ပြောစရာ ဖြစ်နေတဲ့ ရွေးကော်

၂၀၂၀ ရွေးကောက်ပွဲ အကြိုကာလ က စပြီး ရွေးကောက်ပွဲလွန် ကာလအထိ ဦးလှသိန်းကော်မရှင် ရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်လေ့လာခဲ့တယ်။ အဲဒီမှာ ဦးလှသိန်း ကော်မရှင်က နိုင်ငံရေးပါတီတွေ၊ စောင့်ကြည့်လေ့လာသူတွေ၊ မီဒီယာတွေရဲ့ အမြင် တွေ၊ သဘောထားတွေကို ထည့်တွက်ဖို့ ရှင်းပြဖို့ မလိုဘူး၊ ငါတို့လုပ်ပိုင်ခွင့်အရ၊ ဥပဒေအရ လုပ်ခွင့်ရှိရင်၊ လုပ်သင့်တယ်ထင်ရင် လုပ်မှာပဲ ဆိုတဲ့သဘောထားရှိတာကို ထင်ထင်ရှားရှားတွေ့ခဲ့ရတယ်။

နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံပွဲတစ်ခုမှာ ပါတီတွေက ဘာပြောပြော ကျုပ်တို့ လုပ်ချင်တာလုပ် မှာပဲ ဆိုတဲ့ သဘောကို “ ရွာလယ်မှာဖြတ်မောင်းတဲ့ လှည်းတန်းကြီး” နဲ့ ဥပမာပေး ပြောခဲ့ဖူးကြောင်း တစည ပါတီလူကြီးတစ်ယောက်ကလည်း ကျွန်တော့်ကို ပြောပြဖူးတယ်။

အခုလည်း မဲစာရင်း မှား/ မှန်ကိစ္စနဲ့ပတ်သက်ပြီး ဝေဖန်ထောက်ပြမှုတွေ ဖြစ်နေချိန်မှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ ဆိုင်ရာ စာရွက်စာတမ်းတွေကို မီးရှို့ဖျက်ဆီးတယ်။ ရွေးကောက်ပွဲ နည်း ဥပဒေ ၈၆ (ခ) အရ ရွေးကောက်ပွဲ တစ်ခုနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေ၊ ပစ္စည်းတွေ ကို နောက်ရွေးကောက်ပွဲကျင်းပချိန်အထိပဲ ထိန်းသိမ်းထားဖို့လိုတဲ့အတွက် ဒီလိုဖျက်ဆီးပစ်တာ ဥပဒေနဲ့ အညီဖြစ်တယ်။ ဒါ အငြင်းပွားဖို့အကြောင်းမရှိဘူး။

သို့သော် လက်ရှိအခြေအနေအရ ဒီလို မီးရှို့ဖျက်ဆီးမှုကနေ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ကို ဝေဖန်ထောက်ပြမှုအသစ်တွေပေါ်ထွက်မလာအောင်၊ နောက်တစ်ဆင့်တက် ရရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ခန့်အပ်ခဲ့တဲ့ သမ္မတ ကိုပါ အပြစ်တင်မှုတွေ ဖြစ်ပေါ် မလာအောင်လုပ်ဖို့တာဝန်ရှိတယ်။ တနည်းပြောရရင် အမြင်ကျယ်ကျယ်တွေးပြီးလုပ်ဖို့ လို တယ်။

အခု မီးရှို့ဖျက်ဆီးတဲ့ကိစ္စမှာလည်း ပထမစဉ်းစားသင့်တာက ဒီအချိန်မှာ ဖျက်ဆီးဖို့လိုပြီလားဆို တဲ့အချက်ပဲ။ ငါးနှစ်တောင်သိမ်းထားခဲ့ပြီးပြီပဲ ။ ရွေးကောက်ပွဲ နည်းဥပဒေမှာ ဘယ်နေ့ နောက်ဆုံးထားပြီး မီးရှို့ဖျက်ဆီးရမယ်လို့ သတ် မှတ်ထားချက်မရှိတဲ့အတွက် နောက်နှစ်လ ၊ သုံးလ စောင့်တော့ ဘာဖြစ်သွား မှာလဲ။

ဒုတိယအချက်က မဖြစ်မနေ ဖျက်ကို ဖျက်ဆီးချင်တယ်ဆိုရင် ကိုယ့်ဘက်က ခိုင်ခိုင်မာမာဖြစ်ဖို့ အတွက် ၂၀၁၅ ရွေးကောက်ပွဲ စာရွက်စာတမ်းတွေကို xxx ရက်နေ့ မှာ မြို့နယ်အလိုက် ဖျက်ဆီး ဖို့ရှိတယ်။ ဌာနဆိုင်ရာအဖွဲ့တွေနဲ့ စစ်ဆေးမှာဖြစ်သလို မဲဆန္ဒရှင်တွေ၊ နိုင်ငံရေးပါတီတွေ၊ မီဒီယာ တွေလည်း ကြည့်ရှုစစ်ဆေးလို့ရတယ် လို့ကြေငြာလိုက်ရင်လည်း အားလုံးသံသယရှင်းသွားတာ ပေါ့။

အခုတော့ သတင်းမီဒီယာတွေပေါ်တက်လာမှ မြို့နယ်ကော်မရှင်တွေက ထွက်ရှင်းရတယ်။ အဲဒီ လို ရှင်းနေချိန်မှာပဲ မီးရှို့မယ့်နေရာမှာ ၂၀၂၀ ရွေးကောက်ပွဲ ဆိုတဲ့ အိတ်တွေပါနေတယ် ဆိုတဲ့ ဓာတ်ပုံ တွေ လည်း အင်တာနက်ပေါ်မှာ တက်လာတာတွေ့ရတယ်။ ( ပုံ ၁ ၊ ၂ နဲ့ ၃ )

အဲဒီလို ဓာတ်ပုံတွေပေါ်လာတော့ ဓာတ်ပုံတွေက အတုလား၊ အစစ်လား၊ ၂၀၂၀ ရွေးကောက်ပွဲ အိတ်ထဲမှာ ၂၀၁၅ ရွေးကောက်ပွဲ ပစ္စည်းတွေ ထည့်ထားတာလားဆိုတဲ့ နောက်ဆက်တွဲ ပြဿနာတွေဖြစ်လာတယ်။

ကိုယ်မှန် ရင် ပြီးတာပဲ၊ ငါ့လှေ ငါထိုး ပဲခူးရောက်ရောက် ဆိုတာ နေရာတိုင်းတော့ မကောင်းဘူး။ တစ်ချို့ကိစ္စတွေမှာ နိုင်ငံရေးအရ ရိုက်ခတ်နိုင်မှုတွေ ကို ပါထည့်တွက်ဖို့လိုပါတယ်။

ငှက်ကြည့်သူ (၃)

“ အာကျဲခေါ” ဆိုတဲ့ ရွာလေးက ယူနန်ပြည်နယ် ယွမ်ရမ်ခရိုင်ထဲက ကျေးရွာလေးပါ။ ၂၀၁၃ ခုနှစ်မှာ ယွမ်ရမ်ခရိုင် တောင်တန်းတွေပေါ်က နှစ်ပေါင်း ၁၃၀၀ ကျော်သက်တမ်းရှိတဲ့ လှေကားထစ်စိုက်ခင်းတွေကို ယူနက်စကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် သတ်မှတ်ခံ ရပါတယ်။ အာကျဲခေါ ရွာ လေးက လှေကားထစ်စိုက်ခင်းတွေကြားက ရွာလေး တစ်ရွာဖြစ်ပြီး ဟာနီ တိုင်းရင်းသားလူနည်းစု တွေနေထိုင်ပါတယ်။

ဒီဒေသကို ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်တော့ ခရီးသွားတွေရောက်လာ ကြ တယ်။ ဒါပေမယ့် ခရီးသွားလုပ်ငန်းရှင်တွေပဲ ပိုက်ဆံရပြီး ရွာလေးက ဘာမှ တိုးတက်မလာဘူး။ ဒါ့ အပြင် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသအဖြစ်သတ်မှတ်လိုက်တဲ့အတွက် ရွာသားတွေဘက်က ပတ်ဝန်းကျင်ထိန်းသိမ်း ေ ရးဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ လိုက်နာရမယ့် စည်းကမ်းတွေက ပိုများလာတယ်။ တစ်ဖက် မှာလည်း ခရီးသွားတွေကြောင့် အမှိုက်တွေရှုပ်လာတဲ့ ပြဿနာမျိုး ကျတော့ ဘယ်အဖွဲ့အစည်းကမှ ဖြေရှင်းမပေးဘူး။

ဒီရွာလေးနဲ့ ပတ်ဝန်းကျင်ကျေးရွာတွေဟာ စိုက်ပျိုးရေးကိုပဲ အဓိက လုပ်ဆောင်တဲ့ရွာတွေဖြစ် ပါတယ်။ ဒါပေမယ့် ဒေသရာသီဥတုအခြေအနေအရ တစ်နှစ်မှာ တစ်သီးပဲ စိုက်ပျိုးလို့ရတဲ့ အတွက် ဝင်ငွေမကောင်းဘူး။ ခရီးသွားလုပ်ငန်းကလည်း ရွာအတွက် ထူးပြီး အကျိုးမရှိဘူး။ ဒီတော့ လူငယ်တွေက မြို့ကြီးတွေမှာ သွားပြီးအလုပ်လုပ် တယ်။ လယ်ထဲဆင်း မယ့်သူနည်း လာတယ်။ ဒီလိုနဲ့ တစ်ချို့လှေကားထစ် စိုက်ခင်းတွေက ပေါင်းပင်တွေ ဖုံးသွားတယ်။ ကြာလာရင် လှေကားထစ်စိုက်ခင်းတွေပျက်စီးတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပြီ။

၂၀၁၈ ခုနှစ်ရောက်တော့အဲဒီအခြေအနေကို ကုစားနိုင်ဖို့အတွက် ပြည်နယ်အစိုးရက ပညာရှင် တွေကို လေ့လာခိုင်းတယ်။ ပြီးတော့ အာကျဲခေါ ရွာဒေသခံတွေအနေနဲ့ ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ဖို့အတွက် “ တာဝန်၊ လုပ်ပိုင်ခွင့် ၊ အကျိုးအမြတ်” သုံးခုကို ဟန်ချက် ညီညီ သုံးနိုင်မယ့် စီမံချက်တစ်ခုကိုရေးဆွဲတယ်။ စီမံချက်ရေးဆွဲတယ်ဆိုတာက မိုးပေါ်က ကျတဲ့ စီမံချက်မဟုတ်ဘူး။ ဒေသအစိုးရက လွှတ်ပေးတဲ့ ပညာရှင်နှစ်ယောက်နဲ့ ရွာသားတွေ အပြန်အလှန်ဆွေးနွေးပြီး ရေးဆွဲတဲ့စီမံချက်ဖြစ်ပါတယ်။

အဲဒီစီမံချက်အရ အစိုးရက ကျေးရွာခရီးသွားလုပ်ငန်းကို တည်ထောင်ပေးတယ်။ အာကျဲခေါ ခရီးသွားလုပ်ငန်း စီမံ ကိန်းကို ရွာသားတွေကပဲ စီမံခန့်ခွဲတယ်။ အစိုးရက ပညာရပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုးတယ်။ အကြံ ပေးတယ်။ ခရီးသွား စင်တာတစ်ခုဆောက်ပေး တယ်။ ရွာသားတွေကို ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်တဲ့သင်တန်း ပေးတယ်၊ ရိုးရာကျေးလက် နေ အိမ်တွေကို ရိုးရာမပျက်ပြန်ပြင်ပေးတယ်၊ အိမ်သာတွေဆောက် ပေးတယ်။ ဒါ့အပြင် ပျောက်ကွယ် တော့မလိုဖြစ်နေတဲ့ ရိုးရာ ရေအားသုံးစပါးကြိတ်စက်၊ ရက်ကန်းစတာတွေကို ပြန်လည်ထိန်းသိမ်း ပေးတယ်။ ကျေးရွာဘက်က ငွေထည့်ဝင်ဖို့မလိုဘူး။ သူတို့ ရိုးရာစိုက်ပျိုးရေးလုပ်ငန်းတွေ ဆက် လုပ်၊ ရိုးရာအိမ်တွေကို ထိန်းသိမ်းထားဖို့ပဲလိုတယ်။

ဒီစီမံချက်စတင်တဲ့အချိန်မှာ ဒေသခံရွာသားတွေကိုပဲ ခရီးသွားလုပ်ငန်းမှာပြန်ခန့်တယ်။ ခရီးသွား တွေက ဇုန်ဝင်ကြေးပေးရတယ်။ ရှုခင်းကြည့်တဲ့အပြင် တောတွင်းလမ်းကြမ်းခရီးသွားတာ၊ ဟင်းသီး ဟင်းရွက် တွေကိုယ်တိုင်ခူးပြီး ရိုးရာဟင်းချက်နည်းသင်တာ၊ တို့ဟူးကြိတ်တာ၊ ငါးဖမ်းတာ တွေ ကို အခကြေးငွေပေးပြီး ဝင်လုပ်လို့ရတယ်။

အရေးကြီးဆုံးအချက်က အစိုးရက အာကျဲခေါ စီမံကိန်းက ရတဲ့ ဝင်ငွေကို လုံးဝမယူဘူး။ အခြားခရီးသွားလုပ်ငန်းတွေကလည်း ဒီဒေသအထိ ခရီးသည် လာပို့လို့ပဲရတယ်။ ခရီးသွားဇုန်ထဲက လုပ်ငန်းတွေကို အာကျဲခေါ ခရီးသွားလုပ်ငန်းက လုပ်တယ်။ ရွာသား တစ်ဦး ချင်းကလည်း သူ့အိမ်မှာ ခရီးသွားတွေ ရက်ကန်းရက်တာ၊ ဟင်းချက်တာလုပ်ရင် ငွေကောက်လို့ ရတယ်။ အာကဲျခေါစီမံကိန်းဇုန်အတွင်း စည်ပင်သာယာရေးလုပ်ငန်း တွေ ကို လည်း ရွာသား တွေကပဲ စီမံခန့်ခွဲတယ်။

အာကျဲခေါ ခရီးသွားလုပ်ငန်းက ရတဲ့ဝင်ငွေကို အရင်းနှုတ်ပြီး အမြတ် ၃၀% ကို လုပ်ငန်းထဲမှာ ပြန်ရင်းနှီးမြှုပ်နှံတယ်။ ၇၀% ကို ရွာသားတွေကို ခွဲပေးတယ်။ အာကျဲခေါရွာလေးမှာ အိမ်ခြေ တစ်ရာ နီးပါးရှိပြီး ၂၀၁၉ ခုနှစ်က အိမ်ထောင်စုတစ်စုကို အမြတ်ငွေ ယွမ်နှစ်ထောင် ရတယ် လို့ သိရတယ်။

နိဂုံးချုပ်လိုက်တော့ အာကျဲခေါရွာသားတွေဟာ စိုက်ပျိုးရေးက ဝင်ငွေအပြင် ခရီးသွားလုပ်ငန်းက လည်း ဝင်ငွေရတယ်။ ခရီးသွားလုပ်ငန်းက ဝင်ငွေအားလုံးကို သူတို့ပဲ အကျိုးခံစားရတဲ့အတွက် ခရီးသွား ဧည့်သည့်များများလာရေးဟာ သူတို့ အကျိုးစီးပွားဖြစ်လာတယ်။ လှေကားထစ် စိုက်ခင်းတွေ ကို ထိန်းသိမ်းထားဖို့ ၊ ရိုးရာလက်မှုလုပ်ငန်းတွေ ကွယ်ပျောက်မသွားဖို့၊ ပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အမိန့်နဲ့ခိုင်းစရာ မလိုတော့ဘူး။

ပဲခူးရိုးမကိုလည်း သစ်တောကြိုးဝိုင်းတွေကို အခြေခံပြီး သဘာဝခရီးသွားလုပ်ငန်းဇုန်တွေ သတ်မှတ်မယ်။ ဒေသခံ မုဆိုးတွေ၊ တောင်ယာလုပ်သူတွေ၊ ထင်းခုတ်မီးသွေးဖုတ်သူတွေ အဖွဲ့ဝင်တွေအဖြစ် သိမ်းသွင်းမယ်။ ဇုန်ဝင်ကြေးကောက်ပြီး ရာသီအလိုက် ငှက်ကြည့်ဖို့၊ အခြားသားကောင်တွေ ကို ကြည့်ဖို့ စားပင်တွေ ၊ ဆားကျင်းတွေ ၊ ရေသောက်ဖို့နေရာတွေ ရှာဖွေထားမယ်။ တောတွင်း ခရီး ကြမ်း လမ်းလေ ျှာက်နိုင်ဖို့ စီစဉ်ပေးမယ်၊ ရိုးရာလက်မှု ပစ္စည်းတွေရောင်းမယ်၊ ရိုးမပေါ်မှာရှိတဲ့ ဆည်တွေပတ်ဝန်းကျင်မှာ တည်းခိုဖို့ နေရာ တွေ စီစဉ်ထားမယ် ဆိုရင် ဖြစ်နိုင်မလားလို့ စိတ်ကူးယဉ်မိတယ်။

တစ်ခုတော့ ရှိတယ်။ အာကျဲခေါ စီမံချက်လိုပဲ အစိုးရက လုပ်ငန်းလည်ပတ်နိုင်ဖို့ပဲအကူအညီပေး ရမယ်။ ဒီလုပ်ငန်းကငွေယူဖို့တော့ မကြိုးစားသင့်ဘူး။ သစ်တောဦးစီးဌာနက မြန်မာနိုင်ငံ သစ်တော များပြန်လည်တည်ထောင်ရေးစီမံကိန်း ( ၂၀၁၇ – ၂၀၂၇) ကိုတောင် ငွေအများကြီး သုံးပြီး အကောင်အထည်ဖော်နေတာဖြစ်တဲ့အတွက် သစ်တောထိန်းသိမ်း ရေးကို အထောက် အကူဖြစ်မယ့် ဒီလိုစီမံချက်တွေကို ကူညီပံ့ပိုးပေးတာမျိုးပဲလုပ်သင့်ပါတယ်။

ခရီးသွားလုပ်ငန်းကြီးတွေနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အဖဲွဲ့အစည်း တွေက လည်း ၊ ခရီးသွားလုပ်ငန်းဇုန်အတွင်းမှာ သဘာ၀ အခြေခံခရီးသွားလုပ်ငန်း တွေ ဖွံ့ဖြိုးဖို့အတွက် ဒေသခံစီမံကိန်းအဖွဲ့ကို ပညာရပ်ပိုင်းဆိုင်ရာ ကူညီပံ့ပိုး ပေးသင့်တယ်။

အဲဒီလို လုပ်နိုင်ရင်တော့ ဒေသခံတွေဟာ ငှက်တစ်ကောင်၊ ဂျီတစ်ကောင်ကို ပစ်ရင်၊ သစ်ပင် ကြီး တစ်ပင်ကို ခုတ်ရင် တစ်ခါပဲ ငွေရမယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းထားရင် သူတို့ အတွက် တစ်သက်စာ ထမင်းအိုးတည်ပေးထားသလိုဖြစ်မယ်ဆိုတာ နားလည်ပြီး အပြည့်အ၀ ပူး ပေါင်းဆောင်ရွက်လာမယ်လို့ယုံကြည်ပါတယ်။

အာကျဲခေါ စီမံချက် ရဲ့ ဒေသခံ တွေကို “ တာဝန်၊ လုပ်ပိုင်ခွင့် ၊ အကျိုးအမြတ်” အပ်နှင်းတယ်ဆိုတဲ့ အခြေခံမူဟာ ပဲခူးရိုးမ သာမက အခြား ဒေသတွေ မှာပါ သဘာဝအခြေခံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးဝင် နိုင်ပါ တယ်။

အခု ကျွန်တော်ရောက်ခဲ့တဲ့ အောင်လောင်ငှက်တွေ ရှိတဲ့ ရဲနွယ်ကြိုးဝိုင်းထဲမှာ ဆင်စခန်းတွေ ရှိသလို တောတွင်းခရီးကြမ်းလည်းလေ ျှာက်လို့ရတဲ့ နေရာတွေလည်းရှိတယ်။ နောက်ပြီး အခု ငှက်အုပ်တွေကျနေတဲ့ အပင်ကြီးကနေ တစ်မိုင်လောက်သွားလိုက်ရင် ရဲနွယ်ဆည် ကို သွားလို့ ရတဲ့ လမ်းကြောင်းလည်း ရှိတယ်။ ဒါတွေက ငှက်ကြည့်ရုံသက်သက် သာမက သဘာ၀ အခြေခံ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးနိုင်ဖို့အတွက် အခြေခံကောင်းတွေပါပဲ၊

လောလောဆယ်ဆယ်တော့ တောတွင်းခရီးကြမ်းလမ်းလေ ျှာက်တာတွေ၊ ဆင်စခန်းလေ့လာ တာတွေ လုပ်ဖို့မလွယ်သေးဘူး။ ဒါပေမယ့် ရဲနွယ်ဆည်ကိုတော့ သွားလို့ရတယ်။ ဒါ့ကြောင့် အောင်လောင်ငှက်တွေကို ဓာတ်ပုံရိုက်အပြီးမှာ ရဲနွယ်ဆည်ဘက်ကို သွားဖို့ ဆုံးဖြတ်ခဲ့ ပါတယ်။

( ဆက်လက်ဖော်ပြပါမည်။ )

ငှက်ကြည့်သူ (၂)

ကိုး နာရီ ထိုးခါနီးလောက်မှာ ငှက်လေးတွေ ပေါ်လာတယ်။ သူတို့ကလည်း စားပင်ကို တိုက်ရိုက် လာတာမဟုတ်ဘူး။ အတော်ဝေးဝေးက အပင်တစ်ပင်မှာ အရင်နားကြတယ်။ ကံကောင်းချင် တော့ အဲဒီအပင်က အရွက်ကြွေနေတဲ့အတွက် ဓာတ်ပုံရိုက်လို့ကောင်းတယ်။ နေရောင်အောက် မှာ စိမ်းပြာရောင် ငူငှက်လေးတွေ၊ ခေါင်းအဝါ ရွှေရောင်နှုတ်သီးနဲ့ ဆက် ရက်(ဇရက်) ရွှေဝါတွေ နေစာလှုံနေတာ သစ်သီးလေး တွေ လိုပဲ။ ဇရက်တွေကြားထဲမှာ သာလိကာတစ်ကောင် နှစ်ကောင်ပါတယ်။ သာလိကာတွေက ခေါင်းမည်း၊ နှုတ်သီးအနီ ၊ လည်ပင်းမှာ အဝါရစ်လေးနဲ့ သေသေချာချာကြည့်မှ မြင်ရတယ်။ ငှက်ရွှေဝါလို့ခေါ်တဲ့ ငှက်လေး တစ်ကောင်လည်းတွေ့တယ်။ တကယ်တော့ ကျွန်တော်လည်း ငှက်တွေကို အမျိုးအစားမခွဲ တတ် ဘူး။ နားလည်သူကို မေးရတယ်။

ခဏနေတော့ ဇရက်တွေက စပြီး စားပင်ကို ပြောင်းလာတယ်။ ဇရက်တွေက မျက်စိအလျင်ဆုံး ဖြစ်လို့ရှေ့ပြေးကင်းထောက်လာတာများလားလို့ တွေးမိတယ်။ သူတို့နောက်က ငူ ငှက် တွေလိုက်လာတယ်။ နောက် တော့ ကျွန်တော်တို့ မေ ျှာ်နေတဲ့ အောင်လောင် ငှက်တွေ ရောက်လာတယ်။ အစောင့် ဦးလေး ကြီးပြောတဲ့အတိုင်းပဲ အပင်ကြီးတစ်ပင်နဲ့ တစ်ပင် ကူးပြီးလာတယ်။ ဘဝပေး အသိကြောင့် အန္တရာယ်ရှိ/မရှိ အကဲခတ်ပြီးမှလာတဲ့ပုံပဲ။ ပထမ နှစ်ကောင်၊ သုံးကောင် စလာတယ်။ အဲဒီ အကောင်တွေ စားပင်ကို ရောက်သွားပြီးဆိုတော့ နောက်အကောင်တွေက လိုက်လာကြ တယ်။ အားလုံးပေါင်း ကိုးကောင်တွေ့တယ်။ အစောင့် ဦးလေးကြီးက တစ်ကောင်တည်းက အထီး၊ အမတစ်ကောင်က ဒူးလေးစာမိသွားတယ်လို့ ပြောတယ်။ ငှက်တွေက ဓာတ်ပုံရိုက် နေတဲ့သူ တွေနဲ့ လမ်းပေါ်က ဖြတ်သွားတဲ့ ကားတွေ ကိုတော့ မလန့်ဘူး။ သူတို့ ကို အန္တရာယ်မပေးဘူးဆိုတာ သိနေပုံပဲ။

အောင်လောင်ငှက်တွေ တစ်ပင်ကနေ တစ်ပင် ကူးတော့မယ်ဆိုရင် အပင်ထိပ်ဖျားဘက် ကို ဖြေး ဖြေးချင်းတက်သွားတယ်။ သူစိတ်ကြိုက်နေရာရောက်ရင် လေဟုန်စီးပြီး တစ်ဖက်အပင်ကို ကူးသွားတယ်။ အဲဒီအချိန်မှာ ရိုက်ကွင်းအကောင်းဆုံးပဲ။ စားပင်ကို ရောက်နေတဲ့ အောင် လောင် ငှက်တွေကတော့ တစ်ကိုင်းနဲ့ တစ်ကိုင်း ခုန်ကူးပြီး အသီးတွေကို စားနေတယ်။ သစ်ရွက်ပါးတဲ့ နေရာ၊ သစ်ကိုင်းအစွန်အဖျားကို ရောက်လာမယ့် အချိန်ကို စိတ်ရှည်လက်ရှည်နဲ့ စောင့်ရိုက် ရတယ်။

ကျွန်တော့်အတွက် ပြဿနာက ကင်မရာမြင်ကွင်းကနေ မြင်နေရတဲ့ အောင်လောင်ငှက်တွေရဲ့ လှုပ်ရှားမှုကို ရင်သပ်ရှုမောဖြစ်နေရတော့ ကင်မရာခလုပ်နှိပ်ဖို့ အမြဲနောက်ကျနေတာပဲ။ နောက် အားနည်းချက်တစ်ခုက အမြန်ရိုက်တဲ့အချိန်မှာ ကင်မရာခလုတ်ကို နှစ်ဆင့်နှိပ်ဖို့ မေ့သွားတတ် တာပဲ။ ဒီတော့ ရိုက်လိုက်တဲ့ပုံအများစုက အနေအထားမကောင်းတာတွေ၊ ဖိုးကပ်စ် မပြတ်တာ တွေဖြစ်နေတယ်။

ဘာပဲဖြစ်ဖြစ် အောင်လောင်ငှက်တွေရော၊ အခြားငှက်တွေပါ သဘာဝအတိုင်း လွတ်လပ်ပျော် ရွှင် စွာလှုပ်ရှားနေတာကို ကြည့်ရတာနဲ့တင် ကျေနပ်ပါတယ်။ ငှက်ကြည့်မယ်၊ငှက်တွေကို ဓာတ်ပုံ ရိုက်မယ်ဆိုတော့ စင်္ကာပူ ဂျူရောင်းငှက်ဥယျာဉ်နဲ့ ရန်ကုန်တိရိစ္ဆာန်ဥယျာဉ်မှာ လေ့ကျင့်တဲ့ အနေနဲ့ ဓာတ်ပုံသွားရိုက်ဖူးတယ်။ သဘာဝအတိုင်းမဟုတ်တဲ့နေရာမှာနေရတဲ့အတွက် ငှက်တွေရဲ့ လှုပ်ရှားမှုက လေးလံနှေးကွေးနေသလို ဓာတ်ပုံရိုက်ရတာလည်း ကြည်နူးဖို့ မကောင်းဘူး။ ဂျူးရောင်းမှာ ငှက်ရုံ အကြီးကြီးနဲ့ထားတဲ့ ငှက်တွေ တောင် စိတ်တိုင်း ကျ ပံျသန်းလို့မရလို့ အနေကျုံ့တဲ့ပုံစံပေါက်နေတယ်။ အခုမြင်နေရတဲ့ ငှက်တွေကတော့ သစ်ကိုင်းတစ်ကိုင်းကနေ တစ်ကိုင်း ခုန်ကူးလိုက်၊ သစ်သီးတွေ စားလိုက်၊ ဘာသာဘာဝတေးသံ လေးတွေ သီကျူးလိုက်နဲ့ မြင်ရသူတိုင်းကြည်နူးရတဲ့မြင်ကွင်းပါ။

ငှက်တွေ ပျော်မြူးနေချိန်မှာပဲ ငှက်ကြည့်ဖို့လာတဲ့ ကားလေးငါးစီးရောက်လာကြတယ်။ မိသားစုလိုက်၊ ကင်မရာတွေ၊ မှန်ပြောင်းတွေ ယူလာသူတွေလည်းပါတယ်။ ငှက် တွေလည်းကြည့်၊ ကိုယ်တိုင်လည်း အမှတ်တရ ဓာတ်ပုံရိုက်ကြပေါ့။ ဒီဗီဘီ သတင်းဌာနက ဒီနေရာ အကြောင်း သတင်းတင်ဆက်ပြီးနောက်မှာ လာလေ့လာတဲ့သူတွေများလာတယ်လို့ သိရတယ်။ ကျေးငှက်တိရိစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားတဲ့သူများလာတာ ကောင်းတဲ့လက္ခဏာပဲ။ ဒါပေမယ့် ငှက်ကြည့်ရာမှာ လိုက်နာသင့်တဲ့အချက်တွေနဲ့ ဒီ စားပင် မှာတွေ့နိုင်တဲ့ အောင်လောင်ငှက်နဲ့ အခြားငှက်တွေရဲ့ အကြောင်းကိုပါ လိုတိုရှင်း ပိုစတာလေး ထောင်ထားရင် ပိုအဆင်ပြေမယ်ထင်ပါတယ်။

အခုလို အောင်လောင်ငှက်အပါအဝင် ဥပဒေနဲ့ကာကွယ်ထားတဲ့ တိရိစ္ဆာန်မျိုးစုံကို ကာကွယ် စောင့်ရှောက်ရေးအတွက် အရေးအကြီးဆုံးကတော့ ဒေသခံတွေရဲ့ ပူးပေါင်းပါဝင်မှုပဲ။ ဗိုက်ပြည့် နေတဲ့ သူတွေက ထိန်းသိမ်းစောင့်ရှောက်ထားရမယ်လို့ မြင်ပေမယ့် ဗိုက်မပြည့်သူအတွက် ကတော့ ဝင်ငွေရမယ့် ၊ ဗိုက်ဖြည့်ပေးမယ့် သားကောင်တစ်ကောင်လို့ပဲမြင်မှာပဲ။ ငှက်တွေ အများကြီး၊ ငါပစ်တာက တစ်ကောင်တည်းပဲလို့ ဆင်ခြေပေးမှာပဲ။ ဒါကို တရားစွဲတဲ့နည်းလမ်း တစ်ခု တည်းနဲ့ ဖြေရှင်းလို့မရနိုင်ဘူး။

အခု စားပင်လို လမ်းဘေး အသွားအလာလွယ်ကူတဲ့နေရာ ကို လာနေတဲ့ အောင်လောင်ငှက်တွေကို စောင့်ရှောက်နိုင်ပေမယ့် ပဲခူးရိုးမ အနှံ့က စားပင်တွေ၊ စားကျက်တွေ မှာ၊ ကျင်လည်ကျက်စားနေတဲ့ အောင်လောင်ငှက်တွေ၊ ကျန်တဲ့ ရှားပါးတိရိစ္ဆာန် တွေအားလုံးကို ဒေသခံလူထုတွေ၊ တောအနှံ့တောင်အနှံ့ အမဲလိုက်နေသူတွေကသာ ကာကွယ်ပေးနိုင် မှာ ဖြစ်ပါတယ်။ ဒါဆိုရင် ဒေသခံတွေကို ဘယ်လိုစည်းရုံးမလဲ၊ ပိုစတာထောင်ရုံ၊ ဟောပြောပွဲလုပ်ရုံ၊ အစောင့် ထားရုံနဲ့တော့ မလုံလောက်ဘူး။

အဲဒီ အဖြေကို တရုတ်နိုင်ငံ ယူနန်ပြည်နယ်က “ အာကျဲခေါ” ရွာလေးမှာ တွေ့နိုင်မယ်လို့ ထင် တယ်။

( ဆက်လက်ဖော်ပြပါမည်။ )

ငှက် ကြည့်သူ (၁)

နှစ်သစ် ကို ငှက်ကြည့်ခြင်း နဲ့ ကြိုဆိုဖို့အတွက် မနေ့ ( ဇန်နဝါရီ ၃ ရက်) မနက်လေးနာရီ ဆယ်ငါးမိနစ်မှာ အိမ်ကထွက်တယ်။ ကိုယ့်ကိုကိုယ် အစောဆုံးလို့ထင်ပေမယ့် အကြောင်း ကြောင်း နဲ့ သွားလာနေတဲ့ကားတွေ လမ်းပေါ်မှာ ရောက်နေပါပြီ။ ရန်ကုန်ဟာ တရားဝင် ထုတ်ပြန် ထားတဲ့ အိမ်မှာပဲ နေထိုင်ရန် အမိန့်ရယ်၊ မဖြစ်မနေ သွားလာဖို့လိုအပ်ချက်ရယ်၊ ပျင်းလို့၊ ငြီးငွေ့ လို့ အကြောင်းရှာပြီး အပြင်ထွက်တာရယ် ကြားမှ သဟဇာတဖြစ်အောင်နေတတ်နေပါပြီ။ဒါဟာ ရန်ကုန်မြို့တော်သူ၊ မြို့တော်သားတွေရဲ့ နေထိုင်မှုပုံစံသစ်ပါပဲ။

ထောက်ကြံ့လမ်းဆုံကျော်တော့ လမ်းညာဘက်မှာ ကုန်ကားတွေ၊ ဆီသယ်ယာဉ်တွေ နှစ်ထပ် ရပ်ထားတာတွေ့တယ်။ ကိုဗစ်ကြောင့် မျက်နှာငယ်နေရတဲ့ ရန်ကုန်သားတွေ တစ်မြို့တစ်ရွာ မသွားခင်ဆေးစစ်ဖို့စောင့်နေကြတာတဲ့။ အမြန်လမ်းပေါ်မှာတော့ အိမ်စီးကားငယ်လေးတွေ တွေ့တယ်။ ဒိုင်နာကားလေးတွေလည်းတွေ့တယ်။

မိုင်တိုင် ၁၀ ကနေ ၃၀ ကြားမှာ မြူနှင်းတွေ ပိတ်တယ်။ တစ်နေရာမှာ ဘယ်လို မှ ဆက်သွားလို့ မရတော့တဲ့အတွက် ရပ်လိုက်ရတယ်။ ကျွန်တော်တို့ရှေ့မှာ ဗင်ကားတစ်စီးလည်းရပ်ထားတယ်။ ကားရှေ့ခန်းက ခရီးသည်တစ်ယောက်၊ နောက်ခန်းက သုံးယောက်၊ နောက်ဖုံးထဲက နှစ်ယောက် ထွက်လာပြီး ခြေညောင်းလက်ဆန့်လုပ်တယ်။ ကားဆရာက ဆေးလိပ်ဖွာနေတယ်။

ကားအခြေအနေက ခရီးသည်ပို့ဆောင်ရေးပုံစံပေါက်နေလို့ ကားသမားကို နှုတ်ဆက်ရင်း စနည်း နာကြည့်တယ်။ ခရီးသည်ပို့ဆောင်ရေးယာဉ်ကြီးတွေမထွက်ရဘူးဆိုပေမယ့် အကြောင်းကြောင်း ကြောင့် မဖြစ်မနေခရီးသွားရမယ့်သူတွေက ရှိနေတာကိုး။ အဲဒီကွက်လပ်ကို သူတို့တွေက ဖြည့် ပေးနေတာပေါ့။ ဒါပေမယ့် ခရီးသည်ပေးရတဲ့ ကားခကတော့ သုံးလေးဆ တက်သွားတယ်။

သူသွားမယ့် မြို့ဆိုတာကလည်း အတားအဆီး အစစ်အဆေး နာမည်ကြီးတဲ့မြို့ပဲ။ ဒီလူတွေကို မြို့ထဲရောက်အောင် ဘယ်လိုပို့မလဲလို့ မေးတော့ ကားဆရာက စီးကရက်ခဲထားရင် ပြုံးတယ်။ သူ့အပြုံးကိုမြင်တော့ မှောင်ခိုခေတ်က ကုန်သည်တွေ ပြောလေ့ရှိတဲ့ ဘယ်လောက် ဖမ်းဖမ်း ၊ ဘယ်လောက်ပိတ်ပိတ် ၊ လူရှိရင် လမ်းပေါက်တယ် ဆိုတဲ့စကားကို ပြန်သတိရမိတယ်။

ကိုဗစ် ဒုတိယလှိုင်းမှာ အဝေးပြေးခရီးသည်တင်ကားတွေလည်း အထိနာတာပဲ။ ကားမထွက်ရဘူး ဆိုပေမယ့် ယာဉ်မောင်း/ယာဉ်နောက်လိုက် လစာ၊ ရုံးခန်း၊လိုင်းကြေး စသည်ဖြင့် ကုန်ကျစရိတ် တွေက ရပ်မနေပြန်ဘူး။ ဘဏ်ချေးငွေနဲ့အရစ်ကျဝယ်ထားတဲ့ကားတွေ ဆိုရင် ပိုပြီးအခက်တွေ့ တာပေါ့။ တစ်ချို့ကားတွေကတော့ ထိုင်ခုံတွေဖြုတ်ပြီး ကုန်တွေပဲတင် နေကြတယ်လို့ဆိုတယ်။

အဝေးပြေးလမ်း မိုင်လေးဆယ်အကျော်မှာ လမ်းလွှဲလုပ်ပြီး လမ်းပြင်နေတာတွေ့တယ်။ ဒုတိယ လှိုင်းအစမှာ ကုန်ကားကြီးတွေကို အဝေးပြေးလမ်းပေါ်မှာ သွားခွင့်ပြုခဲ့တဲ့ အကျိုးဆက်တွေ တွေ လို့ ဆိုတယ်။ အခုတော့ သွားခွင့်မပြုတော့ဘူး။ ကုန်ကားကြီးတွေ သွားခွင့်ပြုတဲ့အချိန်တုန်းက တော့ အမြန်လမ်းရဲတွေလည်း နေ့ရော၊ညပါ လမ်းပေါ်မှာ အလုပ်များနေခဲ့တယ်လို့ ဆိုတယ်။

၈၃ မိုင်ရောက်တော့ မြို့ချောင်း – မင်းလှ ပဲခူးရိုးမဖြတ်လမ်းကို ချိုးဝင်ပြီးဆက်သွားတယ်။ မြို့ချောင်း နဲ့မင်းလှက ၇၂ မိုင်ဝေးပြီး မိုင်တိုင်က မင်းလှဘက်ကစတယ်။ အဲဒီလမ်းခွဲ အတိုင်း ဝင်ပြီး မိုင်တိုင် ၆၉ နေရာ လမ်းဘယ်ဘက်မှာ “ မျိုးဆက်ပျက်သုဉ်းမည့် အန္တရာယ်ကျရောက် နေ သော ဥပဒေအရ လုံးဝကာကွယ်ထားသည့် အောင်လောင်ငှက်နှင့် အောက်ချင်းငှက်များ အား ကာကွယ်စောင့်ရှောက်ကြပါစို့ ” လို့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုနဲ့ “ အောင်လောင် ငှက် နဲ့ အောက်ချင်းငှက်တွေကို သတ်ဖြတ်ခြင်း ၊ ရောင်းဝယ်ခြင်း စတဲ့ ပြစ်မှုတွေကို ကျူးလွန်ရင် ထောင်ဒဏ် သုံးနှစ် ကနေ အများဆုံးဆယ်နှစ် အထိ အရေးယူနိုင်ကြောင်း သတိပေးထားတဲ့ ဆိုင်းဘုတ်တစ်ခုရှိတယ်။

အောင်လောင်ငှက်တွေက အဲဒီနေရာ ကားလမ်းဘေးမှာ ရှိတဲ့ညောင်ပိန္နဲပ င်မှာလာပြီး အစာစားတာဖြစ်ပါတယ်။ ကားလမ်းဘေးမှာ ဓာတ်ပုံရိုက်သူတွေ နားဖို့ တဲတစ်လုံးရှိတယ်။ ငှက်တွေအနှောက်အယှက်မ ဖြစ်စေဖို့ အနားထိ သွားလို့မရအောင် ခြံစည်းရိုး လည်းခတ် ထားတယ်။ ဆိုင်းဘုတ်နားမှာ ရွာသား တစ်ယောက် နဲ့ ကလေးနှစ်ယောက်တွေ့တယ်။ သူ့ကို ငှက်ကြည့်တဲ့ အဖွဲ့နဲ့ သစ်တောဦးစီးဌာနက ထောက်ပံ့ကြေးပေးပြီး ဒီစားပင်ကို လာနေတဲ့ အောင်လောင်ငှက်တွေကို စောင့်ရှောက်ဖို့အတွက် တာဝန်ပေးထားတာလို့ သိရတယ်။ ဒီတဲကိုလည်း ငှက်ကြည့်တဲ့သူတွေက လုပ်ပေးထားတာလို့ ဆို တယ်။

ဒီအပင်ကို အရင်က အောင်လောင်ငှက် သုံးလေးဆယ်လောက်လာလေ့ရှိပေမယ့် အခုတော့ ဆယ်ကောင်ကျော်ကျော်ပဲ လာတော့တယ်တဲ့။ ဒီငှက်တွေကို ဒေသခံ မုဆိုးတွေ က ဒူးလေးနဲ့ ပစ်ခတ်သတ်ဖြတ်ပြီး ရောင်းစားကြတဲ့အတွက် မျိုးတုန်းတော့မယ့် အခြေအနေ နဲ့ရင် ဆိုင်နေရ တယ်။ ဥပဒေအရ ထောင်ဒဏ် သုံးနှစ်ကနေ ဆယ်နှစ်အထိ အပြစ်ပေးလို့ရတယ်ဆို ပေမယ့် အဲဒီဥပဒေနဲ့ အရေးယူခံရတဲ့သူလည်း ရှိပုံမရဘူး။ ဒေသခံတွေက လည်း မျိုးရိုး စဉ် ဆက် အမဲလိုက်လာတာဆိုတော့ သူတို့ အတွက် အောင်လောင်ငှက်ဆိုတာ သားကောင်တစ်မျိုး အဆင့် ထက်ပိုပြီး ထူးခြားမှုရှိပုံမရဘူး။ တားမြစ်ထားတဲ့ ဥပဒေရှိမှန်းတောင်သိမယ်မထင်ဘူး။ သစ်တော ဦးစီးဌာနမှာလည်း ကာကွယ်ထိန်းသိမ်းဖို့ လုံလောက်တဲ့ လူအင်အား ၊ ငွေအင်အား၊ အရင်းအမြစ်မရှိတဲ့အတွက် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းသူတွေ၊ ငှက်ကြည့်သူတွေ ရဲ့ အင်အားနဲ့ ပေါင်းစပ်ပြီး တတ်နိုင်သမ ျှ လုပ်နေရပုံပေါ်တယ်။

ကျွန်တော်ရောက်သွားတော့ မနက် ၇နာရီ ဆယ့်ငါးမိနစ်။ ငှက်ကြည့်သူတွေ၊ ဓာတ်ပုံရိုက် မယ့်သူတွေ မရောက်သေးဘူး။ အောင်လောင်ငှက်တွေနဲ့ အခြားငှက်မျိုးစုံရောက် နေတဲ့ အသံတွေကြားရတယ်။ ဒါပေမယ့် မြူ တွေဆိုင်းနေလို့ အကောင်မမြင်ရဘူး။ အစောင့်ရွာသား ကတော့ နေထွက်လာရင် ငှက်တွေ မြူး မှာပါလို့အားပေးတယ်။

နာရီဝက်လောက်ကြာအောင်စောင့်နေပေမယ့် မြူတွေဆိုင်းနေဆဲပဲ။ အဲဒီအချိန်မှာ သိန်းငှက် တစ် ကောင်ထိုးဆင်းလာတယ်၊ ငှက်လေးတွေ အုပ်လိုက် လန့်ပျံသွားကြတယ်။ သူတို့နောက်က အောင် လောင်ငှက်ကြီးလေးကောင် ထပျံသွားတယ်။ သိန်းငှက်ရန်ကြောင့် တော်တော်နဲ့ ပြန် လာမှာ မဟုတ်ဘူး လို့ အစောင့်ကပြောတယ်။ သူက ပြန်လာတော့မယ်ဆိုရင် ပထမဆုံး ငှက်လေးတွေ ပြန်လာလိမ့်မယ်။ အောင်လောင်ငှက်တွေက အဝေး ကနေ စောင့်ကြည့်နေ လိမ့်မယ်လို့ ရှင်းပြတယ်။

ငှက်လေးတွေ အန္တရာယ် ကင်းကင်းနဲ့ စားနေပြီ ဆိုမှ အောင်လောင်ငှက်တွေ ပြန်လာလိမ့်မယ်။ လာရင်လည်း ဒီအပင်ကို တိုက်ရိုက်လာမှာ မဟုတ် ဘူး။ ချောက်ကမ်းပါးက အပင်ကို အရင်လာ မယ်။ အဲဒီကမှ နောက်တစ်ပင်ကို ကူးမယ်။ ပြီးမှ စားပင်ကိုလာလိမ့်မယ် လို့ရှင်းပြတယ်။

အစောင့်ဦးလေးကြီးက အောင်လောင်ငှက်တွေ အဆင့်ဆင့်ကူးလာမယ့် အပင်တွေကို ပြ တယ်။ အဲဒီအပင် တစ်ပင်နဲ့ တစ်ပင် ပျံပြီး ကူးတဲ့အချိန်မှာ ဓာတ်ပုံရအောင်ရိုက်လို့ သင်ပေးတယ်။ ကျွန် တော်က အရိုင်းသဘာဝအတိုင်းနေထိုင်နေတဲ့ ငှက်တွေကို ၂၀၁၉ ခုနှစ် မိုးယွန်းကြီးအင်းမှာ တစ်ခါပဲ ရိုက်ဖူးတဲ့ အပြင် မှန်ဘီလူးကလည်း အားမကောင်းတဲ့အတွက် ပုံကောင်းရမယ်လို့တော့ မမေ ျှာ်လင့်ပါဘူး။ ဒါကြောင့် အောင်လောင် နဲ့ အောက်ချင်းငှက်တွေ သဘာဝအတိုင်းနေထိုင်တာကို ကြည့်ရရင်၊ ငှက်တွေကို ကာကွယ် ထိန်းသိမ်းဖို့ လိုအပ်တဲ့အကြောင်း လူတွေသိအောင် ရေးနိုင် ရင် လုံလောက်ပြီလို့ပဲ သဘော ထားတယ်။

ရှစ်နာရီလောက်ကျတော့ နေထွက်လာတယ်။ ဒါပေမယ့် ငှက်လေးတွေရော၊ အောင်လောင် ငှက်တွေရော ရောက်မလာသေးဘူး။ တစ်ဖက်တောင်ကြောပေါ်က အောင်လောင် ငှက်အော်သံတော့ ကြားနေရပြီ။ ရန်ကုန်ဘက်က ကားတစ်စီးရောက်လာတယ်။ မိသားစုတစ်စု။ ကင်မရာ တွေဘာတွေနဲ့၊ နာရီဝက်လောက်စောင့်ပြီးတော့ ငှက်တွေရောက်မလာတာနဲ့ ရှေ့ဘက်ကို ဆက် ထွက်သွားတယ်။

ခဏနေတော့ ရန်ကုန်က ဓာတ်ပုံဆရာတွေ ရောက်လာတယ်။ သူတို့ကတော့ တကယ့် ပရော်ဖက်ရှင်နယ်တွေ၊ သူတို့ထဲမှာ ဓာတ်ပုံနဲ့ပတ်သက်ရင် ကျွန်တော့်ရဲ့ မြင်ဆရာ နှစ်ယောက်လည်း ပါတယ်။ သူတို့လည်း ကင်မရာ တွေဘာတွေဆင်ပြီး စောင့်တယ်။

ငှက်တွေပြန်လာဖို့အတွက် ဘယ်လောက်အထိ စောင့်ရဦးမလဲ။

( ဆက်လက်ဖော်ပြပါမည်။ )

ရှင်းလေ ရှုပ်လေ ရွေးကော်

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ ( ဒီဇင်ဘာ ၃၀ ) ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင်ထုတ်ပြန်ခဲ့တယ်။ ဒီထုတ်ပြန်ချက်ရဲ့ အဓိက အချက်ကတော့

“ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်နေတဲ့ မဲစာရင်းမှားယွင်းမှုဆိုတာတွေဟာ အချက်အလက်မှားရင် ပြင်နိုင်ဖို့အတွက် နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ကိုယ်စားလှယ် လောင်း တွေ ကို PDF ဖိုင်နဲ့ ဖြန့်ဝေထားတဲ့စာရင်းကို အခြေခံပြီးပြောနေတာဖြစ်တယ်။ နိုဝင်ဘာ ၈ရက် နေ့မှာ တကယ်မဲပေးခဲ့တဲ့စာရင်းမဟုတ်ဘူး” ဆိုတာပါပဲ။ ( ပုံ ၁ နဲ့ ၂ )

ဒါပေမယ့် ပြဿနာက ဦးလှသိန်းကော်မရှင်ဟာ ခင်ဗျားတို့ စစ်နေတဲ့စာရင်းက မှားနေတယ်၊ နောက်ဆုံး မဲစာရင်းမဟုတ်ဘူးလို့ပြောလိုက်ပေမယ့်

“ တကယ်မဲပေးခဲ့တဲ့ စာရင်းက ဟောဒီမှာ၊ လာယူ၊ တိုက်ဆိုင်စစ်ဆေးစမ်း၊ မသမာမှုတွေ့ရင် ပြောစမ်း ” လို့ ရဲရဲ ဝံ့ဝံ့ စိန်ခေါ်မှု မလုပ်တဲ့ကိစ္စပဲ။

ဒီနေရာမှ တပ်မတော်က မဲစာရင်းကို ပြောဆိုခွင့် ၊ စစ်ဆေးခွင့်မရှိဘူး ဆိုရင်တောင် ရွေးကောက်ပွဲ ဝင် နိုင်ငံရေးပါတီဖြစ်တဲ့ ပြည်ခိုင်ဖြိုး နဲ့ အခြားပါတီတွေက စစ်ဆေးဖို့တောင်းဆိုတာကိုတော့ ပြန် ရှင်းသင့်တာပေါ့။ ကိုယ့်ဘက်က ခိုင်ခိုင်မာမာနဲ့သာ သက်သေပြနိုင်ရင် ဘယ်အဖွဲ့အစည်း ကမှ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မေးခွန်းထုတ်ဖို့မပြောနဲ့ မော်တောင်ကြည့်ရဲမယ် မထင်ဘူး။

တကယ်တော့ တစ်နိုင်ငံလုံးက မဲစာရင်းတွေကို ထုတ်ပြဖို့ မလိုပါဘူး။ အခု အချိန်အထိ တပ်မတော်က ထောက်ပြထားတဲ့ မဲဆန္ဒနယ် ၁၁ နယ်က မဲရုံအလိုက်မဲစာရင်းတွေ၊ မဲလက်မှတ် ထုတ်ပေးထားတဲ့စာရင်းတွေကို PACE လို ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေးအဖွဲ့တွေ၊ စစ်ဆေးချင်တဲ့ပါတီတွေ၊ ကိုယ်စားလှယ်လောင်းတွေကို ထုတ်ပေးလိုက် ရင် အဖြူအမည်း သဲကွဲသွားမှာပါ။

ဒါပေမယ့် ခက်တာက ရွေးကောက်ပွဲမဲစာရင်းနဲ့ပတ်သက်ရင် ဦးလှသိန်းကော်မရှင် ရဲ့ ရှင်းလင်းချက် တွေက ရှင်းလေ ရှုပ်လေဖြစ်နေတာပဲ။

မဲပေးခွင့်ရှိသူအရေအတွက်မှာလည်း အစိုးရသတင်းစာတွေမှာ မဲပေးခွင့်ရှိသူ ၃၇. ၂ သန်း ကျော်လို့ ပြောတယ်။ ဒါပေမယ့် နောက်ဆုံးဖော်ပြတဲ့ ရွေးကော်စာရင်းချုပ်မှာတော့ မဲပေးခွင့် ရှိသူ ၃၈. ၂ သန်းကျော်ဖြစ်နေတယ်။ ဝိုင်းပြီးဝေဖန်တော့ ၃၇. ၂ သန်းက ပထမစာရင်းပဲ ရှိသေး တယ်။ စာရင်းမှန်မဟုတ်ဘူး၊ ၃၈.၂ သန်းက အမှန်အကန် နောက်ဆုံး စာရင်း လို့ သတင်းစာမှာ ကြေညာချက်ထည့်ပြီး ပြန်ဖြေရှင်းတယ်။

ဒါပေမယ့် ပြည်နယ်၊တိုင်းအလိုက်မဲပေးခွင့်ရှိသူစာရင်းချုပ်ကို ဒီဇင်ဘာ ၂ ရက်နေ့ သတင်းစာတွေ မှာဖော်ပြတော့ အားလုံးပေါင်းလိုက်ရင်း ၃၈.၂သန်းကျော်မှန်တယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် မဲပေး ခွင့်ရှိသူစာရင်းမှာ လေးသိန်း ခုနှစ်သောင်းကျော်ပဲပါတယ်။ ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မြို့နယ်တွေ က မဲပေးခွင့်ရှိသူတစ်သန်းကျော် စာရင်းထဲမှာပါမလာဘူး။ သူတို့ပါထည့်ပေါင်းရင် မဲပေးခွင့် ရှိသူက ၃၉ သန်းကျော်သွားမယ်။ ( ပုံ ၃ )

အဲဒီလို ရခိုင်က မဲတစ်သန်းကျော်ပျောက်နေတာနဲ့ပတ်သက်ပြီး ဦးလှသိန်းကော်မရှင်က ဘာမှ ထပ်ရှင်းတာမတွေ့တော့ဘူး။ တောစကား တောပျောက်ဖြစ်သွားပြီးလား မဆိုနိုင်ဘူး။

အခုလည်း မဲစာရင်း နာမည်ထပ်တဲ့ကိစ္စတွေ နဲ့ပတ်သက်ရင် ဟုတ်တယ်၊ မဟုတ်ဘူး နဲ့ ရှင်းလေ ရှုပ်လေ၊ ကိုယ့်နားရွက်ကိုယ်ပြန်ကြည့်သလို ကြည့်လေ ဝေးလေဖြစ်နေပြန်ပြီ။

မဲစာရင်းသတင်းတွေဖတ်ရင်း ရှင်းအောင်ကတော့ လူတိုင်းလုပ်တတ်တာပေါ့။ ရှင်းတာကို ရှုပ်အောင် လုပ်တတ်ဖို့က မလွယ်ဘူးဆိုတဲ့ စကားပဲ ပြန်သတိရမိတော့တယ်။

ဆံသဆိုင်

လူ့ဘဝမှာ ရှောင်လွှဲလို့မရ မဖြစ်မနေလုပ်ရတဲ့ကိစ္စတွေထဲမှာ ဆံပင်ညှပ်ခြင်း လည်း ပါသည်။

ဘဝမှ ပထမဆုံး မှတ်မှတ်ရရ ဖြစ်တဲ့ ဆံသဆိုင်ကတော့ လှည်းတန်းက “ ဝင်းဆံသ” ဖြစ်သည်။ အဲဒီအချိန်က မိဘတွေက နယ်မှာ၊ ကျွန်တော်က အဖိုး၊အဖွားနှင့်နေရသည်။ အဖိုး၊အဖွားအိမ်က ၇ မိုင်မှာ၊ ဆံပင်ညှပ်ဖို့ဆိုရင် လမ်းထဲက တစ်စီးတည်းသောကားဖြစ်သည့် အော်စတင်ကားမည်း လေး နဲ့ အကြုံလိုက်ချင်လိုက်၊ ဒါမှမဟုတ် လမ်းထိပ်က နံပါတ် ကိုး ကားကို စီးရသည်။

ဝင်း ဆံသ ဆိုင်မှာ ဆံပင်ညှပ်ရင်း သတိထားမိတာက ဆံသဆရာတွေ ဗဟုသုတစုံတာ၊ စကားပြောကောင်း တာပဲဖြစ်သည်။ ဆံသဆရာသည် ဆံပင်ညှပ်ရုံသက်သက်မဟုတ် ဆံပင် ညှပ်ခံနေသူ စိတ်ဝင် စား သည့်အကြောင်းအရာတွေကိုလည်း ဖွယ်ဖွယ်ရာရာ ပြောပြနိုင်ရမည်။ ဖောက်သည် ပြောသမ ျှ နားထောင်ရင်း စကားထောက်ပေးနိုင်ရမည်။

နောက်တော့ ဖခင်တာဝန်ကျရာတပ်ရင်းရှိသည့် ချင်းတွင်းမြစ်ဖျားက မြို့လေးကို လိုက်သွားရသည်။ တပ်ရင်းမှာတော့ ဝင်းဆံသ ဆိုင်လို ဆုံလည်ကုလားထိုင်တွေ၊ ကြည့်မှန် ကြီးတွေမရှိ။ ဆိုင်မှာဆိုလ ျှင် သစ်သားထိုင်ခုံအမြင့် မှာ၊ အိမ်လာညှပ်သည့်အခါ ရိုးရိုးကုလား ထိုင်မှာ ထိုင်ညှပ် ရသည်။ အဲဒီအချိန်က ဆံပင်ညှပ်တဲ့ ရဲဘော်ကြီးက ဦးတင်အောင်။ အဲဒီမြို့လေး မှာ ဆံပင်ညှပ်ဆိုင်ရှိပေမယ့် တပ်ရင်းက လူငယ်၊ လူကြီးမှန်သမ ျှကတော့ တပ်ရင်းထဲမှပဲ ညှပ်ကြ သည်။ လက်ရာကလည်း ပုံသေနေတော့ တပ်ရင်းက ကလေးအားလုံး လို လို ဆံပင်ပုံစံက တစ်ဖြတ်တည်းနီးပါး တူနေကြသည်။

အဖေ ရန်ကုန်ပြန်ပြောင်းရသည့်အခါ ဒဂုံမြို့နယ်မှာနေရသည့်အတွက် ဝင်းဆံသ ဆိုင်ကို မရောက်ဖြစ်တော့၊ အဖေနှင့်အတူ မင်းမနိုင်က ဗြူတီဆံသဆိုင်ကို ရောက် သွားသည်။ အဖေ ပုံမှန်ညှပ်သည့် ဦးလေးကြီးက အရပ်ရှည်ရှည်၊ ပိန်ပိန်ပါးပါး ( နာမည်က ဦးကျော်အေး လားမသိ ) ။ သူက လက်ရာကောင်းသလို စကားပြောလည်းကောင်းသည့်အတွက် ဖောက်သည်များသည်။ အဲဒီခေတ်ကတော့ ဆံပင်ညှပ်သူတွေကလည်း ဆိုင်စွဲ၊ ပုဂ္ဂိုလ်စွဲ နှင့်၊ ညှပ်နေကျ ဆံသဆရာ မအားလ ျှင် အားသည့်အချိန်ထိစောင့်သည်။ အဖေဆိုလ ျှင် သူ့ဆံပင် ညှပ်ဆရာ ကွယ်လွန် တော့ မိတ်ဆွေရင်း တစ်ယောက် ကွယ်လွန်သလို ဝမ်းနည်းခြင်း ကြီးစွာနဲ့ လိုက်ပါပို့ဆောင်ခဲ့ သည်။

စစ်တက္ကသိုလ်ဗိုလ်လောင်းဖြစ်တော့ ဗိုလ်လောင်းဆံသဆိုင်နဲ့ ဖူးစာဆုံသည်။ ဗိုလ်လောင်းဆံသ ဆိုင်တာဝန်ခံ ကိုသန်းက ဗိုလ်လောင်းတွေကို စိတ်ရှည်သည်။ တပ်ပြင်ထွက်ခွင့်ရချိန်တွင် မြို့ထဲကဆိုင် တွေမှာ ညှပ်လို့ရပေမယ့် ညှပ်တဲ့သူအတော်နည်းသည်။ ဗိုလ်လောင်းဆိုရင် ဗိုလ်လောင်းဆံသဆိုင်မှာ ညှပ်သင့်သည်ဆိုသည့် အစွဲ ကြောင့်ဖြစ်မည်၊ ဗိုလ်လောင်း အတော် များများက ဗိုလ်လောင်းဆံသဆိုင်မှာပဲ ညှပ် ကြသည်။

ကျောင်းဆင်းပြီး တာဝန်ကျရာတပ်ရင်းရောက်တော့ ရဲဘော်လက်ရာနဲ့ပြန်တွေ့သည်။ တပ်ခွဲ ၊ တပ်စု တိုင်းမှာ စက်ကပ်ကြေးတစ်လက်၊ ခွကပ်ကြေးတစ်လက်၊ ဓားတစ်ချောင်း ၊ ဘီးကြီး တစ်ချောင်းတော့ရှိရသည်။ ဆံသဆရာကတော့ အရပ်သားဘဝထဲက ဆံသဆရာလုပ်လာသူတွေ ထက် တပ်ရင်းမှာ အချင်းချင်း လက်တည့်စမ်းရာကနေ ဆံသ ဆရာ အဖြစ်အသိအမှတ်ပြုခံရသူ တွေများသည်။ ဒီလိုနဲ့တပ်မတော်မှာ တာဝန် ထမ်းဆောင်ခဲ့သည့်ကာလတစ်လေ ျှာက် ညှပ်ရတဲ့ အနေအထားသာပြောင်းသွားသည်၊ ရဲဘော် လက်ရာနဲ့တော့မလွတ်ခဲ့။ မြို့ကြီး ပြကြီးမှာ နေရရင်တောင် ကိုယ့်တပ်ရင်းတပ်ဖွဲ့ဆိုင်မှာပဲ ညှပ် ဖြစ်သည်။ ကိုယ့်လူနဲ့ ကိုယ်ညှပ် ရတာ ပိုပြီးသက်တောင့်သက်သာရှိသည်ဟုခံစားရသည်။ လက်ရာမကောင်းရင်တောင် ကိုယ့်ရဲဘော်တွေ ညှပ်တာဆိုပြီး ဖြေသိမ့်နိုင်သည်။

နယ်ဘက်တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရတော့ နေပြည်တော်ရောက်လာသည်။ နေပြည်တော် အစပိုင်းကာလမှာ ဆံပင်ညှပ်ဖို့အတွက် ပျဉ်းမနားအထိ သွားခဲ့ရသည်။ မြို့မဈေးဖွင့်တော့ မြို့မ ဈေးမှာ ဆံပင်ညှပ်သည်။ ကျွန်တော့်ညှပ်တဲ့ဆိုင်က မိတ္ထီလာဒေသ ကျေးရွာလေးက ညီအကို တွေ၊ အကိုကြီးက ပျဉ်းမနားက ဆံပင်ညှပ်ဆိုင်တစ်ဆိုင်မှာ လက်ခစားနဲ့စပြီး အလုပ်လုပ်သည်။ နည်းနည်းအဆင်ပြေတော့ ညီတွေပါခေါ်ပြီး ဆံပင်ညှပ်သင်ပေးသည်။ မြို့မဈေးဖွင့်တော့ ဆိုင်ခန်းငှားပြီး ကိုယ်ပိုင်ဆိုင် ဖွင့် သည်။ နောက်တော့ ဆိုင်ခန်းနှစ်ခန်းဖြစ်ပြီး ဆံသဆရာ တွေ ပါ ထပ်ဖြည့်ခဲ့သည်။ ရိုးသား ပြီးကြိုးစားတဲ့ညီအကိုတွေ။

နေပြည်တော်မှာ ဈေးဝယ်စင်တာကြီးတွေပေါ်လာတော့ ရန်ကုန်မြို့က နာမည်ကြီးဆိုင်တွေ ရောက်လာသည်။ သန့်သန့်ရှင်းရှင်း၊ အေးအေးမြမြ၊ လှလှပပ၊ မွှေးမွှေးကြိုင်ကြိုင်။ ဆံပင် ညှပ်မလား၊ ခေါင်းလေ ျှာ်မလား၊ ခြေသည်းလက်သည်းညှပ်မလား။ မြို့မဈေးက ဆိုင်ခန်း ကျဉ်းကျဉ်းဆိုင်လေး နောက်မှာ ကျန်ခဲ့ပြီ။

ဒီလိုနဲ့ မြို့ပြ ဆံပင်ညှပ်ခြင်းဆိုတာ စိတ်အပန်းဖြေခြင်း၊ ဈေးဝယ်ခြင်း၊ ဆံပင်ညှပ်ခြင်း နှင့် ကော်ဖီ ဆိုင်ထိုင်ခြင်းကို ပူးတွဲလုပ်ဆောင်ရာ ကိစ္စဖြစ်လာခဲ့သည်။ နေရာ ကျယ် ကျယ်၊ ခမ်းခမ်းနားနား၊ သန့်သန့်ရှင်းရှင်း၊ အေးအေးချမ်းချမ်းရှိသည့် ဆံသဆိုင်ကိုပဲရွေးချယ်ဖြစ်သည်။ ဆံသ ဆရာက အဓိက မဟုတ်တော့၊ နေရာက အဓိက ဖြစ်လာသည်။ ဒီဆိုင်မှ ဒီဆိုင်ဆိုတာထက် ကိုယ်အဆင် ပြေမည့်အချိန်၊ ကိုယ်အဆင်ပြေမည့်နေရာမှာ ညှပ်တာမျိုးဖြစ်လာသည်။

ကိုဗစ် ၁၉ ကပ်ဘေးရောက်လာတော့ ဆံပင်ညှပ်ရတာ ပြဿနာတစ်ခုဖြစ်လာသည်။
ကိုဗစ် ဒုတိယလှိုင်းနှင့်အတူ တံခါးပိတ်ခံလိုက်ရသည့်ဆိုင်တွေထဲတွင် ဆံသဆိုင်တွေလည်း ပါ သွားသည်။ တစ်လကျော်လောက်တော့ ဆံပင်မညှပ်ပဲတောင့်ခံသေးသည်။ အိမ်မှာ ကိုယ့်အစီ အစဉ်နဲ့ ကိုယ်ညှပ်ဖို့ လည်း စဉ်းစားသည်။ ပုံပျက်ဖို့က များနေတော့လက်လျော့လိုက်သည်။

အိမ်ခေါ်ညှပ်ဖို့ စဉ်းစားတော့လည်း ကျွန်တော့်တို့ အိမ်ရာက ပြင်ပလူဝင်ထွက်ခွင့်ကို ကန့်သတ်ထားတော့မဖြစ်နိုင်။ နောက်ဆုံး မြို့ထဲမှာ ဆံပင်ညှပ် ဆိုင် ရှာပုံတော်ထွက်ရသည်။ ဗိုလ်တထောင်၊ ပုဇွန်တောင် ကိုယ်သိတဲ့ဆိုင်မှန် သမ ျှ တံခါးပိတ်ထားသည်။ နောက်ဆုံး ၄၉ လမ်း လပ်ကီးဆဲဗင်းရှေ့ သစ်ပင်ရိပ်အောက်မှာ ခုံတစ်လုံး နှင့်ဆံသဆရာကို ရှာတွေ့သည်။ ဆံသဆရာတစ်ယောက်တည်းမဟုတ်၊ ဇနီးဖြစ်သူလည်း ပါသည်။

လမ်းဘေးမှာ ညှပ်တယ်ဆိုပေမယ့် သပ်သပ်ရပ်ရပ်ရှိသည်။ လက်သန့်ဆေးရည်ပေးထား သည်။ Mask အသစ်တပ်ပြီး ညှပ်ပေးသည်။ ဆံသကရိယာတွေကို အရက်ပျံနှင့်ဆေးသည်။ ဆံဆရာက ဒီလမ်းထဲကဆံပင်ညှပ်ဆိုင်မှာ အလုပ်လုပ်သူဖြစ်သည်။ ရေကျော်ထဲမှာ အခန်းငှားနေသည်။ ကိုဗစ်ပထမလှိုင်းထဲက ဆံပင်ညှပ်သူတွေနည်းလာသည့်ဒဏ်ကို ဆံသဆရာတွေ ခံစားရသည်။ သူ တို့အလုပ်လုပ်တာက တစ်ခေါင်းကို ရာခိုင်နှုန်းဖြင့် ပိုင်ရှင်နှင့်ခွဲယူသည့် စနစ်ဖြစ်ရာ ဆံပင်ညှပ် သူနည်းတော့ ဝင်ငွေကျလာသည်။ ဒုတိယလှိုင်းမှာ ဆိုင်ပိတ်ထားလိုက်တော့ ဝင်ငွေ လုံးလုံးမရှိ တော့။ သို့သော် အခန်းခ က ရပ်မနေ၊ လကုန်ရင်ပေးရမည်။ ဒီလိုနဲ့ သဘာ၀ သစ်ရိပ် အောက်မှာ ခုံတစ်လုံးနှင့် ဆံပင်ညှပ်တဲ့ဘဝကိုရောက်ခဲ့ရသည်။ ဆိုင်ရှင်ကလည်း အခြေအနေ ကို သဘော ပေါက်သည့်အတွက် လုပ်ခွင့်ပေးသည်။

သူ့ဇနီးဖြစ်သူက မင်္ဂလာဈေးနားက ပရိဘောဂဆိုင်မှာအလုပ်လုပ်သည်။ တရုတ်က ဝင်လာတဲ့ အလွယ်တကူဖြုတ်တတ်နိုင်တဲ့ ပရိဘောဂပစ္စည်းတွေ ရောင်းသည်။ သူတို့ဆိုင် ဖောက်သည် တွေထဲမှာ ရခိုင်ပြည်နယ်က အများဆုံး။ ရခိုင် ပြည်နယ်မှာ တိုက်ပွဲ တွေပြင်းထန်လာတော့ အရောင်းအဝယ်ပါးသွားသည်။ ကိုဗစ်ဖြစ်တော့ ဆိုင် ပိတ်ထား ရသည့် ဘဝကို ရောက်သွားသည်။ ဒီလိုနဲ့ ခင်ပွန်းရဲ့ သဘာဝသစ်ရိပ်ဆံပင်ညှပ်ဆိုင် လေးမှာ ကူညီဖြစ် သွားသည်။ တကယ်တော့ ဘာမှ ထိထိရောက်ရောက်လုပ်စရာမရှိ။ အိမ် မှာ နေရင်း တွေဝေ၊ စိတ်ပူနေရတာထက် ဒီနေရာမှာတစ်ခုခုလာလုပ်နေရတာက စိတ်သက်သာ သည်ဆိုပြီး လိုက်လာခြင်းဖြစ်သည်။

သစ်ပင်ရိပ်မှာ ဆံပင်ညှပ်ရင်း ဆံသဆရာက ဆံသလောကအကြောင်း၊ အိမ် ငှားတွေရဲ့ သောက၊ ကိုဗစ် အရေး စသည်ဖြင့် အေးအေးဆေးဆေးပြောပြနေသည်။ ဇနီးဖြစ်သူက တစ်ချက်တစ်ချက် စကားထောက်ပေးသည်။ ဆံပင်ညှပ်ရင်း အေးအေးလူလူ စကား မပြောရတာ ကြာပြီဆိုတော့ ဆံပင်ညှပ်ပြီးသွားမှာပင် စိုးရိမ်မိသည်။ ဆံပင်ညှပ်ပြီးသွားတော့ လက်ဆေး၊ ကိုယ် ယူ လာခဲ့သည့် Mask ကိုပြန်တပ် ၊ ဆံသဆရာကို နှုတ်ဆက်ပြီး ပြန်လာခဲ့ သည်။

ညှဉ်းသိုးသိုး မသေမသပ်ဖြစ်နေသော ဆံပင်ကို ညှပ်လိုက်ရသည့် အတွက် စိတ်လက်ပေါ့ပါးသွား သည်။ မြို့ပြဆံပင်ညှပ်ခြင်းမှာပျော်မွေ့နေတာကြာတော့ ဆံပင်ညှပ်ဖို့ အတွက် လက်ရာကောင်း တဲ့ ဆံသ ဆရာ တစ်ယောက်၊ စက်ကပ်ကြေးတစ်ခု၊ကပ်ကြေးတစ်ချောင်း၊ ဘီးတစ်ချောင်းသာ လို သည်ဆိုတာကို မေ့နေခဲ့တာကြာပြီ။

ဒါပေမယ့် ကိုဗစ်ကပ်ဘေးလွန်သွားရင် ဆံသဆရာနဲ့ အေးအေးလူလူ စကားပြောရသည့် ဆိုင်သေးသေးတွေကို ရှာဖွေဆံပင်ညှပ်မလားလို့ မေးရင်တော့ ဖြေဖို့ခက်ပါသည်။ ကျွန်တော်တို့ တစ်တွေ လူ ထက် နေရာကို ကြည့်ပြီး ဆံပင် ညှပ်တာ ကြာခဲ့ပြီလေ။

လွှမ်းခြုံ မေတ္တာ ည

၁၉ ၄၄ ခုနှစ် ဒီဇင်ဘာလ၊ ဒုတိယကမ္ဘာစစ်ရဲ့နောက်ဆုံးကာလမှာ မဟာမိတ်တပ်တွေ နော်မန်ဒီကမ်းတက်တိုက်ပွဲဆင်နွဲချိန်ထဲက တစ်ချိန်လုံး ဆုတ်ခွာနေရသော ဂျာမန် တပ်တွေ မဟာမိတ်တပ်တွေကို တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။ အာဒင်းနိစ်တန်ပြန်ထိုးစစ် သည် ဟစ်တလာ ၏ နောက်ဆုံးမေ ျှာ်လင့်ချက်လည်းဖြစ်သည်။ ဟစ်တလာ က ဒုတိယကမ္ဘာစစ်အစ တွင် အောင်မြင်ခဲ့သည့်အာဒင်းနိစ် ထိုးစစ်လိုပင် မဟာမိတ်တပ်တွေကို အငိုက်ဖမ်းတိုက်ခိုက်ပြီး စစ်ဦးကျွံနေသည့် အမေရိကန် တပ်ဖွဲ့တွေကို ဝိုင်းပတ်ပိတ်ဆို့ ချေမှုန်းရန်၊ ထိုမှ တဆင့် နှစ်ဘက် စစ်ပြေငြိမ်းရေးဆွေးနွေးသည့် အဆင့်ထိ စစ်ရေးအောင်မြင်မှုကို တိုးချဲ့ရန် ရည်မှန်းခဲ့သည်။

ဒီဇင်ဘာ ၁၆ ရက်နေ့ရက်နေ့မနက် ဂျာမန်ထိုးစစ်ကို စတင်တော့ အမေရိကန်တပ်တွေ အငိုက်မိသွားခဲ့သည်။ ရာသီဥတုဆိုးဝါးနေသဖြင့် အမေရိကန်လေတပ်က အကူအညီမပေးနိုင်၊ အမေရိကန်တပ်တွေ ပြိုဆင်းသွားသည်။ နံမည်ကျော် အမှတ် ၁၀၁ လေကြောင်းချီတပ်မ မှာ ဂျာမန်တပ်တွေ၏ ဝိုင်းပတ်ပိတ်ဆို့ခြင်းကို ခံလိုက်ရသည်။ ဒီဇင်ဘာ ၂၂ ရက်နေ့ မှာ ဂျာမန် တွေက လက်နက်ချဖို့ ရာဇသံပေးတော့ ၁၀၁ တပ်မမှူးက “ မင်းတို့ ရူးနေလား” လို့ အကြောင်း ပြန်ခဲ့သည်။ ဒီလိုနဲ့ တောတောင်ထူထပ်လှသည့် အာဒင်းနိစ်ဒေသမှာ ရှေ့ကို ချီတက်နေတဲ့ ဂျာမန်တပ်တွေ၊ ဖောက်ထွက်ဖို့ ကြိုးစားနေတဲ့ အမေရိကန်တပ်ဖွဲ့တွေ ရောထွေးတိုက်ပွဲ ဝင် နေကြသည်။

ထိုကဲ့သို့တိုက်ပွဲတွေကြားထဲမှာ ဂျာမန်အမျိုးသမီးကြီး အယ်လီဇဘက်နှင့် ၁၂ နှစ်အရွယ် သားလေး ဖရစ်ဇ်တို့လည်း ပိတ်မိနေသည်။ ခင်ပွန်းဖြစ်သူက ဂျာမန်တပ်မတော်မှာ စစ်မှု ထမ်းသည်။ ဂျာမန်မြို့ကြီးတွေကို မဟာမိတ်တပ်တွေ ဗုံးကြဲတိုက်ခိုက်တော့ သူ့မိသားစုကို လူသူ ဝေးရာ အာဒင်းနိစ်ဒေသတောတောင်တွေထဲက အမဲလိုက်အိမ်လေးမှာ စစ်ဘေးရှောင်ဖို့ ပို့ဆောင်ထားခြင်းဖြစ် သည်။ လူသူကင်းဝေးရာ တောအုပ်ထဲမှာရှိနေသည့် သူတို့အိမ်လေးက တိုက်ပွဲလမ်းကြောင်းပေါ်မှာမရှိ၊ ဒါပေမယ့် ခပ်ဝေးဝေးက အမြောက်သံ၊ ဗုံးသံတွေက တော့ကြား နေရသည်။

တောအုပ်ထဲက အိမ်လေးမှာ သားအမိနှစ်ယောက်ပဲ ခရစ်စမတ်ညကို တိတ်ဆိတ်စွာဖြတ်သန်း နေရသည်။ ခင်ပွန်းဖြစ်သူလည်း ဘယ်ဆီရောက်နေမှန်းမသိ။ အဲဒီအချိန်မှာပဲ တံခါးခေါက်သံ ကြား လိုက်ရသည်။ တံခါးဖွင့်ကြည့်လိုက်တော့ နှင်းတွေကြားထဲမှာ စစ်သားသုံးယောက်၊ သေသေချာချာ ကြည့်လိုက်တော့ အမေရိကန် စစ်သား တွေ၊ ဒဏ်ရာရထားပုံရသည့် စစ်သားတစ်ယောက်က နှင်းထုကြားမှာ လဲကျနေသည်။

အမေရိကန်စစ်သား တစ်ယောက်က ပြင်သစ်စကားပြောတတ်တော့ ပြင်သစ်စကားတတ်သည့် အယ်လီဇဘက် နှင့် ပြောဆိုဆက်သွယ်လို့ရသည်။ အမေရိကန်စစ်သားတွေက တိုက်ပွဲကြားမှာ လူကွဲလာပြီး သူတို့ တပ်ဖွဲ့ကို လိုက်ရှာနေသူတွေ။ ဒီတစ်ညအတွက်ခဏတာ နားခွင့်တောင်း သည်။ အယ်လီဇဘက်က သူတို့ကို အိမ်ထဲဝင်ခိုင်းလိုက်သည်။ ပြီးတော့ သားဖြစ်သူ ဖရစ်ဇ်ကို ကြက်ခြံ ထဲက ကြက်တစ်ကောင်သွားဖမ်းခိုင်းသည်။ အာလူးခြောက်လုံးပြုတ်သည်။ ကြက်သား ကင်သည်။

ထိုအချိန်မှာပဲ နောက်ထပ် တံခါးခေါက်သံကြားရပြန်သည်။ ဒီတစ်ခါတော့ ဖရစ်ဇ်က တံခါးပြေးဖွင့် သည်။ အိမ်အပြင်မှာ ဂျာမန်စစ်သား လေးယောက်၊ အခြေအနေကို ရိပ်စားမိလိုက်သည့် အယ်လီ ဇဘက်က ချက်ချင်းပြေးလာပြီး ဖရစ်ဇ်ကို အိမ်ထဲဝင်ခိုင်းလိုက်သည်။ ပြီးတော့ တံခါးကို ပိတ်ပြီး ဂျာမန်စစ်သားတွေကို ရင်ဆိုင်လိုက်သည်။

ခေါင်းဆောင်လာသည့် ဂျာမန်တပ်ကြပ်က အယ်လီဇဘက်ကို ပျော်ရွှင်ဖွယ်ရာ ခရစ်စမတ် ညချမ်း ပါဟု သိမ်မွေ့စွာနှုတ်ဆက်သည်။ ပြီးတော့ တပ်ဖွဲ့နဲ့ကွဲလာသည့်အတွက် ဒီတစ်ည နားခိုခွင့်ပေး ဖို့ တောင်းပန်သည်။ အယ်လီဇဘက်က “တည်းလို့လည်းရတယ်။ ညစာလည်းကျွေးပါ့မယ်။ ဒါ ပေမယ့် တဲထဲမှာ မင်းတို့ ကြိုက်မှာမဟုတ်တဲ့သူတွေတော့ရှိတယ်” ဟု ပြောလိုက်သည်။

ဂျာမန်တပ်ကြပ်ရဲ့ မျက်နှာက ချက်ချင်းတင်းမာသွားပြီး အမေရိကန်တွေလားဟု မေးလိုက်သည်။ အယ်လီဇဘက်က “ ဟုတ်တယ်၊ မင်းတို့လိုပဲ လမ်းပျောက်နေတဲ့သူတွေ” ဟုပြောလိုက်သည်။ ပြီးတော့ မိခင်တစ်ယောက်လို “ ဒီလို အခါတော်ညမှာတော့ ပစ်တာ ခတ်တာတွေ မလုပ်ကြပါ နဲ့ ” ဟု အေးဆေးငြင်သာစွာ ပြောလိုက်သည်။ လူငယ်တပ်ကြပ်လေးက ခဏစဉ်းစားပြီး သဘောတူ လိုက်သည်။ အယ်လီဇဘက်က ဂျာမန် စစ်သားတွေကို သေနတ်တွေအပြင်မှာ ထားခဲ့ဖို့ပြော သည်။ ပြီးတော့ အိမ်ထဲဝင်ပြီး အမေရိကန်စစ်သားတွေကို အခြေအနေရှင်းပြသည်။ သူတို့ သေနတ်တွေကို ဂျာမန်တွေလိုပဲ အပြင်မှာ သွားထားဖို့ပြောလိုက်သည်။

ဒီလိုနဲ့ ဂျာမန်စစ်သားလေးယောက် နဲ့ အမေရိကန်စစ်သားသုံးယောက် အယ်လီဇဘက်ရဲ့ အိမ် ပိစိကွေးလေးထဲမှာ ဆုံမိကြသည်။ အားလုံးက ဆယ်ကျော်သက်လေးတွေ၊ ဂျာမန်တပ်ကြပ် တောင်အသက် နှစ်ဆယ့်သုံးနှစ်ပဲရှိသေးသည်။ အစပိုင်းမှာတော့ အခြေအနေက တင်းမာ နေသည်။ တစ် ဖွဲ့ နဲ့ တစ်ဖွဲ့ ခပ်ခွာခွာနေရင်း အကဲခတ်နေကြသည်။ နောက်တော့ မီးလင်းဖိုက အနွေးဓာတ်၊ အယ်လီ ဇဘက်ရဲ့ မိခင်စိတ် နဲ့ ကြက်ကင် နံ့ မွှေးမွှေး တို့ ပေါင်း လိုက် သည့် အခါ အေးစက်တင်းမာမှုတွေ အရည်ပျော်သွားသည်။

ဂျာမန်စစ်သားတွေထဲက တစ်ယောက်က ဆေးကျောင်းသား၊ အင်္ဂလိပ်လို ပြောနိုင်သည်။ သူက ဒဏ်ရာရနေတဲ့ အမေရိကန် စစ်သားကို ပြုစုပေးသည်။ ဂျာမန်တပ်ကြပ်က အမေရိကန်တွေရဲ့ မြေပုံကို ကြည့်ပြီး အမေရိကန် တပ်တွေရှိနိုင်တဲ့နေရာကို လမ်းညွှန်သည်။ အမေရိကန်တွေ သွားဖို့ ရည်ရွယ်ထားတဲ့မြို့ကိုတော့ ဂျာမန်တပ်တွေသိမ်းလိုက်ပြီလို့ အသိပေးသည်။ အမေရိကန်တွေမှာ သံလိုက်အိမ်မြှောင်မပါ တာသိရတော့ သူတို့ သံလိုက်အိမ်မြှောင်တစ်ခုကို ပေးလိုက်သည်။

အစားအသောက်တွေ အသင့်ဖြစ်တော့ ဂျာမန်စစ်သားတွေက သူတို့ပါလာတဲ့ ဝိုင်တစ်ပုလင်း နဲ့ ပေါင်မုန့်နည်းနည်းကို အမေရိကန်တွေကို မ ျှပေးသည်။ ပြီးတော့ အယ်လီဇဘက်က ဦးဆောင်ပြီး ဆုတောင်းသည်။ ကျမ်းစာ ဖတ်သည်။ စစ်ပွဲကြားမှာ ဒီတစ်ညတော့ ငြိမ်းချမ်းစွာနေထိုင်ကြဖို့ ကလေး တွေကို မှာသည်။ ဒီလို နဲ့ ဂျာမန်နှင့် အမေရိကန်တပ်ဖွဲ့တွေ သူသေကိုယ်သေ တိုက်ပွဲဝင် နေပေမယ့် နှစ်ဘက် စစ်သား ခုနှစ်ယောက် ကတော့ အယ်လီဇဘက်ရဲ့ အိမ်ငယ်လေးထဲမှာ ခရစ်စမတ်ညကို ငြိမ်းချမ်းစွာဖြတ်သန်းခဲ့ကြသည်။ မနက်ရောက်တော့ လက်နက်ကိုယ်စီ ယူ ၊ တစ်ယောက်နဲ့တစ်ယောက်လက်ဆွဲနှုတ်ဆက်ပြီး ကိုယ်တပ်ဖွဲ့တွေ ရှိရာဘက်ကို ခရီးဆက် သွားကြတော့သည်။

ဒုတိယကမ္ဘာစစ်ကြီးအပြီး နှစ်ပေါင်းလေးဆယ်အကြာ၊ ၁၉ ၈၅ ခုနှစ် အနောက်ဂျာမနီ ခရီးစဉ်မှာ အမေရိကန်သမ္မ ရီဂင်က သူဖတ်ခဲ့ဖူးသည့် အာဒင်းနီစ်တောအုပ်ထဲက ခရစ်စမတ်ညလေး အကြောင်းကို မိန့်ခွန်းထဲမှာ ထည့်ပြောခဲ့သည်။ ရီဂင်က “ လွန်ခဲ့တဲ့နှစ်လေးဆယ်က စစ်မုန်တိုင်း ကြားမှာ အဲဒီလူငယ်လေးတွေဟာ ကိုယ်ပိုင်ငြိမ်းချမ်းတဲ့ကမ္ဘာလေးကို ရှာဖွေတွေ့ရှိခဲ့ကြတယ် ” ဟု ဆိုခဲ့သည်။

အဲဒီအချိန်မှာ အယ်လီဇဘက် နှင့် သူ့ခင်ပွန်းက ကွယ်လွန်ခဲ့ပြီ။ သားဖြစ်သူ ဖရစ်ဇ် ပဲကျန် တော့သည်။ ဖရစ်ဇ်က ရီဂင်မိန့်ခွန်းကို ကြားပြီးသည့်နောက် ခရစ်စမတ်ညလေးမှာ ဆုံခဲ့ကြ သည့် ဂျာမန်နှင့် အမေရိကန်စစ်သည်တွေကို ပြန်ရှာဖို့ကြိုးစားသည်။ ဘယ်လိုမှ အစအနရှာမရ။

၁၉ ၉ ၅ ခုနှစ်မှာတော့ အမေရိကန် ရုပ်သံအစီအစဉ်တစ်ခုက အာဒင်းနိစ်သစ်တောထဲက ခရစ်စမတ်ညအကြောင်းကို ထုတ်လွှင့်ခဲ့သည်။ အဲဒီအစီအစဉ်ကို အကြောင်းပြုပြီး ဖရစ်ဇ် နှင့် အမေရိကန်စစ်သားတစ်ဦးဖြစ်သူ ဖရန့်ဘင့်ခ် တို့ ပြန်ဆုံကြသည်။ ဖရန့်က ထိုခရစ်စမတ် ညလေးအကြောင်းကို အကြိမ်များစွာပြောခဲ့၊ ရေးခဲ့ဖူးသည်။ သူ့ဆီမှာ ထိုအချိန်က သူတို့ သုံးခဲ့ သည့် မြေပုံနှင့် ဂျာမန်စစ်သားတွေပေးလိုက်သည့် သံလိုက်အိမ်မြှောင်ကို အမှတ်တရသိမ်းထားဆဲ ဖြစ်သည်။ ဖရန့်က “ မင်းအမေက ငါတို့ အသက်ကို ကယ်ခဲ့တာ” ဟု ရိုးရိုးလေးပဲ ပြောပြခဲ့သည်။ ဖရစ်ဇ်က နောက်ထပ်အမေရိကန်စစ်သည်သားတစ်ယောက်ကို ရှာတွေ့ခဲ့သော်လည်း ကျန်တဲ့ အမေရိကန်စစ်သည်တစ်ဦးနဲ့ ဂျာမန်စစ်သည်တွေကိုတော့ ရှာဖွေလို့မရတော့။

ဖရစ်ဇ်တစ်ယောက် ဒီဇင်ဘာ ၈ ၊ ၂၀၀၂ ခုနှစ်မှာကွယ်လွန်ခဲ့သည်။ သူမကွယ်လွန်မီ အာဒင်းနိစ် သစ်တောထဲ က ခရစ်စမတ်ညနဲ့ပတ်သက်ပြီး ဖရစ်ဇ်က “ အမေ့ကြောင့် စစ်သားလေး ခုနှစ်ယောက်ဟာ ရန်သူတွေအဖြစ် တွေဆုံခဲ့ပြီး မိတ်ဆွေတွေအဖြစ် လမ်းခွဲနိုင်ခဲ့ကြတယ်။ အမေ က “ လူသားအားလုံး အပေါ် ချစ်ခင်ရမယ်” ဆိုတာ ကျွန်တော့်ကို စံနမူနာပြခဲ့တာပါ ဟု ပြောပြ ခဲ့သည်။

အာဒင်းနိစ်သစ်တောထဲက ခရစ်စမတ်ညလေးမှ ပါဝင်ခဲ့သူတွေအားလုံး ကမ္ဘာကို စွန့်ခွာသွားခဲ့ကြ သော်လည်း သူတို့ ထားခဲ့သည့် မေတ္တာလွှမ်းခြုံခရစ်စမတ်ညလေးကတော့ ထာဝရ ရှင်သန်နေမှာ သေချာပါသည်။

မှီငြမ်း

Christmas at war: A cabin in the Hurtgen Forest by Stephen J. Thorne

တပ်မတော် နဲ့ ရွေးကော်

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ တပ်မတော်သားတွေ ဆန္ဒမဲပေးခဲ့ရတဲ့ မဲဆန္ဒနယ် လေးခုရဲ့ မဲစာရင်း မှားယွင်းမှုတွေကို ထုတ်ပြန်ကြေညာခဲ့ တယ်။ ( ပုံ ၁ ) ။ စာရင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာ လေ့လာနိုင်ပါတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ မဲစာရင်းမှားယွင်းမှုတွေကို

၁။ တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်း
၂။ မဲ မသမာမှုဖြစ်နိုင်သည့် မဲစာရင်း

ဆိုပြီးခွဲခြားထားတယ်။

တစ်ကြိမ်ထက်ပို၍ မဲပေးခွင့်ရစေနိုင်သည့် ထပ်နေသော မဲစာရင်းဆိုတာက နိုင်ငံသားကတ်၊ အမည်၊ အသက်၊ မိဘ အားလုံးတူနေတာကနေ နိုင်ငံသားကတ်တူ ပြီး ကျန်တဲ့အချက်တစ်ခု မဟုတ်တစ်ခုပဲ လွဲနေတဲ့ မဲဆန္ဒရှင်အရေအတွက်ဖြစ်ပါတယ်။

မဲ မသမာမှုဖြစ်နိုင်သည့် စာရင်း ဆိုတာက ၁၈ နှစ်မပြည့်ပဲ မဲစာရင်းထဲပါနေတဲ့သူများ၊ နိုင်ငံသား ကတ်မရသေးပဲ နဲ့ မဲစာရင်းမှာပါဝင်နေသူများ ( အိမ်ထောင်စုစာရင်းနဲ့တိုက်ဆိုင်စစ်ဆေးဖို့ ၊ နိုင်ငံသား ဖြစ်/မဖြစ် စစ်ဆေးဖို့ လိုအပ်သူ) နဲ့ အသက်တစ်ရာကျော် မဲဆန္ဒရှင် အရေ အတွက်ဖြစ်ပါတယ်။

ဒီနေရာမှာ လက်သန်းကို မှင်တို့ရတဲ့အတွက် နှစ်ကြိမ်ထပ်ပြီး မဲပေးလို့မရဘူးလို့ ဆင်ခြေ ပေး ကောင်းပေးနိုင်ပါတယ်။ ဒါပေမယ့် (ကျွန်တော့်မဲပေးခဲ့တဲ့အတွေ့အကြုံအရ) အသက် ခြောက်ဆယ်အထက် ကြိုတင်မဲပေးခဲ့ရသူတွေက လက်သန်းမှင်တို့မခံရဘူး။ နောက်တစ်ခါ မဲဆန္ဒနယ်မြေကို ရောက်တာ ရက်ကိုးဆယ်လည်းမပြည့်သေး၊ ကိုဗစ်ကြောင့် နေရပ်လည်း မပြန် နိုင်၊ နေရပ်မှာလည်း ကြိုတင်မဲပေးဖို့ အချိန်မမီတော့တဲ့ သူတွေကလည်း လက်သန်း မှင်တို့မခံ ထားရဘူး။ ဒါဟာ မှတ်ပုံတင်ကို မစစ်ဘဲ မဲဖိတ်စာကတ်ပြားပြပြီး မဲပေးခွင့်ပြုလိုက်ရင် နှစ်ကြိမ် မဲပေးလို့ရနိုင်တဲ့ ဟာကွက်တစ်ခုဖြစ်နေတယ်။

တပ်မတော်ရဲ့ ထုတ်ပြန်ချက်ပါ စာရင်းတွေကို ကြည့်လိုက်တဲ့အခါ မဲစာရင်းမှားယွင်းမှု ရာခိုင်နှုန်း အတော်မြင့်မားတာကို တွေ့ရတယ်။ ဒီထက်ပိုပြီး အရေးကြီးတာက ရမည်းသင်း၊ ပျော်ဘွယ် နဲ့တနိုင်းမဲဆန္ဒနယ်မြေတွေက မဲစာရင်းမှားယွင်းမှု တွေဟာ အဲဒီမဲဆန္ဒနယ်ရဲ့ ရွေးကောက်ပွဲ အရှုံး၊အနိုင်ကို အပြောင်းအလဲဖြစ်စေနိုင်တဲ့ အခြေအနေ မှာ ရှိနေတာကို တွေ့ရတဲ့ အချက် ဖြစ်ပါတယ်။

ရမည်းသင်းမဲဆန္ဒနယ် ( ပြည်သူ့လွှတ်တော်)

နိုင်ငံပိုင်သတင်းစာတွေမှာထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များအရ ရမည်းသင်းမဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ဒီချုပ် ကိုယ်စားလှယ်လောင်းက ထောက်ခံမဲ ၅၀. ၇၉ % ၊ ၇၈၃၇၄ မဲ ရတယ်။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ၄၆. ၅၂ % ၊ ၇၁၇၉၁ မဲ ရတယ်။ မဲကွာခြားချက်က ၆၅၈၃ မဲ ပဲရှိတယ်။ ( ပုံ ၂ )

တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ ရမည်းသင်းမဲဆန္ဒနယ်မှာ တစ်ကြိမ်ထက်ပိုပြီးမဲပေးခွင့်ရနိုင်တဲ့ ထပ်နေတဲ့ မဲဆန္ဒရှင်အရေအတွက် နဲ့ နိုင်ငံသားကတ်မရှိသူ/ ၁၈ နှစ်မပြည့်သူ မဲဆန္ဒရှင်/ အသက်တစ်ရာကျော် အရေ အတွက်ပေါင်းလိုက်ရင် ၁၈၀၉ ၁ မဲရှိတယ်။

ဒါဟာ ပါတီနှစ်ခုကြား မဲကွာခြားချက်ထက်များနေ တယ်။ ( ပုံ ၃ )

ပျော်ဘွယ်မဲဆန္ဒနယ် ( ပြည်သူ့လွှတ်တော်)

နိုင်ငံပိုင်သတင်းစာတွေမှာထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များအရ ပျော်ဘွယ် မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ဒီချုပ် ကိုယ်စားလှယ်လောင်းက ထောက်ခံမဲ ၅၆.၆၁ % ၊ ၉ ၈၇၅၅ မဲ ရတယ်။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ၄၂.၅၇ % ၊ ၇၄၂၇၈ မဲ ရတယ်။ မဲကွာခြားချက်က ၂၄၄၇၇ မဲ ပဲရှိတယ်။ ( ပုံ ၄ )

တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ ပျော်ဘွယ် မဲဆန္ဒနယ် မှာ တစ်ကြိမ်ထက်ပိုပြီးမဲပေးခွင့်ရနိုင်တဲ့ ထပ်နေတဲ့ မဲဆန္ဒရှင်အရေအတွက် နဲ့ နိုင်ငံသားကတ်မရှိသူ/ ၁၈ နှစ်မပြည့်သူ မဲဆန္ဒရှင်/ အသက်တစ်ရာကျော် အရေ အတွက်ပေါင်းလိုက်ရင် ၄၃၈၆၀ မဲရှိတယ်။

ဒါဟာ ပါတီနှစ်ခုကြား မဲကွာခြားချက်ထက်များနေ တယ်။ ( ပုံ ၅ )

တနိုင်း မဲဆန္ဒနယ် ( ပြည်သူ့လွှတ်တော်)

နိုင်ငံပိုင်သတင်းစာတွေမှာထုတ်ပြန်ခဲ့တဲ့ ရွေးကောက်ပွဲရလဒ်များအရ တနိုင်း မဲဆန္ဒနယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်းရွေးချယ်ရာမှာ ဒီချုပ် ကိုယ်စားလှယ်လောင်းက ထောက်ခံမဲ ၃၈. ၇၉ % ၊ ၈၄၈၉ မဲ ရတယ်။ ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်းက ၃၄.၇၈ % ၊ ၇၆၁၃ မဲ ရတယ်။ မဲကွာခြားချက်က ၈၇၆ မဲ ပဲရှိတယ်။ ( ပုံ ၆ )

တပ်မတော်ရဲ့ ထုတ်ပြန်ချက်အရ တနိုင်းမဲဆန္ဒနယ်မှာ တစ်ကြိမ်ထက်ပိုပြီးမဲပေးခွင့်ရနိုင်တဲ့ ထပ်နေတဲ့ မဲဆန္ဒရှင်အရေအတွက် နဲ့ နိုင်ငံသားကတ်မရှိသူ/ ၁၈ နှစ်မပြည့်သူ မဲဆန္ဒရှင် အရေ အတွက်ပေါင်းလိုက်ရင် ၅၉၇၃ မဲရှိတယ်။

ဒါဟာ ပါတီနှစ်ခုကြား မဲကွာခြားချက်ထက်များနေ တယ်။ ( ပုံ ၇ နှင့် ၈ )

အထက်ပါ တွေ့ရှိချက်များအရ အဲဒီမဲဆန္ဒနယ်သုံးခုက မဲစာရင်းမှားယွင်းမှုနဲ့ ပတ်သက်ပြီး ဝေဖန်ထောက်ပြချက်တွေကို အလေးထားသင့်တယ် ဆိုတာ ထင်ရှား ပါတယ်။ ဒါပေမယ့် ဒီဆောင်းပါးရေးချိန်အထိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဘက်က တပ်မတော် သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တုန့်ပြန်တာမရှိသေးဘူး။ ကျွန်တော်ကတော့ ရွေးကော် အနေနဲ့ တုန့်ပြန်ရှင်းလင်းသင့်တယ်လို့ ယူဆတယ်။

ဘာ့ကြောင့်လဲ

ပထမအချက်က တပ်မတော်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀ ( စ ) “ တပ်မတော် သည် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသည် ” ဆိုတဲ့ ပြဋ္ဌာန်းချက်ကို အခြေခံပြီး ပြောတာ ဖြစ်တဲ့အတွက် ပါတီတစ်ခုရဲ့ ကန့်ကွက်ချက်လို သဘောထား ဖို့ မသင့်ဘူး။ ဒါ့ကြောင့် တပ်မတော်က ထောက် ပြတဲ့ စာရင်းဇယားတွေက မှန်ကန်မှု ရှိ/ မရှိ ပြန်လည်စိစစ်သင့်တယ်။ တပ်မတော်ထောက်ပြ ချက် မှားနေတယ်ဆိုရင်လည်း ပြန်လည် ဖြေရှင်းသင့်တယ်။

ဒုတိယအချက်က မဲစာရင်း မှားယွင်း နိုင်တယ်လို့ ထောက်ပြထားတဲ့ မဲဆန္ဒရှင် အရေအတွက်က မဲအများ ဆုံး ရတဲ့ ပါတီနဲ့ ဒုတိယ အများဆုံးရတဲ့ပါတီနှစ်ခုကြား မဲကွာခြားချက်ထက် များနေတဲ့ အခြေအနေဟာ ဒီချုပ် နဲ့ ပြည်ခိုင်ဖြိုး ကြားမှာတင်မဟုတ်ဘူး။ ဒီချုပ် နဲ့ တိုင်းရင်းသား ပါတီ တွေကြားမှာ လည်းရှိနိုင်တယ်။ ရွေးကော်က မဲဆန္ဒရှင်တွေ သံသယကင်းအောင် မဖြေရှင်းပေး ဘူးဆိုရင် ရွေးကောက်ပွဲလွန်ကာလ အမျိုးသား ပြန်လည်စည်းလုံးညီညွတ်ရေးကို ထိခိုက် နိုင် တယ်။

တတိယအချက်ကတော့ ဦးလှသိန်းကော်မရှင်ဟာ ဦးတင်အေးကော်မရှင် နဲ့ ဂုဏ်သိက္ခာအရ၊ စွမ်းဆောင်နိုင်မှုအရ နှိုင်းယှဉ်ခံနေရတာဖြစ်ပါတယ်။ ဦးတင်အေး ကော်မရှင်တာဝန်ယူကျင်းပ တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒီချုပ်ပဲနိုင်ခဲ့တာပါပဲ။ ဒါပေမယ် နိုင်သူလည်းပျော်နိုင်တယ် ၊ ရှုံးသူတွေလည်း ပြုံး နိုင်တယ်။ ဒါ့ကြောင့် ဦးလှသိန်းကော်မရှင်အနေနဲ့ မိမိဂုဏ်သိက္ခာနဲ့ စွမ်းဆောင်နိုင်မှုကို ကာကွယ် ဖို့လိုပါတယ်။

ဒါပေမယ့် ကိုယ့်ဂုဏ်သိက္ခာကို ကာကွယ်တယ်ဆိုတာကတော့ ကျင့်ဝတ်အရပြောတာပါ။ ဖွဲ့စည်းပုံ ဥပဒေအရ ကော်မရှင်လုပ်ခဲ့သမ ျှ အတည်ပဲ ဆိုတဲ့အချက်ကို ကိုင်ပြီး တေမိ လုပ်နေရင်လည်း ရပါတယ်။ ဒါပေမယ့် အနာဂတ်ရွေးကောက်ပွဲတွေမှာ မဲစာရင်းအမှား တွေအကြောင်းဆွေးနွေး တဲ့ အခါတိုင်း ဦးလှသိန်း ကော်မရှင်လက်ထက်ကပေါ့ ဆိုပြီး ရည်ညွှန်းမခံရဖို့တော့လိုတာပေါ့။

အခြားသူများရဲ့ ကန့်ကွက်ချက်တွေနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၈၇ က ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ အဆင့်ဆင့်နဲ့ ကော်မရှင်အဖွဲ့ဝင်များ ကို တရားစွဲမခံရဖို့ အကာအကွယ် ပေးထားတယ်လို့ ပြောရင်လည်း ရပါတယ်။ ဒါပေမယ့် ပုဒ်မ ၈၇ အစမှာ “ ဥပဒေနဲ့ အညီ မိမိတာဝန်ကို သဘောရိုးဖြင့် စွမ်းဆောင်နိုင်သမ ျှ ထမ်းဆောင်သော ” လို့ အစချီထားတာကိုလည်း သတိပြုမိတယ်။

နောက်ဆုံးတော့ ရွေးကောက်ပွဲကော်မရှင်က စခဲ့တဲ့ဇာတ်လမ်းကို ရွေးကောက်ပွဲကော်မရှင်ကပဲ ပြန်အဆုံးသတ်ပေးရမှာပါ။

ကိုဗစ်မကြောက်တဲ့ စောင့်ရှောက်သူ

ကိုဗစ် ၁၉ ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့က သတင်းစာတွေစောင်ရေကျတယ်၊ သတင်းခန်းတွေ ပိတ်ပြီး အိမ်ကနေ အလုပ်လုပ်ရတယ်။ ဘဏ္ဍာရေးအခြေအနေအားနည်းတဲ့သတင်းစာတိုက်တွေ က လူအင်အားလေ ျှာ့ရတယ်။ တစ်ကမ္ဘာလုံးမှာ သတင်းထောက် အလုပ်လက်မဲ့ ဖြစ် တဲ့အရေ အတွက်ကိုတော့မသိရဘူး။ ဒါပေမယ့် နယူးယောက်တိုင်းမ်သတင်းစာကတော့ ဧပြီ လနဲ့ ဂျွန်လ အတွင်းမှာ အမေရိကန်သတင်းစာလောက မှာ အလုပ်လက်မဲ့ဖြစ်သူ သုံးသောင်းခြောက် ထောင် ကျော်ရှိတယ်လို့ဆိုတယ်။ အဲဒီအထဲမှာ အလွတ်တန်းသတင်းထောက်တွေမပါသေးဘူး။

ဒါပေမယ့် စောင့်ရှောက်သူ ( Guardian ) လို့အမည်ရတဲ့ ဗြိတိန်နိုင်ငံထုတ်သတင်းစာကတော့ ကိုဗစ် ၁၉ ကြောင့်ဖြစ်တဲ့ စီးပွားရေးကျဆင်းမှုဒဏ်ကို ပရိသတ်ထောက်ခံမှုနဲ့ကျော်လွှားနိုင်ခဲ့ တဲ့ အခြေအနေမှာရှိတယ်။

ဂါဒီးယန်းသတင်းစာက ပုံနှိပ်သတင်းစာအဖြစ်ရော၊ ဒစ်ဂျစ်တယ်သတင်းစာအဖြစ်ရော ဖြန့်ချိ တယ်။ ပုံနှိပ်သတင်းစာက ဗြိတိန်နိုင်ငံမှာ စောင်ရေ တစ်သိန်းနှစ်သောင်းကျော်ရှိတယ်။ ဒစ်ဂျစ်တယ်သတင်းစာက အခြားသတင်းစာကြီးတွေလို အခ ကြေးငွေမယူဘူး။ တင်သမ ျှ သတင်းအားလုံးကို အခမဲ့ကြည့်လို့ရတယ်။ ဒါပေမယ့် ဂါဒီးယန်းသတင်းစာကို ကူညီ ချင်တယ်ဆိုရင်တော့ နှစ်စဉ်ကြေး ဒေါ်လာ ၆၀ လှုဒါန်းလို့ရတယ်။

ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကုန်မှာ အဲဒီလို နှစ်စဉ်ကြေးပေးသူပေါင်း ခြောက်သိန်း သုံးသောင်း ကျော်ရှိတယ်။ ၂၀၂၀ ပြည့်နှစ် အတွင်းမှာ နှစ်စဉ်ကြေးလှုဒါန်းသူ နှစ်သိန်း ခြောက်သောင်းကျော် တိုးလာခဲ့တဲ့အတွက် အခု ဆိုရင် ဂါဒီးယန်း ဒစ်ဂျစ်တယ်သတင်းစာအတွက် နှစ်စဉ်ကြေး လှုဒါန်းသူပေါင်း ကိုးသိန်းကျော်ရှိလာပြီ လို့ ဂါဒီးယန်းသတင်းစာနှစ်ချုပ်ရှင်းတမ်းအရ သိရ တယ်။

ဒီလိုထောက်ခံမှုတွေများပြားတာကလည်း အခြား ပုဂ္ဂလိက သတင်းစာတွေနဲ့ ကွာခြားတဲ့ ဂါဒီးယန်းသတင်းစာသမိုင်းကြောင်းကြောင့်လည်းဖြစ်ပါတယ်။

အခြားသတင်းစာတွေလို ဂါဒီးယန်းသတင်းစာကို မီဒီယာစီးပွားရေးလုပ်ငန်းကြီးတွေက ပိုင်ဆိုင် တာမဟုတ်ဘူး။ ဂါဒီယန်းသတင်းစာအယ်ဒီတာချုပ်အဖြစ် ၁၈၇၂ ခုနှစ်ကနေ ၁၉ ၂၉ ခုနှစ် အထိ တာဝန်ယူသွားခဲ့တဲ့ စီပီစကော့ အမည်နဲ့ ထူထောင်ထားတဲ့ စကော့ရန်ပုံငွေ ( Scott Trust ) အဖွဲ့က တာဝန်ယူအုပ်ချုပ်တယ်။ စကော့ရန်ပုံငွေအဖွဲ့ရဲ့ တစ်ခုတည်းသော ရည်ရွယ်ချက်က ဂါဒီးယန်းသတင်းစာရဲ့ အယ်ဒီတာလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့် နဲ့ လစ်ဘရယ် တန်ဖိုးတွေကို ရေရှည်တည်တံအောင်လုပ်ဖို့ပဲ၊ ကြော်ငြာရဖို့ ၊ အစုရှယ်ယာ ရှင် တွေကို အမြတ်ငွေခွဲဝေပေးဖို့မဟုတ်ဘူး။ သတင်းစာရှုံးရင် အခြားလုပ်ငန်းတွေက မြတ်တဲ့ ငွေနဲ့ သတင်းစာကို လည်ပတ်မယ်။ သတင်းစာမြတ်ရင် သတင်းစာထဲပြန်ထည့်မယ်။ ဒါပဲ။

ဂါဒီးယန်းသတင်းစာအတွက် ထားခဲ့တဲ့ စကော့ရဲ့ မူဝါဒတစ်ခုကတော့ ဂါးဒီးယန်းသတင်းစာဟာ “လူမုန်းများမှာကို မကြောက်ပဲ ပြောသင့် တာကို ပြော ” တဲ့။ လက်တွေ့မှာလည်း အဲဒီအတိုင်း ပဲရပ်တည်ခဲ့တယ်။ ဂါဒီးယန်းသတင်းစာက ဗြိတိန်နိုင်ငံနဲ့ နိုင်ငံတကာက အာဏာရှိသူ၊ လုပ်ပိုင် ခွင့်ရှိသူ၊ ချမ်းသာကြွယ်ဝသူတွေရဲ့ မမှန်မကန်လုပ်ရပ်တွေကို ဖော်ထုတ်တဲ့ကိစ္စမှာနာမည် ကြီး တယ်။

လက်သံပြောင်လွန်းတော့ ဗြိတိန်နိုင်ငံလို ဒီမိုကရေစီဘိုးအေနိုင်ငံမှာတောင် ဆိုဗီယက်လူလို့ ပုတ်ခတ်ခံရတယ်။ ဝန်ကြီးက တရားစွဲတယ်။ ပါလီမန်က သတင်းယူခွင့်ကန့်သတ်ခဲ့ဖူးတယ်။ ဗြိတိန် ထောက်လှမ်းရေး အဖွဲ့က သတင်းစာတိုက်က မှတ်တမ်းတွေကို သိမ်းယူဖျက်ဆီး တာလည်းကြုံခဲ့ရဖူးတယ်။

ဂါဒီးယန်းသတင်းစာကို တကယ့် လူထုသတင်းစာ၊ ဒီမိုကရေစီသတင်းစာ လို့ပြောလို့ရတယ်။ သူ့သတင်းခန်းလုပ်ဆောင်ချက် တွေကလည်း ရန်ပုံငွေအဖွဲ့သဘောတစ်ခုတည်း၊ အယ်ဒီတာချုပ်သဘောတစ်ခုတည်းနဲ့ လုပ် တာမျိုးမဟုတ်ဘူး။ ဂါးဒီးယန်းရဲ့ သတင်းခန်း အစည်းအဝေးက အခြားသတင်းစာတွေလို အယ်ဒီ တာတွေ၊ ဝါရင့်သတင်း ထောက်တွေပဲ တက်တာမဟုတ်ဘူး။ သတင်းခန်းက လူတွေသာမက၊ အိုင်တီ ဌာန၊ ကြော်ငြာဌာန၊ အုပ်ချုပ်ရေးဌာန ဘယ်သူမဆို တက်ခွင့်ရှိတယ်။ သာမန်ရက်တွေမှာ လူသုံးလေး ဆယ်တက်ပြီး သတင်းတွေထူးတဲ့အချိန်ဆိုရင် ငါးဆယ်၊ ခြောက်ဆယ်လောက်တက်တယ်။ အဲဒီသတင်းခန်း အစည်းအဝေးမှာ သတင်းနဲ့ပတ်သက်ရင် အနု ၊ အရင့်မရှိဘူး။ အားလုံး တန်းတူ ဆွေးနွေးလို့ရတယ်။

ဂါဒီးယန်းသတင်းစာမှာ လူထုအယ်ဒီတာ ဆိုတာရှိသေးတယ်။ လူထု အယ်ဒီတာကို စကော့ ရန်ပုံငွေအဖွဲ့က တိုက်ရိုက်ခန့်တယ်။ အယ်ဒီတာချုပ်က ခန့်လို့ / ဖြုတ်လို့မရဘူူး။ လူထု အယ်ဒီတာ က သတင်းစာကို ပရိသတ်ရှုထောင့်ကနေသုံးသပ်တယ်။ ထောက်ပြတယ်။ ပရိသတ်တိုင်ကြားချက် တွေကို စုံစမ်းတယ်၊ ပြန်ဖြေရှင်းပေးတယ်။ လူထု အယ်ဒီတာရေးတဲ့ ဆောင်းပါးကို အယ်ဒီတာချုပ်က တည်းဖြတ်လို့မရဘူး၊ ငြင်းလို့မရဘူး။

ဂါဒီးယန်းသတင်းစာရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ သတင်းစာတိုက်ရဲ့ စာနယ်ဇင်း အတတ်ပညာအဆင့်အတန်း၊ ကျင့်ဝတ်လိုက်နာမှု၊ လူမှုရေးစံ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စံ တွေကို လွတ်လပ်တဲ့ အဖွဲ့အစည်းတစ်ခု နဲ့ နှစ်စဉ်စစ်ဆေးခိုင်းပြီး ပြည်သူကို အစီရင်ခံတဲ့ စနစ်ပဲ။ ဗြိတိန်နိုင်ငံမှာ အဲဒီလို လုပ်တဲ့ ပုဂ္ဂလိက သတင်းစာဆိုလို့ ဂါဒီးယန်းသတင်းစာတစ်စောင်ပဲရှိ တယ်။

ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်လာတော့ လူတွေက သတင်းအချက်အလက်တွေကို ပိုသိချင်လာတယ်။ တစ်ချိန်တည်းမှာပဲ အမေရိကန် – တရုတ်အားပြိုင်မှု၊ ဗြိတိန် နိုင်ငံ နဲ့ဥရောပ သမဂ္ဂဆက်ဆံရေး ၊ စီးပွားရေးကျဆင်းမှု၊ အစွန်းရောက်အမျိုးသားရေး၊ ဘာသာရေး ဝါဒီ များအန္တရာယ် ဆိုတာ တွေကလည်း လူတွေရဲ့ စိုးရိမ်မှုကို မြင့်မားစေတယ်။ အဲဒီအချိန်မှာ စာဖတ် ပရိသတ်က တိကျခိုင်မာတဲ့သတင်းအချက်အလက်တွေကို လိုချင် လာတယ်။ ဓမ္မအဓိဋ္ဌာန်ကျကျ သုံးသပ်ချက်တွေ ကို ဖတ်ချင်လာတယ်။ ဒီအချက်တွေက ဂါဒီးယန်းသတင်းစာအပေါ် ကူညီပံ့ပိုးမှုတွေမြင့်မားလာစေတဲ့အဓိက အကြောင်းအရင်းတွေဖြစ်ပါတယ်။

သတင်းစာဆိုတာ လူပုဂ္ဂိုလ်တစ်ဦးလိုပဲ စေတနာနဲ့ လုပ်ရပ်ကသာ လူတွေရဲ့ ယုံကြည်မှု ၊ ထောက်ခံမှု ကိုရယူနိုင်တယ်၊ အခက်အခဲမှန်သမ ျှကို ကျော်ဖြတ်နိုင်တယ်ဆိုတာ ဂါဒီးယန်း သတင်းစာ သက်သေပြလိုက်တာပဲဖြစ်ပါတယ်။

နိုင်ငံရေး ကကြီး ခခွေး

ရုပ်သံသတင်း၊ သတင်းစာ နဲ့ ဂျာနယ်တွေမှာပါတဲ့ နိုင်ငံရေးသတင်းတွေကို တွေ့တိုင်း နိုင်ငံရေး ဝေါဟာရတွေအကြောင်းမေးလေ့ရှိတဲ့ ၈ တန်းကလေးတစ်ယောက်အတွက် နိုင်ငံရေးအဘိဓာန် စာအုပ်လိုက်ရှာတဲ့အခါ

“ နိုင်ငံရေး ကကြီး ခခွေး” ( မင်းရွှေမောင် ၊ Myanmar Heritage စာအုပ်တိုက်၊ စက်တင်ဘာ ၂၀၂၀ ) ဆိုတဲ့ စာအုပ်ကိုတွေ့တယ်။ ဒီစာအုပ်က ဘာသာပြန်စာအုပ်ဖြစ်ပြီး မူရင်းစာအုပ်က “Politics for Beginners” ဆိုတဲ့စာအုပ်ဖြစ် ပါတယ်။

စာမျက်နှာ ၁၂၈ မျက်နှာရှိတဲ့ ဒီစာအုပ်မှာ အစိုးရအမျိုးမျိုး၊ နိုင်ငံရေးစနစ်များ၊ ရွေးချယ်တင်မြှောက် ပွဲများနှင့် ဆန္ဒမဲပေးခြင်း၊ နိုင်ငံရေးအပြောင်းအလဲ၊ နိုင်ငံရေးဝါဒစနစ်များ၊ အရေးပါသော မေးခွန်း များဆိုတဲ့ အခန်းခြောက်ခန်းပါပြီး ရုပ်ပုံများနဲ့ လိုတိုရှင်း ရေးသားထားတယ်။

မူရင်းစာအုပ်ရေးသားသူများက လစ်ဘရယ်ဒီမိုကရေစီ ရှုထောင့်ကနေရေးသားတာဖြစ်တဲ့အတွက် ကွန်မြူနစ်စနစ်၊ ဆိုရှယ်လစ်စနစ်၊ အီရတ်စစ်ပွဲ၊ ယူဂိုဆလာဗီးယာနိုင်ငံအရေးအခင်း စတာတွေ နဲ့ ပတ်သက်ပြီးရေးသားတဲ့အခါ ဘက်လိုက်မှုနည်းနည်းပါတယ်လို့ခံစားရတာကလွဲရင် စာအုပ်ရဲ့ ၉ ဝ% က နိုင်ငံရေးအခြေခံအချက်အလက်တွေကို ကလေးငယ်တွေ လွယ်ကူ ရှင်းလင်းစွာ နားလည်နိုင်အောင် ရေးထားတာတွေ့ရပါတယ်။

အမေဇုံ မှာတော့ ဒီစာအုပ်ကို အသက် ၈ နှစ် နဲ့ ၁၁ နှစ်ကြားကလေးတွေအတွက်လို့ ညွှန်းထား ပေမယ့် မြန်မာနိုင်ငံအခြေအနေနဲ့တော့ အထက်တန်းကျောင်းသားတွေအထိ ဖတ်သင့်တဲ့စာအုပ် ဖြစ်ပါတယ်။ ကျောင်းစာကြည့်တိုက်တွေမှာလည်းထားသင့်တဲ့စာအုပ်ဖြစ်ပါတယ်။

ဒါပေမယ့် စာအုပ်တန်ဖိုး ၆၀၀၀ ကျပ်ဆိုတာကတော့များတယ်။ အားလုံးလက်လှမ်းမီနိုင်တဲ့ ဈေးနှုန်းဖြစ်ရင်တော့ ပိုသင့်တော်မယ်လို့ထင်ပါတယ်။