လက်ဆေးမယ်ဆိုရင် ပဲခူးကို သတိရပါ

နိုင်ငံတော်သမ္မတရုံးက မတ်လ ၁၃ ရက်နေ့ကနေ ဧပြီလ ၃၀ ရက်နေ့အထိ လူစုလူဝေး နဲ့ အခမ်းအနားတွေ၊ ပွဲလမ်းသဘင်တွေ မလုပ်ဖို့ ညွှန်ကြားတယ်။ ပဲခူးတိုင်းဝန်ကြီးချုပ်ကတော့ မတ်လ ၁၆ ရက်နေ့ပဲခူးတက္ကသိုလ်မှာ တောင်သူတွေနဲ့ တွေ့ဆုံပွဲ လုပ်တယ်။ သမ္မတရုံးညွှန်ကြားချက်နဲ့ ကွဲလွဲနေပေမယ့် ကိုရိုနာ ဗိုင်းရပ် ကာကွယ်၊ထိန်းချုပ်ရေးကို အထောက် အကူပြုတဲ့အနေနဲ့ “ လက်ဆေးဖို့ ပိုက်ဆံမရှိရင် သူ့ဆီလာတောင်းပါ” လို့ ပြောတဲ့အကြောင်း သတင်းမှာဖတ် ရတယ်။ ဒါ့ကြောင့်လည်း ပဲခူးဟာ နာမည်ကြီးတာပဲ။ လက်သန့်စင်ဆေးရည်တွေ ဈေးတက်မှာမပူနဲ့ ပဲခူးဝန်ကြီးချုပ်ရှိတယ်။

ဦးထင်လင်းဦး

ဦးထင်လင်းဦးနဲ့ ဘယ်တုန်းကမှ သဘောထားချင်း၊ အယူအဆချင်းမတူခဲ့ဘူး။ဒါပေမယ့် ယုံကြည်ချက်အတိုင်း ရပ်တည်နိုင်၊ ပြောနိုင်တဲ့သူတွေ နိုင်ငံရေး လောက ထဲက ထွက်ခွာသွားတာကိုလည်း မမြင်ချင်ဘူး။အယူအဆမတူတဲ့သူတွေ၊ သဘောထားချင်းမတိုက်ဆိုင်တဲ့သူတွေ ရှိနေတာဟာ ကိုယ့်အတွက် ပြဿနာတွေကို အခြားရှုထောင့်က တွေးနိုင်အောင် အထောက်အကူပြုတယ်လို့ပဲခံယူပါတယ်။ဒ့ါကြောင့်လဲ ကျွန်တော့်ဖေ့စ်ဘွတ်မိတ်ဆွေစာရင်းထဲမှာ ကျွန်တော့်ကို ဝေဖန်တဲ့အဆင့်မဟုတ်ဘူး ၊ ငါ နဲ့ ၊ မအေ နဲ့ကိုင်ပြီးဆဲတဲ့သူတွေတောင်ရှိတယ်။ ဒါပေမယ့် သူရိုင်းတာက သူ့အဆင့်အတန်းပဲ၊ နိုင်ငံရေး၊ စီးပွားရေး နဲ့ပတ်သက်ရင် သူ့အယူအဆတွေ သိရတာက ငါ့အတွက် အမြတ်ပဲဆိုပြီး စာရင်းမဖျက်ဘဲ ထားပါ တယ်။နိုင်ငံရေးလောကကို စွန့်ခွာသွားပေမယ့် သတင်းသမားတစ်ယောက် အနေနဲ့ တန်ဖိုးရှိတဲ့ဝေဖန်ထောက်ပြမှုတွေ လုပ်နိုင်မယ်လို့ ယုံကြည်ပါ တယ်။

နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၄ မတ် ၂၀၂၀ )

၁။ မတ် ၁၃ ရက်နေ့မှာ အမေရိကန်သမ္မတ ထရမ့်က အမေရိကန်နိုင်ငံမှာ အရေးပေါ် အခြေ အနေကြေညာခဲ့ပြီး ပြည်ထောင်စုရန်ပုံငွေက ဒေါ်လာ ဘီလျံ ၅၀ အသုံးပြုဖို့ ဆောင်ရွက်ခဲ့ပါတယ်။ ၂။ သမ္မတ ထရမ့် နဲ့ မတ်လ ၇ ရက်နေ့မှာ တွေ့ဆုံခဲ့တဲ့ ဘရားဇီးလ် သမ္မတရဲ့ လက်ထောက် တစ်ဦးမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်တဲ့လက္ခဏာတွေ့ခဲ့ရပြီးတဲ့နောက် ထရမ့်က သူလည်း ရော ဂါ လက္ခဏာရှိမရှိ ဆေးစစ်ခံဖို့ရှိတဲ့အကြောင်း မတ်လ ၁၃ ရက်နေ့မှာ သတင်းထောက်တွေကို ပြောခဲ့တယ်။ ၃။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဥရောပတိုက်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားတဲ့ အချက် အခြာနေရာဖြစ်လာပြီလို့ မတ်လ ၁၃ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အခုအချိန်မှာ ဥရောပ မှာContinue reading “နိုင်ငံတကာ ဗိုင်းရပ်စ် သတင်း ( ၁၄ မတ် ၂၀၂၀ )”

ဒီနေ့ နိုင်ငံတော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ သမ္မတရုံး ကြေ ညာချက်မှာပါတဲ့ “ လူစုလူဝေး” ဆိုတဲ့စကားရပ်ကို ဘယ်လို အနက်ဖွင့် မလဲ လို့ သတင်းထောက်တွေကမေးခဲ့တယ်။ ဘာသာရေးအရ ဝတ်ပြု ဆုတောင်းတာတွေကို ဘယ်လိုလုပ်မလဲလို့လည်း ထောက်ပြခဲ့တယ်။ ဦးဇော်ဌေးကတော့ သက်ဆိုင်တဲ့ ဌာနတွေ၊ တိုင်းဒေသကြီး၊ ပြည်နုယ်အစိုးရတွေက ဆုံးဖြတ်မယ်ဆိုတဲ့ သဘောဖြေကြားခဲ့တယ်။ စင်္ကာပူမှာတော့ လူ ၂၅၀ ကျော်တဲ့ အခမ်းအနားတွေ၊ ဖျော်ဖြေပွဲတွေ မလုပ်ဖို့၊ ဒါမှမဟုတ် ရွှေ့ဆိုင်းဖို့ အမိန့်ထုတ်ပြန်ထားတယ်။ လက်မှတ်ရောင်း ထားပြီးပြီဆိုရင်တော့ လုံလောက်တဲ့အကာကွယ်လုပ်ထားတဲ့ အကြောင်း ကျေနပ်အောင် သက်သေပြနိုင်မှ ဆက်လက်ကျင်းပခွင့်ပြုမယ်။ ဒီကန့်သတ်ချက်ဟာ ဘာသာရေးအခမ်းအနားတွေ၊ ပုဂ္ဂလိက အခမ်း အနား ( ဥပမာ မွေးနေ့ပွဲ ) တွေနဲ့လည်း အကျုံးဝင်ပါတယ်။ ဒါ့အပြင်Continue reading

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၇ ရက် နေ့ ကနေ မတ်လ ၁၀ ရက်နေ့အထိ ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးနဲ့ပတ်သက်ပြီး ကြေညာချက်၊ သတိပေးချက်၊ ပိုစတာ စသည်ဖြင့် ထုတ်ခဲ့တာ ၃၅ စောင် ရှိတယ်။ နိုင်ငံပိုင် ရော၊ ပုဂ္ဂလိက မီဒီယာတွေကလည်း သတင်းဆောင်းပါးတွေနဲ့ ရေးတယ်။တာဝန်ရှိသူရော၊ တာဝန်မရှိသူရော မကြောက်ကြဘူး။ သတိပေးရင်တောင် မနာလိုလို့ပြောတယ် ထင်သေးတယ်။ဟော အခု ကြောက်ပြီဆိုတော့လည်း နေစရာမရှိကြတော့ဘူး။ ဈေးဝယ် စင်တာတွေတောင်မကဘူး၊ ရပ်ကွက်ထဲက စတိုးဆိုင်တွေပါ အကြိတ်အနယ် ဖြစ်နေကြတယ်။စိုးရိမ်မှု ( Anxiety) ကနေ ထိန်းမနိုင် သိမ်းမရ ကြောက်စိတ်ဝင်ခြင်း ( Panic) အဆင့်ရောက်မသွားအောင် အားလုံးဝိုင်းထိန်းကြရပါမယ်။ပထမဆုံး လုပ်သင့်တာကတော့ လူထုContinue reading

ခေတ်သစ် မီဒီယာရဲ့ ဒီနေ့ မတ်လ ၁၂ ရက်နေ့ထုတ် အယ်ဒီတာ့အာဘော်မှာ ပြည်ထောင်စု လွှတ်တော်အတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမအောင်မြင်တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး အယ်ဒီတာ့အာဘော်ရေးတဲ့အခါ “ဒီမိုကရေစီ လူ့ဘောင် ပေါ်ထွန်းရေးနှင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွင် လူထုအစိုးရအနေဖြင့် ၄ နှစ်တာ ပျက်ကွက်ခဲ့သမျှကို တကွဲတပြားစီဖြစ်နေသော ဒီမိုကရက်တစ် အင်အားစုများကို ပြန်လည် စုစည်းပြီး လူထုတော်လှန်ရေးနည်းဖြင့် ဒီမိုကရေစီ ပန်းတိုင် ခရီးကြမ်းကို ပြန်လည် အစပျိုး လျှောက်လှမ်းရမည့် အချိန် ဖြစ်ပါကြောင်း မီးမောင်းထိုးပြလိုက်ပါသည်။” လို့ရေးသားခဲ့တယ်။ “လူထုတော်လှန်ရေးနည်း” ဆိုတဲ့ရေးသားချက်ကို အာဏာရ အင်န်အယ်လ်ဒီအစိုးရဘက်က ဘယ်လို အနက် ကောက်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခေတ်သစ်မီဒီယာရဲ့ အယ်ဒီတာ့အာဘော် အပြည့်အစုံကို အောက်ပါ လင့်ခ်မှာ ဖတ်နိုင်ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ ကိုရိုနာဗိုင်းရပ်စ် ( ဝူဟန် ဗိုင်းရပ်စ်) ကြောင့်ရောဂါဖြစ်ပွားနေမှုကို ကမ္ဘာလုံးဆိုင်ရာ ကူးစက်မြန် ကပ်ရောဂါ အ ဖြစ် သတ်မှတ်လိုက်ပြီ။အကြောက်လွန် ဖို့လည်း မလိုဘူး။ ဒါပေမယ့် ကံကို ယုံပြီး ဆူးပုံနင်းလို့လည်း မဖြစ်ဘူး။ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ သတိပေးချက်တွေ အတိုင်း အတိ အကျ လိုက်နာဖို့တော့ လိုပါ့မယ်။သြစတေးလျနိုင်ငံကတော့ ဗိုင်းရပ်စ် ရောဂါ ကာကွယ်ရေးမှာ သူတို့နိုင်ငံ ကျေးလက်ဒေသ နဲ့ အစွန်အဖျား မြို့လေးတွေက ဂျီပီ ဆေးခန်း လေးတွေကိုလည်း အဓိက ရှေ့တန်း ခံစစ်အဖြစ် သတ်မှတ်ပြီး အစိုးရက အကူ အညီပေးမယ်ဆိုတဲ့အကြောင်း ABC သတင်းဌာန သတင်းမှာပါတယ်။မြန်မာနိုင်ငံမှာလည်း ဖျား နာတဲ့သူတွေက ရပ်ကွက်ထဲက ဆေးခန်းတွေကိုပဲ အရင်သွားမှာဆိုတော့ ဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေးမှာ ရပ်ကွက်၊ ကျေးရွာContinue reading

၂၀၁၆ ခုနှစ် အရည်အချင်းစစ် စာမေးပွဲမှာ တစ်မှတ်တောင်မရလို့ အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ပြင်းပြင်းထန်ထန် သတိပေးရတယ်ဆိုတဲ့ သတင်းလေး ပြန်တွေ့တော့လည်းအခြေခံဥပဒေပြင်ဆင်ရေးမှာ ပုဒ်မ ၄၀ (ဂ) နဲ့ပတ်သက်ပြီး အင်န်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေ မဲပေး ဖို့ကျန်သွားတာ ဖြစ်နိုင်ပါတယ် ဆိုတဲ့ ဆင်ခြေကို လက်ခံ ရတော့မှာပဲ။

သိသွားပြီ

အခြေခံဥပဒေပြင်ဆင်ဖို့အတွက် ပြည်ထောင်စုလွှတ်တော်မှာ ထောက်ခံမဲ ၇၅% ကျော်ရဖို့ မလွယ်မှန်းသိပေမယ့် ပြည်သူလူထုရဲ့ သဘောထား ၊ လွှတ်တော်ကိုယ်စားလှယ် အားလုံ းရဲ့ သဘောထား ဘယ်လိုရှိသလဲဆိုတာ သိအောင် စမ်းသပ်တာပါလို့ အင်န်အယ်လ်ဒီ ပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်က ပြောတယ်။ ( ပုံ ၁) မနေ့က မဲခွဲတဲ့အချိန်မှာ ပြည်ထောင်စု ပြိုကွဲမယ့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲမယ့်၊ အချုပ်အခြာအာဏာလက်လွတ်ဆုံးရှုံးမယ့် အရေးပေါ် အခြေအနေမှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံတော်အာဏာကို ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့အညီ ရယူသုံးစွဲခွင့်ရှိတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ကို မဲခွဲတဲ့အခါ ထောက်ခံ မဲ ၃၄၃ မဲပဲရခဲ့တယ်။ ( ပုံ ၂ နဲ့ ၃) သတင်းတွေအရ အဲဒီနေ့က လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ ကိုယ်စားလှယ်Continue reading “သိသွားပြီ”

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဟာ စဉ့်လုပ်ငန်းရှင်တွေကို မီးဖို ထုတ်လုပ်မှုမှာတင် ရပ်တန့်မနေဘဲ နူကလီယာ ဓာတ်ပေါင်းဖို့ ထုတ်လုပ်နိုင်တဲ့အထိ ကြိုးစားဖို့ တိုက်တွန်းခဲ့ဖူးတယ်ဆိုတော့ သူ့ လေ့လာမှုစွမ်းအားနဲ့ ရည်မှန်း ချက်ကိုတော့ လေ ျှာ့တွက်လို့မရဘူး။