ဦးပေါက်

ဦးပေါက်၊ မှတ်ပုံတင်ထဲက နာမည်က မြင့်ရွှေ၊ ဒါပေမယ့် အဖေက ချစ်လို့ ငယ်ငယ်ထဲက “ ပေါက် ကလေး၊ ပေါက်ကလေး” နဲ့ခေါ်လာတာ။ ကြီးတော့ ပေါက်ကြီး ၊ဒီလိုနဲ့ အခု အသက်ခြောက်ဆယ် အထိ ဦးပေါက်ကြီး ဆိုမှပဲ လူသိတော့တယ်။ မြင့်ရွှေ ဆိုရင် ဘယ်သူမှမသိဘူး။

ဦးပေါက်ရဲ့ ချစ်ဇနီးက မကရင်မ။ သူ့မှတ်ပုံတင်နာမည်က မစန်းတင်။ ဒါပေမယ့် သူကို မွေးတဲ့အချိန် မှာ အဖေက အစိုးရရဲ့ ခြောက်ပင် ကျွန်းစိုက်ခင်းမှာ အလုပ်လုပ်နေတဲ့အချိန်။ ကရင်ရွာတွေနားမှာ မွေးလို့လား၊ ကရင်မလေးနဲ့တူလို့လားမသိဘူး။ ငယ်ငယ်ထဲက ကရင်မလို့ခေါ်လိုက်တာ အခု ထိ ကရင်မပဲ။ ခြောက်ပင်ကျွန်းခင်းက ကျွန်မနဲ့ မွေးဘက် လို့ ဆိုတယ်။

ဦးပေါက် ဇာတိက အိုးတင်းကုန်းရွာ၊ မကရင်မ အဖေက ကလည်း အိုးတင်းကုန်းသားပဲ။ ကျွန်းစိုက် ခင်းမှာလုပ်လို့သာ နေရာတွေပြောင်းနေရတာ။ သူတို့အိမ်ထောင်ကျတော့ အိုးတင်းကုန်းမှာပဲ နေ တယ်။ ၁၉ ၈၅ ခုနှစ်ကျတော့ တောင်နဝင်းဆည်ဆောက်တယ်။ ၈၈အရေးအခင်းပြီး နှစ်နှစ်၊ သုံး နှစ် လောက်ရှိတော့ဆည်ရေပိတ်တယ်။သူတို့ရွာတွေရွှေ့ရတယ်။အိမ်ရွှေ့ရတဲ့အတွက် လျော်ကြေးရတယ်။ ဒါပေမယ့် လုပ်စားဖို့လယ်မရှိတော့ဘူး။ ရွာသားအများစုက မိုးတွင်းမှာ တံငါ လုပ်တယ်။ နွေစပါးအတွက် ရေပေးရလို့ ဆည်ရေကျသွားရင် သောင်ခုံတွေမှာ ကွမ်းစိုက် တယ်။ ကွမ်းဈေးကောင်းတော့ အလုပ်ဖြစ်တယ်။

ဦးပေါက်ကတော့ အသက်ကြီးလာတဲ့အခါ တံငါမလုပ်ချင်တာနဲ့ ညောင်ဝန်းဘက်ကို ရွှေ့လာ တယ်။ ဒီလိုနဲ့ ၂၀၀၇ ခုနှစ်မှာ ပုဂ္ဂလိက ကျွန်းစိုက်ခင်းတွေပေါ်လာတော့ ကျွန်းစိုက်ခင်းမှာ အလုပ်ဝင်လုပ်တယ်။ မိုင်တိုင် ၄၃ အကျော်က ပြည်လုံးချမ်းသာ ဘုရားလေးရှိတဲ့ ကျွန်းစိုက်ခင်းက ဦးပေါက် စလုပ်ခဲ့တဲ့အခင်းပဲ။ တောရှင်း၊ ငုတ်ဖော်၊ အပင်စိုက်၊ ပေါင်းရှင်း အတွက် လုပ်ခရတယ်။ ရိက္ခာငွေရတယ်။ ကျွန်းပင်တွေကြားထဲမှာ တောင်ယာစပါး၊ နှမ်းနဲ့ အသီးအနှံတွေစိုက်လို့ရတယ်။ အဲဒါတွေက အပိုဝင်ငွေပေါ့။ ၂၀၁၇ ခုနှစ်မှာ ကျွန်းစိုက်တဲ့လုပ်ငန်းရှင်က ဟိုတယ်ဆောက်တော့ ဦးပေါက်ကို ဟိုတယ်ကို ရေပေးတဲ့ရေထွက်နေရာကို စောင့်ရှောက်ဖို့ဆိုပြီး တာဝန် ပေးတယ်။ ရေထွက်ဘေးမှာ ကိုယ်ပိုင်စိုက်ခင်းလေးစိုက်ပြီး ဟင်းသီးဟင်းရွက်တွေကို ဟိုတယ်ကို ပြန်သွင်း တယ်။ ဒီနေရာကို ရောက်နေတာ နှစ်နှစ်လောက်ရှိတော့မယ်။

ကျွန်တော်က ဟိုတယ်ကို ရေပေးနေတဲ့ ရေထွက်ကို ကြည့်ချင်တယ်ဆိုတော့ ဟိုတယ်က လုံခြုံ ရေး ဝန်ထမ်းတစ်ယောက်ထည့်ပေးပြီး လိုက်ပို့တယ်။ ရေထွက်ကိုရောက်တော့ စိုက်ခင်းထဲမှာ အလုပ် လုပ်နေတဲ့ ဦးပေါက်နဲ့ တွေ့ပြီး ချက်ခြင်း အဖွဲ့ကျသွားတယ်။ ဦးပေါက်က လိုက်ရှင်းပြပြီးတဲ့ အခါ ကျတော့ သူတဲကိုလိုက်နားဖို့ခေါ်တယ်။

သူ့တဲက မလှမ်းမကမ်းက တောင်ကုန်းလေးပေါ်မှာ။ တဲ ပတ်ဝန်းကျင်မှာရော၊ တောင်စောင်းမှာပါ ရာသီသီးနှံပင်တွေစိုက်ထားတယ်။ သဘောၤ၊ ဂွေးတောက် ၊ ပြည်ပန်းညို စတဲ့အပင်တွေကတော့ အခုမှအရှိန်ယူတုန်း။ မုံညင်း၊ ဂေါ်ဖီ စတာတွေ စိုက်ဖို့ ဘောင် တွေပြင်ထားတယ်။ စမ်းချောင်းဘေးမှာ ကန်လေးလုပ်ပြီး စိုက်ထားတဲ့ ကန်စွန်း ခင်း ကို မြင်တော့ ရန်ကုန်မြို့ပတ်ရထားလမ်းဘေးက ကန်စွန်းခင်းတွေကို သတိရမိတယ်။

ဟိုတယ်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုနဲ့ပတ်သက်ပြီး ဝန်ထမ်းတွေကို အတော်ပညာ ပေးထားပုံရတယ်။ အော်ဂဲနစ် ဆိုတဲ့စကား ဦးပေါက်ပါးစပ်ဖျားက မချဘူး။ ကျွန်တော့်စိုက်ခင်းက အော်ဂဲနစ်၊ ဆေးမသုံးဘူး။ မြေဆီမသုံးဘူး။ သူ့အတိုင်းပဲစိုက်တာ။ ရေကလည်း ရေသန့် ၊ စမ်း ပေါက်ကထွက်တာ လို့ ရှင်းပြတယ်။

ဦးပေါက်နဲ့ မကရင်မမှာ သမီးသုံးယောက်၊ သားတစ်ယောက်ရှိတယ်။ ကလေးတွေက မူလတန်း ပဲ ပြီးတယ်။ အလယ်တန်းတက်ဖို့ကျတော့ ဆည်ကို ဖြတ်ပြီး လက်လှော်လှေနဲ့ ရေတစ်တန်၊ မိုး တစ်တန်ကျောင်းတက်ရမှာဆိုတော့ မထားဖြစ်တော့ဘူး။ သမီးနှစ်ယောက်ကတော့အိမ်ထောင်ကျ သွားပြီ။ လယ်ပိုင်၊ ယာပိုင်မရှိပါဘူး။ ကြုံရာကျပန်းပေါ့။ တံငါလုပ်တဲ့အခါလည်းလုပ်ပေါ့။ သမီး အငယ်နဲ့ သားငယ်ကတော့ ကျွန်းစိုက်ခင်းမှာအလုပ်လုပ်တယ်။ သားငယ်က အဖေ၊ အမေနဲ့နေပြီး သမီးကတော့ စိုက်ခင်းက အပျိုဆောင်မှာနေတယ်။

သားသမီးတွေကို ပညာရေးဆုံးခန်းရောက်အောင် မသင်ပေးနိုင်ခဲ့တဲ့ ဦးပေါက်တို့က အခုတော့ သမီးအကြီးကမွေးတဲ့မြေးမလေးကို ပညာတတ်အောင် သင်ပေးနေရတယ်။ အဖေ၊ အမေက လည်းထောက်၊ အဖိုး၊အဖွားကလည်း ဆန်အိတ်လေးပို့လိုက်၊ ငွေလေးပို့လိုက်ပေါ့။ သမီး တို့ရွာက ပေါက်ခေါင်းနဲ့ မဝေးလှဘူး။ ရွာကကလေးတွေ စုပြီး ပေါက်ခေါင်းအထက်တန်းကျောင်း မှာကျောင်းတက်တယ်။ ကျောင်းကားဆိုပြီးကားလေးတစ်စီးရှိတယ်။ ကလေးတစ်ယောက် တစ်နှစ် ကို တစ်သိန်းနှစ်သောင်းပေးရတယ်။ ရွာကနေ ကျောင်းတက်တဲ့ ကလေးဆယ်ယောက်လောက် ရှိ တယ်။

မြေးမလေးအကြောင်းပြောတဲ့အခါ အဖိုး၊အဖွားမျက်နှာက ပီတိလွှမ်းနေတယ်။ အင်္ဂလိပ်ကျွမ်းတယ်။ အမြဲတမ်း “ အေ” ရတယ်၊ ပညာရေးကောင်းတယ်။ အခုတောင် ကွန်ပျူတာလက်မှတ်ရနေပြီ၊ မြန်မာစာ အားနည်းတယ်။ နောက် ဘာဘာသာမှန်းတော့မသိဘူး။ နှစ် ဘာသာအားနည်းတယ်။ ဒ့ါကြောင့် သုံးဘာသာကျူရှင်ယူနေရတယ်။ ရှစ်တန်းအောင်တော့ လက်စွပ်တစ်ကွင်း လုပ်ပေး လိုက်တယ်။ ဆယ်တန်းအောင်ရင် ဆွဲကြိုးလုပ်ပေးမယ်လို့ တွန်းထား တယ်။ ဆယ်တန်း အောင် ရင်တော့ ပညာရေးကောလိပ်တက်မှာ။ အဖိုး ဦးပေါက်ရဲ့ အသံက ရွှင်နေတယ်။ အဖွား မကရင် မ ကတော့ ပြုံးပြုံး ပြုံးပြုံးနဲ့ စကားထောက်ပေးနေလေရဲ့။

ပထမတော့ တဲပေါ်တက်ပြီး နားရင်းနဲ့ စကားပြောတာပါပဲ။ လိုက်ပို့တဲ့ဟိုတယ်ဝန်ထမ်းကတော့ ပြန်သွားပြီ။ စကားပြောရင်းနဲ့ မကရင်မက ထမင်းစား သွားလို့ ပြောတယ်။ ကျွန်းစိုက်ခင်းထဲ သွားတဲ့ ဝန်ထမ်းတွေ ကြုံရင် ဝင်စားလို့ရအောင် အမြဲတမ်း တစ်ယောက်စာ ထမင်းပို ချက်ထား သတဲ့။ ဦးပေါက်က အများကြီးမလှုနိုင်လည်း တစ်ယောက်တော့ လှုရတာပေါ့လို့ ဆို တယ်။

တောထမင်း၊ တောဟင်းကို ကြိုက်တဲ့ ကျွန်တော်ကလည်း နှစ်ခါမခေါ်ရဘူး။ စားမယ်ပေါ့။ မကရင် မ က အခင်းထဲက ခူးထားတဲ့ ငရုတ်သီးစိမ်းတွေကို သီတံထိုးပြီးမီးကင်၊ ထောင်းတယ်။ အခင်းထဲ ဘူးညွှန့်၊ဖရုံညွှန့် မုံညင်း စတာတွေဆင်းခူးပြီး ဟင်းချိုချက်တယ်။ ဘူးညွှန့်ကြော်တယ်။ ဝါးယောင်း မှိုကို ကောက်ညှင်းဆန်နဲ့အချဉ်တည်ထားတဲ့ မှိုချဉ်က အအီပြေပေါ့။ တို့စရာကတော့ ခြံထွက် အရွက်မျိုးစုံ။ ကြက်ဥတစ်လုံးကို ပြုတ်၊ နှစ်ခြမ်းခြမ်းပြီး ကင်ပွန်းချဉ်ရွက်နဲ့ချက်ထားတဲ့ ဟင်းက တော့ Main Dish ပေါ့လေ၊ မနက်ထဲက ချက်ထားပုံရတယ်။ ကြက်ဥကို မစားရက်လို့ ကင်ပွန်း ချဉ်အနှစ်နဲ့ပဲစားမယ်။ ကြက်ဥကိုတော့ မောင်နဲ့မယ်ပဲ တစ်ခြမ်းစီစားပါလို့ပြောလိုက်တယ်။

မကရင်မက ဟင်းချိုထဲ ကို ကြာဆံနဲ့ ကြွက်နားရွက်မှိုခပ်တယ်။ ငါးပိနည်းနည်းထည့်တယ်။ ဟင်းချိုမှုန့်မသုံးဘူး။ ရှိလည်း မရှိဘူး။ သူတို့ ဆရာက ဟင်းချိုမှုန့်တွေ့ရင်ဆူတယ်တဲ့။ အချိန် အတော်ကြာကြာရှာပြီးတဲ့နောက် ငရုတ်ကောင်းမှုန့် ပုလင်း ကို ရှာတွေ့ပြီး ဖြူးလိုက်တယ်။ ထမင်း ကတော့အေးနေပြီ၊ မနက်ထဲက ထချက်ထားတာ လို့ တောင်းပန်တယ်။ ကိစ္စမရှိဘူး။ မနက်စာ၊ နေ့လည်စာ ပေါင်းချက်တာ တောသဘာဝပဲလေ။

ဧည့်သည်အတွက် တစ်ခုတည်းသော ကြွေပန်းကန်ပြားကို ထုတ်လာတယ်။ မလိုဘူး။ သူတို့ နည်းတူ ဇလုံ နဲ့ ပဲ တွယ်မယ်လို့ပြောလိုက်တယ်။ ထမင်းကို ကင် ပွန်းချဉ် အနှစ်နဲ့အားပါးတရနယ်၊ ငရုတ်သီးထောင်းနဲ့ တို့စရာကို မြှုပ်၊ ထမင်းလုတ်ကြီးကြီးကို အားရပါးရစား၊ ဟင်းချိုပူပူကို မှုတ်သောက်။ ဘူးညွှန့်ကြော်က နောက်ဆက်တွဲ။ ဘာပြောကောင်းမလဲ။ ပြောလို့ပြောတာမဟုတ် ဘူး။ ခြံထဲက လတ်လတ်ဆတ်ဆတ်ခူးပြီး ချက်ထားတဲ့ ဟင်းသီး ဟင်းရွက် တွေရဲ့ အရသာကို စားဖူးမှသိနိုင်တာပါ။ ဒီလိုနဲ့ နှစ်ဇလုံ ကုန်သွားတယ်။ မကရင်မကတော့ စားသာစား၊ ဒီလိုမှ စားပါ့ မလားလို့ စိုးရိမ်နေတာဆိုပြီး အားပေးရှာပါတယ်။

ထမင်းစားပြီးတော့ ပဲစင်းငုံကို လှော်ပြီး ဆီစိမ်ထားတာနဲ့ ဧည့်ခံတယ်။ ပဲစဉ်းငုံက မာတယ်။ ဒါ ပေမယ့် ဖြည်းဖြည်းခြင်းဝါးလေ စိမ့်ပြီး အရသာရှိလေ၊ စားပြီးရင်း စားချင်လေပဲ။ ဗိုက်တင်းတော့ မျက်လုံးက စင်းလာတယ်။ ဦးပေါက်က ပလတ်စတစ်ဖျာတစ်ချပ်ခင်းပြီး အိပ်ချင်အိပ်လေလို့ ပြော တယ်။ ဒါပေမယ့် နှစ်နာရီခွဲမှာ ဆင်လဲအိုင်ရေတံခွန်ဘက်သွားဖို့ရှိတော့ နှုတ်ဆက်ပြီး ပြန်ခဲ့တယ်။

ဦးပေါက်က ယာခင်း အစပ်ထိလိုက်ပို့ရှာတယ်။ မကရင်မကတော့ ကပြင်ကနေ ရပ်ကြည့်နေလေ ရဲ့။ အပြန်မှာလမ်းသာပေမယ့် လေးတွဲ့နေတဲ့ ခြေလှမ်းတွေကြောင့်ခရီးမတွင်ဘူး။ နေက ခေါင်း ပေါ် ရောက်နေပြီ။ ပူလိုက်တာလည်း ကျွတ်ဆတ်နေတာပဲ။ နောက်ပြန်လှည့်ကြည့် တော့ တောရိပ်တောင်ရိပ်တွေကြားက အေးရိပ်မြုံယာတဲလေးကို လှမ်းမြင်ရတယ်။

မရှိပေမယ့် ပြည့်စုံနေတဲ့သူတွေထံကနေ ရှိပေမယ့် မပြည့်စုံတဲ့သူတစ်ယောက်ပြန်လာခဲ့ တယ်။

ICJ , ICC နဲ့ အာဂျင်တီးနား (၃)

အာဂျင်တီးနား

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စုတရားရုံးတစ်ခုမှာ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေ ကအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနိုင်ဖို့ လေ ျှာက်ထား ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဦးထင် ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကိုလည်း အမှုတွဲအဖြစ် တင်သွင်းထားတယ်လို့ သတင်းတွေမှာ ပါတယ်။

ဒီတရားစွဲဆိုမှုကိုဦးဆောင်တဲ့သူကတော့ မြန်မာရိုဟင်ဂျာအဖွဲ့ ( ယူနိုက်တက်ကင်းဒမ်း) Burmese Rohingya Organization UK (BROUK) ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။ ။ ဒီအဖွဲ့ ရဲ့ ရှေ့နေ အဖြစ်ဆောင်ရွက်ပေးတာကအရင်မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တား နား ပါ ။ ကင်တာနားဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် အဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ဆောင်ရွက်ပြီး လက်ရှိအချိန်မှာ မြောက်ကို ရီးယား နိုင်ငံ ရဲ့ လူ့အခွင့်အရေးအခြေအနေ စုံစမ်းရေးမှူးတာဝန်ကိုထမ်းဆောင်နေပါ တယ်။ သူဟာ အာဂျင်တီး နားနိုင်ငံနဲ့ လက်တင်အမေရိကနိုင်ငံတွေရဲ့ လူ့အခွင့်အရေးဆိုင်ရာလှုပ်ရှားမှုတွေမှာ လည်း ပါဝင် ဆောင်ရွက် နေတာ ၁၄ နှစ်ကျော်ရှိခဲ့ပါပြီ။

ဒီတရားစွဲဆိုမှုမှာ အဓိက စွပ်စွဲချက်ကတော့ဒေါ် အောင်ဆန်းစုကြည်အနေနဲ့ ရိုဟင်ဂျာ တွေ အပေါ် ပြစ်မှုကျူးလွန်တာတွေကို တားဆီးနိုင်ဖို့ အတွက် သူ့ရဲ့ လုပ်ပိုင်ခွင့်နဲ့အာဏာကို အသုံး ပြုဖို့ပျက်ကွက်ခဲ့တယ်ဆိုတဲ့အချက်ဖြစ်ပါ တယ်။လေ ျှာက်ထားသူတွေက ဒေါ်အောင်ဆန်း စုကြည်ဟာ တရားဝင် အစိုးရအဖွဲ့ခေါင်းဆောင်၊နိုင်ငံခေါင်းဆောင်မဟုတ်ပေမယ့် မြန်မာနိုင်ငံ မှာ အာဏာအရှိဆုံးပုဂ္ဂိုလ်ဖြစ်တယ်ဆိုတဲ့အချက်ကို ထောက်ပြခဲ့ပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က သူဟာသမ္မတအထက်မှာရှိတယ်လို့ ပြောခဲ့တဲ့စကားက တရားစွဲသူတွေ အတွက် အကောင်းဆုံးသက်သေဖြစ်နေပါတယ်။

အာဂျင်တီးနားနိုင်ငံမှာ မြန်မာနိုင်ငံကခေါင်းဆောင်တွေကို တရားစွဲဆိုတာဟာ “ကမ္ဘာ့ နေရာတိုင်းမှာ စုံစမ်းစီရင်ပိုင်ခွင့် ” ( Universal Jurisdiction ) ဆိုတဲ့ အခြေခံမူအရ တရားစွဲတာ ဖြစ်ပါတယ်။

ဒီအခြေခံမူ က လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားမျိုးနွယ်များအပေါ် ပြစ်မှုကျူးလွန်မှု၊စစ်ရာဇဝတ်မှု ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ နိုင်ငံတကာဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်။ ဒါ့ကြောင့် သက်ဆိုင်ရာနိုင်ငံတွေက အရေးယူဆောင်ရွက်မှု မရှိရင် ကမ္ဘာ့မိသားစုဝင်အခြားနိုင်ငံတွေမှာ တရားစီရင်ခွင့်ရှိတယ်ဆိုတဲ့ အယူအဆကနေပေါ်ပေါက်လာတာဖြစ်ပါတယ်။

ဒီအယူအဆက အသစ်အဆန်းတော့မဟုတ်ဘူး။ ၁၈ ရာစု၊ ၁၉ ရာစုလောက်က ပင်လယ်ဒါးမြ တွေဟာ လူသားအားလုံးရဲ့ ရန်သူဖြစ်တယ်။ သူတို့ကို ဘယ်သူဖြစ်ဖြစ် တွေ့တဲ့နေရာမှာ ဖမ်းဆီး အပြစ်ပေးလို့ရတယ်ဆိုတဲ့အယူအဆကနေပေါ်လာတာပဲ။

စစ်အေးခေတ်လွန်ကာလမှာတော့ စပိန်၊ ကနေဒါ၊ နယူးဇီလန် ၊ သြစတေးလျ၊ ဘယ်လ်ဂျီယံ ၊ ဖင်လန် စတဲ့နိုင်ငံတွေမှာတော့ ဒီအခြေခံမူကို ကျင့်သုံးပြီး တရားစီရင်နိုင်ဖို့အတွက် လိုအပ် တဲ့ ဥပဒေတွေသီးခြားပြဋ္ဌာန်းထားတယ်။ တစ်ချို့နိုင်ငံတွေမှာတော့ ရှိပြီး ပြည်တွင်းဥပဒေတွေကို အသုံးပြုပြီးတရားစွဲတယ်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့ ၂၀၁၂ ခုနှစ် စစ်တမ်းတစ်ခုမှာတော့ ကုလသမဂ္ဂ အဖွဲ့ ဝင်နိုင်ငံ ၁၉ ၃ နိုင်ငံအနက် ၁၆၃ နိုင်ငံရဲ့ ပြည်တွင်းဥပဒေတွေမှာ လူမျိုးတုံးသတ်ဖြတ်မှု ၊ စစ်ရာ ဇဝတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ အကျုံးဝင်တဲ့ ပြစ်မှုအားလုံး ဒါမှမဟုတ် အချို့ကို ရာဇဝတ် မှု အဖြစ်သတ်မှတ်ထားပြီး ဖြစ်တယ်။ ဒါ့ကြောင့် “ကမ္ဘာ့ နေရာတိုင်းမှာ စုံစမ်းစီရင်ပိုင်ခွင့် ” ကို အသုံး ပြုပြီး တရားစီရင်မယ်ဆိုရင် တရားစီရင်လို့ရတယ်လို့ဆိုတယ်။

အာဂျင်တီးနားတရားရုံးတွေမှာ အခုလို တရားစွဲတဲ့ ဖြစ်စဉ်မျိုး အရင်ကလည်း ရှိခဲ့ဖူးတယ်။ ထင်ရှားတဲ့ အမှုနှစ်ခုကတော့ စပိန်အာဏာရှင် ဗိုလ်ချုပ်ကြီးဖရန်ကိုလက်ထက်က လူ့အခွင့် အရေးဆိုင်ရာ ပြစ်မှုတွေနဲ့ပတ်သက်ပြီးတရားစွဲတဲ့ အမှုနဲ့ ဖန်လောင်ဂေါင်း ဘာသာရေး ဂိုဏ်း ဝင်တွေအပေါ် နှိပ်စက်ညှင်းပန်းမှုနဲ့ပတ်သက်ပြီး တရုတ်အာဏာပိုင်တွေကို တရားစွဲတဲ့ အမှုဖြစ် ပါတယ်။ အမှုနှစ်မှုလုံးမှာ အာဂျင်တီးနားတရားရုံးက တရားစွဲတာကိုလက်ခံတယ်၊ အမှုလိုက်ရှေ့နေတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်တယ်။ ပြီးတော့ ဖမ်းဝရမ်းထုတ်ခဲ့ဖူးတယ်။ ဒါပေမယ့် သက်ဆိုင်ရာနိုင်ငံတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုမရခဲ့ဘူး။

ရခိုင်ပြည်နယ်မြောက်ပိုင်းအခြေအနေနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဖို့ကြိုး စားတာ ပထမဆုံးအကြိမ်တော့မဟုတ်ဘူး။ ၂၀၁၈ ခုနှစ် မတ်လ ၁၆ ရက်နေ့မှာ သြစတေးလျ နိုင်ငံရောက် ရိုဟင်ဂျာအသိုင်းအဝန်းက ဒေါ်အောင်ဆန်းစုကြည်ကို လူသားမျိုးနွယ်စုအပေါ် ကျူး လွန်တဲ့ ရာဇဝတ်မှုများအတွက် တရားစွဲဆိုခွင့်ရဖို့ လေ ျှာက် ထားခဲ့တယ်။ သြစတေးလျနိုင်ငံ ရဲ့ ဥပဒေအရ အဲဒီလို တရားစွဲဖို့အတွက် သြစတေးလျရှေ့နေချုပ်ရုံးရဲ့ သဘောတူညီမှုလိုတယ်။ အဲဒီ လျောက်ထားချက်နဲ့ပတ်သက်ပြီး သြစတေးလျရှေ့နေချုပ်ရုံးက သဘောမတူဘူးလို့ အကြောင်းပြန်ခဲ့တယ်။

ဒါပေမယ့် ရိုဟင်ဂျာတွေဘက်က သြစတေးလျ တရားရုံးချုပ်ကို အယူခံတက်တယ်။ အဲဒီ အယူခံကို တရားရုံးချုပ်တရားသူကြီးတစ်ဦးက ၂၀၁၈ အောက်တိုဘာလ ၃ ရက်နေ့မှာ စပြီး ကြားနာတယ်။ ၂၀၁၉ ခုနှစ် ဇွန်လ ၆ ရက်နေ့မှာ တရားရုံးချုပ် စုံညီတရားရုံး နဲ့ ကြားနာ ဆုံးဖြတ် ဖို့အမိန့်ချတယ်။ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာတရားရုံးချုပ်က ရှေ့နေချုပ်ရုံးရဲ့ ဆုံးဖြတ်ချက်ကို အတည်ပြုပြီး ရိုဟင်ဂျာတွေရဲ့ အယူခံကို ပယ်ချခဲ့တယ်။

အခု အာဂျင်တီးနားနိုင်ငံမှာ တရားစွဲဆိုထားမှုနဲ့ပတ်သက်ပြီး တရားရုံးက ရှေ့နေချုပ်ရုံးက အစိုးရ ရှေ့နေတွေရဲ့ သဘောထားကိုတောင်းခံထားတယ်။ အဲဒီ သဘောထားရဖို့အတွက် နှစ် ပတ်လောက်အချိန်ယူရမယ်လို့ သိရတယ်။

ဒီနေရာမှာ တရားရုံးက တရားစွဲမှုကိုလက်ခံရင် ဒေါ်အောင်ဆန်းစုကြည်ကို ဆင့်ခေါ်လို့၊ ဝရမ်း ထုတ်လို့ရမလားလို့မေးစရာရှိပါတယ်။ အဲဒီလိုလုပ်လို့မရပါဘူး။ နိုင်ငံတကာ ဥပဒေနဲ့ ကျင့်ထုံး များအရ တာဝန်ထမ်းဆောင်ဆဲ နိုင်ငံတော်အကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲနဲ့ နိုင်ငံခြားရေး ဝန်ကြီးတို့ကို သူ့နိုင်ငံက တရားရုံး နဲ့နိုင်ငံတကာတရားရုံးတွေကပဲ ဝရမ်းထုတ်လို့ရပါတယ်။ အခြားနိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းတရားရုံးတစ်ခုခုက ဝရမ်းထုတ်ပြီး ဖမ်းလို့၊ဆင့်ခေါ်လို့မရပါ ဘူး။

သြစတေးလျ ရှေ့နေချုပ်ရုံးက ရိုဟင်ဂျာတွေရဲ့ လေ ျှာက်ထားချက်ကို ပယ်ချတာကလည်း အဲဒီ အခြေခံမူကြောင့်ဖြစ်ပါတယ်။ ဒီအခြေခံမူကို နိုင်ငံတကာ တရားရုံးက ၂၀၀၀ ပြည့်နှစ် ကွန်ဂို ဒီမို ကရက်တစ် သမ္မတနိုင်ငံနဲ့ ဘယ်လ်ဂျီယံအမှုမှာ ထပ်ပြီးအတည်ပြုခဲ့သလို ၂၀၀၈ ခုနှစ် မေလ ၂၉ ရက်နေ့မှာ တင်သွင်းတဲ့ ကုလသမဂ္ဂအစီရင်ခံစာ “Preliminary report on immunity of State officials from foreign criminal jurisdiction, by Roman Anatolevich Kolodkin, Special Rapporteur , Document A/CN.4/601” မှာလည်း ထပ်ပြီးအတည်ပြုထားပါတယ်။

မြန်မာအစိုးရ တုန့်ပြန်ချက်

နိုဝင်ဘာ ၂၃ ရက်နေ့ နေပြည်တော်မှာပြုလုပ်တဲ့ ရှင်းလင်းပွဲမှာတော့ မြန်မာအစိုးရ ပြည်ထောင်စု ဝန်ကြီး ဦးကျော်တင် နဲ့ဦးကျော်တင့်ဆွေက

၁။ ICJ မှာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို တရားစွဲထားတဲ့အမှုနဲ့ပတ်သက်ပြီး ဒေါ်အောင် ဆန်းစုကြည်ကို မြန်မာနိုင်ငံကိုယ်စားလှယ် (ICJ အသုံးအနှုန်းအရ Agent) ၊ ဦးကျော်တင့်ဆွေ ကို ပူးတွဲကိုယ်စားလှယ်အဖြစ် ခန့်အပ်ထားတယ်။ ဥပဒေနဲ့အညီ ရင်ဆိုင်ဖြေရှင်းမယ်။

၂။ ICC ကတော့ မြန်မာနိုင်ငံဟာ ရောမသဘောတူညီချက်အဖွဲ့ဝင်မဟုတ်တဲ့အတွက် စီရင်ပိုင်ခွင့် မရှိဘူး။ ဒါ့ကြောင့် တရားဝင်ဆက်သွယ်ထိတွေ့ဖြေရှင်းမှာမဟုတ်ဘူး။

၃။ အာဂျင်တီးနားမှာ တရားစွဲတဲ့ကိစ္စနဲ့ပတ်သက်လို့လည်း ဥပဒေကြောင်းအရ ရင်ဆိုင်ဖြေရှင်းမှာ မဟုတ်ဘူးလို့

ပြောကြားခဲ့ပါတယ်။

TNAL ဆီက လေယာဉ်ပစ် ပစ်ပခုံးထမ်းဒုံးကျည်အပါအဝင် လက်နက် ၁၇၀ လက် သိမ်းဆည်းရမိတယ်။ ဓာတ်ပုံထဲမှာ မြင်ရသလောက်တော့ တရုတ်လုပ်လက်နက်ပုံစံတွေပဲ။

တရုတ်နိုင်ငံကလည်း နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးအတွက် လိုလားပါတယ် လို့ အမြဲပြောနေတော့ ဒီလက်နက်တွေရဲ့ ဇစ်မြစ်ကို သိရအောင် အကူအညီပေးသင့် တာပေါ့။

ဟိုမိန်းကျေးရွာအနီး နိုဝင်ဘာ ၂၂ ရက်၌ သိမ်းဆည်းရရှိခဲ့သည့် လက်နက်၊ ခဲယမ်းများမှာ K-12 ပခုံးထမ်းလေယာဉ်ပစ်လက်နက် တစ်လက် အပါအဝင် လက်နက်မျိုးစုံ ၁၇၀ လက်၊ ခဲယမ်းမျိုးစုံ ရှစ် မျိုး(ကျည်မျိုးစုံ ၄၆၂၆၅ တောင့်၊ ဗုံးသီးမျိုးစုံ ၂၄၆ လုံး၊ ယမ်းဗူး ၈၈၅ ဗူး)နှင့် ယူနီဖောင်းနှင့် ဆက်စပ်ပစ္စည်းများဖြစ်သည်။

(သတင်းကောက်နှုတ်ချက်)
https://myanmar.mmtimes.com/news/131370.html?fbclid=IwAR3jpYbXzzK5z1HMlebFGdT5sAivgVfIzkoqSraTl3t3D9ro2cPLq4ka1GU

ICJ , ICC နဲ့ အာဂျင်တီးနား (၂)

နိုင်ငံတကာရာဇဝတ်မှုတရားရုံး ( International Criminal Court -ICC)

နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ဆိုတာက ၁၉ ၉ ၀ ပြည့်လွန်နှစ်မျ ယူဂိုဆလပ်ဗီးယားနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ် ဖြတ်မှုတွေကို အကြောင်းပြုပြီး ပေါ်ပေါက်လာတာပါ။ ယူဂိုဆလပ်ဗီးယားနိုင်ငံ နဲ့ ရဝမ်ဒါ နိုင်ငံတွေမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး သီးခြားနိုင်ငံတကာရာဇဝတ်မှုတရား ရုံးတွေဖွဲ့စည်းပြီးစစ်ဆေးခဲ့ရတယ်။ အဲဒီကနေ နိုင်ငံတကာရာဇဝတ်မှုတရားရုံးတစ်ခုကို အမြဲတမ်း ဖွဲ့စည်းထားရင်မကောင်းဘူးလားဆိုတဲ့အယူအဆပေါ်ပေါက်လာခဲ့တယ်။

ဒီလိုနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံက တရားရုံးဖွဲ့စည်းနိုင်ဖို့နဲ့ပတ်သက် တဲ့ လေ့လာ ရေးကော်မတီတစ်ခုကို ၁၉ ၉ ၅ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့တယ်။ အဲဒီကော်မတီ အစီရင် ခံစာကို အခြေခံပြီး ၁၉ ၉ ၆-၁၉ ၉ ၈ အတွင်းမှာ ကုလသမဂ္ဂဌာနချုပ်မှာ အစည်းအဝေး ခြောက် ကြိမ်လုပ်ခဲ့တယ်။ ၁၉ ၉ ၈ ခုနှစ် ဇွန်လကျတော့ အီတလီနိုင်ငံ ရောမမြို့မှာ သဘောတူညီချက် မူကြမ်းကို အတည်ပြုနိုင်ဖို့ နောက်ဆုံးအစည်းအဝေးလုပ်တယ်။ ဒ့ါကြောင့် နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးနဲ့ပတ်သက်တဲ့ သဘောတူညီချက်ကို “ ရောမသဘောတူညီချက်” လို့ခေါ်တာဖြစ်ပါ တယ်။

၁၉ ၉ ၈ ခုနှစ် ဇွန်လ ၁၇ ရက်နေ့မှာ ရောမသဘောတူညီချက်ကို အထွေထွေညီလာခံမှာ မဲခွဲ ဆုံးဖြတ်တယ်။ နိုင်ငံ ၁၂၀ ကထောက်ခံတယ်။ ၂၁ နိုင်ငံက မဲမပေးဘူး။ ၇ နိုင်ငံက ကန့်ကွက် တယ်။ ကန့်ကွက်တဲ့ ခုနှစ်နိုင်ငံက အမေရိကန်၊ တရုတ်၊ အီရတ်၊ အစ္စရေး၊ လစ်ဗျား၊ ကာတာ နဲ့ ယီမင်နိုင်ငံတွေဖြစ်တယ်။

ရောမသဘောတူညီချက် အသက်ဝင်ဖို့အတွက် အနည်းဆုံးကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ ၆၀ က လက်မှတ်ထိုးအတည်ပြုဖို့လိုတယ်။ ၂၀၀၂ ခုနှစ် ဇူလိုင် ၁ ရက်နေ့မှာ အဲဒီအရေအတွက် ပြည့် သွားတဲ့အတွက် နိုင်ငံတကာရာဇဝတ်မှုတရားရုံးကို စတင်ဖွဲ့စည်းခဲ့တယ်။

၂၀၁၉ ခုနှစ် မေလအထိ ရောမသဘောတူညီချက်ကို လက်မှတ်ရေးထိုး အတည်ပြုထားတဲ့ နိုင်ငံ ၁၂၂ ရှိတယ်။ ၃၁ နိုင်ငံက လက်မှတ်တော့ထိုးထားတယ်။ ဒါပေမယ့် သူတို့နိုင်ငံရဲ့ ဥပဒေနဲ့ အညီ အတည်ပြုတာမရှိသေးဘူး။ ဒါ့ကြောင့် စာချုပ်ဝင်နိုင်ငံမဖြစ်သေးဘူး။ အဲဒီအထဲက ရုရှားနဲ့ အမေရိကန်လည်းပါတယ်။ လက်မှတ်မထိုးသေးတာ ၄၁ နိုင်ငံရှိတယ်။ အဲဒီထဲမှာ တရုတ် ၊ အိန္ဒိယနဲ့ မြန်မာတို့လည်း ပါတယ်။

ICC မှာ တရားသူကြီး ၁၈ ယောက်ရှိတယ်။ တရားသူကြီးတွေကို ရောမသဘောတူညီချက် အဖွဲ့ ဝင်နိုင်ငံတွေက ရွေးချယ်တယ်။ တရားသူကြီးအားလုံးဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံသားတွေဖြစ် ရမယ်။ ဒါပေမယ့် တစ်နိုင်ငံထဲက တရားသူကြီးနှစ်ယောက် ခန့်လို့မရဘူး။ တရားသူကြီးတွေ ရဲ့ သက်တမ်းက ကိုးနှစ်၊ နောက်တစ်ကြိမ်ပြန်အရွေးခံခွင့်မရှိဘူး။

ICC က ပြစ်မှုကျူးလွန်တဲ့ ပုဂ္ဂိုလ် သို့မဟုတ် ပုဂ္ဂိုလ်များကို စစ်ဆေးအရေးယူတာဖြစ်ပါတယ်။ ဒါဟာ ICJ နဲ့ အဓိက ကွာခြားတဲ့အချက်ပါပဲ။ ICC မှာ စစ်ဆေးနိုင်တဲ့ အမှုအမျိုးအစားတွေက

၁။ လူမျိုးတုံးသတ်ဖြတ်မှု။ ဒါက လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်းမှာပါတဲ့ ပြစ်မှုတွေ ဖြစ် ပါတယ်။
၂။ လူသားမျိုးနွယ်စုအပေါ် ကျူးလွန်သောပြစ်မှုများ crimes against humanity။ ရောမသဘော တူညီချက်မှာ ဒီပြစ်မှုမြောက်တဲ့ ရာဇဝတ်မှု ၁၅ မျိုးကို ဖော်ပြထားတယ်။
၃။ စစ်ရာဇဝတ်မှုများ၊ ဒါကတော့ နိုင်ငံတကာစစ်ပွဲတွေ၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများနဲ့ ပတ်သက်တဲ့ ဂျီနီဗာကွန်ဗင်းရှင်းတွေကို ဖောက်ဖျက်တဲ့ ပြစ်မှုတွေပါ။
၄။ ကျူးကျော်ရန်စမှုများ crime of aggression။ ဒီပြစ်မှုကတော့ ၂၀၁၀ ပြည့်နှစ်မှာ ထပ်မံ ဖြည့်စွက်ထားတာဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံက အခြားအချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုကို လက်နက်အားကိုးနဲ့ ကျူးကျော်တိုက်ခိုက်တဲ့ ပြစ်မှုဖြစ်ပါတယ်။ အမေရိကန်အစိုးရက အပြင်းအထန် ကန့်ကွက်ခဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ ၂၀၁၈ ဇူလိုင် ၁၇ ရက်နေ့စပြီး အသက်ဝင်တယ်။

ICC က စီရင်ပိုင်ခွင့်ရှိတဲ့အမှု နှစ်မျိုးရှိတယ်-

၁။ စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ၊ ဒါမှမဟုတ် စာချုပ်အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံရဲ့နယ်မြေထဲမှ ကျူးလွန်တဲ့ ပြစ်မှု။
၂။ လုံခြုံရေးကောင်စီက လွှဲပေးတဲ့ပြစ်မှု။

စာချုပ်အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ ဆူဒန်နိုင်ငံ ဒါဖိုးဒေသမှာဖြစ်ပွားခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးအရေးယူတာဟာ လုံခြုံရေးကောင်စီက တာဝန်ပေးတဲ့အတွက်ဖြစ်ပါတယ်။ စာချုပ် အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ဘူးသီးတောင်-မောင်တော ဒေသမှာဖြစ်ပွားခဲ့မှုတွေနဲ့ ပတ် သက်ပြီး စုံစစ်စစ်ဆေးမှုတွေလုပ်ဖို့ပြင်ဆင်နေတာကတော့ လုံခြုံရေးကောင်စီရဲ့ တာဝန်ပေးချက် အရမဟုတ်ဘူး။ စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရ်ှမှာရောက်နေတဲ့ ဒုက္ခသည်တွေအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေအတွက် တာဝန်ရှိ၊ မရှိ စုံစမ်းစစ်ဆေးဖို့ဆိုပြီး လုပ်ဆောင်နေတာ ဖြစ် ပါတယ်။

ပုဂ္ဂိုလ် ဒါမှမဟုတ် ပုဂ္ဂိုလ်များဟာ ICC နဲ့သက်ဆိုင်တဲ့ ပြစ်မှုတွေကိုကျူးလွန်တယ်လို့ သတင်း ရတဲ့အခါ

၁။ ICC ရဲ့ စုံစမ်းစစ်ဆေးရေးမှုတွေက ရရှိတဲ့အချက်အလက်တွေကို ပဏာမစိစစ်မှုလုပ်တယ်။
၂။ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်ဖို့အတွက် ခိုင်လုံတယ်လို့ ယူဆရင် စုံစမ်းစစ်ဆေးမှုတွေ လုပ် တယ်။ သက်သေခံအထောက်အထားတွေ စုဆောင်းတယ်။ ICC ရဲ့စီရင်ပိုင်ခွင့်ရှိမရှိ စိစစ်တယ်။
၃။ အဲဒီအထောက်အထားတွေကို မူတည်ပြီး သံသယရှိသူကို တရားရှေ့မှောက်ကိုလာဖို့ ဆင့်ခေါ် တယ်။ မလာရင် ဖမ်းဝရမ်းထုတ်တယ်။
၄။ သံသယရှိသူ ရောက်လာရင် ဒါမှမဟုတ် ဖမ်းမိရင် စွဲချက်တင်သင့် ၊မတင်သင့် ပဏာမ ကြားနာမှုလုပ်တယ်။
၅။ စွဲချက်တင်သင့်တယ်လို့ ဆုံးဖြတ်ရင် တရားစွဲတယ်။ အပြစ်ရှိမရှိ ဆုံးဖြတ်တယ်။ ပြစ်ဒဏ် ချမှတ်တယ်။
၆။ တရားရုံးရဲ့ ဆုံးဖြတ်ချက်အပေါ် မကျေနပ်ရင် အယူခံဝင်နိုင်တယ်။
၇။ အယူခံရှုံးရင် တရားရုံးရဲ့ ပြစ်ဒဏ်အတည်ဖြစ်တယ်။ တရားခံကို ဘယ်ထောင်မှာ အကျဉ်းကျခံ ရမယ်ဆိုတာဆုံးဖြတ်တယ်။

ICC မှာ အခုအချိန်ထိ စီရင်ပြီး နဲ့ စုံစမ်းစစ်ဆေးဆဲ အမှု ၂၇ မှုရှိခဲ့တယ်။ သံသယရှိသူ ၃၄ ဦးကို ဖမ်း ဝရမ်းထုတ်ခဲ့တယ်။ ၁၆ ဦးက မိမိဆန္ဒအလျောက်၊ ဒါမှမဟုတ် အဖမ်းခံရပြီး တရားရုံးရှေ့မှောက် ကိုရောက်ခဲ့တယ်။ ၁၅ ဦးကတော့ တိမ်းရှောင်နေဆဲဖြစ်တယ်။ သုံးဦးကတော့ ကွယ်လွန်သွား တဲ့ အတွက် ဝရမ်းကို ပြန်ရုပ်သိမ်းခဲ့တယ်။ စစ်ဆေးပြီးတဲ့ အမှုတွေထဲမှာ ၉ ဦးကို ပြစ်ဒဏ်ချမှတ်ခဲ့ပြီး လေးဦးကို အပြစ်မရှိကြောင်းဆုံးဖြတ်ပြီးတရားသေပြန်လွှတ်ပေးခဲ့တယ်။

ICC မှာ ပဏာမ စိစစ်မှုတွေလုပ်နေတဲ့ နိုင်ငံ ကိုးနိင်ငံ ရှိတယ်။ စုံစမ်းစစ်ဆေးမှုလုပ်နေတဲ့ နိုင်ငံ က မြန်မာနိုင်ငံအပါအဝင် ၁၂ နိုင်ငံရှိတယ်။

ICC ရဲ့ ပြဿနာတစ်ခုက သံသယရှိသူတွေကို ဖမ်းဆီးရမိဖို့အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုလိုအပ်နေတာပဲ။ တိမ်းရှောင်နေတဲ့ဆိုတဲ့ ပုဂ္ဂိုလ်တိုင်းက ပုန်းအောင်းနေတာ မဟုတ်ပါဘူး။ ဥပမာ ဆူဒန်သမ္မတဟောင်း ဘာရှီးယား ဆိုရင် ၁၉ ၈၉ ဇွန် – ၂၀၁၉ ဧပြီ အထိ သမ္မတတာဝန်ကိုယူခဲ့တယ်။ သူ့ကို ၂၀၀၉ ခုထဲက ဖမ်းဝရမ်း ထုတ်ထားခဲ့ပေမယ့် သမ္မတ တာဝန်ကို ဆက်ထမ်းဆောင်နေခဲ့သလို သူ့ကို ဖမ်းဆီးမှုမလုပ်ဘူးလို့ ယုံကြည်တဲ့ နိုင်ငံ တွေဆီကို ခရီးသွားနေခဲ့တာပဲ။ အခုတော့ စစ်တပ်ကအာဏာသိမ်းပြီး သူ့ကို ထိန်းသိမ်း ထားတယ်။ တရားရုံးကို လွှဲ၊ မလွဲှ ဆိုတာတော့ မဆုံးဖြတ်သေးဘူး။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ကတော့ ICC စုံစမ်းစစ်ဆေးရေးမှူးတွေက ၂၀၁၉ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့မှာ တရားဝင်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခွင့်တောင်းခံခဲ့တယ်။ အဲဒီတောင်းခံမှုကို တရား သူကြီး သုံးဦးပါ အဖွဲ့က စိစစ်ပြီး ၂၀၁၉ နိုဝင်ဘာလ ၁၄ ရက်နေ့မှာ ICC နဲ့သက်ဆိုင်တဲ့ ပြစ်မှု တွေကို ကျူးလွန်မှုရှိမရှိ စုံစမ်းစစ်ဆေးမှုလုပ်ဖို့ ခွင့်ပြုခဲ့တယ်။ ဒါပေမယ့် မြန်မာနိုင်ငံက ရောမသဘောတူညီချက် အဖွဲ့ဝင်မဟုတ်တဲ့အတွက် အမှုတွဲအမည်ကို Bangladesh/ Myanmar လို့ သတ်မှတ်ထားပါတယ်။

ICJ , ICC နဲ့ အာဂျင်တီးနား (၁)


နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲတယ်ဆိုတဲ့သတင်းကြားထဲက အဲဒီ အကြောင်းဆောင်းပါးရေးဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် ဆဲဗင်းဒေးရုပ်သံအစီအစဉ်မှာ အဲဒီ ကိစ္စ ပါဝင်ဆွေး နွေးမယ်လို့ ကတိပေးထားတဲ့အတွက် ရုပ်သံအစီအစဉ်ပြီးမှ ICJ ကိစ္စကို ဆောင်းပါး ရေးမယ်လို့ ဆုံဖြတ်ခဲ့တယ်။ ဒီနေ့ညနေမှာတော့ ဆဲဗင်းဒေးရုပ်သံအစီအစဉ် ထုတ်လွှင့်ပြီးသွား ပြီ ဖြစ်တဲ့အတွက် ဆောင်းပါးကို မ ျှဝေလိုက်ပါတယ်။
နိုင်ငံတကာ တရားရုံး ( International Court of Justice , ICJ)
နိုင်ငံတကာတရားရုံး ICJ ဆိုတာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး ၁၉ ၄၅ ခုနှစ် ဇွန်လ မှ စတင်ဖွဲ့စည်းတယ်။ ၁၉ ၄၆ ခုနှစ် ဇွန်လမှာ လုပ်ငန်းစတင်တယ်။ ဒီတရားရုံးမှာ တရား သူကြီး ၁၅ ယောက်ပါတယ်။ တရားသူကြီးရဲ့ သက်တမ်းက ကိုးနှစ်။ ဒါပေမယ့် လုပ်ငန်း အဆက် မပြတ် စေဖို့ အတွက် တရားသူကြီးအရေအတွက်ရဲ့ သုံးပုံတစ်ပုံကို သုံးနှစ်တစ် ကြိမ်ပြန် ရွေးတယ်။
တရားသူကြီး ရွေးတာကို အထွေထွေညီလာခံ နဲ့လုံခြုံရေးကောင်စီ နှစ်ခုက လုပ်တယ်။ တရားသူ ကြီးတစ် ယောက်ဟာ အဖွဲ့အစည်းနှစ်ခုလုံးမှာ မဲအများစုရမှာ တရားသူ ကြီးအဖြစ်တာဝန် ထမ်းဆောင်ခွင့် ရ တယ်။ အမှုရင်ဆိုင်ရတဲ့နိုင်ငံတွေက သူတို့ နိုင်ငံသားတွေ တရားသူကြီး အဖွဲ့မှာ မရှိရင် Judges ad hoc လို့ခေါ်တဲ့ အပိုတရားသူကြီးတစ်ယောက် ခန့်ခွင့်ရှိတယ်။ အခု ဆိုရင် ဂမ်ဘီယာဘက်က သူတို့ကို ကိုယ်စားပြုမယ့် တရားသူကြီးတစ်ယောက်ရွေးထားပြီးပြီလို့ သိရတယ်။
ICJ ရဲ့ လုပ်ငန်းတာဝန်က သုံးခုရှိတယ်။
ပထမတစ်ခုက ကုလသမဂ္ဂအဖွဲ့ဝင်နှစ်နိုင်ငံကြား အငြင်းပွားမှုနဲ့ပတ်သက်ပြီး ကာယကံရှင်နိုင်ငံ တွေက လေ ျှာက်ထားတဲ့အခါ နိုင်ငံတကာဥပဒေနဲ့အညီဆုံးဖြတ်ပေးတယ်။ ဥပမာ။ နယ်နမိတ် အငြင်းပွားမှု၊
ဒုတိယတစ်ခုက ကုလသမဂ္ဂကွန်ဗင်းရှင်းတစ်ခုကို လက်မှတ်ထိုးထားတဲ့ နိုင်ငံတစ်နိုင်ငံက အခြား လက်မှတ်ထိုးထားတဲ့နိုင်ငံက ကွန်ဗင်းရှင်းပါ အချက်အလက်များကို လိုက်နာရန်ပျက်ကွက်တဲ့ အတွက်တိုင်ကြားတဲ့အခါဆုံးဖြတ်ပေးတယ်။ ( ဂမ်ဘီယာ နိုင်ငံက မြန်မာနိုင်ငံကို တိုင်ကြားတာက ဒီအချက်ကြောင့် ဖြစ် ပါတယ်။ )
တတိယတစ်ခုက ကုလသမဂ္ဂအဖွဲ့အစည်းတွေက ဥပဒေဆိုင်ရာအကြံပြုချက်တောင်းခံလာတဲ့အခါ သုံးသပ်အကြံပေးတယ်။
ချုပ်လိုက်ရင်တော့ ICJ ဟာ အဖွဲ့ဝင်နိုင်ငံတွေကြားဖြစ်ပွားတဲ့ ကိစ္စတွေကို ကြားနာဆုံးဖြတ် တာ ဖြစ်တယ်။ လူပုဂ္ဂိုလ်ကို တရားစွဲတာ၊ဆုံးဖြတ်တာမဟုတ်ဘူး။ ဒါ့ကြောင့် နိုင်ငံတကာ တရားရုံးကို ရောက်တဲ့ကိစ္စကို အစိုးရအဖွဲ့ကပဲ တာဝန်ယူဖြေရှင်းရတယ်။
အဲဒီလို ဖြေရှင်းတဲ့အခါ သက်ဆိုင်ရာနိုင်ငံဘက်က တာဝန်ယူလေ ျှာက်ထားမယ့် ပုဂ္ဂိုလ်တစ် ယောက်ကို ရွေးချယ်ရတယ်။ အဲဒီပုဂ္ဂိုလ်ကို ကိုယ်စားလှယ် Agent လို့ခေါ်တယ်။ ဘယ်လို အရည်အချင်းနဲ့ ပြည့်စုံမှ ကိုယ်စားလှယ်ခန့်ရမယ်ဆိုတဲ့ ကန့်သတ်ချက်မရှိဘူး။ သက် ဆိုင်ရာ အစိုးရက တာဝန်ပေးဖို့ပဲလိုတယ်။ အဲဒီကိုယ်စားလှယ်ဟာ အမှုရင်ဆိုင်နေဆဲ ကာလ တစ် လေ ျှာက်လုံးမှာ သံအမတ်ကြီးအဖြစ် အသိအမှတ်ပြုခံရပြီး သံတမန်ဆိုင်ရာ အခွင့်အရေးအားလုံး၊ အကာအကွယ်အားလုံးကို ရပိုင်ခွင့်ရှိတယ်။ နိုင်ငံတကာတရားရုံးနဲ့ ဆက်သွယ်တဲ့ ကိစ္စအားလုံးကို ဒီကိုယ်စားလှုယ်ကပဲ ဆောင်ရွက်ရတယ်။
ဂမ်ဘီယာ
ဂမ်ဘီယာနိုင်ငံရဲ့ လေ ျှာက်ထားချက်က စာမျက်နှာ ၄၇ မျက်နှာရှိတယ်။ အဲဒီ လေ ျှာက်ထား ချက်က အောက်ပါအချက်တွေကို အဓိက ထားတောင်းဆိုထားတာပါ
၁။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်ရန်ဆောင်ရွက်နေမှုများကို ရပ်တန့်ရန်။
၂။ တာဝန်ရှိသူများကို အရေးယူရန်။
၃။ ဘင်္ဂလားဒေ့ရ်ှနိုင်ငံရောက် ဒုက္ခသည်အားလုံးကို ပြန်လက်ခံရန်။
၄။ ပြန်လာတဲ့ ဒုက္ခသည်များရဲ့ လုံခြုံရေးကို အာမခံရန်။
၅။ ရိုဟင်ဂျာတွေကို နိုင်ငံသားအခွင့်အရေးအပြည့်အဝပေးရန်။
၆။ သူတို့ရဲ့ လူ့အခွင့်အရေးများကို ကာကွယ်ပေးရန်။
၇။ နောက်ထပ် လူမျိုးတုံးသတ်ဖြတ်မှုများ မဖြစ်အောင် မြန်မာအစိုးရက တာဝန်ယူဆောင် ရွက် ရန်။
ဒါ့အပြင် အမှုရင်ဆိုင်နေဆဲကာလမှ တရားရုံးအနေနဲ့ မြန်မာအစိုးရကို လူမျိုးတုံးသတ်ဖြတ်မှုကို ဖြစ်စေတဲ့ ကိစ္စတွေကို ဆက်မလုပ်ဖို့ တားဆီးမိန့်ထုတ်ပေးဖို့လည်းတောင်းဆိုထားတယ်။
ဂမ်ဘီယာနိုင်ငံက သူတို့အနေနဲ့ ၂၀၁၈ ခုနှစ် စက်တင်ဘာလ ထဲက မြန်မာနိုင်ငံ အစိုးရကို လူမျိုး တုံးသတ်ဖြတ်မှုဆိုင်ရာကွန်ဗင်းရှင်းပါအချက်တွေကို ချိုးဖောက်နေမှုနဲ့ပတ်သက်ပြီး စိုးရိမ်တဲ့ အကြောင်း အကြောင်းကြားခဲ့တယ်။ နောက်ထပ်လည်း ပြောတယ်။ ဒါပေမယ့် မြန်မာအစိုးရဘက် က တုန့်ပြန်ဆောင်ရွက်မှုမရှိလို့ နိုင်ငံတကာတရားရုံးကို တိုင်ကြားရတာပါလို့ ဆိုပါတယ်။
နိုင်ငံတကာတရားရုံးကတော့ လာမယ့် ဒီဇင်ဘာလ ၁၀ ရက် နေ့က နေ ၁၂ ရက်နေ့ နှစ်ဘက် လေ ျှာက်ထားချက်တွေကို ကြားနာမယ်လို့ သတင်းထုတ်ပြန်ထားတယ်။
ဒေါ်အောင်ဆန်းစုကြည်
အစိုးရဲ့ သတင်းထုတ်ပြန်ချက် အရ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားရေးဝန် ကြီးအနေနဲ့ နိုင်ငံတကာတရားရုံး ကို စေလွှတ်မယ့်အဖွဲ့ကို ဦးဆောင်သွားမယ်လို့သိရတယ်။ အခု လို မြန်မာကိုယ်စားလှယ်အဖွဲ့ကို ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သွားတဲ့အတွက် ဘယ်လို အကျိုးကျေးဇူးတွေရနိုင်သလဲဆိုတာကို ကဏ္ဍသုံးခုခွဲကြည့်လို့ရတယ်။
နိုင်ငံရေးအရပြောရရင် အခုလိုဆောင်ရွက်တဲ့အတွက် ပြည်တွင်းက လူထုကို စည်းရုံးလှုံ့ဆော် နိုင် တယ်။ အရင်က ICJ အကြောင်းမကြားဘူးတဲ့သူတောင်မှ သိသွားပြီး အစိုးရကိုထောက်ခံလာတယ်။ ဒါဟာ ICJ ဆုံးဖြတ်ချက်ကျလာပြီး ဖြစ်လာမယ့်နောက်ဆက်တွဲ ကိစ္စတွေမှာ အစိုးရရဲ့ လုပ်ဆောင် ချက်တွေအပေါ် လူထုထောက်ခံမှုဆက်ပြီးရအောင်လုပ်နိုင်မယ့်အခွင့်အရေးပဲ။ ပြည်ပအနေနဲ့ ပြောရရင်တော့ မြန်မာအစိုးရအနေနဲ့ မိမိရပ်တည်ချက်ကို ခိုင်ခိုင်မာမာခုခံကာကွယ်ဖို့ အသင့် ရှိ တယ်ဆိုတဲ့ သတင်းစကားကို ပေးနိုင်တာပေါ့။
မီဒီယာ/ ပြည်သူ့ဆက်ဆံရေးရှုထောင့်ကပြောရရင် ပထမဆုံးကြားနာမှုမှာ အများပြည်သူတက် ရောက်ခွင့်ရမယ်လို့ သိရတယ်။ မီဒီယာတွေလည်း သတင်းယူမှာပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်တရားရုံးမှာရှိမှာဖြစ်တဲ့အတွက် နိုင်ငံတကာမီဒီယာတွေရဲ့ အာရုံစိုက်မှုပိုရမယ်။ ဒါဟာ မြန် မာနိုင်ငံအနေနဲ့ ကိုယ့်ရဲ့ ရပ်တည်ချက်ကို နိုင်ငံတကာသိအောင်လုပ်နိုင်မယ့်အခွင့်အရေးပဲ။
တရားစီရင်ရေးရှုထောင့်ကပြောရင်တော့ နိုင်ငံတကာတရားရုံးက တရားသူကြီးများဟာ သက်သေ အထောက်အထားတွေကိုပဲ ကြည့်ပြီး ဆုံးဖြတ်မှာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လာခြင်း မလာခြင်း နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးအရှိန်အဝါဟာ သူတို့အပေါ် လွှမ်းမိုး မှု ရှိမှာမဟုတ်ပါဘူး။
ဘယ်လို ခုခံကာကွယ်မလဲ
မြန်မာနိုင်ငံအနေနဲ့ ခုခံကာကွယ်မယ်လို့ ယူဆရတဲ့ နည်းလမ်းနှစ်ခုရှိပါတယ်။
ပထမတစ်ခုက နိုင်ငံတကာတရားရုံးအနေနဲ့ ဒီကိစ္စမှာ စီရင်ပိုင်ခွင့်မရှိဘူး၊ ဂမ်ဘီယာအနေနဲ့ လေ ျှာက်ထားခွင့် မရှိဘူး လို့ ချေပဖို့ဖြစ်ပါတယ်။ ဒါပေမယ့် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ပတ်သက်တဲ့ ကွန်ဗင်းရှင်း အပိုဒ် ၉ အရ ဂမ်ဘီယာက လေ ျှာက်ထားတာဖြစ်ပြီး မြန်မာနိုင်ငံက ကွန်ဗင်းရှင်း ကိုလက်မှတ်ထိုးတဲ့အချိန်က အပိုဒ် ၉ ကို ခြွင်းချက်ထားပြီးလက်ခံခဲ့တာမျိုးမရှိတဲ့အတွက် ဒီလိုခုခံ ချေပ တာကို တရားရုံးကလက်ခံဖို့ မလွယ်လှဘူး။ (အမေရိကန်ဆိုရင် အပိုဒ် ၉ ကို ခြွင်းချက် ထားပြီး ကွန် ဗင်းရှင်းကိုလက်ခံခဲ့တာဖြစ်ပါတယ်။ )
နောက်တစ်ခုကတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်ခဲ့တယ်၊ ဒါပေမယ့် ဒီလို ချိုးဖောက် မှု တွေကို အရေးယူခဲ့တယ်၊ နောက်မဖြစ်အောင်လည်း ဆက်လက်ဆောင်ရွက်နေတယ်။ ရခိုင် ပြည် နယ်မြောက်ပိုင်းက အခြေအနေဟာ လူမျိုးတုံးသတ်ဖြတ်မှုမမြောက်ဘူး ဆိုတာကို သက်သေပြဖို့ ဖြစ်ပါတယ်။ ဒါကတော့ အဖြစ်နိုင်ဆုံးနည်းလမ်းပါပဲ။ ဒီလိုဆောင်ရွက်တဲ့အခါမှာ လိုအပ်တဲ့ သတင်း အချက်အလက်တွေ ရနိုင်ဖို့အတွက်ကတော့ အစိုးရနဲ့ တပ်မတော်ကြားမှာ ပူးပေါင်းဆောင်ရွက်မှု ကောင်းဖို့လိုပါ့မယ်။
ဘာဖြစ်နိုင်လဲ
ဂမ်ဘီယာက မြန်မာနိုင်ငံကို တရားစွဲဖို့လေ ျှာက်ထားတာမျိုး ၂၀၀၇ ခုနှစ် နိုင်ငံတကာတရားရုံး ဘော့စနီး ယားနိုင်ငံ နဲ့ ဆာဘီးယားအမှု မှာရှိခဲ့ဖူးတယ်။ အဲဒီအမှုမှာ ဘေ့ာစနီးယားက ဘောလ် ကန်စစ်ပွဲအတွင်းက ဘော့စနီးယားဟာဇီဂိုဗီးနားဒေသမှာဖြစ်ခဲ့တဲ့ သတ်ဖြတ်မှုများ၊ လူ့အခွင့် အရေးချိုးဖောက်မှုများအတွက် ဆာဘီးယားနိုင်ငံမှာ တာဝန်ရှိတယ်ဆိုပြီး တရားစွဲခဲ့တာဖြစ်ပါ တယ်။ လေ ျှာ်ကြေးလည်းတောင်းပါတယ်။ အဲဒီအမှုမှာ နိုင်ငံတကာတရားရုံးက
၁။ ဆာဘီးယားဘက်က နိုင်ငံတကာတရားရုံးအနေနဲ့ စီရင်ပိုင်ခွင့်မရှိဘူးလို့ ထုချေတာကို ပယ်ချ တယ်။
၂။ ဘော့စနီးယားမှာဖြစ်ခဲ့ကိစ္စတွေမှာ တာဝန်ရှိတဲ့အဖွဲ့အစည်းတွေကိုဖော်ထုတ်တယ်။ ဒါပေမယ့် ဆာဘီးယားနိုင်ငံအနေနဲ့ ပြစ်မှုကျူးလွန်တဲ့ အပေါ်တာဝန်မရှိဘူးလို့ ဆုံးဖြတ်တယ်။
၃။ ဒါပေမယ့် ဆာဘီးယားနိုင်ငံအနေနဲ့ ဒီလိုလူ့အခွင့်အရေးချိုးဖောက်မှုတွေ မဖြစ်အောင် လုံလောက်တဲ့ကာကွယ်မှုတွေလုပ်ဖို့ပျက်ကွက်ခဲ့တဲ့အတွက်တာဝန်ရှိတယ် လို့ ဆုံးဖြတ်ခဲ့တယ်။
၄။ ဘော့စနီးယားနိုင်ငံက လေ ျှာ်ကြေးတောင်းတာကိုလည်း ပယ်ချတယ်။
ဒီအမှုမှာ တစ် ဘက်အဖွဲ့အစည်းတွေ အဓိကလို ချင်တာက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျူးလွန် ခဲ့တယ်ဆိုတယ်လို့ နိုင်ငံတကာ တရားရုံးက ဆုံး ဖြတ်တာကိုလိုချင်တာပါ။ ဒီလိုသာဆုံးဖြတ်ခဲ့ရင်
၁။ တရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို မြန်မာနိုင်ငံဘက်က လိုက်နာဆောင်ရွက်ခြင်း မပြုရင် လုံခြုံ ရေးကောင်စီကို တင်ပြလို့ရမယ်။ လုံခြုံရေးကောင်စီမှာ တရုတ်နဲ့ရုရှားကလက်မခံရင် တော့ ဘာမှလုပ်လို့မရဘူး။
၂။ လုံခြုံရေးကောင်စီမှာမအောင်မြင်ရင်တောင် လူမျိုးတုံးသတ်ဖြတ်မှု မြောက်တယ်ဆိုတဲ့ ဆုံး ဖြတ်ချက်ကို ကိုးကားပြီး ပုဂ္ဂိုလ်တစ်ဦးချင်းကို တရားစွဲဆိုမှုတွေလုပ်လို့ရတယ်။ ( ဒေါ်အောင် ဆန်းစုကြည်အပါအဝင် မြန်မာအရပ်ဘက်၊ စစ်ဘက်ခေါင်းဆောင်တွေကို အာဂျင်တီးနားနိုင်ငံမှာ တရားစွဲထားတဲ့ ကိစ္စကို နောက်ပိုင်းမှာရေးပါ့မယ်။ )
၃။ နိုင်ငံတကာတရားရုံးက လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်လို့ ဆုံးဖြတ်ထားတဲ့ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေမလုပ်ဖို့၊ ဒီလို နိုင်ငံမျိုးကို စီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ စသည် ဖြင့်နောက်ဆက်တွဲလှုပ်ရှားမှုတွေလုပ်လာနိုင်ပါတယ်။

လေပွေတောင်


ပဲခူးရိုးမ သဘာဝအပန်းဖြေစခန်းသာ Bago Yoma Eco Resort မှာလာတည်းတဲ့ ဧည့်သည် တွေ အတော်များများက တောလမ်းခရီးသွားကြတယ်။ အများဆုံးသွားတာ ရေတံခွန်ပေါ့။ ရေတံခွန် နှစ်ခု ရှိတယ်။ တစ်ခုက ဟိုတယ်နဲ့ နီးတဲ့ ဆင်လဲအိုင်ရေတံခွန်၊ နောက်တစ်ခုက ကားလမ်း အတိုင်းသွားရတဲ့ ကရင်မသေရေတံခွန်။ အဲဒီရေတံခွန်တွေက လမ်းပေါ်ကနေ နာရီဝက်လောက် ခြေလျင်သွားရင်ရောက်ပြီ။ ငှက်ကြည့်သွားတဲ့သူတွေ သွားတဲ့နေရာတွေက သတ် သတ်ရှိတယ်။ အဲဒါကတော့ ရာသီအလိုက်ငှက်အကျများ တဲ့နေရာတွေ ကို ရွေးပြီးသွားရတာပါ။
ကျွန်တော်ကတော့ ဧည့်သည်တွေသွားလေ့မရှိတဲ့ လေပွေတောင်ကို တက်ဖို့ရွေးခဲ့တယ်။ သာမန် အားဖြင့် ခရီးအချိန်ကြာတာရယ်၊ အဆင်းမတ်စောက်တာကြောင့် ချော်လဲတာ ဒဏ်ရာရတာ ဖြစ် မှာ စိုးရိမ်လို့ ဒီခရီးကို စီစဉ်ပေးလေ့မရှိဘူး။ ကျွန်တော်ကတော့ ကိုယ့်တာဝန်ကိုယ်ယူနိုင်ပါ တယ် ဆိုပြီး သွားတာပါ။
လေပွေတောင်က ဒီတစ်ဝိုက်မှာတော့ အမြင့်ဆုံးပါ။ အမြင့်ဆုံးဆိုပေမယ့် ပဲခူးရိုးမပေါ်က မြင့်တယ်ဆိုတဲ့တောင်အများစုကက ပေ နှစ်ထောင်ကျော်လောက်ရှိတာပါ။ လေပွေတောင်က ပေ ၁၅၀၀ကျော်လောက်ပဲရှိတယ်။ ဒါပေမယ့် တောင်ကြောအတိုင်းသွားရတဲ့ ခရီးရှည်တယ်။ အောက် ခြေရှုပ်တယ်၊ အဆင်းမတ်တယ်။ လမ်းမှာ ရေမရှိဘူး။
ကျွန်တော့်နဲ့ အတူ ညီဝမ်းကွဲတစ်ယောက်အဖော်ပါတယ်။ တွဲပေးတဲ့လမ်းပြကြီးက ဦးတင်ထွန်း တဲ့။ ဂုံမင်းခုံရွာသား။သူက ပထမတော့ ကျွန်းစိုက်ခင်းတွေမှာအလုပ်လုပ်တယ်။ ဟိုတယ်ဖွင့်တော့ ဟိုတယ် မှာ လမ်းပြလုပ်တယ်။ ဒေသခံဆိုတော့ နယ်မြေကျွမ်းတဲ့အပြင် နောက်ခံသမိုင်းတွေ ကို လည်းပြောနိုင်ပါတယ်။
ဦးတင်ထွန်းက အသက် ၆၀ ရှိပြီ၊ ထောင်ထောင်မောင်းမောင်း၊ ဗလ ကောင်းကောင်း၊ ရုပ်ရှင် မင်းသားဇော်ခင်တို့လိုပုံမျိုး၊ ဘောင်းဘီတိုနဲ့ ခါးမှာ ဓားတစ်ချောင်းချိတ်ပြီး ကျွန်တော်တို့ကို လိုက်ပို့တယ်။ ဟိုတယ်ကနေထွက်တော့ ခုနှစ်နာရီကျော်ကျော်၊ နာရီဝက်ကျော်ကျော်လောက် ကားလမ်းအတိုင်းလေ ျှာက်ရ တယ်။ ပြီးတော့ တောင်ကြောပေါ်ကို ဖြတ်တက်တယ်။ အဲဒီအတက်ကတော့ တော်တော် မတ် တယ်။ တောင်ကြောပေါ်ရောက်သွားတော့ အတက်၊အဆင်းပြေသွားတယ်။
ကျွန်တော်တို့က တောင်ကြောပေါ်မှာရှိတဲ့ သစ်တောမီးတားလမ်းကို မှီပြီးသွားတာပါ။ တစ်ချို့ နေရာတွေမှာတော့ ဝါးကိုင်းတွေ၊ သစ်ကိုင်းတွေပိတ်နေလို့ ရှေ့ကနေ ဒါးနဲ့ရှင်းပြီးသွားရတယ်။ ကျွန်တော်တို့ တပ်မတော်သားတွေကတော့ ချီတက်တဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် ခွာပြီး လေ ျှာက်တာ အကျင့်ပါနေပေမယ့် မြို့က ဧည့်သည်တစ်ချို့ကတော့ တောထဲရောက်တာနဲ့ လူကွဲ မှာကို စိုးရိမ်ပြီး ရှေ့နောက် ကပ်လေ ျှာက်လေ့ရှိတယ်။ အဲဒါအန္တရာယ်ရှိပါတယ်။ ရှေ့ကလူ ဖယ်လိုက်တဲ့ သစ်ကိုင်း၊ ဝါးကိုင်းက ကိုယ့်မျက်နှာကို ရိုက်မိတတ်သလို ရှေ့က ဓားယမ်းပြီး ရှင်းတဲ့ အခါ အခန့်မသင့်ရင် နောက်ကလိုက်လာတဲ့လူကို ထိခိုက်မိနိုင်ပါတယ်။
တောင်ကြောပေါ်မှာတော့ ထောက်ကြံ့ပင် ၊ နှောပင် လိုအပင်ကြီးတွေရှိတယ်။ကျွန်းပင်နည်း နည်းရှိတယ်။ အပင်တွေက အရွက်တွေကြွေစပြုနေပြီဆိုတေ့ာ အရိပ်နည်းတယ်။ တော အများစုကတော့ တင်းဝါး၊ မ ျှင်ဝါးတောတွေပဲ။ တောင်ကြောပေါ်မှာ အပင်နည်းတယ်။ အရှေ့ဘက် တောင်စောင်းက တောပိုထူတယ်။
ငှက်ကတော့ ဝါးယောင်းငှက်နဲ့ သစ်တောက်ငှက်ပဲ အသံကြားရ တယ်။ မျောက်တစ်အုပ်တွေ့တယ်။ အရှေ့ဘက်တောင်စောင်းလ ျှိုထဲက တောဝက်အုပ်သံ ကြား ရတယ်။
တောင်ထိပ်ရောက်ခါနီးမှာ အတက်နှစ်ခုရှိတယ်။အဲဒါကတော့ အတော်မတ်ပါတယ်။ တစ်ချို့ နေရာမှာ ကိုင်စရာမရှိလို့ လေးဘက်ထောက်တက်ရတယ်။ ဟိုတယ်ကနေ တောင်ထိပ် အထိ နှစ်နာရီခွဲလောက်လေ ျှာက်ရတယ်။ တောင်ထိပ်ကနေ အရှေ့ဘက် အုပ်တွင်းဘက်ကို တောအုပ်ကွယ်နေလို့ မမြင်ရဘူး။ အနောက်ဘက် ဟိုတယ်ရှိ တဲ့ ဘက်ကိုတော့နည်းနည်းမြင်ရတယ်။ ရှုခင်း၊ မြင်ကွင်းမကောင်းပေ့မယ့် တောင်ထိပ်ကို အောင်မြင်စွာတက်နိုင်တယ် ဆိုတဲ့ ပီတိကတော့ အပြည့်အဝခံစားလို့ရတယ်။
ပြန်ဆင်းမယ်ဆိုတော့ မူလလမ်းအတိုင်းပြန်လို့လည်း ရတယ်။ ဒါမှမဟုတ် လ ျှိုထဲကို ဖြတ်ဆင်း လို့လည်းရတယ်။ ကျွန်တော်ကတော့ မူလလမ်းအတိုင်းပြန်ရမှာ ပျင်းလို့ လျှိုထဲက ဖြတ်ပြန် မယ်လို့ပြောလိုက်တယ်။ ဦးတင်ထွန်းက အဆင်းအရမ်းမတ်တယ်လို့ သတိပေးတယ်။ ကင် မရာ ကိုလက်က မကိုင်ခိုင်းဘူး၊ ကျောပိုးအိတ်ထဲထည့်ခိုင်းတယ်။ ဝါးတောင်ဝှေးတစ်ခု ခုတ်ပေးတယ်။
အဆင်းလမ်းက လမ်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိဘူး။ တောင်ယာခုတ်တဲ့ရွာသားတွေ၊ တော လည်တဲ့သူတွေပဲ သုံးလေ့ရှိတဲ့လမ်းပါ။ မိုးတွင်း ရေဆင်းလမ်းလေးတွေအတိုင်းလိုက်ဆင်းတာပါပဲ။ တောင်ထိပ်ကနေ တောင်ခြေ အထိ အဆင့် ခုနှစ်ဆင့်ရှိတယ်။ ပထမ နှစ်ဆင့်က အဆင်းရှည် တယ်။ လက်ရော၊ တောင်ဝှေးကော အားပြုဆင်းရတယ်။ အဆင့်လေး နဲ့ငါးကြားမှာ ၁၅ ပေ လောက် ကျောက်နံရံမှာ ခြေတစ်ဖဝါးစာပဲ ရှိတဲ့လမ်းလေးအတိုင်း ကုတ်ကပ်ပြီး သွားခဲ့ ရတယ်။
တောင်ခြေအထိ တစ်နာရီလောက်ဆင်းရတယ် ။တောင်ခြေရောက်တော့ ကျွန်းစိုက်ခင်းတွေ၊ ယာခင်းတွေကို ဖြတ်ပြီး ပြန်ရတယ်။ အဲဒီအချိန်မှာ ၁၁ နာရီကျော်ပြီဆိုတော့ နေအတော်ပူနေ ပြီ။ လူကလည်း ချွေးတွေနင့်နေပြီ။ ဘာမှ စိတ်မဝင်စားနိုင်တော့ဘူး။ ဟိုတယ်ကို မြန်မြန်ရောက်ချင် တဲ့စိတ်ပဲရှိတော့တယ်။
ဟိုတယ်ရောက်တော့ ၁၂ နာရီခွဲ၊ ဘယ်သူနဲ့မှ စကားမပြောနိုင်ဘူး။ ဟိုတယ်စားသောက်ခန်း ကို ပြေးတယ်။ ဘီယာတစ်လုံးမှာလိုက်တယ်။ အေးစိမ့်နေတဲ့ ဘီယာကို မော့ချလိုက်တယ်။
နေပူထဲက ပင်ပန်းပြီးပြန်လာတဲ့အချိန်၊ ဘီယာအေးအေးလေးကို ချွေးနဲ့မြည်းရတာလောက် ကောင်းတာဘယ်ရှိပါ့မလဲ။

တောင်ပေါ်ဈေး


ပေါက်ခေါင်း – အုတ်တွင်းလမ်းပေါ်မှာ ညောင်ဝန်း၊ ပေါ်လံကြီး၊ ရွှေတောင် ငွေတောင် ၊ ကရင်မသေ စတဲ့ ရွာတွေရှိသလို မီးသွေးဖုတ် ၊ ဝါးခုတ်နေတဲ့ တဲစုလေးတွေလည်း ရှိတယ်။ အဲဒီ လိုပဲ ကျွန်းစိုက်ခင်းစောင့်၊ လမ်းပြင်၊ ကေဘယ်လ်ကြိုးလိုင်းတူး စတဲ့လုပ်ငန်းတွေကို လုပ်ငန်းတွေကို လုပ်ကိုင်နေသူတွေရဲ့ တဲတွေရှိတယ်။ လမ်းပြင်တဲ့သူ၊ ကေဘယ်လ်ကြီုးလိုင်း တူးတဲ့သူတွေကတော့ တစ်နေရာပြီး တစ်နေရာရွှေ့နေတာပါ။
အဲဒီလိုနေထိုင်သူတွေအတွက် မနက်ခင်းဈေးကတော့ ပေါက်ခေါင်းကနေ တက်လာတဲ့ ဆိုင် ကယ်ဈေးသည်တွေပါပဲ။ မနက် ခြောက်နာရီ၊ ခုနှစ်နာရီဆိုရင် သူတို့တက်လာကြပြီ။ ခြင်း တောင်း နှစ်တောင်းထဲမှာ အသီးအနှံတွေ၊ ခြင်းတောင်းဘေးပတ်လည်မှာ ကြက်သား၊ ဝက်သား၊ ငါး နဲ့ အသီးအရွက်အထုတ်လေးတွေချိတ်လို့။ ဘုရားပန်းတွေနဲ့တက်လာတဲ့ ဘီးလည်းရှိတယ်။
ကြက်သား၊ ဝက်သား၊ အမဲသား က တစ်ထုပ် တစ်ထောင်၊ ထောင့်ငါးရာ ၊ နှစ်ထောင်၊ အ စားစား၊ ငါးက ငါး ရာ၊ ခြောက်ရာ၊ ရှစ်ရာ၊တစ်ထောင် အရွက်တွေက တစ်ထုပ် နှစ်ရာ၊ ဂေါ်ဖီထုပ်လိုမျိုးကတော့ အရွယ်ကို ကြည့်ပြီး ဈေးခေါ်တယ်။
သူတို့က ပေါက်ခေါင်းက ထွက်လာထဲက လမ်းမှာရှိတဲ့ရွာတွေ၊ တဲစုတွေမှာ ရောင်းတယ်။ ရွာတွေ၊ တဲစုတွေက ဖောက်သည်တွေဆိုရင်တော့ အကြွေးရောင်းပေးတာမျိုးလည်းရှိတယ်။ ပျံကျ တဲစု တွေကတော့ လက်ငင်းပေါ့။ တစ်ခါတစ်လေ တောင်ပေါ်က ဆင်းလာတဲ့သူတွေ လည်း ဝယ်တတ်တယ်။
သူတို့ဈေးကွက်ကလည်း မသေးဘူး။ မနက်မှာ ဆုံလိုက်တဲ့တစ်ယောက်ကို ညနေ ပြန်ဆုံတော့ အားလုံးကုန်ခဲ့ပြီ။ တစ်သိန်းကျော်ဖိုးရောင်းရတယ်၊ ဆီဖိုး၊အရင်းနှုတ်လိုက်ရင် တစ်သောင်းကျော်တော့ကျန်မှာပါတဲ့။
ဒါပေမယ့် အမြဲတမ်းအခြေအနေကောင်းနေတာတော့မဟုတ်ဘူး။ မရောင်းရတဲ့ နေ့ဆို အသားငါးတွေက ပြန်ယူလို့မရတဲ့အတွက် လျော့ဈေးနဲ့ အကြွေးပေးခဲ့ရတာလည်း ရှိတယ်။
ပျံကျလုပ်သားတွေ လုပ်ခရှင်းတဲ့ရက်၊ မြို့ကပွဲစားတွေ တောင်ပေါ်တက်ပြီး ပစ္စည်းဝယ်တဲ့ရက်တွေဆိုရင် ရောင်းကောင်းတာပေါ့။
သူတို့လည်း ဈေးကွက်သတင်းနားထောင်ပြီးမှ တောင်ပေါ်တက်ရတာပဲ။ ဈေးဆိုင်ကယ်တွေများတော့ ဖောက်သည်မြဲအောင် မားကက်တင်းလည်း ဆင်းရတယ်၊ အရည်အသွေးလည်းထိန်းရတယ်၊ အကြွေးလည်းပေးနိုင်ရသတဲ့။

မင်းလှ (၃)


ဒီဟိန္ဒူဘုရားကျောင်းကလည်း ရုံးလမ်းပေါ်မှာပဲရှိတယ်။ မြို့ထဲကလာရင် တိုင်ရာကျော် ဗလီ၊ ပြီးရင် ဟိန္ဒူဘုရားကျောင်း၊ နောက်ဆုံးမှာ မဟာသတိပဋ္ဌာန်ကျောင်းတိုက် ၊ အဲဒီ လို အစဉ်အတိုင်းရှိနေတာပါ။
ဘုရား ကျောင်းကလည်း နှစ်တစ်ရာကျော်သက်တမ်းရှိတယ်ဆိုတော့ ဘုရားတိုက်ရယ်၊ ဗလီရယ်၊ ဟိန္ဒူဘုရားကျောင်းရယ်က ခေတ်ပြိုင်တွေလို့ပြောရမှာပဲ။ ဟိန္ဒူဘုရားကျောင်းကတော့ ဒကာ တစ်ဦးတည်းတည်တာမဟုတ်ဘူး။ အဲဒီခေတ်က ချစ်တီးကုလားတွေ စုပေါင်းတည်ထားတာ လို့ ဆိုတယ်။ ကျွန်တော်ရောက်သွားတဲ့အချိန်မှာ ရန်ကုန်က ဘုရားဖူးတွေရောက်နေတယ်။
ဘုရားကျောင်းမှာ တွေ့ရတဲ့အရုပ်အများစုကတော့ ဟိန္ဒူဘုရားကျောင်းတွေမှာ တွေ့ရလေ့ ရှိတဲ့ ရုပ်တုတွေပါပဲ။ ဗိသုကာလက်ရာအားဖြင့်တော့ ထူးထူးခြားခြားမရှိဘူး။ ဒါပေမယ့် ကိုးကွယ်တဲ့ နတ်ဘုရားကတော့ ကျွန်တော်တွေ့ခဲ့ဖူးတဲ့ သ ျှီ၀ ၊ မဟာပိန္နဲ ဘုရားကျောင်းတွေလိုမဟုတ်ဘူး။
သ ျှီ၀ ရဲ့ သားအငယ်ကို ကိုးကွယ်တာလို့ပြောတယ်။ နာမည်ရွတ်ပြတယ်။ ဒါပေမယ့် သူတို့ ပြော တဲ့ နာမည်ကို မကြားဖူးဘူး။နားမလည်ဘူး။ မှားမှာ စိုးရိမ်လို့ ရေးမပြတော့ဘူး။ သိတဲ့သူတွေရှိရင် တော့ ကွန်မန့်မှာရေးပေးစေချင်တယ်။
ဘုရားကျောင်းရဲ့ အဓိက အဆောက်အဦတစ်ခုပဲ ရှေးထဲက ဆောက်ခဲ့တာလို့ ဆိုတယ်။ ကျောင်းထဲမှာ ရှေးလက်ရာ သစ်သားတံခါးကြီးရှိသေးတယ်။ ဘေးက အဆောက်အဦတွေက နောက်ပိုင်းမှာ ဆောက်တာတဲ့။ ဟိန္ဒူဘုန်းကြီးကလည်း အသက်ငယ် ငယ် ပဲ ရှိသေးတယ်။ ရန်ကုန်ကနေ ဒီမှာလာပြီး တာဝန်ယူတာဆိုတော့ ဘုရားကျောင်းသမိုင်းကို ရေရေ ရာရာမပြောနိုင်ဘူး။ ဒေသခံ သက်ကြီးရွယ်အိုတွေဆိုရင်တော့ ပိုပြောနိုင်မယ်ထင်တယ်။
ဘုရားကျောင်းထဲမှာ ဘုရားလူကြီးအဖြစ် ၇၇ နှစ်လုပ်ခဲ့ပြီး ၂၀၀၂ ခုနှစ်မှာ ကွယ်လွန်သွားတဲ့ ဦးပုလဲရဲ့ ရုပ်တုရှိတယ်။ အခုတော့ ကြေးရုပ်တု လုပ်ဖို့ စီစဉ်နေတယ်လို့ဆိုတယ်။
ဒီဟိန္ဒူဘုရားကျောင်းမှာ ကိုးကွယ်တဲ့ နတ်ဘုရားရဲ့ ကိုယ်စားပြုအရုပ်က ဒေါင်း ။ ဒါကြောင့် နတ်ဘုရား ရုပ်တုရှေ့မှာ ဒေါင်းရုပ်လေးရှိတယ်။ အဲဒါကို ပန်းဆက်ထားတာ ၊ မီးပူဇော် ထားတာတွေ့တယ်။ ဘုရားပွဲလှည့်ရင် သုံးတဲ့ ကြေးဆီမီးတိုင်တွေမှာလည်း ဒေါင်းရုပ်တွေနဲ့ အလှဆင်ထား တယ်။ ဘုရားကျောင်းအမိုးပေါ်မှာလည်း ဒေါင်းရုပ်တွေ ထုလုပ်ထားတယ်။ သ ျှီဝရဲ့ သားအငယ်ကို ကိုးကွယ်တဲ့ ဟိန္ဒူဘုရားကျောင်းတိုင်းမှာ ကျောင်းအဝင်၊ ကျောင်းအမိုး နဲ့ ကျောင်းထဲမှာ ဒေါင်းရုပ်နဲ့အလှဆင်တယ် လို့ရှင်းပြတယ်။
ဒီဘုရားကျောင်းရဲ့ ဘုရားပွဲကို သီတင်းကျွတ်လမှာ ကျင်းပတယ်။ မီးနင်းပွဲကိုတော့ ကဆုန်လ မှာ လုပ်တယ်။ ဒေသခံ ဗုဒ္ဓဘာဘာသာဝင်တွေလည်း မီးနင်းပွဲမှာ ပါဝင်ဆင်နွဲလေ့ရှိတယ်၊ မီးနင်းမယ် ဆိုရင်တော့ အနည်းဆုံး တစ်ပတ်လောက်ကြိုပြီး ဟိန္ဒူဘာသာဓလေ့ထုံးစံတွေနဲ့ အညီ ဥပုသ် စောင့်ရတယ်။
မင်းလှမြို့မှာ လေးနာရီလောက်ပဲ နေခဲ့ရတော့ ကျွန်တော်မ ျှဝေတာတွေက စုတ်ချက်ကြမ်းကြမ်း နဲ့ ရေးချယ်ပြတဲ့အဆင့်ပါပဲ။ သို့သော် ဘာပဲဖြစ်ဖြစ် ဒေသန္တရဗဟုသုတရှာဖွေလိုသူတွေအတွက့် မင်းလှမြို့လေးကို သွားရောက်လည်ပတ်နိုင်ဖို့ အထောက်အကူဖြစ်မယ်လို့တော့ ယုံကြည်ပါ တယ်။

ဗိုလ်အောင်မင်းကွေ့


ပေါက်ခေါင်း – အုတ်တွင်းလမ်း မိုင်တိုင် ၄၉ / ၂ မှာ ဗိုလ်အောင်မင်းကွေ့ လို့ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခုရှိတယ်။
ပဲခူးရိုးမ၊ ပေါက်ခေါင်းမြို့နယ်ထဲမှာ ဗကပ တွေလှုပ်ရှားနေတဲ့အချိန်က အုတ်တွင်းဘက်ကနေ ချီတက်လာတဲ့ ခလရ (၅၃) က ဗိုလ်အောင်မင်း ဦးစီးတဲ့ တပ်စုကို ဗကပတွေက ချုံခိုတိုက်ခဲ့တဲ့နေ ရာ ကို အမှတ်အသားလုပ်ထားတာပါ။
အဲဒီအချိန်ကလမ်းကအခုလိုမကျယ်သေးဘူး။ တောင်ကြောနဲ့ ချောက်ကမ်းပါးကြားမှာ ကျဉ်းကျဉ်း လေးပဲ။ဗိုလ်အောင်မင်းတပ်စုကကားလမ်းအတိုင်း လာနေတဲ့အချိန်ဗကပတပ်ဖွဲ့က ကလမ်းဘယ် ဘက်တောင်ကြောပေါ်နဲ့ လမ်းညာဘက် ချောက်ကမ်းပါးထိပ် ကနေ ညှပ်ပြီးတိုက်တယ်။ အမှန် ကတော့ တပ်စုတစ်စုလုံးကို သတ်ကွင်းထဲသွင်းပြီး အပိုင် တိုက် တာ။ ဒီလိုတိုက်ပွဲမျိုးကို စိန်ကန့် လန့် ဘက်မှာ တိုက်ခဲ့ဖူးတယ်၊ တပ်မတော်ဘက်က အတော်များ များကျဆုံးပြီး လက်နက် တွေ လည်း ပါကုန်တယ်လို့ ဆိုတယ်။ အခုလည်း ဗိုလ်အောင်မင်း တပ်စုကို အပိုင်တိုက်တာပဲ။ ဒီနေရာ က တပ်မတော်စခန်းရှိတဲ့ ပေါ်လံကြီးရွာကို ရောက်ဖို့ နှစ်မိုင်လောက်ပဲလိုတော့တာဆိုတော့ စခန်း ရောက်တော့မယ်ဆိုပြီး ရဲဘော်တွေ ပေါ့ပေါ့လျော့လျော့ဖြစ်လာတတ်တဲ့ အခြေအနေကို အခွင့်ကောင်းယူတာလည်း ပါတယ်။ ပေါ်လံကြီးစခန်းက ပေါ်လံကြီးတံတားနား က တောင်ကုန်း ပေါ်မှာရှိတယ်။ အခုတော့ ဆောက်လုပ်ရေး လမ်းစခန်းဖြစ်နေပြီ။
ဒီတိုက်ပွဲမှာတော့ ရှေ့ကတက်လာတဲ့ ရဲဘော်ငါးယောက်ကျတယ်။ ဒါပေမယ့် ဗိုလ်အောင်မင်း နဲ့ အဖွဲ့ ဘယ်ဘက်တောင်ကုန်းပေါ်အတင်းတက်တိုက်တဲ့အတွက် ဗကပတွေ တပ်လန်ပြီး ဆုတ် ပြေး ရတယ်။ ဗကပ ဘက်က အလောင်းလေးလောင်းကျန်ခဲ့တယ်။ နောက်ထပ်ကျတဲ့သူတွေလည်း ရှိ တယ်။ ဒါပေမယ့် အလောင်းတွေ ယူပြီး ဆုတ်ပြေးသွားလို့ အလောင်းမကျန်ခဲ့ဘူး။ ဗကပ အတွက် အထိ နာ တာက အဲဒီဒေသမှာ တိုက်ရည်ခိုက်ရည်ကောင်းတယ်ဆိုပြီး နာမည်ကြီးတဲ့ ချီးဗူး ကြီး ( ကတုံးကြီးနဲ့ ဖြစ်လို့ အဲဒီခေတ်က နာမည်ကြီး လူကြမ်းမင်းသား ချီးဗူးနာမည်ပေးထားတာ) ကျ သွားတာပဲ။ ချီးဗူးကြီးက အဲဒီတိုက်ပွဲမှာ ဘရင်းဂန်း ကိုင်ပြီး တိုက်တာ။ အဲဒီခေတ်က ဘရင်းဂန်း ဆို တာအခုခေတ်စက်လတ်လိုပဲပစ်အားအကောင်းဆုံး၊ဗကပ အတွက် အားအကိုးရဆုံးလက်နက် ပေါ့။ ချီးဗူးကြီးကို ဗိုလ်အောင်မင်းကိုယ်တိုင်ပစ်တာလို့လည်း ဆိုတယ်။
ပေါက်ခေါင်းတစ်ဝိုက်မှာတော့ ဗိုလ်အောင်မင်း ကွေ့တိုက်ပွဲက အခုအချိန်ထိ ပြောစမှတ်တွင်နေ တုန်းပဲ။ အခု အသက်ခြောက်ဆယ်တန်းတွေ အဲဒီအချိန်က ကလေးအရွယ်တွေ အစသိတယ်။ ကျွန်တော့် ကို ဒီတိုက်ပွဲအကြောင်းပြောပြတာက အသက် ၈၃ နှစ်အရွယ် ဂုံမင်းခုံ ရွာသားအဘ ဦးငွေထွန်း။ သူက ဗကပတွေအကြောင်းအတော်သိတယ်။ သူတောင် ဗကပ လုပ်ခဲ့သေးလား မသိ ဘူး။ မေးရင်တော့ မလုပ်ဘူးလို့ ပြောတာပဲ။
အဲဒီဒေသက လူတွေကတော့ ဗိုလ်အောင်မင်းဆိုတာ သမ္မတရုံးဝန်ကြီးဟောင်း ဦးအောင်မင်း လို့ ပြောကြတယ်။ ဟုတ်မဟုတ် တော့ ဦးအောင်မင်းနဲ့ တွေ့မှ မေးကြည့်ရမှာပဲ။

မင်းလှ (၂

)

မင်းလှ ရောက်တော့ ရုံးလမ်းအတိုင်း မဟာသတိပဋ္ဌာန် ကျောင်းကို သွားတဲ့အခါ လမ်းဘယ် ဘက်မှာ ဗလီတစ်ခုတွေ့တယ်။ မြင်မြင်ချင်းသတိထားမိတာက ဗလီမျက်နှာစာက ပန်းတော့ လက် ရာတွေက ကျွန်တော်မြင်ဖူးတဲ့ ဗလီတွေနဲ့မတူတဲ့အချက်ပဲ။

အခုတွေ့ရတဲ့ ဗလီရဲ့ သက်တမ်းကလည်း နှစ်တစ်ရာကျော်ပြီ၊ ဒီဗလီမဆောက်ခင်က သစ်သား ဗလီလေးရှိခဲ့တယ်လို့ဆိုတယ်။ ဗလီဆောက်တဲ့နှစ်ကို တိတိကျကျ မပြောနိုင်ဘူး။ ခုနှစ်နဲ့ပတ်သက်ပြီး အစောဆုံး တွေ့တဲ့အထောက်အထားကတော့ ဗလီဘေး အဆောင်ခေါင်ထိပ်မှာ လခြမ်းပုံနဲ့ ၁၉ ၂၄ လိုပုံဖော်ထားတဲ့ သွပ်ပြားလေးပဲ။ ဒီတော့ နှစ်တရာ မကျော် ရင်တောင် နှစ်ကိုးဆယ်တော့ ကျော်ပြီပေါ့။ ဗလီရဲ့ အမည်က တိုင်ရာကျော် ကျူလီယာ ဂျာမေဗလီဖြစ်ပါတယ်။ တိုင်ပေါင်းတစ်ရာကျော်ရှိလို့ တိုင်ရာကျော်လို့ခေါ်တာပါ။

ဒီဗလီကို တစ်ဦးတည်းလှုဒါန်းခဲ့တဲ့ ပုဂ္ဂိုလ်က ဦးဖဲ၊ အဲဒီခေတ်က စပါးကုန်သည်၊ မြေပိုင်ရှင် ပေါ့။ သူ့မိဘတွေက အိန္ဒိယကနေ ရွှေ့ပြောင်း အခြေချလာတဲ့ တမီလ်နားဒူးပြည်နယ်က တမီလ်လူမျိုး မူဆလင်တွေ။ ဦးဖဲကတော့ မြန်မာနိုင်ငံမှာမွေးတာ။ ကျူလယာဆိုတာက အဲဒီတမီလ် မူဆလင်တွေကို ခေါ်တာလို့ပြောတယ်။

ဦးဖဲ ရဲ့ ဇနီးက ဒေါ်စိန်ကျော့တဲ့။ ဗုဒ္ဓဘာသာ ဗမာလူမျိုးစစ်စစ်၊ သူတို့ ဇနီးမောင်နှံက ကိုယ် ယုံကြည်ရာဘာသာကို ကိုးကွယ်တယ်။ ပြဿနာမရှိဘူး။ ဦးဖဲက ဗလီလှုသလို ဒေါ်စိန် ကျော့ ကလည်း သူဇာတိဖြစ်တဲ့ စိန်ကန့်လန့်ဘက်က ညောင်သုံးပင်ရွာမှာ တိုက်ကျောင်းကြီး ဆောက် လှုထားတာရှိတယ်။ အိမ်မှာ မီးဖိုက ကုလားဖို နဲ့ ဗမာဖိုဆိုပြီးရှိတယ်။ ဧည့်သည်တွေလာရင် ကြိုက်တာရွေးစားလို့ရတယ်။ သူတို့မှာ မောင်ပု ဆိုတဲ့ သားတစ်ယောက်ရှိတယ်။ သားက အရင် ကွယ်လွန်သွားတော့ သူတို့မျိုးဆက်တွေမကျန်တော့ဘူး။ ဦးဖဲတို့ကွယ်လွန်တာနဲ့ပတ်သက်လို့ ကတော့ ဒုတိယကမ္ဘာစစ်မဖြစ်ခင်မှာ ကွယ်လွန်သလိုလို၊ စစ်အတွင်းမှာ ကွယ်လွန်သလိုလို မရေ မရာဘဲ။

ဗလီကို အိန္ဒိယကလာတဲ့ ပန်းရန်ဆရာတွေနဲ့ဆောက်တာ၊ ဒါ့ကြောင့် မျက်နှာစာမှာ အိန္ဒိယ လက်ရာဟန်တွေ တွေ့ရတာလို့ဆိုတယ်။ ဒီအတိုင်းဆိုရင် မဟာသတိပဋ္ဌာန်ကျောင်းဝင်းထဲ က ဘုရားတိုက်ရဲ့လက်ရာတွေကလည်း ကုလားပန်းရန်ဆရာနဲ့ ဆောက်ခဲ့တာဆိုတော့ ဥရောပ ဟန် မဟုတ်ဘဲ၊ အိန္ဒိယမှာရှိတဲ့ ကိုလိုနီခေတ် လက်ရာ အငွေ့အသက်တွေလို့ပြောရမယ်ထင်တယ်။

ဗလီအတွင်းပိုင်းကတော့ ရိုးရိုးရှင်းရှင်းပါပဲ။ ထူးခြားတာကတော့ ဝတ်မပြုခင် ကိုယ်လက် သန့်စင် ဖို့အတွက်လုပ်ထားတဲ့ ရေကန်ပါ။ အခြားဗလီတွေမှာ ကိုယ်လက်သန့်စင်ဖို့ ရေတိုင်တွေပဲ လုပ် ထားလေ့ရှိပေမယ့် ဒီဗလီမှာတော့ ရေကန်နဲ့လုပ်ထားတယ်။

ဦးဖဲ ဆောက်ခဲ့တဲ့ ရေပေးစနစ်ကလည်း အတော်စနစ်ကျတယ်။ ဗလီနောက်မှာ မိုးရေခံ ကန်ကြီး ရှိ တယ်။ တစ်နှစ်ပတ်လုံးရေရှိတယ်။ အဲဒီရေကန်ကနေ အကန့်ခြောက်ကန့်ပါတဲ့ရေစစ်ကန် ကို ဖြတ်ပြီး ပိုက်နဲ့ ဗလီထဲကို ပို့တယ်။ ဗလီထဲမှာ နောက်ထပ် ကန်ကြီးတစ်ကန်ရှိတယ်။ အဲဒီ ကန် ကတော့ အုတ်စီဒေါက်တိုင်တွေနဲ့ စနစ်တကျ ဆောက်ထားတယ်။ အဲဒီကန်ထဲက ရေကို စက်သီး နဲ့ ဆွဲတင်ပြီး အုတ်ကန်လေးထဲကိုလောင်းထည့်လိုက်ရင် အဲဒီကနေ ပိုက်နဲ့ ကန်ထဲကို ရောက် တယ်။ စက်သီးဆွဲတဲ့ စင်ရဲ့ မျက်နှာကြက်က စက်သီးချိတ်တွေအခုထိ ရှိသေးတယ်။

အခုတော့ ရေတွင်းကရေကို မော်တာနဲ့တင်ပြီးပေးတာဆိုတော့ အဲဒီရေကန်ကြီးတွေက ရိုးရိုး ရေ ကန်ဖြစ်နေပြီ။ ဘယ်သူမှ မသုံးတော့ဘူး။ ဟိုတစ်ချိန်ကတော့ ရေစစ်ကန်က ထွက်တဲ့ရေကန် မြို့ ထဲကလည်း လာသုံးကြတယ်လို့ဆိုတယ်။

ဗလီဝင်းကလည်း ရေကန်နှစ်ခုအပါအဝင် လေးဧကကျော်ငါးဧက နီးပါးရှိတယ်။ ဗလီအဆောက် အဦးရဲ့ဘေးနဲ့နောက်မှာ ရာမာဒမ်ဥပုသ်ကာလမှာ သူတို့ ထုံးစံအရ စားသောက်ဖို့ ၊ ချက်ပြုတ် ဖို့ နေရာတွေလုပ်ထားတယ်။ အဲဒီနေရာတွေက သက်တမ်းကြာလာလို့ အတော်ယိုယွင်းနေပြီ။

၂၀၁၃ ခုနှစ်က ဒီဗလီရဲ့မျက်နှာကြက်၊ ကြမ်းခင်းနဲ့ အတွင်းပိုင်းနေရာအချို့ ဖျက်ဆီးခံခဲ့ရတယ်။ အခုတော့ အဲဒါတွေအားလုံးပြန်ပြင်ပြီးနေပါပြီ။ ဒါပေမယ့် အခုနောက်ပိုင်း ဗလီအတွင်းဘက် မှာ ပြုပြင်မွမ်းမံဖို့လိုနေတဲ့ နေရာတွေကို ပြုပြင်ခွင့်တောင်းထားတာ ခွင့်ပြုချက်မရသေးဘူး၊ အဆင့်ဆင့်တင်ပြထားတာကို စောင့်နေရတယ် လို့ သိရတယ်။ ကျွန်တော်စကားပြောခွင့်ရခဲ့တဲ့ ပုဂ္ဂိုလ်တွေကတော့ ၂၀၁၃ အဖြစ်အပျက်ကို ကံ မကောင်းအကြောင်းမလှလို့ ဖြစ်ခဲ့ရတဲ့ ဝမ်းနည်းစရာ ကိစ္စ၊ ဦးဖဲ တို့ခေတ်ထဲက ပြဿနာမရှိဘဲ အတူနေခဲ့တဲ့ အတွက် အခုရော၊ နောင်ရော အေးအေးချမ်းချမ်း အတူတူနေနိုင်မှာပါလို့ ယုံကြည်နေဆဲပါ။

ဗလီဘေးမှာ ဝေဠုဝန်စာသင်တိုက်ကို သွားတဲ့လမ်းရှိတယ်။ အဲဒီလမ်းတစ်ဖက်မှာ ရဲစခန်းရှိတယ်။ ဝေဠုဝန်စာသင်တိုက်က ဗလီရေကန်ကြီးနဲ့ ကပ်နေတာပဲ။ အဲဒီ စာသင်တိုက် မှာလည်း ဒေါ်စိန်ကျော့ လှုဒါန်းထားတာတွေရှိတယ်လို့ ပြောတယ်။ အထောက်အထားတော့ မတွေ့ခဲ့ရဘူး။ ဒါပေမယ့် သူ့ဇာတိရွာမှာတောင် ကျောင်းပြန်ဆောက်လှုတယ်ဆိုတော့ မင်းလှ မြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာလည်း လှုဒါန်းမှာသေချာပါတယ်။

ဘာပဲဖြစ်ဖြစ် ဦးဖဲ နဲ့ ဒေါ်စိန်ကျော့ဟာ မင်းလှမြို့က စိတ်ဝင်စားစရာ ဖြစ်ရပ်မှန် ဇာတ်လမ်းတစ်ပုဒ်ပါပဲ။