ပြည်တွင်းစစ်ဖြစ်ရခြင်း အကြောင်း

ပြောတဲ့သူ ဘယ်သူလဲဆိုတာတော့ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါပေမယ့်ဝတ်ထားတဲ့ တိုက်ပုံအရောင်နဲ့ နောက်ခံစာသား“ တွေ့ဆုံပွဲ” ဆိုတာကြောင့် အာဏာရ အင်န်အယ်လ်ဒီပါတီက ခေါင်းဆောင်တစ်ယောက်ဆိုတာတော့ သေချာတယ်။ကျိုက်ထီးရိုးမှာ ဝါးသေနတ်တွေရောင်းတာကြောင့် ပြည်တွင်းစစ်ဖြစ်ရတယ်၊ အဲဒီသေနတ်တွေ ဝယ်လာတဲ့ကလေးတွေကြီးလာတော့ ဗိုလ်ချုပ်ကြီးတွေဖြစ်လာတယ် ဆိုတာကတော့ မှတ် သားလောက်တဲ့အယူအဆပဲ။ဟာသ ပြောတယ်လို့ ဆိုရအောင်လည်း တွေ့ဆုံပွဲ ဆိုတာ အငြိမ့်ကနေတာ၊ ကွက်စိတ်ဟောနေတာမှ မဟုတ်ဘူး ။ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး တာဝန်ရှိ သူတွေနဲ့ ပြည်သူတွေ တွေ့ဆုံတဲ့၊ အမြင်ချင်းဖလှယ်တဲ့ အခမ်းအနား၊ တက်လာတဲ့ ပြည်သူကို လေးလေးစားစားပြောဆိုဆက်ဆံရမယ်လို့ပဲ နားလည်မိတယ်။မဲလိုတဲ့အခါ ပြည်သူဆိုတဲ့ စကားလုံးကို ပါးစပ်က မချဘူးဆိုရင် ပြည်သူနဲ့တွေ့တဲ့အခါ လေးလေး စားစားဆက်ဆံဖို့၊ ပေါက်ပန်းဈေး မပြောဖို့တော့လိုမယ်ထင်ပါတယ်။https://www.facebook.com/…/pcb.1981031214…/198102124777278/…https://www.facebook.com/100037324749679/videos/pcb.198103121443845/198102124777278/?type=3&theater

တပ်မတော်နဲ့ ပြည်သူတွေမှာပဲ တာဝန်ရှိပါတယ်တဲ့ ။ နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေးသမားတွေကတော့ လူထု မဲလိုချင်တာပဲ ရှိပါတယ်။ တာဝန်တော့ မရှိဘူးပေါ့။ ဒါက တပ်မတော်ကနေပြီးတော့ တိုင်းပြည်ကို အာဏာနဲ့ အုပ်ချုပ်လို့ တကယ်တမ်းလည်း အဲဒီလိုဖြစ်သွားတယ်။ ဒါပေမယ့် တပ်မတော်တွေက အာဏာသိမ်းလောက်အောင် အခြေအနေတွေကို ဘယ်သူတွေက ဖန်တီးတာလဲ။ တိုင်းပြည်ကြီး ဗရုတ်ဗရက်ဖြစ်ပြီး တပ်မတော်က အာဏာသိမ်းလောက်အောင် ဘယ်သူတွေက ဖန်တီးနေကြတာလဲ။ ပြည်သူတွေက ဖန်တီးနေတာမဟုတ်ဘူးလား” ဟု ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောဆိုသည်။( ကောက်နှုတ်ချက်)

ဧရာဝတီသတင်းဌာန မှာ ဖော်ပြထားတဲ့ ကရိုနာဗိုင်းရပ်စ် သံသယလူနာ သေဆုံးတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်ပြီး ကျန်းမားရေးနဲ့ အားကစားဝန်ကြီးဌာနက တိတိကျကျ သတင်းထုတ်ပြန်ပေးရင်ကောင်းမယ်။ လွန်ခဲ့တဲ့ နာရီဝက်အထိတော့ ကျန်းမာရေးဝန်ကြီးဌာန ဖေ့စ်ဘွတ်စာမျက်နှာမှာ အဲဒီကိစ္စနဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်မတွေ့သေးဘူး။ မတ်လ ၅ ရက်နေ့ ည ၈နာရီ သတင်းထုတ်ပြန်ချက်ပဲရှိသေးတယ်။ မန္တလေးမြို့ ကန်တော်နဒီဆေးရုံတွင် မတ်လ ၄ ရက်နေ့ ညက COVID-19 ရောဂါ သံသယ လက္ခဏာများဖြင့် ရောက်ရှိလာသည့် အသက် ၆၈ နှစ်အရွယ် အမျိုးသမီးမှာ ယမန်နေ့ ညက သေဆုံးသွားပြီး မည်သည့်အတွက်ကြောင့် သေဆုံးသည်ကို စစ်ဆေးနေကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဒေါ်သန်းသန်းမြင့်က ဧရာဝတီသို့ အတည်ပြု ပြောသည်။( သတင်းကောက်နှုတ်ချက်)

တပ်မတော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနရဲ့ သတိပေးချက်ကို အလေး ထားပြီး တပ်မတော်နေ့ အခမ်းအနားကို တောင် ဆိုင်းငံထားခဲ့တယ်။ ဒါပေမယ့် တာဝန်ရှိပေမယ့် တာဝန်မသိတတ်တော့ ဗိုင်းရပ်စ်ကို မမြင်၊ ငွေကြေးတို့၊ (ကံစမ်း) မဲ တို့ပဲ မြင်ပြီး လူစုနေ တဲ့ သူတွေကလည်း ရှိတုန်း။ တပ်မတော်အနေဖြင့် မတ်လ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် စိန်ရတုတပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားနှင့်ပတ်သက်၍ ခေတ္တဆိုင်းငံ့ထားမည်ဖြစ်ကြောင်းနှင့် WHO နှင့် နိုင်ငံတကာမှ COVID-19 ကူးစက်မြန်ရောဂါ ထိန်းချုပ်နိုင်မှုနှင့် ပတ်သက်၍ တစ်စုံတစ်ရာထုတ်ပြန်မှသာ စိန်ရတုတပ်မတော်နေ့ စစ်ရေးပြအခမ်းအနား ကျင်းပနိုင်ရေး ဆက်လက်စီမံဆောင်ရွက်ရန် လျာထားကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။( သတင်းထုတ်ပြန်ချက်မှ ကောက်နှုတ်ချက်)

တိုက်တိုက်ဆိုင်ဆိုင်

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ မြတ်ဉာဏစိုး ဟာ ဥပဒေကြမ်းတစ်ခုကို မှားပြီးတင်သွင်းခဲ့တဲ့ အတွက်ကျွန်တော်က “ဒေါက်တာမြတ်ဉာဏစိုးက အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူးဖြစ်သလိုနောက်ဆုံးဖွဲ့စည်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးပူးပေါင်း ကော်မတီရဲ့ အတွင်းရေးမှူးလည်းဖြစ်ပါတယ်။ သူ့ကို ပထမအကြိမ်လွှတ်တော်တုန်းက ဆုံဖူးတယ်။ အလွန်အလုပ်လုပ်နိုင်တဲ့၊ အလွန်တက်ကြွတဲ့ ပုဂ္ဂိုလ်ပါ။အလုပ်တွေများလို့ ဆွေးနွေးရမယ့် ဥပဒေကြမ်းလွဲသွားတာထင်တယ်။ အခြေခံဥပဒေဥပဒေပြင်ဆင်ရေးမှာတော့ ပုဒ်မတွေ၊ ဥပဒေတွေ လွဲလို့မဖြစ်ဘူး။” လို့ သတိပေးခဲ့ ဖူးတယ်။ ပုံ ၁ နဲ့ ၂ တိုက်တိုက်ဆိုင်ဆိုင် တစ်နှစ် ပြည့်ဖို့ တစ်ရက်အလို ပြည်ထောင်စုလွှတ်တော်မှာ အခြေခံဥပေ ဒ ပြင်ဆင်ရေး နဲ့ပတ်သက်ပြီး ပူးပေါင်းကော်မတီရဲ့ အစီရင်ခံစာကို ဆွေးနွေးတဲ့အခါ တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေတင်သွင်းတဲ့Continue reading “တိုက်တိုက်ဆိုင်ဆိုင်”

ပါတာဖတ်

သင်တန်းသားဘဝမှာတော့ စင်ပေါ်တက်ပြီး စာအုပ်ထဲ မှာ ရေးပေးတဲ့အတိုင်း ဖတ်ပြတာပဲ လုပ်တတ်တဲ့ နည်းပြဆိုရင် “ ပါတာဖတ်” နည်းပြလို့ ခေါ်ခဲ့ ကြတယ်။တစ်ခါ တစ်လေ သင်တန်းသားက မေးခွန်းမေးရင်၊ မှားတယ်ထင်လို့ ဝေဖန် ထောက်ပြလိုက်ရင် “ ပါတာဖတ်“ နည်းပြ ဒုက္ခရောက်တော့တာပဲ။ တစ်ချို့ ပါတာဖတ် ကတော့ မသိတဲ့အကြောင်းဝန်ခံပြီး နောက်တစ်ချိန်မှာ ဖြေပေးပါ့မယ်လို့ ပြော တယ်။တစ်ချို့ “ ပါတာဖတ်“ ကျတော့လည်း ဆရာမှားတာမဟုတ်ဘူး။ စာရိုက်တဲ့ စာရေး မှားတာ လို့ ဆင်ခြေပေးတတ်တယ်။ သင်တန်းသားကိုလည်း လ ျှာရှည်ရန်ကောဆိုပြီး မကြည်မလင်ဖြစ်တတ်တယ်။အခုတော့ “ ပါတာဖတ်“ ဆိုတာ သင်တန်းတွေမှာပဲ ရှိတယ်လို့ထင်ခဲ့တာ မဟုတ်မှန်းသိရပြီလေ။

စင်္ကာပူကို ကျော်မယ်ဆို

အစိုးရရဲ့ စီးပွားရေးမူဝါဒ၊ ပြည်တွင်းက အသေးစား၊ အလတ်စား လုပ်ငန်းရှင်တွေကို အကူအညီပေးရန်လိုအပ်ချက်တွေကို သုံးသပ်ထားတဲ့ တူမောရိုး ဂျာနယ်က “ လက်စောင်းထက်” ရဲ့ဆောင်းပါး ဆောင်းပါးခေါင်းစဉ်က “ ဖြစ်ချင်နေတာက စင်္ကာပူ၊ ဖြစ်နေတာက ကသောင်း ကနင်း၊ ဖြစ်ခဲ့တာက ဗရုတ်ဗရက်” တဲ့ စိတ်ဝင်စားရင် အောက်ပါလင့်ခ်မှာ ဖတ်နိုင်ပါတယ်။ http://www.tomorrow.com.mm/node/4478?fbclid=IwAR0JPe2e2L0bgLl13hVTO1N3_7jlINq45CjykwUCOAlXCMYVsU247SzevIU

ဒီနေ့ မှာ MIPS (Myanmar Institute for Peace and Security ) က ထုတ်ဝေတဲ့ စာအုပ် မိတ်ဆက်ပွဲအခမ်းအနားကို တက်ရောက်ခွင့်ရခဲ့တယ်။ စာအုပ်အမည်က အတော်ရှည်လျားပါတယ်။ “ ဖက်ဒရယ် (၅) နိုင်ငံ၏ လက်နက်ကိုင်တပ်ဖွဲ့ များ ဆိုင်ရာ အခြေခံဥပဒေနှင့် ပြဋ္ဌာန်းဥပဒေများတွင် ပြဋ္ဌာန်းထားသည့် လုပ်ပိုင်ခွင့်နှင့် အာဏာများကို နှိုင်းယှဉ်သုံးသပ်ခြင်းနှင့် ထည့်သွင်းစဉ်းစားစရာများ” လို့ အမည်ပေးထားတယ်။ ဒီစာအုပ်က ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ကျင့်သုံးတဲ့ အမေရိကန်၊ အိန္ဒိယ ၊ဆွစ်ဇာလန်၊ နီပေါ၊ တောင်အာဖရိက နိုင်ငံတွေမှာ ကျင့်သုံးနေတဲ့ ပြည်ထောင်စုတပ်မတော် ဖွဲ့စည်းမှု ပုံစံ၊ အရပ်ဘက် – စစ်ဘက် ဆက်ဆံရေး၊ အရပ်သားအစိုးရရဲ့ ကာကွယ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့် အာဏာ နဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့Continue reading

လော် ဒုက္ခ

ဘားအံ က အပြန် တွေ့ခဲ့ရတဲ့ လော် ကားကြီး။ ကျွန်တော်တို့ ခဏနားနေတဲ့ ဆိုင်ရှေ့မှာ ရပ်ပြီး ဖွင့်လိုက်တာ ပန်းကန်တွေတောင် တုန်တယ်။ မင်္ဂလာဆောင်ဆိုရင် နှစ်သိန်းခွဲ၊ အကြိုတစ်ရက်၊ မင်္ဂလာနေ့တစ်ရက် နှစ်ရက်ဖွင့်ပေးတယ်။ အခု ဖွင့်ထားတာ အသံအတိုးဆုံးပဲ၊ စက်တစ်လုံးပဲသုံးထားသေးတယ်တဲ့။ သူများတွေ စက်အသစ်တပ်ရင် ကိုယ်လည်းလိုက်တပ်ရတယ်။ မဟုတ်ရင် ငှားတဲ့သူမရှိဘူး။ ပွဲလိုက်တဲ့လော်ဆိုတာ အသံကျယ်ရတယ်၊ သီချင်းစုံရတယ်တဲ့။ အပြင်လောကမှာလည်း လော်၊ ဖေ့စ်ဘွတ်စာမျက်နှာတွေပေါ်မှာလည်း လော် ၊ လော် နိုင်ငံ ကြီးမှာ နေရတာ မလွယ်လှဘူး။

ပေးရတဲ့တန်ဖိုးလည်းနည်း၊ ကင်လို့လည်း လွယ်၊ စားရတာလည်း လွယ်တော့ ငါးသေးသေးလေးတွေက အရင်ကုန်တယ်။ ငါးကြီးတွေကတော့ တန်ဖိုးလည်းကြီး၊ အကိုင်အတွယ်မတတ်ရင် ပျက်စီးနိုင်၊ စားရတာလည်း လက်ဝင်၊ တော်ရုံလူ မကိုင်ရဲတော့ ကျန်နေတာပေါ့။ လာအို နိုင်ငံ ဗီယန်ကျင်းမြို့ အကင်ဆိုင်ကပေးတဲ့ သင်ခန်းစာပါ။