ရန်ကုန်မြို့ထဲ သွားလာရင်း အမှတ်မထင်တွေ့လို့ ရိုက်ခဲ့တဲ့ ဓာတ်ပုံလေးပါ။ ရယ်စရာ ပြုံးစရာ လို့ ဆိုနိုင်ပေမဲ့ သေသေချာချာ တွေးကြည့်ရင် အရာရာတိုင်းကို ကိုယ့်အားကိုယ်ကိုး ကိုယ်တိုင် နည်းလမ်းရှာ ဖြေရှင်းနေရတဲ့ လူထုရဲ့ ဘဝကို မြင်နိုင်ပါတယ်။  ဘယ်အစိုးရမှ လူထုရဲ့ ပြဿနာအားလုံးကို မဖြေရှင်းပေးနိုင်ပါဘူး။ ဒါပေမဲ့ လူထု ခံစားနေရ တာ တွေကို စာနာ နားလည်မှု၊ လူထုအသံနားထောင်မှု၊ လူထုအတွက် ဘယ်အရာ တွေ အရေးကြီးဆုံး လဲ ဆိုတာ စဥ်းစားဆုံးဖြတ် ရွေးချယ်ပေးနိုင်မှုတွေမှာတော့ ကွာခြားကြပါတယ်။ 

ဆန်ဈေး

တိုက်တိုက်ဆိုင်ဆိုင် လွန်ခဲ့တဲ့ ငါးနှစ် ၂၂ ဩဂုတ် ၂၀၁၈ ရက်နေ့ NLD  အစိုးရ ကာလ ဆန်အချော တစ်အိတ် ခြောက်ထောင်ဈေးတက်ပြီး  ငါးသောင်းနှစ်ထောင်  ဖြစ်သွားလို့ အခုလို ဝေဖန်ခဲ့ဖူးတယ်။ “မက်ခရိုညွှန်းကိန်းတွေ၊ ဂျီဒီပီတွေ ဘာတွေ ညာတွေ အသာထား အစာအိမ် အညွှန်းကိန်းကတော့ အခြေအနေမကောင်းဘူး။ ဆန်ချောမစားနဲ့  ငစိန်စားလို့တော့ လမ်းမညွှန်နဲ့ပေါ့။ ငစိန်လည်း ငစိန် အလျှောက်တက်နေတာပဲ။ အခုရော   ဘယ်လိုပြောရမလဲ။

တစ်ခါက မှတ်မှတ်ရရ

ဇင်ဘာဘွေနိုင်ငံကို ၁၉၈၇ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိ အာဏာရှင်ဆန်ဆန် အုပ်ချုပ်ခဲ့တဲ့ သမ္မတ ရောဘတ်မူဂါဘီ လက်ထက်မှာ ၂၀၀၈ ခုနှစ်နောက်ပိုင်း စီးပွားရေးအကျပ်အတည်းနဲ့ ကြုံပြီး အစိုးရဘတ်ဂျက်မှာလည်း ငွေ မရှိ ဖြစ်လာတယ်။ မူဂါဘီက အဲဒီအခြေအနေကို ငွေစက္ကူအသစ် တွေ ရိုက်ထုတ်တဲ့နည်းနဲ့ ကုစားဖို့ကြိုးစားတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းက မအောင်မြင်ဘဲ ငွေ ကြေးဖောင်းပွမှုမြင့်မား၊ ဇင်ဘာဘွေငွေကြေးတန်ဖိုး စံချိန်တင်လောက်အောင် ကျဆင်း လာတာ ပဲ အဖတ်တင်တယ်။ အဲဒီအခြေအနေနဲ့ပတ်သက်ပြီး  ၂၀၁၆ ခုနှစ် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ရိုက်တာ သတင်းဌာနက “ As Zimbabwe’s money runs out, so does Mugabe’s power” ( ဇင်ဘာ ဘွေ( အစိုးရ)Continue reading “တစ်ခါက မှတ်မှတ်ရရ”

ပန်းဆိုးတန်း ပင်စင် ( မြို့ပြ၊ သက်ပြည့်) ထုတ်၊ ဆင်ခေါင်းပဲ နဲ့ စမူဆာသုပ်စား၊ စာအုပ်အဟောင်းတန်း မွှေ နှောက် ဝယ်ယူ၊ Book Tree ဆိုင်မှာ ခဏနား၊ ဆိုင်ကတိုက်တဲ့ လက်ဖက်ရည်သောက်၊ စာအုပ်အသစ် ဝယ်။ စာအုပ် နဲ့ ဥစ္စာက ကက်ကင်း ကျ တဲ့ အတွက် စာအုပ် များများ ဝယ်ရင် အိပ်ကပ်ပိန်သွားကြောင်း ရှာဖွေတွေ့ရှိ။

လွန်ခဲ့တဲ့ ခုနစ်တိတိ ၂၀၁၆ ခုနှစ် မတ်လ ၁၅ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်က နိုင်ငံတော် သမ္မတ အဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသူ ဦးထင်ကျော် ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း နဲ့ နိုင်ငံတော်အကြီးအကဲတာဝန်လွှဲပြောင်းရေးအတွက် ပြင်ဆင်ထားပြီး ဖြစ် ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ ဒါ့အပြင် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်က သမ္မတသစ်ရွေးချယ်ခြင်း မပြုမီ သမ္မတဦးသိန်းစိန်က ပထမအကြိမ် ပြည်ထောင်စု လွှတ် တော် ၂၀၁၆ ခုနှစ် ဇန်နဝါရီ လ ၂၈ ရက်နေ့အစည်းအဝေး မှာ နှုတ်ဆက်မိန့်ခွန်းပြောခဲ့ပါတယ်၊ အဲဒီမိန့်ခွန်းထဲမှာ သူ့အစိုးရရဲ့ ငါးနှစ်သက်တမ်းအတွင်း လုပ်ဆောင် ချက် များ ကို ပြန်လည်သုံးသပ်ပြခဲ့သလို ဒီမိုကရေစီစနစ်မှာ ကြုံတွေ့ရမယ့် ရွေးကောက်ပွဲ အခြေ အနေContinue reading

လွန်ခဲ့တဲ့ ခုနစ် တိတိ ၂၀၁၆ ခုနှစ် မတ်လ ၁၀ ရက်နေ့မှာ ပြောခဲ့တဲ့ အင်န်အယ်လ်ဒီ အစိုးရ သစ်အပေါ် သဘောထား ။ ဒီမိုကရေစီကို ယုံကြည်တယ်ဆိုရင် ငြိမ်းချမ်းစွာ တာဝန်လွှဲပြောင်းရေးကို လက်ခံ နိုင်ရပါမယ်။ အခုညနေ ရုပ်သံမီဒီယာတစ်ခု ရုံးခန်းကို ရောက်လာပြီး နောက်ဖြစ်လာမယ့် သမ္မတအသစ်ကို ဘယ်လို သဘောထားလဲ လို့ ကျွန်တော့်ကိုမေးပါတယ်။အဲဒီမေးခွန်းအပေါ် အခုလို ဖြေကြားခဲ့ပါတယ်။ ၁။ ပြည်ထောင်စုလွှတ်တော်က အခြေခံဥပဒေနဲ့ အညီ ရွေးချယ်တင်မြှောက်တဲ့ သမ္မတ သစ်ဟာ နိုင်ငံတော်အကြီးအကဲသစ်ဖြစ်ပါတယ်။ ဒါ့ကြောင့် ဝန်ကြီးတစ်ဦးအနေနဲ့ သမ္မတသစ်ဦးဆောင်တဲ့အစိုးရအဖွဲ့သစ်ကို ချောချောမွေ့မွေ့ တာဝန်လွှဲပေးဖို့အတွက် ဆောင်ရွက်ပါ့မယ်။ ၂။ ဧပြီ ၁ ရက်နေ့ သာမန်ပြည်သူတစ်ဦးဖြစ်သွားချိန်မှာတော့ သမ္မတကို ကိုယ့်နိုင်ငံရဲ့ နိုင်ငံ အကြီးအကဲအဖြစ်Continue reading

လွန်ခဲ့တဲ့ တစ်နှစ် က ရုရှားရဲ့ ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်မှု ပတ်သက်ပြီး ဆင်တစ်ကောင်နဲ့ အခန်းကျဉ်းလေးတစ်ခုထဲမှာ အတူနေနေရသလို ဆင့်မျက်နှာကြည့်နေရတဲ့၊ ဆင် နည်းနည်းလှုပ်တာနဲ့ ဘက်စုံ ပြဿနာတက်နေတဲ့ တရုတ် – မြန်မာ ဆက်ဆံရေးကို မေ့ မနေကြနဲ့ဦး။ လို့ ရေးတော့ ရုရှားကြီးမှန်တယ်၊ ရုရှားစစ်တပ်ကြီးက ဘယ်လို တိုက်တော့မယ်၊ ပူတင်က မဟာ ခေါင်းဆောင်ကြီး၊ ယူကရိန်း သမ္မတ က လူရွှင်တော်ပဲ၊ ဘာမှမတတ်ဘူး၊ ရက်ပိုင်းအတွင်း ပြေးရ တော့မှာ စသည်ဖြင့် မှတ်ချက်ရေး တုန့်ပြန်တဲ့သူတွေ မနည်းဘူး။ ယူကရိန်းသမ္မတ ဇာလန်းစကီးက လူရွှင်တော်လုပ်ခဲ့တဲ့သူလို့ ပြောတဲ့သူတွေဟာ ဇာလန်းစကီး ဟာ လူရွှင်တော်ဆိုပေမယ့် ယူကရိန်းပြည်သူအများစုက ရွေးချယ်ထားတဲ့သမ္မတ ၊ နိုင်ငံတကာ အသိ အမှတ်ပြုContinue reading

“ခရီးနိုင်ငံရေး” ( နေဝင်းမြင့်၊ ဥဒယကျေးရွာစာပေ၊ ၂၀၁၃ နိုဝင်ဘာ)စာအုပ် မှာ ဆရာနေဝင်းမြင့် က ဆရာမြသန်းတင့်ရဲ့ ခရီးသွားခြင်း နဲ့ ပတ်သက်တဲ့ အယူအဆကို အခုလို ရေးပြခဲ့တယ်- “ နိုင်ငံရေးအစစ်ဟာ ခရီးတွေသွားမှ မြင်ရတယ်၊ ကြားရတယ်၊ ခရီးသွားရင်း တွေ့ရ ကြုံရသူတွေ ကို ကြည့်ရင် သူတို့မှာ ဘယ်လို ဖုံးကွယ်ထားမှုမှ မပါဘူး။ ဘယ်လို ပယောဂမှမပါဘူး။ သည်လို မပါတဲ့ အတွက် သူတို့ဆီက အမှန်တရားကို ရှင်းရှင်းလင်းလင်းရနိုင်တယ်။ xxx ခရီးတွေ သွား ရမယ်၊ ခရီးတွေသွားမှ ဖြစ်ပျက်နေတာကို သိမှာပေါ့။ ဒါနိုင်ငံရေးပဲ။” ဝန်ထမ်းဘဝနဲ့ နိုင်ငံရေးရာထူးတာဝန်ထမ်းဆောင်စဉ်ကာလမှာ ဘယ်လောက်ပဲ အောက်ခြေ အထိ ဆင်းတယ်ပြောပြော၊ လွတ်လွတ်လပ်လပ်သွားတယ်ဆိုဆို လက်ရှိ ရာထူးContinue reading

ဘန်ဒေါင်းညီလာခံ နဲ့မြန်မာနိုင်ငံ

၁၉ ၅၅ ခုနှစ် ဧပြီလ ၁၈ ရက်ကနေ ၂၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဘန်ဒေါင်းမြို့ မှာ ကျင်းပခဲ့တဲ့ ဘက်မလိုက်နိုင်ငံများလှုပ်ရှားမှုရဲ့ အစ အာရှ- အာဖရိကထိပ်သီး ညီလာခံ ( နောင်မှာ ဘန်ဒေါင်း ညီလာခံလို့ လူသိများတဲ့ညီလာခံ) ကို ကမကထပြုစီစဉ်တဲ့ ငါးနိုင်ငံမှာ မြန်မာနိုင်ငံပါဝင်ခဲ့ပါတယ်။ ဘန်ဒေါင်း နှစ်ခြောက်ဆယ်ပြည့် အခမ်း အနား ကို ၂၀၁၅ ခုနှစ် ဧပြီ ၂၄ ရက် ဘန်ဒေါင်း မြို့မှာ ကျင်းပတော့ ၁၉ ၅၅ ခုနှစ်က မြန်မာနိုင်ငံ ဝန်ကြီးချုပ် ဦးနု ခေါင်းဆောင်တဲ့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ လှုပ်ရှားမှု မှတ်တမ်း ဓာတ်ပုံများကို ခင်းကျင်းပြသခဲ့သလို ဘန်ဒေါင်းမြို့ လမ်းမတွေ မှာContinue reading “ဘန်ဒေါင်းညီလာခံ နဲ့မြန်မာနိုင်ငံ”