ထွေအုပ်နဲ့ နိုင်ငံရေးပါတီ

အင်တာနက်ပေါ်မှာ ချောင်းဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား တဲ့စာတစ်စောင်ကို တွေ့ရတယ်။

စာပါ အကြောင်းအရာကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မုံရွာခရိုင် အမျိုးသမီးလုပ်ငန်းကော်မတီက အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးခွင့်ရအောင် မဲစာရင်းဆောင်ရွက်တဲ့အခါ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတွေက လိုအပ်တာတွေကူညီဆောင်ရွက်ပေးဖို့ အကြောင်းကြားတာဖြစ်ပါတယ်။ ဒီစာ ကို မုံရွာခရိုင်ထွေအုပ်ရဲ့ ၂၀၁၉ သြဂုတ်လ ၉ ရက်နေ့စာကို ညွှန်းပြီး ၂၀၁၉ သြဂုတ်လ ၁၉ ရက် နေ့မှာ အုပ်ချုပ်ရေးမှူး အောင်ဘော် ( ပ/၄၄၈၄) က လက်မှတ်ထိုး ထပ်ဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီညွှန်ကြားချက်က အစစ်အမှန်ဆိုရင် အောက်ပါအချက်တွေကို စဉ်းစားသုံးသပ်ဖို့လိုလာ ပါတယ်-

၁။ ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး တာဝန်ကို ထမ်း ဆောင်နေသူဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ (ဋ) အရ ပြည်ထောင်စု ဝန်ကြီး အဖြစ် ခန့်အပ်တာဝန်ပေးချိန်ကစပြီး မိမိပါတီရဲ့ လုပ်ငန်းတာဝန်တွေမှာ ပါဝင်ဆောင်ရွက်လို့ မရ ပါဘူး။ ဒီစာထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရ ပါတီအဖွဲ့အစည်းတစ်ခုက လိုက်နာဆောင်ရွက်တယ်လို့ ဖော်ပြထားတဲ့အတွက် လမ်းညွှန်ချက်ပေးခြင်းဟာ ပါတီလုပ်ငန်း တာဝန်ကို ပါဝင်ဆောင်ရွက်တာဟုတ် ၊ မဟုတ်။

၂။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဆိုတာ နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ဌာ အနေနဲ့ရော၊ ဝန်ထမ်းတစ်ဦးချင်းအနေနဲ့ ပါ နိုင်ငံရေးပါတီတစ်ခုရဲ့ လုပ်ငန်းတွေမှာ ပါဝင် ပတ် သက်လို့မရပါဘူး။ နိုင်ငံ့ဝန်ထမ်းဥပဒေ ( ၂၀၁၈ ပြင်ဆင်ပြီး) ပုဒ်မ ၁၀ (ဆ) မှာ ဝန်ထမ်းတွေဟာ ပါတီနိုင်ငံရေး ကင်းရှင်းရမယ်လို့ ပြဋ္ဌာန်းထားပါတယ်။ ဒ့ါကြောင့် ပါတီတစ်ခုရဲ့ မဲစာရင်းကောက် ယူရေးလုပ်ငန်းကို ကူညီဖို့အတွက် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတွေကို အကြောင်း ကြားတာဟာ အုပ်ချုပ်ရေးအဖွဲ့အစည်းနဲ့ ပါတီလုပ်ငန်း ဆက်စပ်နေသလို ဖြစ်၊ မဖြစ်။

၃။ နောက်တစ်ချက်က မဲစာရင်းကောက်တယ်ဆိုတာ ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ရဲ့ လုပ် ငန်းတာဝန်ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေ၊ မဲဆန္ဒရှင်တွေရဲ့ တာဝန်က ရွေးကောက်ပွဲမတိုင်မီ မဲစာ ရင်းတွေ ကြိုတင်ကပ်ထားတဲ့အခါ မဲမပေးသင့်သူတွေ မဲစာရင်းမှာပါနေသလား၊ မဲပေးခွင့်ရှိသူတွေ မဲစာရင်းမှာမပါဘဲ ကျန်ခဲ့သလားဆိုတာ စိစစ်ဖို့၊ လိုအပ်ရင် ပြင်ဆင်ပေးရန် တင်ပြဖို့ ဖြစ်ပါတယ်။ ဒ့ါကြောင့် ပါတီတစ်ခုက မဲစာရင်း ပြုစုတယ်ဆိုရင် ရွေးကောက်ပွဲကော်မရှင်ရဲ့ လုပ်ငန်းတာဝန်ကို ဝင်ရောက်စွက်ဖက်ရာ ရောက် ၊ မရောက်။

အထက်ပါအချက်များအရ ဒီညွှန်ကြားချက်ဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေ အပေါ်မှာရော၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအပေါ်မှာရော မေးခွန်းထုတ်စရာတွေအများကြီးပေါ်လာနိုင်တဲ့ ညွှန်ကြားချက်ဖြစ်နေပါတယ်။

ဒါ့ကြောင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ကြီးကြပ်ကွပ်ကဲရတဲ့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနအနေနဲ့ ဒီရုံးစာဟာ အတုလား၊ အစစ်လားဆိုတာကို အမြန်ဆုံး စိစစ်ဖြေရှင်းသင့် ပါ တယ်။

ဒါ့အပြင် နိုင်ငံရေးပါတီတွေအနေနဲ့လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနကို လွှတ်တော်ကတဆင့် မေးခွန်း မေး သင့်ရင် မေးရပါလိမ့်မယ်။

ရာပြည့်အခမ်းအနားနဲ့ ကျောင်းသားသမဂ္ဂ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာတဲ့အခမ်းအနားကို ကျင်းပတဲ့အခါ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းမှာ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး၊ နိုင်ငံတကာ တက္ကသိုလ်များနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာအရည်အချင်းမြှင့်တင်ရေး တို့နဲ့ပတ်သက်ပြီး အစိုးရရဲ့ လက်ရှိဆောင်ရွက်နေမှုများ၊အနာဂတ်မေ ျှာ်မှန်းချက်များကို ပြည့်ပြည့်စုံစုံ ပြောကြား သွားခဲ့သလို ရန်ကုန်တက္ကသိုလ်ရဲ့သမိုင်းကိုလည်း ပြောခဲ့တယ်။ မိန့်ခွန်းရဲ့ အဆုံးသတ်မှာတော့ ဒီကနေ့ ရာပြည့်အကြိုကာလကနေ ပြီး နှစ် တစ်ရာ ပြည့်မယ့် ၂၀၂၀ ဒီဇင်ဘာလအထိ လုပ်ငန်းကော်မတီ ၁၇ခု နဲ့ ရာပြည့်အထိမ်းအမှတ် လုပ်ငန်းစဉ်တွေကို ဆောင်ရွက် သွားမှာ ဖြစ်တဲ့အတွက် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူ တွေ၊ ကျောင်းသားဟောင်းကြီးတွေ၊ မိဘပြည်သူတွေ အားလုံးပူးပေါင်းဆောင်ရွက်ဖို့ တိုက် တွန်း ခဲ့တယ်။

ဒါပေမယ့် အစိုးရမီဒီယာတွေကဖော်ပြခဲ့တဲ့ ဒီမိန့်ခွန်းထဲမှာ ပျောက်ဆုံးနေတဲ့ အပိုင်းတစ်ခုကို သတိထားမိတယ်။ အဲဒါကတော့ ရန်ကုန်တက္ကသိုလ်သမိုင်းမှာ ဖယ်ထားလို့ မရတဲ့ ကျောင်းသားသမဂ္ဂ ( တကသ နဲ့ ဗကသ) တို့ရဲ့ အခန်းကဏ္ဍပဲ။ ဒီလိုပဲ နှစ်တစ်ရာပြည့် အထိမ်း အမှတ်ဆိုပြီး ကံ့ကော်တောနဲ့ ကံ့ကော်ဥယျာဉ် ဖွင့်ပွဲလုပ်ခဲ့ပေမယ့် အင်န်အယ်လ်ဒီအစိုးရတက် ကာစက အကျယ်တဝင့်ပြောခဲ့ဖူးတဲ့ ကျောင်းသားသမဂ္ဂအဆောက်အဦ ပြန်လည်ဆောက်လုပ် ရေးနဲ့ပတ်သက်ပြီး ရည်ညွှန်းပြောလည်း အစိုးရသတင်းမီဒီယာတွေမှာမတွေ့ရဘူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ်နဲ့ပတ်သက်တဲ့ မိန့်ခွန်းမှာ
ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍကို ရည်ညွှန်းပြောကြားမှုမရှိတာ အံ့သြဖို့ကောင်းတယ်။ ဘာ့ ကြောင့်လဲဆိုတော့

၁။ အင်န်အယ်လ်ဒီပါတီက အမြဲတမ်း ရှေ့တန်းတင် ပြောကြားနေတဲ့ ဗိုလ်ချုပ် အောင်ဆန်းကိုယ်တိုင်က ကျောင်းသားသမဂ္ဂ ခေါင်းဆောင်ဖြစ်ခဲ့တယ်။ မြန်မာ့ လွတ် လပ်ရေးလှုပ်ရှားမှုဟာ တကသ/ဗကသ ကို အခြေခံပြီးပေါ်ပေါက်ခဲ့တာဖြစ်တယ်။

၂။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဒုတိယလွတ်လပ်ရေးလှုပ်ရှားမှုလို့ ပြောခဲ့တဲ့ ဒီမိုကရေစီ ရေး လှုပ်ရှားမှုကြီးဟာလည်း ၁၉ ၈၈ ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွေကနေ စတင်ခဲ့တာဖြစ် တယ်၊ ရန်ကုန်တက္ကသိုလ်နဲ့ ရန်ကုန်တက္ကသိုလ်က ကျောင်းသားတွေဟာ ဒီလှုပ်ရှားမှုကြီးမှာ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ လက်တွေ့ကျကျ သုံးသပ်ရရင် ကျောင်းသားလှုပ်ရှားမှု ကြောင့်သာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီဟာ ဒီကနေ့ရှိနေတဲ့အနေအထားကို ရောက်လာခဲ့တာဖြစ်ပါတယ် ။ ဒေါ်အောင်ဆန်း စုကြည်နဲ့ အင်န်အယ်လ်ဒီပါတီကြောင့် ကျောင်း သားသမဂ္ဂဖြစ်လာတာမဟုတ်ပါဘူး။

ဒီလိုပြောတဲ့အတွက် တော်လှန်ရေးကောင်စီခေတ်၊ လမ်းစဉ်ပါတီခေတ်၊ နဝတ/နယခေတ်၊ ဦးသိန်း စိန်အစိုးရ ခေတ်မှာ ဘယ်သို့ ၊ ဘယ်ညာ ဆိုပြီး စောဒကတက်သူတွေလည်းရှိမှာပဲ။ ဒါပေမယ့် တကသ/ဗကသဟာ တပ်မတော် က နိုင်ငံရေးအာဏာကို ရယူတဲ့အပေါ် အစဉ်တစိုက် ဆန့်ကျင်ခဲ့တဲ့ အဖွဲ့အစည်း ဖြစ်တဲ့အတွက် ၁၉ ၆၂ ဇူလိုင် ၇ ရက်အရေးအခင်းပြီးထဲက တစ်ဖက်နဲ့ တစ်ဖက် သံသယတွေ၊ မယုံကြည်မှုတွေများတာ၊ ဆက်ဆံရေးမကောင်းတာ၊ အစိုးရက သမဂ္ဂရဲ့ အခန်းကဏ္ဍကို ပစ်ပယ်ဖို့ကြိုးစားတာ မထူးဆန်းဘူး။ နဝတ/နယက ခေတ်မှာ ကျောင်းသားသမဂ္ဂသမိုင်းစာအုပ်ပြုစုတဲ့အတွက် နှစ်ရှည်ထောင်ဒဏ်ပေးခဲ့ တာ တောင်ရှိခဲ့တာပဲ။

ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး လုပ်ပါတယ်ဆိုတဲ့ ဦးသိန်းစိန်အစိုးရမှာတောင် အမျိုးသား ပညာရေးဥပဒေရေးဆွဲတဲ့အခါမှာ သမဂ္ဂ ဆိုတဲ့ စကားလုံးကို ရှောင်ပြီး ရေးခဲ့ လို့ ၂၀၁၅ နှစ်ဦးပိုင်းက ပြည်သူ့ခေတ်ဂျာနယ်စကားဝိုင်းမှာ အင်န်အယ်လ်ဒီပါတီ က ဦးဝင်းမြင့် ( အခု နိုင်ငံတော်သမ္မတ ) နဲ့ ၈၈မျိုးဆက် ဦးကိုကိုကြီး ( အခု ပြည်သူ့ပါတီ ဥက္ကဌ ) တို့က ကျွန်တော့်ကို ဒီအစိုးရဟာ “ ကျောင်းသားသမဂ္ဂ” ဆိုတဲ့စကားလုံးကို ကြောက်နေတယ်လို့ ဝေဖန်ခဲ့ဖူးတယ်။ အဲဒီအချိန်ကတော့ ပရိသတ်က လက်ခုပ်သံ တဖြောင်း ဖြောင်းနဲ့ပေါ့။

ဒါပေမယ့် အခုတော့ ကျောင်း သား လှုပ်ရှားမှုကို အကြောင်းပြုပြီး နိုင်ငံရေး စင်မြင့်ပေါ် ရောက်လာ တဲ့သူတွေကပါ “ ကျောင်းသား သမဂ္ဂ” ဆိုတဲ့ စကားလုံးကို သုံးဖို့ လက်တွန့်နေတာ၊ ရန်ကုန်တက္ကသိုလ် သမိုင်းကို ပြောတဲ့ အခါ ကျောင်းသားသမဂ္ဂရဲ့ အခန်းကဏ္ဍကို မေ့နေတာက တော့ မြင်ရတဲ့အခါ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ပြည်သူ့ပါတီ ဥက္ကဋ္ဌ ဦးကိုကိုကြီးတို့ ဝေဖန်ခဲ့တဲ့ ဒီအစိုးရဟာ “ကျောင်းသားသမဂ္ဂ” ဆိုတဲ့စကားလုံးကို ကြောက် နေ တယ် ဆိုတဲ့စကားကို ပြန်သတိရမိတယ်။

ကျွန်တော့်ပုဂ္ဂိုလ်ရေးအမြင်ပြောရရင်တော့ တကသ/ဗကသ အခန်းကဏ္ဍကို ချန်ထားမယ် ဆိုရင် ရာပြည့် အခမ်းအနားဟာ တပ်မတော်အစိုးရလက်ထက်မှာလုပ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် စိန်ရတု အထိမ်း အမှတ်အခမ်းအနားတွေနဲ့ အနှစ်သာရအားဖြင့် ကွာခြားမှာမဟုတ်ဘူး။

အဲဒါဆိုရင် အန်အယ်လ်ဒီဟာ အရင်အစိုးရတွေလိုပဲ ကျောင်းသားသမဂ္ဂကို ကြောက်နေတယ် လို့ ကျောင်းသားလူငယ်တွေက မြင်သွားမှာကို စိုးရိမ်မိပါတယ်။

မူပိုင်ခွင့်

ISEAS Yusof Ishak Institute က ထုတ်ဝေခဲ့တဲ့ ကျွန်တော့်ရဲ့ စာအုပ် မြန်မာဘာသာပြန် မူပိုင်ခွင့်ကို တရားဝင်ဝယ်ယူခဲ့ပြီးဖြစ်ပါတယ်။ မြန်မာဘာသာပြန်စာအုပ် အမြန် ဆုံး ထုတ်ဝေနိုင်ဖို့ ဆောင်ရွက်ပါ့မယ်။

ဗိုလ်တာယာ


တစ်ချိန်က စမ်းချောင်း ဗားကရာဘက်မှာ ကားတာယာတွေနဲ့ လူသုံးကုန် ပစ္စည်း တွေ ၊ မော်တော်ယာဉ်သုံးအပိုပစ္စည်းတွေ တီထွင်ထုတ်လုပ်ရောင်းချတဲ့ ဆိုင်တွေ ရှိခဲ့ဖူး တယ်။ အဲဒီ ဆိုင်တွေရှေ့မှာ ဖိနပ်တွေ၊ ရေပုံးတွေ၊ ဇလားတွေ၊ ရေပုံးကြိုးတွေချိတ်ထားလေ့ရှိတယ်။ ကား တာယာနဲ့ လုပ်ထားတဲ့ပစ္စည်းတွေက ရုပ်ထွက်မလှပေမယ့် အသုံးခံတဲ့ အတွက် ဝယ်ယူအားပေး တဲ့သူလည်းများတယ်။
အခုတော့ အဲဒီနေရာမှာ တစ်ဆိုင်၊ နှစ်ဆိုင်လောက်ပဲရှိတော့တယ်။ ကားတာယာ ဖိနပ် ဆိုတာတော့ မသုံးသလောက်ဖြစ်သွားပြီ။ ကျန်တဲ့ လူသုံးပစ္စည်းတွေ ကတော့ ထုတ်လုပ်နေဆဲပါ။ ဒါပေမယ် ရန်ကုန်မြို့သူမြို့သား အတော်များများ က ကားတာယာနဲ့လုပ်တဲ့ပစ္စည်းတွေကို သုံးရကောင်းမှန်းမသိတော့ဘူး။
ကျွန်တော်တို့ အရာရှိငယ်ဘဝက ရှေ့တန်းမှာ မိုးတွင်းကာလဆိုရင် ကြိုးသိုင်း ကားတာယာ ဖိနပ်တွေစီးခဲ့ရတယ်။ အဲဒီ ဖိနပ် တွေကို ဗီယက်နမ်စစ်ပွဲကာလမှာ ဗီယက်ကောင်း ပျောက်ကြားတွေ စီးခဲ့လို့ ဟို ချီမင်း ဖိနပ်လို့လည်း ခေါ်တယ်။ အခုခေတ်ဆိုရင် တော့ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာ ကားတာယာ ဖိနပ်စီးနေတဲ့ တပ်မတော်သား တွေပုံကိုတင်ပြီး ညှပ်ဖိနပ်ကြီးနဲ့လို့ ပြောကြမှာသေချာတယ်။
ဒါပေမယ့် ကျွန်တော့်တို့ စစ်ဆင်ရေးနယ်မြေအနေအထားနဲ့ အဲဒီဖိနပ်တွေက အကောင်းဆုံးပဲ။ ဒီဒေသက ချောင်းမြောင်းပေါတယ်။ လယ်ကွင်းတွေများတယ်။ မိုးတွင်းဆိုရင် တစ်နေကုန် ရွံ့ထဲ၊ ဗွက်ထဲမှာသွားရတယ်။ အဲဒီအခါမှာ တောစီးဖိနပ်နဲ့ ခြေအိတ်က တစ်နေကုန် ရေစိုနေပြီး ခြေ ထောက်က နူးပြီးပွလာတယ်။ ဖိနပ်ထဲကို ရွံ့တွေ၊ သဲတွေဝင်တဲ့အခါ နူးအိနေတဲ့ခြေဖဝါးတွေ ပွန်း ကုန်ရော၊ ဖြတ်လေ ျှာက်ရတဲ့ရေက နွားချေး၊ ကျွဲချေးတွေ၊ အခြားအညစ်အကြေးတွေရှိတဲ့အခါ ခြေ ဖဝါးတွေ၊ ခြေချောင်းလေးတွေမှာ အနာတွေဖြစ်လာတယ်။ အဲဒါကို သဲဝဲစားတယ်လို့ခေါ်တယ်။ သဲဝဲစားပြီဆိုရင် ခြေထောက် ထောက်လို့မရတေ့ာဘူး။ လမ်းလေ ျှာက်လို့မရတော့ဘူး။ နေ့စဉ် ချီတက်ရှင်းလင်းနေရတဲ့အချိန်မှာ သဲဝဲစားတာဟာ တကယ့်ပြဿနာပဲ။
အဲဒီပြဿနာကို အကောင်းဆုံးကာကွယ်နိုင်တာက ဟိုချီမင်းဖိနပ်ပဲ။ အကြမ်းခံတယ်။ ရာဘာ ဖိနပ် လို့ ချော်ထွက်သွားတာ၊ သဲကြိုးပြုတ်တာ၊ပြတ်တာလည်းမရှိဘူး။ ခွာကလည်း တော်ရုံ ငုတ်၊ ညှောင့်ထိုးလို့မပေါက်ဘူး။ ခြေထောက်ရေနူးတာလည်းမဖြစ်ဘူး။ ရေထဲဆင်းရင်စို ၊ ကုန်းပေါ်တက်ရင်ခြောက်။ ဒ့ါကြောင့် မိုးတွင်းကာလဆိုရင် ဟိုချီမင်းဖိနပ်ကို စီးကြတယ်။ ဒါပေမယ့် နောက်တော့ ယိုးဒယားဘက်က ဂွင်းထိုးဖိနပ်တွေ ဝင်လာ တဲ့ အခါ ဟိုချီးမင်းဖိနပ်တွေပျောက်သွားတော့တယ်။
တာယာဖိနပ်ကို ဘယ်သူစပြီးတီထွင်ခဲ့သလဲဆိုတာတော့ မှတ်တမ်းမရှိဘူး။ဒါပေမယ့် ဂျပန်ခေတ် ပစ္စည်းရှားပါးတဲ့အချိန်မှာ တာယာဖိနပ်ပေါ်လာခဲ့တယ်။အဲဒီအချိန်က အခုစော်ဘွားကြီးကုန်း တစ်ဝိုက်မှာရှိတဲ့ ကားအပျက်၊ လေယာဉ်ပျက်တွေက တာယာတွေကို လှီးပြီး ဖိနပ်လုပ်ခဲ့ကြတယ် လို့ ဆိုတယ်။
တာယာဖိနပ်ကို ဘယ်သူတီထွင်ခဲ့တယ်ဆိုတာ မသိရပေမယ့် စစ်ပြီးခေတ်နောက်ပိုင်း ကားတာ ယာကနေ ပစ္စည်းမျိုးစုံထုတ်လုပ်တဲ့လုပ်ငန်းမှာ ထင်ရှားတဲ့သူကတော့ ဦးတင်မောင်အေး ပဲ။ သူက ကားတာယာအဟောင်းတွေကို လေလံဆွဲတဲ့အခါ တာယာတွေရဲ့ အခြေအနေကို ကြည့်လိုက်တာနဲ့ ဘာ တွေ လုပ်လို့ရမယ်၊ ဘယ်လောက်ထွက်မယ် ဆိုတာကို ခန့်မှန်းနိုင်တယ်။ ဈေးဖြတ်နိုင် တယ်။ သူခန့်မှန်းရင်လွဲခဲတယ်။ ဒါ့ကြောင့်လည်း သူ့ကို ဗိုလ်တာယာလို့ခေါ်ကြတယ်။ အခုတော့ ကွယ် လွန်သွားတာဆယ်နှစ်လောက်ရှိပါပြီ။ သူ့သမီးတစ်ယောက်ကတော့ တာယာလုပ်ငန်းဆက်လုပ်နေတယ် လို့ဆိုတယ်။
ဦးတင်မောင်အေးက သာယာဝတီမြို့နယ် သင်တောရိုးရွာသား။ သင်တောရိုးရွာဆိုတာ ရန်ကုန် ဘက်ကလာရင် သာယာဝတီမြို့အထွက် သာယာဝတီပန်းကန်စက်အကျော်မှာရှိတယ်။ တာယာ အဟောင်းလောကမှာ သင်တောရိုးရွာသားတွေဖြစ်တဲ့ ဦးတင်မောင်အေး၊ ဦးလှမောင်၊ ဦးဖြူဝင်းတို့ တွေက နာမည်ကြီးတွေပေါ့။ သူတို့ကို အကြောင်းပြုပြီးတာယာအဟောင်းလုပ်ငန်းတွေထဲမှာ သင် တောရိုးသားတွေအများကြီးရောက်လာခဲ့တယ်။
ဒီလုပ်ငန်းက ပထမတော့ တာယာဖိနပ်တွေပဲထုတ်တာ။ ၁၉ ၆၂ ခုနှစ်နောက်ပိုင်းကျတော့ ဆို ရှယ် လစ်စီးပွားရေးစနစ်ရဲ့ အကျိုးဆက်ကြောင့် လူသုံးကုန်ပစ္စည်းတွေ၊ မော်တော်ယာဉ်အပိုပစ္စည်းတွေ ရှားပါးလာတဲ့အခါ ကားတာယာကနေ အဲဒီပစ္စည်းတွေထုတ်ဖို့ ကြိုးစားခဲ့ကြတယ်။ ရေပုံးတွေ၊ ဇလားတွေကို တီထွင်ထုတ်လုပ်ခဲ့တာကတော့ မုံရွေး၊ကြေးမုံက ဦးသန်းမောင်တဲ့။ ရေပုံးတွေ စလုပ် တော့ လူတွေယုံကြည်အောင် ဘုရားပွဲတွေ၊ ဈေးတွေမှာ ကိုင်ပေါက်ပြပြီး ကြော်ငြာခဲ့ရ တယ်။ နောက်တော့ကားတွေ ၊ စက် လှေတွေအတွက် ဘွတ်ရှ်တွေ၊ ဝါရှာတွေ လုပ်ပေးနိုင်မလားဆိုပြီး လာအပ်တဲ့အခါ သင်တောရိုးသားတွေက စမ်းလုပ်ပေးရင်းနဲ့အောင်မြင်သွားခဲ့တယ်။
ဆိုရှယ်လစ်စီးပွားရေးစနစ်ကြီးပြိုလဲကျခါနီးတဲ့အချိန်မှတော့ ကားတာယာအဟောင်းတွေကနေ တာယာဖိနပ်၊ သားရေဖိနပ်တွေအတွက် အောက်ခံပြား၊ လက်ဆွဲပုံး၊ ရေပုံးကြီး၊ ဆောက်လုပ်ရေး လုပ်ငန်းသုံး ဇလား၊ ကားနဲ့စက်လှေတွေအတွက် ရာဘာဘွတ်ရှ်မျိုးစုံ ၊ ဝါရှာမျိုးစုံ ၊ ပတ္တားကြိုး အရွယ်စုံ၊ ဆန်စက်သုံးပစ္စည်းတွေ၊ ရေပုံး ကြိုး၊ လှည်းကုံးစီးကြိုး၊ မြင်းလှည်းသားရေကုံး၊ စသည် ဖြင့် ပစ္စည်းမျိုးစုံထုတ်နိုင်နေပြီ။ စက်ဘီးဘရိတ်တုံးအထိ လုပ်ခဲ့သလို ရုပ်ရှင်ထဲမှာသုံးဖို့အတွက် ရာ ဘာဓားတွေတောင်လုပ်ပေးခဲ့ဖူးတယ်။
၁၉ ၉ ၀ ပြည့်လွန်နှစ်တွေ ကန်ထရိုက်တိုက်တွေ ခေတ်စား တဲ့ အချိန်မှာ ဘိလပ်မြေဖျော်ပြီးရင် ပုံးတွေ နဲ့ လေးငါးခြောက်ထပ်ထမ်းတင်၊ ပြီးရင် အပေါ် ကနေ ပစ်ချ၊ ဘာမှမဖြစ်ပဲ အင်မတန် အကြမ်းခံတဲ့ တာယာပုံးတွေ၊ ဇလားတွေ ရောင်းကောင်းခဲ့ဖူးတယ်။ အဲဒီကာလတွေကတော့ တာယာအဟောင်းလုပ်ငန်းရှင်တွေအတွက် ရွှေခေတ်ပေါ့။
ဒီဘက်ခေတ်မှာတော့ ပလတ်စတစ်ပစ္စည်းတွေပေါ်လာတော့ တာယာဖိနပ်တွေ၊ တာယာပုံးတွေ သုံးတာနည်းလာတယ်။ ပြည်ပက အပိုပစ္စည်းတွေဝင်လာ၊ ကားတွေကလည်း ခေတ်မီလာတော့ တာယာအစားထိုးပစ္စည်းတွေသုံးတာနည်းလာတယ်။ အထူးသဖြင့် အိမ်စီးကားငယ်တွေမှာ ပိုသိ သာလာတယ်။ ဗားကရာဘက်မှာလည်း တာယာအဟောင်းပစ္စည်းဆိုင် တစ်ဆိုင်၊ နှစ်ဆိုင်ပဲ ကျန် တော့တယ်။ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ သာကေတ၊ တောင်ဒဂုံ စတဲ့ဘက်တွေကို ရွှေ့သွားကြတယ်။ လူသုံးကုန်ပစ္စည်းထက် စက်မှုကုန်ကြမ်းထုတ်တာ၊ ဘွတ်ရ်ှတွေလုပ်တဲ့ ဘက်ကို လိုင်းပြောင်းသွားကြတယ်။
ဗိုလ်တာယာရဲ့ သင်တောရိုးရွာမှာတော့ တာယာအဟောင်းလုပ်နေတဲ့ လုပ်ငန်းရှင်နှစ်ဦး ရှိ သေး တယ်။အရင်ကတော့ငါးဦးရှိခဲ့တယ်တဲ့။ကျွန်တော်ရောက်တဲ့ဆိုင်ကဦးအေးဝင်းနဲ့သူ့သား ကိုနေလင်းတို့ဆိုင်။ ဦးအေးဝင်းက အထက်အညာက ကဗျာဆရာကြီးတစ်ယောက်နဲ့တူတယ်။ သူက ဗိုလ်တာယာကို ကောင်းကောင်းသိတဲ့သူပေါ့။ ညိုညိုသေးသေး၊ လူပုံအေးအေးနဲ့ ကိုနေလင်းက ဘွဲ့ရပြီးတဲ့နောက် မိဘလက်ငုတ် လုပ်ငန်းကို ဦးစီးပြီး လုပ်နေတယ်။ အဲဒီဆိုင်မှာပဲ ရန်ကုန်မှာ တာယာဘွတ်ရှ်လုပ်ငန်းလုပ်နေတဲ့ ဒီရွာသားကိုငွေစိုးနဲ့လည်းတွေ့ခဲ့တယ်။ အသက် ၁၂ နှစ်သား ထဲက ဗားကရာကို ရောက်ခဲ့တဲ့ ကိုငွေစိုးက ရန်ကင်းစာတိုက်နားမှာ ကိုကရင် ဗားကရာဘွတ်ရှ်ဆိုင် ဆိုပြီး ဖွင့်ထားတယ်။ ကိုယ်လုံးထွားထွား ၊ ဆေးမှင်ကြောင် အပြည့်နဲ့ ကိုငွေ စိုးကတော့ ယာကူဇာစတိုင်ပဲ။
ဆိုင်က အိမ်ရှေ့မှာ ဖွင့်ထားတယ်။ အိမ်ရှေ့မှာ ၊ အိမ်နောက်မှာမှာ တာယာအဟောင်း အရွယ် မျိုးစုံ ရှိတယ်။ တာယာအဟောင်းတွေကို အစိုးရဌာနတွေ၊ ပုဂ္ဂလိက လုပ်ငန်းရှင်တွေဆီက လေလံဆွဲရ တယ်။ စက်ရုံ၊ အလုပ်ရုံတွေ၊ သတ္တုတွင်းတွေ အထိလိုက်ပြီး ဝယ်ရတယ်။ တာယာတွေကို အရွယ် အစားပေါ်မူတည်ပြီးသုံးတယ်။ လုပ်ငန်းသုံးကားကြီးတွေရဲ့ တာယာတွေက ကား၊ သဘောၤတွေရဲ့ ဘွတ်ရှ်လိုင်းအတွက်သုံးတယ်။ ဘတ်စ်ကားတွေ၊ ဒိုင်နာတွေ၊ အိမ်စီးကားတွေရဲ့ တာယာတွေက ရေပုံးနဲ့ လူသုံးကုန်ပစ္စည်းတွေလုပ်တယ်။ ကားကြီးတာယာတွေကနေ ဘွတ်ရှ်တွေထုတ်ပြီးတဲ့ အခါ ကျန်တဲ့အပိုင်းတွေကို ရေပုံးသမားက ယူသုံးတာလည်းရှိတယ။်
သင်တောရိုးရွာမှာကတော့ လူသုံးကုန်ပစ္စည်းတွေ၊ စက်မှုကုန်ကြမ်းတွေပဲထုတ်လုပ်တယ်။ တာယာ အဟောင်းတစ်လုံးကို ဓားလေးတွေနဲ့ အလွှာလိုက်လှီးထုတ်ပစ်လိုက်တဲ့အခါ အပေါ်ဆုံးအလွှာက ဖိနပ်အောက်ခံဆိုးလ်အတွက် ဖြစ်သွားတယ်။ တာယာပြားပေါ်မှာ ဖိနပ်ပုံတွေလျာထားပြီးရင် အဲဒီ အကွင်းလိုက်ကိုပဲ ကုန်ကြမ်းအဖြစ်ရောင်းလိုက်တယ်။ ရန်ကုန်မှာ ဖိနပ်ပုံအတိုင်း ပြန်ဖြတ်ပြီး မန္တလေး နဲ့ အခြားမြို့တွေက သားရေဖိနပ်လုပ်ငန်းရှင်တွေကို ရောင်းတယ်။
တာယာအမျိုးအစားပေါ်မူတည်ပြီး ကြိုးသားလို့ခေါ်တဲ့ အတွင်းသားကို လေးလွှာ၊ ငါးလွှာ၊ ခြောက်လွှာ၊ ရှစ်လွှာစသည်ဖြင့်ရအောင်လှီးတယ်။ မြေသယ်ယာဉ်လို ကားကြီးတွေရဲ့ တာယာ တွေ ကျတော့ အလွှာအများကြီးထွက်အောင်လှီးလို့ရတယ်။
အဲဒီကြိုးသားတွေကတော့ ရေပုံး၊ ဇလား၊ ပတ္တားကြိုး၊ ရေပုံးကြိုး စသည်ဖြင့် ဈေးကွက်လိုအပ်ချက် အပေါ်မူတည်ပြီး ပစ္စည်းမျိုးစုံထွက်တယ်။ အခုနောက်ပိုင်း ပရိဘောဂ လုပ်ငန်းတွေက ဆက်တီခုံ တွေမှာ ဆိုဖာခင်းဖို့အတွက်အောက်ခံကြိုးအဖြစ်သုံးဖို့ ဝယ်တာများတယ်။ အဲဒီကြိုးပြားတွေက တစ်လိပ်ကို ပေတစ်ရာရှိတယ်။ ရန်ကုန်ကို ပို့ပေးရတယ်။ ရေပုံးတွေ၊ ဇလားတွေကတော့ နယ်ပို့ သလို ဆိုင်မှာလည်း တင်ရောင်းတယ်။
တာယာနှုတ်ခမ်းသားကျတော့သတ်သတ်လှီးထုတ်တယ် ပြီး ကုန်ကြမ်းအဖြစ်ရောင်း တယ်။ ရန်ကုန်မှာ အဲဒီနေရာက သံကြိုးမ ျှင်တွေကို ပြန် ထုတ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းသုံးတဲ့ ဂျာလီ တွေလုပ်တယ်။ ဖိနပ်အောက်ခံကလစ်တွေလုပ်တယ်။ တစ်ချို့ အိမ်တွင်းစက်မှုလုပ်ငန်းတွေက လည်း သုံးတယ်။
တာယာတစ်လုံးကို အလွှာလွှာဖြစ်အောင်လုပ်ရတဲ့အလုပ်ကအတော်လက်ဝင်တယ်။ သူတို့ သုံး တဲ့ ဓားတွေကလည်း မြိနေတာပဲ။ ကိုယ်တိုင်လုပ်ထားတဲ့ဓားတွေ၊ သံကလည်း တွေ့ရာသံ သုံးလို့ မရဘူး။ တိုင်ကပ်နာရီတွေမှာသုံးတဲ့ စတီးသံပတ်တွေ၊ စက်ရုံသုံး သံဖြတ်လွှအဟောင်းတွေကို ပြန် လုပ်ထားရတာ။
အခုနောက်ပိုင်း ကားလေးတွေမှာ တာယာဘွတ်ရှ်တွေအသုံးနည်းလာတယ်ဆိုပေမယ့် ကားဘော် ဒီကို မြှင့်တဲ့အခါ ရာဘာတုံးအဖြစ်သုံးနေဆဲပဲ။ ခေါင်းလှန်လို့ရတဲ့ ကားကြီးတွေရဲ့ ဇက်ဘွတ်ရှ်တွေ၊ ကားအင်ဂျင်အထိုင်တုံးတွေ၊ ဂီယာဘောက်စ်အထိုင်၊ ခါးဆွဲဂျွိုင်း၊ ရှော့ဘားဘွတ်ရှ်၊ သဘောၤရှပ် လိုင်းတွေအတွက်ကတော့ ပြည်တွင်းဖြစ်ကအသုံးဝင် နေဆဲပါပဲ။ မူရင်း ပစ္စည်းမှာရင် ကြာမယ့် အချိန်၊ ကုန်မယ့်ပိုက်ဆံနဲ့တွက်ရင် ပြည်တွင်းဖြစ်က ပိုကိုက်တာလည်း ရှိတော့ ဈေးကွက်ပျောက် မသွားဘူး။
အခုနောက်ပိုင်းလက်တွန်းထွန်စက်တွေ၊ ရိပ်သိမ်းခြွေလှေ့စက်တွေ၊ ပဲခွဲစက်တွေ၊ ဟာလာ စက် တွေ၊ ဆန်စက်အသေးတွေကလည်း တာယာအဟောင်းနဲ့ထုတ်လုပ်တဲ့ ပစ္စည်းတွေ ကို သုံးလာတယ်။ ဒါကတော့ ဈေးကွက်အသစ်ပေါ့။ ဥပမာ ဆန်စက်အသေးတွေမှာ ဖွဲကာ ဆိုရင် တာယာအဟောင်းကို သုံးတာက ပိုပြီးကြာရှည်ခံတယ်။ သံပြား၊ သွပ်ပြားကို သုံးမယ်ဆိုရင် လေး ငါး ခြောက်လပဲခံတယ်။ ဧရာဝတီတိုင်းက ငါးကန်၊ ပုဇွန်ကန်တွေမှာ ရေတင်တဲ့ ပတ္တားကြိုးတွေ၊ ဇလားခွက်တွေကလည်း တာယာသမားတွေအတွက်ဈေးကွက်သစ်တွေပဲ။
တာယာအဟောင်းတစ်လုံးကနေ လူသုံးကုန်ပစ္စည်း၊ ကားအပိုပစ္စည်းတွေထုတ်ပြီးတဲ့အခါ ရာဘာ ဖြတ်စ အပိုင်းအစတွေပဲကျန်ခဲ့တော့တယ်။ ဒါပေမယ့် အဲဒါတွေကလည်း အလကားဖြစ်မသွား ဘူး။ ကြံသကာဖိုတွေ၊ အုတ်သမားတွေက လောင်စာအဖြစ်သုံးတယ်။ မီးသဂြိုလ်စက်တွေကလည်း သုံး တာရှိတယ်။
စွန့်ပစ်ပစ္စည်းဖြစ်တဲ့တာယာအဟောင်းတွေကို ပြန်အသုံးချနေတဲ့ဒီလုပ်ငန်းတွေရှိနေတာ က နှစ် လေးငါးခြောက်ဆယ်ရှိနေပြီ။ ၂၁ ရာစုထဲရောက်လာတော့ ဒီလုပ်ငန်းဟာလည်း အခြား အိမ် တွင်းကုန်ထုတ်လုပ်ငန်းလေးတွေလိုပဲ စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတယ်။ ကိုနေလင်းကတော့ နိုင်ငံတကာမှာ ကားတာယာအဟောင်းတွေကနေ ရုပ်တုတွေ၊ ပန်းအိုးတွေ၊ အိမ်အလှဆင် ပစ္စည်း တွေလုပ်တာကို အင်တာနက်ကနေ ရှာဖွေကြည့်ပြီး ဈေးကွက်သစ်တွေရှာဖို့ ကြိုး စား နေတယ်။ သူကိုယ်တိုင်လည်း ကုလားထိုင်တွေလုပ်ကြည့်ဖူးတယ်။ ဖြစ်တယ်။ ဒါပေမယ့် ဈေးကွက် မရှိဘူး။
တစ်ချိန်ကတော့ ပစ္စည်းရှားပါးမှုကို အကြောင်းပြုပြီး ကားတာယာအဟောင်းတွေကို အသုံးချ ခဲ့ တယ်။ အခုတော့ ပစ္စည်းတွေပေါ၊ ကားတွေပေါလာတဲ့အချိန်မှာ စွန့်ပစ်ပစ္စည်း ပြဿနာဟာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးပြဿနာတစ်ခုဖြစ်လာနေပြီ။ ဒီလိုအချိန်မျိုးမှာ တာယာအဟောင်း တွေကို အစအဆုံးအသုံးချနိုင်တဲ့လုပ်ငန်းလေးတွေ ရှင်သန်နိုင်အောင် အကူအညီပေးနိုင်ရင် အားလုံးအတွက်အကျိုးရှိမှာပဲလို့ တွေးမိတယ်။ ကိုယ်လုပ်နိုင်တာကတော့ သင်တောရိုးက အပြန် အမှိုက်ပုံးအဖြစ် သုံးဖို့အတွက်တာယာပုံးတစ်ပုံးဝယ်ခဲ့တာပဲ။

သိန်းလေးထောင်နီးပါး အကုန်အကျခံထားရတဲ့ အမှိုက်ခွဲခြားသန့်စင်စက် အလုပ်မဖြစ်ဘဲ ရပ်ဆိုင်းထားရတယ်လို့ သတင်းထဲမှာပါတယ်။
ဒါကျတော့ ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးတာမဟုတ်ဘူးလား။
ဆေးဝါးစက်ရုံမှူးကိစ္စ သတိရလို့တွေးမိတာပါ။

ကျေးလက် ဘောဂဗေဒ


ရန်ကုန် – ပြည်ကားလမ်း နတ်တလင်း နဲ့ ပေါင်းတည်ကြား လမ်းဘေးဝဲယာမှာ ပြောင်းဖူးမီးဖုတ် ရောင်းတဲ့ဆိုင်လေးတွေရှိတယ်။ သစ်ရိပ်ကောင်းကောင်းအောက်မှာ ခနော်ခနဲ့ တဲလေး၊ ခြင်း ကြား ဒါမှမဟုတ် ယိုင်နဲ့နဲ့ ဝါးစားပွဲလေးပေါ်မှာတင်ထားတဲ့ ဗန်းထဲက ပြောင်းဖူးမီးဖုတ်တွေ၊ ကတ္တရာပုံး သံပြားနဲ့လုပ်ထားတဲ့ မီးဖို။ မနက် ၇ နာရီလောက်ဆိုရင် မီးခိုးတစ်လူလူနဲ့ ဒီဆိုင် လေးတွေကို မြင်ရပြီ။
ဒီဆိုင်လေးတွေက ပြောင်းဖူးမီးဖုတ်က ရန်ကုန်မှာလိုမဟုတ်ဘူး။ အခွံ မခွာပဲ မီးဖုတ်ထား တဲ့ အတွက် အခွံခွာလိုက်တဲ့အခါ အနံလေးမွှေးနေတယ်။ ပိုပြီးနူးညံ့တယ်။ ရန်ကုန်မှာက မီးခိုး စော် နံတယ်။ မီးကျွမ်းတဲ့အပိုင်းတွေပိုများတယ်။ ပြောင်းဖူးတွေက ဒီနေ့ခုတ်၊ ဒီနေ့ မီးဖုတ်ရောင်းဆို တော့ လတ်ဆတ်ပြီး ချိုဆိမ့်နေတာပဲ။ နောက် နေ့ထားရင် အချိုပေါ့သွားလို့ စားမကောင်း တော့ဘူးတဲ့။ ဟုတ်လောက်တယ်။ ဝယ်လာတဲ့ ပြောင်းဖူးတွေကို နှစ်ရက်လောက်နေမှ ပြုတ် စား ကြည့်တာ လမ်းဘေးမှာ ချက်ခြင်းစားတာလောက် စားမကောင်းတော့ဘူး။
ပြောင်းဖူးအမျိုးအစားကလည်း မတူဘူး။ ရန်ကုန်မှာက သကြားပြောင်းလို့ခေါ်တဲ့ ပြောင်း။ ဒီဘက် မှာ သကြားပြောင်းဆိုရင်မရောင်းရဘူး။ စားရတာချိုပေမယ့် စားပြီးရင် ဖန်တွတ်တွတ်ကြီး မကောင်းဘူးတဲ့။ ဒီဘက်မှစိုက်တဲ့ ပြောင်းက ပိုဆိမ့်တယ်။ ပြောင်းအမျိုးအစားကတော့ မျိုးစေ့အိတ်ကတံဆိပ်ကို ကြည့်ပြီးခေါ် တယ်။ အခုရောင်းနေတဲ့ပြောင်းအမျိုးအစားက ပန်ဖြူ လို့ခေါ်တယ်။ အစေ့က အဖြူရောင်၊ အစေ့ ရောင်စုံပါတဲ့ပြောင်းဖူးတွေက ပန် ကာလာဖိုက်လို့ခေါ်တယ်။
ပြောင်းဖူးသည်တွေက ကိုယ်ပိုင်အခင်းရှိတာမဟုတ်ဘူး။ မြေမရှိ၊ လယ်မရှိ အမျိုးသား တွေက ကျပန်းလုပ်၊ ဆိုင်အတွက်လိုအပ်တဲ့ ပြောင်းဖူးတွေ အခင်းဆင်းဝယ်၊ အမျိုးသမီးတွေက ထိုင် ရောင်းပေါ့။ ပြောင်းကလည်း သုံးလေးခင်း ပုတ်ပြတ်ယူထားရတယ်။ ဒါမှာ အလှည့် ကျ ခုတ် နိုင်ပြီး ပစ္စည်းမပြတ်မှာ။ ဒီတစ်ဝိုက်မှာ ပြောင်းဖူးသည်က လက်ညှိုးမလွဲဘူးဆိုတော့ ပြောင်းဖူး ကို လုဝယ်နေရတာ။ စရန်ပေးထားရတဲ့အပြင် ခုတ်ပြီးရင် လက်ငင်းရှင်း။ အခင်းရှင်က ပြောင်းဖူး ရပြီ လို့ ပြောရင် သွားခုတ်ပေတော့ ၊ မခုတ်နိုင်ရင် နောက်လူကို ရောင်းလိုက်တာလည်း ရှိတယ်။
မနက်အစောကြီးထ ၊ ဒီနေ့ခုတ်ရမယ့်အခင်းကို သွား၊ ပြောင်းဖူးခုတ်၊ မနက် ၇ နာရီလောက် ဆို စရောင်းပြီ၊ တစ်နေ့ အဖူး နှစ်ရာလောက်ခုတ်တယ်။ အခြေအနေကြည့်ပြီး ထမင်းစားချိန်လောက် မှာ နောက်ထပ်တစ်ရာလောက်ခုတ်သင့်ရင်ခုတ်ပေါ့။ တစ်နေ့သုံးရာရောင်းရတယ်ဆိုတာက အာဏာကုန်ပါပဲ။
ပြောင်းဖူးက အခုရာသီဆိုရင် အခင်းပိုင်ရှင်တွေဆီက ဆယ်ဖူးကို ၁၃၀၀ ကနေ ၁၅၀၀ အထိ ဝယ်ရတယ်။ အခင်းရှင်တွေကို ဈေးကြီးတယ်လို့လည်း အပြစ်တင်လို့မရဘူး။ အရင်ကတော့ ပြောင်းဆိုတာ မိုးတွင်းမှ စိုက်တာ။ အခုတော့ ဆည်ရေရလို့ ဆောင်းနဲ့ နွေမှာပါ ရေတင်ပြီးစိုက်နေပြီ။
နွေဆိုရင် ရေက တစ်ပတ်တစ်ခါလောက်တင်ရတယ်။ တစ်ခါ တင်ရင် နှစ်ချိုး ကွက် ( ဧကဝက်) ဆို ခုနှစ်နာရီ၊ ရှစ်နာရီတင်ရတယ်။ သူများစက်ငှားတင်ရင် စက်ကြီးဆိုရင် တစ် နာရီ သုံးထောင့်ငါးရာ၊ စက်လေးဆိုရင် သုံးထောင်။ စစိုက်တဲ့အချိန်ကနေ အဖူးရတဲ့အထိ အနည်းဆုံး ၇ ခါ လောက် ရေတင်ရတယ်။ ပေါင်းထိုး၊ ဘောင်တင်အလုပ်အတွက် အလုပ်သမားကလည်း မငှားလို့မရဘူး။ လုပ်သားခက မနက် ခြောက် နာရီကနေ ဆယ်နာရီအထိ နှစ်ထောင်၊ နေ့လည် နှစ်နာရီကနေ ညနေ ခြောက်နာရီအထိ နှစ် ထောင်။
အဲဒီတော့ မျိုး၊ မြေဆီ၊ ဆေး၊ ရေတင် နဲ့လုပ်သားခပေါင်းလိုက်ရင် စိုက်သမားလည်း သုံးပုံ တစ်ပုံ ကျန်ကံကောင်း၊ မိုးတွင်းဆိုရင် ရေမတင်ရလို့ ကုန်ကျစရိတ် နည်းနည်းသက်သာတယ်။ ဒီလိုပဲ နွေ၊မိုး၊ ဆောင်း အမြတ်နည်းလိုက်၊များလိုက် လှည့်သွားတာပေါ့။ ပြီးတော့ စိုက်ပြီး ပြီးချင်း ပြောင်းဖူးထွက်တာမဟုတ်တော့ သုံးလလောက်က ထိုင်စား နေ ရသေးတယ်လေ။ ကိုယ်က ထည့်တော့ ငွေက အလုံးအရင်းလိုက်၊ ရောင်းလို့ပြန်ရတာက လက်လီစိတ်။ မျိုးဖိုး၊ မြေဆီဖိုးအတွက် ငွေချေးပြီးစိုက်ရရင် အတိုးကရှိသေး။ စိုက်သမားလည်း စိုက်သမားအပူနဲ့ပဲ။
ပြောင်းဖူးသည်ကတော့ အစိမ်းရောင်း၊ မီးဖုတ်ရောင်း တစ်ရာကုန်ရင် နှစ်ထောင်လောက်တော့ ကျန်တယ်။ ဒါပေမယ့် တစ်ရာကုန် နှစ်ထောင်၊ တစ်နေ့ သုံးရာကုန်တော့ ခြောက်ထောင်ဆိုပြီး ပုံ မှန်တွက်လို့မရဘူး။
ရုံးပိတ်ရက်လို ရောင်းကောင်းတဲ့နေ့တွေရှိသလို တစ်ချို့နေ့တွေကျတော့ ရောင်းမကောင်း ဘူး။ နေမကောင်းလို့ မရောင်းနိုင်တာရှိတယ်။ သာရေး နာရေး အတွက် နားရတာရှိတယ်။ ပြောင်းဖူး ကလည်း ဝယ်ထားပြီးရင် နောက်နေ့အထိ ထားလို့မကောင်းတော့ တစ်နေ့စာ တစ်နေ့ မကုန်ကုန်အောင် ဈေးလေ ျှာ့ရောင်းရတာလည်းရှိတယ်။ မကုန်လို့နောက်နေ့ သွားမခုတ်ဘူးဆိုရင်လည်း အခင်း ရှင်က နောက် မရောင်းတော့မှာလည်း စိုးရိမ်ရတယ်။ ဒါ့ကြောင့် ကုန်အောင်ဖြုန်းပေးရတယ်။ ပြောင်းဖူးကလည်း ခေါင်ဖူးရှိသလို ကျသွားတဲ့အချိန်မှာ အဖူးသေးသွားတာလည်းရှိတယ်။ ရောင်းသူက ကြီးကြီး သေးသေး သူ့ဈေးနဲ့သူ ကုန်အောင်ရောင်းရတာပဲ။ ဒါမှလည်း စိုက်ခင်း ရှင် နဲ့ ဆက်ဆံရေးကောင်းမှာ။
ဝယ်သူဆိုတာကလည်း ကားနဲ့သာ လာတာ၊ ဈေးဆစ်ချက်က လက်ကုန်ပဲ။ မိန်းမတွေ ဈေး ဆစ် တယ်ဆိုတာ ဘာဟုတ်သေးလဲ။ ယောက်ျားတွေဈေးဆစ်ရင်ပိုဆိုးတယ်။ ပြောင်းဖူးမီးဖုတ် လေး ဖူး ဝယ်လို့ တစ်ဖူး အဆစ်ပေးရင် နှစ်ဖူးတောင်းတယ်။ မီးသွေးဖိုးလည်း ကုန်တာမဟုတ်ဘဲနဲ့၊လမ်း ဘေးက ထင်းခြောက်နဲ့ ဖုတ်တာပဲ လေ ျှာ့ပါဦးလို့ဆိုတယ်။
အစိမ်းဆယ်ဖူးကို နှစ်ထောင်ဆိုရင် တစ် ထောင်ဆစ်တယ်။ အခင်းထဲသွားခုတ်ရင်တောင် အဲဒီဈေးမရဘူးလို့ ပြောချင်ပေမယ့် မပြောရဲဘူး။ တစ်ခါတစ်လေ သူတို့မိန်းမ တွေကတောင်အားနာပြီး မဆစ်ပါနဲ့ လို့ ယောကျ်ားကို တောင်းပန်ရတယ်။ အဲဒါမျိုးတွေကြုံ ရတော့လည်း ဈေးသည်လုပ်ရတာ စိတ်ပျက်စရာပဲ။
ဒါပေမယ့် ပြောင်းဖူးပဲဆက်ရောင်းနေရဦးမှာပဲ။ ဒါမလုပ်ရင် ဘာလုပ်စားမလဲ။ ဒီတစ်သက် လယ်ပိုင်၊ ယာပိုင်ဖြစ်ဖို့က ထီပေါက်မှာပဲဖြစ်မှာ။ တော်ရုံ တစ်ချိုးကွက် ( တစ်ဧက လေးပုံ တစ်ပုံ) တောင် ဆယ်သိန်းလောက်ဖြစ်နေပြီ။ ဒါတောင် လမ်းဘေး နီးနီးမဟုတ်ဘူး။ ဒီတော့ သူများ အခင်းမှာ နေ့စားလုပ်တာထက်စာရင်တော့ နေရိပ်ထဲမှာရောင်းရတယ်၊ အိမ်နား နီး နီး ကလေးတွေ ပြန်ကြည့်လို့ရတယ်ဆိုပြီး ရောင်းနေကြရတာပဲ။
ဗန်းပေါ်မှာတင်ထားတဲ့ ပြောင်းဖူးမီးဖုတ်လေးတစ်ခုရဲ့နောက်ကွယ်မှာလည်း အရင်းအနှီး၊ ကုန် ကြမ်း၊ ဈေးကွက် ၊ ရောင်းလိုအား၊ ဝယ်လိုအား၊ အလုပ်အကိုင်အခွင့်အလမ်း ဆိုတဲ့ ပြဿနာ တွေအများကြီးပါပဲ။ နောက်တစ်ခါ ပြောင်းဖူးဝယ်လို့ ဈေးဆစ်မယ်ဆိုရင် နည်းနည်းစဉ်းစား ကြ ပေါ့။

ဂုံမင်းခုံ


ဂုံမင်းခုံ ( ဂုံမင်းခုန်လို့လည်းရေးတယ်။) ရွာက ပေါက်ခေါင်း – အုတ်တွင်းလမ်း မိုင်တိုင် ၃၈/ ၃ နားကနေ အထဲကို နှစ်ဖာလုံလောက် ဝင်ရတယ်။ ပေါက်ခေါင်း ဘက်ကလာရင် ညောင်ဝန်းရွာအလွန်ပေါ့။ ဂုံမင်းခုံ ကလည်း ညောင်ဝန်းအုပ်စုပါပဲ ၊အိမ်ခြေကတော့ ၁၉ ၀ ကျော်လောက်ရှိတယ်။ ။ ဂုံမင်းဂုံ ရွာ အဝင်လမ်းက အညာရွာတွေရဲ့ ရှုခင်းပါပဲ။ ရွာအဝင် ရွာဦးကျောင်းနဲ့ စေတီ၊ ပြီးတော့ စာသင် ကျောင်း။
ဂုံမင်းခုံရွာမှာ ရွာဦးကျောင်း သန္တိသုခ ကျောင်းတိုက်ကို ဆွမ်းပို့တဲ့စနစ်က နမူနာယူဖို့ကောင်း တယ်။ အရင်ကတော့ သံဃာတော်တွေက ဆွမ်းခံကြွ၊ ဒကာ၊ ဒကာမတွေကလည်း အဆင်ပြေ သလို ဆွမ်းလောင်းကြ၊ အလုပ်များလို့ ဆွမ်းမမီတာလည်းရှိ၊ ဆွမ်းရတာ များတဲ့နေ့များ၊ နည်းတဲ့နေ့နည်း ပေါ့။
ဒီလိုနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်က ရွာသူ၊ ရွာသားတွေတိုင်ပင်ပြီး ဂေါပက အဖွဲ့ က နေ ဆွမ်းဒါနအတွက်အစီအစဉ်လုပ်တယ်။ အဲဒီအစီအစဉ်အရ အိမ်တိုင်းက တစ်လမှာ အနည်း ဆုံးဆွမ်းတစ်ကြိမ်လောင်းလှုရတယ်။
ဆွမ်းအမျိုးအစားကိုလည်း အခုလို ခွဲခြားထားတယ်
၁။ ဆွမ်းအိုးကြီး၊ ထမင်းကို ဆွမ်းအုပ်နဲ့ လှုရတယ်။ ဟင်းကို ငါးဆင့်ချိုင့်နဲ့လှုတယ်။ ဟင်းက ဟင်းကောင်းတစ်ခွက်၊ အရန်ဟင်း လေးမျိုး။
၂။ ဆွမ်းအိုးလတ်၊ ငါးဆင့်ချိုင့်နဲ့လှုတယ်။ ဟင်းကောင်းတစ်ခွက်၊ အရန်ဟင်းနှစ်မျိုး။
၃။ ဆွမ်းအိုးလေး။ လေးဆင့်ချိုင့်နဲ့လှုတယ်။ ဟင်းကောင်းတစ်ခွက်၊ အရန်ဟင်းတစ်မျိုး။
၄ ။ အရုဏ်ဆွမ်း။
နေ့စဉ် အရုဏ်ဆွမ်းအတွက် လေးအိမ် (သူတို့ကတော့ လေးဝတ် လို့ သုံးတယ်။ ) ၊ နေ့ဆွမ်း အတွက် ဆွမ်းအိုးကြီးတစ်အိမ်၊ ဆွမ်းအိုးလတ် တစ်အိမ်၊ ဆွမ်းအိုးလေး နှစ်အိမ် သတ်မှတ်ထား တယ်။ ရွာသူရွာသားတွေက ကိုယ်လှုချင်တဲ့ရက်နဲ့ လှုမယ့်ဆွမ်းအမျိုးအစားကို ဆန္ဒပြုရတယ်။ ရက်တိုက်နေရင်တော့ ပြန်ညှိ ပေါ့။ တစ်ချို့ကလည်း ဆွမ်းအိုးကြီးတစ်ရက်၊ ဆွမ်းအိုးလတ်တစ်ရက် စသည်ဖြင့် ကုသိုလ်ယူ ကြ တယ်။ တစ်လတစ်ကြိမ် ကိုယ်အလှည့်ကျတဲ့နေ့ကို ဂေါပက အဖွဲ့က ကပ်ပြားလေးတွေ ဝေပေးပါ တယ်။
ဒါ့အပြင် အခုခေတ်မှာ ဘုန်းကြီးကျောင်းသားဆိုတာ ထားဖို့မလွယ်တော့တဲ့အတွက် ကျောင်း ေ၀ ယျာဝစ္စကို ပုံမှန်လုပ်ပေးနိုင်ဖို့ လူနှစ်ယောက်ငှားပေးထားတယ်။ လိုအပ် တာ တွေ ဖြည့်ဆည်းနိုင်ဖို့အတွက် ဂေါပကက ရန်ပုံငွေထူထောင်ထားတယ်။ ဒီတော့ သံဃာတော်တွေ ဆွမ်းကွမ်းမပူပင်ရဘဲ သာသနာ့အရေး စိတ်အေးအေးနဲ့လုပ်နိုင်တာပေါ့။
ဂုံမင်းခုံ အလယ်တန်းကျောင်းက ကျွန်တော်ရောက်သွားတဲ့ အချိန် မှာ ကျောင်းကလည်းပိတ်ထား၊ ဆရာမကြီးလည်းမရှိလို့ သေသေချာချာလေ့လာခွင့်မရခဲ့ဘူး။ ဒါပေမယ့် ကျောင်းဝန်းအတွင်း ပြုပြင် ထိန်းသိမ်းထားတာတွေကို ကြည့်လိုက်တဲ့အခါ နှစ်သက်စရာလေးတွေမြင်ခဲ့ရတယ်။
ကျောင်းမှာ အဆောက်အဦးသုံးလုံးရှိတယ်။ ရှေ့ဆုံးက သစ်သားဆောင်ကတော့ ပြည်တော်သာ ခေတ်မူလတန်းကျောင်းအဆောက်အဦပေါ့။ နောက်ဘက်ထဲမှာ ကျောင်းဆောင်သစ်နှစ်ခုရှိတယ်။ ၂၀၀၈ /၉ လောက်က ဆောက်တာလို့ပြောတယ်။ အဆောင်သစ်နှစ်ခုရဲ့ ရှေ့ ကလေးတွေ စုဝေး တဲ့၊ ကစားတဲ့ကွင်းက ပြောင်လက်သန့်ရှင်းနေတယ်။ ပလတ်စတစ်စတွေ၊ စွန့်ပစ်အမှိုက်တွေ မတွေ့ရဘူး။ ကျောင်း ထောင့်မှာ ကလေးကစားကွင်းလေးတစ်ခုရှိတယ်။ သုံးတန်း ကလေးတွေအထိပဲ ကစားလို့ရ တယ်။
ကစားကွင်းလေးကို ဆိုင်ကယ်တာယာ၊ ကားတာယာတွေ။ သစ်သားတုံးလေးတွေ၊ သစ်သားပြား လေးတွေနဲ့ပဲ တည်ဆောက်ထားတယ်။ ဓာတ်ပုံကို ကြည့်လိုက်ရင် တည်ဆောက်သူတွေရဲ့ စိတ် ကူး၊ စိတ်သန်းကောင်းမှုကို မြင်နိုင်ပါလိမ့်မယ်။ ရှိတာလေး နဲ့ လှအောင်ဝတ်ထားတာပေါ့။
ကျွန်တော်ရောက်သွားတဲ့အိမ်မှာ ငါးတန်းကျောင်းသူ သမီးလေးရှိတယ်။ ကျောင်းအကြောင်း ပြော ပြတော့ သူ့မျက်နှာက ပြုံးရွှင်နေတာပဲ။ ကျောင်းနေပျော်တယ်ဆိုတာ မေးစရာတောင် မလို တော့ဘူး။ ကြီးလာရင် ဘာလုပ်မလဲဆိုတော့ ဆရာမလုပ်မယ်တဲ့။ သူငယ်ချင်းတွေက လည်း ဆရာမပဲလုပ်မှာတဲ့။ ဆရာ၊ ဆရာမတွေဟာ သူတို့အတွက် စံပြပုဂ္ဂိုလ်တွေပဲ။
ဂုံမင်းခုံရွာမှာ နာရီပိုင်းပဲ နေခဲ့ရတယ်။ ဒါပေမယ့် ဖြတ်ကနဲ မြင်လိုက်ရတဲ့မြင်ကွင်းကနေ တွေးစရာ တွေအများကြီးရခဲ့တယ်။

တောနဲ့ တောင်သူ


ပဲခူးရိုးမတောင်ခြေက ကြိုးပြင်တောတွေမှာရော၊ ကြိုးဝိုင်းထဲမှာပါ ယာကွက်လေးတွေ ရှိ တယ်။ အဓိကကတော့ ရွာပတ်လည်မှာ လယ်မြေသစ်ထွင်ဖို့ နေရာမရှိတော့တဲ့အတွက် တောထဲ ရောက် လာတာပါပဲ။ တောင်ကြားလွင်ပြင်တွေမှာ ၊ တောင်စောင်းတွေမှာ ခုတ်ထွင်ရှင်းလင်းပြီး လုပ်ကိုင် လာကြတာ နှစ်လေးငါးခြောက်ဆယ်ရှိတော့မယ်။ ဗကပတွေ ချုပ်ငြိမ်းသွားထဲက တစ်ဖြေးဖြေး နဲ့ ရွှေ့လာကြတာပေါ့။ အကို၊ ညီ နဲ့ ညီမ သုံးယောက်ပေါင်း ၁၅ ဧကလောက်ရှိတဲ့ တောင်ကြား လွင်ပြင်ကို ခွဲဝေလုပ်ကိုင်နေတာလည်းတွေ့ရတယ်။
တစ်ချို့ကတော့ မိသားစုနဲ့ကိုယ် လယ်ထဲမှာ အမြဲနေတယ်။ တစ်ချို့ကတော့ သွားလိုက်၊ ပြန် လိုက်ပေါ့။ တောင်ကြားရေရတဲ့နေရာမှာ စပါးစိုက်တယ်။ စပါးစိုက်လို့မကောင်းတဲ့နေရာမှာ နှမ်း စိုက်တယ်။ နှမ်းရိတ်ပြီးတာနဲ့ မြေပဲဆက်စိုက်တယ်။ ချောင်းဘေးနေရာတွေကတော့ နှမ်းနဲ့ မြေပဲ အဓိကပေါ့။ တောင်စောင်းတွေကတော့ ပဲစင်းငုံစိုက်တယ်။
ကျွန်တော်ရောက်တဲ့အချိန်မှာတော့ စပါးတွေရိတ်နေပြီ၊ နှမ်းက ရိတ်ပြီးလို့ မြေပဲပြန်စိုက်ဖို့ မြေပြင်နေပြီ။ ပဲစင်းငုံတွေ ဆွတ်နေပြီ။ တောင်သူတွေ အလုပ်များတဲ့အချိန်ပေါ့။ တဲတစ်တဲမှာတော့ နတ်တလင်းဘက်ရောက်နေတဲ့ သမီး နဲ့သားမက်က စပါးရိတ်ဖို့ အကူရောက်နေတာလည်းတွေ့ခဲ့ရတယ်။
ဒီအရပ်မှာတော့ ဓာတ်မြေသြဇာသုံးတာမရှိသလောက်ပဲ။ စပါးအတွက် နွားချေး ချတာပဲ ရှိ တယ်။ စိုက်ပျိုးရေးကတော့ ရာသီဥတုကို မှီပြီး လုပ်စားနေရတာပါပဲ။ စပါးကလည်း ကောင်းကင်ကျ ( မိုးရေ) ၊ နှမ်း ၊ ပဲကလည်း ကောင်းကင်ကျပဲ။ ပြီးခဲ့တဲ့ စက်တင်ဘာက တောင်ကျရေကြမ်းလို့ နှမ်းခင်းတွေ အတော်ပျက်သွားတယ်။ ပေါက်ခေါင်း – အုတ်တွင်း ကားလမ်းပေါ်က ညောင်ဝန်းတံတား ကျိုးတဲ့ ရေပေါ့။
ကျွန်တော်ထိုင်စကားပြောခဲ့တဲ့အခင်းကတော့ လယ် တစ်ဧကကျော်ကျော်ရှိမယ်။ ကျန်တာ က နှမ်း နဲ့ မြေပဲပေါ့။ မိုးလေမှန်ရင် စပါးက တင်းတစ်ရာကျော်၊ နှမ်းက ၁၅ တင်းလောက်၊ မြေပဲက တင်းခြောက် ဆယ်လောက်ရတယ်လို့ဆိုတယ်။ ခင်ဗျား သူဌေးပေါ့ဗျာလို့ ပြောတော့ အမယ် လေး ခုခေတ်က ပိုက်ဆတ်အသုံးမခံဘူး။ စူးဖာ ပြီးမနည်းသုံးရတယ်လို့ ပြန်ပြော တယ်။ စူးဖာ ဆိုတာက ဒေသိယစကား၊ ခြစ်ခြစ်ခြုတ်ခြုတ်သုံးရတယ်လို့ ဆိုလိုပါတယ်။

ဆင်လဲ ချောင်း

မြေပုံမှာက ခြင်ရဲချောင်း ( Chinye Chaung) ၊ ဒါပေမယ့် ဒေသခံတွေက ဆင်လဲချောင်း လို့ပဲ ခေါ်တယ်။ အဲဒီချောင်းမှာ ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာဟိုတယ်ကိုလာတည်းတဲ့ ဧည့် သည်တွေ လည်ပတ်လေ့ရှိတဲ့ ရေတံခွန်တစ်ခုရှိတယ်။

ဒီဆင်လဲချောင်းကလည်း ဒဏ္ဍာရီပုံပြင်နဲ့ပဲ။ ပျူမင်းသားတစ်ပါးက စစ်ရှုံးလို့ ဆင် ကိုးကောင် နဲ့ ရတနာတွေတင်ပြီး ထွက်ပြေးရတယ်။ လမ်းမှာဆင်တွေပင်ပန်းပြီး သေကုန်လို့ ပစ္စည်းတွေ ပြောင်း တင်ရင်းနဲ့ နောက်ဆုံးဆင်တစ်ကောင်ပဲကျန်တော့တယ်။ အဲဒီဆင်ကလည်း ဒီချောင်းကို ရောက် တော့ မသွားနိုင်တော့ပဲ လဲကျသွားတယ်။ ဒါနဲ့ဆင်လဲချောင်း လို့ခေါ်တယ်။ ဆင်နောက်ဆုံး ခေါင်းချတဲ့ ( သေဆုံး) တဲ့ နေရာက ကျောက်ကုတင်ခွက်ကြီးကိုတော့ ဆင်ခေါင်း အိုင်လို့ခေါ်တယ်။ ဒီဒေသကလူတွေက တောင်ကျချောင်းတွေမှာတစ်နှစ်ပတ်လုံး ရေရှိနေတဲ့ ကျောက်အိုင်ကြီးတွေကို ကျောက်ကုတင်ခွက်လို့ခေါ်တယ်။ ရေတံခွန်လို့ ကျောက်ကြားထဲက နေ ရေကျနေတဲ့နေရာဆိုရင် ကျောက်မြောင်လို့ ခေါ်တယ်။

ပျုမင်းသားနဲ့ အဖွဲ့က ဆင်သေသွားတော့ ရတနာတွေကို မသယ်နိုင်တော့ပဲ အဲဒီဆင်ခေါင်းအိုင် အနားက တောင်ကြောပေါ်မှာ မြှုပ်၊ မင်းမှုထမ်းတစ်ချို့ကိုလည်း သတ်ပြီး ရတနာ တွေကို စောင့်ဖို့အစောင့်အဖြစ်ထားခဲ့တယ်။ ဆင်ခေါင်းအိုင်နား က တောင်ကြော လေး ပေါ်မှာ တောင်ပို့ကြီးသုံးခု ရှိပြီး အဲဒါတွေက ရတနာတွေမြှုပ်ထားတဲ့နေရာကို ညွှန်း တာလို့ ဆိုရိုးရှိတယ်။ ၁၉ ၉ ၅-၉ ၆ လောက်က ဂုံမင်းခုံ ရွာမှာတာဝန်ကျတဲ့ ကျောင်းဆရာတစ်ယောက်က အဲဒီတောင်ပို့တစ်ခုကို သွားတူးကြည့်ဖူးတယ်။ ဘာမှမတွေ့ဘူး။ ဒါပေမယ့် ရွာပြန်ရောက်တဲ့ အခါ ဖျားပြီး သေသွားတယ်။ အဲဒီနောက်တော့ တောင်ပို့ကြီးသုံးခုကို ဘယ်သူမှ မတူးရဲတော့ဘူး။

ဆင်လဲချောင်းရေတံခွန်ကို သွားတဲ့လမ်းခွဲက ပေါက်ခေါင်း- အုပ်တွင်းလမ်း မိုင်တိုင် ၃၉ /၂ နားမှာ ရှိတယ်။ ဟိုတယ်ကဆိုရင် ပေါက်ခေါင်းဘက်ကို လေးမိုင်လောက် ကားပြန်မောင်းရတာပေါ့။ ကား ကို လမ်းဘေးမှာ ရပ်ထားပြီး အထဲကို လမ်းလေ ျှာက်ဝင်ရတယ်။ လမ်းက ယခင်တွေဘေးက ဖြတ် သွားတာဆိုတော့ အရိပ်မရှိဘူး။ ချောင်းနားရောက်မှာ အရိပ်ရတယ်။ မိုးတွင်းဆိုရင် ဗွက်တန်းတွေ ရှိတယ်။ လမ်းမကနေ ရေတံခွန်အထိ အခုလိုအချိန်ဆိုရင် နာရီဝက်၊ မိုးတွင်းဆိုရင် လေးဆယ့် ငါးမိနစ်လောက်လေ ျှာက်ရတယ်။

ကျွန်တော်ကတော့ ရေတံခွန်ကို တိုက်ရိုက်မသွားဘူး။ ဆင်ခေါင်းအိုင်ကို သွားတယ်။ ဆင်ခေါင်း အိုင်မရောက်ခင်တောင်ကြောလေးအဆင်းမှာ ကွက်လပ်တစ်ခုရှိတယ်။ ယာခင်းဟောင်းတော့ မဟုတ်ဘူး။ သဘာဝအတိုင်းမြက်ရိုင်းတွေပေါက်နေတဲ့ကွက်လပ်။ အဲဒီကွက်လပ်နဲ့ ကပ်ရက် အရှေ့ဘက်တောစပ်မှာ တောင်ပို့တစ်ခုရှိတယ်။ ဒါပေမယ့်တောင်ပို့ပေါ်မှာ ဝါးပင်တွေပေါက် နေလို့ တောင်ပို့မှန်းတောင် မသိသာတော့ဘူး။ ကျောင်းဆရာတူးခဲ့တဲ့ တောင်ပို့ နဲ့နောက်ထပ်တောင်ပို့တစ်ခုကတော့ ဝါးပင်တွေဖုံးနေပြီ။ မမြင်ရတော့ဘူး။ တော တိုးကြည့်ဖို့လည်း မလွယ်ဘူး။ မစမ်းရဲတာလည်း ပါပါတယ်လေ။

ဆင်ခေါင်းအိုင်ကတော့ တော်တော်ကျယ်တယ်။ တစ်နှစ်ပတ်လုံးရေရှိတဲ့ ကျောက်ကု တင်ခွက် ပေါ့။ အဲဒီကနေ ချောင်းအတိုင်း ရေတံခွန်ဘက်ကို ဆက်လေ ျှာက်တယ်။ ချောင်း ကတော့ ကျောက်တုံးတွေအပြည့်ပဲ။ ပြီးခဲ့တဲ့စက်တင်ဘာလ တောင်ကျရေဆင်းလို့ ပါလာတဲ့ သစ်ပင်တစ်ချို့လည်း တွေ့ရတယ်။ ချောင်းမြောက်ဘက်က ချောက်ကမ်းပါး၊ တောင်ဘက်က တော့ မြေပြန့်တယ်။ ရေစီးကြောင်းကတော့ နည်းနည်းပဲရှိတော့တယ်။ ဒီလကုန်လောက်ဆို ရင် ရေပြတ်မယ့်သဘောပဲ။

ရေတံခွန်မရောက်ခင် ချောင်းတောင်ဘက်မှာ နှောပင်ကြီးတစ်ပင်ရှိတယ်။ မူလ အပင်ကြီး မရှိ တော့ဘူး။ အငုတ်ကနေပြန်ပေါက်နေတဲ့ အပင်ပဲရှိတော့တယ်။ ပဲခူးရိုးမမှာ ဗကပတွေ အခြေ ပြုတဲ့အချိန်က အဲဒီနားမှာ ဗကပစခန်းတစ်ခုခဲ့တယ်။ တောင်ခြေက ရွာတွေလာ သ တင်းပို့ရ၊ ရိက္ခာပို့ရတဲ့နေရာလို့ပြောတယ်။ အဲဒီအချိန်က ဗကပရဲ့ စစ်နည်းဗျူဟာအရ ဆို ရင် တော့ အဲဒီစခန်းဟာ ရှေ့ပြေးကာကင်းစခန်းလေးပဲဖြစ်မှာပါ။ ဗကပတွေက သူတို့ စခန်း ကြီး ရှိတဲ့နေရာကို တော်ရုံ တန်ရုံလူ အသိခံတာမဟုတ်ဘူး။ ကာကင်းစခန်းအထိပဲလာခွင့်ပေးတာ။

ဆင်လဲချောင်းရေတံခွန်ဆိုတာက တကယ်တော့ ရေကျလို့ပြောရမှာပါ။ ကျောက်ဖျာ နှစ်ဆင့် ကနေ ငါးပေလောက်ထိုးကျနေတာပါ။ အခုအချိန်မှာတော့ ပင်မချောင်းကြီးအတိုင်း ရေကျတာ မရှိတော့ဘူး။ မြောက်ဘက်စောင်းလေးမှာပဲ လက်သန်းလုံးလောက်ရေကျနေတာရှိတော့ တယ်။ ကျောက်ကုတင်ခွက်ကတော့ အတော်ကျယ်ပါတယ်။ ရေကတော့ ၁၂ ပေလောက်နက် တယ်လို့ပြောတယ်။ တစ်နှစ်ပတ်လုံးရေရှိသတဲ့။ ဧည့်သည်တွေကိုတော့ ရေစပ်နားမှာပဲ ရေကစား ခိုင်းတယ်။ ဝါးဖောင်လေးတစ်ခုလည်းတွေ့တယ်။ ကိုင်ပြီးရေဆော့နိုင်ဖို့ လုပ်ပေးထားတာ ဖြစ် မယ်။

တောင်နဝင်းကြိုးဝိုင်းက မိုင်တိုင် ၄၀ ကျော်မှ စတာဆိုတော့ ဒီပတ်ဝန်းကျင် မှာ ယာခင်း တွေချည်းပဲ။ ဝါးတောများပြီး အပင် ကြီး နည်းတယ်၊အရိပ်မရှိဘူး။ ကျွန်တော် သွားတာ နေ့လည် နှစ်နာရီကျော်ဆိုတော့ အတော်ပူတယ်။ မနက်စောစောသွားရင်ကောင်း မယ်။ ချောင်း ရေရှိတဲ့အချိန်ဆိုရင်တော့ အတော်သာယာမယ်။ ဟိုတယ်ကနေ အစား အသောက် တွေယူလာပြီး ပျော်ပွဲစားထွက်ဖို့ သင့်တဲ့နေရာပဲ။

ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာကို လာမယ်၊ ဆင်လဲချောင်း နဲ့ ကရင်မသေရေတံခွန် တွေ ကို လည်ပတ်မယ်ဆိုရင်တော့ သြဂုတ်လနဲ့စက်တင်ဘာလ အကောင်းဆုံးပဲ၊ ချောင်း ရေများသေးတယ်လို့ဆိုတယ်။ အဲဒီ အချိန်တွေဆိုရင် စားပင်လည်းပေါတဲ့အတွက် ငှက်ကြည့်လို့လည်း အဆင်ပြေတယ်။

ဧည့်သည်တွေအနေနဲ့တောလမ်းလေ ျှာက်မယ်၊ရေတံခွန်တွေသွားမယ်ဆိုရင်တော့ အဲဒီအချိန်မှာ ဗွက်တန်းတွေရှိနိုင်တဲ့အတွက် ဖိနပ်ကောင်းကောင်းလိုမယ်။ ဖိနပ်ကောင်းကောင်းဆိုတာ ဈေးကြီး ကြီးဖိနပ်ကိုပြောတာမဟုတ်ပါဘူး။ ရေမြေသဘာဝနဲ့ ကိုက်ညီပြီး အကြမ်းစီးလို့ရတဲ့ဖိနပ်ကို ဆို လို တာပါ။ အကောင်းဆုံးကတော့ လမ်းမတော်သံဈေး ပထမထပ်က ဆိုင်တွေမှာရောင်းတဲ့ ဗကပ ဖိနပ်လို့ခေါ်တဲ့ တရုတ်တောစီးဖိနပ်ပဲ။ တစ်ရံကို လေးထောင်၊ လေးထောင့်ငါးရာ၊ တစ်ခါ ဝယ်ထား ရင်တစ်သက်စီးလို့ရတယ်။

တောပျော်


နေ့ကလေးထိန်းကျောင်းလား ၊ မကြားဖူးဘူး။
အဖေ နဲ့ အမေ ပဲဆွတ်၊
ကျွန်တော်က တဲနားမှာ ကစား။
ဘာကိုမှ မကြောက်
သားကိုထိ ၊ ဓားကြည့်ဆိုတဲ့ အဖေရှိတယ်။