နိုင်ငံတကာရာဇဝတ်မှုတရားရုံး ( International Criminal Court -ICC) နိုင်ငံတကာရာဇဝတ်မှုတရားရုံး (ICC) ဆိုတာက ၁၉ ၉ ၀ ပြည့်လွန်နှစ်မျ ယူဂိုဆလပ်ဗီးယားနိုင်ငံနဲ့ ရဝမ်ဒါနိုင်ငံတွေမှာ ဖြစ်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေ၊ လူမျိုးတုံးသတ် ဖြတ်မှုတွေကို အကြောင်းပြုပြီး ပေါ်ပေါက်လာတာပါ။ ယူဂိုဆလပ်ဗီးယားနိုင်ငံ နဲ့ ရဝမ်ဒါ နိုင်ငံတွေမှာ ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေနဲ့ပတ်သက်ပြီး သီးခြားနိုင်ငံတကာရာဇဝတ်မှုတရား ရုံးတွေဖွဲ့စည်းပြီးစစ်ဆေးခဲ့ရတယ်။ အဲဒီကနေ နိုင်ငံတကာရာဇဝတ်မှုတရားရုံးတစ်ခုကို အမြဲတမ်း ဖွဲ့စည်းထားရင်မကောင်းဘူးလားဆိုတဲ့အယူအဆပေါ်ပေါက်လာခဲ့တယ်။ ဒီလိုနဲ့ ကုလသမဂ္ဂအထွေထွေညီလာခံက တရားရုံးဖွဲ့စည်းနိုင်ဖို့နဲ့ပတ်သက် တဲ့ လေ့လာ ရေးကော်မတီတစ်ခုကို ၁၉ ၉ ၅ ခုနှစ်မှာ ဖွဲ့စည်းပေးခဲ့တယ်။ အဲဒီကော်မတီ အစီရင် ခံစာကို အခြေခံပြီး ၁၉ ၉ ၆-၁၉ ၉ ၈ အတွင်းမှာ ကုလသမဂ္ဂဌာနချုပ်မှာContinue reading “ICJ , ICC နဲ့ အာဂျင်တီးနား (၂)”
Category Archives: Government
ICJ , ICC နဲ့ အာဂျင်တီးနား (၁)
နိုင်ငံတကာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို တရားစွဲတယ်ဆိုတဲ့သတင်းကြားထဲက အဲဒီ အကြောင်းဆောင်းပါးရေးဖို့ ပြင်ဆင်ခဲ့တယ်။ ဒါပေမယ့် ဆဲဗင်းဒေးရုပ်သံအစီအစဉ်မှာ အဲဒီ ကိစ္စ ပါဝင်ဆွေး နွေးမယ်လို့ ကတိပေးထားတဲ့အတွက် ရုပ်သံအစီအစဉ်ပြီးမှ ICJ ကိစ္စကို ဆောင်းပါး ရေးမယ်လို့ ဆုံဖြတ်ခဲ့တယ်။ ဒီနေ့ညနေမှာတော့ ဆဲဗင်းဒေးရုပ်သံအစီအစဉ် ထုတ်လွှင့်ပြီးသွား ပြီ ဖြစ်တဲ့အတွက် ဆောင်းပါးကို မ ျှဝေလိုက်ပါတယ်။ နိုင်ငံတကာ တရားရုံး ( International Court of Justice , ICJ) နိုင်ငံတကာတရားရုံး ICJ ဆိုတာ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းဖြစ်ပြီး ၁၉ ၄၅ ခုနှစ် ဇွန်လ မှ စတင်ဖွဲ့စည်းတယ်။ ၁၉ ၄၆ ခုနှစ် ဇွန်လမှာ လုပ်ငန်းစတင်တယ်။ ဒီတရားရုံးမှာContinue reading “ICJ , ICC နဲ့ အာဂျင်တီးနား (၁)”
အင်န်အယ်လ်ဒီပါတီ ရဲ့ ချင်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း ကို AA အဖွဲ့က ဖမ်းဆီးသွားတာနဲ့ပတ်သက်တဲ့ အင်န်အယ်လ်ဒီပါတီရဲ့ ထုတ်ပြန်ချက်အပေါ် SNDP ပါတီ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ( ၂၀၁၁-၂၀၁၆) ဦးရဲထွန်းက ၁။ အရင်ဖြစ်စဉ်တွေမှာ ကြေညာချက်မထုတ်ခဲ့ဘူး။ ကိုယ့်လူရင်းထိလာမှ ပြောတဲ့သဘော ဖြစ် တယ်။ မှန်ကန်တဲ့ သဘောထားမဟုတ်ဘူး။ ၂။ သမ္မတ ဦးသိန်းစိန်လက်ထက် လိုင်ဇာမှာရှိတဲ့ ကေအိုင်အေ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးမှန်တော့ချက်ခြင်းကြေညာချက်ထုတ်တယ်။ ( အဲဒီသေဆုံးသူတွေထဲမှာ AA သင် တန်းသားတွေပါတယ်။ ) အဲဒီဘက်က ရပ်တည်တဲ့သဘောထားကို ပြခဲ့တယ်။ ဒါဟာ မလုပ် သင့် တဲ့ကိစ္စပဲ လို့ ပြောတဲ့အကြောင်း ဧရာဝတီသတင်းဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ပုံ ၁ နဲ့ ၂ ကျွန်တော်တို့ကContinue reading
တိုးတိုးလေး ပြောလိုက်တယ်
AA အဖွဲ့က ချင်းတိုင်းရင်းသား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းကို ဖမ်းထားတယ်ဆိုတဲ့အကြောင်း တရားဝင်ထုတ်ပြောထားတယ်။ ချင်းတိုင်းရင်းသားလွှတ်တော်ကိုယ်စားလှယ်တွေကလည်း အာဏာရပါတီဖြစ်တဲ့ အင်န်အယ်လ်ဒီ ပါတီကို အကူအညီတောင်းတယ်။ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဝှေ့တင်းကို ပြန်လွှတ်ပေးဖို့ AA အဖွဲ့ကို တောင်းဆိုတယ်။ ပုံ ၁ ၊၂ နဲ့ ၃ ဒါပေမယ့် ၁၉ ၈၈ ခုနှစ်ကနေ ဒီနေ့အထိ တပ်မတော်လို အဖွဲ့အစည်းကိုတောင် လွှတ်တော်ထဲမှာ၊ မီဒီယာတွေပေါ်မှာ ၊ သတင်းထုတ်ပြန်ချက်တွေမှာ အမည် ဖော်ပြပြီး ဝေဖန်ထောက်ပြရဲတဲ့ အာဏာရပါတီဟာ ချင်းတိုင်းရင်း သား ကိုယ်စားလှယ်ဖမ်းဆီးထားမှုနဲ့ပတ်သက်တဲ့ ကြေညာချက်မှာ AA အဖွဲ့ အမည်ကိုတောင် ရည်ညွှန်းရေးသားထားတာမတွေ့ရဘူး။ ပုံ ၄ မဝံ့မရဲ နဲ့ တိုးတိုးလေးပြောလိုက်တဲ့ ဒီကြေညာချက်ဟာ AA အဖွဲ့ရဲ့ အမျက်တော်ရှခြင်းကနေContinue reading “တိုးတိုးလေး ပြောလိုက်တယ်”
ဘာလဲဟဲ့ Facebook
နိုဝင်ဘာလ ၂ ရက်နေ့ နေ့လယ် ၁၂ နာရီ မှာ People Media က တင်ထားတဲ့ ဒေါ်သက်သက်ခိုင် နဲ့ တွေ့ဆုံမေးမြန်း မှု ဗီဒီယိုကို Facebook ကဖယ်ရှားခဲ့တယ်။ အဲဒီလိုဖယ်ရှားခဲ့တဲ့ကိစ္စက အွန်လိုင်းပေါ်မှာ ပြန့်နှံ့ သွားခဲ့ပြီးတဲ့နောက်မှာတော့ နိုဝင်ဘာလ ၃ ရက်နေ့ ၃ နာရီ ၄၅ မိနစ်မှာ ပြန်ခွင့်ပြုခဲ့တယ်။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အလဲဗင်းမီဒီယာက မေးမြန်းတဲ့အခါ Facebook က မူပိုင်ခွင့် ပေါ်လီ စီ အရ တိုင်တဲ့သူရှိလို့ စိစစ်ပြီးဖြုတ်ချလိုက်တာဖြစ်တယ်၊ ဒါပေမယ့် ပြန်စစ်တဲ့အခါမှာ မူပိုင်ခွင့်ကို ချိုးဖောက်ခြင်းမရှိကြောင်းတွေ့ရတဲ့အတွက် ပြန်ခွင့်ပြုခဲ့တယ်လို့ အကြောင်းပြန်ခဲ့တယ် လို့ သတင်းမှာဖော်ပြထားတယ်။ ပုံ ၁ Facebook ကို ဘယ်မီဒီယာကတိုင်သလဲ၊ ဘယ်သက်သေအထောက်အထားကြောင့်Continue reading “ဘာလဲဟဲ့ Facebook”
ပြည်ခိုင်ဖြိုး နဲ့ အင်န်အယ်ဒီ စီးပွားရေးကဏ္ဍနှိုင်းယှဉ်ချက်
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာလ ၂ ရက်နေ့ အာဆီယံ စီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး မှာ မြန်မာနိုင်ငံ စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အခြေအနေတွေကို ပြောခဲ့ပြီးတဲ့နောက် တိုက်တိုက်ဆိုင် ဆိုင် အလဲဗင်းမီဒီယာကလည်း နိုဝင်ဘာ ၃ ရက်နေ့မှာ “ဦးသိန်းစိန်အစိုးရနဲ့ NLD အစိုးရလက်ထက် စီးပွားရေးဆိုင်ရာ ကိန်းဂဏန်းတွေမှာ ဘယ်သူအားနည်းခဲ့ပါသလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့တယ်။ အဲဒီဆောင်းပါးဟာ ဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရ နဲ့ ဒေါ်အောင်ဆန်းစုကြည် သမ္မတအထက်မှာနေပြီး ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရ နှစ်ခုရဲ့ စီးပွားရေးဆိုင်ရာ ကိန်း ဂဏန်း တွေကို စုစည်းသုံးသပ်ထားတာဖြစ်တဲ့အတွက် လေ့လာလိုသူများအတွက် အဓိက ကျတဲ့ အချက်များကို ကောက်နှုတ်မ ျှဝေလိုက်ပါတယ်- ၁။ အလဲဗင်းက သူ့ဆောင်းပါးကိုContinue reading “ပြည်ခိုင်ဖြိုး နဲ့ အင်န်အယ်ဒီ စီးပွားရေးကဏ္ဍနှိုင်းယှဉ်ချက်”
မြန်မာ့စီးပွားရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း
နိုဝင်လဘာလ ၂ ရက်နေ့က အာဆီယံစီးပွားရေးနှင့်ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေး မှာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မိန့်ခွန်းပြောကြားခဲ့တယ်။ ဒီမိန့်ခွန်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအခြေပြမိန့်ခွန်းလို့ ဆိုနိုင်တဲ့အတွက် နိုင်ငံသား အားလုံး၊ မဲဆန္ဒရှင်အားလုံး အလေးထားလေ့လာသင့်တဲ့ မိန့်ခွန်းလို့ မြင်ပါတယ်- ဒ့ါကြောင့် အဲဒီမိန့်ခွန်းထဲက နိုင်ငံ့စီးပွားရေးနဲ့ပတ်သက်ပြီး အားတက်စရာအချက် အလက်တွေလို့ မြင်မိတဲ့ အချက်အလက်တစ်ချို့ကို မ ျှဝေလိုက်ပါတယ်။ ၁။ မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်းက နှစ်စဉ် ၆ % ကနေ ၇% ရှိတယ်။ ဒီနှုန်းဟာ အာရှဒေသမှာ အမြန်ဆုံးတိုးတက်မှုနှုန်းထားလည်းဖြစ်ပါတယ်။ ( အာဆီယံဆယ်နိုင်ငံ ထဲမှာ ပြောတာမဟုတ်ပါဘူး။ အာရှဒေသလို့ပြောတဲ့အတွက် တရုတ် နိုင်ငံပါ ပါဝင်ပါတယ်။ ) ပုံ ၁ ၂။ မြန်မာ ၄.၀ ဟာ ပြည်သူတွေအနေနဲ့Continue reading “မြန်မာ့စီးပွားရေးနဲ့ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း”
YUPT ဒါရိုက်တာတွေ အကြောင်း
သုံးနှစ်အထိ အမြတ်မရသေးလို့ အစုရှယ်ယာရှင်တွေကန့်ကွက်နေတဲ့ YUPTရဲ့ ဥက္ကဋ္ဌ ၊ အုပ်ချုပ်မှု ဒါရိုက်တာနဲ့ ဒါရိုက်တာတွေ အကြောင်း ခေတ်သစ်မီဒီယာက သတင်းရေးသားရာမှာ – YUPT ကုမ္ပဏီတွင် ဒါရိုက်တာအဖွဲ့ဝင် (၉) ဦးရှိပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ခန့်အပ်ထားသူ ၄ ဦး ရှိကာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက တိုက်ရိုက်ခန့်အပ်သူ ဦးဇော်ထွန်းက ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၏ သမီးဖြစ်သူ ဒေါ်ပြုံးသာမြင့်က အုပ်ချုပ်ဒါရိုက်တာအဖြစ်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ညွှန်ကြားရေးမှူး ဦးမိုးဟိန်းက ဒါရိုက်တာအဖြစ်လည်းကောင်း၊ ဦးအောင်မြတ်က ဒါရိုက်တာအဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်ဒါရိုက်တာ ၅ ဦးမှာ အစုရှယ်ယာရှင်များဘက်မှ ရွေးချယ်သူများဖြစ်ကြောင်း သိရှိရသည်။ လို့ဖော်ပြထားပါတယ်။ သတင်းအသေးစိတ်ကို အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ https://www.facebook.com/khitthitnews/posts/760790247691657?tn=K-R
YUPT အစည်းအဝေးအပေါ်သုံးသပ်ချက်
YUPT နှစ်ပတ်လည်အစည်းအဝေး မှာ အစုရှယ်ယာရှင်တွေရဲ့ တင်ပြချက်တွေကို နားထောင်ကြည့် တယ်။ အဓိက သတိပြုမိတာကတော့ ၁။ ဒါရိုက်တာအဖွဲ့မှာ အစိုးရခန့်ဆိုပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ( ဝန်ကြီးချုပ်) ကတာဝန်ပေး ထားတဲ့ ပုဂ္ဂိုလ်တွေက ဥက္ကဋ္ဌ၊အုပ်ချုပ်မှုဒါရိုက်တာ တာဝန်တွေယူထားတယ်။ ဒါပေမယ့် ဒီပုဂ္ဂိုလ် တွေက ကားလိုင်းပြေးဆွဲတဲ့၊ ကားလိုင်းကို စီမံအုပ်ချုပ်တဲ့အတွေ့အကြုံလုံးဝမရှိဘူး။ ၂။ အစုရှယ်ယာရှင်တွေ ( သူတို့စကားအရဆိုရင် အရင်က ယာဉ်ပိုင်ရှင်တွေ) က ရွေးချယ်ထား တဲ့ ဒါရိုက်တာတွေက လုပ်ပိုင်ခွင့်မရှိဘူး။ တကယ်တော့ ဒီဒါရိုက်တာတွေက ကားလိုင်းအတွေ့ အကြုံရှိတဲ့ သူတွေဖြစ်တယ်။ ၃။ YUPT က အခု ဥက္ကဋ္ဌ လက်ထက်နှစ်နှစ်အတွင်းမှာ တစ်ခါမှ အမြတ်ငွေ ခွဲမပေးဘူး ၊ ရှုံးတယ်လို့ပြောတယ်။ ၂၀၁၆ ခုနှစ်Continue reading “YUPT အစည်းအဝေးအပေါ်သုံးသပ်ချက်”
အမြတ်မရသေးတဲ့ YUPT
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ရှယ်ယာ ၃၅ ဘီလျံထည့်ဝင်ထားတဲ့ ရန်ကုန်မြို့ အများပြည်သူ သယ်ယူပို့ဆောင်ရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီလီမိတက် (YUPT)ရဲ့ ဒုတိယအကြိမ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးမှာ သုံးနှစ်ပြည့်တဲ့အထိ အမြတ်ငွေမရလို့ အငြင်းပွားမှု ဖြစ်ပွားတယ်လို့ အလဲဗင်းသတင်းမှာဖတ်ရတယ်။ YBS စတဲ့အချိန်က မထသ နှစ်ပေါင်းများစွာ ရှာမှ ရတဲ့ ငွေကို တစ်လတည်းနဲ့ရတယ်ဆိုလား ပြောသံတွေကြားခဲ့ဖူးတာ အမှတ်ရမိတယ်။