မိုးယွန်းကြီးအင်းကို ၁၉ ၈၈ ခုနှစ်မှာ ဒေသခံရေပျော်ငှက်တွေနဲ့ ဆောင်းခို ငှက်တွေအတွက် ဘေးမဲ့ တော အဖြစ်သတ်မှတ်ခဲ့တယ်။ မိုးယွန်းကြီးအင်းက သဘာဝအင်းမဟုတ်ပါဘူး။ ၁၉ ၀၄ ခုနှစ်မှာ တည်ဆောက်ခဲ့တဲ့လူလုပ်အင်းဖြစ်ပါတယ်။စတုရန်းမိုင်လေးဆယ်လောက်ကျယ်တယ်။ မူလ ရည်ရွယ်ချက်ကတော့ ပဲခူး-စစ်တောင်း တူးမြောင်း အတိုင်းရေယာဉ်တွေ၊သစ်ဆွဲဖောင်တွေ သွားနိုင် ဖို့ လိုအပ်တဲ့ရေကို ပေးနိုင်ဖို့ ဖြစ်ပါတယ်။ အခုတော့ ပတ်ဝန်းကျင်က လယ်ကွင်းတွေကို ရေချိုဖြန့်ဝေပေးနေပါတယ်။ မိုးယွန်းကြီးအင်းကို နှစ်စဉ်ဆောင်းခိုငှက် နှစ်သောင်းလောက်လာတယ်လို့ ဆိုတယ်။ ဒေသခံ ရေပျော်ငှက်တွေ လည်းရှိတယ်။ မိုးယွန်းကြီးအင်းကို ကျွန်တော် လာရတဲ့အကြောင်းအရင်းထဲမှာ ရေပျော် ငှက် တွေကို ဓာတ်ပုံရိုက်ဖို့ ရည်ရွယ်ချက်လည်းပါတယ်။ ဒါပေမယ့် ကျွန်တော်ဓာတ်ပုံရိုက်ဖူးတဲ့ ငှက်ဆိုတာက တိရိစ္ဆာန်ရုံထဲက ငှက်တွေ။ အခုလို သဘာဝပတ်ဝန်း ကျင်မှာ လွတ်လွတ်လပ်လပ်နေတဲ့ငှက်တွေကို ဓာတ်ပုံရိုက်တဲ့Continue reading “ငှက်ကြည့်သူ (၁)”
Author Archives: ye htut
၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ စီးပွားရေးအတွေ့အကြုံ
ရန်ကုန်မြို့ပြအများပြည် သူ သယ်ယူပို့ဆောင်ရေး (YUPT) အများပိုင်ဘတ်စ်ကားကုမ္ပဏီ မှာ ထည့်ဝင်ထားတဲ့ ကျပ် ၃၅ ဘီလီယံ လုံးပါးပျောက် ဆုံးမယ့် အခြေအနေအဖြစ်ခံမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အာမခံ ပြောကြားလိုက်ပါတယ်။ ဒီနေ့( ဒီဇင်ဘာ ၃၀ ၂၀၁၉ )ထုတ် ဆဲဗင်းဒေးသတင်းစာပါ သတင်းအရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၁။ သူအကျွမ်းကျင်ဆုံးဘာသာသာရပ်က စီးပွားရေးဖြစ်ပြီး အများပြည်သူပို့ဆောင် ရေး လုပ်ငန်းမအောင်မြင်စရာမရှိဘူး။၂။ သူဟာ စီးပွားရေးစာအုပ်တွေဖတ်နေတဲ့သူမဟုတ်ပါဘူး။၃။ Business နယ်ပယ်မှာကို အောင်မြင်ခဲ့တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။၄။ ၃၅ ဘီလီယံ လုံးပါးပါးပြီး ပျောက်ဆုံးသွားမယ့် အခြေအနေမျိုး ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး။ လို့ ပြောကြားခဲ့တာကိုတွေ့ရပါတယ်။ သူ့အနေနဲ့ ဘာစီးပွားရေးလုပ်ငန်းတွေလုပ်ပြီးအောင်မြင်ခဲ့တယ်ဆိုတာတော့ မိန့်ခွန်းထဲမှာ ထည့် ပြောမထားဘူး။Continue reading “၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ စီးပွားရေးအတွေ့အကြုံ”
ဘာလာလာ
အင်းချောင်းထဲက “ ဘာလာလာမြံှုး”ငါး၊ ငါးရှဉ့်၊ ပုဇွန် ဘာလာလာဝင်မိရင် မလွတ်စေရဘူးတဲ့။ ဘာလာလာမိအောင်ဖမ်းနိုင်တဲ့ခရိုနီမြှုံး၊ တိုင်ကွန်မြံှုးတွေကိုသတိရမိပေါ့။
ရေကျိုငါးပိ ၊ငါးပိရည်
၁၉ ၆၀ ပြည့်လွန်နှစ်တွေက ချင်းတွင်းမြစ်ဖျား ခန္တီးြ မို့လေးမှာ နေ တော့ တော်သလင်း ၊ သီတင်းကျွတ်ဆိုရင် အောက်ဘက် တံငါတွေ ရောက်လာပြီး သောင် ပြင်တွေမှာတဲထိုး၊ ငါးဖမ်းကြတယ်။ ငါးခြောက်လုပ်တယ်။ သင်ပင်တွေခုတ်ပြီး ဖျာလည်းယက်တယ်။ မိုးကျလို့ မြစ်ရေတက်ရင် ဖောင်ဖွဲ့ပြီး အောက်ပြည် အောက်ရွာကို စု ဆောင်းထားတဲ့ငါးခြောက်၊ ငါးပိ၊ ဖျာ၊ သင်အူတွေနဲ့ ပြန်ဆင်းသွားတယ်။ အမေက တံငါတဲတွေကနေ ငါးသေးလေးတွေရောရာကို ဝယ်ပြိး ရေကျိုငါးပိသိပ် တယ်။ တစ်ခါ တစ်လေတော့လည်း ဟိုကရောင်းမနေပါဘူး။ ဒီအတိုင်းကျုံးထည့်ပေးလိုက်တာပဲ။ အဲဒီအချိန်က မနက်စာဆို အကြော်နဲ့ ငါးပိရည်နဲ့ စားရတယ်။ နေ့လည်စာကျတော့ ငါးပိရည်နဲ့ ထမင်းကို နှံ့ နေအောင်နယ်ကျွေးတယ်။ ဒီလိုနဲ့ ငါးပိရည် ကို ကြိုက်တာ၊Continue reading “ရေကျိုငါးပိ ၊ငါးပိရည်”
အင်း ပုံပြင် (၄)
မနက် ၇ နာရီခွဲလောက် အင်းထဲက ဘော်ဒါတွေ အတွက် ဘီယာတစ်ဖာ၊ အင်းသူတွေအတွက် လက်ဖက် အစိတ်သား၊ အကြော်စုံအထုပ်ကြီးတစ်ထုပ်နဲ့ အတူ ဆိုင်ကယ် ကယ်ရီနဲ့ ထွက် ခဲ့ တယ်။ ကျွန်တော်က ဆိုင်ကယ်တစ်စီး၊ ကျွန်တော်ညီဝမ်းကွဲလေးနဲ့ စက်လှေသမား ကိုထွန်းထွန်း နိုင်က တစ်စီး၊ ဘီယာဖာက ကျွန်တော့်ဆိုင်ကယ်ကယ်ရီရဲ့ ရှေ့ခွင်ထဲမှာတင်လာတယ်။ အဲဒီမှာ ပစ္စည်းတင်လို့ရအောင်ခုံလေးလုပ်ထားတယ်။ ဆိုင်ကယ်ကယ်ရီဆရာရဲ့ နာမည်က ကိုမောင်ဝင်း တဲ့။ မိုးယွန်းကြီးအင်းလမ်းခွဲကနေ ညာဘက်ကို ချိုးပြီး နှစ်မိုင်လောက်မောင်းလိုက်ရင် တာဆုံ ကိုရောက်တယ်။ တာဆုံထိပ်မှာ “ ပုကိုင်တာ (အဆုံး) အလျား ၁၇ မိုင် ၊ ၄ ဖာလုံ ” ဆိုတဲ့ ဆိုင်း ဘုတ်ကြီးရှိတယ်။ တာဘောင်အတိုင်း ဆိုင်ကယ်နဲ့သွားတဲ့အခါContinue reading “အင်း ပုံပြင် (၄)”
လာချော့ စိတ်ကောက်နေတယ်
ပိုက်ထဲမှာ ပါလာတဲ့ ငါးပူတင်းသုံးကောင်နဲ့စုပ်ခွက်ငါးတစ်ကောင်။ စုပ်ခွက်ငါး ကို ငါးကျောက်ဖား လို့လည်းခေါ်တယ်။ အလှမွေးငါးကနေ အင်းတွေထဲရောက်လာတာ ။ စားလို့မရဘူး။ ငါးမွေးမြူရေးသမားတွေကတော့ သူတို့ကန်တွေထဲကို ဒီငါးတွေ ရောက်လာမှာကို ကြောက်ကြတယ်လို့ပြောတယ်။ ငါးပူတင်းကိုလည်းမစားဘူး။ ဒါပေမယ့် သေသွားတဲ့အခါ ကလေးတွေ လေပြန်မှုတ်ပြီး ဆော့ကြ တယ်။
အင်း ပုံပြင် (၃)
အင်းထဲရောက်ရင် ပထမဆုံး လုပ်ရတဲ့အလုပ်ကတော့ ဖိနပ်ချွတ်ဖို့ပဲ။ ကန်သင်းရိုးတွေပေါ်မှာ၊ ဗွက်တောတွေထဲမှာ ဖိနပ်နဲ့အဆင်မပြေဘူး။ ရွံ့တွေနဲ့ ချော်နေတဲ့ ကန်သင်းရိုးပေါ်မှာ ခြေမ လေးနဲ့ ကုတ်ပြီး ထိန်းသွားမှအဆင်ပြေတယ်။ ခြေဗလာနဲ့ဆိုရင် ဗွက်ထဲ ဖိနပ်ကျန်ခဲ့မှာ မပူရဘူးပေါ့။ အင်းသားကြီးတို့က ရေစုတ်ထားတဲ့အကန့်မှာ ပိုက်ဆွဲဖို့ပြင်နေပြီ။ သူတို့အင်းချောင်းရဲ့ ဒီအပိုင်းက တာဘောင် ပြင်တဲ့အချိန်မှာ ဘက်ဟိုးတူးထားလို့ မြောင်းဖြစ်နေ တယ်။ အောက်မှာလည်း စမ်းပေါက်ပြီးရေလိုက်နေလို့ ရေကုန်အောင်အတော်အချိန်ယူရတယ်။ ဒီနေ့ကတော့ ပိုက်ဆွဲမယ်၊ နောက်နေ့ ရေခန်းသွားရင် ကျန်တဲ့ငါးတွေကို ထပ်ဖမ်းမယ်လို့ အင်းသားကြီးက ရှင်းပြတယ်။ ကျွန်တော်က ပိုက်ဆွဲတာကို မြင်ချင်နေပေမယ့် အင်းသားကြီးတို့ကတော့ အေးအေးဆေးဆေးပဲ။ အင်းသားကြီးကိုယ်တိုင်ဦးစီးပြီး အင်းချောင်းဘေးမှာ ပိုက်ဖြန့်ပြီး ပိုက်ပေါက်တွေကို စိတ်ရှည်လက်ရှည်နဲ့ ဖာထေးပြုပြင်နေတယ်။ ပိတ်ထားတဲ့ အကန့်ထဲက ငါးတွေက ဘယ်အချိန်ဖမ်းဖမ်းရတယ်။ ဒါပေမယ့်Continue reading “အင်း ပုံပြင် (၃)”
တိမ်လား မြူလားလွမ်း ဖို့ ကောင်းတဲ့ဒီဇင်ဘာ မနက်ခင်း
ကိုတံငါ
အသက်ဘယ်လောက်လဲ၊ကျောင်းမနေဘူးလား၊ဘာညာ သာရကာဆင်စွယ်နန်းပေါ်က မေးခွန်းတွေမမေးနဲ့။အစာအိမ်ကအရာရာထက်အရေးကြီးတဲ့ဘဝတွေအများကြီးရှိတယ်။