အခု ဖေ့စ်ဘွတ်ပေါ်မှာ ဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့ အခမ်းအနား မှာ ဖခင်ဖြစ်သူကို ကန်တော့ခွင့်မရဘူးဆိုပြီး ဗီဒီယိုဖိုင်တစ်ခုကို ကိုးကားပြီးပြောနေ ကြတယ်။ ( ပုံ ၁ ၊ ၂ နှင့် ၃) လွန်လွန် ကဲကဲဇတ်နာအောင် ပြောတတ်သူတွေကတော့ “ အမကြီး ကန်တော့ဖို့ အစီအစဉ်မရပါဘူး။ အခုပဲ ပန်းခွေချပြီး ပြန်ရပါမယ်” လို့ အစောင့်က အနားကပ်ပြောတယ် လို့တောင် ရေးကြသေးတယ်။ ရင်ပြင်ပေါ်မှာ နှစ်ယောက်တည်း ကပ်ပြော တဲ့စကားကို ဘယ်လိုကြားသလဲဆိုတာ စဉ်းစားစရာပဲ။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က ပန်းခွေချတာမဟုတ်ပါဘူး။ ပန်းခြင်း တင်တာပါ။ အဲဒီဗီဒီယိုက ၂၀၁၆ အာဇာနည်နေ့ မတိုင်ခင်မှာလည်း ထွက်လာဖူးတယ်။ အဲဒီအချိန်တည်းက ဒေါ်အောင်ဆန်းစုကြည်ကို သူနဲ့အတူပါလာတဲ့ တပ်မတော်ထောက်လှမ်းရေးက ဗိုလ်မှူး သန်းContinue reading “ဒေါ်အောင်ဆန်းစုကြည် နဲ့ ဗိုလ်မှူးချုပ်သန်းထွန်း”
Tag Archives: yehtutarticle
ဦးတင်အေး နဲ့ ဦးလှသိန်း (၂)
ကိုဗစ် နဲ့ မဲရုံများ နိုင်ငံရေးပါတီများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာမယ့် အဖွဲ့အစည်းများက ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ညွှန်ကြားချက်တွေ၊ သမ္မတ နဲ့ အစိုးရအဖွဲ့ဝင်တွေ ပါတီစည်းရုံးရေး၊ နယ်မြေစည်းရုံး ရေး လုပ်မယ့် အခြေအနေတွေနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုနေကြပေမယ့် မဲရုံတွေ အကြောင်း ဆွေးနွေးတာမတွေ့ရသလောက်ပဲ။ မဲရုံကိစ္စလို့ပြောတဲ့အခါ မဲရုံအတွင်းက လုပ်ငန်းစဉ်တွေကို မပြောခင် မဲရုံ အရေအတွက်ကို အရင် စသုံးသပ်ရမယ်။ ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ( ၃၂၃ ) နယ်၊ အမျိုး သားလွှတ်တော် မဲဆန္ဒနယ် (၁၆၈ ) နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ( ၆၅၉ ) နယ် မှာ ရွေးကောက်ပွဲကျင်းပနိုင်ခဲ့တယ်။ မဲပေးခွင့်ရှိသူ ၃၄,၂၉၅, ၃၃၄ ယောက်ရှိတယ်။Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၂)”
စွဲလမ်းသူ
ဆိုင်းဘုတ်မရှိသော၊ နှစ်တွေပြောင်းပေမယ့် အပြင်အဆင်မပြောင်းသော၊ လက်ရာ မပြောင်း သော လက်ဖက်ရည်ဆိုင်ကောင်းကောင်းရှိသည်ဟု ညွှန်းသူက ကျွန်တော့်ဖောက်သည် ဆိုက် ကားနဲ့ ရောင်းတဲ့ မိုဘိုင်းမုန့်ဟင်းခါးသည်လေးဖြစ်သည်။ သူအညွှန်းကောင်းတာကြောင့် အလုံ အေးလမ်းနှင့် အောက်ကြည့်မြင့်တိုင်လမ်းထောင့်မှာရှိသည့် လက်ဖက်ရည်ဆိုင်လေးကို တကူး တကရှာဖွေသွားခဲ့ရသည်။ ဆိုင်က ရှေးခေတ် နှစ်ထပ် သစ်သားအိမ်အိုကြီးအောက်ထပ်မှာဖွင့်ထားခြင်းဖြစ်၏။ အိမ်အိုကြီး မှာ တစ်ချိန်က စမ်းချောင်း၊ အလုံ၊ ရေကျော်၊ မြေနီကုန်းတို့မှာတွေ့ရသည့် အိမ်မျိုး။ အိမ်ခန်း လေး ခန်း၊ အပေါ်ထပ်တွေက ကြမ်းခင်း၊ အလယ်မှာ သစ်သားလှေကားနဲ့ ။ ကျွန်တော်ရောက်သွား တော့ ဆိုင်ရှေ့ ပလက် ဖောင်း မှာ ခွေး ခြေပုလေးတွေနဲ့ထိုင်နေသော ဝိုင်းနှစ်ဝိုင်းရှိသည်။ အားလုံးလူကြီးဝိုင်းတွေ၊ လမ်း လေ ျှာက် ပြန်လာသူတွေလား၊ ဒါမှမဟုတ်Continue reading “စွဲလမ်းသူ”
ဦးတင်အေး နဲ့ ဦးလှသိန်း (၁)
ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာခြင်း၂၀၂၀ ရွေးကောက်ပွဲ မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အခန်းကဏ္ဍကို ရေး မယ်ဆိုတော့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ တာဝန်ယူခဲ့တဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နဲ့ နှိုင်းယှဉ်ဖို့လိုလာတယ်။ ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလမှာတော့ ရွေးကောက် ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးကို အစွဲပြုပြီး ဦးတင်အေးကော်မရှင်လို့ ခေါ်ခဲ့ကြတယ်။ ဒါ့ကြောင့် ကော်မရှင်နှစ်ခုကို နှိုင်းယှဉ်တဲ့အခါ မြင်သာအောင်လို့ ဥက္ကဋ္ဌအမည် တွေနဲ့ပဲ ခေါင်းစဉ်တပ်လိုက်ပါ တယ်။အခုဆောင်းပါးမှာတော့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်သူတွေနဲ့ပတ်သက်ပြီး ကော်မရှင် နှစ်ခုဆောင်ရွက်ချက်ကို နှိုင်းယှဉ်လေ့လာကြည့်ချင်တယ်။ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူကို ပြည်တွင်း နဲ့ ပြည်ပ ဆိုပြီး နှစ်မျိုးခွဲခြားလို့ရတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ နယက အစိုးရက ပြည်တွင်း၊ ပြည်ပ လေ့လာစောင့်ကြည့်သူတွေကို ခွင့် မပြုခဲ့တဲ့အတွက် ဝေဖန်ခံခဲ့ရတယ်။၂၀၁၅ ရွေးကောက်ပွဲမှာတော့ ပြည်တွင်း၊ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေကို ခွင့်ပြုခဲ့တယ်။Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၁)”
ကျောက်ဆောင် ၂၁၅
တစ်ခါတစ်လေ တကယ်ဖြစ်ပျက်ခဲ့တဲ့ အရာတွေက စိတ်ကူးယဉ်ဝတ္ထုထက်ကို ဆန်းကြယ်နေ တတ်တယ်။ အံ့အားသင့်ဖို့ကောင်းတယ်။ ချစ်သူနှစ်ယောက်ဟာ ၁၉ ၆၂ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့ တရားရုံးမှာ လက်မှတ်ထိုး တယ်။ ဧည့်ခံပွဲကိုတော့ ဇူလိုင်လ ၈ ရက်နေ့ သူတို့ နှစ်ယောက်ငှားထားတဲ့ လှည်းတန်းက အိမ်လေးမှာ လုပ်မယ်လို့ စီစဉ်ထားတယ်။ သူက ဗကသ၊တကသ အမှုဆောင်၊ ကျောင်းသားခေါင်းဆောင်ဆိုေ တာ့ ကျောင်းသားသူငယ်ချင်းတွေရဲ့ လက်ဖွဲ့ပစ္စည်း တွေကို ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦမှာ ခဏထား တယ်။ ဧည့်ခံပွဲနေ့ရောက်မှ သူတို့အိမ်လေးကို ရွှေ့မယ်ပေါ့။ ဒါပေမယ့် သူတို့လက်မှတ်ထိုးတဲ့အချိန်မှာ ရန်ကုန်တက္ကသိုလ်ထဲမှာ အဆောင်စည်းကမ်းအသစ် တွေနဲ့ပတ်သက်ပြီး ကျောင်းသားတွေ ဆန္ဒပြမှုစတင်နေပြီ။ ဒါ့ကြောင့် ကျောင်းသားခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့သူကလည်း ပူပူနွေးနွေးဇနီးလေးဆီကိုContinue reading “ကျောက်ဆောင် ၂၁၅”
၂၀၁၀ နဲ့ ၂၀၂၀ ၊ အန်ကယ်နဲ့ အန်တီ
၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ သမ္မတဦးသိန်းစိန်ရဲ့ ပြည်တွင်းခရီးစဉ်တွေမှာ ပြည်ခိုင်ဖြိုး ပါတီ ဝင်တွေက သမ္မတကို ကြိုဆိုနှုတ်ဆက်ခဲ့တဲ့ဖြစ်စဉ်တွေကို အခြေခံဥပဒေကို ဆန့်ကျင်ပြီး ပါတီလုပ်ငန်းဆောင်ရွက်နေတယ်လို့ အင်န်အယ်လ်ဒီပါတီက တိုင်ကြားခဲ့တယ်။ ( ပုံ ၁) ၂၀၂၀ ရွေးကောက်ပွဲအကြိုကာလမှာတော့ ရွေးကောက်ပွဲ ကော် မရှင်က ရွေးကောက်ပွဲဆိုင်ရာ ပါတီစည်းရုံးရေးလုပ်ငန်းနဲ့ နယ်မြေစည်းရုံးရေးလုပ်ငန်းတွေ ဆောင် ရွက်ခွင့်ပြုတဲ့အတွက် သမ္မတ နဲ့အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ဇူလိုင်လ ၂ ရက်နေ့က စပြီး ပါတီ စည်းရုံးရေးလုပ်ငန်းနဲ့နယ်မြေ စည်းရုံးရေးလုပ်ငန်းတွေ လုပ်မယ်လို့ ကြေညာခဲ့တယ်။ ( ပုံ ၂) အဲဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော့်သဘောထား မေးလာသူကို ၂၀၂၀ ရွေးကောက်ပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲအခြေအနေနဲ့ တူဖို့ အလားအလာများတယ်။ ၂၀၁၅ အခြေအအနေ နဲ့ တော့ လုံးဝမတူဘူးလို့ဖြေခဲ့တယ်။Continue reading “၂၀၁၀ နဲ့ ၂၀၂၀ ၊ အန်ကယ်နဲ့ အန်တီ”
နေမဝင်မီ
တောင်ပေါ်မြို့လေးရဲ့ မနက်ခင်းက အေးချမ်းလှသည်။ ညက တစ်စိမ့်စိမ့်ရွာနေသော မိုး တိတ်သွား ပြီ။ လူသံ ကားသံမကြားရ။ ဟိုတယ်ခြံစည်းရိုးတစ်နေရာမှာ ငှက်လေးတွေ တွတ်ထိုး နေသံကြားရသည်။ ပန်းခြံထဲက ပန်းပွင့်တွေမှာ မိုးရေစက်တွေ တွဲလွဲခိုနေသည်။ စင်္ကာပူမှာနေစဉ်ကတော့ မိုး ရွာပြီးစ ပန်းတွေ၊ သစ်ရွက်တွေ မှာ မိုးရေစက်လေးတွေတွဲလွဲခိုနေတာကို ဓာတ်ပုံရိုက်ပြီး “မိုး မနက်ခင်း” ဆိုပြီး ဓာတ်ပုံတွေတင်ခဲ့ဖူးသည်။ အခုတော့ မိုးမနက်ခင်းကို ဓာတ်ပုံရိုက်ချင်စိတ်မရှိ။ ရွာလိုက်၊ တိတ်သွားလိုက်၊ မရွာဘူးထင်ပေမယ့် ရွာလိုက်လုပ်နေသော တောင်ပေါ်မိုးကို ခံစားချင်စိတ် ကင်း မဲ့နေသည်။ ဟိုတယ်တစ်ခုလုံးတိတ်ဆိတ်နေသည်။ ဧည့်သည်တွေကလည်း အိပ်တုန်း၊ နောက်ဘက် မီးဖို ဆောင်ဘက်မှာတော့ နံနက်စာအတွက်ပြင်ဆင်နေသံတွေကြားရသည်။ နံနက်စာ စားဖို့ က စောနေသေးတော့ ဟိုတယ် ခြံဝင်း ရှေ့Continue reading “နေမဝင်မီ”
၂၀၂၀ ရွေးကောက်ပွဲအလားအလာ
စင်္ကာပူအခြေစိုက် ISEAS Yusof Ishak Institute က ထုတ်ဝေတဲ့ အရှေ့တောင် အာရှ ရေးရာ ၂၀၂၀ (Southeast Asian Affairs 2020 ) စာအုပ် မှာ ၂၀၂၀ ရွေးကောက်ပွဲ နဲ့ပတ်သက်တဲ့ ကျွန်တော့် ရဲ့ ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ ဒီစာအုပ်အတွက် ဆောင်းပါးကို ၂၀၁၉ ဒီဇင်ဘာ ၃၀ နောက်ဆုံးထားပြီးပို့ရတယ်။ ဒီတော့ ဆောင်းပါးပါအချက်အလက်တွေက ဒီဇင်ဘာ ၁၅ ရက်နေ့အထိ စုဆောင်းရရှိ တဲ့အချက်အလက်တွေပဲဖြစ်ပါတယ်။ နောက်တစ်ချက်က ဒီဆောင်းပါးမှာ တိုင်းဒေသကြီး၊ ပြည် နယ်လွှတ်တော်တွေအတွက် ထည့်သွင်းသုံးသပ်မထားဘူး။ သမ္မတရွေးချယ်ရေးအတွက် အရေး ပါတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက်ပဲ သုံးသပ်ထားပါတယ်။ ဆောင်းပါးအတွက် တိုင်းရင်းသားပါတီလေးပါတီအပါအဝင် နိုင်ငံရေးပါတီ ကိုးခုက တာဝန်ရှိသူတွေနဲ့တွေ့ဆုံမေးမြန်းခဲ့ပါတယ်။Continue reading “၂၀၂၀ ရွေးကောက်ပွဲအလားအလာ”
ထင်းရှူးမြိုင် (၉)
ကလောကို ပထမဆုံးအကြိမ်ရောက်ဖူးတာက ၁၉ ၆၄၊ ၁၉ ၆၅ ခုနှစ်တွေ။ အဖေသင်တန်းတက် တော့ ကျွန်တော်တို့မိသားစုတွေ လိုက်လာကြတာပေါ့။ နေတော့ ကြီးတော်ကြီးရဲ့ အိမ်မှာ နေရတယ်။ အိမ်ရှင်တွေကတော့ ရန်ကုန်မှာ ၊ ကလောမှာ နွေရာသီ အပူရှောင်ဖို့ဝယ်ထားတာပါ။ အိမ်က အရှေ့မြို့ပတ်လမ်း၊ အရှေ့ဘိုကုန်းလို့ခေါ်တဲ့နေရာမှာရှိတယ်။ ကိုလိုနီခေတ်က အင်္ဂလိပ် အရာရှိတွေ၊ ကုန် သည်တွေရဲ့ အိမ်တွေရှိလို့ ဘိုကုန်းခေါ်တယ်ထင်တာပဲ။ အခုတော့ ရပ်ကွက် (၃) လို့သတ်မှတ်ထားတယ်ထင်ပါရဲ့။ အဲဒီအချိန်က မြို့ပတ်လမ်းမှာရှိတဲ့အိမ်တွေက ခြံကျယ်ကြီးတွေ၊ အိမ်ပုလေးတွေရှိသလို နှစ်ထပ် အိမ်မည်းကြီးတွေလည်းရှိတယ်။ ကျောက်တိုက်လို့ခေါ်တဲ့ ကျောက်ဆောင်တွေကြားမှာ ဆောက် ထားတဲ့အိမ်လည်းရှိတယ်။ အိမ်နံရံတွေမှာ သဘာဝကျောက်သားတွေထိုးထွက်နေတဲ့ အဲဒီအိမ် ကို အထူးအဆန်းအဖြစ်လာကြည့်သူတွေလည်းရှိတယ်။ ကျွန်တော်တို့နေရတဲ့ အိမ်က အိမ်ပုလေး။ တောင်စောင်းမှာ။ အိမ်အဝင်လမ်းကContinue reading “ထင်းရှူးမြိုင် (၉)”
ထင်းရှူးမြိုင် (၈)
ပင်လောင်းရောက်တာစောနေသေးတော့ နေ့လယ်စာမစားတော့ဘူး။ ကလောကို ဆက်ထွက် တယ်။ လမ်းမှာ နောင်တရား၊ တီကျစ် ကို ဖြတ်ရတယ်။ နောင်တရားကတော့ မြို့နယ်ခွဲအဆင့် တောင်ဖြစ်နေပြီ။ နှစ်နေရာလုံးက သမိုင်းကြောင်းနဲ့နာမည်ကြီးတဲ့နေရာတွေပဲ။ လွိုင်ကော်၊ ပင်လောင်းလမ်းက သာစည်-တောင်ကြီးကားလမ်း ကလော နဲ့ အောင်ပန်းကြားကို သွားပေါက် တယ်။ လမ်းခွဲက ကလောနဲ့ ပိုနီးတယ်။ အောင်ပန်းဘက်နဲ့ဆို ခြောက်မိုင်လောက်ဝေးသေးတယ်။ ဒီလမ်းခွဲတရားဝင်အမည်က ပင်လောင်းလမ်းခွဲပေါ့။ ဒါပေမယ့် ကျွန်တော်တို့ ကလောမှာသင်တန်း တက်တဲ့အချိန်က တစ်ချို့က ဒီနေရာကို မာတင် ချော်လဲ လမ်းခွဲလို့ ခေါ်ကြတယ်။ နာမည်က ထူး ဆန်းနေလို့ သမိုင်းကို ပြန်ခြေရာကောက်ကြည့်တယ်။ မာတင်ဆိုတဲ့ လူကြီး ချော်လဲ လို့ ခေါ် တာမဟုတ်ဘူးတဲ့။ “ မာတင်” ဆိုတဲ့ အိန္ဒိယContinue reading “ထင်းရှူးမြိုင် (၈)”