ဆူခိုထိုင်း ကနေ နန်မြို့ ကို အသွားလမ်းမှာတွေ့ခဲ့တဲ့ တစ်ကိုယ်တော် စက်ဘီးသမား ပြင်သစ်နိုင်ငံသား အသက် ၆၅ နှစ်။ ထိုင်းနိုင်ငံမြောက်ပိုင်းမှာ စက်ဘီးစီးနေတာ နှစ်လ ရှိပြီ။ ၂၀၁၉ ခုနှစ်က မြန်မာနိုင်ငံ အလယ်ပိုင်းမှာလည်း စီးခဲ့တယ်။ ရှမ်းပြည်မြောက်ပိုင်းကို သွားချင်ပေမယ့် နယ်မြေမအေးချမ်းလို့ မသွားနိုင်ခဲ့ဘူး။ ထိုင်းနိုင်ငံမှာ စက်ဘီးစီးခရီးသွားရတာ ၁။ လမ်းတွေကောင်းတယ်။၂။ ဟိုတယ်ခ၊အစားအသောက် ထိုင်းစားရင်လည်း ဒီဈေး၊ နိုင်ငံခြားသားစားရင်လည်း ဒီဈေးပဲ။၃။ အင်တာနက်ကောင်းတယ်။၄။ လုံခြုံစိတ်ချရတယ်။၅။ ထိုင်းရဲတွေက နိုင်ငံခြားသားတွေ့ရင် ကူညီဖို့ အသင့်ရှိတယ်။ ( မြန်မာနိုင်ငံမှာ ငါ့ကိုတွေ့တာနဲ့ ရဲက ဘယ်သွားမှာလဲ၊ ဘာလုပ်မှာလဲ၊ ပတ်စ်ပို့ပြ ဆိုပြီး စစ်ဆေးတယ်။ ) သူ့စကားက မြန်မာ့ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်တစ်ချို့ကို ပြောပြနေ သလိုပဲ။

မဲခေါင်ခရီးသည် (၆)

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မဲဆောက် – ဆူခိုထိုင်း ခရီးစဉ်ပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂ ရက်နေ့ မှာတော့ ကျွန်တော်တို့ ယာဉ်တန်းဟာ နန်မြို့ ( Nan City ) ကို ခရီးဆက်ခဲ့တယ်။ ကျွန်တော်တို့ က မဲဆောက် ကနေ ထိုင်း – လာအို နယ်စပ်ကို သွားနေတာဖြစ်တဲ့အတွက် ဆူခိုထိုင်းကနေ အရှေ့ မြောက်ဘက်ကို ဦးတည်ပြီးသွားရပါတယ်။ ဆူခိုထိုင်းကနေ နန်မြို့ကို သွားတဲ့ကားလမ်းကတော့ အာရှလမ်းမကြီးရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ အတွက် လေးလမ်းသွားပါ။ လမ်းကောင်းတယ်။ မြို့တွေကိုရှောင်ပြီး ဖောက်ထားတဲ့အတွက် ကား ရှင်းတယ်။ ဒီလမ်းမှာ ထူးထူးခြားခြားသတိထားမိတာကတော့ ကီလိုမီတာ ၈၀ လောက်က လေး လမ်းသွားမဟုတ်ဘဲ နှစ်လမ်းသွားဖြစ်နေတာပဲ စုံစမ်းကြည့်တဲ့အခါကျတော့Continue reading “မဲခေါင်ခရီးသည် (၆)”

မဲခေါင်ခရီးသည် (၅)

ဆူခိုထိုင်းမှာ တည်းခိုတဲ့ဟိုတယ်က လေယာဉ်ကွင်းကို သွားတဲ့လမ်းဘက်မှာ။ မြို့ထဲနဲ့ နည်းနည်း လှမ်းတယ်။ ဟိုတယ်နဲ့ ဆယ်ကီလိုမီတာလောက်ဝေးတဲ့နေရာမှာ မြို့လေးတစ်မြို့ရှိတယ်။ ဒါနဲ့ ကျွန်တော်နဲ့ မိတ်ဆွေတစ်ယောက် မနက်အစောကြီး အဲဒီမြို့ဈေးဘက်ကို ကားတစ်စီးနဲ့ ထွက်ခဲ့ တယ်။ ခရီးသွားအေဂျင်စီက စကားပြန်တစ်ယောက်လိုက်လာတယ်။ ကျွန်တော်တို့ ရောက်တော့ မြို့လေးက အိပ်ပျော်နေတုန်း။ မြို့လယ်လမ်းမကြီး ဘေးက ဆိုင်တွေ မဖွင့်သေးဘူး။ ဒါပေမယ့် ဈေးလေးကတော့ အသက်ဝင်နေပြီ။ ဈေးက လမ်းမကြီးကနေ တစ်ကွက် ငုတ်နေရာမှာရှိတယ်။ ဈေးရုံကြီးတစ်ခုရှိတယ်။ ဈေးရုံလေးဘက် လေးတန်က လမ်းကြားမှာ ဈေး ဗန်းခင်းရောင်းသူတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့ဆီမှာလို ပျံကျဈေးသည်တွေကို ရန်မရှာ ဘူး။ ပစ်မထားဘူး။ ရာသီမရွေးရောင်းလို့ရအောင် လမ်းကြားလေးတွေကို သံတန်းတွေနဲ့ အမိုး လုပ်ထားပေးတယ်။ ဈေးရုံမျက်နှာစာနဲ့ ပျံကျဈေးသည်တွေကြားမှာ ဆိုင်ကယ်ရပ်ဖို့နေရာလုပ်Continue reading “မဲခေါင်ခရီးသည် (၅)”

ပြောမှ သိ ၊ ထိမှ နာ

ဝန်ကြီးဌာနတွေ အသစ်ဖွဲ့၊ ဒုဝန်ကြီးတွေ အသစ်တိုးခန့်တဲ့သတင်းတွေကို ဖတ်ရတိုင်း ၂၀၁၆ ခုနှစ် မတ်လ ၂၁ ရက်နေ့မှာ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ပြောတဲ့မိန့်ခွန်းကို ပြန်ပြန် နားထောင်မိတယ်။ အဲဒီမိန့်ခွန်းမှာ သမ္မတ ဦးထင်ကျော်က ဝန်ကြီးဌာနတွေလျော့ချတာနဲ့ပတ်သက်ပြီး အခုလို ပြောခဲ့တယ် — အခုလို ပြည်ထောင်စုဝန်ကြီးဌာန အရေအတွက်နဲ့ ပြည်ထောင်စုဝန်ကြီးဦးရေ လျော့နည်းသွား ခြင်းအားဖြင့် နိုင်ငံတော်နဲ့ နိုင်ငံသူ နိုင်ငံသားများအတွက် စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာ မှာဖြစ်စေ၊ အစိုးရရဲ့ မူဝါဒများကို ဖော်ဆောင်ရာမှာဖြစ်စေ အချိန်နှောင့်နှေးကြန့်ကြာမှုတွေ၊ မလိုအပ်ဘဲ ငွေကုန်ကြေးကျများမှုတွေ များစွာလျော့နည်းသွားမှာဖြစ်ပါတယ်။ xx ဒါ့အပြင်လျော့နည်းသွားတဲ့ ဝန်ကြီးများရဲ့ လစာငွေ နဲ့ အဆောင်အယောင်အသုံးစရိတ်ဟာ အစိုးရ ငါးနှစ်သက်တမ်းအတွင်း သန်းပေါင်းငါးထောင်ခန့် နိုင်ငံအတွက် ချိုးခြံချွေတာပြီးလည်း ဖြစ်ပါ လိမ့် မယ်။ xx ဒါ့ကြောင့်ကျွန်တော့်အနေနဲ့Continue reading “ပြောမှ သိ ၊ ထိမှ နာ”

မဲခေါင်ခရီးသည် (၄)

၁၉ ၈၀ – ၉ ၀ နှစ်များက ကရင်ပြည်နယ်မှာတာဝန်ထမ်းဆောင်ခဲ့ချိန်က မဲဆောက်မြို့ကို ရောက်ခဲ့ဖူးတယ်။ အဲဒီ အချိန်က မဲဆောက်ကိုသွားတယ်ဆိုတာ တရားဝင်သွားလို့ရတာမဟုတ်ဘူး။ ကိုယ်ဖြစ်ကိုယ်ခံ ၊ ကိုယ့်အဆက်အသွယ်နဲ့ ကိုယ်ချိတ်ဆက်သွားခဲ့ရတာ။ မဲဆောက်မြို့မှာလည်း ကိုယ်နဲ့ ဆန့် ကျင် ဘက်အဖွဲ့အစည်းတွေကလည်း ရှိနေတော့ ဖင်ပူအောင်တောင်မနေနိုင်ဘူး။ ရောက်ဖူးတယ် လို့ ပြောနိုင်ရုံ၊ အမှတ်တရ ပစ္စည်းဝယ်ပြီး ပြန်လစ်ရတာပဲ။ အခုတော့ ချစ်ကြည်ရေးတံတားပေါ်မှာ မြန်မာဘက်က ထိုင်းဘက်ကို ကူးမယ့်သူ၊ ထိုင်းဘက် က မြန်မာဘက်ကို ကူးမယ့်သူတွေနဲ့ အပြည့်။ အရင်လို မြဝတီက မှောင်မဲလို့၊ မဲဆောက်က တော့ ဟိုဘက်ကမ်းက မီးထိန်ထိန် ဆိုတာမျိုးမဟုတ်တော့ဘူး။ မဲဆောက်ကနေ မြဝတီညတွေကို ယစ်မူးနိုင်ဖို့ လာရတဲ့အခြေအနေဖြစ်နေပြီ။ မြဝတီဘက် သောင်းရင်းမြစ်ကမ်းဟာ မမှတ်မိနိုင်Continue reading “မဲခေါင်ခရီးသည် (၄)”

မဲခေါင် ခရီးသည် (၃)

မြဝတီ ၊ မဲဆောက် မြန်မာ၊ ထိုင်းလူဝင်မှုကြီးကြပ်ရေး ဂိတ်တွေကို ဖြတ်ရတာ အခက်အခဲမရှိ ပါ ဘူး။ ထိုင်းဘက်မှာတော့ လက်ဗွေနှိပ် ၊ မှတ်တမ်းယူတာလုပ်ရတယ်။ ထိုင်းဂိတ်ကို ကျော်ပြီး တဲ့ အခါ ဘီဘီစီ၊ ဒီဗီဘီ သတင်းထောက်တွေက အသင့်စောင့်နေတယ်။ ဒီခရီးစဉ်က လ ျှို့ဝှက် ခရီး စဉ်မဟုတ်တဲ့အတွက် ဘာမှ ထိန်ချန်ထားဖို့လည်းမရှိဘူး။ ခရီးစဉ် ရည်ရွယ်ချက်နဲ့ သွားမယ့် လမ်း ကြောင်းတွေကို အတိုချုပ် ရှင်းပြခဲ့တယ်။ မဲဆောက်ဘက်ရောက်တာနဲ့ ကားတွေက လက်ယာကပ်မောင်းကနေ လက်ဝဲကပ်မောင်း အတွက် နေရာပြောင်းယူရတယ်။ ကျွန်တော်တို့ခရီးစဉ်ကို စီစဉ်ပေးတဲ့ ထိုင်းခရီးသွားလုပ်ငန်း Trans Asia Route က ကိုယ်စားလှယ်နှစ်ယောက်က ထိုင်းဘက်မှာလိုက်နာရမယ့် ယာဉ်စည်းကမ်းတွေနဲ့ ပတ် သက်ပြီးရှင်းပြတယ်။ ကျွန်တော်တို့Continue reading “မဲခေါင် ခရီးသည် (၃)”

မဲခေါင်ခရီးသည် (၂)

မဲခေါင်ခရီးစဉ်အကြောင်းပြောရင် မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံကြား နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး နဲ့ပတ်သက်တဲ့ သဘောတူညီချက် Cross-Border Transport Agreement (CBTA) အကြောင်း ကို ပြောဖို့ လိုလာပါတယ်။ CBTA ဆိုတာက ဗီယက်နမ်၊ ကမ္ဘောဒီးယား ၊ လာအို၊ မြန်မာ၊ထိုင်း တို့ပါဝင်တဲ့ အရှေ့ – အနောက် စီးပွားရေးစင်္ကြန် East–West Economic corridor အတွင်းမှာ နယ်စပ်ဖြတ်ကျော် ပို့ဆောင်ရေး လုပ်ငန်းတွေနဲ့ပတ်သက်ပြီး အဆင်ပြေချောမွေ့အောင်ဆောင်ရွက်နိုင်ဖို့ သဘောတူညီချက် ဖြစ် ပါတယ်။ အရှေ့ – အနောက် စီးပွားရေးစင်္ကြန်ဆိုတာက မျက်စိထဲမြင်အောင်ပြောရရင် ရန်ကုန် ကနေ ဗီယက်နမ်နိုင်ငံ ဒါနန်းဆိပ်ကမ်းအထိ တောက်လေ ျှာက်သွားနိုင်မယ့် ကားလမ်းမကြီးပဲ ဖြစ် ပါတယ်။ အခုအချိန်မှာ ထိုင်း နဲ့Continue reading “မဲခေါင်ခရီးသည် (၂)”

မဲခေါင်ခရီးသည် (၁)

“ကားစက်တွေကို နှိုး၊ အဝေးပြေးလမ်းပေါ်တက်လိုက်စွန့်စားခန်းတွေ ရှာဖွေဖို့ ၊ အခက်အခဲတွေ ဘယ်လို တွေ့တွေ ကျော်လွှားစို့” “သဘာဝရဲ့ ရင်သွေးငယ်အဖြစ် လွတ်လပ်စွာပျံသန်းနိုင်ဖို့ မွေးဖွားခဲ့တဲ့ ငါတို့အမြင့်ဆုံးထိ ပျံသန်းနိုင်မယ့်တို့တစ်တွေ” လူငယ်ဘ၀ နှစ်ချိုက်ခဲ့ရသော ရော့ခ်သီချင်းတစ်ပုဒ်က စာသားတစ်ချို့ ၊ ဆိုင်ကယ်နှစ်စီးနဲ့ ရွက်လွှင့်သူနှစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ရုပ်ရှင်မှာ ဇာတ်ဝင်တေးအဖြစ်အသုံးပြုခဲ့သော သီချင်း။ အခုအချိန်ထိ ဒီသီချင်းကိုကြားတိုင်း အင်ဂျင်စက်သံ၊ အဝေးပြေးလမ်းမကြီး၊ လွတ်လပ်မှု တို့ကို ကြားယောင်၊ မြင်ယောင်နေတုန်းပဲ။ စစ်တက္ကသိုလ်ရောက်တော့ သူငယ်ချင်းတစ်စု၊ ဆိုင်ကယ်ကိုယ်စီနဲ့ လမ်းမကြီးတွေ၊ တောလမ်း တွေအတိုင်း ခရီးသွားဖို့ စိတ်ကူးယဉ်ခဲ့ဖူးတယ်။ ဒါပေမယ့် ကျွန်တော်တို့ ဘဝက အဲဒီလို ခရီးသွား ဖို့ ဆိုတာမဖြစ်နိုင်ဘူး။ လူချင်းဆုံဖို့လည်း မလွယ်ဘူး။ ခွင့်ရက်ရှည်ရဖို့ဆိုတာ စိတ်မကူးနဲ့။ ဒီလို နဲ့အသက်တွေကြီးလာ၊ ရာထူးတာဝန်တွေအမျိုးမျိုးပြောင်းလဲထမ်းဆောင်လာခဲ့ပေမယ့်Continue reading “မဲခေါင်ခရီးသည် (၁)”

ရွှေတိဂုံ အရိပ်အောက်မှာ ( ၉ )

ရန်ကုန် ဘိုးဘိုးကြီး နဲ့မြေအောက်လှိုဏ်ဂူ တောင်ဘက်စောင်းတန်းကနေ အောက်ပစ္စယံလူသွားလမ်းလေးအတိုင်းသွားမယ်ဆိုရင် “ မူလ မင်းကွန်း ဝိပဿနာ ကမ္မဋ္ဌာန်းဌာန” နဲ့ မောင်ဝိတ်ဓမ္မာရုံကြားမှာ “ ရန်ကုန် ဘိုးဘိုးကြီး သို့” လို့ ရေးထားတဲ့ဆိုင်းဘုတ်တစ်ခုရှိတယ်။ အဲဒီလမ်းလေးအတိုင်းသွားတဲ့အခါ ကျောက်ပြား အဖြူ တွေ ခင်းထားတဲ့ ရင်ပြင်နဲ့ စေတီငယ်လေးနှစ်ဆူရှိတယ်။ ဒီနေရာဟာ ရွှေတိဂုံ ဘုရားရဲ့ စနေ ထောင့် နေရာ နဲ့ တစ်တန်းတည်းပဲ။ စေတီတွေရဲ ဉာဏ်တော်က ခြောက်ပေလောက်ပဲရှိမယ်။ ဘယ်ဘက်က စေတီမှာ “ သစ္စာ မဏ္ဍိုင် ဆုတောင်းပြည့်စေတီတော်” ၊ မူလ အလှုရှင်အား အမှူးထား၍ အစချီပြီး အလှုရှင် မိသားစု သုံးစုရဲ့ အမည်တွေကို ဖော်ပြထားတဲ့ ကျောက်စာတစ်ချပ်ရှိတယ်။ ထပ်မံပြုပြင်တဲ့ နှစ်ကိုတော့Continue reading “ရွှေတိဂုံ အရိပ်အောက်မှာ ( ၉ )”

ကျွန်တော်နဲ့ ကန့်ကွက်သူများ

၂၀၁၅ ခုနှစ် မတ်လ ၂၇ ရက်နေ့ ရန်ကုန်မှာ ကျင်းပတဲ့ နိုင်ငံတကာ သတင်းမီဒီယာ ညီ လာခံ တစ်ခုမှာ ကျွန်တော်မိန့်ခွန်းပြောခဲ့တယ်။ အဲဒီအချိန်က သတင်းသမားတွေ အဖမ်းခံရတာ၊ အမှု ဖွင့်ခံရတာတွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာတွေက အစိုးရနဲ့ ပြန်ကြားရေးဝန်ကြီးဌာနကို ကန့်ကွက်ဆန္ဒပြတဲ့အချိန်ပေါ့။ဒါ့ကြောင့် ကျွန်တော်မိန့်ခွန်းပြောနေချိန်မှာ သတင်းသမားတစ်ယောက်က ဆိုင်းဘုတ် ကိုင်ပြီး ရပ်တယ်။ ခဏနေတော့ အခန်းအပြင်ကို ထွက်သွားတယ်။အဲဒီဆန္ဒပြမှုနဲ့ပတ်သက်ပြီး ကျွန်တော်က ညီလာခံမှာ ရှိတဲ့ နိုင်ငံခြားသားအပါအဝင် ပရိသတ်ကို ဒီလိုဆန္ဒပြမှုဟာ မြန်မာနိုင်ငံဘယ်လောက်ပြောင်းလဲနေပြီလဲ ဆိုတာကို သက်သေပြလိုက်တာ ပဲ လို့မိန့်ခွန်းထဲမှာထည့်ပြောခဲ့တယ်။ ဆန္ဒပြသူကို လက်ခုပ်တီးပြီး ဂုဏ်ပြုပါလို့တောင် နောက် ဆက်တွဲဆက်ပြောခဲ့သေးတယ်။ ပရိသတ်ကလည်း လက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ပါတယ်။ကျွန်တော်ကတော့ စစ်သားဘဝကလာတဲ့ ဝန်ကြီးဆိုတော့ စိတ်ရှည်နိုင်တာပေါ့လေ။