ဗီဇာ နဲ့ ဗိုင်းရပ်စ်

ဝူဟန် ဗိုင်းရပ်စ်ကာကွယ်ရေးဆောင်ရွက်နေချိန်မှာ မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာနဲ့ပတ်သက်တဲ့ ဆဲဗင်းဒေး သတင်း နှစ်ပုဒ်ကတော့ မှတ်သားထားရမယ့် သတင်းတွေပဲ။၁။ တရုတ်နိုင်ငံကို ဗီဇာပိတ်လိုက်ပါက နှစ်နိုင်ငံ ချစ်ကြည်ရေးထိခိုက်နိုင်ဟု ဟိုတယ်၊ ခရီး ဒုဝန်ကြီးပြော ပုံ ၁ နှင့် ၂၂။ ကိုရီးယားနိုင်ငံသားများကို ဗီဇာ ကင်းလွတ်ခွင့်ပေးထားဆဲဖြစ်။ ပုံ ၃

မဲခေါင် ခရီးသည် (၁၅)

ဖေဖော်ဝါရီလ ၅ ရက်နေ့အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဗန်ဗီယင်းမြို့ ကို နေ့လည် တစ်နာရီမှာရောက်တယ်။ လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းကနေ လေးနာရီ ခရီးဝေး တဲ့ ဗန်ဗီယင်းမြို့တည်နေပုံက ကရင်ပြည်နယ်နဲ့တူတယ်။ မြို့လယ်မှာ နမ့်ဆောင်မြစ်က ဖြတ်စီးနေ တယ်။ မြို့ပတ်ဝန်းကျင် မြေပြန့်ထဲမှာ ထုံးကျောက်တောင်ကြီးတွေ မှိုလိုပေါက်နေတယ်။ လှိုဏ်ဂူ တွေရှိတယ်။ ရေပြာအိုင်တွေရှိတယ်။ ဒီမြို့ဟာ အနောက်နိုင်ငံတွေကလာတဲ့ ပေါချောင်ခရီးသွား( Backpacker) တွေရဲ့ မြို့ အဖြစ် နာမည်ကြီးခဲ့တဲ့မြို့ဖြစ်ပါတယ်။ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေမှာ လာအိုနိုင်ငံ တံခါးဖွင့်လိုက်တော့ ပေါချောင်ခရီးသွားတွေ အလုံးအရင်းနဲ့ရောက်လာတယ်။ တောင်တက်တယ်၊ လှိုဏ်ဂူတွေထဲကို ဝင်လေ့လာတယ်။ နမ့်ဆောင်မြစ်အတိုင်း ကားတာယာကွင်းစီးပြီးခရီးနှင်တယ်။ ပေါချောင်ခရီးသွားတွေနဲ့အတူ မူးယစ်ဆေးပြဿနာတွေပါလာတယ်။ ဒေသ ခံတွေ ရဲ့ ဓလေ့ထုံးစံတွေပျက်လာတယ်။ နမ်Continue reading “မဲခေါင် ခရီးသည် (၁၅)”

မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး

မနေ့ ( ဖေဖော်ဝါရီ ၂၄ ) ရက်နေ့မှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ ရာထူးက နုတ်ထွ က် ကြောင်းကြေငြာခဲ့တယ်။ မြန်မာမီဒီယာတစ်ချို့မှာ ဒါဟာ ရုတ်တရက်ဖြစ်ခဲ့တဲ့ အံ့သြစရာအဖြစ် အပျက်သဘော ရေးခဲ့ကြတယ်။ တကယ်တော့ ဒီလိုဖြစ်ဖို့အတွက် တာစူခဲ့တာ သုံးလလောက် ရှိခဲ့ ပါပြီ။ နောက်ခံသမိုင်း လက်ရှိ မဟာသီယာ ဝန်ကြီးချုပ်လုပ်နေတာဟာ PH လို့ခေါ်တဲ့ Pakatan Harapan ညွန့်ပေါင်း အဖွဲ့ရဲ့ ထောက်ခံမှုနဲ့ လုပ်နေတာဖြစ်ပါတယ်။ PH, Pakatan Harapan ဆိုတာ မေ ျှာ်လင့်ခြင်း မဟာမိတ်အဖွဲ့ ( Alliance of Hope) ကို မလေးဘာသာနဲ့ခေါ်တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နာဂျစ်ခေါင်းဆောင်တဲ့Continue reading “မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး”

တိုက်တိုက်ဆိုင်ဆိုင်

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ဟာ ဥပဒေကြမ်းတစ်ခုကို မှားပြီးတင်သွင်းခဲ့တဲ့ အတွက်ကျွန်တော်က “ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဖြစ်သလိုနောက်ဆုံးဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်း ကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။ သူ့ကို ပထမအကြိမ်လွှတ်တော်တုန်းက ဆုံဖူးတယ်။ အလွန်အလုပ်လုပ်နိုင်တဲ့၊ အလွန်တက်ကြွတဲ့ ပုဂ္ဂိုလ်ပါ။အလုပ်တွေများလို့ ဆွေးနွေးရမယ့် ဥပဒေကြမ်းလွဲသွားတာထင်တယ်။ အခြေခံဥပဒေဥပဒေပြင်ဆင်ရေးမှာတော့ ပုဒ်မတွေ၊ ဥပဒေတွေ လွဲလို့မဖြစ်ဘူး။” လို့ သတိပေးခဲ့ ဖူးတယ်။ ပုံ ၁ နဲ့ ၂ တိုက်တိုက်ဆိုင်ဆိုင် တစ်နှစ် ပြည့်ဖို့ တစ်ရက်အလို ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပေ ဒ ပြင်ဆင်ရေး နဲ့ပတ်သက်ပြီး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးတဲ့အခါ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေတင်သွင်းတဲ့Continue reading “တိုက်တိုက်ဆိုင်ဆိုင်”

ပါတာဖတ်

သင်တန်းသားဘဝမှာတော့ စင်ပေါ်တက်ပြီး စာအုပ်ထဲ မှာ ရေးပေးတဲ့အတိုင်း ဖတ်ပြတာပဲ လုပ်တတ်တဲ့ နည်းပြဆိုရင် “ ပါတာဖတ်” နည်းပြလို့ ခေါ်ခဲ့ ကြတယ်။တစ်ခါ တစ်လေ သင်တန်းသားက မေးခွန်းမေးရင်၊ မှားတယ်ထင်လို့ ဝေဖန် ထောက်ပြလိုက်ရင် “ ပါတာဖတ်“ နည်းပြ ဒုက္ခရောက်တော့တာပဲ။ တစ်ချို့ ပါတာဖတ် ကတော့ မသိတဲ့အကြောင်းဝန်ခံပြီး နောက်တစ်ချိန်မှာ ဖြေပေးပါ့မယ်လို့ ပြော တယ်။တစ်ချို့ “ ပါတာဖတ်“ ကျတော့လည်း ဆရာမှားတာမဟုတ်ဘူး။ စာရိုက်တဲ့ စာရေး မှားတာ လို့ ဆင်ခြေပေးတတ်တယ်။ သင်တန်းသားကိုလည်း လ ျှာရှည်ရန်ကောဆိုပြီး မကြည်မလင်ဖြစ်တတ်တယ်။အခုတော့ “ ပါတာဖတ်“ ဆိုတာ သင်တန်းတွေမှာပဲ ရှိတယ်လို့ထင်ခဲ့တာ မဟုတ်မှန်းသိရပြီလေ။

ပြည်ထောင်စုလွှတ်တော်ထဲမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ရဲ့ ကန့်ကွက်ချက်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက ကြီးရဲ့ တုန့်ပြန် ဆောင်ရွက်ချက် ဗီဒီယို ဖိုင်ပါ။ ဒီဗီဒီယိုဖိုင်မှာ ဘေးက ပုဂ္ဂိုလ်တစ်ဦးရဲ့ အကြံပေးချက်အသံတွေနဲ့ အကြံပေးချက်တွေအပေါ် နာယကကြီးရဲ့ တုန့်ပြန်မှုတွေကလည်း စိတ်ဝင်စား ဖို့ ကောင်းတယ်။ တပ်မတော်က တင်သွင်းတဲ့ အခြေခံဥပဒေဆိုင်ရာ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ရုံးရဲ့ အားနည်းချက်ကြောင့် တစ်ပိုဒ်လုံး ကျန်ခဲ့တယ်ဆိုတာလည်း အံ့သြ ဖို့ကောင်းပါတယ်။

မဲခေါင် ခရီးသည် (၁၄)

ဖေဖော်ဝါရီလ ၅ ရက်နေ့မနက်မှာ လွန်ပရာဘန်ကနေ ဗန်ဗီယင်း(Vang Vieng) ကို ခရီးဆက်ခဲ့ တယ်။ လွန်ပရာဘန်ကနေ ဗန်ဗီယင်းကို သွားတဲ့လမ်းနှစ်လမ်းရှိတယ်။ လမ်းဟောင်းက ၂၃၀ ကီလို မီတာဝေးတယ်။ လမ်းသစ်က ၁၈၅ ကီလိုမီတာဝေးတယ်။ လမ်းဟောင်းက သွားရင် ငါးနာရီ လောက် ကြာတယ်။ လမ်းသစ်က သုံးနာရီခွဲလောက်ပဲမောင်းရတယ်။ လမ်းဟောင်းက အမှတ် ၁၃ လမ်းမကြီးဖြစ်ပြီး လမ်းသစ်ကတော့ အမှတ် ၄ လမ်းမကြီးဖြစ်ပါတယ်။ လမ်းသစ်က ဖွင့်တာ နှစ်နှစ်လောက်ပဲရှိသေးတယ်။ အတက်အဆင်းကြမ်းတယ်။ ဒါ့ကြောင့် ခရီး သည်တင်ဘတ်စ်ကားတွေသွားလို့မရဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားတဲ့ခရီးသည်တွေက မီနီ ဗင်လေးတွေ ငှားသွားရတယ်။ မီနီဗင်တွေက ၁၂ ယောက်ပြည့်မှ ထွက်တယ်။ တစ်ယောက်ကို လာအို ငွေ ကစ် တစ်သိန်းနှစ်သောင်း၊Continue reading “မဲခေါင် ခရီးသည် (၁၄)”

တုတ်ထိုး ခေါက်ဆွဲ

ခရီးသွားတဲ့အခါ ဟိုတယ်က ကျွေးတဲ့ နံနက်စာ ကို စားမယ့်အစား ဒေသအစားအစာကို ရှာစားရ တာ၊ မနက်ခင်းဈေးတွေကို ကြည့်ရတာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ အခု ခရီးစဉ်မှာတော့ မနက် ၈ နာရီဆို ယာဉ်တန်းစထွက်တဲ့အတွက် အဲဒီလို စားဖို့အတော်ခက်တယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ကတော့ ၉ နာရီမှ ယာဉ်တန်းထွက်မယ်ဆိုတဲ့အတွက် အနားမှာရှိတဲ့ ရပ်ကွက်ထဲမှာ လမ်း လေ ျှာက်ရင်း ဆန်ခေါက်ဆွဲဆိုင်တစ်ဆိုင်လေးတစ်ဆိုင်ကိုတွေ့လို့ ဝင်စားခဲ့တယ်။ ခေါက်ဆွဲဆိုင်ကတော့ Pho ခေါက်ဆွဲဆိုင်ပါပဲ။ မနေ့က စားခဲ့တဲ့ ချောစုခေါက်ဆွဲဆိုင်လို ခမ်း ခမ်း နားနားမဟုတ်ဘူး။ အိမ်ဆိုင်လေးပဲ။ ကျွန်တော်တို့ဆီက လမ်းလေး မုန့်ဟင်းခါးဆိုင်လိုပါပဲ။ လူရွယ်တစ်ယောက် ၊ အဒေါ်ကြီးတစ် ယောက်ရှိတယ်။ အဒေါ်ကြီးက မုန့်ပြင်တဲ့သူ၊ လူရွယ်ကတော့ အကူပေါ့။ ကျွန်တော်ရောက်သွားတော့Continue reading “တုတ်ထိုး ခေါက်ဆွဲ”

ချောစု ခေါက်ဆွဲ

ကျွန်တော်တို့တစ်တွေ မုန့်ဟင်းခါး ကြိုက်သလိုပဲ လာအိုနိုင်ငံသားတွေကလည်း Pho လို့ခေါ်တဲ့ ဆန်ခေါက်ဆွဲပြုတ်ကို ကြိုက်ကြတယ်။ Pho က ဗီယက်နမ်အစားအစာလို့ဆိုတယ်။ လာအိုမှာတော့ Pho ကိုစားတာက ဗီယက်နမ်စားသောက်ဆိုင်တွေမှာ တွေ့ဖူးတာနဲ့မတူဘူး။ Pho စားသောက် ဆိုင်စားပွဲမှာ ငံပြာရည်မျိုးစုံ၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးအနှစ်၊ ငရုတ်သီးစိမ်းတွေ အပြင် ငါးပိထောင်း လည်းချပေးထားတယ်။ ပဲသီး၊ ဂေါ်ဖီ၊ ပူစီနံ နဲ့အမျိုးအစားမသိတဲ့ အရွက်တွေလည်းချပေးတယ်။ အရည် နဲ့စားသလို အသုပ်လည်း စားလို့ရတယ်။ ဆန်ခေါက်ဆွဲ ဖတ်လိုမျိုးနဲ့ စားသလို ခေါက်ဆွဲလုံးဆိုတာနဲ့လည်း စားတယ်။ ခေါက်ဆွဲလုံးဆိုတာက ဆန်ခေါက် ဆွဲဖတ်ကို မုန့်လုပ်ဆောင်းအဖတ်လို လုပ်ထားတာ။ နည်းနည်းတော့ ပိုကြီးတယ်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ လွန်ပရာဘန်မှာနေ့လည်စာစားတော့ ကျွန်တော်တို့က ယိုးဒယားစာ တွေပဲ စားရတာContinue reading “ချောစု ခေါက်ဆွဲ”

စင်္ကာပူကို ကျော်မယ်ဆို

အစိုးရရဲ့ စီးပွားရေးမူဝါဒ၊ ပြည်တွင်းက အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေကို အကူအညီပေးရန်လိုအပ်ချက်တွေကို သုံးသပ်ထားတဲ့ တူမောရိုး ဂျာနယ်က “ လက်စောင်းထက်” ရဲ့ဆောင်းပါး ဆောင်းပါးခေါင်းစဉ်က “ ဖြစ်ချင်နေတာက စင်္ကာပူ၊ ဖြစ်နေတာက ကသောင်း ကနင်း၊ ဖြစ်ခဲ့တာက ဗရုတ်ဗရက်” တဲ့ စိတ်ဝင်စားရင် အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ http://www.tomorrow.com.mm/node/4478?fbclid=IwAR0JPe2e2L0bgLl13hVTO1N3_7jlINq45CjykwUCOAlXCMYVsU247SzevIU