ရွှေတိဂုံစေတီတော် ဝတ္တုကံမြေ ဖြစ်တဲ့ အလယ်ပစ္စယံနဲ့ အောက်ပစ္စယံမှာ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်း နှစ်ဆယ်ကျော်ရှိပါတယ်။ တစ်ချို့ကျောင်းတွေက နှစ်ရာချီ သက် တမ်း ရှိနေပါပြီ။ တစ်ချို့ကျောင်းတွေကတော့ ဇရပ်ကနေ ကျောင်းဖြစ်လာတာပါ။ တစ်ချို့ကျောင်း တွေက မူလအလှုရှင်တွေရှိနေသေးပေမယ့် တစ်ချို့ ကျောင်းတွေကတော့ အလှုရှင်သစ်တွေက ထိန်းသိမ်းစောင့်ရှောက်ထားပါတယ်။
အလယ်ပစ္စယံနဲ့ အောက်ပစ္စယံကို ရောက်သွားရင် သစ်ရိပ် ၊ ဝါးရိပ်တွေနဲ့ အင်မတန်အေးချမ်းပါ တယ်။ ကားသံ၊ လူသံ မကြားရသလောက်ပဲ။ ဂေါပကအဖွဲ့က ဝန်ထမ်းတွေနဲ့ လုံခြုံရေး တပ်ဖွဲ့ တွေ နေတဲ့ အဆောက်အဦတစ်ချို့ရှိပေမယ့် သာသနာရေးဆိုင်ရာအဆောက်အဦတွေက ပိုများ ပါတယ်။
ဒီဘုန်းကြီးကျောင်းတွေမှာ ဝါတွင်း၊ ဝါပ ဥပုသ်ပေးတာရှိသလို တရားစခန်းတွေလည်း ရှိပါတယ်။ ဒကာ၊ ဒကာမ ပေါများပြီး ဆွမ်းကွမ်းအဆင်ပြေတဲ့ကျောင်းရှိသလို ဒကာနည်းတဲ့ကျောင်းတွေ လည်းရှိပါတယ်။ ကျောင်းတိုက်တိုင်းမှာ စိတ်ဝင်စားဖွယ်ရာ သမိုင်းကြောင်းတွေရှိတယ်။ ဒီကျောင်း တိုက်တွေ အနီးအနားမှာပဲ လူသိနည်းတဲ့ စိတ်ဝင်စားစရာနေရာတွေလည်း ရှိတယ်။
ရွှေတိဂုံ စေတီတော်ကို ဘုရားဖူးလာသူအများစုက ဓာတ်လှေကားနဲ့ ဖြစ်စေ၊ စောင်းတန်း က ဖြစ်စေ ရင်ပြင်တော်ပေါ်တက်ပြီး ကြည်ညိုပူဇော်တာများတော့ ရွှေတိဂုံ စေတီတော် အလယ်ပစ္စယံ နဲ့ အောက် ပစ္စယံမှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းနဲ့ဇရပ်တွေ ဆီ ရောက်ဖူးသူ အတော် နည်း ပါတယ်။
ဒါ့ကြောင့် အလယ်ပစ္စယံနဲ့ အောက်ပစ္စယံမှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေ၊ သီလရှင်ကျောင်း တွေ၊ ဇရပ်တွေနဲ့ အခြားစိတ်ဝင်စားစရာနေရာတွေကို လေ့လာပြီး စာဖတ်သူတွေကို မ ျှေ၀ လိုက် ပါတယ်။ အခုဆောင်းပါးတွေက သုတေသနဆောင်းပါးမဟုတ်ပါဘူး၊ သာမန်ဘုရားဖူး တစ် ယောက် မြင်တွေ့ခဲ့တဲ့ ပုံရိပ်ကောက်ကြောင်းသာဖြစ်ပါတယ်။
ဖွားသဲနု ဇရပ်
ရွှေတိဂုံ စေတီတော် တောင်ဘက် မုခ်ကနေ ခြေလျင်တက်မယ်ဆိုရင်၊ ဒါမှမဟုတ် တောင်ဘက်မုခ် ယာဉ်ရပ်နားကွင်းမှာ ကားရပ်ပြီး စောင်းတန်းဘက်ကို ဝင်လာမယ်ဆိုရင် သစ္စာမဏ္ဍိုင် ဆိုတဲ့ ဘာသာရေးစာအုပ်ဆိုင်ကိုတွေ့ပါလိမ့်မယ်။ စောင်းတန်းကတက်ရင် ဘယ်ဘက်အခြမ်းပေါ့။ အဲဒီ ဆိုင်ဘေး လမ်းကြားလေး အတိုင်းနောက်ဘက်ကို သွားလိုက်ရင် နောက်ထပ် စာအုပ် ဆိုင် တန်းတစ်ခုရှိပါတယ်။ အဲဒီ စာအုပ် ဆိုင်တန်းက တင်တင်အေးစာအုပ်ဆိုင်ဘေး လမ်းအတိုင်း သွား လိုက်တဲ့အခါ အုပ်နံရံမှာ ဝင်ပေါက် တစ်ခု နဲ့လှေကားကို တွေ့မယ်။ လှေကားက နှစ်စင်း၊ ဘယ်/ညာ ဆင်းလို့ရတယ်။
အဲဒီလှေကားကနေ ဆင်းလိုက်တဲ့အခါ “ ရွှေတိဂုံစေတီတော်၊ တောင်ဘက် စောင်းတန်း/ ဈေး တော်ရုံ ဗုဒ္ဓဝေယျာဝစ္စအသင်း” ဆိုတဲ့ အဆောက်အဦလေးတစ်ခုရှိတယ်။ သူ့နဲ့ကပ်လျက်မှာ လုံ ခြုံရေးအဖွဲ့တွေနေတဲ့တန်းလျားနှစ်ခုရှိတယ်။ အဲဒီတန်းလျားတွေ ရှေ့က အုတ်စီ လမ်းလေး အတိုင်း သွားရင် ဖွားသဲနုဇရပ် ကိုရောက်တယ်။
ဖွားသဲနုဇရပ်က အခုတော့ ကျောင်းဖြစ်နေပြီ။ ကျောင်းအဝင်မှာ ဖွားသဲနု ဓမ္မဗိမာန်ကျောင်းလို့ ဆိုင်းဘုတ်ရှိတယ်။ ကျောင်းက နှစ်ထပ်ကျောင်း။ ဒါပေမယ့် မူလက ခြေတံရှည်ဇရပ်ကို အောက်မှာ ပြန်ပြီး အခန်းဖွဲ့ထားတာ။ သံဃာတော်တွေက အောက်ထပ်မှာ သီတင်းသုံးတယ်။ အပေါ်ထပ် ကတော့ ဘုရားခန်း၊ အောက်ထပ်က ခြောက်ပေလောက်ပဲရှိတယ်။ အတော်နိမ့်တယ်။ ကျောင်း ရှေ့ လှေကားကတော့ နောက်မှာ မွမ်းမံထားတယ်လို့ယူဆရတဲ့ အုတ်လှေကားကြီးဖြစ် ပါတယ်။ ဇရပ်အောက်ခြေအတွင်းဘက်နေ တက်တဲ့လှေကားတစ်ခုရှိတယ်။ အဲဒါက မူလလှေကားလို့ ယူ ဆရပါတယ်။
ဖွားသဲနုဇရပ်ကို သားဖြစ်သူက ၁၂၉ ၈ ခုနှစ်မှာ ဆောက်လုပ်လှုဒါန်းတယ်။ ကျောင်းတိုက်လှေကား အတက်မုခ်ဦးမှာ “ ဘိုးဘိုးမင်း၊ ဘွားသဲနု၊ သုဓမ္မာစရပ်၊ ၁၂၉ ၈ ခုနှစ်” သစ်သားဖောင်းကြွစာလုံး နဲ့ ရေးထိုးထားတယ်။ ဘုရားခန်းထဲမှာ ဘွားသဲနု ဓာတ်ပုံကြီးရှိတယ်။ ဘိုးဘိုးမင်းရဲ့ ပုံတော့ မရှိ ဘူး။ ဘွားသဲနုအကြောင်းကို ပြောပြနိုင်သူမရှိဘူး။ မှတ်တမ်းလည်းမတွေ့ခဲ့ရဘူး။ သူ့သားအမည်ကို လည်း မသိခဲ့ရဘူး။ ဘွားသဲနု မြေးမြစ်တွေလည်း လာရောက်ဆက်သွယ်လှုဒါန်းတာမရှိတော့ဘူး လို့ သိရတယ်။
အခု ဖွားသဲနု ဓမ္မဗိမာန်ကျောင်းမှာ ကျောင်းထိုင်ဆရာတော်က ဆရာတော် ဦး နရပီယ ပါ။ ဆရာတော်တို့ အရင်သီတင်းသုံးခဲ့တဲ့ကျောင်းက ပေ ၃၀၀၊ ပေ ၁၀၀ ကျောင်းတိုက်ဖြစ်ပြီး အခု ဗုဒ္ဓပြတိုက်လုပ်ထားပါတယ်။
အဲဒီကျောင်းတိုက်က နေရင်း ဦးကောဝိဒဆရာတော်ရဲ့ကျောင်းဖြစ်ပါတယ်။ ၁၉ ၉ ၁ ခုနှစ်မှာ သာ သနာရေးဝန်ကြီးဌာန ဝန်ကြီး ဗိုလ်ချုပ်မျိုးညွှန့်က အဲဒီကျောင်းကို ပြတိုက်လုပ်ဖို့အတွက် အလှုခံခဲ့ ပြီး ဂေါပကအဖွဲ့က ဖွားသဲနုဇရပ်ကို ကျောင်းအဖြစ်နဲ့ သီတင်းသုံးဖို့ သတ်မှတ်ပေးခဲ့တာဖြစ်ပါ တယ်။
ဆရာတော်ဦးကောဝိဒ ပြီးတော့ ဆရာတော် ဦးဓမ္မာနန္ဒ၊ ဆရာတော် ဦးဉာဏ နဲ့ အခုဆရာတော် ဦးနရပီယတို့က အစဉ်အဆက် ကျောင်းထိုင်ပါတယ်။ ဆရာတော် ဦးဓမ္မာနန္ဒ လက်ထက်မှာ အခု နေရာကို ရွှေ့ခဲ့ရတာဖြစ်ပါတယ်။ ဆရာတော် ဦးကောဝိဒက ရေစကြိုနယ် နေရင်းရွာဇာတိဖြစ်လို့ နေရင်း ဦးကောဝိဒလို့ အမည်တွင်တာဖြစ် ပါတယ်။ အခုဆရာတော်က ရေစကြိုနယ် ပုခန်းကြီး ဇာတိပါ။
ဖွားသဲနုဇရပ်အပေါ်ထပ်မှာ ဖွားသဲနု ဓမ္မဗိမာန်ကျောင်းကို ပြန်လည်မွမ်းမံတဲ့အလှုရှင်စာရင်း နှစ်ခု တွေ့တယ်။ ပထမတစ်ခုက အတွင်းဘက်က တက်တဲ့လှေကားထိပ်မှာ ရှိတယ်။ “ ဖွားသဲနု ဓမ္မဗိမာန်ကျောင်း တော်ကြီး တိုးချဲ့ပြုပြင်ရာ၌အလှုရှင်များစာရင်း” လို့ရေးထားတယ်။ ခုနှစ်ဖော် ပြ မထားဘူး။ အလှုရှင်အမည် ၈၀ ဦးတွေ့တယ်။ အများဆုံးလှုဒါန်းသူက သွတ် ၂၂ ချပ်နဲ့ ၁၇ သိန်း ပါ။ ဒီနေရာ ကို ကျောင်းစရွှေ့တဲ့ ၁၉ ၉ ၀ ပြည့်လွန်နှစ်တွေက အလှုစာရင်းလို့ ခန့်မှန်းရပါတယ်။
ဒုတိယမှတ်တမ်းကတော့ “ ကွယ်လွန်သူ ဖွားဖွားကြီး ဒေါ်ဖွားရင်၊ ကျေးဇူးရှင် မိဘများဖြစ်ကြ သော ဦးဂန္ဒီအနားမလဲ+ ဒေါ်တင်မေ၊ ဦးအာရ်မွန်+ဒေါ်ခင်ညွှန့်၊ ခင်ပွန်း ဦးကြီးမြင့် အသက် (၆၂)နှစ် တို့ အားရည်စူူး၍ ကျန်ရစ်သူ ဇနီး ဒေါ်အမာကြည်နှင့် သားသမီးမြေးများမှ ဖွားသဲနု၊ ဓမ္မဗိမာန် ကျောင်း တော်ကြီးအား ပြန်လည်ပြုပြင် မွန်းမံ၍လှုဒါန်းပါသည် (၁-၁-၂၀၁၄)” လို့ ရေးထားပါတယ်။
ဖွားသဲနု ဇရပ်ဘေးမှာပဲ သီလရှင်ကြီးတစ်ပါးရဲ့ ကျောင်းလေးရှိတယ်။ ဒါကလည်း ဖွားသဲနုဓမ္မဗိမာန် ကျောင်းဝင်းထဲမှာရှိလို့ ဖွားသဲနုဇရပ်သီလရှင်ကျောင်းလို့ပဲ စာရင်းပေါက်ပါတယ်။
လူစွမ်း လူစ
အရပ်မြင့်မြင့် ၊ ကိုယ်လုံးပါးပါး၊ ရှပ်အကျီ ၤ လက်ရှည်အကွက်က ဖရိုဖရဲ၊ ခါးမှာ ကာကီ ရောင် ဘောင်းဘီတို၊ခြေထောက်မှာ ညှပ်ဖိနပ်၊ ကြောပိုးအိပ် သေးသေး လေးလွယ်ထားတယ်။ ဆံပင် ရှည် ရှည် ၊ နှုတ်ခမ်းမွှေး၊ မုတ်ဆိတ်မွှေးတွေက ထိုးထိုးထောင်ထောင်၊ လူပုံက ပေတူးတူး။
ပိုက်ကျော်ခြင်းဝိုင်းတွေမှာ သူ့နာမည်ရင်းကို သိတဲ့သူနည်းတယ်။ အိမ်နာမည် xx ကြီး ဆိုတာနဲ့ပဲ သိကြတယ်။ ခြင်းဝိုင်းကောင်းပြီ ဆိုရင် သူရောက်လာပြီ။ ကိုယ်တိုင်ကလည်း ခြင်းသမား၊ ရန်ကုန် တင်မဟုတ် နယ်တွေအထိ ဆင်းခတ်တဲ့သူ။ သူ့အကြောင်း မသိတဲ့သူတွေအတွက်တော့ သူဟာ ကြေးစားခြင်းသမားတစ်ယောက်ပဲ။ ဒါပေမယ့် သူ့ဘဝက အဲဒီလိုမဟုတ်ဘူး။
သူ့ကို တောင်ဒဂုံ ၆၅ရပ်ကွက် ပိုက်ကျော်ခြင်းကွင်းဘေး လက်ဖက်ရည်ဆိုင်မှာ တွေ့ခဲ့တယ်။ သူ့ ဘ၀ ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းတယ်။ ဒါပေမယ့် သူက နာမည်နဲ့ ဓာတ်ပုံမဖော်ပြပါနဲ့ လို့ တောင်းပန်တယ်။
သူ့ဇာတိက ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ဖဒိုမြို့နဲ့ သုံးမိုင်လောက်ဝေးတဲ့ရွာပါ။ မိဘတွေက တောင်သူ၊ ဗမာတိုင်းရင်းသား။ ညီအကိုမောင်နှမ ( ၇) ယောက်မှာ သူက အငယ်ဆုံး။ မိဘတွေ က လယ်လုပ်တယ်ဆိုပေမယ့် ချောင်လည်တာမဟုတ်ဘူး။ ရရစားစားပဲ။ သူငါးတန်း၊ ခြောက်တန်း ရောက်တော့ ပိုက်ကျော်ခြင်းခတ်တယ်၊ ဇယ်တောက်တယ်၊ ဘောလုံးကစားတယ်။ ကျောင်းက ဖဒိုကို သွားတက်ရတယ်။ ခုနှစ်တန်း၊ ရှစ် တန်းရောက်တော့ စာမေးပွဲနီးတဲ့အခါ အနီးကပ်ကျူရှင် တက်ဖို့အတွက် ငွေလိုတယ်။ အဖေအမေဆီကမတောင်းချင်တော့ ပဲဆွတ်၊ ပိုက်ကျော်ခြင်း ခတ်၊ ဇယ်တောက်ပြီး ငွေရှာတယ်။ အဲဒီအချိန်ထဲက ကိုယ့်အားကိုယ်ကိုးရမယ်ဆိုတာကို နားလည် လာ တယ်။
ကိုးတန်းရောက်တော့ အမတွေဆီကနေ သီတဂူဆရာတော်ရဲ့ တရားစာအုပ်တစ်အုပ်ဖတ် ရ တယ်။ ဆရာတော်ရဲ့ မိဘကျေးဇူးအကြောင်းတရားကို နာပြီး မိဘကို လုပ်ကျွေးရမယ်၊ အလုပ်လုပ် ရင် ကောင်းတဲ့အလုပ်ကိုပဲ လုပ်ရမယ်၊ မကောင်းတာတွေကို ရှောင်ရမယ်ဆိုတာ နားလည် လာ တယ်။
၂၀၀၁-၂ ခုနှစ် ဆယ်တန်းဖြေပြီးတော့ ရန်ကုန်တက်လာပြီး ရွှေပြည်သာက ဆီစက်မှာ အလုပ် လုပ်တယ်။ အဲဒီအချိန်မှာ အမတစ် ယောက်က အထည်ချုပ်စက်ရုံမှာလုပ်နေပြီ။ ဒါ သူ့ဘဝမှာ ပထမဆုံးအကြိမ် အလုပ်ကြမ်း ကို ပြင်းပြင်းထန်ထန် လုပ်ဖူးတာပဲ။ မြေပဲအိတ်တွေကို တစ်နေ ကုန်ထမ်းရတာ ၁၇ နှစ်သား တစ် ယောက်အတွက် မလွယ်ဘူး။ ဆီစက်မှာလုပ်တော့ တစ်နေ့ ခြောက်ရာရတယ်။ ထမင်းကို အမဆီမှာ ကပ်စား ရတယ်။ ရတဲ့ပိုက်ဆံအားလုံးကို ကျစ်ကျစ် ပါအောင်စုပြီး အမေတို့ကို ပေးတယ်။
ဒါပေမယ့် အဲဒီအချိန်က စက်ရုံ တွေ၊ အထည်ချုပ်တွေကလည်း လှုပ်လှုပ် လှုပ်လှုပ် နဲ့ အခြေ အနေမကောင်းဘူး။ ဒီလိုနဲ့ သူလုပ် နေတဲ့ ဆီစက်ပိတ်သွားတယ်။ အလုပ်ရှင်က လိပ်စာတွေ၊ မှတ်ပုံတင်တွေတောင်းထားပြီး စက်ရုံ ပြန် ဖွင့်ရင် ခေါ်မယ်လို့ပြောတယ်။ ဒါပေမယ့် ပြန် မခေါ်ပါ ဘူး။ အခုအချိန်ကျမှ အလုပ်သမားတွေကို စက်ရုံပိတ်တဲ့အတွက် လျော်ကြေးပေးရမှာ စိုးရိမ်လို့ အချိုသတ်ပြီး ပြန်လွှတ်လိုက်တယ်ဆိုတာ နားလည်တယ်။
ဒါနဲ့ အမလုပ်နေတဲ့ အထည်ချုပ်စက်ရုံမှာ ဝင်လုပ်တယ်။ ခဏပါပဲ။ ဆယ်တန်းအောင်စာရင်း ထွက် တော့ မအောင်ဘူး။ အိမ်က ဆယ်တန်းပြန်ဖြေဖို့ခေါ်လို့ ပြန်သွားရတယ်။ ကျောင်းပြန် မတက်တော့ဘူး။ အပြင်ကပဲဖြေတယ်။ နှစ်နှစ်ဖြေတယ်၊ မအောင်ဘူး။ ဘယ်အောင်ပါ့မလဲ။ လူက ခြင်းကွင်းမှာပဲ အချိန် ကုန်နေတာကိုး။ အဲဒီအချိန်ကျတော့ ကိုယ့်မြို့၊ ကိုယ့်ရွာတင်မဟုတ်တော့ဘူး။ တစ်ခြားနယ်အထိ သွားပြီး ကြေးပွဲတွေခတ်နေပြီ။
ဆယ်တန်းကို ဘယ်လိုဖြေဖြေ မအောင်နိုင်ဘူးဆိုတာ သိတော့ ဘဝအတွက် ဘာဆက်လုပ်ရမလဲ စဉ်းစားတယ်။ အဓိကကတော့ မိဘကို လုပ်ကျွေးချင်တယ်။ လယ်အလုပ်နဲ့ကတော့ ဖြစ်ဖြစ် မြောက်မြောက် လုပ်ကျွေးနိုင်မှာမဟုတ်ဘူးဆိုတာသိတယ်။ အဲဒီကာလက ရွာကနေ ထိုင်းကို အလုပ်သွားလုပ်နေတဲ့သူ နှစ်ယောက်၊ သုံးယောက်ရှိနေပြီ။ သူတို့ ရွာပြန်လာတဲ့အခါ ထိုင်းမှာ အလုပ်အကိုင်ပေါတယ်၊ လစာကောင်းတယ်၊ ပိုက်ကျော်ခြင်းပွဲတွေလည်းကောင်းတယ် လို့ပြော တော့ ထိုင်းသွားပြီး အလုပ်လုပ်မယ်၊ ခြင်းခတ်မယ်၊ ငွေရှာမယ်လို့ ဆုံးဖြတ်တယ်။ ဒါပေမယ့် အဲဒီ အချိန်မှာ အိမ်ကလည်း ဆယ်တန်းလည်းမအောင်၊ လူကလည်း ရွာစဉ်လှည့်ပြီးခြင်းခတ်နေတော့ မကြည်တော့ဘူး။ ခရီးဝေးကိုလည်း မလွတ်တော့ဘူး။
ဒီလိုနဲ့ ရွာက ဘုန်းကြီး ရန်ကုန်ကြွတော့ ရွာက အကိုတစ်ယောက် နဲ့ အတူ ဆရာတော်ရဲ့ ဝေယျာ ဝစ္စလုပ်ပေးဖို့ အကြောင်းပြပြီးလိုက်သွားတယ်။ ခြင်းခတ်ပြီး စုထားတဲ့ငွေတစ်သောင်းနှစ်ထောင်နဲ့ ရွှေလက်စွပ်တစ်ကွင်းပဲပါတယ်။ ရန်ကုန်ရောက်ရင် ရွာပြန်မလိုက်တော့ဘူး လို့ ဆုံးဖြတ်ပြီးသား။
ရွာက သူငယ်ချင်းတစ်ယောက်က ၈တန်းထဲက ရန်ကုန်တက်ပြီး အလင်းစဒေါင်း ရေတပ်ဝင်းနားက ကွန်တိန်နာ ကား ကုမ္ပဏီမှာ စပါယ်ယာလုပ်နေတယ်။ အဲဒီ ကုမ္ပဏီမှာ အကိုဝမ်းကွဲတစ်ယောက် လည်း ရှိတယ်။ သူကတော့ ရာထူးနည်းနည်းကြီးတယ်။ ကြီးကြပ်ရေးမှူးလိုမျိုးပေါ့။ ပထမ သူငယ် ချင်းနဲ့ အတူနေပြီး စပါယ်ယာကူလုပ်တယ်။ လစာမရဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်စားရတဲ့အပြင် သူ ငယ်ချင်းကိုပါကျွေးရသေးတယ်။ ဒီလိုနဲ့ ပါလာတဲ့ပိုက်ဆံကုန်တဲ့အချိန်ထိ ထိုင်းသွားဖို့က အဆင် မပြေသေးဘူး။ ဒါနဲ့အကိုဝမ်းကွဲအကူအညီနဲ့ အဲဒီ ကုမ္ပဏီ မှာပဲအလုပ်လေ ျှာက်တယ်။ စပါယ်ယာ လုပ်ရတယ်။
သူ့ကားက ဆိပ်ကမ်းက ဂျုံတွေကိုသယ်ပြီး ဒဂုံအရှေ့မှာရှိတဲ့စက်ရုံကို ပို့ရတယ်။ ဒရိုင်ဘာက တစ် ခေါက်ကို သုံးထောင့်ငါးရာရတယ်။ အဲဒီအချိန်က ကားတွေကနည်းပြီး အလုံးတွေ ( ကွန်တိန် နာတွေ) ကများတော့ မနိုင်ဘူး။ ဒီတော့ ဆိပ်ကမ်းက ထုတ်ပြီးရင် လင်းစဒေါင်းဘက်မှာ ထားရ တာ တွေရှိတယ်။ အဲဒါကို ထောက်လုံးလို့ခေါ်တယ်။ ထောက်လုံးကို ပို့ရင် နှစ်ထောင်ရတယ်။ ဒီတော့ တစ်နေ့ကို ဆိပ်ကမ်းက အလုံးတစ်ခေါက်၊ ထောက်လုံးတစ်ခေါက်ပို့ရင် ဒရိုင်ဘာက ငါး ထောင့်ငါးရာရနေပြီ။ စပါယ်ယာက တစ်နေ့ ကိုးရာပုံသေပဲ။
အဲဒီမှာ အလင်းပွင့်သွားတယ်။ ရွာမှာ တစ်နေကုန်လယ်ထဲဆင်း ပျိုးနှုတ်၊ ကောက်ရိတ် လုပ်မှ ငါးရာ အာဏာကုန်ပဲ။ ဒရိုင်ဘာက တစ်ရက်လုပ်ရင် ရွာမှာ ဆယ်ရက်လုပ်သလောက်ရတယ်။ ထိုင်းသွား ရင်ကော ဘာထူးမလဲ။ ရွာက အကိုတွေသုံးလေးနှစ်နေလို့ ပြန်လာရင်လည်း လယ်ထဲ ပြန်ဆင်းနေ ရတာပဲ။ ဒီတော့ ငါ ဒရိုင်ဘာဖြစ်အောင်လုပ်မယ်၊ ဒါက တစ်သက်လုံးအတွက် ထမင်းစား လက်မှတ်ပဲဆိုတာ သိသွားပြီ။ ကားဆရာကို မေးတော့ အနီ လိုင်စင်ရဖို့ ငါးနှစ်စောင့် ရ တယ် လို့ပြောတယ်။ ဒါနဲ့ ဘာပဲဖြစ်ဖြစ် ငါးနှစ်တော့ ရင်းမယ်လို့ဆုံး ဖြတ်လိုက်တယ်။
အလုပ်က တစ်ပတ် ၆ ရက်လုပ်ရတယ်။ တနင်္ဂနွေနားတယ်။ ပထမဆုံးအလုပ်ဆင်းတာ တစ်ပတ်ပြည့်လို့ ငါးထောင့်လေးရာရတယ်။ ငွေရှိလာတော့ ပွဲစားအကူအညီယူပြီး သင်မောင်း လိုင်စင်လုပ်တယ်။ အဲဒီအချိန်မှာ ကိုယ့်ရှေ့က လုပ်သက်တစ်နှစ် ၊ နှစ်နှစ်ရှိနေတဲ့ စပါယ်ယာတွေ က လိုင်စင်လုပ်ရကောင်းမှန်းမသိဘူး။ နားတဲ့ရက်ဆို ဘိလိယက်ထိုးလိုက်၊ အပြင်ထွက်လိုက်နဲ့ ပျော်နေတုန်းပဲ။ အဲဒီအချိန်က ၂၀၀၅ ခုနှစ် အသက် ၂၂ နှစ်။
စပါယ်ယာလုပ်ခ တစ်နေ့ ကိုးရာ၊ အဲဒီထဲက ငါးရာကို စုတယ်။ လေးရာနဲ့လောက်အောင် သုံး တယ်။ စုထားတဲ့ငွေကို ခြောက်လတစ်ခါ အိမ်ပြန်ပို့တယ်။ အကုန်အကျသက်သာအောင် ပေါင်းအိုးနဲ့ ထမင်းချက်၊ တစ်ဘူး ငါးဆယ်တန် ငါးပိထောင်းနဲ့ဆီစမ်းပြီး စားတယ်။ တစ်ခါ တစ်လေ ဝက်သားစားချင်ရင်တစ်ရာဖိုးဝယ်စားတယ်။ အခုတော့ ဝက်သားမစားတော့ဘူး။
အဲဒီအချိန်မှာ ကိုယ့်ယုံကြည်ချက်နဲ့ ကိုယ် ကိုးနဝင်းပုတီးစိပ်နေပြီ။ သူ့ရက်နဲ့သူ သတ်သတ် လွတ်စားနေပြီ။ ည ၁၂ နာရီမကျော်ခင် ပုတီးပတ်ပြည့်ဖို့အတွက် ကားဝင်းထဲက ချောင်ကျတဲ့ နေ ရာမှာ သွားစိပ်ရတယ်။ ရွယ်တူတွေကြားမှာတော့ ကိုယ်က ထူးဆန်းနေတာပေါ့။ ဘုန်းကြီး ဝတ်ပါ လားလို့ အပြောခံရတယ်။
ဒါပေမယ့် ကုမ္ပဏီမှာလုပ်ရတာ ကိုယ်လိုချင်တာနဲ့ မကိုက်ဘူး။ ကုမ္ပဏီမှာ ဒရိုင်ဘာတွေက စပါယ်ယာတွေကို ကားမောင်းသင်မပေးရဘူးလို့ အမိန့်ထုတ်ထားတယ်။ ကားပျက်ရင်၊ ဘီးပေါက် ရင်လည်း ဘာမှလုပ်စရာမလိုဘူး။ ဖုန်းဆက်လိုက်၊ စက်ပြင်အဖွဲ့ရောက်လာပြီး အကုန်လုပ်ပေး တယ်။ ကိုယ်က အောက်ခြေသိမ်း ပညာလိုချင်တာဆိုတော့ ဒီမှာလုပ်ရင် ဘာမှတတ်မှာမဟုတ်ဘူး။
ဒါ့ကြောင့်တနင်္ဂနွေ နားတဲ့ရက်ဆိုရင် အပြင်ထွက်ပြီးအလုပ်ရှာတယ်။ ကုမ္ပဏီမှာ ၄၅ ရက်လုပ်ပြီး ချိန်မှာ တွဲကားတစ်စီးမှာ အလုပ်ရတယ်။ ဒီကားကတော့ စုတ်သလားမမေးနဲ့။ တီအီး ၁၁ ကို ဆယ်ဘီး တွဲ ကားလုပ်ထားတာ။ ရှေ့မှန်ပဲ ပါတယ်။ ဘေးမှန်နှစ်ချပ်မရှိဘူး။ မိုးတွင်းဆိုရင် ပုဆိုးနဲ့ ကာထားရ တယ်။ အလုပ်ဝင်ဖို့ အင်တာဗျူးတဲ့နေ့မှာ အဲဒီကား ရေတိုင်ကီဖြုတ်ပြီး ဖာနေတာကို ဝင်ကူ ခိုင်းပြီး ကြိုက်မှ ခန့်တာ။ တီအီး ၁၁ က ရိုးရိုး စတီယာတိုင်၊ ဒီတော့ နောက်ဆုတ်ရတာ၊ ဖင်ထိုးရတာ အရမ်းခက်တယ်။ ရှေ့နေ ပြတဲ့ စပါယ်ယာကလည်း ကျွမ်းကျင်ဖို့လိုတယ်။ အုံနာကလည်း ဒီကား တစ်စီးပဲပိုင်တာဆိုတော့ စပါယ်ယာက အောက်ခြေသိမ်းအကုန်လုပ်ရတယ်။ ပညာရတယ်။
အဲဒီအချိန်ကတော့ လခစားဖြစ်ပြီ။ တစ်လ ငါးထောင်ရတယ်။ တစ်နေ့ ထမင်းဖိုး ငါးရာပေး တယ်။ အလုပ်တစ်ခေါက်ရရင် ဒရိုင်ဘာက အေးဂျင့်ဆီကရတဲ့ အာရကေ ထဲကနေ စပါယ်ယာကို ငါးရာပေး ရ တယ်။ ဒါပေမယ့် ငါစေတနာရှိမှပေးမှာ ဆိုပြီး မပေးတဲ့ ဒရိုင်ဘာနဲ့လည်း ကြုံဖူးတယ်။ သူကတော့ ထမင်းဖိုး ငါးရာနဲ့ လောက်အောင်နေတယ်။ ငါးထောင်ကို အုံနာဆီမှာ စုထားပြီး သီတင်းကျွတ် နဲ့ သင်္ကြန် အိမ်ပြန်တဲ့အခါ အဖေ၊အမေကို ကန်တော့တယ်။
ဒါပေမယ့် ဒရိုင်ဘာနဲ့ အဆင်မပြေဘူး။ ဒရိုင်ဘာက ဆီထုတ်ရောင်းချင်တယ်။ သူက မလုပ်ဘူး။ ဆီ စုပ်ဖို့ ပိုက်တောင်ကိုင်မပေးဘူး။ ကြံရာပါဖြစ်မှာကြောက်တယ်။ ဒါပေမယ့် အုံနာကိုလည်း မတိုင်ပါ ဘူး။ ကိုယ့်ကြောင့် သူများ ထမင်းအိုးခွဲတာမျိုးလည်း မဖြစ်ချင်ဘူး။ ဒရိုင်ဘာက ဆဲတယ်။ အလစ် မှာ ဆီခိုးထုတ်ပြီး စပါယ်ယာကို အပြစ်ပုံချဖို့ကြိုးစားတယ်။ ကံကောင်းတာက အုံနာက သူ့ကို ယုံ တယ်။ ဒီလိုနဲ့ လေးငါးခြောက်လအတွင်း ဒရိုင်ဘာနှစ်ယောက်ပြောင်းသွားတယ်။
သူငယ်ချင်း စပါယ်ယာတွေကျပြန်တော့လည်း အုံနာကို ဘယ်လိုပညာပေးရတယ်။ ဒရိုင်ဘာ ကို ဘယ်လို ပညာပေးရတယ်ဆိုပြီး မဟုတ်တာတွေသင်ပေးတယ်။ ဒါပေမယ့် ဒါတွေကို နားမယောင် ဘူး။ ကောင်းတဲ့ နမူနာဆိုရင်တော့ ယူပါတယ်။ စပါယ်ယာစလုပ် ထဲက ကိုယ်အလွန်ဝါသနာပါတဲ့ ပိုက်ကျော်ခြင်းဆိုတာကို မေ့ထားလိုက်တယ်။ စိတ်ထဲမှာ ဒရိုင်ဘာဖြစ်ဖို့ပဲရှိတော့တယ်။
တတိယမြောက် ဒရိုင်ဘာကတော့ ကိုအောင်xx တဲ့။ သူကတော့ တကယ့်မြင်ဆရာပဲ။ အလုပ်လုပ် တာစနစ်ကျတယ်။ ဆီခိုးထုတ်တာမျိုးမလုပ်ဘူး။ ကားမောင်းခွင့်မပေးဘူး။ ဒါပေမယ့် သူမောင်းနေ ရင်းနဲ့ ပါးစပ်နဲ့ ဘယ်သို့၊ ဘယ်ညာ ရှင်းပြတယ်။ အခုဆို ကိုအောင်xx က တွဲကား အစီးနှစ်ဆယ် ကျော်ပိုင်တဲ့ အုံနာဖြစ်နေပြီ။
ကားမောင်းတတ်တာကတော့ ကိုယ့်ဘာသာကိုယ် ကျင့်ရတာပဲ။ အဲဒီအချိန်က တွဲကားတွေက လင်းစဒေါင်းဘက်က အခု ကွန်တိန်နာဝင်း ဖြစ်နေတဲ့နေရာမှာ ညအိပ်တယ်။ စပါယ်ယာ တွေကတော့ ကားပေါ် အိပ်၊ ကားပေါ်စား၊ ရေချိုးတော့ ပိုက်ဆံပေးချိုး၊ အပေါ့အပါးကတော့ ကြုံ ရာမှာ အဆင်ပြေသလိုပဲ။ ဒီတော့ ကားမောင်းကျင့်ဖို့အတွက် မနက်အစောကြီးထ ကားကို ရေဆေးခုံဘက်ရွှေ့ပြီး ရေဆေး၊ ပြီးရင် ပြန်ရွှေ့ ဒီလိုနဲ့ ကျင့်ရတာပဲ။ နည်းနည်းတတ်လာတော့ ဆိပ်ကမ်းထဲမှာ၊ သစ်စက်ဝင်းထဲမှာ ဒရိုင် ဘာတွေက ဝိုင်းဖွဲ့၊ တပည့်က ကားရွှေ့လုပ်ရတာပေါ့။
နောက်တော့ သူ့ကို သဘောကျတဲ့ ပေးလေးဆယ်တွဲကားဒရိုင်ဘာ ကို ကျော် xx က သူနဲ့လုပ်ဖို့ ခေါ်တယ်။ အဲဒီအခါကျတော့ လစာတစ်သောင်းခွဲဖြစ်သွားပြီ။ အိမ်ကို ခြောက်လတစ်ခါ ကိုးသောင်း ပြန်ပို့နိုင်ပြီ။ ဒီလိုနဲ့ တစ်နှစ်နဲ့ ရှစ်လကြာတော့ ကိုယ့်ဘာသာကိုယ်မောင်းနိုင်ပြီ။ ပထမဆုံးမောင်းရတဲ့ ခြောက်ဘီးတွဲကားက ၁က/ ၆ xxx ။ ၂၀၀၈ ကျတော့ ပေလေးဆယ် တွဲ ကား မောင်းနေပြီ။
ဒရိုင်ဘာဖြစ်လာတော့ ဝင်ငွေရဲ့ ၁၀% ရတယ်။ တစ်ခေါက် ကိုးသောင်းဆိုရင် ကိုးထောင်ပေါ့။ အေး ဂျင့်ဆီက အလုပ်တစ်ခါဖြစ်ရင် အာရကေ လေးထောင်ရတယ်။ စပါယ်ယာကို တစ်ထောင်ပေး တယ်။ ငွေများများရှာနိုင်ဖို့တစ်နေ့ ကို လေးနာရီလောက်ပဲ အိပ်ပြီး လုပ်တယ်။ အိမ်ကိုလည်း ငွေ များများပို့နိုင်တယ်။ အကြွေးတွေအကုန်ဆပ်ပေးလိုက်တယ်။ အိမ်သစ်ဆောက်ဖို့အတွက် သစ်ကို နည်းနည်းချင်းစုတယ်။ အဲဒီအချိန်ကပျဉ်းကတိုးတစ်တန်မှာ ခြောက်သိန်းသုံးသောင်း၊ ခြောက်သိန်း ခွဲအာဏာကုန်ပဲ။ ဒီလိုနဲ့ အမေတို့ တဲကိုဖျက်ပြီး ပျဉ်းကတိုးအိမ်ဆောက်ပေးနိုင်တယ်။
ဒရိုင်ဘာလုပ်ရင်းနဲ့ အမြင်ကျယ်လာတော့ သ/၃၈xx ဆိုတဲ့ တွဲကားကို သူငယ်ချင်းတစ်ယောက် နဲ့ အတူဖက်စပ်ငှားပြီး မောင်းတယ်။ ငှားခက တစ်လ ခြောက်သိန်း။ အုံနာကြေး၊ ဆီဖိုး၊ သူ့အတွက် မောင်းကြေး ( ဒရိုင်ဘာခ )နှုတ်ပြီး ကျန်တာကို ခွဲယူတယ်။ ဝင်ငွေပိုကောင်းလာတယ်။ နောက်ဆုံး ၂၀၁၃မှာ အဲဒီကားကို အုံနာဆီက သိန်း၁၂၀ နဲ့ ပြန်ဝယ်လိုက်တယ်။ သူ့လက်ထဲမှာ သိန်းလေးဆယ်ပဲ ရှိ တော့ ကျန်တဲ့ငွေကို သုံးကျပ်တိုးနဲ့ ယူရတယ်။ လေးငါးလနဲ့ ပြန်ဆပ်နိုင် တယ်။ အဲဒီအချိန်က ကားဆွဲလို့လည်းကောင်းတော့ တစ်လကို သိန်းနှစ်ဆယ်၊ သုံးဆယ် ကျန် တယ်။
ကားဝယ်တဲ့ နှစ်မှာပဲ အဖေအမေကို ခွင့်တောင်းပြီး အိမ်ထောင်ပြုတယ်။ ခြင်းပြန်ခတ်တယ်။ အခု တွဲကားသုံးစီးရှိတယ်။ နှစ်စီးက ကိုယ်တိုင်လုပ်တယ်။ တစ်စီးကို ငှားထားတယ်။ ပထမဆုံး ဝယ်တဲ့ ကားက အခုထိရှိတုန်းပဲ။ သူကနေ ကားတွေပွားလာလို့ အဲဒီကားကို “ အမလေး” လို့ နာမည် ပေး ထားတယ်။ သံလျင်မှာ အိမ်ရှိတယ်။ အဲဒါကို ငှားပြီး အလုပ်နဲ့ နီးတဲ့ ဗိုလ်တထောင်မှာ အခန်းငှားနေ တယ်။ တစ်လကို အိမ်လခ ကိုးသောင်းလောက်တော့ စိုက်ရတာပေါ့။
နောက်ဘာလုပ်မလဲ ဆိုတော့ ကားပဲလုပ်ရမှာပေါ့။ အခုတော့ လုပ်ငန်းနည်းနည်းအေးနေတော့ ကား ထပ်ဝယ်ဖို့မစဉ်းစားသေးဘူး။ ခြင်းက တော့ ကျန်းမာရေးအတွက် နေ့တိုင်းခတ်တယ်။ ကြေးပွဲလည်း စပ်ပြီးခတ် တယ်။ နယ်တွေလည်းဆင်းခတ်တယ်။ ပွဲကောင်းတာရှိရင်လည်း လိုက်ကြည့်တယ်။ လုပ်ငန်းက တော့ ဖုန်းနဲ့ ခိုင်းလို့ရပါတယ်။ ဘယ်နေရာ ဘာ ဆိုတာ အားလုံး သိနေပြီပဲ။
ဒီလို ဘဝရောက်လာပေမယ့် အခုအချိန်အထိ အရက်မသောက်ဘူး။ ဆေးလိပ်မသောက်ဘူး၊ ကွမ်းမစားဘူး။ အပျော်မပါးမလိုက်စားဘူး။ ဘာသာရေးမမေ့ဘူး။ မိဘကျေးဇူးဆပ်တုန်း။ ဒါကတော့ တစ်သက်လုံး လုပ်သွားမှာပဲ။
ကျွန်တော်တို့ စကားကောင်းနေတုန်းမှာပဲ ခြင်းဝိုင်းစတော့မယ်ဆိုတော့ ဆိုင်ထဲက လူတွေ ထသွား ကြတယ်။ သူလည်း ကျွန်တော့်ကို နှုတ်ဆက်ပြီး ထသွားတယ်။
ကျွန်တော့်ကို သူ့ဘဝအကြောင်းအများကြီးပြောပြသွားတယ်။ ဒါပေမယ့် သူပြောတဲ့အထဲမှာ စီမံ ခန့်ခွဲမှု သီအိုရီတွေ၊ စီးပွားရေးအယူအဆတွေ၊ စွန့်ဦးတီထွင်မှုအကြောင်းတွေ မပါဘူး။
ပညာရေးဝန်ကြီးဌာနကတော့ ပြည်ထောင်စုဝန်ကြီးနဲ့ ညွှန်ချုပ် အပြိုင်အဆိုင်ပါလား
အခြေခံပညာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း
၁။ အခြေခံပညာကဏ္ဍ မှာ ရှိတဲ့ ဆရာ၊ ဆရာမ လေးသိန်းခုနှစ်သောင်းကျော်က ကန့်ကွက်ရင် လက်ရှိထုတ်ပြန်ထားတဲ့ ကျောင်းတက်ချိန်တွေကို ပြန်စဉ်းစားမယ်လို့ပြောလိုက်တယ်။ ဦးကိုလေးဝင်းက သမဂ္ဂတွေက တင်ထားတဲ့ ဖေ့စ်ဘွတ်ရဲ့ Like အရေအတွက်ကိုလည်း ကြည့်ဖို့ လိုတယ်လို့လည်း ထောက်ပြ ထားတယ်။ ပုံ ၁
၂။ ဒါ့အပြင် ဆိုရှယ်မီဒီယာတွေမှာ ပညာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေရဲ့ ဓာတ်ပုံတွေကို သုံးပြီး ကြမ်းတမ်းတဲ့ စကားပြောတဲ့သူတွေကိုလည်း ဥပဒေကြောင်းအရ စကားပြောမယ်လို့ သတိပေးထားပါတယ်။ ပုံ ၂
မိဘများစီးပွားရေးအစဉ်ပြေအောင်အလုပ်ပိုလုပ်လို့ရအောင်လို့ စာသင်ကာလတိုးတယ် ဆိုတဲ့ မြန်မာ့ပညာရေး ဆိုင်ရာ အယူအဆသစ်ကို ရှင်းပြခဲ့ပြီးတဲ့နောက် ပြည်ထောင်စု ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက
ဆရာ၊ ဆရာမတွေဟာ နွေရာသီကျောင်းပိတ်ရက်မှာ လစာယူတဲ့အတွက် စာသင်ကြားရမယ်
လို့ ထပ်မံပြောကြားခဲ့တဲ့အကြောင်း Voice သတင်းမှာဖော်ပြထားပါတယ်။
ကစားသမားများ၊ ဒိုင်များ၊ ပရိသတ်များ၊ ဈေးသည်များ နဲ့
ပိုက်ကျော်ခြင်းပွဲ မြင်ကွင်းကျယ်
အားနဲ့ မာန်နဲ့ ပိုက်ကျော်ခြင်း
နာမည်ကျော်တွေ ချိန်းပွဲဆိုတော့ Live လွှင့်တဲ့သူနဲ့၊ ကွင်းပတ်လည် အားပေးသူအပြည့်နဲ့။ အားကစားလှုပ်ရှားမှုတွေကို ဓာတ်ပုံရိုက်တာ ပထမဆုံးအတွေ့အကြုံဆိုတော့ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။
ဒါပေမယ့် အားကစားသမားတွေရဲ့ အားမန်နဲ့ ပရိသတ်ရဲ့ စိတ်ဝင်စားမှုကိုတော့ ခံစားနိုင်မယ် လို့ မေ ျှာ်လင့်ပါတယ်။
စွန်
မိုးယွန်းကြီးအင်း အနားက အိမ်တစ်အိမ်မှာ တွေ့ခဲ့ရတယ်။
တစ်ချိန်က ကောင်းကင်မှာ လွတ်လပ်စွာပျံသန်း၊ စူးရှတဲ့မျက်လုံးအစုံနဲ့ သားကောင်ကို ရှာဖွေခဲ့ပေ မယ့် အခုတော့ လူလာရင် အစာကျွေး မလားဆိုတဲ့ အကြည့်နဲ့ ကြည့်တတ်နေပြီ။
သူကတော့ လူတွေနဲ့ မိတ်ဆွေဖြစ်၊ သင့်မြတ်နေပြီလို့ ထင်ကောင်းထင်မှာပေါ့၊ ဧည့်သည် လာရင် ထုတ်ပြဖို့ အလှမွေးခံရတဲ့ဘဝကိုရောက်နေပြီဆိုတာ နားလည်နိုင်မှာမဟုတ်ဘူး။
ဖမ်းမိတဲ့အချိန်က အတောင်ဖြတ်ခံရပေမယ့် အခုတော့ အတောင်စုံနေပြီ။ ဒါပေမယ့် ချည်ထားတဲ့ ကြိုးသေးသေးလေးထဲကနေ ရုန်းထွက်ဖို့ ကြိုးစားတာမမြင်ခဲ့ရဘူး။
အတောင်စုံနေပြီဆိုတော့ လွတ်သွားမှာ မစိုးရိမ်ဘူးလားလို့မေးတဲ့အခါ ပိုင်ရှင်က
“ သူ အစာရှာမစားတတ်တော့ဘူး” တဲ့။
ငှက်ကြည့်သူ (၈)
Oriental Weed Warbler ။ အင်းချောင်းဘေး ချုံတွေကြားမှာ တွေ့ခဲ့တာပါ။


Oriental Weed Warbler 
ကားပါမစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်
၂၀၁၄ ခုနှစ် ဇွန်လ ၄ ရက်နေ့ မှာ အဲဒီအချိန်က အတိုက်အခံ အင်န်အယ်လ်ဒီပါတီဥက္ကဌ လည်း ဖြစ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် လည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရက ပေးမယ့် ကားပါမစ်၊ မြေကွက် ကိစ္စတွေနဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့တယ်-
“ဒီလို ကားပါမစ်တွေ မြေကွက်တွေဘာတွေ ဒီလိုအချိန်မှာလည်း မလိုချင်ပါဘူး၊ အခုပြည်သူအများစုဟာ ဆိုလို့ရှိရင် သူတို့ရဲ့လယ်ယာမြေလေးတွေ ရရှိရေးအတွက် ရုန်းကန်နေရတဲ့ အချိန်မှာ ကျမတို့ပါတီအနေ နဲ့ ဒီလိုမြေကွက်တွေလည်း အလကားမယူချင်ပါဘူး၊ ကားပါမစ်တွေလည်း မလိုပါဘူး” ပုံ (၁)
ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ဟာ အဲဒီအချိန်က အတိုက်အခံပါတီဖြစ်နေတဲ့ အင်န်အယ်လ်ဒီပါတီရဲ့ မူဝါဒပဲလို့နားလည်ပါတယ်။ ဒီလို အခွင့်အရေးမယူဘူးဆိုတဲ့ ရပ်တည်ချက် ကလည်း လေးစားစရာကောင်းပါတယ်။
ဒါပေမယ့် အဲဒီစကားပြောပြီး ခြောက်နှစ်နီးပါးရှိတဲ့အချိန်မှာတော့ အင်န်အယ်လ်ဒီအစိုးရ ရဲ့ စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂ ရက်နေ့ ရက်စွဲ နဲ့ ပြည်သူ့ဝန်ထမ်းများနဲ့ နိုင်ငံ့ဝန်ထမ်းများကို ပြည်ပကနေ မော်တော်ယာဉ်တင်သွင်းခွင့် ( ပါမစ် ) ပြုမယ့် ညွှန်ကြားချက်ထွက်လာပါတယ်။ ပုံ (၂)
အလဲဗင်းမီဒီယာသတင်းအရဆိုရင် ဒီကားတင်သွင်းခွင့်တွေဟာ အခွန်ကင်းလွတ်ခွင့်လည်း ရဦး မှာဖြစ်တယ်။ အဲဒီလို အခွန်မဆောင်ဘဲ ဝယ်ခွင့်ရမယ်ဆိုတာသာ မှန်ကန်တယ်ဆိုရင် ဒီမူဝါဒ ဟာ ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို အခွန်ဆောင်ပြီး ကားဝယ်နေရတဲ့၊ အမည်ပြောင်းနေရတဲ့ ပြည်သူတွေထက် ပိုပြီး အခွင့်အရေးပေးလိုက်တာပဲဖြစ်ပါတယ်။ ပုံ (၃)
ဒီနေရာမှာ ပြည်သူ့ဝန်ထမ်းဆိုတဲ့အထဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီး၊ ဒုဝန်ကြီး၊ လွှတ်တော်ကိုယ်စားလှယ် တို့မပါဘူးလို့ အင်န်အယ်လ်ဒီပါတီထောက်ခံသူတွေ က စောဒကတက်နေတာလည်း တွေ့တယ်။ အဲဒီလူတွေကိုတော့
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၃ (င) မှာ
ပြည်သူ့ဝန်ထမ်းဆိုသည်မှာ ခန့်အပ်ခံရသည် ဖြစ်စေ၊ ရွေးချယ်ခံရသည်ဖြစ်စေ ၊ လစာ စရိတ် နှင့် ချီးမြှင့်ငွေရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ၊ ဥပဒေပြုရေး၊အုပ်ချုပ်ရေး နှင့် တရားစီရင်ရေး ဆိုင်ရာ ရာထူးတစ်ခုခုတွင် တာဝန်ထမ်းဆောင်သော အမြဲတမ်း သို့မဟုတ် ယာယီ ဝန်ထမ်း ကို လည်းကောင်း၊ အများပြည်သူဆိုင်ရာဌာန၊ အဖွဲ့အစည်း လုပ်ငန်းအပါအဝင် အများပြည်သူ ဆိုင် ရာ လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသူကိုလည်းကောင်း၊ တည်ဆဲ ဥပဒေ တစ်ရပ်ရပ် အရ ပြည်သူ့ ဝန်ထမ်းဟု သတ်မှတ်ထားသူကိုလည်းကောင်း ဆိုသည် လို့ ပြဋ္ဌာန်းထားတာကို လေ့လာပါ လို့ ပဲ ပြောချင်ပါတယ်။ ပုံ (၄)
အဲဒီပြဋ္ဌာန်းချက်အရ ပြည်သူ့ဝန်ထမ်းဆိုတာ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ တို့ မဆိုထားတဲ့ သတင်းမီဒီယာဥပဒေ ပုဒ်မ ၂၇ အရ ဆိုရင် သတင်းမီဒီယာကောင်စီဝင်တွေလည်း ပြည် သူ့ ဝန်ထမ်း အဖြစ်အကျုံးဝင်ပါတယ်။
နောက်တစ်ခါ ဒီစာဟာ အတွင်းဝန်တွေက ထုတ်တာ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၊ သမ္မတ၊ ဝန်ကြီးတို့ မသိဘူးလို့ ကာကွယ်နေသူတွေလည်း တွေ့တယ်။ ဒီလူတွေကတော့ အစိုးရအဖွဲ့လုပ်ထုံး လုပ်နည်းကို မသိတာလား၊ မျက်စိမှိတ်ကာကွယ်နေတာလားမသိနိုင်ဘူး။
ကားတင်သွင်းခွင့်မူဝါဒ အခွန်ကိစ္စတို့ဆိုတာ အစိုးရအဖွဲ့အစည်းအဝေးမှာ တရားဝင်တင်ပြပြီး အတည်ပြုချက်ရမှ ဆောင် ရွက်ရတဲ့ကိစ္စမျိုးပါ။ ဒီလို မူဝါဒမျိုးကို အထက်အကြီးအကဲတွေမသိဘဲ အမြဲတမ်းအတွင်းဝန်က ထုတ်ပြန်ဝံ့တယ်ဆိုရင် အထက်အကြီးအကဲတွေဟာ အစိုးရလုပ်ထုံးလုပ်နည်းတွေကို လုံး၀ မသိ သူတွေဖြစ်မှ၊ ဒါမှမဟုတ် အတွင်းဝန်ဟာ စူပါမင်းလို့ စွမ်းအင်တွေရှိမှပဲဖြစ်မှာပါ။
ကျွန်တော်ကတော့ ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်းတွေကို ကားတင်သွင်းခွင့် (ပါမစ်) ပေး တဲ့ကိစ္စကို မကန့်ကွက်ပါဘူး။ အစိုးရတစ်ရပ်အနေနဲ့ နိုင်ငံရေးအရ၊ စီးပွားရေးအရ ဘက်ပေါင်းစုံ က တွက်ချက်ပြီး လုပ်သင့်တယ်ထင်ရင် လုပ်ပေါ့။
တစ်ခုပဲ ပွင့်လင်းမြင်သာမှု ၊ တာဝန်ခံမှုတို့ကို အမြဲတမ်းကိုးကားပြောဆိုခဲ့တဲ့ ဒေါ်အောင်ဆန်း စုကြည် နဲ့အင်န်အယ်လ်ဒီပါတီအနေနဲ့ အတိုက်အခံဘဝက မူဝါဒကို အစိုးရ ဖြစ်တဲ့ အချိန် မှာ ဘာ့ကြောင့် ပြောင်းလဲကျင့်သုံးရသလဲဆိုတာကိုပဲ ပွင့်လင်းမြင်သာစွာ ရှင်းပြစေချင်တာပါ။
မှတ်ချက်။ အာရ်အက်ဖ်အေ သတင်းလင့်ခ်
https://www.rfa.org/burmese/news/myaygwet-car-needless-dassk-speech-06042014220716.html?fbclid=IwAR27vg9wTfliSPznaPlAAElbX1T9-XJgy2GMcrlbnoAmdRSkpJlCyVKlNhc
၂၀၁၆ ခုနှစ် အင်န်အယ်လ်ဒီ အစိုးရသစ် တာဝန်ယူပြီးစ ကာလမှာ
“အော် သူတို့ အခြေခံလူတန်းစားတွေနဲ့ ကင်းကွာမှုမရှိဘူး။ နမူနာယူရ မယ်“ ဆိုပြီး စုဆောင်းထားခဲ့တဲ့သတင်းလေးတွေ
လေးနှစ်အကြာမှာ အရင်အတိုင်းပဲလား၊ ပြောင်းလဲသွားပြီးလား ဆိုတာတော့ စာဖတ်ပရိသတ်ကြီးပဲ ဆုံးဖြတ်ကြပါတော့။















































