မရေမရာဖြစ်နေတဲ့ ဗြိတိန်လမ်းခွဲကိစ္စကတော့ ရွေးကောက်ပွဲ ဘူတာကို ဆိုက်သွားပြီ။ အောက်တိုဘာ ၂၉ ရက်နေ့မှာ ဗြိတိသ ျှ ပါလီမန်က ဝန်ကြီးချုပ် ဂျွန်ဆင်တင်ပြတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့အဆိုကို မဲခွဲ တဲ့အခါ ထောက်ခံသူ ၄၃၈ ဦး၊ ကန့်ကွက်သူ ၂၀ ဦးရှိတယ်။ ဒါဟာ ဥပဒေ အရ လိုအပ်တဲ့ မဲအရေအတွက် သုံးပုံ နှစ်ပုံ ၄၃၄ မဲကို ကျော်လွန်တဲ့အတွက် ဝန်ကြီးချုပ်ရဲ့ အဆို ပြုတဲ့ အတိုင်း ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပတော့မှာဖြစ်ပါတယ်။ တကယ် တော့ လက်ရှိ ပါလီမန်ဟာ ၂၀၁၇ ဇွန်လကမှ ရွေးကောက်ထားတာဖြစ်တဲ့အတွက် ၂၀၂၂ ခုနှစ် ဇွန်လ မှသာ သက်တမ်းကုန်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်းContinue reading “လေဘာပါတီ နဲ့ ရွေးကောက်ပွဲ”
Tag Archives: yehtutarticle
မရေရာတဲ့ ဗြိတိန်လမ်းခွဲ
ဗြိတိသ ျှ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် ဟာ ဇူလိုင် ၂၄ ရက် နေ့ ဝန်ကြီးချုပ်ဖြစ်လာပြီးချိန်က စလို့ ဥရောပသမဂ္ဂ နဲ့ သဘောတူညီချက်ရသည်ဖြစ်စေ၊မရသည်ဖြစ်စေ လာမယ့် အောက်တိုဘာ ၃၁ ရက်နေ့မှာ လမ်းခွဲမှာပဲလို့ ကတိပေးခဲ့တယ်။ အစိုးရအဖွဲ့အနေနဲ့ သဘောတူညီချက်မရဘဲ လမ်း ခွဲရင် ဖြစ်လာမယ့် နိုင်ငံရေး၊ လုံခြုံရေး၊ စီးပွားရေးဆိုင်ရာ အကျိုးဆက်တွေကို ကိုင်တွယ်နိုင်ဖို့ ပြင်ဆင်မှုတွေလုပ်ခဲ့တယ်။ ဒါပေမယ့် ပါလီမန်ထဲမှာ ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့ မဖြစ်မနေ လမ်းခွဲမယ် ဆိုတဲ့ မူဝါဒကို ကွန် ဆားဗေးတစ်ပါတီဝင်အမတ်တစ်ချို့ကတောင် လက်မခံနိုင်ဘူး။ ဒါ့ကြောင့် ပြီး ခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့မှာ ဝန်ကြီးချုပ်အနေနဲ့ ဥရောပသမဂ္ဂ နဲ့ သဘောတူညီချက်မရရင် လမ်းခွဲကိစ္စဆွေးနွေးမှုကို ၂၀၂၀ ဇန်နဝါရီContinue reading “မရေရာတဲ့ ဗြိတိန်လမ်းခွဲ”
ပန်းဆိုးတန်း
ဇရာရဲ့ လက္ခဏာ က ဘာလဲလို့မေးရင် ဆံဖြူတာ၊ မျက်စိမှုန်တာ၊ သွားကျိုးတာ၊ အထိုင် အထ ခက်တာတွေကိုပဲပြောမှာသေချာတယ်။ ကျွန်တော့်ကတော့ ဇရာရဲ့ ထင်ရှားတဲ့လက္ခဏာ တွေ ထဲမှာ ခြေသည်းညှပ်လို့မရတော့တာလည်းပါတယ်လို့ထင်တယ်။ အသက်ကြီးတော့ ဗိုက်ပူ၊ အထိုင်၊အထ ခက်၊ ခါးကုန်းလို့လည်းမလွယ်။ဗိုက်ကလည်းခံနေတော့ ခြေသည်း ညှပ်ရတာ အတော်ခက်တယ်။ မျက်လုံးနဲ့ ခြေထောက်အကွာအဝေးက စာကြည့်မျက်မှန် နဲ့ လည်း အဆင် မပြေ၊ အဝေးကြည့်နဲ့လည်း စကော စက။ ဒီလိုနဲ့ ခြေသည်းတစ်ခါညှပ် ပြီးတိုင်း ခြေသည်း ဟာ ကြွက်ကိုက်ခံထားရသလိုဖြစ်ကျန်ခဲ့ရော။ တစ်ခါကနာမည်ကြီးဆံပင်ညှပ်ဆိုင်မှာဆံပင်ညှပ်ရင်း ခြေသည်းလည်းညှပ်ကြည့်ဖူးတယ်။ ကောင်း တော့ ကောင်းတယ်။ ဒါပေမယ့် ခြေထောက်ကို သန့်ရှင်းရေးလုပ်တာရော၊ ခြေသည်းအတွက် အားဆေးဆို လား ဘာလား ထည့်တာရော ဈေးက မသေးဘူး။Continue reading “ပန်းဆိုးတန်း”
ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ
ဗိုလ်ချုပ်ကြီး မိုက်ဘော်ဒါ (Jeremy Michael Boorda) အတွက် အမေရိကန် ရေတပ်ဟာ သူ့ ဘဝ၊ သူ့မိသားစုပဲ။ ၁၉ ၅၆ ခုနှစ် သူအသက် ၁၇ နှစ်မှာ အထက်တန်း ကျောင်းထွက်ပြီး ရေတပ်မှာ တပ်သားအဖြစ် နဲ့ စတင်အမှုထမ်းတယ်။ ရေတပ်ကပဲ သူ့ကို အထက်တန်းပညာပြီးဆုံးအောင် သင်ပေးတယ်။ ၁၉ ၆၂ ခုနှစ်မှာတော့ အခြားအဆင့်ရေတပ်သားတွေကို ရွေးချယ်လေ့ကျင့်ပေး တဲ့ ဗိုလ်သင်တန်းကို တက်ခွင့်ရတယ်။ ၁၉ ၆၂ သြဂုတ်လမှာ ပြန်တမ်းဝင်အရာရှိဖြစ်ခဲ့တယ်။ အရာရှိငယ်ဘ၀ နဲ့ ဗီယက်နမ်စစ်ပွဲမှာ အမှုထမ်းခဲ့တယ်။ ၁၉ ၇၁ ခုနှစ် ဒီဇင်ဘာလမှာ Naval War College သင်တန်းပြီးတယ်။ တစ်ပြိုင်တည်းမှာပဲ University of RhodeContinue reading “ဆုတံဆိပ် နဲ့ ဂုဏ်သိက္ခာ”
လ ျှူရှောက်ချီ၊ တက္ကစီ နဲ့ ပင်စင်
သီတင်းကျွတ်ပြီးတာနဲ့ မိုးပါ အကျွတ်အလွတ်ဖြစ်သွားတယ်။ ပေါ်မလာတော့ဘူး။ ဒီတော့ ရန်ကုန် ဟာ နေ့လယ်ဆိုရင် ကျွက်ကျွက်ဆူအောင်ပူတော့တာပဲ။ မိုးပြီးရင် ဆောင်းဦးလာတယ်ဆိုတာ ဒဏ္ဍာရီထဲမှာကျန်ခဲ့ပြီ။ မိုးဟာ အေးမြခြင်းကို မထားခဲ့တော့ဘူး။ သူထွက်သွားတဲ့အခါ အပူတွေ ပဲ ချန်ခဲ့တော့တယ်။ နေပူတော့ လူက အခန်းပဲအောင်းနေရတာပေါ့။ ဒါပေမယ့် မြို့ထဲကို မသွားမဖြစ် သွားရမယ့်ကိစ္စပေါ်လာတော့ စဉ်းစားရပြီ။ ပုံမှန်ကတော့ မြို့ထဲ ဆိုရင် နီးရင် လမ်းလေ ျှာက်၊ ဝေးရင် တက္ကစီပေါ့။ ကိုယ့်ကားနဲ့ကိုယ် သွားဖို့ကတော့ ကားရပ် ဖို့ နေရာအခက်အခဲကြောင့်ဆယ်ခါ တစ်ခါပဲ သွားဖြစ်တော့တယ်။ ဒီတစ်ခါသွားမှာက နည်းနည်း လှမ်းတော့ ဒီနေ နဲ့လမ်းလေ ျှာက်လို့မဖြစ်၊ ပြီးတော့ သုံးလေးနေရာ ဆက်သွားရမှာဆိုတော့ တက္ကစီခကလည်း မနည်းဘူး။ ဒီလိုနဲ့ ကိုယ့်ကားနဲ့ကိုယ်လာခဲ့တယ်။Continue reading “လ ျှူရှောက်ချီ၊ တက္ကစီ နဲ့ ပင်စင်”
ဆု အတု နဲ့ ဒေါက်တာဝင်းမြတ်အေး
ဆု အတု နဲ့ ဒေါက်တာဝင်းမြတ်အေး ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ ဦးဝင်းသိမ်းရဲ့ ဒေါက်တာ ဘွဲ့အတု ကိစ္စ၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ရဲ့ စီစဉ်မှုနဲ့ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ခရီးသွားဆုအတု လက်ခံယူရတော့မယ့် ကိစ္စ တွေကို ဖော်ထုတ်ရေးသားခဲ့တဲ့ (ကို) နေယံဦး #NayYanOo က သူ့ဖေ့ဘွစ် စာမျက် နှာမှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ၊ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး လက်ခံရယူထားတဲ့ ဆုအတုတစ်ခု အကြောင်း ကို ဓာတ်ပုံအထောက်အထားတွေနဲ့ တကွ ဖော်ထုတ်ရေး သားထားပါတယ်။ နေယံဦးက အင်န်အယ်လ်ဒီအစိုးရအဖွဲ့မှာ တက္ကသိုလ် ပါမောက္ခချုပ်တွေကို ပြည်ထောင်စု ဝန်ကြီး ခန့်အပ်တာဝန်ပေးမှုတွေအပေါ် ဆက်စပ်လေ့လာရင်းတွေ့ ရှိလာတဲ့အတွက် ဖော်ထုတ် ရေးသား တာဖြစ်တယ်လို့ဆိုပါတယ်။ သူရေးသားထားတဲ့အထဲကContinue reading “ဆု အတု နဲ့ ဒေါက်တာဝင်းမြတ်အေး”
လင်းယုန် ၊နဂါး အပစ်အခတ်ရပ်စဲရေး
အမေရိကန်- တရုတ်ကုန်သွယ်ရေးစစ်ပွဲက သူတို့နှစ်နိုင်ငံသာမဟုတ်ဘူး။ ကျန်တဲ့နိုင်ငံတွေပါ တုတ်ဆက်ပြီး ဒုက္ခရောက်နေတာကြာပြီ။ ကာယကံရှင်နိုင်ငံတွေမှာလည်း ဒီစစ်ပွဲကို အမြန် အဆုံးသတ်ဖို့အတွက် ဖိအားတွေရှိနေတယ်။ တရုတ်နိုင်ငံဆိုရင် ပြည်ပပို့ကုန်ရော၊ ပြည်တွင်းဝယ်လိုအားရောကျတယ်။ စီးပွားရေးတိုးတက် မှု နှုန်းကလည်းကျလာတယ်။ တရုတ်အစိုးရနဲ့ ကွန်မြူနစ်ပါတီအပေါ် ဖိအားတွေတိုးလာတယ်။ အမေရိကန်အတွက်ဆိုရင်လည်း လယ်ယာပို့ကုန်တွေ ကို တရုတ် ဘက်က အခွန်တိုးကောက်လို့ ရီပတ်ဘလီကင်ကို ထောက်ခံသူလယ်သမားတွေ ဒုက္ခရောက်နေတယ်။ လွှတ်တော်ရဲ့ စုံစမ်းစစ် ဆေးမှုကို ခံနေရတဲ့ ထရမ့်အတွက်လည်း ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင် ရလဒ်တစ်ခု ခု ပြဖို့လိုနေတယ်။ ပြီးခဲ့တဲ့အောက်တိုဘာ ၁၁ ရက်နေ့ကတော့ အမေရိကန် – တရုတ် ကြားမှာ ကုန်သွယ်ရေး ဆိုင်ရာ ပဏာမသဘောတူညီချက်တစ်ခုရခဲ့တယ်လို့ သမ္မတ အိမ်ဖြူတော်မှာ ကြေညာခဲ့တယ်။ ထရမ့် ဘက်ကတော့ ဒါဟာContinue reading “လင်းယုန် ၊နဂါး အပစ်အခတ်ရပ်စဲရေး”
ဆီ နဲ့ ရေ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျောင်းဆရာမတွေအတွက် ဘော်ဒါဆောင် မလို အောင် ဒေသခံလူငယ်လေးတွေက ရည်းစားစကားလိုက်ပြော၊ အိမ်ထောင်ကျသွား ရင် ဘော်ဒါဆောင် မလိုတော့ဘူးလို့ လူထု တွေ့ဆုံပွဲမှာ ပြောတဲ့သတင်းတွေတက်လာတယ်။ ဒါပေမယ့် သတင်း ဌာန ကြီးတွေမှာ မတွေ့တဲ့အတွက် ဘာမှ ဝင်မပြောခဲ့ဘူး။ အခုတော့ အဲဒီ အသံဖိုင်ကို နားထောင်လိုက်ရတယ်။ အဲဒီ အသံဖိုင်မှာ ဒေသခံတွေနဲ့ ပညာ ရေးဌာနကတာဝန်ရှိသူတွေက ဝန်ထမ်းတွေအတွက် အဆောင်ရရှိရေးတင်ပြ တယ်။ အဲဒီအခါ ဝန်ကြီးချုပ်က “ အကောင်းဘက်က ကြည့်ပြောတာပါ။ ဝန်ထမ်းအိမ်ယာ မရှိတာကောင်းတယ်၊ဆရာ၊ ဆရာမတွေ ရပ်ထဲ ရွာထဲ တည်းတဲ့အခါကျတော့ ဒီက ရွာသူ ရွာသားနဲ့ အိမ်ထောင်ကျ၊ အဲဒါဆိုရင်လိုအပ်ချက်တွေပြည့်သွားမယ်၊ လူငယ်လေ း တွေက ရည်းစားစကားလိုက်ပြော၊Continue reading “ဆီ နဲ့ ရေ”