ဒီဆောင်းပါးက ၂၀၁၈ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့မှာ ရေးတင်ခဲ့တဲ့ဆောင်းပါးဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၈ သြဂုတ်လ ၁၉ ရက်နေ့ကနေ ၂၂ ရက်နေ့ စင်္ကာပူ ကို အလုပ်သဘောခရီးစဉ် (Working Visit ) လာတယ်။ သြဂုတ်လ ၂၁ ရက်နေ့ ကျွန်တော် ပညာဆည်းပူးနေတဲ့ ISEAS Yusof Ishak Institute ကစီစဉ်တဲ့ အခမ်းအနားမှာ “Myanmar’s Democratic Transition: Challenges and Way Forward” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြော ပို့ချတော့ ကျွန်တော်လည်း တက်ရောက်နားထောင်ခွင့် ရတယ်။ အဲဒီဟောပြောပွဲမှာ စင်္ကာပူရောက်မြန်မာနိုင်ငံသား များနဲ့ စကားပြောရင်းနဲ့ရခဲ့တဲ့အတွေးကို “ တံဆိပ်ကပ်နိုင်ငံရေး” ဆိုပြီး ရေး ထားတာဖြစ်ပါတယ်။Continue reading “တံဆိပ်ကပ် နိုင်ငံရေး”
Author Archives: ye htut
ရေကူးစီမံကိန်း၊လွှတ်တော်နဲ့ ကျွန်တော်
လွန်ခဲ့တဲ့ (၇) နှစ် ၊ ၂၀၁၅ ခုနှစ် ဇွန်လ ၁၈ ရက်နေ့က ရေကူးအသံလွှင့်ရုံစီမံကိန်းကိစ္စနဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်မှာ အပြန်အလှန်ဆွေးနွေးခဲ့တဲ့ အကြောင်းတွေ ဖေ့စ်ဘွတ် မှာ အမှတ်တရ ပြန်တက်လာတယ်။ ရေကူးစီမံကိန်းတင်ဒါ အကျဉ်းချုပ်က ရေကူးစက်ရုံက မြန်မာ့အသံလှိုင်းတို၊ လှိုင်းလတ် ရေဒီယို ထုတ်လွှင့်မှုတွေအတွက် အဓိက သုံးတဲ့ စက်ရုံဖြစ်ပါတယ်။ ရေကူးအသံလွှင့်စက်ရုံကို စတင် တည်ဆောက်ချိန် ကတော အဲဒီနေရာက မြို့ပြင်ပဲ၊ ၂၀၁၅ ခုနှစ်ရောက်တော့ အဲဒီပတ်ဝန်းကျင်မှာ လူနေ အိမ်တွေ၊ အထပ်မြင့်တိုက်တွေဖြစ်လာတယ်။ ကျွန်တော်တို့ မီဒီယာပြုပြင်ပြောင်းလဲမှု တွေ အတွက် အကူအညီပေးနေပြီး မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကလည်း အဖွဲ့ဝင်အဖြစ် ပါဝင် နေတဲ့ Asia-Pacific Institute for Broadcasting Development,Continue reading “ရေကူးစီမံကိန်း၊လွှတ်တော်နဲ့ ကျွန်တော်”
ယုံကြည်ရဲရင့် (၂)
ပြီးခဲ့တဲ့ ဇွန် ၁၃ ရက်နေ့က အမေရိကန်အောက်လွှတ်တော် ဇန်နဝါရီ ၆ ရက် အရေး အခင်း စုံစမ်းရေးကော်မတီ ဒုတိယအကြိမ် စစ်ဆေးကြားနာမှု လုပ်တယ်။ ပထမအကြိမ်နဲ့ ဒုတိယ အကြိမ် ကြားနာမှုတွေမှာ အမေရိကန်ရှေ့နေချုပ်ဟောင်း ဝီလျံဘားရ် အပါအဝင် ထရမ့်ရဲ့ အိမ်ဖြူတော် ဝန်ထမ်းတွေ၊ ထရမ့်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီက တာဝန်ရှိသူတွေ ရဲ့ ထွက်ဆို ချက် တွေကို တင်ပြခဲ့တယ်။ ထရမ့်ရဲ့ သမီးနဲ့ သားမက်ရဲ့ ထွက်ဆိုချက်တွေကိုလည်း တင်ပြခဲ့တယ်။ အခုကြားနာမှုတွေမှာ ရှေ့နေချုပ်ဟောင်း ဘားရ်ရဲ့ ပြောဆိုချက်တွေက နိုင်ငံရေးအကဲခတ် လေ့လာသူတွေ၊ မီဒီယာတွေရဲ့ အာရုံစိုက်မှုအများဆုံးရခဲ့တယ်။ ထရမ့်ကို ဆန့်ကျင်သူနဲ့ ထောက်ခံသူတွေကြား အငြင်းအခုန်ဖြစ်စရာအများဆုံးဖြစ်ခဲ့တယ်။ ဝီလျံဘားရ်ရဲ့ ထွက်ဆိုချက်တွေအကြောင်းဆက်မပြောခင် အမေရိကန်ရှေ့နေချုပ်ရဲ့ အရေး ကြီးမှု ကို သိဖို့လိုပါတယ်။Continue reading “ယုံကြည်ရဲရင့် (၂)”
တန်ဖိုး
ကျွန်တော်က ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ရေးတဲ့အခါ စိတ်ပါဝင်စားသူတွေ ဖတ်နိုင် အောင်၊ နှစ်သက်သူတွေကလည်း တစ်ဆင့်မ ျှဝေနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရေးတာဆိုတော့ ကျွန်တော့်စာတွေ၊ ဓာတ်ပုံတွေကို အသုံးပြုချင်တယ်ဆိုရင် ခရက်ဒစ်ပေး သုံးရင် ရပြီလို့ပဲ အကြောင်း ပြန်လေ့ရှိ ပါတယ်။ ကျင့်ဝတ်အရ ခွင့်ပြုချက်တောင်းရင် ပိုကောင်းပေမယ့် ခွင့်ပြုချက်မတောင်းဘဲ သုံးရင်လည်း ကိုယ့်စာတွေကို လူတွေ ပိုသိအောင်လုပ်ပေးတယ် လို့ ပဲ သဘောထားလိုက်ပါတယ်။ ဒ့ါကြောင့်လည်း အခု လူပြောသူပြောများနေတဲ့ စာအုပ်ကိစ္စ မှာ ကျွန်တော့် ဆောင်းပါးလည်း သုံးထားတယ်လို့ မိတ်ဆွေတွေက အသိပေးလာတဲ့အခါ ကျန်တဲ့စာရေးသူများကျေနပ်အောင် တောင်းပန်ရင်ကောင်းတာပေါ့။ ကျွန်တော့်အတွက်ကတော့ ပြဿနာမရှိပါဘူးလို့ပဲ ပြောခဲ့ တယ်။ ဒါပေမယ့် ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး သက်ဆိုင်သူတွေရေးတဲ့ ပို့စ်တွေအောက်က မှတ် ချက် တွေContinue reading “တန်ဖိုး”
နော်ေ၀ ခရီးစဉ် ၂၀၁၆
လွန်ခဲ့တဲ့ ခြောက်နှစ်က ၂၀၁၆ ခုနှစ် ဇွန်လ ၁၂ ရက်နေ့ကနေ ဇွန်လ ၂၀ ရက်နေ့အထိ နော်ဝေနိုင်ငံကို သွားခဲ့ရတယ်။ ကျွန်တော့်အနေနဲ့ နော်ဝေကို ပထမဆုံးရောက်ဖူးတာက ၂၀၁၂ ခုနှစ်ပါ။ အဲဒီ အချိန်က IMS နဲ့ DVB အစီအစဉ်နဲ့ နော်ဝေ၊ ဒိန်းမတ်၊ ဆွီဒင်နိုင်ငံတွေရဲ့ပြည်သူ့ဝန်ဆောင် မှုမီဒီယာ လုပ်ငန်းတွေကို လေ့လာတဲ့ ပြန်ကြားရေးဝန်ကြီးဌာန ကိုယ်စားလှယ် အဖွဲ့မှာ အဖွဲ့ဝင်အနေနဲ့ လိုက်ခဲ့ရ တာပါ။ ဒုတိယအကြိမ်ကတော့ ၂၀၁၃ ခုနှစ် သမ္မတ ဦးသိန်းစိန်ရဲ့ချစ်ကြည်ရေးခရီးစဉ်ဖြစ် ပါတယ်။ အခု ခရီးစဉ်အတွက် ကျွန်တော့်ကို ဖိတ်ကြားတာက နော်ဝေးမြန်မာကော်မတီ ( Norwegian Burma Committee ) က ဖြစ်ပါတယ်။ ဒီအဖွဲ့ကအရင်က ပြည်ပအခြေစိုက်Continue reading “နော်ေ၀ ခရီးစဉ် ၂၀၁၆”
ယုံကြည် ရဲရင့်
အမေရိကန်အောက်လွှတ်တော်ရဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်အရေးအခင်း စုံစမ်းရေးကော်မတီ ရဲ့ စစ်ဆေးကြားနာမှုကို ဇွန်လ ၉ ရက်နေ့ က စတင်ကျင်းပခဲ့တယ်။ ဇန်နဝါရီ ၆ ရက် အရေး အခင်း စုံစမ်းရေးကော်မတီရဲ့ အရင်စစ်ဆေးကြားနာမှုတွေက တံခါးပိတ်ဆောင်ရွက်ခဲ့တာဖြစ်ပြီး အခု တစ်ကြိမ်ကတော့ အများပြည်သူလေ့လာနိုင်အောင် တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့တဲ့အတွက် စိတ် ဝင်စားမှု များပြားခဲ့တယ်။ အခု ကြားနာစစ်ဆေးမှုက တစ်ကြိမ်တည်းနဲ့ ပြီးမယ့် ပွဲမဟုတ် ဘူး။ အနည်းဆုံး ခုနှစ်ကြိမ်ပြုလုပ်မှာဖြစ်ပါတယ်။ အခု စစ်ဆေးကြားနာမှု အကြောင်းမပြောခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ အရေးအခင်း ဘာလဲ ဆိုတာကို အတိုချုပ်ရှင်းပြချင်ပါတယ်။ ၂၀၂၀ နိုဝင်ဘာ ၃ ရက်နေ့ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက် သမ္မတလောင်းContinue reading “ယုံကြည် ရဲရင့်”
ဘယ်ကိုသွားမလဲ မောင်ရေခဲ
အကျီ ၤလက်ရှည်အဖြူ၊ ပိုးတွဲလုံချည်နီညိုရောင်ကွက်စိပ်၊ လေးထောင့်ဆန်ဆန် ကိုင်းအနက် မျက်မှန် နဲ့၊ လူကလည်း လေးဆယ်ကျော် ဆိုတော့ သူ့ပုံက ပါမောက္ခ ပုံပေါက်နေတယ်။ တကယ် တော့လည်း သူ့ဘဝရည်မှန်းချက်က တက္ကသိုလ်မှာ ဆရာလုပ်ဖို့ပဲ။ ဒါပေမယ့် ဘ၀ ဇာတ်လမ်း အလှည့် အပြောင်းကြောင့်သာ ဟိုတယ်လောကထဲရောက်လာတာ။ သူ့မိဘတွေက အညာဒေသမြို့ကြီးတစ်မြို့က။ သူဆယ်တန်းအောင်တော့ ၁၉၈၇ ခုနှစ်။ တက္ကသိုလ်တက်မယ်၊ ပြီးရင် တက္ကသိုလ်ပညာရေးလောကထဲဝင်မယ် ဆို တာ သူ့အိပ်မက်။ ဒါပေမယ့် ၈၈ အရေးအခင်းဖြစ်ပြီးတော့ ကျောင်းတွေ ပိတ်လိုက်၊ ဖွင့်လိုက်နဲ့ ကျောင်းတက် ရတာအဆင်မပြေတော့ဘူး။ ဒီလိုနဲ့ အလုပ်လုပ်ဖို့ဖြစ်လာတယ်။ အဲဒီအချိန်က ပုဂ္ဂလိက လုပ်ငန်းတွေက စလုံးရေစပဲရှိသေးတော့ အလုပ်ရဖို့ခက်တယ်။ ဒီလိုနဲ့ အလုပ်သမားရုံးမှာ မှတ်ပုံတင်ပြီး အစိုးရအလုပ်ရှာရတယ်။ အစိုးရအလုပ်ကလည်းContinue reading “ဘယ်ကိုသွားမလဲ မောင်ရေခဲ”
ပေါက်ခေါင်း သင်ခန်းစာ
လွန်ခဲ့တဲ့ ရှစ်နှစ် ၂၀၁၄ ခုနှစ်မေလကုန်၊ ဇွန်လဆန်းမှာ ပေါက်ခေါင်းမြို့နယ်ထဲက ငါးမြွေဇင်း၊ ထန်းတပင်၊ ဓမ္မသော်ကျေးရွာတွေမှာ ကျေးရွာလူထုနဲ့တွေ့ခဲ့တယ်။ ခရီးစဉ်အဆုံးမှာ ကောင်းစီရွာလူထုနဲ့တွေ့ပြီး ပေါက်ခေါင်း – အုတ်တွင်း ကားလမ်းအတိုင်း နေပြည်တော်ကို ပြန်ခဲ့တယ်။ အခုခေတ် လူငယ်တွေအတွက် ပေါက်ခေါင်း ဆိုတဲ့ နာမည်က ဘာမှ ထူးခြားမှု ရှိမှာမဟုတ်ဘူး။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခသမိုင်းမှာ ပေါက်ခေါင်းကနေ သင်ခန်းစာ ယူ စရာ အဖြစ်အပျက်နှစ်ခုရှိတယ်။ ပထမတစ်ခုက သာယာဝတီထောင်နဲ့ပတ်သက်တယ်။ ၁၉ ၄၈ ခုနှစ် လွတ်လပ်ရေး ရပြီး တဲ့အခါ ဝန်ကြီးချုပ် ဦးနုရဲ့ ဖဆပလ အစိုးရက သာယာဝတီထောင်ကို ပုဒ်မ ၅ နိုင်ငံရေး အကျဉ်း သမား တွေထားတဲ့ထောင်အဖြစ်သတ်မှတ်တယ်။ အဲဒီထောင်ကိုContinue reading “ပေါက်ခေါင်း သင်ခန်းစာ”
ပြည်နယ်အသစ်နဲ့ ၂၀၀၈
ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ပတ်သက်ပြီး ပြောဆိုဆွေးနွေးကြတဲ့အခါ ၀ ပြည်နယ် ဖွဲ့စည်းရေး ကိစ္စ အကြောင်းလည်း ပါလာတယ်။ တကယ်တော့ ၀ တိုင်းရင်းသားတွေသာမဟုတ်ဘူး။ အနာဂတ်မှာ ပြည်နယ် မရသေးတဲ့ အခြား တိုင်းရင်းသားတွေကလည်း ပြည်နယ်အဆင့် တောင်းဆို တာတွေလည်း ရှိလာနိုင်တာပဲ။ ပြည်နယ်အသစ်ဖွဲ့စည်းရေးလို့ ပြောတဲ့အခါ ဘယ်တိုင်းရင်းသားတွေက ပြည်နယ် ရသင့်တယ်၊မရ သင့်ဘူးဆိုတာ မပြောခင် လက်ရှိအချိန်မှာ အတည်ဖြစ်နေဆဲ ၂၀၀၈ အခြေခံဥပဒေမှာ ပြည်နယ် အသစ် ဖွဲ့စည်း ရေးနဲ့ ပတ်သက်ပြီး ဘယ်လို ပြဋ္ဌာန်းချက်တွေရှိသလဲ၊ဘယ်သူ တွေက ပြည်နယ် အသစ်ဖွဲ့စည်းရေးကို ဆုံးဖြတ်ခွင့်ရှိသလဲဆိုတာ အရင်သိထားသင့်တယ်လို့ ထင် ပါတယ်။ ၂၀၀၈ အခြေခံဥပဒေရဲ့ တိုင်းဒေသကြီး ၊ ပြည်နယ်ဖွဲ့စည်းမှုက ၁၉ ၇၄ အခြေခံဥပဒေပါ သတ်မှတ် ချက်အတိုင်းပဲဖြစ်ပါတယ်။Continue reading “ပြည်နယ်အသစ်နဲ့ ၂၀၀၈”
ကင်မ်ဂျုံအန် နဲ့ ဂျိုးဘိုင်ဒန်
အမေရိကန် သမ္မတဂျိုးဘိုင်ဒန်ဟာ မေလ တတိယပတ်ထဲမှာ တောင်ကိုရီးယား နဲ့ ဂျပန်နှစ်နိုင်ငံကို ငါးရက်ကြာ သွားရောက်ခဲ့တယ်။ အဲဒီခရီးစဉ်မှာ ဘိုင်ဒန်က သူ့အနေနဲ့ တရုတ်နဲ့ မြောက်ကိုရီး ယားနိုင်ငံတွေ အပေါ် ထားရှိတဲ့ သဘောထားကို ထင်ထင်ရှားရှားထုတ်ဖော်ပြသခဲ့တယ်။ ဘိုင်ဒန်ရဲ့ တောင်ကိုရီးယားခရီးစဉ် အတွင်းထုတ်ပြန်ခဲ့တဲ့ အမေရိကန် – တောင်ကိုရီးယား ပူးတွဲ ကြေညာချက်မှာ အမေရိကန် က တောင်ကိုရီးယားနိုင်ငံကာကွယ်ရေးအတွက် အနုမြူလက် နက်နဲ့ ဒုံးပျံကာကွယ်ရေးစနစ် အပါအဝင် အမေရိကန်ပြည်ထောင်စုရဲ့ ကာကွယ်ရေး စွမ်းပကားအားလုံးကို အသုံးပြုမယ် လို့ ဖော်ပြခဲ့တယ် ။ ဒါ့အပြင် နှစ်နိုင်ငံ စစ်ရေးလေ့ကျင့် မှု တွေကို တိုးချဲ့နိုင်မယ့် နည်းလမ်းတွေကိုလည်း ရှာဖွေဖို့ သဘောတူခဲ့ကြတယ်။ တောင်ကိုရီးယားနိုင်ငံကာကွယ်ရေးအတွက် အနုမြူလက်နက်ကို အသုံးပြုဖို့ အသင့်ရှိတယ် ဆိုတဲ့Continue reading “ကင်မ်ဂျုံအန် နဲ့ ဂျိုးဘိုင်ဒန်”