လရောင်ဆမ်း တဲ့ ရှားပင်ကုန်း

၂၀၀၆ ခုနှစ်ဆန်းနေပြည်တော်ကို ပြောင်းလာတော့ လမ်းမကြီးတွေ ဖောက်လို့ မပြီးသေးဘူး။ လူနေအဆောက်အဦတွေမပြီးသေးဘူး။ ကျွန်တော်တို့ဆိုရင် ရုံးခန်းမှာပဲ အိပ်ရ တယ်။ ဈေးဝယ် မယ်၊ အစားအသောက်ကောင်းကောင်းစားမယ်ဆိုရင် ပျဉ်းမနားအထိသွားရတဲ့ ခေတ် ပေါ့။အဲဒီအခိျန်က ရုံးပိတ်ရက်ဖြစ်ဖြစ်၊ ရုံးဆင်းချိန် ညနေခင်းဖြစ်ဖြစ် ဘီယာဆိုင် မရှိသေးတော့ ထန်းရည်ဆိုင်သွားရတယ်။ ကျွန်တော်တို့ သွားလေ့ရှိတဲ့ ဆိုင်က ရုံးတွေဘက်ကလာရင် အခု ရာဇဌာနီ လမ်း နဲ့ ရာဇသင်္ဂဟ လမ်းဆုံ ၊ ကုမုဒြာကြာပန်းအဝိုင်း အကျော် ဘယ်ဘက်မြေနီလမ်း လေးအတိုင်း ဝင်သွားရတဲ့ ထန်းတော။ လယ်ကွင်းထဲက ထန်းတောစုလေး။ လေတဖြူးဖြူးနဲ့ သဘာ၀ ထန်းရည် ဆိုင်။ကုမုဒြာကြာပန်းအဝိုင်းနေရာကလည်း ရာဇဝင်နဲ့၊ ဒီတစ်ဝိုက်က ရွာဟောင်းနေရာ၊ ရှားပင်ကုန်း လို့ ခေါ်တယ်။ ရာဇသင်္ဂဟ လမ်းမကြီးဖောက်တော့ ဒီရွာကိုContinue reading “လရောင်ဆမ်း တဲ့ ရှားပင်ကုန်း”

သြစတေးလျမီဒီယာနဲ့ အသရေဖျက်မှု

မနေ့ ( ဇွန် ၁ ) ရက်နေ့က သြစတေးလျမီဒီယာလောကကို တုန်လှုပ်သွားစေတဲ့ အဖြစ်အပျက် တစ်ခုဖြစ်ခဲ့တယ်။ အဲဒါတော့ သတင်းဌာနတွေရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားတဲ့မှတ်ချက်တွေ အတွက် သက်ဆိုင်ရာသတင်းဌာနမှာ တာဝန်ရှိတယ်ဆိုတဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်ပါပဲ။ ဒီအမှုမှာ တရားလိုဖြစ်တဲ့ Dylan Voller က သြစတေးလျ သတင်းမီဒီယာသုံးခုဖြစ်တဲ့ Fairfax Media, Nationwide News နဲ့ Sky News တို့ရဲ့ ဖေ့စ်ဘွတ်ပေ့ချ် မှာ တင်ထားတဲ့ သူ့အကြောင်း သတင်းအောက်မှာ စာဖတ်သူတစ်ချို့က ဇူလိုင် ၂၀၁၆ ကနေ ဇွန် ၂၀၁၇ ခုနှစ်ကြား ရေးတဲ့ မှတ်ချက်ဆယ်ခုဟာ သူ့ကို အသရေဖျက်ရာရောက်တဲ့အတွက်ဆိုပြီး ဖေ့စ်ဘွတ်ပေ့ချ် ပိုင်ရှင်တွေ ဖြစ်တဲ့ သတင်းဌာနသုံးခုကို အသရေဖျက်မှုနဲ့ တရားစွဲခဲ့တယ်။Continue reading “သြစတေးလျမီဒီယာနဲ့ အသရေဖျက်မှု”

မြို့ပြတေး

ကြက်ဥကြော်နဲ့ ထမင်းကြော်တစ်ပွဲ၊ ကျဆိမ့်တစ်ခွက် စားပွဲပေါ်ရောက်လာတယ်။ ပလက်ဖောင်း ပေါ်မှာ လူသွားလူလာများလာပြီ။ ဘယ်သူက တာဝန်ပေးထားမှန်း မသိတဲ့လူတစ်ယောက်ကလည်လမ်ဘေး နေရာလွတ်တွေနားမှာရပ်စောင့်ပြီး ကားတွေကို နေရာချပေးနေတယ်။ ပြီးရင် နှစ်ရာတောင်းတယ်။ ဘယ်သူကမှ မေးခွန်းမထုတ်ဘူး။ ငွေနှစ်ရာထုတ်ပေးလိုက်တာပဲ။ ကားတွေကို သူစောင့်ကြည့်ပေး ၊ မပေး မသေချာဘူး။ ဒါပေမယ့် ငွေမပေးရင် လူရော၊ ကားပါ ကသိကအောင့်ဖြစ်စရာတွေ ကြုံမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ ပေးသွားကြတာပဲ။ အဆောက်အဦ နံရံကို မှီပြီးဖွင့်ထားတဲ့ ဒီဆိုင်ဟာ လမ်းဘေးဆိုင်ထဲမှာတော့ ဆိုင်ကြီး စာရင်း ဝင် တယ်။ ထီးမိုးထားတဲ့ စားပွဲလေးငါးလုံးရှိတယ်။ ထမင်းဖြူ၊ ထမင်းကြော်ရတယ်။ ချဉ်ပေါင်ကြော်၊ ကြက်ဥကြော်၊ ဝက်သား၊ကြက်၊ ငါး၊ ပုဇွန် ဟင်းတွေ ရတယ်။ အစိုးရရုံးတွေ၊ ပုဂ္ဂလိက ဆိုင်ခန်း တွေနားမှာရှိတော့Continue reading “မြို့ပြတေး”

ဗိုင်းရပ်စ် နဲ့ သတင်းစာ

News Corp Australia ဆိုတာက မီဒီယာလုပ်ငန်းရှင်ကြီးမားဒေ့ါပိုင်တဲ့ News Corp ရဲ့ လုပ်ငန်းခွဲ ဖြစ်ပါတယ်။ News Corp Australia က သြစတေးလျနိုင်ငံမှာ လစဉ်၊ အပတ်စဉ်၊ နေ့ စဉ်ထုတ် သတင်းစာပေါင်း ၁၄၂ ခုရှိတယ်။ အများစုက ဒေသအလိုက် ထုတ်ဝေတဲ့ ဒေသန္တ ရ သတင်းစာတွေပါ။ သြစတေးလျနိုင်ငံမှာ ရှိတဲ့သတင်းစာ ၂၅% နီးပါးဟာ News Corp က ထုတ်ဝေတာဖြစ်ပြီး လစဉ် စာဖတ်ပရိသတ် ၁၆ သန်းလောက်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမယ့် ဒီလောက်ကြီးမားတဲ့ မီဒီယာအင်ပါယာကြီးလည်း ကိုရိုနာဗိုင်းရပ်စ် တိုက်ခိုက်မှုကို ု မခံ နိုင်ဘူး။ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ News Corp ပိုင်တဲ့ ဒေသန္တရသတင်းစာ ၆၀Continue reading “ဗိုင်းရပ်စ် နဲ့ သတင်းစာ”

ဗိုင်းရပ်စ် နဲ့ တာဝန်ခံမှု

အစိုးရက ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် စည်းမျဉ်း၊ စည်းကမ်းတွေ ထုတ်ပြန်ထားတယ်။ စည်းကမ်းချိုးဖောက်တဲ့သူတွေ အရေးယူခံရတယ်။ ဒါပေမယ့် အစိုးရ အဖွဲ့ ခေါင်းဆောင်ရဲ့ လူရင်း၊ မျက်နှာသာအပေးခံရဆုံး ပုဂ္ဂိုလ်က စည်းကမ်းချိုး ဖောက် တယ်။ ပြည်သူတွေ၊ မီဒီယာတွေတောင်မကဘူး အာဏာရပါတီက လွှတ်တော် အမတ်တွေကတောင် ဒီလုပ်ရပ်ကို ရှုံ့ချကြတယ်။ ဒါပေမယ့် အခု ( ဆောင်းပါးရေးတဲ့အချိန်ထိ ) ခေါင်းဆောင်ကြီးက သူ့လူကို အရေးမယူသေး ဘူး။ စည်းကမ်းချိုးဖောက်တဲ့ ပုဂ္ဂိုလ်က လည်း သူ့လုပ် ရပ်အတွက် တာဝန်မယူဘူး။ သူမှန်တယ် လို့ပြောနေဆဲပဲ။ ဒါကတော့ ဒီနေ့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင် ရင်ဆိုင်နေရတဲ့ ပြဿနာပါ။ ပြဿနာရဲ့ အစက ဝန်ကြီးချုပ် ဂျွန်ဆင်ရဲ့Continue reading “ဗိုင်းရပ်စ် နဲ့ တာဝန်ခံမှု”

အလုပ်နဲ့ အိမ်

နည်းပညာတွေတိုးတက်လာတာနဲ့ အမ ျှ အိမ်ကနေ အလုပ်လုပ်မယ်။ရုံးမှာလည်း မလိုအပ်ဘဲ နဲ့ စာရွက်စာတမ်းတွေ မသုံးဘူးဆိုတဲ့အယူအဆပေါ်လာတာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီ။ ဒါပေမယ့် အသားကျနေတဲ့ ရုံးလုပ်ငန်းစနစ်တွေကြားက ရုန်းထွက်ဖို့ တွန့်ဆုတ်နေတဲ့အတွက် လက်တွေ့ အကောင်အထည်ဖော်တဲ့ သူ နည်းနည်းပဲရှိခဲ့တယ်။ ကိုဗစ် ၁၉ ကူးစက်ရောဂါကပ်ဘေး ရောက်လာတော့ အိမ်ကနေ အလုပ်လုပ်မယ်ဆိုတဲ့ အခြေအနေ ကို မဖြစ်မနေအကောင်အထည်ဖော်ကြရတော့တယ်။ အောင်မြင်တာ၊ အဆင်ပြေတာ ရှိ သလို၊ အခက်အခဲတွေလည်းရှိတယ်။ စင်္ကာပူနိုင်ငံမှာတော့ အိမ်ကနေအလုပ်လုပ်ရတာကို ဝန်ထမ်းတွေ၊ လုပ်ငန်းရှင်တွေက ဘယ်လိုမြင်သလဲဆိုတာကို သိနိုင်ဖို့အတွက် အိမ်ကနေ အလုပ်လုပ်နေတဲ့ လုပ်ငန်းကိုးရာနီးပါးက ဝန်ထမ်း ကိုးထောင် ကို စစ်တမ်းကောက်ယူခဲ့တယ်။ အဲဒီစစ်တမ်းတွေ့ရှိချက်က အောက်ပါအတိုင်းဖြစ်ပါတယ် – ၁။ ၁၀% က အိမ်ကနေ အလုပ်လုပ်ရတာကို မကြိုက်ဘူး။၂။Continue reading “အလုပ်နဲ့ အိမ်”

စင်္ကာပူ တံခါးဖွင့်ချိန်

မေ လ ၂၃ ရက်နေ့မနက်ထိ စင်္ကာပူနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ခံရသူ ၃၀၄၂၆ ယောက်ရှိတယ်။ ရောဂါပျောက်ကင်းသွားသူ ၁၂၉ ၅၅ ယောက်ရှိတယ်။ သေဆုံး သူ ၂၃ ယောက်ရှိတယ်။ စင်္ကာပူနိုင်ငံရဲ့ မဟာဗျူဟာက ဗိုင်းရပ်စ်ပိုးကူးစက်ထားသူရှိ၊ မရှိ စစ်ဆေးမှု ကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပြီး ထိန်းချုပ်ဖို့ကြိုးစားတာဖြစ်တယ်။ ဧပြီလဆန်းမှာ တစ်နေ့ကို ပျမ်းမ ျှ လူ နှစ်ထောင့်ကိုးရာလောက် စစ်ဆေးနိုင်တယ်။ ဧပြီ လကုန်ပိုင်းရောက်တော့ တစ်နေ့ကို လူ ရှစ်ထောင်လောက်စစ်ဆေးနိုင်တယ်။ မေလ ၈ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာတော့ အစိုးရက တစ်နေ့ကို နှစ်သောင်းနီးပါးစစ်ဆေးနိုင်ပြီ၊ ဒါပေမယ့် တစ်နေ့ကို လေးသောင်းစစ်ဆေးနိုင်တဲ့ အထိ ဆောင်ရွက်သွားမယ်လို့ပြောတယ်။ စင်္ကာပူအစိုးရက သက်ကြီးရွယ်အိုစောင့်ရှောက်ရေးဂေဟာ၊ ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံခြား သားအလုပ်သမားများ၊ ဝန်ဆောင်မှုလုပ်ငန်းမှContinue reading “စင်္ကာပူ တံခါးဖွင့်ချိန်”

ရှင်သန်ခြင်း

ကိုဗစ် ၁၉ ရောဂါဖြစ်လာတော့ ကျွန်တော်တို့နေ့စဉ်သုံးစကားတွေမှာ ဝေါဟာရအသစ်တွေ တိုး လာသည်။ Mask, Quarantine ဆိုတာတွေက ကား၊ ကွန်ပျူတာ တို့လိုပဲ မွေးစားစကားလုံးတွေ ဖြစ်လာပြီ။ နောက်ဆုံးတိုးလာတဲ့ ဝေါဟာရက New Normal။ New Normal ကို တိုက်ရိုက်ဘာသာပြန်ရင်တော့ ပုံမှန်အခြေအနေသစ်လို့ ဆိုရမည်ထင် သည်။ ဒါပေမယ့် မူလဆိုလိုရင်းက ရှောင်လွဲလို့မရ၊ မဖြစ်မနေရင်ဆိုင်ရတော့မယ့်အခြေအနေ ကို ဆို လို ခြင်းဖြစ်သည်။ New Normal ကို စသုံးခဲ့တာ ၂၀၀၇ – ၂၀၀၈ ကမ္ဘာ့ငွေကြေးကဏ္ဍအကျပ်အတည်း ဖြစ်ပွားချိန် မှာဖြစ်သည်။ ထိုအကျပ်အတည်းရဲ့ အကျိုးဆက်အဖြစ် အစိုးရတွေရဲ့ ဘဏ္ဍာရေး၊ ငွေကြေးကဏ္ဍ နဲ့ စီးပွားရေးကဏ္ဍဆိုင်ရာ မူဝါဒတွေမှာအပြောင်းအလဲတွေအများကြီးဖြစ်ခဲ့သည်။ စည်းမျဉ်း အသစ်တွေပေါ်လာသည်။ စီးပွားရေးပညာရှင်တွေကContinue reading “ရှင်သန်ခြင်း”

ဒေါက်တာအေးမောင် နဲ့ ရွေးကောက်ပွဲ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၂၀၂၀ ပြည့်နှစ် မေလ ၁၈ ရက်နေ့ရက်စွဲနဲ့ ရခိုင်ပြည် နယ်၊ အမ်းမြို့နယ် ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် ဟာ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်နဲ့ ဆက်လက်ရပ်တည်ခွင့်မရှိကြောင်း နောင်ပြုလုပ်မယ့် ရွေးကောက်ပွဲတွေမှာလည်း ယှဉ်ပြိုင်ခွင့်မရှိကြောင်း ကြေညာခဲ့တယ်။ ပုံ ၁ဒီကြေညာချက်ကြောင့် တစ်ချို့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် ကြတယ်။ ဒါပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို အပြစ်တင် လို့မရဘူး။ ရွေးကောက်ပွဲ ကော်မရှင်က ဥပဒေအတိုင်းလုပ်ရမှာပဲ။ရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်မှာ အချက်နှစ်ချက်ပါတယ်။ပထမအချက်က ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၁၁ ၊ ပုဒ်မခွဲ (ဃ) နဲ့ ငြိစွန်း တဲ့အတွက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆက်လက်ရပ်တည်ခွင့်မရှိဘူး ဆိုတဲ့ အချက်ဖြစ်ပါတယ်။ပုဒ်မ ၁၁ ပုဒ်မ ခွဲ (ဃ) ဆိုတာက လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်တင်မြှောက်ခံContinue reading “ဒေါက်တာအေးမောင် နဲ့ ရွေးကောက်ပွဲ”

ဝေဖန်မှုနဲ့ သတိပြုစရာ

ဒီမိုကရေစီစနစ်ကို တည်ဆောက်မယ်ဆိုရင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် (Freedom of Expression ) က အရေးကြီးတယ်။ ဒီနေ့ပြောနေကြတဲ့ စာနယ်ဇင်းလွတ်လပ်ခွင့် ဆိုတာဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ရဲ့ အစိတ်အပိုင်း၊ တနည်းအားဖြင့် စာနယ်ဇင်းသမားများရဲ့ လုပ်ငန်း သဘောသဘာ၀ အရ လိုအပ်ချက်များကို သီးခြားအထူးပြုပြောထားတာဖြစ်ပါတယ်။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဆိုတာကတော့ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေးများထဲက တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်ကို ၊ အဖွဲ့အစည်းတစ်ခုကို ဝေဖန် တယ်ဆိုတာဟာလည်း လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကိုကျင့်သုံးတာပဲပေါ့။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နဲ့ပတ်သက်ရင် ကုလသမဂ္ဂရဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့် အရေးကြေညာစာတမ်း အပိုဒ် ၁၉ မှာ အခုလို ဖော်ပြထားတယ်။ “ လူတိုင်းတွင် ထင်မြင်ယူဆခွင့် နှင့် လွတ်လပ်စွာထုတ်ဖော်ခွင့်ရှိသည်။ အဆိုပါ အခွင့်အရေးများ တွင် ထင်မြင်ယူဆချက်များကို အနှောင့်အယှက်ကင်းစွာဖြင့် လွတ်လပ်စွာ စွဲကိုင်ခွင့်အပြင်Continue reading “ဝေဖန်မှုနဲ့ သတိပြုစရာ”