မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး (၃)

မတ်လ ၄ ရက်နေ့မှာ မလေးရှား လွှတ်တော်ဥက္ကဋ္ဌ Ariff Yusof က ဝန်ကြီးချုပ်ဟောင်း မဟာ သီယာ တောင်းဆိုနေတဲ့ မတ်လ ၉ ရက်နေ့မှာ လွှတ်တော်ခေါ်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်း ပြောကြားလိုက်ပါတယ်။

အရင် မဟာသီယာအစိုးရလက်ထက်မှာ အတည်ပြုထားတဲ့ လွှတ်တော်ပြက္ခဒိန်အရ ၂၀၂၀ အတွင်းမှာ လွှတ်တော်အစည်းအဝေးတွေကို မေ ၁၈ ကနေ ဇွန် ၂၃ ၊ ဇူလိုင် ၂၇ ကနေ သြဂုတ် ၂၇ နဲ့ စက်တင်ဘာ ၂၈ ကနေ နိုဝင်ဘာ ၂၆ ကြားမှာ ကျင်းပဖို့ သတ်မှတ်ထားတာဖြစ် ပါတယ်။

ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့အတွက် အန်ဝါနဲ့ မဟာသီယာကြား အပြိုင်အဆိုင် ကြိုးစားနေချိန်မှာ ယာယီဝန်ကြီးချုပ် မဟာသီယာက မတ်လ ၂ ရက်နေ့မှာ လွှတ်တော်အစည်း အဝေးခေါ်ပြီး ဝန်ကြီးချုပ်အသစ်ရွေးဖို့ အဆိုပြုခဲ့တာပါ။ ဒါပေမယ့် ဘုရင်က Batasu ပါတီ ဥက္ကဋ္ဌ နဲ့ ဒုဝန်ကြီးချုပ်ဟောင်း မူယက်ဒင်ယက်ဆင်ကို ရွေးချယ်လိုက်တဲ့အတွက် မတ်လ ၂ ရက်နေ့ လွှတ်တော်အစည်းအဝေးခေါ်ဖို့မဖြစ်နိုင်တော့ဘူး။

မဟာသီယာကတော့ လက်မလေ ျှာ့သေးပဲ သူ့မှာ လုံလောက်တဲ့ထောက်ခံမဲရနေပြီဖြစ်တဲ့ အတွက် မတ်လ ၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးခေါ်ပြီး သူ နဲ့ မူယက်ဒင် ဘယ်သူ ဝန်ကြီးချုပ် ဖြစ်သင့်သလဲဆိုတာကို မဲခွဲသင့်တယ်လို့တောင်းဆိုခဲ့တယ် ။ သူ့တောင်းဆိုချက်ကို အန်ဝါ နဲ့ PH ညွှန့်ပေါင်းအဖွဲ့ကလည်း ထောက်ခံခဲ့တယ်။ မဟာသီယာက အဲဒီအစည်းအဝေး မှာ သူ့ပါတီဟောင်း Batasu က အမတ်တွေကို သူ့ကိုထောက်ခံအောင် စည်းရုံးနိုင်လိမ့်မယ်လို့ မေ ျှာ်လင့်နေတာဖြစ်ပါတယ်။

ဒါပေမယ့် ပြဿနာက မလေးရှားလွှတ်တော်စည်းကမ်းအရ ဒီလို အရေးပေါ် အစည်းအဝေးခေါ် တာကို ဝန်ကြီးချုပ်ကပဲ လုပ်လို့ရတယ်။ ဝန်ကြီးချုပ် မူယက်ဒင်ကတော့ သူ့ အနေနဲ့ အစိုးရအဖွဲ့ ဝင် ဝန်ကြီးတွေကိုတောင် မခန့်ရသေးတဲ့အတွက် လွှတ်တော်အစည်းအဝေးခေါ်စရာအကြောင်း မရှိသေးဘူး။ လွှတ်တော်ကို တင်ပြဖို့ အကြောင်းအချက်တွေလည်းမရှိသေးဘူး လို့ ပြောခဲ့ တယ်။

မဟာသီယာတို့ဘက်ကတော့ ဝန်ကြီးချုပ်က သူ့ အမျိုးသားညွှန့်ပေါင်း (Perikatan Nasional , PN ) အတွက် လွှတ်တော်အမတ်တွေကို မဲဆွယ်နိုင်အောင်အချိန်ဆွဲတာပဲလို့စွတ်စွဲခဲ့ကြတယ်။ လက်တွေ့မှာလည်း ပြည်ထောင်စုလွှတ်တော်ထဲမှာသာမက ပြည်နယ်လွှတ်တော်တွေမှာ တောင် PH ညွန့်ပေါင်းအဖွဲ့ဝင် လွှတ်တာ်အမတ်တွေ ဘက်ပြောင်းကုန်တဲ့အတွက် PH ဦးဆောင်တဲ့ ပြည် နယ်အစိုးရတွေ ပြုတ်ကျပြီး အစိုးရသစ် ဖွဲ့နေရတယ်။

မလေးရှားနိုင်ငံရေးမှာ အရေးပါတဲ့ ဂျိုဟိုးပြည်နယ် နဲ့ မလက္ကာ ပြည်နယ်တွေမှာ အမျိုးသားညွှန့်ပေါင်း PN အစိုးရဖွဲ့လိုက်ပြီ။ ပါရက် နဲ့ ကာဒါ ပြည်နယ်တွေမှာလည်း PH ပါတီ အခြေ အနေ မကောင်းဘူး။ ပြီးခဲ့တဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာ PH ညွှန့်ပေါင်းအဖွဲ့က ပြည်နယ် ၉ ပြည်နယ်အနက် ၇ ပြည်နယ်မှာ အစိုးရဖွဲ့နိုင်ခဲ့တာဖြစ်ပါတယ်။ အခုတော့ ၅ ပြည်နယ်ပဲကျန်တော့ တယ်။

မလေးရှားနိုင်ငံရေးမှာက ပြည်နယ်အစိုးရတွေက အဲဒီပြည်နယ်ကနေ ရွေးကောက်ပွဲဝင်မယ့် ပြည် ထောင်စုအဆင့်လွှတ်တော်အမတ်တွေကို ဘဏ္ဍာရေးအရ၊ စည်းရုံးရေးအရ အထောက် အကူအများကြီးပေးနိုင်တယ်။ ဒါ့ကြောင့် PN ခေါင်းဆောင်တဲ့ ပြည်နယ်အစိုးရတွေ များများ ပေါ် လာရင် ဝန်ကြီးချုပ် မူယက်ဒင် အတွက် လွှတ်တော်တွင်းထောက်ခံမှုရအောင် စည်းရုံးရတာ ပို လွယ်မှာဖြစ်ပါတယ်။

အခုအတိုင်းဆိုရင်တော့ နိုင်ငံရေးချိန်ခွင်လ ျှာက ဝန်ကြီးချုပ် မူယက်ဒင်ဘက်ကို အလေးသာ နေ တယ်။ မူယက်ဒင်ကလည်း အရင် အာဏာရပါတီ UMNO နဲ့ ညွန့်ပေါင်းဖွဲ့ထားပေမယ့် သူ့ အစိုး ရ အဖွဲ့မှာ နံမည်ပျက်ရှိတဲ့ UMNO ခေါင်းဆောင်တွေကို တာဝန်ပေးမှာမဟုတ်ဘူးလို့ ကတိပေး ထားတယ်။

မဟာသီယာက သတင်းစာရှင်းလင်းပွဲမှာ PH ညွှန့်ပေါင်းအစိုးရပြိုကွဲရတာဟာ ဝန်ကြီးချုပ် အတင်း လုပ်ချင်နေတဲ့ အန်ဝါအီဘရာဟင်ရယ်၊ အာဏာမက်တဲ့ မူယက်ဒင် သစ္စာဖောက်တာရယ်ကြောင့် ဖြစ်တယ်လို့ ဆိုခဲ့တယ်။

ဒါပေမယ့် ၉ ၄ နှစ် အရွယ်ရောက်နေတာတောင် အာဏာလက်မလွှတ်ချင်သေးတဲ့ သူ့အကြောင်း ကိုတော့ ထည့်မပြောခဲ့ဘူး။ “ဘယ်လောက် အက ကောင်းတဲ့ မင်းသားဖြစ်ပါစေ တစ်ချိန်မှာတော့ ဇာတ်စင်ပေါ်က ဆင်းပေးရမယ်” လို့ ပက်ထရစ် လူမွန်ဘားပြောခဲ့တဲ့စကား သူကြားဖူးပုံမရဘူး။

မဲခေါင် ခရီးသည် (၁၈)

ဖေဖော်ဝါရီလ ၆ ရက်နေ့မှာ ဗန်ဗီယင်း မြို့ကနေ လာအိုနိုင်ငံ မြို့တော်ဗီယန်ကျင်းကို ခရီးဆက်ခဲ့ တယ်။ ဗန်ဗီယင်း – ဗီယန်ကျင်းက ကီလို ၁၅၈ ကီလိုမီတာပဲဝေးပြီးလမ်းလည်းကောင်းတဲ့အတွက် သက်တောင့်သက်သာပဲ မောင်းလို့ရပါတယ်။

နေ့လယ်စာကို Nam Ngum ရေအားလ ျှပ်စစ်စီမံကိန်းနေရာမှာ ဝင်စားဖို့အတွက် ခရီးသွား အေဂျင်စီက စီစဉ်ထားတယ်။ ကျွန်တော်တို့ဆီမှာက သာမန်ခရီးသွားတွေ အစိုးရ စီမံကိန်းတွေမှာ ဝင်နားလို့ မရဘူးဆိုတော့ စီမံကိန်းနေရာမှာ နေ့လယ်စာ စားမယ်ဆိုတဲ့အခါ နည်းနည်း အံ့သြ သွားတယ်။

Nam Ngum ရေအားလ ျှပ်စစ်စီမံကိန်းက Thalat ဆိုတဲ့မြို့လေးကနေ မိနစ်နှစ်ဆယ်လောက် ဝင်ရတယ်။ ဒီမြို့က ဗီယန်ကျန်းနဲ့ ကီလိုမီတာ ၉ ၀ ဝေးတယ်။ ကျွန်တော်တို့ သွားမယ့် ရေအား လ ျှပ်စစ် စီမံကိန်းအမည်အတိအကျက Nam Ngum အမှတ် (၁) ရေအားလ ျှပ်စစ်စီမံကိန်း ဖြစ်ပါတယ်။ ကားလမ်းအတိုင်းသွားတော့ ပထမဆုံး ဆည် နဲ့ ရေအားလ ျှပ်စစ်စက်ရုံကို မြင်ရတဲ့ နေရာ ရောက်တယ်။ ဆည်ကို လှမ်းမြင်ရတဲ့နေရာမှာ ပန်းခြံလုပ်ထားတယ်။ မြစ်ထဲကို တံတားလေး တစ်စင်းထိုးထားတယ်။ အဲဒီနေရာကနေ ဆည်နဲ့ စက်ရုံကို နောက်ခံထားပြီး ဓာတ်ပုံရိုက်ဖို့ ရှုခင်း ကောင်းတယ်။ တံတားထိပ်မှာ အမှတ်တရ ပစ္စည်း ရောင်းတဲ့ဆိုင်လေးတစ်ဆိုင်ရှိတယ်။ ကားရပ်နားကွင်းတစ်ခုရှိတယ်၊ ဧည့်သည်ကားတွေ လား၊ စက်ရုံဝန်ထမ်းကားတွေလားမသိဘူး။ ရပ်ထားတဲ့ကားအတော်များတယ်။

အဲဒီနေရာမှာ လမ်းခွဲတစ်ခုရှိတယ်။ ဘယ်ဘက်လမ်းခွဲက စက်ရုံသို့လို့ရေးထားတယ်။ ဒါပေမယ့် သွားလို့မရဘူး ၊ ပိတ်ထားတယ်။ ညာဘက်လမ်းခွဲက ဆည်သို့ ဆိုပြီးရေးထားတယ်။ အဲဒီအတိုင်းသွားတဲ့အခါ လမ်းက တောင်ကြောပေါ်တက်ရတယ်။ လမ်းကျဉ်း တယ်။ ဆယ်ငါးမိနစ်လောက်မောင်းလိုက်တာ့ တောင်ကြောတစ်ခု ထိပ်ကိုရောက်တယ်ဆိုရင်ပဲ ဆည်ရေပြင်ကျယ်ကြီးကို လှမ်းမြင်လိုက်ရတယ်။

ဆည်ရေမျက်နှာပြင်အကျယ်က ၃၇၀ စတုရန်းကီလိုမီတာရှိတယ်။ လာအိုနိုင်ငံရဲ့ အကြီး ဆုံးရေ ကန်ကြီးပဲ။ ဒါ့ကြောင့်လည်း ဒီဆည်ကို “ လာအိုပင်လယ်” လို့လည်းခေါ်ကြတယ်။ ပြာလဲ့လဲ့ ရေပြင် နဲ့ ကျွန်းလေးတွေနဲ့ မြင်ကွင်းက ကုန်းတွင်းပိတ်နိုင်ငံတစ်ခုအတွက်တော့ တကယ့် ပင်လယ်လိုပါ ပဲ။

တောင်ကြောထိပ်ကနေ အောက်ကို ဆင်းလာတဲ့အခါ လမ်းခွဲတစ်ခုတွေ့တယ်။ လမ်းဆုံနေရာ မှာ အပျော်စီးသဘောၤပုံတွေနဲ့ ကြော်ငြာတွေထောင်ထားတယ်။ ဘယ်ဘက်ကို သွားရင် Na Nam ဆိုတဲ့ ရွာလေးကိုရောက်တယ်။ တည့်တည့်ဆက်သွားရင် ဟိုတယ်တွေဘက်ကို ရောက်တယ်။ ကျွန်တော်တို့ကားက ရွာလေးဘက်ကို ဝင်လိုက်တယ်။ ဝင်လိုက်တာနဲ့ လမ်းဘေးမှာ ဘတ်စ် ကားတွေ၊ ကိုယ်ပိုင်ကားတွေရပ်ထားတာတွေ့ရတယ်။ ငါးပိ၊ ငါးခြောက်ရောင်းတဲ့အိမ်ဆိုင်လေး တွေရှိတယ်။ လမ်းအဆုံးမှာ သဘောၤဆိပ်၊ သဘောၤဆိပ် ဘေးမှာ Nam Ngum စားသောက် ဆိုင် လို့ ဆိုင်းဘုတ်ရေးထားတဲ့ အုတ်ကြွတ်မိုးအဆောက်အဦတစ်ခုရှိတယ်။ ဆည်ကမ်းနဖူးမှာ ဆောက် ထားတဲ့ ဒီဆိုင်က ကျွန်တော်တို့နေ့လည်စာစားမယ့်ဆိုင်ပဲ။ ဆိပ်ကမ်းမှာ ခရီးသွားတွေ အတွက် သတင်းအချက်အလက်မ ျှဝေပေးတဲ့ ရုံးခန်းလေးရိုှတယ်။ ရေလုပ်ငန်းဖွံဖြိုးတိုးတက်ရေး ရုံး ဆိုတာလည်း တွေ့တယ်။

ဒီ Nam Ngum ရေအားလ ျှပ်စစ်စီမံကိန်းက လာအိုနိုင်ငံရဲ့ ပထမဆုံး ရေအားလ ျှပ်စစ်စီမံကိန်း ပဲ။ ဂျပန်၊ အမေရိကန် နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ အကူအညီနဲ့ ၁၉ ၆၈ ခုနှစ်မှာတည်ဆောက်တယ်။ ၁၉ ၇၁ မှာပထမ အဆင့်စီမံကိန်းပြီးတယ်။ လ ျှပ်စစ်ဓာတ်အား ၃၀ မဂ္ဂါဝပ်ထုတ်နိုင်တယ်။ စက်ရုံဒီဇိုင်းက နောက်ထပ် တာဘိုင်စက်တွေ တိုးချဲ့တပ်ဆင်နိုင်အောင် ရေးဆွဲထားခဲ့တယ်။ ၁၉ ၇၆ – ၁၉ ၈၀ မှာ ဒုတိယအဆင့်စီမံကိန်းကို ကမ္ဘာ့ဘဏ် နဲ့အာရှဖွံ့ဖြိုးရေးဘဏ် တို့အကူအညီနဲ့ ဆက်လုပ်တယ်။ ၈၀ မဂ္ဂါဝပ်တိုးထုတ်နိုင်ဖို့ တာဘိုင်နှစ်လုံးထပ်တပ်ဆင်တယ်။ ၁၉ ၈၃-၈၄ မှာ နောက်ထပ် ၄၀ မဂ္ဂါဝပ်ထုတ်နိုင်တဲ့ တာဘိုင်စက်တစ်လုံးထပ်တိုးချဲ့ဆင်ခဲ့တယ်။

၁၉ ၇၆ ခုနှစ် မှာတော့ လာအိုအစိုးရက ဆည်စီမံကိန်းကြောင့်ရွှေ့ပြောင်းခဲ့ရတဲ့ဒေသခံတွေ အတွက် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးစီမံချက်ကို စတင်ခဲ့တယ်။ အဲဒီစီမံကိန်းကို နယ်သာ လန် နဲ့ဆွစ်ဇာလန်နိုင်ငံတွေက အကူအညီပေးခဲ့တယ်။ လာအိုနိုင်ငံ တံခါးဖွင့်မူဝါဒ ကျင့်သုံးလာတော့ ခရီးသွားလုပ်ငန်းကိုပါ ထပ်ဖြည့်လိုက်တယ်။ အခု ဆည်ထဲမှာ ရေလုပ်ငန်းလုပ်နေတဲ့ တံငါသည် သုံးထောင်ကျော်ရှိတယ်လို့ဆိုတယ်။

ကျွန်တော်တို့ရောက်နေတဲ့ဆိပ်ကမ်းမှာ အပျော်စီး မော်တော်၊ သဘောၤတွေရှိတယ်။ စက်တပ်ပဲ့ထောင် လှေတွေမရှိဘူး။ မော်တော် အသေး တစ်စီးကို အနည်း ဆုံး လူနှစ်ဆယ်ဆန့်တယ်။ အဲဒါကနှစ်နာရီခရီးအတွက် မြန်မာငွေ သုံးသောင်းကျော်ပေးရတယ်။ နှစ်ထပ်သဘောၤဆိုရင် ငါး သောင်းကျော်ပေးရတယ်။ တစ်ထပ်သဘောၤက လေးသောင်းကျော်ပေးရတယ်။

ဆည်ထဲက ကျွန်းတွေကို သွားပြီးရေကူး၊အပန်းဖြေတာလုပ်မယ့်သူတွေက မော်တော် အသေး လေးတွေငှားတယ်။ ဒီနားက ကျွန်းတွေပေါ်မှာတော့ လူလုပ် အပန်းဖြေစရာမရှိဘူး။ ကိုယ့် ဘာသာကို အပန်းဖြေ၊ ရေကူး ဒါပဲလုပ်လို့ရတယ်။ သုံးနာရီလောက်မောင်းရင်တော့ အိမ်ခြေ တစ်ရာကျော်ရှိတဲ့ တံငါရွာတစ်ရွာ တည်ထားတဲ့ကျွန်းကို သွားလို့ရတယ်လို့ပြောတယ်။ တစ်ထပ် သဘောၤ၊ နှစ်ထပ် သဘောၤ နဲ့ သွားတဲ့ သူတွေကတော့ စားသောက်ဆိုင်က အစားအသောက်တွေ၊ ဘီယာတွေ တင်ပြီး စား သောက်ရင်းအပန်းဖြေကြတယ်။ အပျော်စီးရေယာဉ်တွေကို ဆည် နဲ့ စက်ရုံ အနားကို လာခွင့်မပြုဘူး။ ကျန်တာတော့ ကြိုက်တဲ့နေရာသွားလို့ရတယ်။

ဒီဆိပ်ကမ်းမှာ ဧည့်သည်ကား ဆိုက်တာနဲ့ အလုအယက်ခေါ်မယ့် သူမရှိဘူး။ ကုန်းပေါ် မှာ၊ ရေထဲမှာ အမှိုက်မရှိဘူး။ မော်တော်ငှားမယ့်သူတွေက ဆိုင်းဘုတ်ထောင်ထားတဲ့ နေရာ တွေမှာ သွားမေးကြတယ်။ ဒေါ်လာနဲ့တွက်ရင် ဈေးသက်သာတော့ လေးငါးယောက်နဲ့လည်း တစ်စီးလုံး ငှားပြီးသွားတာတွေ့ရတယ်။ ပုံမှန်ဆွဲတဲ့ ခရီးစဉ်မျိုးတော့ မရှိဘူး။ ခရီးသည်တွေ အချင်းချင်း ညှိပြီး စုငှားတာမျိုးပဲရှိတယ်တဲ့။

ဆိပ်ကမ်းမှာ ရေယာဉ်အရွယ်အစားမျိုးစုံ ဆယ်စီးလောက်ရပ်ထားတာတွေ့ရတယ်။ ဟိုး အဝေး ရေပြင်ထဲမှာ နှစ်စီးတွေ့တယ်။ ငါးလုပ်ငန်းရုံးဘက်က ဆိပ်ခံမှာလည်း ဆယ်စီး လောက်ရှိတယ်။ အဲဒီမှာတော့ မော်တော်အသေးတွေများတယ်။ ရုံးပိတ်ရက် တွေဆိုရင်တော့ ဧည့်သည်များတယ်တဲ့။ ကျွန်တော်တို့ရောက်ချိန်မှာတော့ ဧည့်သည် နှစ်ဆယ် လောက်ပဲတွေ့တယ်။ ထိုင်းလို့ထင်ရတဲ့အုပ်စုကတော့ စားသောက်ဆိုင်က အစား အသောက်တွေမှာ ပြီး သဘောၤပေါ်တင်ထွက်သွားတယ်။

ဆိပ်ကမ်းနဲ့ မလှမ်းမကမ်း ဆည်ရေပြင်ထဲမှာ ညနေ နေဝင်ချိန် ညစာ စားချင်တဲ့သူတွေအတွက် ဖောင်လေးတွေရှိတယ်။ ဆိပ်ခံဘောတံတားနားမှာ ရေဆော့နိုင်ဖို့အတွက် ရေပေါ် ရေကူးကန်လေးလုပ်ပေးထားတယ်။ ညစာစားပွဲတွေဘာတွေ လုပ်နိုင်တဲ့ ရေပေါ်နှစ်ထပ်ဆောင်တစ်ခုလည်းတွေ့တယ်။

ကျွန်တော်တို့ရောက်နေတဲ့ ရွာတစ်ဝိုက်မှာတော့ ဟိုတယ်အသေးခြောက်ခုရှိတယ်။ ဒါပေမယ့် ဆည်အဖျားဘက်မှာတော့ Dansavanh Nam Ngum Resort ဆိုတာရှိတယ်။ အဲဒါကတော့ ထိုင်း နဲ့ တရုတ်တွေအတွက် ဖွင့်ထားတဲ့ လောင်းကစားဝိုင်းတွေရှိပြီး ကားနဲ့တိုက်ရိုက်သွားလို့ရတယ် လို့ ပြောတယ်။

ရေအားလ ျှပ်စစ်စီမံကိန်း နဲ့ ဒေသခံတွေအတွက် ရေလုပ်ငန်း၊ ခရီးသွားလုပ်ငန်း တွဲဖက်ပြီး လုပ် ဆောင်ထားတာကို မြင်တဲ့အခါ ကျွန်တော်တို့ဆီမှာရောလုပ်လို့မရဘူးလားလို့ စဉ်းစား မိတယ်။ အဲဒီလိုပြောရင် စက်ရုံလုံခြုံရေး စိတ်မချရဘူး၊ ခရီးသွားတွေ စည်းကမ်းမဲ့ အမှိုက်ပစ်တဲ့ အတွက် ဆည်ရေ ညစ်ညမ်းမယ်လို့ အကြောင်းပြမှာကိုလည်း မြင်ယောင်မိတယ်။

ဒါပေမယ့် လာအိုတွေတောင် ဆည်နဲ့ စက်ရုံ လုံခြုံရေးကို မထိခိုက်ဘဲ အပန်းဖြေလို့ရအောင်၊ ဒေသခံ တွေရော ဧည့်သည်တွေပါ စည်းကမ်းမဲ့ အမှိုက်မပစ်အောင် လုပ်နိုင်ခဲ့ရင် ကျွန်တော်တို့ လည်း ကြိုးစားကြည့်သင့်တယ်လို့ထင်ပါတယ်။

ပွဲကြိုက်သူများနဲ့ ဗိုင်းရပ်စ် ကာကွယ်ရေး

ဝူဟန် ဗိုင်းရပ်စ် လို့ သိကြတဲ့ ကိုရိုနာဗိုင်းရပ်စ် COVID -19 ကို ကူးစက်မြန်ရောဂါအဖြစ် သတ်မှတ်ကြောင်း ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာ အမိန့်ထုတ်ပြန်ခဲ့တယ် ။ ဒီအမိန့်ကို “ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေး ဥပဒေ” က ပေးထားတဲ့လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အဲဒီအမိန့်နဲ့အတူ အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေ ကျင်းပရမယ့် လူစု လူဝေး နဲ့ ပွဲလမ်းသဘင်များကို ပဲ ကျင်းပဖို့ ပန်ကြားချက်တစ်စောင်လည်းထုတ်ပြန်ခဲ့တယ်။

ဒါပေမယ့် တိုင်းဒေသကြီး နဲ့ ပြည်နယ်အသီးသီးမှာ “ အခြေအနေအကြောင်းကြောင်းကြောင့် မဖြစ်မနေ ကျင်းပရမယ်” ဆိုတဲ့ စကားရပ်အပေါ်နားလည်မှုအမျိုးမျိုးရှိနေတာကိုအခုလို တွေ့ရ ပါတယ်။

၁။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ချင်းတွင်းသင်္ကြန်မလုပ်တော့ဘူး။ ပုံ ၁
၂။ ရန်ကုန်သင်္ကြန်ကို ရေကစားမဏ္ဍပ်တွေ လေ ျှာ့ချဖို့မရှိဘဲ ယခင်နှစ်များကဲ့သို့ စည်ကားစွာကျင်းပမယ် ။ သင်္ကြန်က ဝူဟန်နဲ့ လွတ်နိုင်မယ်လို့ မေ ျှာ်လင့်တယ်။ ပုံ ၂
၃။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သီပေါ ဘော်ကြိုဘုရားပွဲ မကျင်းပတော့။ ပုံ ၃
၄။ ရွှေစက်တော်ဘုရားပွဲ ဆက်လုပ်မယ်၊ မန်းရွှေစက်တော် ဘုရားကြီးအရိပ်ကို ခိုရင် ခုနှစ်ရက် သားသမီး ကပ်ရောဂါကနေ ကင်းဝေးမယ်။ ပုံ ၄ နဲ့ ၅

“ ကူးစက်ရောဂါများ ကာကွယ်နှိမ်နင်း ရေး ဥပဒေ” ပုဒ်မ ၁၉ မှာတော့ ကျန်းမာရေးဝန်ကြီး ဌာနက လုပ်ပိုင်ခွင့်အပ်နှင်းခံရတဲ့ အဖွဲ့အစည်း ဒါမှမဟုတ် ကျန်းမာရေးအရာရှိက အချိန်ကာလ တစ်ခုအထိ တားမြစ်ခွင့်၊ ကန့်သတ်ခွင့်ရှိတယ်လို့ ဆိုတယ်။ ဒါပေမယ့် ၁၉ (င) မှာပြဋ္ဌာန်း ထား ချက်က ကူးစက် မြန် ရောဂါ ဖြစ်ပွားမှသာ အခမ်းအနားတွေ၊ပွဲလမ်းသဘင်တွေကို တားမြစ်တာ၊ ကန့်သတ်တာ၊ ဆက်လက်လုပ်ဆောင် ခွင့်ပေးတာကို လုပ်လို့ရမယ့် သဘော သက်ရောက်နေတယ်။ ပုံ ၆

ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်ရင်တော့ ဖြစ်မှ လုပ်ရင်အတော်နောက်ကျမယ့် အခြေ အနေမှာရှိပါတယ်။ ဒါ့ကြောင့်လည်း နိုင်ငံအတော်များများမှာ လူစုလူဝေး နဲ့လုပ်မယ့် ဘာသာ ရေး၊ ယဉ်ကျေးမှု၊ အားကစား၊ ပညာရေး အခမ်းအနားတွေကို ရွှေ့ဆိုင်းတာ၊ ပယ်ဖျက်တာတွေ လုပ်နေ တာကို တွေ့ရမှာဖြစ်ပါတယ်။

တကယ်တော့ မြန်မာနိုင်ငံအတွင်း ဘယ်နေရာမှာ ဖြစ်ဖြစ် တစ်နိုင်လုံးကို အတိုင်းအတာ တစ်ခု အထိ အကျိုးသက်ရောက်မှုရှိမှာပါပဲ။ ဗိုင်းရပ်စ်ကတော့ ရန်ကုန်၊ မုံရွာ၊ မကွေး၊ သီပေါ ခွဲခြားနေမှာမဟုတ်ပါဘူး။

ဒ့ါကြောင့် မြန်မာနိုင်ငံမှာလည်း ဒီကပ်ရောဂါကြိုတင်ကာကွယ်ရေးအတွက် အခမ်းအနားများ၊ ပွဲလမ်းသဘင် များ ကျင်းပတာနဲ့ပတ်သက်ပြီး တစ်နိုင်ငံလုံး တစ်ပြေးညီလိုက်နာသင့်တဲ့ မူဝါဒတစ်ခုကို ပြည် ထောင်စုအစိုးရက ထုတ်ပြန်သင့်ပြီလို့ထင်ပါတယ်။

မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး (၂)

မလေးရှားဝန်ကြီးချုပ် နေရာအတွက် မဟာသီယာ နဲ့ အန်ဝါ ကြားလွန်ဆွဲပွဲကနေ ရှုပ်ထွေးလာတဲ့ မလေးရှားနိုင်ငံရေးဟာ နောက်ထပ် အလှည့်အပြောင်းတစ်ခုနဲ့ ကြုံခဲ့ပြန်ပါပြီ။

ဖေဖော်ဝါရီ ၂၄ ရက်နေ့ မဟာသီယာ ဝန်ကြီးချုပ်အဖြစ်က နှုတ်ထွက်ပြီးတဲ့နောက်မှာ မလေးရှား ဘုရင်က ု ဖေဖော်ဝါရီလ ၂၅ ၊ ၂၆ ရက်နေ့တွေမှာ လွှတ်တော်အမတ် ၂၂၂ ယောက်ကို တစ်ဦး ချင်းခေါ်တွေ့ခဲ့တယ်။ ဘုရင်က အမတ်တွေကို ဝန်ကြီးချုပ်နေရာအတွက် မဟာသီယာ ကို ထောက်ခံသလား၊ အန်ဝါကို ထောက်ခံသလား၊ ဒါမှမဟုတ် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် လုပ်တာလိုချင်သလားလို့ မေးခဲ့တယ်လို့ဆိုတယ်။

အဲဒီအချိန်မှာ မဟာသီယာရော၊အန်ဝါ နှစ်ယောက်လုံးက သူတို့ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံ မယ့် အမတ်အရေအတွက်ရှိတယ်လို့ပြောခဲ့ကြပေမယ့် ဘုရင်ကတော့ ဘယ်သူမှ ဝန်ကြီးချုပ် ဖြစ် ဖို့အတွက် လုံလောက်တဲ့ထောက်ခံမှုမရဘူးလို့ ပြောခဲ့တယ်။ ဒါ့အပြင် ဝန်ကြိးချုပ် အဖြစ် ဘယ်သူ့ကို တာဝန်ပေးမလဲဆိုတာ သူဆုံးဖြတ်မှာမဟုတ်ဘူး။ လွှတ်တော်ကပဲ ဆုံးဖြတ်ရလိမ့်မယ် လို့ လည်း ဆိုတယ်။ အဲဒီအချိန်မှာ အတိုက်အခံပါတီကြီးနှစ်ခုဖြစ်တဲ့ UMNO နဲ့ PAS ကတော့ ပါတီခေါင်းဆောင်တွေအစည်းအဝေးလုပ်ပြီး ရွေးကောက်ပွဲအသစ် လုပ်နိုင်တဲ့အခြေအနေတွေကို ဆွေးနွေးခဲ့တယ်။

ဘုရင်က ဝန်ကြီးချုပ်နေရာအတွက် လွှတ်တော်ကပဲ ဆုံးဖြတ်လိမ့်မယ်လို့ပြောပြီးတဲ့အချိန်မှာ တော့ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ မဟာသီယာက မတ်လ ၂ ရက်နေ့ လွှတ်တော် အစည်း အဝေးခေါ်ပြီး မဲခွဲမယ်လို့ ကြေညာခဲ့တယ်။

ဒါပေမယ့် ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာတော့ မလေးစော်ဘွားကောင်စီအစည်းအဝေးလုပ်ခဲ့ပြီး နိုင်ငံရေးအကျပ်အတည်းကိစ္စကို ဆွေးနွေးခဲ့ကြတယ်။ ( မလေးဘုရင်ကို စော်ဘွား ကိုးယောက် ထဲက နေ အလှည့်ကျရွေးပြီး ငါးနှစ်သက်တမ်းတာဝန်ယူရတာဖြစ်ပါတယ်။ ) အဲဒီနေ့မှာပဲ လွှတ် တော်ဥက္ကဋ္ဌက ယာယီဝန်ကြီးချုပ်မဟာသီယာကို မတ်လ ၂ ရက်နေ့မှာ လွှတ်တော်ခေါ်ယူ ဖို့မဖြစ်နိုင်ဘူးလို့အကြောင်းပြန်ခဲ့တယ်။

အဲဒီအချိန်မှာပဲ မဟာသီယာ ဥက္ကဋ္ဌလုပ်ခဲ့တဲ့ Bersatu ပါတီက သူတို့အနေနဲ့ လက်ရှိ ပါတီ ဥက္ကဋ္ဌ Muhyiddin Yassin ကို ဝန်ကြီးချုပ်တာဝန်ပေးဖို့ ဘုရင်ကို တင်ပြခဲ့တယ်။ UMNO နဲ့ PAS ပါတီ ကလည်း ထောက်ခံခဲ့တယ်။ အန်ဝါရဲ့ပါတီကနေ ခွဲထွက်လာတဲ့ အုပ်စုကလည်း ထောက်ခံတယ်။

လက်ရှိလွှတ်တော်မှာ Bersatu ပါတီက ၂၆ နေရာ၊ UMNO က ၄၈ နေရာ၊ PAS က ၁၂ နေရာ နဲ့ ဝန်ကြီး အစ်ဇ်မင်းခေါင်းဆောင်တဲ့ PKR ခွဲထွက်အဖွဲ့က လွှတ်တော် အမတ် ၁၀ နေရာရှိတဲ့ အတွက် ၉ ၆ မဲရတယ်။ ဒါပေမယ့် အစိုးရဖွဲ့ဖို့အတွက်လိုအပ်တဲ့ မဲက ၁၁၂ မဲဖြစ်နေတယ်။ Bersatu ကတော့ အမတ်နေရာ ၁၈ နေရာရှိတဲ့ GPS ပါတီကလည်း သူတို့ကို ထောက်ခံတဲ့ အတွက် ထောက်ခံမဲ ၁၁၄ မဲရပြီလို့ပြောခဲ့တယ်။

ဖေဖော်ဝါရီလ ၂၉ ရက်နေ့မှာတော့ အန်ဝါခေါင်းဆောင်တဲ့ လက်ကျန် PH ညွှန့်ပေါင်းအဖွဲ့က မဟာသီယာကိုပဲ ဝန်ကြီးချုပ်အဖြစ်ထောက်ခံတော့မယ်လို့ သဘောထားပြောင်းပြီးကြေညာ ခဲ့တယ်။ အန်ဝါကတော့ သူ ဝန်ကြီးချုပ်မဖြစ်နိုင်ရင် UMNO ပါတီ ပါဝင်တဲ့ ညွှန့်ပေါင်းအစိုးရ ဖြစ် တာကိုတော့ လက်မခံဘူး၊ မဟာသီယာဝန်ကြီးချုပ်ဖြစ်တာကတော်သေးတယ်လို့ ယူဆခဲ့ပုံရ တယ်။ ဒါပေမယ့် PH ညွှန့်ပေါင်းက လွှတ်တော်ထဲမှာ အမတ် ၉ ၂ ပဲ ရှိတဲ့အတွက် ကျန်တဲ့ ပါတီ တွေထောက်ခံမှုမရဘဲ အစိုးရဖွဲ့ဖို့အတော်ခက်တယ်။

အဲဒီနေ့ မနက်ဆယ်နာရီမှာပဲ Bersatu, UMNO , PAS ပါတီခေါင်းဆောင်သုံးယောက်ဟာ ဘုရင် ကို သွားရောက်တွေ့ဆုံတင်ပြခဲ့တယ်။ နေ့လယ် တစ်နာရီကျော်မှာတော့ အန်ဝါက ဘုရင်ကို သွား ရောက်တွေ့ဆုံပြီး PH ညွှန့်ပေါင်းအဖွဲ့အနေနဲ့ မဟာသီယာကို ပြောင်းလဲထောက်ခ ံပါ ကြောင်းတင်ပြခဲ့ပါတယ်။ ( ဖေဖော်ဝါရီ ၂၅၊ ၂၆ ရက်နေ့ ဘုရင်က ခေါ်ယူမေးမြန်းချိန်မှာ PH အမတ် ၉ ၂ ယောက်လုံးက အန်ဝါကို ဝန်ကြီးချုပ်အဖြစ်ထောက်ခံကြောင်းတင်ပြခဲ့တာပါ။ )

အဲဒီ ညနေ လေးနာရီ ခွဲအချိန်မှာတော့ မလေးရှားဘုရင်က Bersatu ပါတီဥက္ကဋ္ဌ Muhyiddin Yassin ကို ဝန်ကြီးချုပ်တာဝန်ပေးဖို့ ဆုံးဖြတ်ကြောင်းကြေညာခဲ့တယ်။

ဒီကြေညာချက်က မဟာသီယာကိုရော၊ အန်ဝါကိုရော အငိုက်မိသွားစေတယ်။ မဟာသီယာက သူ့အနေနဲ့ ဘုရင်ကို ဘာမှ တင်ပြခွင့်မရခဲ့ပဲနဲ့ ဘုရင်က ဝန်ကြီးချုပ်နေရာအတွက် ဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့တယ်။ ရွေးကောက်ပွဲမှာ အနိုင်ရသူက အတိုက်အခံ ဖြစ်သွားပြီး ရွေး ကောက်ပွဲ ရှုံးသူတွေက အစိုးရဖြစ်သွားတာဟာလည်း အလွန်ထူးဆန်းတယ် လို့ ပြောတယ်။

မဟာသီယာက မတ်လ ၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးကျင်းပတဲ့အခါ အမတ်တွေက ဘယ်သူ့ကို ဝန်ကြီးချုပ်အဖြစ်ထောက်ခံသလဲဆိုတာ ကွဲကွဲပြားပြားသိရမှာပဲလို့လည်း ပြောခဲ့ တယ်။ သူ့အနေနဲ့ကတော့ သူ့ပါတီဟောင်း Bersatu က အမတ်တစ်ချို့က ဘက်ပြောင်းလာ မယ်လို့မေ ျှာ်လင့်ထားပုံပဲ။

လောလောဆယ်ဆယ်တော့ ဝန်ကြီးချုပ်အသစ် Muhyiddin Yassin က မတ်လ ၁ ရက်နေ့မှာ ကတိသစ္စာပြုပြီး ဒီနေ့ မတ်လ ၂ ရက်နေ့မှာ စတင်တာဝန်ထမ်းဆောင်နေပြီ။

မတ်လ ၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးမှာ ဘာဖြစ်မလဲဆိုတာစောင့်ကြည့်ရမှာပဲ။ ဒါ ပေမယ့် လွှတ်တော်ဥက္ကဋ္ဌကတော့ လွှတ်တော်အစည်းအဝေးခေါ်ဖို့ အတွက် ဝန်ကြီးချုပ်နဲ့ ညှိ ရ ဦးမယ်၊ ၉ ရက်နေ့ လုပ်ဖြစ်၊ မဖြစ် မသေချာသေးဖူးလို့ ဆိုတယ်။ ဝန်ကြီးချုပ်အသစ်ဘက်က ကြည့်ရင်တော့ ညွန့်ပေါင်းအဖွဲ့ပါတီတွေကြားမှာ ဝန်ကြီးနေရာတွေ ခွဲဝေရဦးမယ်၊ မဟာသီယာဘက်ကို ဘက်မပြောင်းသွားအောင် အပေးအယူတွေလုပ်ရဦးမယ်ဆိုတော့ မတ်လ ၉ ရက်နေ့မှာ လွှတ်တော်အစည်းအဝေးလုပ်ဖို့ စိတ်ပါမယ်မထင်ဘူး။

မလေးနိုင်ငံရေး အရှုပ်အထွေးကတော့ ရှင်းလေရှုပ်လေဖြစ်နေဆဲပါပဲ။

တပ်မတော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိပေးချက်ကို အလေး ထားပြီး တပ်မတော်နေ့ အခမ်းအနားကို တောင် ဆိုင်းငံထားခဲ့တယ်။

ဒါပေမယ့် တာဝန်ရှိပေမယ့် တာဝန်မသိတတ်တော့ ဗိုင်းရပ်စ်ကို မမြင်၊ ငွေကြေးတို့၊ (ကံစမ်း) မဲ တို့ပဲ မြင်ပြီး လူစုနေ တဲ့ သူတွေကလည်း ရှိတုန်း။

တပ်မတော်အနေဖြင့် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားနှင့်ပတ်သက်၍ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်းနှင့် WHO နှင့် နိုင်ငံတကာမှ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်မှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပနိုင်ရေး ဆက်လက်စီမံဆောင်ရွက်ရန် လျာထားကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
( သတင်းထုတ်ပြန်ချက်မှ ကောက်နှုတ်ချက်)

မဲခေါင် ခရီးသည် (၁၇)


ဗန်ဗီးယင်း မြို့ကို မီးပုံပျံပေါ်က ကြည့်တဲ့အခါ မြို့ အနားကဖြတ်ပြီးတောင်-မြောက် သွယ်တန်း နေတဲ့ အမြန်ရထားလမ်း စီမံကိန်းကို တွေ့ခဲ့ရတယ်။ ဗန်ဗီယင်းကနေ ဗီယန်ကျန်း မြို့တော်ကို သွားတဲ့အခါမှာလည်း အဲဒီစီမံကိန်းရထားလမ်းက တစ်ခါတစ်လေမှာ ကားလမ်းနဲ့ ပြိုင်လို့၊ တစ်ခါ တစ်လေမှာ ကားလမ်းကို ဖြတ်လို့ တွေ့ခဲ့ရတယ်။ မျက်မြင်အခြေအနေအရတော့ မြေသားလုပ် ငန်းတွေအတော်ပြီးနေပြီ။
ဒီရထားလမ်းက နန်နင်း – စင်္ကာပူ စီးပွားရေးစင်္ကြန် ၊ ဒါမှမဟုတ် တရုတ်- အင်ဒိုချိုင်းနား ကျွန်းဆွယ် စီးပွားရေးစင်္ကြန် China-Indochina Peninsula Economic Corridor (CICPEC) ရဲ့ အစိတ်အပိုင်း ဖြစ်ပါတယ်။ ဒီစင်္ကြန်က တရုတ်နိုင်ငံကဆောင်ရွက်နေတဲ့ စီးပွားရေးစင်္ကြန် ခြောက်ခုထဲက တစ်ခု ဖြစ်ပါတယ်။ ပုံ ၁
နန်နင်း- စင်္ကာပူစီးပွားရေးစင်္ကြန်ဆိုတာက တရုတ် – အာဆီယံ လွတ်လပ်သော ကုန် သွယ်မှုနယ်မြေ ASEAN–China Free Trade Area (ACFTA) အပြည့်အ၀ အသက်ဝင်ခဲ့တဲ့ ၂၀၁၀ နောက်ပိုင်းမှာ တရုတ်နိုင်ငံအနောက်ဘက် ယူနန်၊ ကွမ်ရှီးပြည်နယ်တွေနဲ့ အာဆီယံ နိုင်ငံ တွေအကြား ရထားလမ်း၊ ကားလမ်းဆက်သွယ်မှုတိုးချဲ့ဖို့ ၊ အကောက်ခွန်နဲ့ အခြားကုန်သွယ်မှု ဆိုင်ရာလုပ်ထုံးလုပ်နည်းတွေကို ဖြေေ လ ျှာ့ဖို့ ရည်ရွယ်ဆောင်ရွက်နေတဲ့ စီမံကိန်းအရပေါ် ပေါက်လာတာဖြစ်ပြီး တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်း (BRI) အောက်မှာ ပါဝင်ပါတယ်။
တရုတ် နဲ့ အာဆီယံနိုင်ငံတွေကြားဆက်သွယ်မယ့် ရထားလမ်းကွန်ယက်မှာ အစိတ်အပိုင်း သုံးခု ပါတယ်။အရှေ့ဘက်လမ်းကြောင်းကတရုတ်-ဗီယက်နမ်-ကမ္ဘောဒီးယား-ထိုင်း။အလယ်လမ်း ကြောင်း က တရုတ်-လာအို-ထိုင်း-မလေးရှား- စင်္ကာပူ။ အနောက်ဘက်လမ်းကြောင်းက တရုတ် – မြန်မာ – ထိုင်း ဖြစ်ပါတယ်။ အဲဒီလမ်းကြောင်းသုံးခု အနက် အလယ်လမ်းကြောင်းက တိုးတက်မှု အမြန်ဆုံး ဖြစ်ပါတယ်။ ဒီရထားလမ်းကွန်ယက်မှာ အဓိက ဆုံချက်က ကူမင်း နဲ့ ဘန်ကောက် ဖြစ် ပါတယ်။ လမ်းကြောင်းသုံးခုလုံးက ကူမင်းမှာ အစပြုပြီး ဘန်ကောက်မှာလာဆုံတဲ့အတွက် အကျိုး အရှိဆုံးက ထိုင်းနိုင်ငံဖြစ်နေပါတယ်။ ပုံ ၂
ကျွန်တော်တို့မြင်ခဲ့တဲ့လမ်းကြောင်းက တရုတ် – လာအို နယ်စပ် ဘိုတင် ( Boten ) ကနေ ဗီယန် ကျန်းအထိဖောက်လုပ်နေတာဖြစ်ပါတယ်။ ဗီယန်ကျန်းကနေ ထိုင်းနယ်စပ်အထိ အပိုင်းကိုတော့ ထိုင်း-လာအို – တရုတ် သုံးနိုင်ငံ ညှိနှိုင်းနေဆဲလို့ သိရပါတယ်။ ထိုင်းနိုင်ငံက သူ့နိုင်ငံထဲက ဖြတ် သွားမယ့် အပိုင်းကို တရုတ်ချေးငွေမယူဘဲ ထိုင်းအစီအစဉ်နဲ့ဖောက်လုပ်မှာဖြစ်တဲ့အတွက် လာ အို နိုင်ငံထဲက အပိုင်းကို ထိုင်းက တာဝန်ယူမှာလား၊ တရုတ်က တာဝန်ယူမှာလားဆိုတာ ညှိနေတယ် လို့ ဆိုပါတယ်။
အခုရထားလမ်းစတင်ဖောက်လုပ်မှုကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့မှာ စတင်ခဲ့တယ်။ ဒီရထားလမ်း စီမံ ခန့်ခွဲမှုကို တရုတ်က ၇၀% ၊ လာအိုက ၃၀% ပိုင်ဆိုင်တဲ့ Laos-China Railway ကုမ္ဗဏီက တာဝန် ခံဆောင်ရွက်မှာဖြစ်ပါတယ်။ တရုတ်နည်းပညာနဲ့ စက်ပစ္စည်းတွေကို သုံး ပါ့မယ်။ ဒီရထားလမ်း စီမံ ကိန်းအတွက် ကုန်ကျစရိတ်က ဒေါ်လာ ၅.၉ ၅ ဘီလျံ ဖြစ်ပြီး လက်ရှိ အချိန်ထိ တရုတ်ဘက်က ၁.၆၇ ဘီလျံ နဲ့ လာအိုဘက်က ၇၁၅ သန်း သုံးထားပြီးပါပြီ။ နောက်ထပ် တရုတ်ဘက်က ၂.၄၆ ဘီလျံနဲ့ လာအိုဘက်က ၁.၁ ဘီလျံ ထပ်သုံးဖို့ရှိတယ်။ လာအိုက အခုထိ သုံးထားတဲ့ ၇၁၅ သန်း မှာ သူပိုင်ငွေ သန်း ၂၅၀ နဲ့ တရုတ်ချေးငွေ ၄၆၅ သန်း ပါတယ်။ တရုတ်ချေးငွေက ဆိုင်းငံ့ကာလ ငါးနှစ် ၊ ပြန်ဆပ်ရမယ့်ကာလ ၃၅ နှစ်နဲ့ အတိုးက ၂.၃% ဖြစ် ပါတယ်။
ဒီရထားလမ်းက ကူမင်းကနေ ဗီယင်ကျန်းအထိ ဆိုရင် ၆၃၅ မိုင်ရှည်တယ်။ တရုတ်နိုင်ငံထဲက အပိုင်းတွေက ပြီးနေပါပြီ။ အမြန်ရထားက တရုတ်နိုင်ငံထဲမှာ တစ်နာရီ ၁၂၄ မိုင်အထိ မောင်းနိုင် မှာ ဖြစ်ပြီး လာအိုနိုင်ငံထဲမှာ ၉ ၉ မိုင်အထိ မောင်းနှင်နိုင်ပါ့မယ်။ ကူမင်း ကနေ ဗီယင်ကျန်း ရောက်ဖို့ ၁၀ နာရီပဲ ကြာမယ်။ လက်ရှိ အခြေအနေမှာ ကူမင်းကနေ ဗီယန်ကျန်း အထိ ကားတစ် တန်၊ ရထားတစ်လှည့်နဲ့ သွားရမှာဖြစ်ပြီး သုံးရက်ကြာပါတယ်။ လာအိုနိုင်ငံဘက် အပိုင်းရဲ့ ၆၀% က တောတောင်ထူထပ်တဲ့အတွက်အခက်အခဲဆုံးအပိုင်းဖြစ်ပြီး တံတား ၁၆၂ စင်း၊ လှိုဏ်ခေါင်း ၇၂ ခု ဖောက်ရမယ် ။ အရှည် ၁၂၂၀ မီတာနဲ့ ၁၅၇၀ မီတာ ရှိတဲ့ မဲခေါင်မြစ်ကူးတံတားနှစ်စင်း တည် ဆောက်ရမယ်။ လာအိုနိုင်ငံထဲမှာ ဘူတာ ငါးခုပဲ ရှိမှာဖြစ်ပြီး ကမ္ဘာလှည့်ခရီးသည်တွေ အဓိက လာရောက်တဲ့ လွန်ပရာဘန်၊ ဗန်ဗီယင်း နဲ့ ဗီယန်ကျန်း တို့ပါတယ်။ ပုံ ၃
ကုန်းတွင်းပိတ်နိုင်ငံ လာအိုမှာ ရထားလမ်းအရှည် ၂.၂ မိုင်ပဲရှိတဲ့အတွက် အခုရထားလမ်းက လာ အိုနိုင်ငံစီးပွားရေးအတွက် ကြီးမားတဲ့အလှည့်အပြောင်းဖြစ်ပါတယ်။ ဒီရထားလမ်းပြီးသွားရင် ခရီး သွားလုပ်ငန်းကဏ္ဍ၊ ပို့ကုန်ကဏ္ဍတွေမှာ ပိုတိုးတက်လာမှာဖြစ်သလို တရုတ်ပို့ကုန်တွေကို အခြား အာဆီယံနိုင်ငံတွေကို ဖြတ်သန်းပို့ဆောင်တဲ့အတွက် ဖြတ်သန်းခရမယ်လို့လည်း ဆိုပါ တယ်။ ကမ္ဘာ့ဘဏ်ရဲ့တွက်ချက်မှုတစ်ခုမှာ အာရှ – ပစိဖိတ်ဒေသနိုင်ငံတွေအနေနဲ့ သယ်ပူပို့ဆောင် စရိတ်ကို ၂.၃% လျော့ချနိုင်ရင် စီးပွားရေးတိုးတက်မှုနှုန်း ၁.၇၃% ကနေ ၂.၈၁% အထိ တိုးတက် လာမယ်လို့ဆိုတယ်။
ဒါပေမယ့် အမြန်ရထားလမ်းစီမံကိန်းနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ၊ ဝေဖန်မှုတွေလည်း ရှိတယ်။ ဒီ စိုး ရိမ်မှုတွေထဲမှာ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တစ်ချို့ပြောနေသလို တရုတ်ရထားလမ်းဖြစ်လို့ အချုပ်အခြာအာဏာတွေ၊ တရုတ်မြေပိုင်သွားပြီ ဆိုတာတွေမဟုတ်ဘူး။ ဒီလို နိုင်ငံတကာ ရထား လမ်းတွေ စီမံခန့်ခွဲမှု၊ အုပ်ချုပ်မှုတွေနဲ့ပတ်သက်ရင် အခြားနိုင်ငံအများအပြားမှာ လက်တွေ့ကျင့် သုံးနေတာကြာပြီဖြစ်တဲ့အတွက် စံတွေ၊ လုပ်ထုံးလုပ်နည်းတွေရှိပြီးသားပါ။ အခု စိုးရိမ်မှု ၊ ဝေဖန် မှု တွေက ကြွေးမြီ၊ ပတ်ဝန်းကျင်ထိခိုက်မှု၊ မြေသိမ်းဆည်းမှု နဲ့ တရုတ်အလုပ်သမားပြဿနာ တွေ ဖြစ်ပါတယ်။
ကြွေးမြီနဲ့ပတ်သက်ရင် အခု စီမံကိန်းအတွက်ချေးတဲ့ အတိုးက ၂.၃%၊ ဆိုင်းငံ့ ၅ နှစ် နဲ့ ပြန် ဆပ် ကာလ ၃၅ နှစ်ဖြစ်ပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ စံအရဆိုရင် လာအိုလို ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုရဲ့ အခြေခံ အဆောက်အအုံစီမံကိန်းကို ချေးရင် အတိုးနှုန်း ဝ.၇၅%၊ ဆိုင်းငံ့ ၆ နှစ် နဲ့ ပြန်ဆပ်ကာလ ၃၈ နှစ် ဖြစ်ပါတယ်။ ဒါ့ကြောင့် လာအိုနိုင်ငံ အနေနဲ့ အတိုးနှုန်းမြင့်တဲ့ တရုတ်ချေးငွေတွေကို ပြန်ဆပ် နိုင်ပါ့မလားဆိုတဲ့ ဝေဖန်မှုတွေပေါ်လာတယ်။ လာအိုဘက်က စုစုပေါင်းထည့်ဝင်ရမယ့် ငွေ က ဒေါ်လာ ၁.၇၈ ဘီလီယံဖြစ်ပြီး အခု တရုတ်ဆီက ၄၆၅ သန်း ချေးထားပြီး လာအိုကိုယ်ပိုင်ငွေက သန်း ၂၅၀ စိုက်ထားတယ်။ ဒီတော့ နောက်ထပ်ကျန်တဲ့ငွေ တစ်ဘီလျံလောက်ကို လာအိုအနေနဲ့ သုံးနိုင်မှာမဟုတ်ဘူး။ အများစုကို တရုတ်ဆီက ချေးရမှာပဲ။ အဲဒါဆိုရင် ဆိုင်းငံ့ကာလလွန်ရင် စီမံ ကိန်းရဲ့ အကြွေးကတင် ဂျီဒီပီရဲ့ ၁၂% လောက်ဖြစ်လာမယ်လို့ Center for Global Development က ၂၀၁၉ မေလ မှာ ထုတ်ပြန်တဲ့အစီရင်ခံစာမှာဖော်ပြထားတယ်။
ပတ်ဝန်းကျင်ထိခိုက်မှု၊ မြေသိမ်းဆည်းမှု နဲ့ တရုတ်အလုပ်သမားပြဿနာ တွေ ကတော့ တရုတ် စီမံကိန်းကြီးတွေ တိုင်းမှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေပါပဲ။
လာအိုအစိုးရကတော့ စီမံကိန်း ပြီး တဲ့ အခါ တိုက်ရိုက်/ သွယ်ဝိုက်ရရှိလာမယ့် စီးပွားရေးအကျိုးအမြတ်တွေကြောင့် ကြွေးမြီ ကိစ္စတွေ အတွက် စိတ်ပူစရာမလိုဘူးလို့ပြောတယ်။ မြေသိမ်းတာတွေနဲ့ပတ်သက်ပြီး နစ်နာသူတွေအတွက် ဒေါ်လာ သန်းသုံးရာ လေ ျှာ်ကြေးပေးဖို့ လျာထားတယ်၊ လက်ရှိအလုပ်သမား သုံးသောင်း လောက်ရှိတဲ့အထဲမှာ တရုတ်အလုပ်သမားက ၂၀%လောက်ပဲရှိတယ်။ ဒါတွေကလည်း လာအို အလုပ်သမားတွေ မလုပ်နိုင်တဲ့ နည်းပညာကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းတွေအတွက်ပါလို့ဆို တယ်။ Environmental and social safeguards (ESS) တွေကိုလည်း နိုင်ငံတကာစံနဲ့အညီလုပ်ဆောင် နေပါတယ်လို့ အာမခံတယ်။
ဘာတွေဘယ်လိုပဲပြောပြော တရုတ် – လာအို အမြန်ရထားလမ်းစီမံကိန်းကတော့ အရှိန်အဟုန် ကောင်းကောင်းနဲ့ အကောင်အထည်ဖော်နေတာကို မြင်ခဲ့ရတယ်။ ။ ရောဂါပျောက်အောင် ကုတဲ့ ဆေး မှာလည်း ဘေးထွက်ဆိုးကျိုးဆိုတာ ရှိတာဖြစ်တဲ့အတွက် ဘယ်လို အခြေခံအဆောက် အအုံ စီမံကိန်းမျိုးမဆို ဘေးထွက်ဆိုးကျိုးကတော့ ရှိမှာပဲ။ အနည်းဆုံးဖြစ်အောင် လေ ျှာ့ချဖို့နဲ့ အကျိုး – အပြစ်ကို ချိန်ဆနိုင်ဖို့ပဲလိုပါတယ်။ ထိုင်ပြီး ငြင်းခုန်နေရင်တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူး။

မဲခေါင် ခရီးစဉ် (၁၆)

ဗန်ဗီယင်းမြို့ရဲ့ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်မှုတွေထဲမှာ မီးပုံးပျံနဲ့ နေထွက်ချိန်၊ နေဝင် ချိန်ကို ကြည့်တဲ့အစီအစဉ်လည်းပါတယ်။ ကျွန်တော်တို့ အဖွဲ့အစီအစဉ်မှာ မီးပုံးပျံစီးဖို့မပါဘူး။ ဗန်ဗီးယင်းကိုရောက်တဲ့ညနေ နမ့်ဆောင်မြစ်ထဲမှာ စက်လှေ စီးတယ်။ အဲဒီအချိန်မှာ ညနေ နေဝင် ဆည်းဆာကို ကြည့်ဖို့အတွက် မီးပုံးပျံတွေ တက်လာတာတွေ့တယ်။

စုံစမ်းကြည့်တော့ ဗန်ဗီယင်းမှာ မီးပုံးပျံစီးရတာ အရှေ့တောင်အာရှမှာ ဈေး အသက်သာဆုံးပဲ တဲ့။ လူကြီးတစ်ယောက် ဒေါ်လာ ၉ ဝ၊ ကလေးတစ်ယောက် ဒေါ်လာ ၅၀ ပဲကျတယ်။ ပုဂံမှာဆိုရင် တစ် ယောက်ကို ဒေါ်လာ ၃၀၀/ ၄၀၀ ပေးရတယ်လို့ ကြုံဖူးသူတစ်ယောက်ကပြောတယ်။

ဒီလို နဲ့ ဖေဖော်ဝါရီ ၆ ရက်နေ့မနက် ဗီယန်ကျင်းမြို့ကို မသွားခင် မီးပုံးပျံစီးဖို့ စီစဉ်ကြတယ်။ မနက်ကျတော့ ငါးနာရီခွဲ ဟိုတယ်ကနေ ထွက်ရတယ်။ မြို့လယ်က လေယာဉ်ကွင်းဟောင်းနေရာ ကို မီးပုံပျံကွင်းလုပ်ထားတယ်။ အဲဒီနေ့က နေဟာ ၆နာရီ ၁၅ မိနစ်မှ စထွက်မယ်ဆိုတော့ ငါး နာရီ လေးဆယ့်ငါးလောက်မှာ စပြီးပြင်ဆင်ကြတယ်။ အဲဒီနေ့က ကျွန်တော်တို့ စထွက်တဲ့ နေ ရာကနေ မီးပုံးပျံလေးလုံးတက်တယ်။

ပထမဆုံး မီးပုံးပျံ ကိုယ်ထည်ကြီးကိုမြေပေါ်မှာ အလျားလိုက်ချထားတယ်။ ပွန်းပဲ့တာတွေမဖြစ် အောင် တာလပတ်စတွေအောက်က ခံထားတယ်။ အဲဒီလို နေရာချထားပြီးတော့ ပန်ကာကြီးတစ် လုံးနဲ့ လေမှုတ်သွင်းလိုက်တဲ့အခါ တစ်ဖြေးဖြေးနဲ့ ကိုယ်ထည်ကြီးက ဖောင်းလာတယ်။ သူတို့ လို ချင်တဲ့အနေအထားရောက်တဲ့အခါ မီးပုံးပျံခြင်းကြီးမှာ တပ်ထားတဲ့ ပရိုပိန်းဓာတ်ငွေ့သုံးမီးကို ဖွင့်ပြီး မီးပုံးပျံကိုယ်ထည်ထဲက လေတွေကို အပူပေးလိုက်တယ်။ မီးပုံးပျံ ပျံတက်နိုင်ဖို့ဆိုရင် အထဲက လေ ကို ၂၀၀ ဒီဂရီ အထိ အပူပေးရတယ်လို့ ဝန်ထမ်းတစ်ယောက်က ရှင်းပြတယ်။

ဒီလိုနဲ့ မီးပုံးပျံကြီးဟာ တစ်ဖြေးဖြေးရုန်းထလာတယ်။ အပေါ်တက်ဖို့ အသင့်ဖြစ်နေပြီ။ ဝန်ထမ်း တွေက ခြင်းကြီးကို ဝိုင်းထိန်းထားကြတယ်။ ဒီအချိန်မှာပဲ ခရီးသည်တွေ တက်လို့ရပြီလို့ပြော တယ်။ ညက အင်တာနက်မှာ လေ့လာတဲ့အခါ မီးပုံးပျံမစီးခင် ကိုယ်အလေးချိန်တွေကို တိုင်းတာ ပြီး လူခွဲပေးမယ်၊ ပြီးရင် ပိုင်းလော့က စည်းကမ်းချက်တွေကို ရှင်းပြတယ်၊ လေတိုက်နှုန်း နဲ့အရပ်မျက် နှာပေါ်မူတည်ပြီး ပျံသန်းဖို့လျာထားတဲ့ လမ်းကြောင်းကို ရှင်းပြမယ် စသည်ဖြင့် သိခဲ့ရတယ်။

ဒါပေမယ့် ဗန်ဗီယင်းမှာတော့ အဲဒီလိုလုပ်တာမတွေ့ရဘူး။ လှေစီးသလို၊ ကြားကားပေါ်တိုး တက်သလို ဆယ်ယောက်က ခြင်းကြီးတဲ့ဘက်တဲ့။ လေးယောက်က ငယ်တဲ့ဘက်တက်လို့ ပြော တယ်။ ဒါနဲ့ လူကိုယ် ကိုယ့်အချင်းချင်းကြည့်ခွဲလိုက်တာပါပဲ။ ဘာစည်းကမ်းချက်မှာလည်း ရှင်းပြ မနေဘူး။ ပံျသန်းမယ့်လမ်းကြောင်းကတော့ လေသယ်ဆောင်ရာပဲလို့ ကိုယ့်ဘာသာကိုယ် သဘောပေါက်လိုက်တယ်။

ဝန်ထမ်းတွေကတော့ ကိုယ့်အလုပ်ကိုယ် ကောင်းကောင်းကျွမ်းကျင်တဲ့ပုံပါပဲ။ ကျွန်တော်စီး မယ့် မီးပုံးပျံ ပိုင်းလော့ကတော့ လာအို နိုင်ငံသားပဲ။ အင်္ဂလိပ်လည်း နည်းနည်းရတယ်။ လူပုံကတော့ ဇာတ်လိုက်လုပ်ဖို့ကောင်းတဲ့ပုံ။ နောက်တစ်ဖွဲ့စီးမယ့် မီးပုံးပျံ ကတော့ နိုင်ငံခြားသားပိုင်းလော့ ပါ။ သူကတော့ အသက်နည်းနည်းကြီးပြီ။ ခရီးစဉ်ပြီးတော့ သူ့ဖေ့စ်ဘွတ်အကောင့်မှာ မြန်မာနိုင်ငံ က ခရီးသွားတွေနဲ့ ဆုံတဲ့အကြောင်းရေးထားသေးတယ်။

ခရီးသည် တွေကို တက်ခိုင်း ပြီးတော့ အောက် လူတွေက ထိမ်းပြီး တစ်ခြားမီးပုံးပျံတွေ ကားတွေ နဲ့ လွတ် မယ့်နေရာကို ရွှေ့တယ်။ ပိုင်းလော့က လေကြောင်းအခြေအနေကို ကြည့်တယ်။ ပတ်ဝန်း ကျင်ကို လေ့လာတယ်။ သူကျေနပ်ပြီဆိုတော့ အချက်ပြလိုက်တာနဲ့ ထိန်းထားတဲ့ လူတွေက ခြင်း ကြီးကို လွှတ်ပေးလိုက်တယ်။ မီးပုံးပျံဟာ ဝုန်းကနဲ့ ထိုးတက်သွားတာမဟုတ်ဘူး။ တစ်ဖြေးဖြေး ချင်း တစ်အိအိ ထိုးတက်သွားတယ်။ ငုံ့ကြည့်လိုက်တဲ့အခါ လူတွေ၊အိမ်တွေက တစ်ဖြေးဖြေး သေး သေးသွားတယ်။

မီးပုံပျံစီးရတဲ့ အရသာကတော့ တိတ် ဆိတ် ခြင်း နဲ့ ရှုခင်းပဲ။တစ်ဖြေးဖြေးအမြင့်ကို ရောက် လာ တာ နဲ့လူသံ၊ ကားသံတွေမကြားရတော့ဘူး။ စက်သံ လည်းမကြားရ တော့မျက်လုံးမှိတ်ထားလိုက်တဲ့အခါ လူက လေထဲမှာ တွယ်ရာမဲ့ လွင့်မျောနေသလို ခံစားရ တယ်။ ဟိုး အရှေ့ ဘက်တောင် တွေ ကြား ထဲကနေမင်းကြီး တစ်ရွေ့ရွေ့တက်လာတယ်။ ဗန်ဗီယင်း လွင်ပြင် ကကျောက် တောင် တွေကြား ထဲမှာ၊ မြောက်ဘက်လွင်ပြင်အဆုံးမှာလည်း မြူတွေ၊ တောင် ဘက် လွင်ပြင် အဆုံး မှာလည်း မြူတွေ။ မြူတွေ ကြားက ကျောက်တောင်တွေထိုး ထွက်နေပုံ က လည်း ပင်လယ်ထဲက ကျွန်းတွေ လိုပဲ။ မီးပုံးပျံတွေကတော့ အဲဒီကျွန်းတွေထဲမှာ ရွက်လွှင့်နေတဲ့ ရွက်လှေတွေပေါ့။

မီးပုံးပျံပေါ်ကနေ မြို့ကို လက်ဖဝါးပေါ်တင်ကြည့်သလိုမြင်နေရတယ်။ နမ့်ဆောင်မြစ်ကမ်းနားမှာ ဟိုတယ်ကြီးတွေ၊ မြို့ရဲ့ အခြားနေရာတွေမှာတော့ အိမ်ပုလေးတွေ၊ မြို့ဟာ ရှိတဲ့ဧည့်သည်တွေနဲ့ မရှိတဲ့ ဧည့်သည် တွေကြောင့်နှစ်ခြမ်းကွဲနေတယ်။ မြို့အရှေ့ဘက်ခြမ်းမှာ ဖဲကြိုးပြားချထားသလို ကွန်ကရစ် လမ်းမကြီးရှိတယ်။ ဒါဟာ လာအိုနိုင်ငံအရှေ့မြောက်ဘက် တရုတ် နယ်စပ်နေ တောင်ဘက် ထိုင်းနယ်စပ်ကို သွားမယ့် မြန်နှုံးမြင့်ရထားလမ်းကြီးပဲ။ ဒီရထားလမ်းက ကူမင်းကနေ စင်္ကာပူအထိဖောက်မယ့် မြန်နှုံးမြင့်ရထားလမ်းစီမံကိန်းရဲ့ အစိတ်အပိုင်းလည်းဖြစ်တယ်။ အဲဒီ လမ်း ဘက်မှာ ဂိုဒေါင်ကြီး တွေ၊ ဝန်ချီ စက်တွေနဲ့ စီမံကိန်းနေရာတစ်ခုရှိတယ်။ အခုတော့ ရထားလမ်း ဖောက်လုပ်ရေး အတွက် စီမံကိန်းနေရာပေါ့။ နောင်မှာတော့ ဘူတာရုံကြီးဖြစ်လာမယ်လို့ ဆို တယ်။

၃၆၀ ဒီဂရီ ရှုခင်းကို ကောင်းကင်ကနေ တိတ်တိတ် ဆိတ် ဆိတ်ငေးမောနေရ တာ အေးချမ်း လှတယ်။ ရှုခင်းကောင်းတွေမြင်လို့ ဓာတ်ပုံရိုက်မိပေမယ့် အမှန် တကယ်ကတော့ ကင်မရာ မယူ ဘဲ အတွေးရယ်၊ ခံစားမှုရယ် နဲ့ မီးပုံးပျံစီးတာအကောင်းဆုံးပဲ။

နမ့် ဆောင်မြစ် အနောက်ဘက်ကမ်းကလည်း မီးပုံးပျံ သုံးလုံးတက်လာတယ်။ သူတို့က ကျောက် တောင်တွေရှိတဲ့ဘက်မှာ ပျံသန်းတာဖြစ်တဲ့အတွက် ကျွန်တော်တို့ထက် ရှုခင်းပိုကောင်းမယ်။ ကျွန် တော်တို့က မြို့တည်ရှိရာ လွင်ပြင်ပေါ်မှာပဲ ပျံသန်းရတာဖြစ်လို့ မြို့ရှုခင်းကိုပဲ မြင် ရတယ်။ ကျောက်တောင်တွေကြားမှာ၊ ကျောက်တောင်တွေပေါ်မှာ ဖြတ်ပြီး ပျံသန်းရတာမျိုး မရှိဘူး။ တကယ်လို့ ဗန်ဗီယင်းမှာ မီးပုံးပျံစီးမယ်ဆိုရင် မြစ်အနောက်ဘက်ခြမ်းက တက်တဲ့ မီးပုံပျံကို စီးဖို့ တိုက်တွန်းချင်ပါတယ်။

ကျွန်တော်တို့အဖွဲ့မီးပုံးပျံနှစ်လုံးက တစ်နေရာတည်းက တက်လာပေမယ့် တစ်ဖြေးဖြေး တစ်နေရာ စီ ဝေးသွားကြတယ်။ ပိုင်းလော့ဟာ မီးပုံးပျံကို တက်အောင်၊ နိမ့်ဆင်းအောင်ပဲလုပ်နိုင်တယ်။ ကျန် တာကတော့ လေကြောင်းသင့်ရာအတိုင်းလိုက်သွားရတာပဲ။ မီးပုံးပျံမတက်ခင်မှာ ဘယ်ဘက်ကို တော့ သွားနိုင်ကောင်းရဲ့လို့ မေ ျှာ်မှန်းထားပေမယ့် အထက်ရောက်တဲ့အခါ လေကြောင်းအခြေ အနေအမျိုးမျိုးပြောင်းသွားတဲ့အပေါ်မူတည်ပြီး လွင့်ပါသွားတာပါပဲ။ မီးပုံးပျံ တစ်ခုနဲ့တစ်ခုတောင် မ တူဘူး။

မိနစ်လေးဆယ်လောက်ကြာတော့ ပိုင်းလော့က အောက်ပြန်ဆင်းဖို့ နေရာရှာတယ်။ မီးပုံးပျံ လွင့် ပါနေတဲ့နေရာကို အကဲခတ်ပြီး သစ်ပင်ကြီးတွေ ၊ လ ျှပ်စစ်ဓာတ်အားလိုင်းတွေနဲ့ လွတ်မယ့် နေရာ ကို ရှာတယ်။ အဲဒီနေရာကို တွေ့တဲ့အခါ မြေပြင်က အဖွဲ့တွေကို ဆက်သွယ်ရေးစက်နဲ့လှမ်းပြော တယ်။ အောက်က အဖွဲ့တွေက ကားနဲ့အဲဒီနေရာကို သွားစောင့်တယ်။

ပိုင်းလော့က လေကြောင်းအခြေအနေကို ကြည့်ပြီး မီးပုံပျံကို တစ်ဖြေးဖြေးနိမ့်ဆင်းလိုက်တယ်။ မီးပုံးပျံ နိမ့်ဆင်းတယ်ဆိုတာက ထိပ်မှာရှိတဲ့ လေပေါက်ကို ကျဉ်းလိုက်၊ ကျယ်လိုက်လုပ်ပေးပြီး ကစားတာပါပဲ။ ဒါ ပေမယ့် စက်မဲ့ယာဉ်ဆိုတော့ လိုချင်တဲ့နေရာကို ဒက်ထိ မရောက်ပါဘူး။ မီးပုံးပျံ ရွေ့နေတဲ့အခြေအနေပေါ်မူတည်ပြီး မြေပြင်က လူတွေက ပြေးလိုက်ကြတယ်။ မြေပြင်နဲ့ ပေ လေး ငါး ဆယ်လောက် အမြင့်ရောက်တော့ ပိုင်းလော့က ကြိုးခွေကြီးကို ပစ်ချပေးလိုက်တယ်။ မြေပြင်က လူတွေက အဲဒီကြိုးကို ဆွဲပြီး ဆင်းလို့ အဆင်ပြေမယ့်နေရာရောက်အောင် ခေါ်သွားတယ်။

အားလုံးအဆင်ပြေပြီဆိုတော့မှာ ပိုင်းလော့က မြေပြင်နဲ့ထိအောင်နှိမ့်ချလိုက်တယ်။ လေယာဉ်ပျံ ဆင်းတာကို ကြည့်ပြီး ပိုင်းလေ့ာရဲ့ ကျွမ်းကျင်မှုကို ခန့်မှန်းနိုင်သလိုပဲ မီးပုံးပျံ မြေကြီးနဲ့ ထိတာ ဘယ်လောက်ညင်သာသလဲဆိုတာလည်း မီးပုံးပျံ ပိုင်းလော့ရဲ့ ကျွမ်းကျင်မှုပဲ။ ကျွန်တော်တို့ မီးပုံးပျံ ကတော့ ညင်ညင်သာသာလေးပဲ မြေပေါ်ကို ဆင်းနိုင်ခဲ့တယ်။

ပထမဆုံး ခရီးသည်တွေကို ဆင်းခိုင်းတယ်။ ပြီးတော့ မီးပုံးပျံကြီးကို လုံးဝလေလေ ျှာ့လိုက်တယ်။ ခင်းထားတဲ့တာလပတ်ပေါ်မှာ ပုံကျသွားတဲ့ မီးပုံးပျံကြီးကို ဖိပြီး လေထွက်သွားအောင်လုပ်လိုက် တယ်။ နောက်ဆုံးတော့ ပတ်စာခွာဖျာသိမ်းပြီး ကားပေါ်တင်လိုက်တယ်။

ကျွန်တော်တို့ အဖွဲ့တွေစီးတဲ့နောက်မီးပုံးပျံတစ်လုံးကတော့ မြို့အရှေ့မြောက်ဘက်မှာ ဆင်း ရ တယ်လို့ ပြောတယ်။ ကျွန်တော်တို့က မြို့ အရှေ့တောင်ဘက်မှာ ဆင်းရတယ်။ တစ်နေရာတည်း က အတူ ခရီးစထွက်တယ်၊ တစ်ဖွဲ့ထဲလည်း ဖြစ်ပါရဲ့။ ပိုင်းလော့တွေကလည်း တစ်ဖွဲ့တည်းပဲ။ ဒါပေမယ့် လေသယ်ဆောင်ရာကို မလွန်ဆန်တဲ့အခါကျတော့ တောင်နဲ့ မြောက် ဆန့်ကျင်ဘက်မှာ ခရီးဆုံး ခဲ့ရတယ်။

ဉာဏ်နဲ့ ဝိရိယသာ ကိုယ်တိုင်တတ်နိုင်ပြီး ကံကို မစီမံနိုင်တဲ့ ဘဝမှာ ခရီးဆုံးမတူကြတာ သဘာ ဝပါပဲ။

တရားစွဲ မတဲ့လား

မနေ့ ( ဖေဖော်ဝါရီ ၂၇ ရက်) နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နာယက ဦးတီခွန် မြတ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆွေးနွေးတဲ့အခါ လွှတ်တော် ကိုယ်စားလှယ်များ ဂုဏ် သိက္ခာ နဲ့ ညီရန် လိုအပ်ပြီး အပြောအဆို လွန်လာပါက ဥပဒေအရ တရားစွဲဆို အရေးယူ နိုင်တယ် လို့ ပြောတဲ့ အကြောင်း သတင်းမီဒီယာတွေမှာဖော်ပြခဲ့ပါတယ်။ ပုံ ၁ နဲ့ ၂

အဲဒီသတင်းတွေအပေါ်မူတည်ပြီး လွှတ်တော်နာယကကြီးကတော့ ဘယ်သူ ၊ ဘယ်ဝါကို ဘယ် လို လုပ်လိုက်တော့မှာပဲ။ နောက်နေ့တွေမှာ လွှတ်တော်နာယကကြီး လက်မခံနိုင်တာကိုပြောရင် ဘာဖြစ်တော့မှာပဲ စသည်ဖြင့် မှတ်ချက်တွေဝေေ၀ဆာဆာ ရေးနေကြတာလည်းတွေ့ရတယ်။

လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ကို လွှတ်တော်အတွင်း ဆွေးနွေးမှုတွေကြောင့် ဥပဒေအရ တရားစွဲလို့ ရတယ်ဆိုတာ မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ လွတ်လပ်စွာ ဆွေးနွေးခွင့်ကို အခြေခံဥပဒေနဲ့ရော၊ ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေမှာပါ အကာ အကွယ်ပေးထားပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေအကာအကွယ်

ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ ၂ မှာ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုလွှတ်တော်ဥပဒေတွေနဲ့ မဆန့်ကျင်ရင် လွှတ်တော်တွင်းနဲ့ လွှတ်တော်ကော်မတီ တွေမှာ လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်ရှိတယ်။ ဒီလိုဆွေးနွေးဆောင်ရွက်တာနဲ့ပတ်သက်ပြီး လွှတ်တော်ကိုယ်စားလှယ်ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာဥပဒေက လွဲပြီးကျန်တဲ့ဥပဒေနဲ့ အရေးမယူရဘူးလို့ပြဋ္ဌာန်းထားတယ်။ ဒါပေမယ့် အဲဒီအခွင့်အရေးတွေကို ကျင့်သုံးရာမှာ ကိုယ် ထိ လက်ရောက်ကျူးလွန်ရင်တော့ ပြည်ထောင်စုလွှတ်တော်စည်းကမ်းတွေအရဖြစ်စေ၊ တည်ဆဲဥပဒေ အရဖြစ်စေ အရေးယူခံရမယ်လို့ သတိပေးထားတယ်။ ပုံ ၃

ဒါ့ကြောင့်ဖွဲ့စည်းပုံအခြေခံဥပဒေအရလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအနေနဲ့ လွှတ်တော်အတွင်း မှာ လွှတ်တော်ဥပဒေများနဲ့အညီ လွတ်လပ်စွာဆွေးနွေးခွင့်ရှိတယ်လို့ ကိုယ် ထိ လက်ရောက် ကျူးလွန်တာကလွဲရင် အခြားဥပဒေနဲ့အရေးယူလို့၊တရားစွဲလို့မရဘူးဆိုတာ ထင်ရှားပါတယ်။

ဒါဆိုရင် လွှတ်တော်အတွင်းဆွေးနွေးမှုတွေနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပ ဒေ၊ နည်းဥပဒေတွေက ဘာတွေပြောထားသလဲ။ ဆက်လေ့လာဖို့လိုပါတယ်။

အခွင့်အရေး၊ စည်းကမ်းနဲ့ ပြစ်ဒဏ်များ

၂၀၁၅ ခုနှစ် ဒီဇင်ဘာလမှာ ပြည်ထောင်စုလွှတ်တော်က ထုတ်ဝေခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် ဆိုင်ရာ ဥပဒေ ၊နည်းဥပဒေများ (နောက်ဆုံးပြင်ဆင်ချက်များပါပြီး) မှာ လွှတ်တော်အတွင်း ဆွေး နွေးရာတဲ့အခါ လွှတ်တော်ကိုယ်စားလှယ်တွေရရှိမယ့်အခွင့်အရေး၊ လိုက်နာရမယ့် စည်းကမ်း များနဲ့ စည်းကမ်းချိုးဖောက်မှုတွေရှိရင် အရေးယူခံရမယ့် အချက်များကို ဖော်ပြထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၁ မှာ လွှတ်တော်အတွင်း နဲ့ လွှတ်တော်ပူးပေါင်း ကော်မတီမှာဆွေးနွေးတာတွေနဲ့ပတ်သက်ပြီး ဒီဥပဒေက လွဲပြီး အခြားဥပဒေနဲ့ အရေးယူခြင်းက နေ ကင်းလွတ်ရမယ်လို့ အတိအကျဖော်ပြထားပါတယ်။ ပုံ ၄

ပုဒ် ၂၅ မှတော့ ဆွေးနွေးရာမှာ ရှောင်ရှားရမယ့်အချက်တွေကို ဖော်ပြထားတယ်။ ပြီးရင် ဆွေးနွေးမှု တွေနဲ့ပတ်သက်ရင် ဒီဥပဒေနဲ့ပဲ အရေးယူရမယ်ဆိုတဲ့အချက်ကို ထပ်ပြီးဖော်ပြထားတယ်။ ပုံ ၅

ပုဒ်မ ၂၈ မှာတော့ လွှတ်တော်ကိုယ်စားလှယ်တွေသာမက လွှတ်တော်မှာလာရောက်ဆွေးနွေးတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၊ ပုဂ္ဂိုလ်များဟာလည်း လွှတ်တော်ကိုယ်စားလှယ်များ နည်းတူ လွတ်လပ်စွာဆွေးနွေးပြောဆိုခွင့်ရှိကြောင်း၊ ဆွေးနွေးမှုတွေနဲ့ပတ်သက်ရင်ဒီဥပဒေနဲ့ပဲ အရေးယူရမယ့်အကြောင်း ဖော် ပြ ထားတယ်။ ပုဒ်မ ၂၉ မှာတော့ ပုဒ်မ ၂၅ နဲ့ ၂၈ မှာပါတဲ့ ပုဂ္ဂိုလ် တွေဟာ ကိုယ်ထိလက်ရောက်မှု ကို ကျူးလွန်ရင် လွှတ်တော်စည်းကမ်းအရ ၊ ဒါမှမဟုတ် တည်ဆဲ ဥပဒေအရ အရေးယူခံမယ် ဆိုတာ ထပ်ပြီးဖော်ပြထားတယ်။ ပုံ ၆

ဒီနေရာမှာ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ စည်းကမ်းတွေ ချိုးဖောက်ရင် ဘယ်လို ပြစ် ဒဏ် မျိုးတွေခံရနိုင်သလဲ။ ပြည်ထောင်စုလွှတ်တော်ဥပဒေမှာ လွှတ်တော်စည်းကမ်းတွေကို ချိုးဖောက် ရင် ငွေဒဏ် သို့မဟုတ် ထောင်ဒဏ် ချမှတ်နိုင်တဲ့ပုဒ်မ နှစ်ခု ရှိပါတယ်

ပုဒ်မ ၇၈ မှာ အစည်းအဝေးကျင်းပနေချိန်မှာ တက်ရောက်ခွင့်ရှိတဲ့လွှတ်တော်ကိုယ်စားလှယ် မဟုတ်သူတွေ ခွင့်ပြုချက်မရှိဘဲ လွှတ်တော်အစည်းအဝေးခန်းထဲ ဝင်ရင်၊ ဒါမှမဟုတ် ဝင်ခွင့်ရှိ သူ လို့ အယောင်ဆောင်ပြီး ဝင်ရင် ၊ နာယကခွင့်ပြုချက်မရှိဘဲ လွှတ်တော်ထဲမှာ ညအိပ်ရင် အများ ဆုံး ထောင်ဒဏ် တစ်နှစ်၊ ဒါမှမဟုတ် ဒဏ်ငွေ တစ်သိန်းပေးဆောင်ရမယ် ဒါမှမဟုတ် ပြစ်ဒဏ် နှစ်ခုလုံး ချမှတ်နိုင်တယ် လို့ ပြဋ္ဌာန်းထားတယ်။ ပုံ ၇

ပုဒ်မ ၇၉ မှာ လွှတ်တော်အတွင်း ဆန္ဒပြခြင်း၊ဆူပူခြင်း နှောင့်ယှက်ခြင်းလုပ်ရင်၊ ဆွေးနွေးမေးမြန်းဖို့ ဖိတ်ခေါ်ထားသူကို သွေးဆောင်ခြိမ်းခြောက်ရင်၊လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကို ကိုယ်ထိလက် ရောက် လုပ် ရင်၊ လွှတ်တော်ဝန်ထမ်းကို ဝတ္တရားနှောင့်ယှက်ရင်၊ စာရွက်စာတမ်း အတုလုပ်ရင်၊ လ ျှို့ဝှက် အဆင့်ရှိ စာရွက်စာတမ်းတွေပေါက်ကြားရင်၊ ခွင့်ပြုချက်မရဘဲ လွှတ်တော်ထဲကို လက်နက် ယူလာ ရင် အများဆုံး ထောင်ဒဏ် နှစ် နှစ်၊ ဒါမှ မဟုတ် ဒဏ်ငွေ နှစ်သိန်း၊ဒါမှမဟုတ် ပြစ်ဒဏ် နှစ်ခုလုံးချမှတ်နိုင်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ပုံ ၈ နဲ့ ၉

ပုဒ်မ နှစ်ခုလုံးမှာ လွှတ်တော်အတွင်း ဆွေးနွေးပြောဆိုမှုတွေနဲ့ ပတ် သက်ပြီး လုံးဝရည်ညွှန်းမထားဘူးဆိုတာ ထင်ထင်ရှားရှားတွေ့နိုင်ပါတယ်။

ဒ့ါကြောင့် လွှတ်တော်အစည်းအဝေးတွေမှာ ဆွေးနွေးပြောကြားမှုတွေကို နာယက ကဖြစ်စေ ၊ အခြားကိုယ်စားလှယ်တစ်ဦးကဖြစ်စေ ကန့်ကွက်ရုံ၊ မနှစ်သက်ရုံ နဲ့ တရားစွဲလို့မရဘူး ဆိုတာ ထင်ရှားပါတယ်။

ဒါဆိုရင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ဆွေးနွေးပြောဆိုမှုတွေဟာ လက်မခံနိုင်ဖွယ်ရာဖြစ်နေ ရင် ဘယ်လိုလုပ်မလဲလို့ မေးစရာရှိပါတယ်။ အဲဒါနဲ့ပတ်သက်ရင် ပြည်ထောင်စုလွှတ်တော်ဆိုင် ရာ နည်းဥပဒေမှာ ပြဋ္ဌာန်းထားပါတယ်။

နည်းဥပဒေ ပုဒ်မ ၁၉ မှာ အစည်းအဝေးအတွင်းမှာလိုက်နာရမယ့် စည်းကမ်းချက် ၁၃ ချက်ကို ပြဋ္ဌာန်းထားတယ်။ ပြဋ္ဌာန်းချက်အများစုက လွှတ်တော်အတွင်း ဆွေးနွေးရာမှာ လွှတ်တော်ကိုယ် စားလှယ်တွေ လိုက်နာရမယ့် ကိုယ်နှုတ်အမူအရာတွေဖြစ်ပါတယ်။ ပုံ ၉ ၁၀၊ ၁၁ နဲ့ ၁၂

ပုဒ်မ ၂၀ မှာတော့ အဲဒီစည်းကမ်းချက်တွေကို မလိုက်နာရင် နာယကက အရေးယူနိုင်တဲ့ နည်းလမ်း တွေကို ဖော်ပြထားပါတယ်။ အဲဒါတွေက ပြစ်တင်ရှုတ်ချတာ၊ ဆွေးနွေးခွင့်ရပ်ဆိုင်းတာနဲ့ ဆွေး နွေးတဲ့စကားလုံး တွေ ကို အစည်းအဝေးမှတ်တမ်းက ပယ်ဖျက်နိုင်တာတွေဖြစ်ပါတယ်။ နိုင်ငံတော် လ ျှို့ဝှက်ချက်ကို ဖောက်ဖျက်မှာသာလ ျှင် ဥပဒေအရ အရေးယူ ဖို့ သတ်မှတ်ထားပါတယ်။ ပုံ ၁၃

ဒါ့ကြောင့် ပြန်ချုပ်လိုက်ရင် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဟာ လွှတ်တော်အစည်းအဝေး များ မှာ ဆွေးနွေးတဲ့အခါ

၁။ ကိုယ်ထိလက်ရောက် မလုပ်ဘူး။
၂။ နိုင်ငံတော်၏လ ျှို့ဝှက်ချက်ကို မဖောက်ဖျက်ဘူးဆိုရင်

နာယကက ဖြစ်စေ၊ အခြားတစ်ဦးဦးက ဖြစ်စေ ကန့်ကွက်ရုံ၊ လက်မခံနိုင် ရုံ နဲ့ တရားစွဲလို့မရဘူး၊ နည်းဥပဒေ ပုဒ်မ ၂၀ မှာ ပါတဲ့ စီမံခန့်ခွဲရေးနည်းလမ်းတွေနဲ့ပဲအရေးယူလို့ ရတယ်လို့ပဲနားလည်ပါတယ်။

ဦးတီခွန်မြတ်ပြောကြားချက်အပြည့်အစုံကတော့ လွှတ်တော်မှတ်တမ်းအပြည့်အစုံမထွက်သေး တဲ့ အတွက် မဖတ်ရသေးဘူး။ ဒါပေမယ့် နာယက ဦးတီခွန်မြတ်ကတော့ ကိုယ်တိုင်က ဥပဒေ သမား ဖြစ်တဲ့အတွက်ကိုယ်ထိလက်ရောက်ကျူးလွန်တာမျိုးတွေဖြစ်လာရင်တရားစွဲတဲ့အထိ ဖြစ် သွားမယ် လို့သတိပေးတာဖြစ်နိုင်ပါတယ်။ ဆွေးနွေးမှုတွေစည်းကမ်းချိုးဖောက်ရုံနဲ့ တရားစွဲမယ်လို့ ပြောရင် သူ့သိက္ခာကျသွားမှာပေါ့။ဒါ့ကြောင့်သတင်းသမားတွေ ရေးတာများလိုသွားသလားလို့လည်း တွေး မိ ပါတယ်။

သူ့ သမိုင်း၊ သူ့ပုံပြင်

လွန်ခဲ့တဲ့ နှစ်နှစ် ၂၇ ဖေဖော်ဝါရီလ ၂၀၁၈ ခုနှစ်မှာ ရေးခဲ့တဲ့ သူ့အကြောင်း

သူ့ သမိုင်း၊ သူ့ပုံပြင်

သူအာဏာရလာတော့
အရင်အစိုးရလက်ထက်က ကသောင်းကနင်းအခြေအနေအနေကို
စိတ်ပျက်နေတဲ့
ပြည်သူတွေက ကြိုဆိုကြတယ်။
အနောက်နိုင်ငံတွေကလည်း ကြိုဆိုတာပဲ။
အရင်အစိုးရက အနောက်နိုင်ငံတွေဘက်ကို ယိမ်းလွန်းတယ် ဆိုပြီး
စိတ်ပူနေတဲ့တရုတ်ကလည်း ကြိုဆိုတယ်။
မြေပေါ်က လက်ဝဲ၊ လက်ယာနိုင်ငံရေးသမားအတော်များများကလည်း
ထောက်ခံတယ်။ အပြောင်းအလဲကို ကြိုဆိုတယ်။
ပြည်တွင်း၊ ပြည်ပ သတင်းစာတွေကလည်း အကောင်းမြင်ကြတယ်။
ဗကသ ကျောင်းသားတွေကပဲ
သူတို့ ဘဝင်မကျတာကို ထုတ်ပြောတယ်။
ဒါပေမယ့် အဲဒီ ကျောင်းသားတွေပဲ အရင်ဆုံး နှိပ်ကွပ်ခံခဲ့ရတယ်။

သူကလည်း
အာဏာရပြီဆိုတာနဲ့
ငြိမ်းချမ်းရေးရဖို့ အရင်အစိုးရနဲ့မတူတဲ့ နည်းလမ်းတွေကို သုံးတယ်။
စီးပွားရေးစနစ်ကိုလည်းပြောင်းတယ်။ ပြောင်းတာမှ အရင်အစိုးရလုပ်ခဲ့တာတွေကို
ပြောင်းပြန်ဖြစ်အောင်ကို ပြောင်းတာပဲ။

ဒါပေမယ့်
နှစ်နှစ် ၊ သုံးနှစ်လောက်ကြာတော့
ငြိမ်းချမ်းရေးလုပ်တာလည်းမအောင်မြင်
စီးပွားရေးကလည်း ကျဆင်းလာတယ်။

အဲဒီအချိန်မှာ သူ့အနားက
တော်လှန်ရေးတုန်းက လုပ်ဖော်ကိုင်ဘက်တွေလည်း
အကြောင်းအမျိုးမျိုးနဲ့ လွင့်ပါးသွားကြပြီ။
သတင်းစာတွေလည်းအသံတိတ်ကုန်ပြီ။
သူ့ပါတီကလွဲရင် ကျန်တဲ့နိုင်ငံရေးပါတီတွေလည်း
ချောင်ထိုးခံရပြီ။

အနားမှာကျန်နေတာက သူနဲ့ ဝါ၊ သဘာ အများကြီးကွာတဲ့
သူ့နောက်လိုက်တွေနဲ့
တစ်ခြားပါတီတွေကနေ ခြံခုန်လာတဲ့သူတွေ။

သူ့နောက်လိုက်တွေက
သူ့ကို ရိုသေလေးစားလွန်းတော့
သူ့ရှေ့ရောက်ရင် ကျောင်းအုပ်ဆရာကြီးရှေ့ရောက်တဲ့
သူငယ်တန်းကလေးတွေလိုဖြစ်ကုန်ပြီး
သူပြောသမ ျှ ခေါင်းငြိမ့်တော့တာပဲ။

တစ်ခြားပါတီတွေကနေ ခြံခုန်လာတဲ့သူတွေကလည်း
ရာထူး၊အာဏာမေ ျှာ်လင့်ချက်တွေ ကိုယ်စီနဲ့
အခွင့်အရေးတစ်ခုအတွက် ခွေးကတက်က နေရ နေရ ဆိုတဲ့သူတွေ။
ဒီတော့ သူကြားချင်တာပဲပြောတယ်။
တစ်သက်လုံးလက်တွဲလာခဲ့တဲ့သူတွေထက်တောင်
သူ့ကို ပိုချစ်ပြ၊ ရိုသေပြနေသေးတယ်။

ဒီလိုနဲ့
သူဟာ အခြေအနေမှန်တွေနဲ့ ကင်းကွာလာတယ်။
လူထုရဲ့ ခံစားချက်တွေကို မသိတော့ဘူး။
လူထုနဲ့လည်း မတွေ့တော့ဘူး။
သူ့လူတွေကြားမှာပဲပျော်နေတော့တယ်။

လူထုကတော့
ဒီအခြေအနေတွေကို
ပါတီအနေနဲ့
ပြုပြင်ဖို့ကြိုးစားမလားလို့
မေ ျှာ်လင့်တယ်။

ဒါပေမယ့် ခက်တာက
ပါတီကြောင့် သူဖြစ်လာတာမဟုတ်ဘူး၊
သူ့ကြောင့်ပါတီဖြစ်လာတာဆိုတော့
သူ့ပါးစပ်က ထွက်တာဟာ ပါတီမူဝါဒဖြစ်နေတယ်။
ဗဟိုကော်မတီတို့၊ဗဟိုအလုပ်အမှုဆောင်တို့ဆိုတာလည်း
သူကြိုက်လို့ ဒီနေရာကို ရလာတဲ့သူတွေဆိုတော့
သူ့ကို မော်တောင်ကြည့်ရဲတဲ့သူတွေမဟုတ်ဘူး။

တစ်ချို့ကတော့
အခြေအနေတွေကို သူမသိလို့ပါ။
သူသာသိရင် ဒီလိုမနေဘူးလို့တွေးတယ်။
သူ့ကိုပြောပြဖို့ ကြိုးစားကြတယ်။

နောက်ဆုံးတော့
သူမသိတာမဟုတ်ဘူး။
မသိချင်ယောင်ဆောင်နေတာ
မကြားချင်ယောင်ဆောင်နေတယ်
ဆိုတာကို နားလည်သွားကြတယ်။

ဒီလိုနဲ့ပဲ
xxxxxxxxx
xxxxxxxxx
xxxxxxxxx

ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ အတက်နဲ့အကျ ( ၁၉ ၆၂- ၁၉ ၈၈) ရဲ့
အကျဉ်းချုပ်ကို ဒီလိုပဲ မြင်မိတယ်။

သမိုင်းဆိုတာ တစ်ပတ်လည်တတ်တယ်ဆိုတဲ့ သဘောကို လက်ခံရင်
ဒီအဖြစ်အပျက်တွေကနေ
သင်ခန်းစာတွေအများကြီးဖော်ထုတ်လို့ရပါတယ်။

မြန်မာက ပထမ တဲ့လား


ကိုရိုနာဗိုင်းရပ်စ် ဒါမှမဟုတ် ဝူဟန်ဗိုင်းရပ်စ်နဲ့ပတ်သက်ရင် နိုင်ငံတော်အစိုးရရဲ့ထုတ်ပြန်ချက်တွေ၊ နိုင်ငံတော်အကြီးအကဲတွေ နဲ့ ပြည်ထောင်စုဝန်ကြီးများရဲ့ ပြောကြားချက်တွေကို အလေးထား လေ့လာမှတ်သားခဲ့တယ်။
အဲဒီလို မှတ်သားတဲ့အခါ ဖေဖော်ဝါရီလ ၂၅ ရက်နေ့ လှိုင်းဘွဲ့မြို့နယ်၊ အောင်ဆန်းခန်းမ ဒေသခံပြည်သူများနှင့် တွေ့ဆုံချိန်မှာ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခု လို ပြောကြားခဲ့တာကိုဖတ်ရတယ်။
“ ဝူဟန်မှာရှိနေတဲ့ ကျွန်မတို့ရဲ့ လူငယ်နိုင်ငံသား တွေကို ပြန်ပြီးခေါ်တဲ့ အထဲမှာ ကျွန်မတို့က ပထမဦးဆုံးပါ။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး နိုင်ငံ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံသားတွေကို တတ်နိုင်သမျှစောင့်ရှောက်မယ်ဆိုပြီး ပထမဦးဆုံး စီစဉ်ပြီး ပြန်ခေါ်တဲ့နိုင်ငံ ဖြစ်ပါတယ်။”
ဒီစာသားက အတိုင်ပင်ခံပုဂ္ဂိုလ်ရုံး ဖေ့စ်ဘွတ်စာမျက်နှာမှာ အင်္ဂလိပ် ၊ မြန်မာ နှစ်ဘာသာ နဲ့ ဖော်ပြထားတာဖြစ်ပါတယ်။ ပုံ ၁ နဲ့ ၂
ဖေဖော်ဝါရီလ ၂၆ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာလည်း အဲဒီအတိုင်းပဲဖော်ပြထား ပါတယ်။ ပုံ ၃
မိန့်ခွန်းအပြည့်အစုံကို အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ် –
https://www.facebook.com/state.counsellor/posts/1854840001316874?xts__%5B0%5D=68.ARDXOxJgsfMIHOtdxBR-9EyJ1J-qrtInHDNsj2JG52POdRLKRfYEs2wAcJwKfdSzEomUqj8Djo_ItyCdPH_5AaQQsVRzxF6jj78eaht6PH2pHRSf93YeDJ1h0hR4WFFn6DgMOke6Je0f4MOwNKBDKExvdfMhC82ZQg3MS0RbSSot8IB8sDWY71-3SINSpKFJL4cS1Vtiky6V49uqEEJTLvPdHHWXhUXJjgHeZuUW4cfmOpeCBm37_0CQA3XHpMexhiYkftYw0yQa920QyVNhIryFu-Ry-Ex3ZxSH3Q8_mhPjEO7ZuTXjdUIYQ7wKjyCQGNlxjt5nOw_5mVzlhKwGgEbnwA&__tn=K-R
မြန်မာအစိုးရအနေနဲ့ ဝူဟန်ရောက်မြန်မာကျောင်းသားတွေကို အမြန်ဆုံးခေါ်ယူခဲ့တာဟာ ချီးကျူးရမယ့် လုပ်ဆောင်ချက်ပါပဲ။ ဒါပေမယ့် မြန်မာက ကမ္ဘာမှာ ပထမဆုံးပြန်ခေါ်တဲ့ နိုင်ငံဆိုတဲ့ အချက်က မှန်ရဲ့လားလို့ အတွေးဝင်မိတဲ့အတွက် လက်လှမ်းမီရာ သတင်းတွေကို ပြန်ရှာကြည့်တဲ့အခါ အခုလိုတွေ့ပါတယ်။
၁။ မြန်မာကျောင်းသားတွေကို ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ခေါ်ယူခဲ့ပြီး မန္တလေးကို ရောက်လာ တယ်။ ပုံ ၄
၂။ အမေရိကန်နိုင်ငံက ပြန်လည်ခေါ်ယူခဲ့တဲ့ အမေရိကန်နိုင်ငံသားတွေဟာ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြန်ရောက်တယ်။ ( လေယာဉ်ပျံသန်းချိန်နဲ့ဆိုရင် ၂၉ ရက်ထက် စောပြီးခေါ်တယ်လို့ ယူဆရပါတယ်။ ) ပုံ ၅
၃။ ပြင်သစ်နိုင်ငံကပြန်လည် ခေါ်ယူခဲ့တဲ့ ပြင်သစ်နိုင်ငံသား ၁၇၈ ဦးက ဇန်နဝါရီလ ၃၁ ရက်နေ့ မှာ ပြန်လာတယ်။ ပုံ ၆
၄။ ဂျပန်နိုင်ငံက ပြန်လည်ခေါ်ယူခဲ့တဲ့ ဂျပန်နိုင်ငံသား ၂၀၆ ဦးက ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ပြန်ရောက်တယ်။ ပုံ ၇
ဒီသတင်းသုံးပုဒ်ကို ကြည့်တာနဲ့တင် ဝူဟန်ကနေ ကိုယ့်နိုင်ငံသားတွေကို ပြန်ခေါ်ခဲ့တာ မြန်မာက ပထမဆုံးနိုင်ငံမဟုတ်ဘူးဆိုတာ ထင်ရှားပါတယ်။
ဒီလို မမှန်တဲ့ သတင်းအချက်အလက်ကို ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းထဲမှာ ဘယ်သူက ထည့်ရေးပေးသလဲဆိုတာ စဉ်းစားစရာပဲ။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၂၀၁၉ ခုနှစ် ဇွန်လ ၃ ရက်နေ့ ချက်သမ္မတနိုင်ငံ ချားလ်တက္ကသိုလ် ( Charles University) မှာ “ ဒီမိုကရေစီစနစ်သို့အသွင်ကူးပြောင်းမှုတွင် ကြုံတွေ့ ရသောစိန်ခေါ်မှုများ” ခေါင်းစဉ်နဲ့ဟောပြောပို့ချတဲ့အခါ
“ ပြီးခဲ့တဲ့ သုံးနှစ်အတွင်းမှာ ကျွန်မတို့ဟာ (အဝေးပြေး)လမ်းမကြီး (Highway) ကီလိုမီတာ တစ်သိန်းနီးပါးကို အဆင့်မြှင့်တင်နိုင်ခဲ့တယ်။ ” လို့ မှားပြောခဲ့ဖူးလို့ သက်ဆိုင်ရာဌာနတွေအနေနဲ့ အကြီးအကဲတွေကို အချက်အလက်မှန်တွေ ပြုစုပေးဖို့လိုအပ်ကြောင်း ရေးခဲ့ဖူးပါတယ်။
အခု ကိုရိုနာဗိုင်းရပ်စ် ကိစ္စဆိုတာလည်း နိုင်ငံတကာက စိတ်ဝင်စားနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒီလို ကိစ္စမျိုးမှာ သတင်းအချက်အလက်အမှားတစ်ခုကို အင်္ဂလိပ် – မြန်မာ နှစ်ဘာသာနဲ့ ဖော်ပြထား တဲ့အတွက် နိုင်ငံတကာလေ့လာသူတွေများဖတ်မိရင် ဘယ်လို သုံးသပ်မလဲ။ သက်ဆိုင်သူများ စဉ်းစားနိုင်ဖို့ပါ။