မြန်မာနောင်း သတင်းဌာနရဲ့ စုံစမ်းဖော်ထုတ်သတင်းရေးသားမှုပုံစံကို အသိအမှတ်ပြုပါတယ်။ လေးစားပါတယ်။ ဖတ်ရှုလေ့လာပါတယ်။ ကျွန်တော့်ဆောင်းပါးထဲမှာတောင် ထည့်သွင်း အသိ အမှတ်ပြုရေးသားဖူးပါတယ်။ ဒါပေမယ့် PPP ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းတွေထဲမှာ စစ်မှုထမ်းဟောင်း ဘယ်နှစ်ယောက် ၊ NLD ခွဲထွက် ဘယ်နှစ်ယောက် ပါတယ်ဆိုပြီး ရေးတာမျိုးကတော့ နည်းနည်းလွဲနေတယ်လို့ထင်ပါတယ်။ ပုံ (၁ ) ပါတီတွေမှာ စစ်မှုထမ်းဟောင်းတွေပါဝင်တာဟာ မဲပေးမယ့် ပြည်သူတွေ ထည့်သွင်းစဉ်းစား သင့်တဲ့ အချက်လို့ ယူဆရင်တော့ အင်န်အယ်လ်ဒီပါတီ ခေါင်းဆောင် တွေထဲမှာ၊ အင်န်အယ်လ်ဒီအစိုးရအဖွဲ့ထဲမှာ၊ အင်န်အယ်လ် ကိုယ်စားလှယ်လောင်းတွေထဲမှာ စစ်မှုထမ်း ဟောင်းတွေ ဘယ်လောက်ပါဝင်တယ်ဆိုတာမျိုးကိုလည်း မြန်မာနောင်းအနေနဲ့ စုံစမ်းဖော် ထုတ်ရေးသားသင့်တယ်လို့ထင်ပါတယ်။ ဒါမှလည်း ဘက်လိုက်မှုကင်းတဲ့ ရွေးကောက်ပွဲ ဆိုင်ရာ သတင်းတွေဖြစ်မှာပါ။ ဒီလိုပါပဲ NLD ပါတီက ခွဲထွက်သူတွေပါတဲ့အချက်ဟာ မဲဆန္ဒရှင်တွေစဉ်းစားသင့်တဲ့အချက်Continue reading “မြန်မာနောင်းနဲ့ ရွေးကောက်ပွဲသတင်း”
Tag Archives: yehtutarticle
UDP အစ
ဒီနေ့ သတင်းကြီးနေတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ နဲ့ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အကြို ပုဂ္ဂလိက မီဒီယာတွေက ထုတ်ဝေထားတဲ့ စာအုပ်၊ စာစောင်တွေကို ပြန်လေ့လာကြည့် တော့ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလမှ ထုတ်ဝေခဲ့တဲ့ စည်သူအောင်မြင့် ရဲ့ “ ဘယ်ပါတီလဲ ၊ ဘယ်သူတွေလဲ ” ဆိုတဲ့ မှတ်တမ်းစာအုပ်မှာ ဦးဘိုမောင် ၊ ခေါင်းဆောင် ( ယာယီ ) ဆိုပြီး တွေ့တယ်။ ပုံ ( ၁ မှ ၄ အထိ ) ပါတီမှတ်ပုံတင်နဲ့ပတ်သက်ပြီးရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်မှာလေ့လာတဲ့အခါ ပါတီ မှတ်ပုံတင်ခွင့်လေ ျှာက်ထားသည့်နေ့ ၁၇-၅-၂၀၁၀ ၊ ပါတီမှတ်ပုံတင်ခွင့်ပြုသည့်နေ့ ၂၆-၅-၂၀၁၀ ဆိုပြီးတွေ့တယ်။ ပါတီဥက္ကဋ္ဌက ဦးကျော်မြင့် ဖြစ်နေပြီ။Continue reading “UDP အစ”
ဦးတင်အေး နဲ့ ဦးလှသိန်း (၇)
တွေ့ဖို့ခက်တဲ့ ရွေးကော် ရွေးကောက်ပွဲရက်နဲ့ပတ်သက်လို့ကတော့ ကော်မရှင်က စက်တင်ဘာ ၁၉ ရက်နေ့ သတင်း မီဒီယာတွေနဲ့ ဆွေးနွေးပွဲမှာ ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့မရှိဘူးလို့ ပြောလိုက်ပြီ။ ကော်မရှင်က ပြောတဲ့အတိုင်း ရွေးကောက်ပွဲရက်ရွှေ့ဆိုင်းဖို့မရှိဘူးဆိုရင် လွတ်လပ်ပြီး တရား မ ျှ တတဲ့ရွေးကောက်ပွဲဖြစ်ဖို့အတွက် မဲရုံ၊ မဲလက်မှတ်၊ ရွေးကောက်ပွဲစောင့်ကြည့်မှု၊ မဲရုံဝန်ထမ်း သင်တန်းပေးမှု စတဲ့လုပ်ငန်းစဉ်တွေနဲ့ ပတ် သက်ပြီး ပါတီတွေ အရပ်ဖက်လူမှု အဖွဲ့အစည်းတွေ ကို တွေ့ဆုံဆွေးနွေးဖို့ လိုအပ်နေပြီဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်ထိတော့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တွေ့ဆုံပွဲတွေနဲ့ပတ်သက်ပြီး စီစဉ်နေတဲ့သတင်းတွေမတွေ့ရသေး ဘူး။ ၂၀၁၅/၂၀၂၀ တွေ့ဆုံမှုများ ဦးတင်အေးကော်မရှင်ဟာ ၂၀၁၅ ရွေးကောက်ပွဲပြင်ဆင်မှုအခြေအနေတွေနဲ့ပတ်သက်ပြီး နိုင်ငံရေး ပါတီတွေနဲ့ (၁၈) ကြိမ်၊ အရပ်ဖက် လူမှုအဖွဲ့အစည်းတွေနဲ့ (၂၇) ကြိမ်၊ မီဒီယာများနဲ့Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၇)”
အောင်နိုင်ခြင်း
“ ဗိုလ်စွဲဖို့က အရေးကြီးဆုံးပဲ။ ဒုတိယနေရာက ပန်းဝင်တဲ့သူကို သူ့ဇနီး နဲ့ သူ့ခွေး ကလွဲလို့ ဘယ်သူကမှ အမှတ်တရရှိနေမှာမဟုတ်ဘူး ” အင်္ဂလိပ် ပြိုင်ကားမောင်းသမား Damon Hill ၁၉ ၉ ၄ ခုနှစ်က ပြောခဲ့သောစကားဖြစ်သည်။ သူ့စကားက ၊ တစ်စက္ကန့် ရဲ့ ဆယ်ပုံတစ်ပုံက အရှုံး အနိုင်ကို ဆုံးဖြတ်ပေးသော ကားပြိုင်ပွဲများရဲ့ သဘာဝကိုသာမက ပြိုင်ဆိုင်မှုတွေပြင်းထန်လှသော ၂၀ ရာစု လူမှုအသိုင်းအဝန်းရဲ့ အခြေအနေ ကို ပါထင်ဟပ်စေသည့်အတွက် ဆန်းဒေးတိုင်းမ် သတင်းစာက တစ်နှစ်အတွက် မှတ်မှတ် သား သား စကားများကဏ္ဍတွင် ထည့်သွင်းဖော်ပြခဲ့သည်။ တကယ်လည်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးကဏ္ဍ အားလုံးမှာ ပြိုင်ဆိုင်မှုပြင်းထန် လှသော ခေတ်ကြီးမှာ ကျွန်တော်တို့Continue reading “အောင်နိုင်ခြင်း”
ပြောင်းလဲခြင်း
အခြေခံဥပဒေကတော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုတည်းပဲ ဒါပေမယ့် အချိန် နဲ့ နေရာအပေါ်မူတည်ပြီး ရှုထောင့်ပြောင်းသွားတယ်။ ၂၀၁၅ ခုနှစ် သမ္မတက ပါတီလုပ်ငန်းများဆောင်ရွက်နေမှုသည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄ ကို ချိုးဖောက်ခြင်းဖြစ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၆၅ ပါ သမ္မတ နှင့် ဒုသမ္မတများ ပြုထားသော ကတိသစ္စာကို ဆန့်ကျင်ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဒီချုပ်၏ တိုင်ကြားစာတွင်ပါရှိသည်။ ပုံ ( ၁ နှင့် ၂ ) ၂၀၂၀ ပြည့်နှစ် မဲဆန္ဒရှင် မိဘပြည်သူများ နှစ်ရှည်လများလိုလားတောင့်တနေသော ဒီမိုကရေစီရေးအတွက် NLD ကို ထောက်ခံမဲပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ် ခင်ဗျား။ လေးစားစွာဖြင့်ဝင်းမြင့်( ပုံ ၃ ) မှတ်ချက် ။Continue reading “ပြောင်းလဲခြင်း”
ကိုဗစ် နှင့် အဆင်ပြေအောင်နေထိုင်ခြင်း
ကိုဗစ် ဒုတိယလှိုင်း နဲ့ အတူ ရန်ကုန်မြို့နယ်တွေမှာ နေအိမ်တွင်နေထိုင်ရေး ( Stay at Home ) အမိန့်တွေထုတ်ပြန်ခဲ့တယ်။ အဲဒီအမိန့်နဲ့ အတူဖြစ်လာတဲ့အခြေအနေတွေအောက်မှာ ဘယ်လို နေထိုင်ရမလဲဆိုတာ လို၊ တို ၊ ရှင်း သုံးသပ်ကြည့်မိတယ်။ ဖြစ်သင့်တာ အိမ်မှာနေ ( Stay at Home ) ဆိုတာ သတ်မှတ်ချက်နဲ့ ကိုက်ညီသူတွေပဲ အပြင်ထွက်ဖို့၊ အပြင် ထွက်ရင် လိုအပ်တဲ့ ရောဂါကူးစက်မှုအကာအကွယ်တွေကို မပျက်မကွက်လုပ်ဆောင်ဖို့၊ အဲဒီလို လုပ်ဆောင်ခြင်း ရှိ/ မရှိ ဒေသန္တအာဏာပိုင်အဖွဲ့အစည်းတွေက စိစစ်ဖို့ လို့ပဲနားလည်မိတယ်။ ဒီတော့၁။ လမ်းအလိုက်၊ ရပ်ကွက်အလိုက် ကိုယ်နယ်မြေက အိမ်ပြင်ထွက်သူတွေဟာ အဲဒီ သတ်မှတ်ချက်တွေနဲ့ ညီ၊ မညီ စိစစ်ရမယ်။ ၂။Continue reading “ကိုဗစ် နှင့် အဆင်ပြေအောင်နေထိုင်ခြင်း”
အုပ်ကြီး နှင့် ခဏတာ
လမ်းသွယ်လေးထဲမှာ လမ်းမီးတိုင်တွေက ခပ်ကျဲကျဲဆိုတော့ တိုက်ခန်းတွေက ဖြာ ကျတဲ့ အလင်းရောင်ပဲရှိတယ်။ မြေညီထပ်တိုက်ခန်းတွေက ဖွင့်ထားတဲ့ စားသောက်ဆိုင်တွေ ကလည်း ပါဆယ်ပဲရောင်းရတော့ ခြောက်ကပ်ကပ်။ ဝက်သားတုတ်ထိုးသည်လည်းတွေ့တယ်။ ထိုင်စား မှ အရသာရှိတဲ့ တုတ်ထိုးဟာ ပါဆယ်ခေတ်မှာ အခြေအနေကောင်းပုံမရဘူး။ အုပ်ကြီးရဲ့ ရုံးက တစ်ထပ်တိုက်လေး။ ရယကရုံးတွေရဲ့ထုံးစံအတိုင်း ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံး ရယ်၊ ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်ရယ်တွဲဖွင့်ထားတယ်။ ရုံးရှေ့မှာ ကွမ်းယာဆိုင်ရှိတယ်။ ကွမ်းယာ ဟာ ကိုဗစ်ကို နိုင်တယ်။ အစထဲက ပါဆယ်ဆိုတော့ ပါဆယ်ခေတ်မှာ ကွမ်းယာက ဆရာကြီးပဲ။ အခု လည်းဆိုင်ရှေ့မှာ ကွမ်းယာစောင့်နေတဲ့သူ သုံးလေးယောက်ရှိတယ်။ အုပ်ကြီးရုံးရှေ့မှာ ရုံးရှေ့ ယာဉ်မရပ်ရ ဆိုင်းဘုတ်ရှိတယ်။ ဆိုင်းဘုတ်က သွပ်ပြား ဆိုင်းဘုတ်၊ အမည်းအောက်ခံမှာ အဖြူနဲ့ရေးထားတယ်။ သုံးပေလောက်ပဲမြင့်တဲ့ဆိုင်းဘုတ် ကိုContinue reading “အုပ်ကြီး နှင့် ခဏတာ”
ညီလာခံ ၊ ဗီတို နဲ့ ပီအာရ်
သက်ဆွေ ဘာသာပြန်တဲ့ ၂၀၁၀-၂၀၁၆ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအကြောင်း စာအုပ်ကို ဖတ်ပြီးတော့ အဘ ဦးသောင်းညွှန့် က ကျွန်တော့်ကို ဖုန်းဆက်ပြီးတွေ့ချင်တဲ့အကြောင်းပြော ပါ တယ်။ အဘ ဦးသောင်းညွှန့် ဆိုတာ ၁၉ ၈၈ ခုနှစ်မတိုင်ခင်က နိုင်ငံတော်ကောင်စီ ဥပဒေအကြံပေးအဖွဲ့ဝင်၊ တပ်မတော်အစိုးရလက်ထက်မှာ ၁၉ ၉ ၂ ခုနှစ်ထိ ရှေ့နေချုပ်ရုံးညွှန်ချုပ်၊ နောင် နဝတ အစိုးရ ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့မှာလည်း ဥပဒေအကြံပေး အဖြစ်တာဝန်ယူခဲ့ပါတယ်။ အဘ ဦးသောင်းညွန့်ဟာ ၁၉ ၉ ၂ ခုနှစ်က စပြီး ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပရေး လုပ်ငန်းကော် မတီ မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ( အမျိုးသားညီလာခံကContinue reading “ညီလာခံ ၊ ဗီတို နဲ့ ပီအာရ်”
ဦးတင်အေး နဲ့ ဦးလှသိန်း (၆)
မဲဆွယ်ကာလ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ တိုက်ဆိုင်မှုတစ်ခုကတော့ ရွေးကောက်ပွဲကျင်းပ မယ့်ရက်က နိုဝင်ဘာ ၈ ရက် ထပ်တူဖြစ်နေတာပဲ။ ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၃ ရက်နေ့မှာ မဲဆွယ်ကာလဟာ စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီကနေ နိုဝင်ဘာလ ၆ ရက် ည ၁၂ နာရီ အထိဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့တယ်။ ပုံ ၁ ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက်နေ့မှာ မဲဆွယ် ကာလ ဟာ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၆)”
ထို တစ်နေ့
၁၉ ၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ စနေနေ့ က သာမန်နေ့တစ်နေ့အဖြစ်နဲ့ စတင်ခဲ့ ပေမယ့် နေဝင်ချိန်မှာတော့ အစိုးရဆန့်ကျင်ရေးနေ့အဖြစ်နဲ့ အဆုံးသတ်သွားခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်က ဗဟိုထောက်လှမ်းရေးတပ် ( ရေကြည်အိုင်)မှာ ခြေလျင်တပ်က အရာရှိတွေအတွက် ဖွင့်လှစ်ထားတဲ့ လုံခြုံရေးဆိုင်ရာ သင်တန်းတစ်ခုတက်နေတဲ့အချိန်ဖြစ် ပါတယ်။ ခြေလျင်တပ်ရင်းက အရာရှိတွေအနေနဲ့ ရန်ကုန်မှာ သင်တန်းတက်ရတယ်ဆိုတဲ့ အခွင့်အရေးက ထီပေါက်သလိုပဲ။ ကျွန်တော်တို့လို မိဘ ရန်ကုန်မှာ ရှိတဲ့သူတွေဆိုရင် တော့ အတိုင်းအထက်အလွန်ပေါ့။ ကျွန်တော်တို့ သင်တန်းသားတွေက စနေ ၊ တနင်္ဂနွေ ဆိုရင် မင်္ဂလာဒုံ ၊တပ်မတော်ဂေါက်ကွင်း မှာ မနက် ငါးနာရီလောက်ကနေ နေ့လယ် ၁၂ နာရီ၊ တစ်နာရီ လောက်အထိ လုံခြုံရေးယူရတယ်။ အဓိကContinue reading “ထို တစ်နေ့”