၂၀၂၀ မြန်မာ နဲ့ ကမ္ဘာ

၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့မှာ ကုလသမဂ္ဂအထွေထွေညီလာခံက မြန်မာနိုင်ငံအတွင်းမှာ ရိုဟင်ဂျာအပါအဝင် လူနည်းစုများအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေကျူးလွန်နေမှုအပေါ် စိုးရိမ်ကြောင်း ဆုံးဖြတ်ချက်ကို ထောက်ခံမဲ ၁၃၄ မဲ၊ ကန့်ကွက်မဲ ၉ မဲ ၊ မဲမပေး တဲ့ နိုင်ငံ ၂၈ နိုင်ငံ နဲ့ အတည်ပြုခဲ့တယ်။ ဒီဆုံးဖြတ်ချက်ဟာ ၂၀၂၀ ပြည့်နှစ်အတွင်း မြန်မာ့ နိုင်ငံရေး၊ စီးပွားရေးအခြေအနေတွေအပေါ် အများကြီးရိုက်ခတ်နိုင်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပေမယ့် ပြည်တွင်းနိုင်ငံရေးအကဲခတ်တွေနဲ့ မီဒီယာ အများစုကတော့ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်ဟာ ဥပဒေကြောင်းအရ စည်းနှောင်မှုမရှိတဲ့ အတွက် အရေးမကြီးတဲ့ သဘော ပြောကြတယ်။ အဲဒီလိုပြောတဲ့အထဲမှာ အာဏာရ အင်န်အယ်လ်ဒီအစိုးရ နဲ့ ပါတီအသိုင်းအဝန်းက လူတွေပါ ပါနေ တာကတော့ အတော်အံ့သြဖို့ကောင်းတယ်။ ၁၉Continue reading “၂၀၂၀ မြန်မာ နဲ့ ကမ္ဘာ”

၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ စီးပွားရေးအတွေ့အကြုံ

ရန်ကုန်မြို့ပြအများပြည် သူ သယ်ယူပို့ဆောင်ရေး (YUPT) အများပိုင်ဘတ်စ်ကားကုမ္ပဏီ မှာ ထည့်ဝင်ထားတဲ့ ကျပ် ၃၅ ဘီလီယံ လုံးပါးပျောက် ဆုံးမယ့် အခြေအနေအဖြစ်ခံမှာ မဟုတ်ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အာမခံ ပြောကြားလိုက်ပါတယ်။ ဒီနေ့( ဒီဇင်ဘာ ၃၀ ၂၀၁၉ )ထုတ် ဆဲဗင်းဒေးသတင်းစာပါ သတင်းအရ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၁။ သူအကျွမ်းကျင်ဆုံးဘာသာသာရပ်က စီးပွားရေးဖြစ်ပြီး အများပြည်သူပို့ဆောင် ရေး လုပ်ငန်းမအောင်မြင်စရာမရှိဘူး။၂။ သူဟာ စီးပွားရေးစာအုပ်တွေဖတ်နေတဲ့သူမဟုတ်ပါဘူး။၃။ Business နယ်ပယ်မှာကို အောင်မြင်ခဲ့တဲ့ စီးပွားရေးသမားတစ်ယောက်ဖြစ်ပါတယ်။၄။ ၃၅ ဘီလီယံ လုံးပါးပါးပြီး ပျောက်ဆုံးသွားမယ့် အခြေအနေမျိုး ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ဘူး။ လို့ ပြောကြားခဲ့တာကိုတွေ့ရပါတယ်။ သူ့အနေနဲ့ ဘာစီးပွားရေးလုပ်ငန်းတွေလုပ်ပြီးအောင်မြင်ခဲ့တယ်ဆိုတာတော့ မိန့်ခွန်းထဲမှာ ထည့် ပြောမထားဘူး။Continue reading “၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ စီးပွားရေးအတွေ့အကြုံ”

ဒီဇင်ဘာ ၁၅ ရက်နေ့ထုတ် ကြေးမုံသတင်းစာ ခေါင်းကြီး

“ဆရာသမားနှင့်တူသော မိမိတို့ ရပ်သည် ရှင်သန် ဖွံ့ဖြိုး တိုးတက်လာနိုင် ရန်အတွက် အထောက်အပံ့နှင့် စောင့်ရှောက်မှုများ ပြုလုပ်ပေးနိုင်သည့် အစိုးရ တို့သည်လည်း ကျေးဇူးရှိသူများသာဖြစ်သည်။ ” xxတစ်ချိန်ကတော့“အစိုးရဟာ ပြည်သူတွေရဲ့ အစေခံ””အစိုးရ လုပ်ရမယ့်အလုပ်ကို အစိုးရလုပ်တာ ကျေးဇူးတင်ဖို့မလို၊ မလုပ်ရင် သာ ဝေဖန်ရမယ်”ဆိုတဲ့ အယူအဆတွေလည်း ခေတ်စားခဲ့ဖူးတယ်။

ဂမ်ဘီယာ – မြန်မာ (၁)

ဒီဇင်ဘာ ၁၀ နဲ့ ၁၁ ရက်နေ့တွေမှာ နိုင်ငံတကာတရားရုံးက ဂမ်ဘီယာ – မြန်မာ အမှုကို ကြားနာ ခဲ့တယ်။ နိုင်ငံတကာတရားရုံးရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ဒီဇင်ဘာ ၁၀ ရက်နေ့မှာ တိုင်ကြားထား သူ ဂမ်ဘီယာက လေ ျှာက်လဲချက်ပေးတယ်။ မြန်မာက ဒီဇင်ဘာ ၁၁ ရက်နေ့ (ဒီနေ့)မှာ လေ ျှာက်လဲ ချက်ပေးရမယ်။ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဒုတိယအကျော့ လေ ျှာက်ထားမှုလုပ်ရမယ်။ အဲဒီ မှာ တော့ တစ်ရက်ထဲနဲ့အပြတ်ဖြတ်မှာဖြစ်ပါတယ်။ ဒီသုံးရက်လေ ျှာက်လဲချက်တွေက ဂမ်ဘီယာ နိုင်ငံကတောင်းဆိုထားတဲ့အတိုင်း မြန်မာနိုင်ငံအပေါ် ကြားဖြတ်တားဆီးမိန့် ( “Provisional Measures” ) ထုတ်ပေးဖို့အတွက် လေ ျှာက်ထားတာဖြစ်ပါတယ်။ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုContinue reading “ဂမ်ဘီယာ – မြန်မာ (၁)”

၂၀၁၉ ခုနှစ်မှာ မြန်မာနိုင်ငံဟာ အာဆီယံနိုင်ငံတွေထက် ကုန်ထုတ်လုပ်မှု တိုးတက်လာတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက ပြောထားတယ်။ဘယ်ကိန်းဂဏန်းအချက်အလက်တွေကို အခြေခံပြီး ပြောတယ်ဆိုတာ ပြည့်ပြည့်စုံစုံ သိရရင်ကောင်းမယ်။စင်္ကာပူက မိတ်ဆွေတွေကို ပြချင်လို့ပါ။

မသိဘူး စီးမယ် (၂)

ဒီဇင်ဘာလ ၅ ရက်နေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ နိုင်ငံတော်အကြီးအကဲများနဲ့ နိုင်ငံတော်အဆင့်ဧည့်သည်များရဲ့ ခရီးစဉ်မှာ အသုံးပြုဖို့အတွက် ကျည်ကာ ယာဉ် ခြောက်စီး ကို အခွန်ကင်းလွတ်ခွင့်ပြုဖို့ အစိုးရအဖွဲ့ကိုယ်စား ဒုတိယဝန်ကြီး ဦး မောင်မောင်ဝင်းက တင်ပြခဲ့တယ်။ (ပုံ ၁)ဒုဝန်ကြီးရဲ့ တင်ပြချက်အရ ကားခြောက်စီးအတွက် ဒေါ်လာ ၇ သိန်းကျော် ကုန်ကျမယ်။ အဲဒီ ကား တွေကို ဥပဒေနဲ့ အညီ အခွန်ပေးရရင် နောက်ထပ် ဒေါ်လာ လေးသိန်းကျော် ထပ်ကုန်မယ်။ ဒါ့ကြောင့် အခွန်ကင်းလွတ်ခွင့်ပေးဖို့တင်ပြရတာဖြစ်တယ်လို့ သိရပါတယ်။အဲဒီလို ကျည်ကာယာဉ် ( Bullet Proof ) ကို ၂၀၁၄ မြန်မာနိုင်ငံအာဆီယံဥက္ကဋ္ဌတာဝန်ယူချိန်မှာ အသုံးပြုဖို့အတွက် ဝယ်ခဲ့ဖူးတယ်။ အဲဒီလို ဝယ်ယူမှုနဲ့ပတ်သက်ပြီး ပြည်ထောင်စု အစိုးရနဲ့ လွှတ် တော်ကြားမှာContinue reading “မသိဘူး စီးမယ် (၂)”

ထွေအုပ်နဲ့ နိုင်ငံရေးပါတီ

အင်တာနက်ပေါ်မှာ ချောင်းဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကွက်၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေကို ညွှန်ကြား တဲ့စာတစ်စောင်ကို တွေ့ရတယ်။ စာပါ အကြောင်းအရာကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လမ်းညွှန်ချက်အရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မုံရွာခရိုင် အမျိုးသမီးလုပ်ငန်းကော်မတီက အသက် ၁၈ နှစ် ပြည့်သူတိုင်း မဲပေးခွင့်ရအောင် မဲစာရင်းဆောင်ရွက်တဲ့အခါ ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးတွေက လိုအပ်တာတွေကူညီဆောင်ရွက်ပေးဖို့ အကြောင်းကြားတာဖြစ်ပါတယ်။ ဒီစာ ကို မုံရွာခရိုင်ထွေအုပ်ရဲ့ ၂၀၁၉ သြဂုတ်လ ၉ ရက်နေ့စာကို ညွှန်းပြီး ၂၀၁၉ သြဂုတ်လ ၁၉ ရက် နေ့မှာ အုပ်ချုပ်ရေးမှူး အောင်ဘော် ( ပ/၄၄၈၄) က လက်မှတ်ထိုး ထပ်ဆင့် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ဒီညွှန်ကြားချက်က အစစ်အမှန်ဆိုရင် အောက်ပါအချက်တွေကို စဉ်းစားသုံးသပ်ဖို့လိုလာContinue reading “ထွေအုပ်နဲ့ နိုင်ငံရေးပါတီ”

ရာပြည့်အခမ်းအနားနဲ့ ကျောင်းသားသမဂ္ဂ

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂ ရက်နေ့က ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် စတင်ကြောင်း ကြေညာတဲ့အခမ်းအနားကို ကျင်းပတဲ့အခါ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည် တက်ရောက်မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းမှာ ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရေး၊ နိုင်ငံတကာ တက္ကသိုလ်များနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ပညာအရည်အချင်းမြှင့်တင်ရေး တို့နဲ့ပတ်သက်ပြီး အစိုးရရဲ့ လက်ရှိဆောင်ရွက်နေမှုများ၊အနာဂတ်မေ ျှာ်မှန်းချက်များကို ပြည့်ပြည့်စုံစုံ ပြောကြား သွားခဲ့သလို ရန်ကုန်တက္ကသိုလ်ရဲ့သမိုင်းကိုလည်း ပြောခဲ့တယ်။ မိန့်ခွန်းရဲ့ အဆုံးသတ်မှာတော့ ဒီကနေ့ ရာပြည့်အကြိုကာလကနေ ပြီး နှစ် တစ်ရာ ပြည့်မယ့် ၂၀၂၀ ဒီဇင်ဘာလအထိ လုပ်ငန်းကော်မတီ ၁၇ခု နဲ့ ရာပြည့်အထိမ်းအမှတ် လုပ်ငန်းစဉ်တွေကို ဆောင်ရွက် သွားမှာ ဖြစ်တဲ့အတွက် မျိုးဆက်သစ်ကျောင်းသား ကျောင်းသူ တွေ၊ ကျောင်းသားဟောင်းကြီးတွေ၊ မိဘပြည်သူတွေ အားလုံးပူးပေါင်းဆောင်ရွက်ဖို့Continue reading “ရာပြည့်အခမ်းအနားနဲ့ ကျောင်းသားသမဂ္ဂ”

သိန်းလေးထောင်နီးပါး အကုန်အကျခံထားရတဲ့ အမှိုက်ခွဲခြားသန့်စင်စက် အလုပ်မဖြစ်ဘဲ ရပ်ဆိုင်းထားရတယ်လို့ သတင်းထဲမှာပါတယ်။ဒါကျတော့ ပြည်သူ့ဘဏ္ဍာငွေဆုံးရှုံးတာမဟုတ်ဘူးလား။ဆေးဝါးစက်ရုံမှူးကိစ္စ သတိရလို့တွေးမိတာပါ။

ICJ , ICC နဲ့ အာဂျင်တီးနား (၃)

အာဂျင်တီးနား ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၃ ရက်နေ့က အာဂျင်တီးနားနိုင်ငံ ပြည်ထောင်စုတရားရုံးတစ်ခုမှာ ရိုဟင်ဂျာအရေးလှုပ်ရှားနေသူတွေ ကအတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုနိုင်ဖို့ လေ ျှာက်ထား ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည် နဲ့အတူ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဦးထင် ကျော်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့ကိုလည်း အမှုတွဲအဖြစ် တင်သွင်းထားတယ်လို့ သတင်းတွေမှာ ပါတယ်။ ဒီတရားစွဲဆိုမှုကိုဦးဆောင်တဲ့သူကတော့ မြန်မာရိုဟင်ဂျာအဖွဲ့ ( ယူနိုက်တက်ကင်းဒမ်း) Burmese Rohingya Organization UK (BROUK) ဆိုတဲ့အဖွဲ့ဖြစ်ပါတယ်။ ။ ဒီအဖွဲ့ ရဲ့ ရှေ့နေ အဖြစ်ဆောင်ရွက်ပေးတာကအရင်မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တား နား ပါ ။ ကင်တာနားဟာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် အဖြစ် ၂၀၀၈Continue reading “ICJ , ICC နဲ့ အာဂျင်တီးနား (၃)”