မတ်လ ၄ ရက်နေ့မှာ မလေးရှား လွှတ်တော်ဥက္ကဋ္ဌ Ariff Yusof က ဝန်ကြီးချုပ်ဟောင်း မဟာ သီယာ တောင်းဆိုနေတဲ့ မတ်လ ၉ ရက်နေ့မှာ လွှတ်တော်ခေါ်ပေးဖို့ဆိုတာ မဖြစ်နိုင်တဲ့ အကြောင်း ပြောကြားလိုက်ပါတယ်။ အရင် မဟာသီယာအစိုးရလက်ထက်မှာ အတည်ပြုထားတဲ့ လွှတ်တော်ပြက္ခဒိန်အရ ၂၀၂၀ အတွင်းမှာ လွှတ်တော်အစည်းအဝေးတွေကို မေ ၁၈ ကနေ ဇွန် ၂၃ ၊ ဇူလိုင် ၂၇ ကနေ သြဂုတ် ၂၇ နဲ့ စက်တင်ဘာ ၂၈ ကနေ နိုဝင်ဘာ ၂၆ ကြားမှာ ကျင်းပဖို့ သတ်မှတ်ထားတာဖြစ် ပါတယ်။ ဝန်ကြီးချုပ်အသစ်ရွေးချယ်ဖို့အတွက် အန်ဝါနဲ့ မဟာသီယာကြား အပြိုင်အဆိုင် ကြိုးစားနေချိန်မှာ ယာယီဝန်ကြီးချုပ် မဟာသီယာက မတ်လContinue reading “မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး (၃)”
Category Archives: International
မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး (၂)
မလေးရှားဝန်ကြီးချုပ် နေရာအတွက် မဟာသီယာ နဲ့ အန်ဝါ ကြားလွန်ဆွဲပွဲကနေ ရှုပ်ထွေးလာတဲ့ မလေးရှားနိုင်ငံရေးဟာ နောက်ထပ် အလှည့်အပြောင်းတစ်ခုနဲ့ ကြုံခဲ့ပြန်ပါပြီ။ ဖေဖော်ဝါရီ ၂၄ ရက်နေ့ မဟာသီယာ ဝန်ကြီးချုပ်အဖြစ်က နှုတ်ထွက်ပြီးတဲ့နောက်မှာ မလေးရှား ဘုရင်က ု ဖေဖော်ဝါရီလ ၂၅ ၊ ၂၆ ရက်နေ့တွေမှာ လွှတ်တော်အမတ် ၂၂၂ ယောက်ကို တစ်ဦး ချင်းခေါ်တွေ့ခဲ့တယ်။ ဘုရင်က အမတ်တွေကို ဝန်ကြီးချုပ်နေရာအတွက် မဟာသီယာ ကို ထောက်ခံသလား၊ အန်ဝါကို ထောက်ခံသလား၊ ဒါမှမဟုတ် လွှတ်တော်ကို ဖျက်သိမ်းပြီး ရွေးကောက်ပွဲအသစ် လုပ်တာလိုချင်သလားလို့ မေးခဲ့တယ်လို့ဆိုတယ်။ အဲဒီအချိန်မှာ မဟာသီယာရော၊အန်ဝါ နှစ်ယောက်လုံးက သူတို့ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံ မယ့် အမတ်အရေအတွက်ရှိတယ်လို့ပြောခဲ့ကြပေမယ့် ဘုရင်ကတော့ ဘယ်သူမှ ဝန်ကြီးချုပ်Continue reading “မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး (၂)”
မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး
မနေ့ ( ဖေဖော်ဝါရီ ၂၄ ) ရက်နေ့မှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာ ရာထူးက နုတ်ထွ က် ကြောင်းကြေငြာခဲ့တယ်။ မြန်မာမီဒီယာတစ်ချို့မှာ ဒါဟာ ရုတ်တရက်ဖြစ်ခဲ့တဲ့ အံ့သြစရာအဖြစ် အပျက်သဘော ရေးခဲ့ကြတယ်။ တကယ်တော့ ဒီလိုဖြစ်ဖို့အတွက် တာစူခဲ့တာ သုံးလလောက် ရှိခဲ့ ပါပြီ။ နောက်ခံသမိုင်း လက်ရှိ မဟာသီယာ ဝန်ကြီးချုပ်လုပ်နေတာဟာ PH လို့ခေါ်တဲ့ Pakatan Harapan ညွန့်ပေါင်း အဖွဲ့ရဲ့ ထောက်ခံမှုနဲ့ လုပ်နေတာဖြစ်ပါတယ်။ PH, Pakatan Harapan ဆိုတာ မေ ျှာ်လင့်ခြင်း မဟာမိတ်အဖွဲ့ ( Alliance of Hope) ကို မလေးဘာသာနဲ့ခေါ်တာဖြစ်ပါတယ်။ ဒီအဖွဲ့ဟာ ၂၀၁၈ ခုနှစ် အထွေထွေရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် နာဂျစ်ခေါင်းဆောင်တဲ့Continue reading “မလေးရှား နိုင်ငံရေး ရှုပ်ရှုပ်ထွေးထွေး”
တရုတ်- မြန်မာဆက်ဆံရေးနဲ့ပတ်သက်တဲ့ ဒီကဗျာလေးရဲ့ မြန်မာဘာသာပြန်ကို ဖတ်ဖူးနေတာ ကြာပြီ။ တရုတ်စာသားကိုတော့ သမ္မတကြီး ဦးဝင်းမြင့် ရွတ်ပြမှ သိရတော့တယ်။တရုတ်ခေါင်းဆောင်ကြီး တစ်ဦးဖြစ်သည့် မာရှယ်ချိန်ယိကိုယ်တိုင်စပ်ဆိုခဲ့သော ကဗျာထဲကစာသားကဲ့သို့“ကျွန်ုပ်က မြစ်ညာမှာနေ၍ ၊ အဆွေက မြစ်ခြေမှာနေကာတစ်ရေတည်းကိုသောက်ကြတဲ့” (ဝေါ်ကျုကျန်းကျစ်ထို၊ နင်ကျုကျန်းကျစ်ဝေ၊ကုန့်ယင်အိကျန်းရွှေ) ဆွေမျိုးပေါက်ဖော်များ ဖြစ်ကြပါကြောင်း။( မိန့်ခွန်းကောက်နှုတ်ချက်)
အိုဘားမားရဲ့ ချစ်ကြည်ရေးခရီးစဉ်
၂၀၀၁ ခုနှစ် တရုတ်သမ္မတ ကျန်စီမင်းရဲ့ မြန်မာနိုင်ငံချစ်ကြည်ရေးခရီးစဉ်အပြီး နှစ်နှစ်ဆယ်နီးပါး ကြာမှ တရုတ်သမ္မတ ရှီကျင့်ဖျင် မြန်မာနိုင်ငံကို လာရောက်လည်ပတ်တဲ့အခါ အင်န်အယ်လ်ဒီ ပါတီကိုထောက်ခံသူတွေက အင်မတန်အရေးပါတဲ့ သံတမန်ရေးရာအောင်မြင်မှုကြီး အဖြစ် ချီးမွမ်း ကြတယ်။အစဉ်အလာ မဟာမိတ်နိုင်ငံခေါင်းဆောင်တစ်ယောက် နှစ်ဆယ်နီးပါးကြာမှ ချစ်ကြည်ရေးခရီး ပြန် လာနိုင်တာကို ဂုဏ်ယူကြတယ်ဆိုရင်သမ္မတဦးသိန်းစိန်ခေါင်းဆောင်တဲ့ ပြည်ခိုင်ဖြိုး အစိုးရတာဝန်ယူချိန်မှာ မြန်မာနိုင်ငံ လွတ်လပ်ရေး ရပြီး ထဲက တစ်ကြိမ်မှာ ချစ်ကြည်ရေးခရီး မလာဘူးတဲ့၊ ၁၉ ၈၈ ခုနှစ် နောက်ပိုင်း မှာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ဦးဆောင်ချမှတ်ခဲ့တဲ့ အမေရိကန်နိုင်ငံရဲ့ သမ္မတ အိုဘားမား တစ်ယောက် မြန်မာနိုင်ငံကို နှစ်ကြိမ်တိတိ လာရောက်လည်ပတ်ခဲ့တာကိုလည်း ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေ ဂုဏ်ယူသင့်တာပေါ့။လက်ရှိသမ္မတ ထရမ့် ကတော့ မြောက်ကိုရီးယားနယ်စပ်မျဉ်းကို ဖြတ်ကျော်ခြေချခဲ့ပေမယ့် နေပြည်တော်ဘက်ကိုContinue reading “အိုဘားမားရဲ့ ချစ်ကြည်ရေးခရီးစဉ်”
အရင် အစိုးရ အဆက်ဆက်ကတော့ နိုင်ငံခြားခေါင်းဆောင်တွေရဲ့ ခရီးစဉ် တွေမှာ “xx အားလှိုက်လှဲစွာကြိုဆိုပါ၏“ လို့ရေးတယ်လို့ပဲ မှတ်သားမိ ပါတယ်။ ဓာတ်ပုံ ဆိုရင်လည်း နှစ်နိုင်ငံ ခေါင်းဆောင်တွေပုံကို ယှဉ်တွဲပြီး ဖော်ပြတာများပါတယ်။အခု ပိုစတာကတော့ မြန်မာနိုင်ငံမှာလား၊ တရုတ်နိုင်ငံမှာလား မကွဲပြားဘူး။ နေပြည်တော်မှာ စိုက်ထူထားတာဆိုရင်တော့ အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ တရုတ် – မြန်မာ ချစ်ကြည်ရေး တစ်ဆင့်တက်ပြီလို့ ယူဆရမှာပဲ။ဦးသိန်းစိန် အစိုးရလက်ထက်မှာ တရုတ်ကြောက်အစိုးရလို့ ဝေဖန်ခံရတယ်။ အခု သမ္မတဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လက်ထက်မှာတော့ တရုတ်ချစ် အစိုးရ လို့ပြောလို့ရတဲ့အထိ ချစ်ကြည်ရေး အဆင့်တိုးမြှင့်လာပြီလို့ ပြောနိုင်မယ်ထင်ပါတယ်။
၂၀၂၀ မြန်မာ နဲ့ ကမ္ဘာ
၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာအပါအဝင် လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေမှုအပေါ် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၃၄ မဲ၊ ကန့်ကွက်မဲ ၉ မဲ ၊ မဲမပေး တဲ့ နိုင်ငံ ၂၈ နိုင်ငံ နဲ့ အတည်ပြုခဲ့တယ်။ ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေအပေါ် အများကြီးရိုက်ခတ်နိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ပြည်တွင်းနိုင်ငံရေးအကဲခတ်တွေနဲ့ မီဒီယာ အများစုကတော့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိတဲ့ အတွက် အရေးမကြီးတဲ့ သဘော ပြောကြတယ်။ အဲဒီလိုပြောတဲ့အထဲမှာ အာဏာရ အင်န်အယ်လ်ဒီအစိုးရ နဲ့ ပါတီအသိုင်းအဝန်းက လူတွေပါ ပါနေ တာကတော့ အတော်အံ့သြဖို့ကောင်းတယ်။ ၁၉Continue reading “၂၀၂၀ မြန်မာ နဲ့ ကမ္ဘာ”
လေဘာပါတီ အရှုံး
ဒီဇင်ဘာ ၁၂ ရက်နေ့ ဗြိတိန်ရွေးကောက်ပွဲမှာ ကွန်ဆာဗေးတစ်ပါတီဟာ အများမေ ျှာ်လင့် ထား တာထက် ပိုအောင်မြင်ခဲ့ပြီး လေဘာပါတီက အရှုံးကြီးရှုံးခဲ့ရတယ်။ လေဘာပါတီရဲ့ အရေး နိမ့်မှုက ပြီးခဲ့တဲ့ ၈၄ နှစ်အတွင်းမှာ အဆိုးဝါးဆုံးအရေးနိမ့်မှုဖြစ်ခဲ့တယ်။ လေဘာပါတီ ဘာ့ကြောင့်ရှုံးရသလဲ။ခေါင်းဆောင်လေဘာပါတီခေါင်းဆောင် ဂျယ်ရမီကိုဘင်( Jeremy Corbyn) ဟာလေဘာပါတီရဲ့ လက်ဝဲစွန်း အုပ်စုက ဖြစ်ပါတယ်။ မဲဆန္ဒရှင် တွေက ကိုဘင်ကို လက်ဝဲစွန်းဝါဒီအဖြစ်နဲ့ မြင်တယ်။ ဝန်ကြီး ချုပ် မဖြစ်သင့်ဘူးလို့ယူဆတယ်။ အလုပ်သမားတွေကတောင် ကိုဘင် ကို မကြိုက်ကြဘူး။ တစ် အိမ်တစ်ဆင်း မဲဆွယ်တဲ့ လေဘာအမတ်တွေက လေဘာပါတီကိုတော့ကြိုက်တယ်၊ ကိုဘင်ကို မကြိုက်ဘူး၊ ကိုဘင်ကို မယုံဘူးဆိုတာတွေကို ကြားခဲ့ရတယ်။မူဝါဒလေဘာပါတီရဲ့ ရွေးကောက်ပွဲ ကြေညာစာတမ်းက စာမျက်နှာ ၁၀၅ မျက်နှာရှိတယ်။Continue reading “လေဘာပါတီ အရှုံး”
ဗြိတိန်လမ်းခွဲ ရွေးကောက်ပွဲ
မရေမရာဖြစ်နေတဲ့ ဗြိတိန်လမ်းခွဲကိစ္စဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ရွေးကောက်ပွဲ ရလဒ် ကြောင့် ဥရောပသမဂ္ဂကနေ လမ်းခွဲဖို့ သေချာသွားခဲ့ပါပြီ။ပြီးခဲ့တဲ့ စက်တင်ဘာ၊ အောက်တိုဘာလတွေအတွင်းက ဝန်ကြီးချုပ် ဂျွန်ဆင်တင်ပြတဲ့ ဗြိတိန် လမ်းခွဲစာချုပ်ကို ပါလီမန်က အတည်ပြုဖို့ ငြင်းဆန်ခဲ့ပြီးတဲ့နောက်မှာ ဝန်ကြီးချုပ်က ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ရွေးကောက် ပွဲအသစ်ကျင်းပဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။၂၀၁၇ ဇွန် ၈ မှာ ဝန်ကြီးချုပ် မေ က လွှတ်တော်သက်တမ်းမကုန်ခင် ရွေးကောက်ပွဲလုပ်ခဲ့တယ်။ အဲဒီအချိန်က ကွန်ဆာဗေးတစ်ပါက ၃၃၀ နေရာရထားလို့ အများစုတော့ ဖြစ်တယ်။ဒါပေမယ့် ဝန်ကြီးချုပ် ကင်မရွန်းကို ဆက်ခံခဲ့တဲ့ ဝန်ကြီးချုပ်မေ က ဥရောပသမဂ္ဂနဲ့ လမ်းခွ ဲစာချုပ် ဆွေး နွေးတဲ့အခါ ပြည်တွင်း၊ ပြည်ပမှာ သူ့ရဲ့Continue reading “ဗြိတိန်လမ်းခွဲ ရွေးကောက်ပွဲ”
ဂမ်ဘီယာ – မြန်မာ (၄)
မနေ့ ( ဒီဇင်ဘာ ၁၂ ) ရက်နေ့က ဂမ်ဘီယာ နိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်ဘက်လုံးက အပြီးသတ် လေ ျှာက်လဲချက်ပေးခဲ့ကြပါတယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့ က ဂမ်ဘီယာအတွက် အရေးကြီး တဲ့ နေ့ဖြစ်ပါတယ်။ ပထမအကြိမ်လေ ျှာက်လဲချက်ပေးတဲ့အချိန်မှာ မြန်မာက ဒုတိယပေးရတဲ့ အတွက် ရှေ့က ဂမ်ဘီယာလေ ျှာက်ထားချက်အပေါ်မူတည်ပြီး ပြင်ဆင်ချေပနိုင်ခဲ့တယ်။ ဒါ့ကြောင့် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဂမ်ဘီယာအနေနဲ့ ဒီဇင်ဘာ ၁၁ ရက်နေ့ မြန်မာ လေ ျှာက် ထားချက်အပေါ် ထိထိရောက်ရောက်ချေပနိုင်ဖို့ လိုအပ်လာပါတယ်။ လက်တွေ့မှာလည်း ဂမ်ဘီယာဘက်က ဒီအခွင့်အရေးကိုကောင်းကောင်းအသုံးချခဲ့တာတွေ့ရပါတယ်။ ဂမ်ဘီယာ ဂမ်ဘီယာရဲ့လေ ျှာက်လဲချက်ကို MR.Reichler က ဦးဆောင်ခဲ့ပါတယ်။ ဂမ်ဘီယာရဲ့ လေContinue reading “ဂမ်ဘီယာ – မြန်မာ (၄)”