ဗီဇာ နဲ့ ဗိုင်းရပ်စ်


ဝူဟန် ဗိုင်းရပ်စ်ကာကွယ်ရေးဆောင်ရွက်နေချိန်မှာ မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ဗီဇာနဲ့ပတ်သက်တဲ့ ဆဲဗင်းဒေး သတင်း နှစ်ပုဒ်ကတော့ မှတ်သားထားရမယ့် သတင်းတွေပဲ။
၁။ တရုတ်နိုင်ငံကို ဗီဇာပိတ်လိုက်ပါက နှစ်နိုင်ငံ ချစ်ကြည်ရေးထိခိုက်နိုင်ဟု ဟိုတယ်၊ ခရီး ဒုဝန်ကြီးပြော ပုံ ၁ နှင့် ၂
၂။ ကိုရီးယားနိုင်ငံသားများကို ဗီဇာ ကင်းလွတ်ခွင့်ပေးထားဆဲဖြစ်။ ပုံ ၃

မဲခေါင် ခရီးသည် (၁၅)

ဖေဖော်ဝါရီလ ၅ ရက်နေ့အတွက် ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဗန်ဗီယင်းမြို့ ကို နေ့လည် တစ်နာရီမှာရောက်တယ်။ လာအိုနိုင်ငံမြို့တော် ဗီယန်ကျန်းကနေ လေးနာရီ ခရီးဝေး တဲ့ ဗန်ဗီယင်းမြို့တည်နေပုံက ကရင်ပြည်နယ်နဲ့တူတယ်။ မြို့လယ်မှာ နမ့်ဆောင်မြစ်က ဖြတ်စီးနေ တယ်။ မြို့ပတ်ဝန်းကျင် မြေပြန့်ထဲမှာ ထုံးကျောက်တောင်ကြီးတွေ မှိုလိုပေါက်နေတယ်။ လှိုဏ်ဂူ တွေရှိတယ်။ ရေပြာအိုင်တွေရှိတယ်။

ဒီမြို့ဟာ အနောက်နိုင်ငံတွေကလာတဲ့ ပေါချောင်ခရီးသွား( Backpacker) တွေရဲ့ မြို့ အဖြစ် နာမည်ကြီးခဲ့တဲ့မြို့ဖြစ်ပါတယ်။ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေမှာ လာအိုနိုင်ငံ တံခါးဖွင့်လိုက်တော့ ပေါချောင်ခရီးသွားတွေ အလုံးအရင်းနဲ့ရောက်လာတယ်။ တောင်တက်တယ်၊ လှိုဏ်ဂူတွေထဲကို ဝင်လေ့လာတယ်။ နမ့်ဆောင်မြစ်အတိုင်း ကားတာယာကွင်းစီးပြီးခရီးနှင်တယ်။ ပေါချောင်ခရီးသွားတွေနဲ့အတူ မူးယစ်ဆေးပြဿနာတွေပါလာတယ်။ ဒေသ ခံတွေ ရဲ့ ဓလေ့ထုံးစံတွေပျက်လာတယ်။ နမ် ဆောင်မြစ်တစ်လေ ျှာက်မှာ အရက်ဆိုင် တွေပေါလာတယ်။ ဘောကွင်းစီးလိုက်၊ ကမ်းပေါ်တက်အရက်သောက်လိုက်နဲ့ ရေနစ်သေတဲ့သူ များလာတယ်။

၂၀၁၂ မှာတော့ လာအိုအစိုးရက ဝင်ထိန်းတယ်။ ဒေသခံတွေကို ပညာပေးတယ်။ ကမ်းနားက အရက်ဆိုင်တွေကို ဖျက်ပစ်တယ်။ ခရီးသည်ဆွဲဆောင်နိုင်မယ့် ခရီးစဉ်အသစ်တွေကို ဖော်ထုတ် တယ်။ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လိုက်နာရမယ့်စည်းကမ်းတွေကို ထုတ်ပြန်တယ်။ အဲဒီ လို လုပ်တဲ့အတွက် ပေါချောင်ခရီးသွားတွေ နည်းနည်းလျော့သွားတယ်။ ဒါပေမယ့် အဲဒီလူတွေနေ ရာမှာ တောင်ကိုရီးယားနဲ့ ဂျပန်က ခရီးသွားတွေ ဝင်လာတယ်။ မြို့လယ်လမ်းမမှာ အနောက် တိုင်းပုံစံ ဘားတွေနဲ့ အတူ ဂျပန်၊ ကိုရီယားစားသောက်ဆိုင်တွေနေရာယူလာတယ်။ ဂျပန် ၊ ကိုရီး ယားတွေက ဟိုတယ်ကောင်းကောင်းမှ တည်းချင်တော့ နမ့်ဆောင် မြစ်ဘေးတစ်လေ ျှာက်မှာ ဟိုတယ်အသစ်ကြီးတွေပေါ်လာတယ်။

ဗန်ဗီယင်းမှာ ခရီးသွားဧည့်သည်တွေ အများဆုံးလုပ်လေ့ရှိတာ ခုနှစ်မျိုးရှိတယ်။

၁။ မြစ်အတိုင်း ကားတာယာကွင်းနဲ့ စုန်ဆင်းတာ။
၂။ မြစ်အတိုင်း လက်လှော်လှေနဲ့ ခရီးနှင်တာ။
၃။ All-Terrain Vehicle (ATV) , Buggy တွေနဲ့ ခရီးသွားတာ။
၄။ မီးပုံပျံစီးတာ။
၅။ ကျောက်လှိုဏ်ဂူတွေကို ဝင်လေ့လာတာ။
၆။ ရေပြာအိုင်တွေမှာ အပန်းဖြေတာ။
၇။ နေဝင်ချိန် မြစ်ထဲမှာ လှေစီးတာ။

ကျွန်တော်တို့ကတော့ တစ်ညပဲအိပ်တဲ့အတွက်အချိန်မရှိဘူး။ ဒါ့ကြောင့် ရေပြာအိုင် ကို သွားကြည့်တယ်။ လာအိုမှာ ရေပြာအိုင် ဆိုတာကို အထူးအဆန်းလုပ်၊ ခြံစည်းရိုးခတ် ကိုးကွယ် ထားတာမဟုတ်ဘူး။ ဒုတ္ထာကြောင့် ရေပြာတယ်ဆိုတာ နားလည်ပြီး ခရီးသွားတွေ အပန်းဖြေနိုင် ဖို့ အတွက်လုပ်ထားတာ။

ကျွန်တော်တို့ သွားတဲ့ရေပြာအိုင်က Phu Kham ထုံးကျောက်လှိုဏ်ဂူ နားက ရေပြာအိုင်။ ရေပြာ အိုင် အမှတ် သုံး လို့ ဆိုင်းဘုတ်တတ်ထားတော့ ဒီပတ်ဝန်းကျင်မှာ အနည်းဆုံး ရေပြာအိုင် သုံးခု ရှိတဲ့ သဘောပဲ။ ရေပြာအိုင်က ရေစီးတယ်။ အပန်းဖြေဖို့လုပ်ထားတဲ့နေရာက ကိုက် ၂၀၀ လောက်ရှည်တယ်။ အပေါ်ဆုံးမှာ နားဖို့တဲတွေရှိတယ်။ ကလေးလေးတွေ ရေစိမ်လို့ရ အောင်လုပ်ပေးထားတဲ့ နေရာလေးရှိတယ်။ ချောင်းဖြတ်တဲ့ တံတားတစ်ခုရှိတယ်။ အဲဒီ တံတား အောက်ပိုင်းကတော့ ရေနက်တဲ့အတွက် ရေကူးတဲ့သူတွေရှိတယ်။

အဲဒီနေရာမှာ ချောင်းပေါ်ကို ကိုင်းကျနေတဲ့ သစ်ပင်ကြီးပေါ်ကနေ ချောင်းထဲကို ခုန်ချတဲ့သူတွေရှိတယ်။ ခုန်ချဖို့ နေရာ ကလည်း သီးခြားလုပ်ထားတာမဟုတ်ပါဘူး။ ခနော် ခနဲ့ ဝါးလုံးတွေ သစ်သားပြားတွေရိုက်ထားတဲ့အပေါ်တက်ပြီးခုန်ချရတာ။ သစ်ပင်ပေါ်မှာ အရက် သောက်ရင် ရေမကူးနဲ့။ ရေကူးမယ်ဆိုရင် အသက်ကယ်အကျီ ၤ ဝတ်ပါ ဆိုတဲ့ ဆိုင်းဘုတ်လေးချိတ်ထားတယ်။ ဒီလိုပဲ ကြိုးနဲ့လွှဲပြီး ချောင်းထဲကို ခုန်ဆင်းနိုင်ဖို့ ကြိုးတွေ တွဲလောင်းချပေးထားတယ်။ သက်ကယ်အကျီ ၤ ငှားရင် တစ်နာရီကို လာအိုငွေ တစ်သောင်းပေး ရတယ်။

ကျွန်တော်တို့ ရောက်သွားတော့ ကိုရီး ယားမလေးတစ်ယောက် ခုန်ချတော့မလိုလို၊ ကြောက်သလိုလို လုပ်နေတာတွေ့တယ်။ အောက် က လူတွေက ခုန်ချဖို့ အော်ပြီးအားပေးနေကြတယ်။ သူကလည်း အဲဒါကို သဘောကျပြီး မူဟန်နွဲ့နွဲ့ နဲ့ လုပ်ပြ နေတာ အမြင်ကပ်စရာပဲ။ ခဏနေတော့မှ ငယ်သံပါအောင်အော်ပြီး ခုန် ချလိုက်တယ်။ ဆယ်နှစ်အရွယ် သမီးငယ်လေးလည်း အဖေနဲ့အတူ အပင်ပေါ်တက်ပြီးခုန်ချတယ်။ သူ့အဖေကတော့ သူများထက် ထူးပြီး နောက်ဂျွမ်း ပစ်ပြီး ရေထဲကျလာတယ်။

တစ်ချို့သူတွေကတော့ ရေထဲမဆင်းဘူး။ ကမ်းပေါ်ကနေထိုင်ပြီး ကြည့်နေကြတယ်။ ဘီးတပ် ကုလားထိုင်နဲ့ ထိုင်နေတဲ့ အသက်ကြီးကြီးလူတစ်ယောက်လည်းတွေ့တယ်။ သူဘာတွေ တွေး နေလဲ၊ ငယ်ရွယ်ကျန်းမာသန်စွမ်းချိန်ကို လွမ်းနေသလား၊ ဒါမှမဟုတ် လမ်းမလေ ျှာက်နိုင်ပေမယ့် ခရီးသွားနိုင်သေးတယ်ဆိုတဲ့ဘဝကို ကျေနပ်နေသလား။

ချောင်းဘေးက ကွက်လပ်ထဲမှာတော့ ဥရောပတိုက်သားသုံးယောက်ဆော့နေတယ်။ သူတို့နား က ခုံတန်းလျားပေါ်မှာ ဥရောပတိုက်သူတစ်ယောက် တုံးလုံးပက်လက်အိပ်နေတယ်။ ဘီယာလား၊ ကြယ်သီးလား တစ်ခုခု ပဲ။ ဒီနေရာမှာ ရေကူးတာအပြင် Zip Line နဲ့ ကျောက်တောင် ပေါ်ကနေ ဆင်းလို့ရတယ်။ ကျောက်လှိုဏ်ဂူထဲကို ဝင်လို့ရတယ်။

ကျောက်လှိုဏ်ဂူကတော့ ကျွန် တော့်တို့ဆီမှာလို ဘုရားတွေ တည်မထားဘူး။ သဘာဝအတိုင်းပဲ။ ဒီဒေသက လှိုဏ်ဂူတွေ အားလုံး အဲဒီအတိုင်းပဲထိန်းသိမ်းထားတယ်လို့ဆိုတယ်။ လှိုဏ်ဂူအဝမှာ ဓာတ်မီးငှားလို့ရတယ်။ ရေပြာအိုင်တစ်ဝိုက်မှာ ချောင်း ပတ်ဝန်းကျင် ရော၊ ချောင်းထဲမှာပါ အမှိုက်တစ်စ မရှိအောင်ထိန်းသိမ်းထားတာကလည်း နမူနာ ယူစရာပါပဲ။

ညနေဘက် နမ့်ဆောင်မြစ်ထဲမှာလှေစီးတာကတော့ နေဝင်ချိန်ကို ကြည့်တာပါပဲ။ ပဲ့ထောင် လှေ စီးရတာပါ။ ရေတိမ်တဲ့အတွက် လှေတစ်စီးကို နှစ်ယောက်ပဲ စီးရတယ်။ လက်လှော်လှေ တို့၊ ကားတာယာကွင်းတို့နဲ့ ခရီးမနှင်ရဲသူတွေ၊ နှင်ဖို့ အချိန်မရသူတွေ အတွက် အာသာပြေ လုပ် ပေးထားတာပါ။

နမူနာယူစရာတွေခဲ့တာက ပဲ့ထောင်နဲ့ သွားတာနဲ့ တာယာကွင်းငှားတာကို လိုင်စင်စီပေးမထားဘူး။ ဒေသခံတွေကို အစုအဖွဲ့ ဖွဲ့ ပြီးလုပ်ခိုင်းထားတယ်။ အဲဒီလုပ်ငန်းမှာ အိမ်ထောင်စု တစ်ထောင့်ငါးရာကျော်ပါတယ်။ အဖွဲ့ ဆယ်ဖွဲ့ ဖွဲ့ထားပြီးတစ်ဖွဲ့ကို ဆယ်ရက် အလှည့်ကျလုပ်ခွင့်ပေးတယ်။ ခရီးသွားလုပ်ငန်း ထွန်းကားတဲ့နေရာတွေမှာ ခရိုနီရယ်၊ အာဏာရှိသူရယ်က အခွင့်အရေးတွေ၊ နေရာကောင်းတွေ ယူပြီး ဒေသခံက ကျူးကျော်ဈေးသည်ဖြစ်သွားလေ့ရှိတဲ့ ကျွန်တော်တို့ နိုင်ငံအတွက် သင်ခန်းစာ ယူစရာပါပဲ။

ဒီမြို့ထဲမှာ ခရီးကြမ်းသွားတဲ့ ကားငယ်လေးတွေ အများကြီးတွေ့တယ်။ ငှားတဲ့ဆိုင်တွေလည်းများ တယ်။ တစ်ချို့ဆိုင်တွေက ဝင်းကျယ်ကြီးနဲ့ အစီးလေးငါးဆယ်ငှားတာတွေ့ရတယ်။ ဒီကားလေး တွေငှားပြီး ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားလည်းရတယ်။ နည်းပြငှားပြိးမောင်းရင်လည်း ရတယ်။ ဒါမှ မဟုတ် သူတို့ စီစဉ်ပေးတဲ့ ယာဉ်တန်းနဲ့ လိုက်မောင်းလို့လည်းရတယ်။

ဒီလိုကားတွေရှိတဲ့အတွက် မြို့လယ်လမ်းတွေကလွဲရင် ကျန်တဲ့နေရာတွေမှာ မြေသားလမ်းတွေပဲ ထားတယ်။ နမ်ဆောင်မြစ်ကို ဖြတ်တဲ့တံတားတောင် ခေတ်ဟောင်းကြိုးတံတားပဲ။ မြို့ပြင် ရောက် သွားတာနဲ့ ဖုန်တထောင်းထောင်းနဲ့။ အတူပါတဲ့လမ်းညွှန်ကို လမ်းမပြင်ဘူးလားလို့မေးတော့ လမ်းပြင်လိုက်ရင် ဒီကားတွေစီးတဲ့သူ ဘယ်ရှိတော့မလဲ လို့ ပြန်ဖြေတယ်။

တစ်နေရာမှာတော့ ဆံပင်ရှည်ရှည်၊ မုတ်ဆိတ်ရှည်ရှည်နဲ့ ဥရောပတိုက်သားတစ်ယောက် မြင်း နှစ်ကောင်ကို ဆွဲပြီး လမ်းကြားထဲက ထွက်လာတာတွေ့တယ်။ မြင်းတစ်ကောင်ပေါ်မှာ အထုပ် အပိုးတွေနဲ့ နောက်တစ်ကောင်ကတော့ စီးမြင်းဖြစ်မယ်။ ဘယ်ကိုများ ခရီးနှင်မလဲလို့ ဆင်းပြီး မေးချင်တာ ဒါပေမယ့် ယာဉ်တန်းနဲ့ဆိုတော့ မေးခွင့်မရဘူး ။

ဒီမြို့မှာလည်း စနစ်ကျတဲ့ ညဈေးတန်းရှိတယ်။ ရောင်းတဲ့ပစ္စည်းတွေကတော့ လွန်ပရာဘန် နဲ့ မကွာဘူး။ ဒါပေမယ့် ချည်ထည် ပန်းထိုးလက်ရာတွေကတော့ ပိုကောင်းတယ်။ နမ့်ဆောင် မြစ်ထဲမှာ ရေပေါ်စားသောက်ဆိုင်တွေအတွက်နေရာသတ်မှတ်ပေးထား တယ်။ ကျန်တဲ့နေရာတွေမှာရောင်းခွင့်မရှိဘူး။ မြစ်ကမ်းစပ်မှာ၊ မြစ်ထဲမှာ အမှိုက်မရှိဘူး။ စား သောက် ဆိုင်တွေက သပ်ယပ်သန့်ရှင်းတယ်။ ဒါပေမယ့် သီချင်းအကျယ်ကြီးဖွင့်နေတဲ့ ဆိုင်တစ်ဆိုင် ကြောင့် စားရတာ အရသာပျက်တယ်။

ဗန်ဗီယင်းမြို့မှာ ခရီးသွားလုပ်ငန်းကို စနစ်တကျဖွံ့ဖြိုးအောင်ဆောင်ရွက်နေတယ်ဆိုပေမယ့် လိုအပ်ချက်တွေက ရှိနေဆဲပဲ။ မူးယစ်ဆေးပြဿနာကို မထိန်းနိုင်သေးဘူး။ ခရီးသွားတွေကို အရက်ထဲမှာ ဆေးခတ်ပြီး ငွေယူတာမျိုးတွေရှိနေသေးတယ်။ မြစ် ထဲမှာ အုပ်စုလိုက် ကားတာယာကွင်းစီးတဲ့သူတွေကို ဘေးအန္တရာယ်ကင်းရှင်းရေး စည်းကမ်း တွေကို လိုက်နာဖို့အတွက် အခက်အခဲရှိတုန်းပဲ။

ဘာပဲဖြစ်ဖြစ် ဗန်ဗီယင်းက သဘာဝအခြေခံ စွန့်စားသွားရတာကို နှစ်သက်တဲ့သူတွေအတွက် မဖြစ်မနေသွားသင့်တဲ့နေရာပဲ။ တည်းခိုဖို့ကုန်ကျစရိတ်ကလည်း လွန်ပရာဘန်တို့၊ ဗီယန် ကျင်း တို့ထက် အများကြီးသက်သာတယ်။ ဒီမြို့ကနေ ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့အထိလည်း ဘတ်စ် ကားနဲ့ သွားလို့ရတယ်။ ၂၅ နာရီ မောင်းရတယ်။ ရိုးရိုး ဘတ်စ်ကားရှိသလို Sleeping Bus လို့ ခေါ်တဲ့ အိပ်စင်နဲ့ အိပ်ပြီးသွားလို့ရတဲ့ကားလည်းရှိတယ်။

အနောက်ကမ္ဘာက ပေါချောင်ခရီးသွား တွေကတော့ ထိုင်းနိုင်ငံကနေ ဗီယန်ကျင်း၊ ဗီယန်ကျင်းကနေ ဗန်ဗီယင်း၊ ပြီး ရင် ဗီယက်နမ် ဘက် ကို ခရီးဆက်ကြတယ်ပြောတယ်။ တစ်ချို့ကလည်း ထိုင်းနယ်စပ်ကနေ လွန်ပရာဘန် ကို မြစ် အတိုင်း စုံဆင်း၊ လွန်ပရာဘန်ကနေ ဗန်ဗီယင်းကို ဘတ်စ်ကားနဲ့လာ၊ ပြီးရင် ဗီယက်နမ်ကို ဆက်သွားကြတယ်။ ကျွန်တော်လည်း သူတို့ခြေရာနင်းပြီး ထိုင်း၊ လာအို၊ ဗီယက်နမ်ကို အိတ်တစ်လုံးနဲ့ ခရီးဆက်နိုင်အောင်ကြိုးစား ဦးမယ်။

မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး

မနေ့ ( ဖေဖော်ဝါရီ ၂၄ ) ရက်နေ့မှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ ရာထူးက နုတ်ထွ က် ကြောင်းကြေငြာခဲ့တယ်။ မြန်မာမီဒီယာတစ်ချို့မှာ ဒါဟာ ရုတ်တရက်ဖြစ်ခဲ့တဲ့ အံ့သြစရာအဖြစ် အပျက်သဘော ရေးခဲ့ကြတယ်။ တကယ်တော့ ဒီလိုဖြစ်ဖို့အတွက် တာစူခဲ့တာ သုံးလလောက် ရှိခဲ့ ပါပြီ။

နောက်ခံသမိုင်း

လက်ရှိ မဟာသီယာ ဝန်ကြီးချုပ်လုပ်နေတာဟာ PH လို့ခေါ်တဲ့ Pakatan Harapan ညွန့်ပေါင်း အဖွဲ့ရဲ့ ထောက်ခံမှုနဲ့ လုပ်နေတာဖြစ်ပါတယ်။ PH, Pakatan Harapan ဆိုတာ မေ ျှာ်လင့်ခြင်း မဟာမိတ်အဖွဲ့ ( Alliance of Hope) ကို မလေးဘာသာနဲ့ခေါ်တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နာဂျစ်ခေါင်းဆောင်တဲ့ UMNO အစိုးရအဖွဲ့ကို ဖြုတ်ချဖို့အတွက်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

ဒီညွှန့်ပေါင်းအဖွဲ့မှာ အရင် UMNO ခေါင်းဆောင်လည်းဖြစ်၊ ဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်း ဆောင်ခဲ့တဲ့ မဟာသီယာရဲ့ Bersatu လို့ အတိုကောက်ခေါ်တဲ့ PPBM ပါတီပါတယ်။ အရင် UMNO ထိပ်တန်းခေါင်းဆောင်တစ်ဦးလည်းဖြစ်၊ ဒုဝန်ကြီးချုပ်အဖြစ်လည်းတာဝန်ထမ်းဆောင်ခဲ့ပြီး မဟာသီယာနဲ့ သဘောထားကွဲလွဲတွက်အတွက် ရာထူးက ထုတ်ပယ်ခံရ၊ ထောင်ဒဏ်အပြစ်ပေးခံ ခဲ့ရတဲ့ အန်ဝါ ခေါင်းဆောင်တဲ့ PKR ပါတီပါတယ်။ တရုတ်လူမျိုးတွေကို အခြေခံဖွဲ့စည်းထားတဲ့ DAP ပါတီပါတယ်။ အလယ်အလတ်သဘောထားရှိတဲ့ အစ္စလမ်ပါတီ Amanah လို့ခေါ်တဲ့ PAN ပါတီပါတယ်။

အဲဒီအထဲမှာ အန်ဝါ ခေါင်းဆောင်တဲ့ PKR ပါတီက အင်အားအကောင်းဆုံးပဲ။ ဒီပါတီဟာ ၁၉ ၉ ၈ ခုနှစ် အန်ဝါ ရာထူးက ထုတ်ပယ်ခံရပြီးနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ပြုပြင်ပြောင်းလဲရေးလှုပ်ရှား မှုတွေကို အခြေခံပြီး ၁၉ ၉ ၉ ခုနှစ်ထဲက ဖွဲ့စည်းခဲ့တာဖြစ်တယ်။ မဟာသီယာ ဝန်ကြီးချုပ် ဘ၀ မှာထဲက အတိုက်အခံပါတီအဖြစ်ရပ်တည်ခဲ့တာဖြစ်တယ်။ ၂၀၁၈ ရွေးကောက်ပွဲပြိုင်တဲ့အချိန်မှာ လည်း မဟာသီယာရဲ့ပါတီအပါအဝင် ညွှန့်ပေါင်းပါတီတွေက PKR ပါတီ လိုဂို ကို သုံးပြီး ရွေး ကောက်ပွဲဝင်ခဲ့ရတာဖြစ်ပါတယ်။

ရွေးကောက်ပွဲအကြို PH ညွှန့်ပေါင်းခေါင်းဆောင်တွေအစည်းအဝေးမှာ ညွှန့်ပေါင်းအဖွဲ့ ရွေးကောက်ပွဲ အနိုင်ရရင် မဟာသီယာ ဝန်ကြီးချုပ်တာဝန်ယူမယ်။ အကျဉ်းကျနေတဲ့ အန်ဝါကို လွတ်ငြိမ်းချမ်းသာခွင့်ရအောင် ဘုရင်ကို တင်ပြပေးရမယ်။ မဟာသီယာ ဝန်ကြီးချုပ်တာဝန် နှစ် နှစ် ပြည့်ရင် အန်ဝါကို ဝန်ကြီးချုပ်အဖြစ် တာဝန်လွှဲပြောင်းပေးရမယ် လို့ သဘောတူခဲ့ကြ တယ်။

PKR ပါတီတွင်းပြဿနာ

၂၀၁၈ အထွေထွေရွေးကောက်ပွဲမတိုင်ခင် သဘောတူညီချက်အတိုင်းဆိုရင် အန်ဝါအီဘရာဟင် ကို ၂၀၂၀ ပြည့်နှစ် မေလ အတွင်းမှာ တာဝန်လွှဲပေးရမယ်။ ဒါပေမယ့် အစိုးရဖွဲ့ပြီးတဲ့အချိန်က စပြီး မဟာသီယာက တာဝန်လွှဲမယ့်ကိစ္စကို တိတိကျကျ မပြောတော့ဘူး။ ၂၀၁၉ နှစ်ကုန် ပိုင်း ရောက်လာတော့ ၂၀၂၀ အေပက် အစည်းအဝေးကို အိမ်ရှင်အဖြစ်လက်ခံကျင်းပပြီး မှ လွှဲ ပေးမယ်လို့ပြောသလို နာဂျစ်ထားခဲ့တဲ့ အရှုပ်တော်ပုံတွေကို ရှင်းပြီးမှ လွှဲမယ်လို့လည်း လေသံပစ်လာတယ်။ ဒီအချိန်မှာပဲ အဓိက အတိုက်အခံပါတီဖြစ်တဲ့ ယခင်အာဏာရပါတီ UMNO နဲ့ အစ္စလမ်ဝါဒီ ပါတီ PAS တို့ကလည်း မဟာသီယာ သက်တမ်းပြည့်အောင်တာဝန်ယူမယ်ဆိုရင် ထောက်ခံမယ်လို့ ပြောလာခဲ့တယ်။

အဲဒီအခြေအနေကို အန်ဝါကိုထောက်ခံသူတွေက ဘဝင်မကျဘူး။ မဟာသီယာ ဟာ အာဏာကို ဆက်ယူထားချင်နေတယ်၊ ၁၉ ၉ ၈ ခုနှစ်ကလိုပဲ အန်ဝါကို ဘေးဖယ်ထုတ်လိမ့်မယ်လို့ထင်တယ်။ ခက်တာက PKR ပါတီအထဲမှာလည်း ညီညွတ်မှုမရှိဘူး။ PKR ပါတီမှာ အန်ဝါ ကို ထောက်ခံ တဲ့ အုပ်စု နဲ့ လက်ရှိ ပါတီဒုဥက္ကဋ္ဌ နဲ့ မဟာသီယာအစိုးရအဖွဲ့မှာ စီးပွားရေး ဝန်ကြီးတာဝန်ယူထား တဲ့ အစ်ဇ်မင်း အလီ Azim Ali အုပ်စုဆိုပြီး နှစ်ပိုင်းကွဲနေတယ်။

၂၀၁၉ ခုနှစ် အတွင်းမှာ အန်ဝါရော အစ်ဇ်မင်း နှစ်ယောက်လုံးပါ လိင်ပိုင်းဆိုင်ရာ ပြစ်မှုတွေကျူး လွန်တယ်ဆိုတဲ့ စွပ်စွဲချက်တွေပေါ်ထွက်လာခဲ့တယ်။ နှစ်ဘက်လုံးက တစ်ဘက်အုပ်စုက နိုင်ငံ ရေး အရလုပ်ကြံတာဆိုပြီး အပြန်အလှန်စွပ်စွဲခဲ့ကြတယ်။ ဒီဇင်ဘာလမှာ ကျင်းပတဲ့ နှစ်ပတ်လည်ညီလာခံမှာတော့ အန်ဝါက ပါတီတွင်းမှာ သစ္စာဖောက်တွေရှိတယ်လို့ မိန့်ခွန်း ထဲမှာ ထည့်ပြောခဲ့တာနဲ့ပတ်သက်ပြီး နှစ်ဘက်အုပ်စုဝင်တွေကြားမှာ ထိုးကြိတ်တဲ့အထိ ဖြစ်ခဲ့ တယ်။ အစ်ဇ်မင်းလည်း ညီလာခံကနေထွက်သွားခဲ့တယ်။ အဲဒီနောက်ပိုင်းမှာတော့ ဝန်ကြီး အစ်ဇ်မင်းက အတိုက်အခံ UMNO, PAS ပါတီခေါင်းဆောင်တွေနဲ့ လ ျှို့ဝှက်ဆွေးနွေးတယ် ဆိုတဲ့ သတင်းတွေပေါ်ထွက်လာခဲ့တယ်။

နိုင်ငံရေးကစားကွက်တွေ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ PH ညွှန့်ပေါင်းအဖွဲ့ရဲ့ ခေါင်းဆောင်တွေ အစည်းအဝေး လုပ်တယ်။ အဲဒီအစည်းအဝေးမှာ မဟာသီယာ နဲ့ အန်ဝါ အာဏာလွှဲပြောင်းရေးကိစ္စကို ဆွေးနွေး ကြတယ်။ တံခါးပိတ်အစည်းအဝေး အပြီးမှာတော့ သတင်းသမားတွေကို ၂၀၂၀ အေပက်အစည်းအဝေးပြီးမှ အာဏာလွှဲပြောင်းပေး မယ်။ လွှဲပြောင်းမယ့်အချိန်ကိုလည်း မဟာသီယာကပဲ ဆုံးဖြတ်မယ်လို့ ညွှန့်ပေါင်းအဖွဲ့ခေါင်းဆောင်တွေ သဘောတူခဲ့ကြောင်း အသိပေးခဲ့တယ်။

ဒါ့ကြောင့် အာဏာလွှဲပြောင်းရေး ပြဿနာပြီးသွားပြီးလို့ ထင်ခဲ့ကြပေမယ့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ မှာတော့ မဟာသီယာအနေနဲ့ အတိုက်အခံ UMNO, PAS ပါတီတွေ နဲ့ ပေါင်းပြီး အစိုးရဖွဲ့ဖို့ပြင်ဆင်နေတယ်ဆိုတဲ့သတင်းတွေထွက်လာတယ်။ ဖေဖော်ဝါရီ ၂၄ ရက် နေ့မှာတော့ မဟာသီယာရဲ့ PPBM ပါတီက PH ညွှန့်ပေါင်းအဖွဲ့ကနေ နုတ်ထွက်ကြေ ာင်း ကြေညာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ ဝန်ကြီး အစ်ဇ်မင်းခေါင်းဆောင်တဲ့ PKR လွှတ်တော် အမတ် ၁၁ ယောက်ကလည်း PKR ပါတီက နုတ်ထွက်ကြောင်းကြေညာခဲ့တယ်။

မလေးရှားလွှတ်တော်မှာ အမတ်နေရာ ၂၂၂ နေရာရှိတယ်။ ဒါ့ကြောင့် အစိုးရဖွဲ့မယ်ဆိုရင် အနည်းဆုံး အမတ် ၁၁၂ နေရာရှိရမယ်။ PH ညွှန့်ပေါင်းအဖွဲ့က ပါလီမန်မှာ ၁၂၉ နေရာ ရထားပြီး ညွှန့်ပေါင်းအဖွဲ့ဝင်ပါတီအလိုက်ရထားတဲ့အမတ်နေရာက အောက်ပါအတိုင်း ဖြစ် ပါတယ် –

၁။ အန်ဝါရဲ့ PKR ပါတီ ၅၀ နေရာ။
၂။ မဟာသီယာရဲ့ PPBM ပါတီ ၂၆ နေရာ။
၃။ DAP ပါတီ ၄၂ နေရာ။
၄။ PAN ပါတီ ၁၁ နေရာ။

အဲဒီအထဲက မဟာသီယာပါတီက အမတ် ၂၆ ယောက်၊ PKR က ၁၁ ယောက်နုတ်ထွက်သွားတဲ့ အတွက် ညွှန့်ပေါင်းအဖွဲ့ဟာ လွှတ်တော်ထဲမှာ ၉ ၂ နေရာပဲရှိတော့တယ်။ ဒါ့ကြောင့်အစိုးရ ဖွဲ့ ဖို့ မဖြစ်နိုင်တော့ဘူး။

ဒါ့ကြောင့် မဟာသီယာက ဝန်ကြီးချုပ်အဖြစ်ကနေ နုတ်ထွက်စာကို ဘုရင်ကို တင်သွင်းခဲ့တယ်။ ဘုရင်က နုတ်ထွက်တာကိုလက်ခံခဲ့ပေမယ့် နောက်ထပ်အစိုးရမဖွဲ့နိုင်မီအထိ ကြားဖြတ်အစိုးရ အဖြစ်တာဝန်ယူဖို့ မဟာသီယာကိုပဲ ပြန်ပြီး တာဝန်ပေးခဲ့တယ်။

နောက်ဆုံးအခြေအနေ

သတင်းတွေအရတော့ မဟာသီယာက အမျိုးသားညွှန့်ပေါင်းအစိုးရတစ်ခု ဖွဲ့ဖို့ ပြင်ဆင်နေတယ်။
အတိုက်အခံ UMNO နဲ့ PAS ပါတီတွေက မဟာသီယာကိုထောက်ခံမယ်လို့ ကြေညာထား တယ်။ UMNO ခေါင်းဆောင်တဲ့ BN ညွန့်ပေါင်းက အမတ်နေရာ ၄၂ နေရာ၊ PAS က အမတ်နေရာ ၁၈ နေရာရှိတယ်။ နောက်ထပ် မဟာသီယာကိုထောက်ခံမယ်လို့ ပြောထားတဲ့ ဆရာဝပ်ပြည်နယ်အခြေစိုက် GPS ပါတီက ၁၈ နေရာရှိတယ်။ PKR ပါတီကခွဲထွက်လာ တဲ့အုပ်စုက ၁၁ နေရာရှိတယ်။ အဲဒါတွေ ပေါင်းလိုက်ရင် ၁၁၅ နေရာ ရမယ်။ ဒါဆိုရင် အစိုးရဖွဲ့လို့ရပြီ။

ဒါအပြင် PH ညွှန့်ပေါင်းအဖွဲ့ဝင်ဖြစ်တဲ့ DAP နဲ့ PAN ပါတီကလည်း မဟာသီယာ ဝန်ကြီးချုပ် တာဝန်ယူမှာကိုထောက်ခံပါ့မယ်လို့ လေသံပစ်လာတယ်။ ဒီပါတီနှစ်ခုက ဖေဖော်ဝါရီလ ၂၁ ရက် နေ့ အစည်းအဝေးမှာ အန်ဝါကို အာဏာလွှဲပေးဖို့ အပြင်းအထန်တောင်းဆိုခဲ့တဲ့ပါတီတွေဖြစ် ပါတယ်။ အန်ဝါကတော့ PH ညွှန့်ပေါင်းခေါင်းဆောင်တွေနဲ့ အစည်းအဝေးလုပ်ပြီး PH ဦးဆောင် တဲ့ အစိုးရတစ်ရပ် ဖွဲ့နိုင်မယ့်နည်းလမ်းရှာနေတယ်။

ဒီနေ့ညနေ စထရိတ်တိုင်းမ်သတင်းမှာတော့ မဟာသီယာက သူ့ကို ထောက်ခံတယ်ဆိုတဲ့ ပါတီတွေအားလုံးပါဝင်တဲ့ အမျိုးသား ညွန့်ပေါင်းအစိုးရဖွဲ့ဖို့ အဆိုပြုပေမယ့် UMNO နဲ့ PAS ပါတီတို့က တရုတ်လူမျိုးအခြေခံ DAP ပါတီနဲ့ လက်တွဲနိုင်ဘူးဆိုပြီး ငြင်းပယ်ခဲ့တယ်လို့ဆိုတယ်။

မလေးရှားဘုရင်ကတော့ ဒီနေ့ ညနေက စပြီး လွှတ်တော်အမတ်တွေကို တစ်ယောက်ချင်းတွေ့ပြီး ဝန်ကြီးချုပ်အဖြစ် ဘယ်သူ့ကို ထောက်ခံသလဲဆိုတာမေးနေတယ်။ ဒါဟာ မလေးရှားနိုင်ငံသမိုင်း မှာ မကြုံဘူးတဲ့အဖြစ်အပျက်ပဲ။ ဘုရင်ကတော့ ဝန်ကြီးချုပ်အသစ်ရွေးချယ်တဲ့ကိစ္စကို ပွင့်လင်း
မြင်သာစွာလုပ်ချင်တယ်လို့ ပြောထားတယ်။ ဘုရင့်အစီအစဉ်အရ လွှတ်တော်အမတ်တစ်ဦးချင်း ကို ခေါ်တွေ့တာက မနက်ဖြန် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေမှာ ပြီး မယ်လို့ ခန့်မှန်းထားတယ်။

အကဲခတ်အချို့ကတော့ အခုနောက်ဆုံးဖြစ်ရပ်တွေဟာ မဟာသီယာအနေနဲ့ အန်ဝါကို အာဏာ လွှဲပေးဖို့မလိုဘဲ သက်တမ်းကုန်တဲ့အထိ တာဝန်ယူနိုင်အောင် နိုင်ငံရေးကစားတာပဲလို့ သုံးသပ် နေကြတယ်။

တကယ်လို့ မဟာသီယာပဲ ပြန်ပြီး အစိုးရဖွဲ့နိုင်ခဲ့ရင်တော့ အန်ဝါအီဘရာဟင်အတွက် ဒုတိယအကြိမ် အလဲထိုးခံရခြင်းပဲ။ ခုချိန်ထိတော့ မလေးရှားနိုင်ငံမှာ အသက် ၉ ၄ နှစ်အရွယ် နိုင်ငံရေးဆရာကြီးကို မှီအောင် အကွက်ရွှေ့နိုင်မယ့်သူမပေါ်သေးဘူး။

တိုက်တိုက်ဆိုင်ဆိုင်

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ဟာ ဥပဒေကြမ်းတစ်ခုကို မှားပြီးတင်သွင်းခဲ့တဲ့ အတွက်
ကျွန်တော်က

“ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဖြစ်သလို
နောက်ဆုံးဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်း ကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။

သူ့ကို ပထမအကြိမ်လွှတ်တော်တုန်းက ဆုံဖူးတယ်။ အလွန်အလုပ်လုပ်နိုင်တဲ့၊ အလွန်တက်ကြွတဲ့ ပုဂ္ဂိုလ်ပါ။အလုပ်တွေများလို့ ဆွေးနွေးရမယ့် ဥပဒေကြမ်းလွဲသွားတာထင်တယ်။

အခြေခံဥပဒေဥပဒေပြင်ဆင်ရေးမှာတော့ ပုဒ်မတွေ၊ ဥပဒေတွေ လွဲလို့မဖြစ်ဘူး။” လို့ သတိပေးခဲ့ ဖူးတယ်။ ပုံ ၁ နဲ့ ၂

တိုက်တိုက်ဆိုင်ဆိုင် တစ်နှစ် ပြည့်ဖို့ တစ်ရက်အလို ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပေ ဒ ပြင်ဆင်ရေး နဲ့ပတ်သက်ပြီး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးတဲ့အခါ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေတင်သွင်းတဲ့ ဥပဒေကြမ်းနဲ့ပတ်သက်ပြီး စာပိုဒ်တစ်ပိုဒ် ကျန်နေလို့ အခြေတင် အငြင်းပွားမှုတွေဖြစ်ခဲ့ရတ ယ်။ ပြည်ထောင်စု လွှတ်တော်နာယက ကိုယ်တိုင်က မှားတဲ့အကြောင်း ဝန်ခံခဲ့ရတယ်။ https://www.youtube.com/watch?v=g1pfWW66G98&feature=share&fbclid=IwAR0PMRtt0q3aeOB-G9iCNW9vnL0Z8QvZ69CTAzQSUCizSRbkFQz_BFaMnJY

အဲဒီလို ကျန်ခဲ့တာဟာ ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာမှာ ကျန်ခဲ့တာလား၊ လွှတ်တော်ရုံးက ပြန်လည် ပြုစုတဲ့အချိန်မှာ ကျန်ခဲ့တာလားဆိုတာ ရှင်းရှင်းလင်းလင်း သိရရင် ကောင်းမယ်။

ထူးခြားတာကတော့ ဒေါက်တာမြဉာဏစိုး အမှားတွေဖတ်ပြတဲ့ ဗီဒီယိုဖိုင်ကတော့ အင်တာနက်ပေါ်မှာ ရှာလို့မရတော့ဘူး။

ပါတာဖတ်


သင်တန်းသားဘဝမှာတော့ စင်ပေါ်တက်ပြီး စာအုပ်ထဲ မှာ ရေးပေးတဲ့အတိုင်း ဖတ်ပြတာပဲ လုပ်တတ်တဲ့ နည်းပြဆိုရင် “ ပါတာဖတ်” နည်းပြလို့ ခေါ်ခဲ့ ကြတယ်။
တစ်ခါ တစ်လေ သင်တန်းသားက မေးခွန်းမေးရင်၊ မှားတယ်ထင်လို့ ဝေဖန် ထောက်ပြလိုက်ရင် “ ပါတာဖတ်“ နည်းပြ ဒုက္ခရောက်တော့တာပဲ။ တစ်ချို့ ပါတာဖတ် ကတော့ မသိတဲ့အကြောင်းဝန်ခံပြီး နောက်တစ်ချိန်မှာ ဖြေပေးပါ့မယ်လို့ ပြော တယ်။
တစ်ချို့ “ ပါတာဖတ်“ ကျတော့လည်း ဆရာမှားတာမဟုတ်ဘူး။ စာရိုက်တဲ့ စာရေး မှားတာ လို့ ဆင်ခြေပေးတတ်တယ်။ သင်တန်းသားကိုလည်း လ ျှာရှည်ရန်ကောဆိုပြီး မကြည်မလင်ဖြစ်တတ်တယ်။
အခုတော့ “ ပါတာဖတ်“ ဆိုတာ သင်တန်းတွေမှာပဲ ရှိတယ်လို့ထင်ခဲ့တာ မဟုတ်မှန်းသိရပြီလေ။

ပြည်ထောင်စုလွှတ်တော်ထဲမှာ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်ရဲ့ ကန့်ကွက်ချက်နဲ့ ပြည်ထောင်စုလွှတ်တော် နာယက ကြီးရဲ့ တုန့်ပြန် ဆောင်ရွက်ချက် ဗီဒီယို ဖိုင်ပါ။

ဒီဗီဒီယိုဖိုင်မှာ ဘေးက ပုဂ္ဂိုလ်တစ်ဦးရဲ့ အကြံပေးချက်အသံတွေနဲ့ အကြံပေးချက်တွေအပေါ် နာယကကြီးရဲ့ တုန့်ပြန်မှုတွေကလည်း စိတ်ဝင်စား ဖို့ ကောင်းတယ်။

တပ်မတော်က တင်သွင်းတဲ့ အခြေခံဥပဒေဆိုင်ရာ ဥပဒေမူကြမ်းနဲ့ပတ်သက်ပြီး လွှတ်တော်ရုံးရဲ့ အားနည်းချက်ကြောင့် တစ်ပိုဒ်လုံး ကျန်ခဲ့တယ်ဆိုတာလည်း အံ့သြ ဖို့ကောင်းပါတယ်။

မဲခေါင် ခရီးသည် (၁၄)

ဖေဖော်ဝါရီလ ၅ ရက်နေ့မနက်မှာ လွန်ပရာဘန်ကနေ ဗန်ဗီယင်း(Vang Vieng) ကို ခရီးဆက်ခဲ့ တယ်။ လွန်ပရာဘန်ကနေ ဗန်ဗီယင်းကို သွားတဲ့လမ်းနှစ်လမ်းရှိတယ်။ လမ်းဟောင်းက ၂၃၀ ကီလို မီတာဝေးတယ်။ လမ်းသစ်က ၁၈၅ ကီလိုမီတာဝေးတယ်။ လမ်းဟောင်းက သွားရင် ငါးနာရီ လောက် ကြာတယ်။ လမ်းသစ်က သုံးနာရီခွဲလောက်ပဲမောင်းရတယ်။ လမ်းဟောင်းက အမှတ် ၁၃ လမ်းမကြီးဖြစ်ပြီး လမ်းသစ်ကတော့ အမှတ် ၄ လမ်းမကြီးဖြစ်ပါတယ်။

လမ်းသစ်က ဖွင့်တာ နှစ်နှစ်လောက်ပဲရှိသေးတယ်။ အတက်အဆင်းကြမ်းတယ်။ ဒါ့ကြောင့် ခရီး သည်တင်ဘတ်စ်ကားတွေသွားလို့မရဘူး။ ကိုယ့်အစီအစဉ်နဲ့ ကိုယ်သွားတဲ့ခရီးသည်တွေက မီနီ ဗင်လေးတွေ ငှားသွားရတယ်။ မီနီဗင်တွေက ၁၂ ယောက်ပြည့်မှ ထွက်တယ်။ တစ်ယောက်ကို လာအို ငွေ ကစ် တစ်သိန်းနှစ်သောင်း၊ မြန်မာငွေနဲ့ဆို နှစ်သောင်းလောက်ပေးရတယ်။

လွန်ပရာဘန်က ထွက်တော့ တစ်ချို့ကားတွေ ဆီဖြည့်ဖို့လိုလာတယ်။ ဒီတော့မှ ကျွန်တော် တို့ မေ ျှာ်လင့်မထားတဲ့အခက်အခဲတစ်ခုတွေ့တယ်။ လာအိုဆီဆိုင်တွေက အော့တိန်း ၉ ၅ ဆီ မရောင်းဘူး။ ၉ ၂ ပဲရောင်းတယ်။ ထိုင်း PTT ဆိုင် တွေမှာပဲရတယ်။ PTT ဆိုင်တွေကို ထိုင်းလို Por Tor Thor လို့ခေါ်တယ်။ ကျွန်တော့်နားထဲမှာတော့“ ပေါတောတော” လို့ပဲ ကြားနေမိ တယ်။ ခရီးတစ်လေ ျှာက်လုံးမှာ ဆီထည့်မယ်ဆိုရင် “ပေါတောတော” ပဲ အားကိုးခဲ့ရတာ ှ အယုဒ္ဓယ ဘက်ရောက်မှ ရှဲလ်ဆီဆိုင်တွေကို တွေ့တော့တယ်။

ဒါပေမယ့် ဒီဆိုင်တွေက လာအို တစ်နိုင်ငံလုံးမှာ ၁၂ ဆိုင်လောက်ပဲရှိတယ်။ အခု ခရီးစဉ်မှာ အနီးဆုံး PTT ဆီဆိုင်က ကီလို ၁၂၀ လောက်ဝေးသေးတယ်။ ဒါ့ကြောင့်လာအိုဆိုင်မှာပဲ နည်းနည်းထပ်ဖြည့်တယ်။ ၉ ၅ ကားတွေဖြစ်လို့ ၉ ၂ ထည့်ရတာ စိတ်မသက်မသာဖြစ်ပေ မယ့် မြန်မာနိုင်ငံက ၉ ၅ ဆိုတာလည်း ဆိုင်းဘုတ်ကသာ ၉ ၅ ဖြစ်နေတာ အရည်အသွေးက ၉ ၅ ဖြစ်ချင်မှ ဖြစ်မှာပါလို့ပဲ တွေးမိတယ်။ စွမ်းအင်ဝန်ကြီးဌာနနဲ့ လုပ်ငန်းဆက်စပ်ခဲ့ သူတစ်ယောက်ကို မြန်မာနိုင်ငံက ၉ ၅ ဆီတွေက အရည်အသွေး ပြည့်ကြောင်း အာမခံလား လို့ မေးမိတော့ ပြုံးပြုံးကြီးလုပ်နေလေရဲ့။

လွန်ပရာဘန်ကနေ မိနစ် ၂၀ လောက်မောင်းတော့ လမ်းမကြီးပေါ်ရောက်တယ်။ အဲဒီမှာ ဆီ ဖြည့်တစ်နာရီလောက်မောင်းပြီးတဲ့အခါ တောင်တက်ခရီးမစခင် ခဏနားတယ်။ လမ်းပြ က ဟိုး အဝေးမှာ လှမ်းမြင်နေရတဲ့တောင်ချွန်းကြီးကို လှမ်းပြပြီး အဲဒီတောင်ကြားက ဖြတ်သွားရမှာ လို့ ပြောတယ်။ တောင်တက်လမ်းအစပိုင်းက ကျောက်တောင်ကြီးတွေ၊ တောင်ယာခင်းတွေ၊ လ ျှိုတွေကြားက လယ်ကွင်းလေးတွေနဲ့ ပျဉ်းမနား – ပင်လောင်းလမ်းရှုခင်းနဲ့တူတယ်။

တောင်တက်လမ်းက ကားနှစ်စီးကောင်းကောင်းမောင်းနိုင်ပါတယ်။ တစ်ချို့နေရာတွေမှာ သုံး စီး အထိသွားနိုင်တယ်။ အတက်၊အဆင်းကတော့ ၁၂% အထိ မတ်စောက်တဲ့နေရာတွေရှိတယ်။ ကီလို ၄၀ ထက်ပိုမမောင်းဖို့ သတိပေးဆိုင်းဘုတ်တွေထောင်ထားတယ်။ ဒါ့ ကြောင့်လည်း ဘတ်စ်ကားတွေမသွားတာဖြစ်မယ်။ ကားအသွားအလာလည်းနည်းတယ်။
လမ်း ဘေးမြောင်းတွေကောင်းကောင်းမရှိဘူး။ ဒါ့ကြောင့် တစ်ချို့နေရာတွေမှာ ရေတိုက်စားပြီး ကတ္တရာလမ်းသားပျောက်နေတယ်။ ဒါပေမယ့် အဲဒါတွေက ပေ ငါးဆယ်၊ တစ်ရာလောက် အပိုင်း လေးတွေပါ။ လမ်း ၉ ဝ%က ကတ္တရာလမ်းသားကောင်းတယ်လို့ပြောလို့ရတယ်။

တောင်တက်လမ်းအတိုင်း ကီလို မီတာ ၂၀ လောက် မောင်းပြီးတဲ့အခါ တောင်ပေါ်လွင်ပြင်တစ်ခု ထဲကိုရောက်တယ်။ အဲဒီနေရာမှာ ဗန်ဗီယင်း ဘက်က လာတဲ့ အစိုးရယာဉ်တန်းတစ်ခုနဲ့ တွေ့တယ်။ လာအိုမှာ နံပါတ်ပြား အဝါ ဆိုရင် ပုဂ္ဂလိကပိုင်ယာဉ်၊ အပြာ ဆိုရင် ဌာန ဆိုင်ရာယာဉ် နဲ့အနီ ဆို ရင် တပ်မတော်ပိုင်ယာဉ်ဆိုပြီးခွဲထားတယ်။ ဒါ့အပြင် နံပါတ်ပြား အဖြူတွေလည်းရှိတယ်။ ရုတ်တရက်ဆိုရင် ထိုင်း နံပါတ်ပြားလိုပဲ။ ဒါပေမယ့် အဲဒါတွေက အရစ်ကျစနစ်နဲ့ ဝယ်ထားတဲ့ ယာဉ်တွေ၊ ဘဏ်ကြွေးမကျေသေးရင် ယာယီသဘောနဲ့ နံပါတ်အဖြူထုတ်ပေးထားတာဖြစ်ပါ တယ်။

တောင်ပေါ်လွင်ပြင်မှ စီမံကိန်းကြီးတစ်ခုလုပ်နေပုံရတယ်။ လမ်းဘေးဝဲယာမှာ ကွန်ကရစ်တိုင်တွေ နဲ့ သံဆူးကြိုးကာထားတယ်။ အဝေးတောင်ခြေဘက်မှာ ကွန်ကရစ်အဆောက်အဦကြီး တစ်ခု ဆောက်နေတာကို လှမ်းမြင်ရတယ်။ လမ်းပေါ်မှာ ကင်းလှည့်တာလား၊ တာဝန်ကနေ ပြန် လာတာလားမသိနိုင်တဲ့ လာအိုစစ်သားသုံးယောက်တွေ့တယ်။ တစ်ယောက်က ပြောက်ကျား ဝတ်စုံနဲ့၊ နှစ်ယောက်က သံလွင်စိမ်းနဲ့။ အေကေ ၄၇ ပုံစံ သေနတ်တွေလွယ်ထားတယ်။ နောက် တစ်နေရာမှာတော့ စစ်သားတွေ စောင့်နေတဲ့ ဘန်ကာတစ်ခုတွေ့တယ်။

လွင်ပြင်ဆုံးတော့ တောင်တက်ခရီးပြန်စတယ်။ ရာသီဥတုက ချက်ခြင်းအေးလာတယ်။ ငါးကီလို မီ တာလောက်မောင်းလိုက်တော့ မိုးနှင်းတွေ ကျလာတယ်။ ကားတွေမီးဖွင့်မောင်းရတယ်။ အော် တို ဂီယာကနေ မန်နူရယ်ကို ပြောင်းရတယ်။ ကားရှေ့ကို ၂၅ ကိုက်လောက်ပဲမြင်ရတော့တယ်။ ကား အမြန်နှုန်းကလည်း တစ်နာရီ ၁၀/ ၁၅ ကီလိုလောက်အထိ နှေးသွားတယ်။ မျက်နှာချင်းဆိုင်က ကားနှစ်စီးလာတာတွေ့ရတယ်။ ခရီးသည်တင်ဗင်ကားတွေ။

တောင်ပေါ်ကားလမ်းမှာ မိုးနှင်းတွေဝေနေတာကို မြင်တော့ ကော့ ကရိတ်-မြဝတီ ကားလမ်းဟောင်းက ချောက်ကမ်းပါး စခန်းကို သတိရမိတယ်။ အဲဒီစခန်းကလည်း မိုးတွင်းဆိုရင် အခုလို မြူတွေဆိုင်းလို့၊ စခန်းထဲက စစ်သည်တွေကတော့ သဘာဝအလှကို ခံစားဖို့ထက် မြူတွေကြားက ဝေေ၀ဝါးဝါးလှမ်းမြင်နေရတဲ့တောင်ကုန်းတွေမှာ ရန်သူတွေ များ ရှိနေမလား လို့ တွေးပူနေခဲ့ကြတယ်။ အဲဒီအချိန်ကတော့ လွမ်းဖို့ ၊ ဆွေးဖို့ထက် မြင်ကွင်းမကောင်းရင် ရန်သူအတွက် အခွင့်အရေးပိုကောင်းတယ်ဆိုပြီး စိုးရိမ်စိတ်တွေများခဲ့ရတဲ့အချိန်ပေါ့။

မြင်ကွင်းမကောင်းပေမယ့် လမ်းက အတက်အဆင်း မရှိတော့ပဲ တောင်ကြောအတိုင်းမောင်းရတာ ဖြစ်လို့ နည်းနည်းကံကောင်းတယ်။ ခဏနေတော့ မြင်ကွင်းက ပိုဆိုးလာတယ်။ ဆယ်ကိုက် လောက်ပဲ မြင်ရတော့တယ်။ ဒါပေမယ့် ရှေ့ပြေးကားက ဘယ်ဘက်ကို ချိုးဝင်လိုက်တယ်။ ဒါဟာ ရှုခင်းသာနေရာပဲ။ အမြင့်ပေကို ကြည့်လိုက်တော့ ၁၅၁၇ မီတာတဲ့။ ဒီနေရာမှာ ဝက်သားကင်၊ ကောက်ညှင်း နဲ့ အသီးအနှံတွေရောင်းတဲ့ဆိုင်လေးတွေရှိတယ်။ ခရီးသွားတွေအတွက် အိမ်သာ ရှိတယ်။ ထိုင်းငွေနဲ့ ငါးဘတ်ပေးရတယ်။ တောင်ပေါ်ရေထွက်ကနေ ပိုက်နဲ့သွယ်ထားတဲ့ ရေတိုင် တစ်ခုကို စားသောက်ဆိုင်တန်းအနောက်ဘက်မှာတွေ့ရတယ်။
ကားပေါ်က ဆင်းလိုက်တော့ မိုးနှင်းတွေကြားကို ရောက်သွားတယ်။ မျက်နှာကိုလာတိုးတဲ့ လေ က အေးစိမ့်နေတယ်။ အပေါ်က စီးမိုးနေတဲ့ တောင်ထိပ်ကိုလည်းမမြင်ရဘူး။ တောင်ကြားချိုင့်ဝှမ်း ကိုလည်း မမြင်ရဘူး။ ဘာကိုမှ မမြင်ရဘူး။ ဘယ်နေရာကြည့်ကြည့် မိုးနှင်းတွေပဲ၊ မိုးလား၊ တိမ်လား၊ မြူလား။ “ တိမ်လို လွင့်မျောလိုက်၊ တိမ်လို နိမ့်ဆင်းလိုက်” အငဲသီချင်းတစ်ပိုင်းတစ်စ ရင်ထဲရောက်လာတယ်။

ခပ်လှမ်းလှမ်းက တဲလေးမှာ လူသုံးယောက်ထိုင်ပြီး တောင်ကြားချိုင့်ဝှမ်းဘက်ကို ငေးကြည့်နေ တယ်။ ဆိုင်ကယ်နှစ်စီးရပ်ထားတယ်။ ဆိုင်ကယ်အကြီးစားတွေမဟုတ်ဘူး။ ကျွန်တော်တို့ဆီမှာ အသုံးများတဲ့ ဆိုင်ကယ်အသေးလေးတွေပဲ။ ဒီလိုတောင်ပေါ်ခရီးကို ဒီဆိုင်ကယ်တွေနဲ့ ခရီး ထွက် လာသူတွေက ဘယ်သူတွေလဲ။

အနားရောက်တော့ ဥရောပတိုက်သားအမျိုးသား နှစ်ယောက်၊ ဒေသခံလို့ထင်ရသူတစ်ယောက်။ ဒေသခံ က ဖုန်းကိုကြည့်နေတယ်။ နိုင်ငံခြားသားနှစ်ယောက်ကတော့ မိုးနှင်းတွေကြားကို ငေးကြည့်နေတယ်။ လက်ထဲမှာ ခွက်တစ်ခွက်စီနဲ့။ ကော်ဖီပူပူလား၊ သူရာရည်လား မသိနိုင်ဘူး။ သီချင်းတိုးတိုးလေး ဖွင့်ထားတယ်။ သီချင်းသံကို ကြားဖူးတယ်။ White Lion ရဲ့ “Till Death Do Us Part”

ဘဝတစ်လေ ျှာက်လုံး
သေကွဲမကွဲခင်အထိ
မင်းအနားမှာငါရှိမှာxx

မိုးလင်းနိုးထတိုင်း
ငါ့လက်မောင်းပေါ်မှာ အိပ်နေတဲ့မင်းကို တွေ့လိုက်တဲ့အခါ
အိပ်မက်များလားလို့ တွေးမိခဲ့
မင်းမျက်လုံးတွေကို မြင်လိုက်တိုင်း
တကယ်ဟုတ်ရဲ့လားလို့ မေးမိခဲ့ xx

အဆိုး အကောင်းတွေ
ဘယ်လိုကြုံရ ကြုံရ မင်းအနားမှာ
အမြဲတမ်းရှိမှာ xx

ဟေမန်ဆောင်းညများမှာ
နှင်းတွေကျတဲ့အခါ
နွေးထွေးအောင် ထွေးပွေ့ထားမှာ

ဘဝတစ်လေ ျှာက်လုံး
သေကွဲမကွဲခင်အထိ
မင်းအနားမှာငါရှိမှာxx
xx

မိုးမှုန်တွေကြား သီချင်းသံတိုးတိုးလေးနဲ့ စကားမပြောဘဲ ထိုင်နေတဲ့ သူတို့နှစ်ယောက်ကို ကြည့်ရင်း လောကကြီးက တိတ်ဆိတ်သွားတယ်။ ဟိုးခပ်လှမ်းလှမ်းက ခရီးသွားဖော်တွေရဲ့ အသံ တွေ ကို မကြားတော့ဘူး။ သီချင်းသံရယ်၊ လေတိုးသံရယ်၊ မျက်နှာကို လာနမ်းနေတဲ့ မိုးမှုန် တွေရယ်၊ ကိုယ့်အတွေးတွေရယ်ပဲကျန်တော့တယ်။

ဘယ်လောက်ကြာအောင် ရပ်နေမိလဲမသိဘူး။ လမ်းညွှန်ထိုင်းအမျိုးသားလေးလိုက်လာပြီး ကျွန်တော်တို့အဖွဲ့တွေ ကော်ဖီသောက်နေကြပြီလို့ လာခေါ်တယ်။ ဓာတ်ပုံတွေရိုက်ကြမယ်၊ ကော်ဖီသောက်မယ်၊ ပြီးရင်ခရီးဆက်ထွက်မယ်။ ဒါပါပဲ။

တကယ်တော့ ဒီလိုအချိန်၊ ဒီလိုနေရာမှာ အအေးဒဏ်ကိုခံနိုင်မယ့် ဝက်သားကင်၊ ကောက်ညှင်း ၊ အရက် တစ်ခွက်နဲ့ ထိုင်တွေး၊ ထိုင်ငေးနေရမှာ။ နည်းနည်းများသွားရင် ကားထဲမှာ တစ်ရေးအိပ်ပြီးမှ ခရီးဆက်ပေါ့။ ဒါမှမဟုတ် နေထွက်လာပြီး တောင်ကြားချိုင့်ဝှမ်းအလှတွေ တစ်ဖြေးဖြေးပေါ်ထွက်လာတာကို စောင့်ကြည့်ပြီးမှ ခရီးဆက်ပေါ့။ ဒါမှမဟုတ်ရင်လည်း ဒီနေရာမှာပဲ တောစခန်းချသလို တစ်ညလောက်အိပ်။ နေဝင်ချိန်၊ အရုဏ်တက်ချိန်တွေကို ခံစား။

အခုလို ဘယ်အချိန်ထွက်၊ ဘယ်အချိန်ရောက်၊ ဘယ်ဟာကို ကြည့်ဆိုသလို အချိန်ဇယားတွေနဲ့ ခရီးသွားရတာဟာ ခရီးသွားခြင်းအစစ် မဟုတ်ဘူး။ ဒါဟာ လှည့်လည်ကြည့်ရှုခြင်းပဲ။ နေရာတစ်ခု ကိုရောက်ခဲ့ ဖူးတယ်ဆိုတာထက် မပိုဘူး။ စိတ်ရဲ့စေရာအတိုင်း၊ လူတွေထဲမှာ သဘာဝထဲမှာ နစ်မျောပြီး ခရီးသွားရတာကသာ စစ်မှန် သောခရီးသွားလာခြင်းပါ။

ဒါပေမယ့် ခရီးသွားအေဂျင်စီ အစီအစဉ်နဲ့ သွားရင်တော့ အရာရာ အဆင်ပြေပေမယ့် အဲဒီလို လွတ်လပ်မှုမျိုးရဖို့ခက်တယ်။ ဘ၀ မှာ အဆင်ပြေတယ်ဆိုတိုင်း အပြည့်အ၀ ပျော်ရွှင်ရတော့ မဟုတ်ဘူး။

ခရီးသည် နှစ်ယောက် ကတော့ မိုးနှင်းတွေကြားမှာ ထိုင်နေတုန်းပဲ။ ရွေးချယ်စရာ မရှိသူကတော့ မိုးနှင်းမြူတွေကြားမှာ နေချင်သေးပေမယ့် ခရီးဆက်ခဲ့ရတယ်။ ဒါပေမယ့် ကိုယ့်စိတ်အတိုင်း တောင်ထိပ်ပေါ်ကနေ မိုးနှင်းတွေကြားကို ငေးကြည့်နိုင်မယ့် အချိန်ရောက်လာ ဦးမှာပါ။

တုတ်ထိုး ခေါက်ဆွဲ

ခရီးသွားတဲ့အခါ ဟိုတယ်က ကျွေးတဲ့ နံနက်စာ ကို စားမယ့်အစား ဒေသအစားအစာကို ရှာစားရ တာ၊ မနက်ခင်းဈေးတွေကို ကြည့်ရတာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းပါတယ်။ အခု ခရီးစဉ်မှာတော့ မနက် ၈ နာရီဆို ယာဉ်တန်းစထွက်တဲ့အတွက် အဲဒီလို စားဖို့အတော်ခက်တယ်။ ဖေဖော်ဝါရီလ ၅ ရက်နေ့ကတော့ ၉ နာရီမှ ယာဉ်တန်းထွက်မယ်ဆိုတဲ့အတွက် အနားမှာရှိတဲ့ ရပ်ကွက်ထဲမှာ လမ်း လေ ျှာက်ရင်း ဆန်ခေါက်ဆွဲဆိုင်တစ်ဆိုင်လေးတစ်ဆိုင်ကိုတွေ့လို့ ဝင်စားခဲ့တယ်။

ခေါက်ဆွဲဆိုင်ကတော့ Pho ခေါက်ဆွဲဆိုင်ပါပဲ။ မနေ့က စားခဲ့တဲ့ ချောစုခေါက်ဆွဲဆိုင်လို ခမ်း ခမ်း နားနားမဟုတ်ဘူး။ အိမ်ဆိုင်လေးပဲ။ ကျွန်တော်တို့ဆီက လမ်းလေး မုန့်ဟင်းခါးဆိုင်လိုပါပဲ။ လူရွယ်တစ်ယောက် ၊ အဒေါ်ကြီးတစ် ယောက်ရှိတယ်။ အဒေါ်ကြီးက မုန့်ပြင်တဲ့သူ၊ လူရွယ်ကတော့ အကူပေါ့။ ကျွန်တော်ရောက်သွားတော့ ဆိုင်ဖွင့်စပဲရှိသေးတယ်။ ဟင်းရည်တွေတည်တုန်း၊ ခုံခင်းတုန်း။ ဆိုင်မှာက ဝက်သားတစ်မျိုးပဲရတယ်။ ဒါပေမယ့် ဝက်သားတွေကို ဝက်သား တုတ်ထိုးလို ပြုတ်ထားပြီး ဇလုံကြီးနဲ့ထည့်ထားတယ်။ ကိုယ်စားချင်တဲ့ အပိုင်းကို လက်ညှိုးထိုးပြရင် လှီးပြီးထည့်ပေးတယ်။

ပွဲပြင်ပြီးတဲ့အခါ ရှေ့မှာချပေးထားတဲ့ စုံနာဖာစီ ပစ္စည်းတွေကို လက်ညှိုးထိုးပြပြီး ဘယ်လို စားရမလဲ လို့ နိုင်ငံတကာဘာသာစကားနဲ့မေးတဲ့အခါ အဒေါ်ကြီးက နည်းနည်းစီထည့် ပေး တယ်။ မထည့်ခင် ကိုင်ပြပြီး ထည့်မထည့် မေးတယ်။ ကျွန်တော်ကတော့ အကုန်ခေါင်းငြိမ့်ပြ လိုက်တယ်။ ငါးပိထောင်းထည့်သလို သံပုရာသီးလည်းညှစ်တယ်။ ငရုတ်သီးအနှစ်နဲ့ ငရုတ် သီး စိမ်းထည့်တယ်။ ငံပြာရည်နည်းနည်းထည့်တယ်။ အရွက်စုံထည့်တယ်။

အားလုံးပြီးလို့ စားကြည့်တော့ အတော်အစပ်အဟပ်တည့်တာပဲ။ မနေ့ကတော့ ဘာထည့်လို့ ထည့်ရမှန်းမသိလို့ ငရုတ်သီးမှုန့်လောက်နဲ့ ပြီးခဲ့တာ။ အခုတော့ သူထည့်ပေးတဲ့အတိုင်း စား တဲ့ အပြင် အရွက်တွေကိုလည်း ငါးပိထောင်းလေးနဲ့ တို့ပြီး ထပ်စားခိုင်းတယ်။

ခေါက်ဆွဲပူပူကို စားလိုက်၊ ငါးပိထောင်းကို အရွက်ပေါ်တင်ပြီး စားလိုက် နဲ့ တကယ့် Pho အရသာ ကို ခံစားခဲ့ရတယ်။

ချောစု ခေါက်ဆွဲ

ကျွန်တော်တို့တစ်တွေ မုန့်ဟင်းခါး ကြိုက်သလိုပဲ လာအိုနိုင်ငံသားတွေကလည်း Pho လို့ခေါ်တဲ့ ဆန်ခေါက်ဆွဲပြုတ်ကို ကြိုက်ကြတယ်။ Pho က ဗီယက်နမ်အစားအစာလို့ဆိုတယ်။ လာအိုမှာတော့ Pho ကိုစားတာက ဗီယက်နမ်စားသောက်ဆိုင်တွေမှာ တွေ့ဖူးတာနဲ့မတူဘူး။ Pho စားသောက် ဆိုင်စားပွဲမှာ ငံပြာရည်မျိုးစုံ၊ ငရုတ်သီးမှုန့်၊ ငရုတ်သီးအနှစ်၊ ငရုတ်သီးစိမ်းတွေ အပြင် ငါးပိထောင်း လည်းချပေးထားတယ်။ ပဲသီး၊ ဂေါ်ဖီ၊ ပူစီနံ နဲ့အမျိုးအစားမသိတဲ့ အရွက်တွေလည်းချပေးတယ်။ အရည် နဲ့စားသလို အသုပ်လည်း စားလို့ရတယ်။ ဆန်ခေါက်ဆွဲ ဖတ်လိုမျိုးနဲ့ စားသလို ခေါက်ဆွဲလုံးဆိုတာနဲ့လည်း စားတယ်။ ခေါက်ဆွဲလုံးဆိုတာက ဆန်ခေါက် ဆွဲဖတ်ကို မုန့်လုပ်ဆောင်းအဖတ်လို လုပ်ထားတာ။ နည်းနည်းတော့ ပိုကြီးတယ်။

ဖေဖော်ဝါရီလ ၄ ရက်နေ့ လွန်ပရာဘန်မှာနေ့လည်စာစားတော့ ကျွန်တော်တို့က ယိုးဒယားစာ တွေပဲ စားရတာ ငြီးငွေ့နေပြီ။ ပေါ့ပေါ့ပါးပါး ခေါက်ဆွဲပဲစားချင်တယ်ဆိုလို့ ခရီးသွား အေဂျင်စီက ခေါက်ဆွဲဆိုင်တစ်ဆိုင်ကို ခေါ်သွားတယ်။ ဆိုင်က သန့်ရှင်း သပ်ရပ်တယ်။ အပေါ်ထပ်တက်တဲ့လှေကားလည်း တွေ့တော့ အပေါ်ထပ်မှာလည်းနေရာရှိပုံရတယ်။

ခေါက်ဆွဲပြုတ်ကတော့ ထူးထူးခြားခြား ကောင်းတယ်လို့ မခံစားရပါဘူး။ ဒါပေမယ့် ဆိုင်နံရံတွေမှာ ၂၀၁၉ နဲ့ ၂၀၂၀ လာအိုမယ်တွေရဲ့ ဓာတ်ပုံတွေချိတ်ထားတာပဲ သတိထားမိတယ်။ သူတို့ ချိတ် ထားတာက စားသောက်ဆိုင်ဖြစ်လို့ ပိုစတာဝယ်ပြီး အလှဆင်ထားတာမျိုးမဟုတ်ဘူး။ မှန် ဘောင် နဲ့ အသေအချာချိတ်ထားတာ။

ဒါနဲ့ မေးကြည့်တော့ ဒီဆိုင်ပိုင်ရှင်ရဲ့ သမီးတွေဖြစ်ပြီး နှစ်နှစ်ဆက်တိုက် မယ်ဘွဲ့ရထားတာလို့ ဆိုတယ်။ သူတို့မှာ သမီးသုံးယောက်ရှိပြီး အကြီးနှစ်ယောက်က မယ်ဘွဲ့ရ ထား တာလို့ ပြောတယ်။ သူတို့မိသားစုပုံကိုလည်းပြတယ်။ အဖေရော၊ အမေရော ချောတာကိုး။ သမီးတွေ ချောတာမဆန်းဘူး။ သမီးအငယ်ဆုံးလေးလည်း အရွယ်ရောက်လာရင် ဆုရဦးမယ့် ပုံရှိ တယ်။

ဆိုင်မှာ အမေ နဲ့ အဖွားက ကိုယ်တိုင်ခေါက်ဆွဲပြင်တယ်။ အဖေကတော့ အလုပ်သွားတယ်တဲ့။ အမေနဲ့ အဖွားကလည်း ငယ်ငယ်က အတော်ချောမယ့်ပုံပဲ။ သမီးတွေတော့ မတွေ့ခဲ့ရဘူး။ ဆု ရတဲ့ အတွက် သူတို့လုပ်ပေးရတဲ့ လူမှုဝန်ထမ်းလုပ်ငန်းတွေ သွားလုပ်နေတယ်၊ အဲဒီလို မသွားရ ရင်တော့ ဆိုင်မှာ ရှိပါတယ်တဲ့။ သူတို့ရှိရင်တော့ ခေါက်ဆွဲက ပိုပြည့်စုံမယ်ထင်တယ်။

လွန်ပရာဘန်ကိုရောက်လို့ အလှတွေစုနေတဲ့ ချောစုခေါက်ဆွဲဆိုင်ကို သွားချင်ရင်တော့ Phu Vao လမ်းပေါ်မှာရှိတယ်။ ဆိုင်နာမည်က Pho Jan Tanom တဲ့။

စင်္ကာပူကို ကျော်မယ်ဆို

အစိုးရရဲ့ စီးပွားရေးမူဝါဒ၊ ပြည်တွင်းက အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေကို အကူအညီပေးရန်လိုအပ်ချက်တွေကို သုံးသပ်ထားတဲ့ တူမောရိုး ဂျာနယ်က “ လက်စောင်းထက်” ရဲ့ဆောင်းပါး

ဆောင်းပါးခေါင်းစဉ်က “ ဖြစ်ချင်နေတာက စင်္ကာပူ၊ ဖြစ်နေတာက ကသောင်း ကနင်း၊ ဖြစ်ခဲ့တာက ဗရုတ်ဗရက်” တဲ့

စိတ်ဝင်စားရင် အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်။

http://www.tomorrow.com.mm/node/4478?fbclid=IwAR0JPe2e2L0bgLl13hVTO1N3_7jlINq45CjykwUCOAlXCMYVsU247SzevIU