မိုးယွန်းကြီး အင်းကို လာတဲ့သူအများစုက ကိုယ့်ကိုကိုယ် ဓာတ်ပုံရိုက်ဖို့လာတာများတယ်။ အနည်း စုက ဒေသခံရေပျော်ငှက်တွေ၊ ဆောင်းခိုငှက်တွေကို ဓာတ်ပုံရိုက်ကြတယ်။ ဒါပေမယ့် မိုးယွန်းကြီး အင်းပတ်လည်မှာနေထိုင်နေတဲ့ ရေလုပ်သားတွေ ဘဝကို ဓာတ်ပုံရိုက်တဲ့သူကတော့ လက်ချိုးရေ လို့ရမယ်ထင်ပါတယ်။ ကျွန်တော်ကတော့ ငှက်ရော၊ ရေလုပ်သားတွေ ဘဝကိုရော ဓာတ်ပုံရိုက် ဖို့ အတွက် မိုးယွန်းကြီးကိုရောက်ခဲ့တယ်။ မိုးယွန်းကြီးရောက်တော့ ဟိုတယ်က စီစဉ်ပေးတဲ့စက်လှေသမားက ကိုထွန်းထွန်းနိုင် တဲ့။ ကံ ကောင်းတာက ကိုထွန်းထွန်းနိုင်က ဒေသခံဖြစ်တဲ့အပြင် ငှက်တွေအကြောင်းလည်းသိတယ်။ အင်း သမားတွေနဲ့လည်းသိတယ်။ သူကပဲ တာဂွဘက်မှာ အင်းဖော်ဖို့ရှိတယ်။ သွားကြည့်လို့ရတယ် လို့ သတင်းပေးတယ်။ အင်းဖော်တဲ့အချိန်က ပျော်စရာအကောင်းဆုံးအချိန်ပါ။ ရွံ့ထဲမှာ ငါးဆင်းဖမ်းရတာ ပျော်ဖို့ကောင်း သလို၊ လတ်လတ်ဆတ်ဆတ်ငါးတွေချက်စားရတာလည်း ဘယ်မှာမှမရနိုင်တဲ့အရသာပဲ။ ငယ်ငယ် က ခန္တီးContinue reading “အင်း ပုံပြင် (၂)”
Author Archives: ye htut
ဆည်းဆာ
နေဝင်ပြီအချိန်တန်ပြီငှက် နဲ့ လူအတူတူပြန်ကြပေါ့
အင်း ပုံပြင် (၁)
အင်းသူကြီး ဆိုတာက ကွင်းတစ်ခုလုံးကို လေလံဆွဲပြီး လုပ်တဲ့သူကို ခေါ်တာဆိုတော့ သူ့လို အင်းအပိုင်းလေးတစ်ခုကို အင်းသူကြီးဆီအခပေးပြီးလုပ်တဲ့သူကိုတော့ အင်းသားကြီးလို့ပဲ ခေါ် ရမယ်ထင်တယ်။ သူကတော့ သူ့ကိုယ်သူ အင်းလုပ်နေတာလို့ပဲ ပြောတယ်။ ကိုအောင်ကိုဦးက လူလတ်ပိုင်း၊ ပြုံးပြုံးနဲ့ ရေလုပ်ငန်းသမားထက် ကုန်သည် ပွဲစားနဲ့ပိုတူတယ်။ ရန်ကုန်-မန္တလေး မိုင်တိုင် ၇၀ အကျော်လေးမှာ ရှိတဲ့ တာဆုံကနေ ပုကိုင်တာဘောင်အတိုင်း ဝင်သွား၊ တာဂွရောက်ရင် မိုးယွန်းကြီး ဇွဲဘတ်တာဘောင်အတိုင်း ဆယ်မိနစ်လောက်သွားရင် သူ အင်းလုပ်နေတဲ့နေရာကိုရောက်တယ်။ သူတို့လုပ်နေတာကို အင်းချောင်းလုပ်တယ်လို့ခေါ်တယ်။ မိုးယွန်းကြီးတာဘောင်အပြင်ဘက် အခြမ်း၊ လယ်ကွင်းတွေနဲ့ တာဘောင်ကြားက ချောင်းတွေကို ပိတ်ပြီးလုပ်တာဖြစ်တဲ့အတွက် အင်း ချောင်းလို့ခေါ်တာ သဘာဝကျသားပဲ။ အင်းသားကြီးတဲက မြေစိုက်တဲ။ ဘေးတစ်ဖက်မှာ မီးဖိုချောင် အဖီရှိတယ်။ တဲမကြီးက သုံးပင် နှစ်ခန်းလို့ပြောရမယ်ထင်တယ်။Continue reading “အင်း ပုံပြင် (၁)”
မိုးယွန်းကြီးအရုဏ်တက်ငှက်နဲ့ လူသားဝမ်းတစ်ထွာအတွက်အစာရှာထွက်ပြီ
စားစမ်း မနားတမ်း အောင်ပန်း
အမြန် လမ်းမကြီး မဖွင့်သေးခင်က ရန်ကုန်- မန္တလေး လမ်းဟောင်းက ပျဉ်ပုံကြီး ဈေးဘေးမှာ ဖွင့်ထားတဲ့ အောင်ပန်းထမင်းဆိုင်ကို လူသိများခဲ့တယ်။ အောင်ပန်းဆိုင် ရဲ့ ထင်ရှား တဲ့ ဟင်းတွေက ငါးရံ့အူနဲ ငါးရံ့ခေါင်းဟင်းပေါ့။ အမြန်လမ်းမကြီးပေါ်လာတော့ အောင်ပန်းဆိုင်ကို နှောင်းလူတွေ မသိကြတော့ဘူး။ ဆိုင်နေရာက လည်း ဈေးရုံအိုဘေးမှာ မှုန်မှုန်ကုပ်ကုပ်၊ ကားရပ်ဖို့နေရာလည်းမရှိတော့ သာမန်ခရီးသွားတွေ သတိမထားမိတာလည်းပါတယ်။ အခုတော့ ပျဉ်ပုံကြီးအထွက် မှာ အောင်ပန်း (၂) ဆိုပြီး ဖွင့်တယ်။ ဖွင့်တာ နှစ်ပတ်လောက်ပဲ ရှိသေးတယ်။ ကားရပ်ဖို့လည်း လွယ်တယ်၊ ဆိုင်လည်းကျယ်တယ်ဆိုလို သွားစားခဲ့တယ်။ ငါးရံ့အူဟင်း နဲ့ အဝစား၊ ဗိုက်ရိုက်စား၊ အိပ်စား ၊လှိမ့်စား၊ မနားတမ်းစား သုံးထောင့်ငါးရာ တဲ့။ ရန်ကုန်မှာ ငါးရံ့အူနဲ့စားရင် ဈေးကContinue reading “စားစမ်း မနားတမ်း အောင်ပန်း”
ကျွန်တော်နဲ့ ၆၆(ဃ)
) မနေ့က နိုင်ငံခြားသားတစ်ယောက်နဲ့တွေ့တယ်။ သူက ထေရဝါဒ ဗုဒ္ဓဘာသာဝင်၊ မြန်မာ စာ၊ မြန် မာစကား တော်တော်ဖတ်နိုင်၊ ပြောနိုင်ပါတယ်။ ၂၀၁၇ ခုနှစ်က ဗုဒ္ဓအဆုံးအမတွေနဲ့ လက်ရှိ လူမှု ဘဝအကြောင်း အင်္ဂလိပ်ဘာသာနဲ့ စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ဖူးတယ်။ သူက လူမှုကွန်ယက်တွေ အထူးသဖြင့် ဖေ့စ်ဘွတ်ပေါ်က မြန်မာနိုင်ငံသားများရဲ့ အမုန်းစကားတွေအကြောင်းကို လေ့လာနေ တာ နှစ်နှစ်ကျော်ပြီ။ ဗုဒ္ဓဘာသာဝင်အများစုနေထိုင်တဲ့နိုင်ငံမှာ နိုင်ငံရေး၊ လူမျိုးရေး၊ ဘာသာရေး ကို အကြောင်းပြုပြီး အမုန်းစကားတွေကို လွယ်လွယ်ပြောနေကြ၊ ရေးနေကြတာ ဘာ့ကြောင့်လဲ ဆိုတာကို အဖြေရှာနေတာပါပဲ။ ကျွန်တော့်ကိုတော့ သမ္မတ ဦးသိန်းစိန် အစိုးရကာလမှာ အင်တာနက်ထိန်းချုပ်မှုကို ဖယ်ရှားပေး ခဲ့ တဲ့အခြေအနေ၊ အင်တာနက်ပေါ်က အမုန်းစကားတွေကို ထိန်းချုပ်ဖို့အတွက် အစိုးရရဲ့ လုပ် ဆောင်ချက်၊Continue reading “ကျွန်တော်နဲ့ ၆၆(ဃ)”
လေဘာပါတီ အရှုံး
ဒီဇင်ဘာ ၁၂ ရက်နေ့ ဗြိတိန်ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီဟာ အများမေ ျှာ်လင့် ထား တာထက် ပိုအောင်မြင်ခဲ့ပြီး လေဘာပါတီက အရှုံးကြီးရှုံးခဲ့ရတယ်။ လေဘာပါတီရဲ့ အရေး နိမ့်မှုက ပြီးခဲ့တဲ့ ၈၄ နှစ်အတွင်းမှာ အဆိုးဝါးဆုံးအရေးနိမ့်မှုဖြစ်ခဲ့တယ်။ လေဘာပါတီ ဘာ့ကြောင့်ရှုံးရသလဲ။ခေါင်းဆောင်လေဘာပါတီခေါင်းဆောင် ဂျယ်ရမီကိုဘင်( Jeremy Corbyn) ဟာလေဘာပါတီရဲ့ လက်ဝဲစွန်း အုပ်စုက ဖြစ်ပါတယ်။ မဲဆန္ဒရှင် တွေက ကိုဘင်ကို လက်ဝဲစွန်းဝါဒီအဖြစ်နဲ့ မြင်တယ်။ ဝန်ကြီး ချုပ် မဖြစ်သင့်ဘူးလို့ယူဆတယ်။ အလုပ်သမားတွေကတောင် ကိုဘင် ကို မကြိုက်ကြဘူး။ တစ် အိမ်တစ်ဆင်း မဲဆွယ်တဲ့ လေဘာအမတ်တွေက လေဘာပါတီကိုတော့ကြိုက်တယ်၊ ကိုဘင်ကို မကြိုက်ဘူး၊ ကိုဘင်ကို မယုံဘူးဆိုတာတွေကို ကြားခဲ့ရတယ်။မူဝါဒလေဘာပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းက စာမျက်နှာ ၁၀၅ မျက်နှာရှိတယ်။Continue reading “လေဘာပါတီ အရှုံး”
ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ခေါင်းကြီး
“ဆရာသမားနှင့်တူသော မိမိတို့ ရပ်သည် ရှင်သန် ဖွံ့ဖြိုး တိုးတက်လာနိုင် ရန်အတွက် အထောက်အပံ့နှင့် စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်သည့် အစိုးရ တို့သည်လည်း ကျေးဇူးရှိသူများသာဖြစ်သည်။ ” xxတစ်ချိန်ကတော့“အစိုးရဟာ ပြည်သူတွေရဲ့ အစေခံ””အစိုးရ လုပ်ရမယ့်အလုပ်ကို အစိုးရလုပ်တာ ကျေးဇူးတင်ဖို့မလို၊ မလုပ်ရင် သာ ဝေဖန်ရမယ်”ဆိုတဲ့ အယူအဆတွေလည်း ခေတ်စားခဲ့ဖူးတယ်။
ဗြိတိန်လမ်းခွဲ ရွေးကောက်ပွဲ
မရေမရာဖြစ်နေတဲ့ ဗြိတိန်လမ်းခွဲကိစ္စဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ရွေးကောက်ပွဲ ရလဒ် ကြောင့် ဥရောပသမဂ္ဂကနေ လမ်းခွဲဖို့ သေချာသွားခဲ့ပါပြီ။ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေအတွင်းက ဝန်ကြီးချုပ် ဂျွန်ဆင်တင်ပြတဲ့ ဗြိတိန် လမ်းခွဲစာချုပ်ကို ပါလီမန်က အတည်ပြုဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရွေးကောက် ပွဲအသစ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။၂၀၁၇ ဇွန် ၈ မှာ ဝန်ကြီးချုပ် မေ က လွှတ်တော်သက်တမ်းမကုန်ခင် ရွေးကောက်ပွဲလုပ်ခဲ့တယ်။ အဲဒီအချိန်က ကွန်ဆာဗေးတစ်ပါက ၃၃၀ နေရာရထားလို့ အများစုတော့ ဖြစ်တယ်။ဒါပေမယ့် ဝန်ကြီးချုပ် ကင်မရွန်းကို ဆက်ခံခဲ့တဲ့ ဝန်ကြီးချုပ်မေ က ဥရောပသမဂ္ဂနဲ့ လမ်းခွ ဲစာချုပ် ဆွေး နွေးတဲ့အခါ ပြည်တွင်း၊ ပြည်ပမှာ သူ့ရဲ့Continue reading “ဗြိတိန်လမ်းခွဲ ရွေးကောက်ပွဲ”
ဂမ်ဘီယာ – မြန်မာ (၄)
မနေ့ ( ဒီဇင်ဘာ ၁၂ ) ရက်နေ့က ဂမ်ဘီယာ နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်ဘက်လုံးက အပြီးသတ် လေ ျှာက်လဲချက်ပေးခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ က ဂမ်ဘီယာအတွက် အရေးကြီး တဲ့ နေ့ဖြစ်ပါတယ်။ ပထမအကြိမ်လေ ျှာက်လဲချက်ပေးတဲ့အချိန်မှာ မြန်မာက ဒုတိယပေးရတဲ့ အတွက် ရှေ့က ဂမ်ဘီယာလေ ျှာက်ထားချက်အပေါ်မူတည်ပြီး ပြင်ဆင်ချေပနိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဂမ်ဘီယာအနေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာ လေ ျှာက် ထားချက်အပေါ် ထိထိရောက်ရောက်ချေပနိုင်ဖို့ လိုအပ်လာပါတယ်။ လက်တွေ့မှာလည်း ဂမ်ဘီယာဘက်က ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချခဲ့တာတွေ့ရပါတယ်။ ဂမ်ဘီယာ ဂမ်ဘီယာရဲ့လေ ျှာက်လဲချက်ကို MR.Reichler က ဦးဆောင်ခဲ့ပါတယ်။ ဂမ်ဘီယာရဲ့ လေContinue reading “ဂမ်ဘီယာ – မြန်မာ (၄)”