။ ပြည်ကနေ ပေါက်ခေါင်း ကို ကားနဲ့လိုက်ပို့တယ်။ ပေါက် ခေါင်းရောက်တော့ နယ်မြေခံတပ်မှာ ခဏ နားပြီး နဝင်းချောင်းကို ကားနဲ့လိုက်ပို့တယ်။ နဝင်း ချောင်းရောက်တော့ ဗကပContinue reading “တောင် နဝင်းချောင်း”

ရွှေတောင် ငွေတောင် နဲ့ ငြိမ်းချမ်းရေး

ရွှေတောင် ငွေတောင် ဆိုတာ ပေါက်ခေါင်း – အုတ်တွင်း ကားလမ်း ပေါ်က တောင်ပေါ် ကရင် ရွာလေးပါ။ ရွှေ တောင်ငွေတောင် က အိမ်ခြေ ၈၆ အိမ်၊ လူဦးရေ ၄၄၇ ဦး ရှိတယ်။ တောင်ပေါ် ရွာအနေနဲ့ ပြောရရင်တော့ ရွာကြီးပေါ့။ ဒါပေမယ့် လမ်းဘေး ဝဲယာမှာက ထမင်းဆိုင်၊ ဈေးဆိုင် တွေအပါအဝင် အိမ် ဆယ်လုံး၊ ဆယ့်ငါးလုံးလောက်ပဲရှိတယ်။ ကျန်တာက အတွင်းဘက်မှာပါ။ ပေါက်ခေါင်း – အုတ်တွင်းက ၁၀၄ မိုင် ၂ ဖာလုံဝေးပြီး ရွှေတောင်ငွေတောင်က မိုင်တိုင် ၅၄ မှာ ရှိတာဆိုတော့ ခရီးတစ်ထောက်နားစခန်းဖြစ်နေတယ်။ မိုင်တိုင် ၅၁ နဲ့ ၅၄ ကြားမှာ ဘော်ဒါ(Continue reading “ရွှေတောင် ငွေတောင် နဲ့ ငြိမ်းချမ်းရေး”

ဆင်လဲချောင်း ရေတံခွန်

၂၀၁၉ နိုဝင်ဘာလ ခရီးစဉ်မှာ ဆင်လဲချောင်းဆိုပြီး ဒဏ္ဏာရီ ဆန်တဲ့ ချောင်းနဲ့ ရေတံခွန် အကြောင်း ရေးခဲ့ဖူးတယ်။ (https://myehtut.com/2019/11/27/ဆငျလဲ-ခြောငျး/ ) ဒီတစ်ခေါက်ရောက်တော့ ဆင်လဲချောင်းရေတံခွန်မှာ ရေများနေပြီ ဆိုလို့ နောက်တစ်ခေါက် ပြန်သွား ခဲ့တယ်။ ဒီတစ်ခေါက်သွားတဲ့လမ်းက ၂၀၁၉ ခုနှစ်က သွားတဲ့လမ်း နဲ့မတူဘူး။ ပေါက်ခေါင်းလမ်း မိုင်တိုင် ၄၀ မှာ ရှိတဲ့ ကျွန်းစိုက်ခင်းကို ဖြတ်ပြီး သွားရတယ်။ လမ်းပိုသာတယ်။ နာရီဝက်လောက်လေ ျှာက်ရင် ရောက်ပြီ။ အပြန်မှာတော့ လာလမ်းအတိုင်း မပြန်ဘဲ တောင်ရိုးပေါ်တက်ပြီး ပြန်ခဲ့တယ်။ လာလမ်းအတိုင်း သွား/ပြန်တာက တော့ လူပိုသက်သာပါတယ်။ ( ရေတံခွန်သွားတဲ့လမ်းကြောင်းကို ဓာတ်ပုံနဲ့ ပြထားပါတယ်။ ) ဒီနေရာကလည်း ရေတံခွန်ဆိုပေမယ့် ရေကျ ပါပဲ။ ရေအနက်ဆုံးနေရာမှာContinue reading “ဆင်လဲချောင်း ရေတံခွန်”

တောင်ပေါ် ကုန်သည်

ပေါက်ခေါင်း – အုတ်တွင်း ပဲခူးရိုးမ တောင်ပေါ်လမ်းတစ်လေ ျှာက်မှာ ဘော်ဒါ၊ ခပေါင်း၊ ရွှေတောင် ငွေတောင်၊ ကရင်မသေ တို့လို ရွာလေးတွေရှိသလို ဝါးခုတ်၊ တောင်ယာလုပ်နေတဲ့ တဲစုလေး တွေ လည်းရှိတယ်။ တစ်ချို့နေရာတွေမှာ ဈေးဆိုင်တဲတစ်လုံးတည်းရှိတာလည်းတွေ့ရတယ်။ အဲဒီ ဈေး ဆိုင်တဲလေးတွေက တောင်ယာသမား၊ ဝါးခုတ်သမားတွေ တောထဲ ဝင်တဲ့လမ်း နဲ့ နီးတဲ့နေရာ၊ ရေအဆင်ပြေတဲ့နေရာတွေမှာရှိတာများတယ်။ တောထဲ ဝင်မယ့်သူတွေက အဲဒီလို ဆိုင်လေး တွေမှာ ဆိုင်ကယ်တွေထားခဲ့ပြီး ရိက္ခာထုတ်နဲ့ ဝင်သွား၊ လိုတာရှိရင် လမ်းပေါ်တက်လာပြီး ဒီဈေးဆိုင်လေးမှာ လာဝယ်ပေါ့။ ရိုးမပေါ်မှာ လုပ်ကိုင်စားသောက်နေသူတွေ လိုအပ်တာမှန်သမ ျှ ဖြည့်ဆည်းပေးနေတာကတော့ ရွာတွေမှာ ဖွင့်ထားတဲ့ ဈေးဆိုင်တွေရယ်၊ ပေါက်ခေါင်းက နေ့စဉ်တက်ပြီး ဈေးလာရောင်းတဲ့ ဈေး ဆိုင်ကယ်/Continue reading “တောင်ပေါ် ကုန်သည်”

တောင်ပေါ် ရေတံခွန်

“ကရင်မ, သေ လား၊ ကရင်, မသေ လား” ။ ဒီရွာလေး နာမည်ကို ကြားတဲ့သူတိုင်း မေးလေ့ရှိတဲ့ မေးခွန်းပေါ့။ ရွာခံတွေကတော့ ရွာနာမည်က “ ကရင်မ,သေရွာ” လို့ ပြောတယ်။ ဘာ့ကြောင့် ခေါ်တာလဲဆို တာတော့ သူတို့မသိဘူး။ ဘိုးဘေး အစဉ်အဆက် ဒီလိုပဲခေါ်တာလို့ ဆိုတယ်။ ဒါပေမယ့် ပဲခူးရိုးမ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုဌာနချုပ်မှာ ရုံးအုပ်အဖြစ် တာဝန်ယူခဲ့ပြီး ပဲခူး ရိုးမ ပေါ်မှာ နှစ်ပေါင်းများစွာလှုပ်ရှားခဲ့တဲ့ ရဲဘော်ဘခက် ကတော့ “ ကရင်,မသေ” လို့ ပြောတယ်။ ရဲဘော်ဘခက်ရေးသားတဲ့ “ ဘခက်အကြောင်း” ( အားမာန် သစ်စာပေ၊ ၂၀၁၂ ဇူလိုင် ) မှာ“ ဟိုးရှေးကာလက ပဲခူးရိုးမပေါ်မှာ တောင်ယာခုတ်ထွင်Continue reading “တောင်ပေါ် ရေတံခွန်”

ရိုးမပေါ်က ဒေါင်းမလေး

ပဲခူးရိုးမပေါ်ကို ခရီးထွက်မယ်ဆိုတော့ ဆောင်းခိုငှက်တွေ အပါအဝင် မြန်မာနိုင်ငံမှာ ရှိတဲ့ ငှက်တွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ #wildwingsgroup မှာပါဝင်တဲ့ ဆရာသမား တစ်ယောက်က ကျွန်တော်သွားမယ့်ဒေသမှာ ဒေါင်းမျိုးစိတ်တွေ ရှိတဲ့အကြောင်း၊ သူကိုယ်တိုင် ဓာတ်ပုံရိုက်မှတ်တမ်းတင်ခဲ့ဖူးကြောင်း၊ ကျွန်တော်လည်း ဓာတ်ပုံရိုက်နိုင်အောင်ကြိုးစား သင့် ကြောင်းပြောတယ်၊ အဲဒီဒေသကို ရောက်ရင် ဆက်သွယ်ရမယ့် လမ်းပြကိုလည်း ညွှန်တယ်။ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ပဲခူးရိုးမပေါ်ကို ခရီးထွက်ချိန်က #BagoYomaEcoResort ဆိုတဲ့ သဘာဝအခြေခံအပန်းဖြေစခန်းလေးမှာ တည်းခိုနေထိုင်ခဲ့တယ်။ အဲဒီ စခန်းလေးအကြောင်း ကို ဆိတ်ငြိမ်ရာ ဆိုပြီး ရေးခဲ့ဖူးတယ်။ ( https://myehtut.com/2019/11/17/ဆိတျငွိမျရာ-၂/) ၂၀၂၀ ခုနှစ် ကိုဗစ် ပထမလှိုင်းကာလက စလို့ အပန်းဖြေစခန်းလေးလည်း တံခါးတွေပိတ်၊ တိတ်ဆိတ်ငြိမ်သက်သွားခဲ့တယ်။ အခုတော့ ဝန်ထမ်းတွေ ကာကွယ်ဆေးထိုးပြီးတဲ့အတွက် အပန်းဖြေစခန်းကိုContinue reading “ရိုးမပေါ်က ဒေါင်းမလေး”

ငွေစင်ရော်

အစာတောင်းရော့သလားကောင်းပါပြီစင်ရော်ပျိုရဲ့စာဆိုမှာ လိုမပြည့်သော်လည်းဖြည့်ဖို့ရန် အဆင်သင့်ပါကွဲ့စေတနာသဒ္ဓါပွင့်တွေကလန်းတင့်ကြူစွာ။ ( မင်းသုဝဏ်၏ ငွေစင်ရော်ကဗျာမှ )

ရဲနွယ် သဘာဝရှုခင်းအလှ

အောင်လောင် ငှက်တွေကို ကြည့်တဲ့နေရာက မြို့ချောင်း – မင်းလှ ကားလမ်း မိုင်တိုင် ၆၉ ၊ အဲဒီကနေ ဆက်သွားရင် မိုင်တိုင် ၆၄ မှာ ရဲနွယ်ဆည်ကို အပေါ်စီးက လှမ်းမြင်ရတဲ့ ရှုခင်း သာ နေရာရှိတယ်။ “ ရဲနွယ် သဘာဝရှုခင်းအလှ Ye Nwe View Point ( 8 Mile ) ” ဆိုတဲ့ ဆိုင်း ဘုတ်ထောင်ထားတယ်။ အခု လို ဆောင်းရာသီမှာ အဲဒီနေရာက ကြည့်ရင် တိမ်ပင်လယ် မြင်ရတယ်လို့ ပြောတယ်။ ကျွန်တော်တို့ ရောက်ချိန်မှာ နေ့လယ် ၁၂ နာရီလောက်ဆိုတော့ မှန်/ မမှန် မသိနိုင်ဘူး။ သို့သော် ဘာပဲ ဖြစ်ဖြစ်Continue reading “ရဲနွယ် သဘာဝရှုခင်းအလှ”