သက်ဆွေ ဘာသာပြန်တဲ့ ၂၀၁၀-၂၀၁၆ မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအကြောင်း စာအုပ်ကို ဖတ်ပြီးတော့ အဘ ဦးသောင်းညွှန့် က ကျွန်တော့်ကို ဖုန်းဆက်ပြီးတွေ့ချင်တဲ့အကြောင်းပြော ပါ တယ်။ အဘ ဦးသောင်းညွှန့် ဆိုတာ ၁၉ ၈၈ ခုနှစ်မတိုင်ခင်က နိုင်ငံတော်ကောင်စီ ဥပဒေအကြံပေးအဖွဲ့ဝင်၊ တပ်မတော်အစိုးရလက်ထက်မှာ ၁၉ ၉ ၂ ခုနှစ်ထိ ရှေ့နေချုပ်ရုံးညွှန်ချုပ်၊ နောင် နဝတ အစိုးရ ဝန်ကြီးချုပ်ရုံး ဝန်ကြီးအဖြစ် ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။ သမ္မတ ဦးသိန်းစိန်အစိုးရအဖွဲ့မှာလည်း ဥပဒေအကြံပေး အဖြစ်တာဝန်ယူခဲ့ပါတယ်။ အဘ ဦးသောင်းညွန့်ဟာ ၁၉ ၉ ၂ ခုနှစ်က စပြီး ၂၀၀၇ ခုနှစ်အထိ အမျိုးသားညီလာခံကျင်းပရေး လုပ်ငန်းကော် မတီ မှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။ ( အမျိုးသားညီလာခံကContinue reading “ညီလာခံ ၊ ဗီတို နဲ့ ပီအာရ်”
Author Archives: ye htut
ဦးတင်အေး နဲ့ ဦးလှသိန်း (၆)
မဲဆွယ်ကာလ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မှာ တိုက်ဆိုင်မှုတစ်ခုကတော့ ရွေးကောက်ပွဲကျင်းပ မယ့်ရက်က နိုဝင်ဘာ ၈ ရက် ထပ်တူဖြစ်နေတာပဲ။ ၂၀၁၅ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၃ ရက်နေ့မှာ မဲဆွယ်ကာလဟာ စက်တင်ဘာ ၈ ရက် နံနက် ၆ နာရီကနေ နိုဝင်ဘာလ ၆ ရက် ည ၁၂ နာရီ အထိဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့တယ်။ ပုံ ၁ ၂၀၂၀ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၆ ရက်နေ့မှာ မဲဆွယ် ကာလ ဟာ စက်တင်ဘာ ၈ ရက်နေ့ နံနက် ၆ နာရီကနေ နိုဝင်ဘာ ၆ ရက် ည ၁၂Continue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၆)”
ထို တစ်နေ့
၁၉ ၈၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့ စနေနေ့ က သာမန်နေ့တစ်နေ့အဖြစ်နဲ့ စတင်ခဲ့ ပေမယ့် နေဝင်ချိန်မှာတော့ အစိုးရဆန့်ကျင်ရေးနေ့အဖြစ်နဲ့ အဆုံးသတ်သွားခဲ့တယ်။ အဲဒီအချိန်က ကျွန်တော်က ဗဟိုထောက်လှမ်းရေးတပ် ( ရေကြည်အိုင်)မှာ ခြေလျင်တပ်က အရာရှိတွေအတွက် ဖွင့်လှစ်ထားတဲ့ လုံခြုံရေးဆိုင်ရာ သင်တန်းတစ်ခုတက်နေတဲ့အချိန်ဖြစ် ပါတယ်။ ခြေလျင်တပ်ရင်းက အရာရှိတွေအနေနဲ့ ရန်ကုန်မှာ သင်တန်းတက်ရတယ်ဆိုတဲ့ အခွင့်အရေးက ထီပေါက်သလိုပဲ။ ကျွန်တော်တို့လို မိဘ ရန်ကုန်မှာ ရှိတဲ့သူတွေဆိုရင် တော့ အတိုင်းအထက်အလွန်ပေါ့။ ကျွန်တော်တို့ သင်တန်းသားတွေက စနေ ၊ တနင်္ဂနွေ ဆိုရင် မင်္ဂလာဒုံ ၊တပ်မတော်ဂေါက်ကွင်း မှာ မနက် ငါးနာရီလောက်ကနေ နေ့လယ် ၁၂ နာရီ၊ တစ်နာရီ လောက်အထိ လုံခြုံရေးယူရတယ်။ အဓိကContinue reading “ထို တစ်နေ့”
ကိုဗစ် နဲ့ ဗယာကြော်
ဗယာကြော်ဆရာရဲ့ ဗန်းက ကိုဗစ်ကာလ သူ့စီးပွားရေးအခြေအနေကို ပြနေတယ်။ အရင်က ဗန်းအသေးလေးတွေထဲမှာ ဗယာကြော်၊ မတ်ပဲကြော်၊ စမူဆာ၊ ပြောင်းဖူးကော်ပြန့်လိပ် စသည် ဖြင့် ပြည့်နေတယ်။ ဘယ်အချိန်မှာ ရုံးဆင်းတယ်။ ဘယ်အချိန်မှာကျောင်းဆင်းတယ်ဆိုတာကို သိ တော့ ကြိုပြီးကြော်ထား၊ ဖြည့်ထားလို့ရတယ်။ ကိုဗစ်ဖြစ်တော့ ရုံးတွေပိတ်၊ ကျောင်းတွေပိတ်၊အရင်လို ဘယ်အချိန်ကြော်ထားရမလဲဆိုတာ တွက် လို့မရတော့ဘူး၊ ပြီးခဲ့တဲ့တစ်လ၊ နှစ်လလောက်ကတော့ ရုံးတွေပြန်ဖွင့်၊ လူတွေ အပြင်ပြန်ထွက် လာတော့ အခြေအနေလေး နည်းနည်းကောင်းလာတယ်။ ဟော အခုတစ်ခါ ပြန်ဖြစ်လာတော့ လမ်းပေါ်မှာလူတွေနည်းသွားတယ်။ ဒါ့ကြောင့် အများကြီး ကြော်ထားလို့မရတော့ဘူး။ ချိန်ပြီး လုပ်နေရတယ်။ တစ်ခါတစ်လေ ဈေးဝယ်ကို ခဏလေး စောင့်ဖို့ တောင်းပန်၊ ဘေးနားမှာရှိတဲ့အသုပ်ဆိုင်က ခုံလေး ဆွဲပြီးထိုင်ခိုင်းရတယ်။ ဒါပေမယ့် လူတွေက ဗယာကြော်Continue reading “ကိုဗစ် နဲ့ ဗယာကြော်”
ဦးတင်အေး နဲ့ ဦးလှသိန်း (၅)
ရွေးကောက်ပွဲနေ့ ကိုဗစ် ဒုတိယလှိုင်းခြိမ်းခြောက်မှုပေါ်လာတော့ ရွေးကောက်ပွဲရက်ကို ရွှေ့ဆိုင်းဖို့ သင့်/မသင့် ဆိုတဲ့ ဆွေးနွေးမှုတွေပေါ်လာတယ်။ ဒီနေရာမှာ ပထမဆုံး သတိပြုရမယ့်အချက်က ရွေးကောက်ပွဲကျင်းပရမယ့် နေ့ရက်ကို မြန်မာနိုင်ငံ ဖွဲ့စည်း ပုံ အခြေခံဥပဒေမှာ တိတိကျကျ သတ်မှတ်ထားခြင်းမရှိဘူး။ အခန်း (၉ ) “ ရွေးကောက် တင်မြှောက်ခြင်း” ပုဒ်မ ၃၉ ၉ မှာ ရွေး ကောက်ပွဲကျင်းပတာ၊ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်တွေကို သတ်မှတ်တာ စတဲ့လုပ်ငန်းတာဝန်အားလုံးကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ တာဝန်အဖြစ်သတ်မှတ်ပေးထားတယ်။ ပုဒ်မ ၄၀၂ မှာတော့ ရွေးကောက်တင် မြှောက်ခြင်းဆိုင်ရာ လုပ်ငန်းများနဲ့ပတ်သက်ရင် ကော်မရှင်ရဲ့ ဆုံးဖြတ် ချက်နဲ့ ဆောင်ရွက်ချက်တွေက အတည်ဖြစ်တယ်လို့ ပြဋ္ဌာန်းထားတယ်။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၃၄ မှာတော့ ရွေးကောက်ပွဲများကိုContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၅)”
တံတားအောက်မှာ
မောင်ကိုဗစ်ကလည်းပြန်လာ၊ ရာသီဥတုလဲ မိုးလေးတစိမ့်စိမ့်နဲ့ ဆိုတော့ အိမ်မှာပဲ နေဖြစ် တယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ အိမ်ကလူတွေကလည်း အကြောင်းအမျိုးမျိုးနဲ့ အပြင် ထွက်နေကြတယ်။ ကိုယ်နေတဲ့အိမ်ယာကလူတွေလည်း မဖြစ်မနေ ကိစ္စတွေနဲ့ သွားလာနေရ တာပဲ။ သူတို့ ကူးလာရင် ၊ ဒါမှမဟုတ် ရောဂါကူးစက်တဲ့နေရာတစ်ခုကို ရောက်ခဲ့တယ်ဆိုရင် ကိုယ်လည်း နေထိုင်သွားလာမှုကန့်သတ်ခံရမှာပဲ၊ ဒီတော့ လိုက်နာသင့်တဲ့ စည်းကမ်းတွေကို လိုက်နာ၊ ကိုယ်လုပ်စရာရှိတာကို လုပ်၊ ဖြစ်ရင်လည်း ရင်ဆိုင်တာအကောင်းဆုံးလို့ပဲ ဆုံးဖြတ် လိုက်တယ်။ ပထမဆုံး ဂျန်းရှင်းစီတီးကိုသွားတယ်။ ကော်ဖီဆိုင်မှာထိုင်တယ်။ ကော်ဖီဈေးက ကြီးလှတယ်။ ဒါပေမယ့် သီးသန့်ဖြစ်ခြင်းကို ငွေနဲ့ပေးဝယ်ရတယ်လို့ပဲ သဘောထားလိုက်တယ်။ လုပ်ငန်း သဘောအရ အေးအေးဆေးဆေးစကားပြောဖို့လိုအပ်တဲ့အချိန်ကလွဲရင် ဒီလို ဆိုင်တွေမှာ မထိုင် ချင်ဘူး။ ကျွန်တော်ရောက်တော့ ကိုးနာရီစွန်းစွန်းလေးပဲရှိသေးတော့ ကော်ဖီစက်တွေတောင်Continue reading “တံတားအောက်မှာ”
ပုဒ်မ ၁၂ နဲ့ ကားစီးခြင်း
သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် တို့ ရွေးကောက်ပွဲဆိုင်ရာ ပါတီလုပ်ငန်းတွေလုပ်ဆောင် တဲ့ အခါ နိုင်ငံတော်ပိုင်ယာဉ်တွေနဲ့ သွားခွင့်မရှိဘူး။ နိုင်ငံရေးပါတီတွေဟာ နိုင်ငံတော်ပိုင် ယာဉ်၊ ပစ္စည်းတွေကို မသုံးရဘူး။ ဒီကား တွေက နိုင်ငံတော်ပိုင်ကားတွေဖြစ်တဲ့အတွက် ဥပဒေကို ချိုးဖောက်ရာရောက်တယ်လို့ ဝေဖန်နေတာတွေ တွေ့ရတယ်။ တစ်ချို့ကလည်း သြဂုတ်လ ၂၃ ရက်နေ့ အင်န်အယ်လ်ဒီခေါင်းဆောင်တွေနဲ့ အင်န်အယ်လ်ဒီပါတီ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ တွေ့ဆုံတဲ့အခမ်းအနားကို နိုင်ငံတော်ပိုင်ကားတွေနဲ့ လာကြတယ်။ ဒါဟာ ဥပဒေ ကို ချိုးဖောက်ရာရောက်တယ်လို့ ဆိုကြတယ်။ တကယ်တော့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ (က) (၅) မှာ ပါတီ တစ်ခုဟာ နိုင်ငံတော်ပိုင် ငွေကြေး၊ မြေ၊ အိမ်၊ အဆောက်အအုံ၊ ယာဉ် ၊ ပစ္စည်းContinue reading “ပုဒ်မ ၁၂ နဲ့ ကားစီးခြင်း”
ဦးတင်အေး နဲ့ ဦးလှသိန်း (၄)
ကိုဗစ် နဲ့ ရွေးကောက်ပွဲ ၂၀၁၅ ရွေးကောက်ပွဲနဲ့ မတူတာက ၂၀၂၀ ရွေးကောက်ပွဲ ဟာ ကိုဗစ် ၁၉ ရောဂါ ကူးစက် နိုင်မှု အန္တရာယ်အောက်ကနေ ကျင်းပရတာပဲ။ ဒါ့ကြောင့် ဦးလှသိန်းခေါင်းဆောင်တဲ့ ပြည်ထောင်စု ရွေး ကောက်ပွဲကော်မရှင်ကလည်း နိုင်ငံရေးပါတီတွေအနေနဲ့ ပါတီရုံးခန်းဖွင့်တာ၊ ဆိုင်းဘုတ် တင်တာ၊ ပါတီညီလာခံကျင်းပတာ၊ သင်တန်းလုပ်တာ၊ ဆွေးနွေးပွဲကျင်းပတာ၊ ရွေးကောက်ပွဲ ဆိုင်ရာ စုဝေးဟောပြောတာ မဲဆွယ်စည်းရုံးတာတွေနဲ့ပတ်သက်ပြီး ကျန်းမာရေးနဲ့ အားကစား ဝန်ကြီးဌာန က ထုတ်ပြန်ထားတဲ့ ကိုဗစ် ၁၉ ရောဂါ ကာကွယ်တားဆီးရေးဆိုင်ရာ လမ်းညွှန်ချက် တွေနဲ့အညီကြီးကြပ်ဖို့ဆိုပြီး ကော်မရှင်အဆင့်ဆင့်ကို ညွှန်ကြားထားရတယ် ။ ပုံ (၁) ကော်မရှင်အဆင့်ဆင့်ကလည်း အဲဒီအတိုင်းပဲ ကြီးကြပ်ပါတယ်။ လူထုနဲ့တွေ့မယ်၊ ဆိုင်းဘုတ် တင်မယ်ဆိုရင် ခွင့်ပြုတာလည်းContinue reading “ဦးတင်အေး နဲ့ ဦးလှသိန်း (၄)”
ပေးမယ် ၊ မပေးဘူး
၂၀၂၀ ရွေးကောက်ပွဲရဲ့ ထူးခြားချက်ကတော့ “ မဲမပေးရေး လှုပ်ရှားမှု No Vote Campaign” ပေါ်လာတာပါပဲ။ မဲမပေးရေးလှုပ်ရှားမှုက ၂၀၁၀ ရွေးကောက်ပွဲမှာ ရှိခဲ့တယ်။ ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲနဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ မရှိခဲ့ဘူး။ အခုတစ်ခါ ပြန်ပေါ် လာပြန်တယ်။ ပေးမယ် အခု အချိန်မှာတော့ မြန်မာ့နိုင်ငံရေးမှာ အရေးပါတဲ့ အင်အားစုတွေအားလုံးက မဲမပေးရေး လှုပ်ရှား မှုကို လက်မခံကြပါဘူး။ အင်န်အယ်လ်ဒီပါတီ ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်ကတော့ “မဲပေးရမယ်၊ ဒါဟာ နိုင်ငံသားတွေရဲ့ တာဝန်လည်းဖြစ်တယ်။ အခွင့်အရေးလည်းဖြစ်တယ်။ မဲမပေးဘဲနဲ့ နောက်မှ ဒီအစိုးရ ဘာညာ ဆိုပြီး လုံးဝပြောပိုင်ခွင့်မရှိဘူး” လို့ အတိအလင်းပြောထားတယ်။ ဒါပေမယ့် ၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အင်န်အယ်လ်ဒီပါတီက ရွေးကောက်ပွဲကို သပိတ် မှောက်ခဲ့တယ်။Continue reading “ပေးမယ် ၊ မပေးဘူး”
၁၂ လမ်း ဂိတ် ၊ လေဆိပ်တက္ကစီ
ညောင်ဦး အပြန်ခရီးကတော့ အေးအေးဆေးဆေးပါပဲ။ အလာတုန်းကလိုပဲ မန္တလာမင်း ကားနဲ့ ပြန်တယ်။ အပြန်ခရီးမှာတော့ အေးမြတဲ့ဆောင်းညတွေ၊ မြေနီလမ်းတွေနဲ့ မကြုံတော့ အိပ်ရေး ဝတာပေါ့။ ရန်ကုန်ဝင်တော့ မနက်ငါးနာရီခွဲလောက်ရှိပြီ။ အောင်မင်္ဂလာကားဂိတ်ရောက်ရင် တက္ကစီ ငှားတဲ့ အခါ ရွှေကြိုတွေ၊ ဈေးဆစ်တာတွေ ၊ လူပေါင်းတင်မယ်လုပ်တာတွေ တွေးပြီး အပြင်ထွက်ငှားရင် ကောင်းမလား စဉ်းစားမိတယ်။ အမှတ် ၃ လမ်းမကြီးအတိုင်းမောင်းလာရင်း ခရေပင်လမ်းခွဲမရောက်ခင်မှာ ကားရပ်သွားတယ်။ ကြည့်လိုက်တော့ “ သူငယ်ချင်းများ တက္ကစီဂိတ် ၁၂ လမ်းမှတ်တိုင်” ဆိုတဲ့ဆိုင်းဘုတ် တွေ့ တယ်။ သူတို့ဂိတ်ကနေ မြို့နယ်အလိုက် ပေါင်းစီး ရင်ပေးရမယ့်ဈေး။ သီးသန့်စီးရင် ပေးရမယ့် ဈေးတွေကပ်ထားတယ်။ ယာဉ်အကူက ကားငှားစီးမယ်ဆိုရင် ဒီမှာဆင်းရင်လည်းရတယ် လို့ အသိပေးတယ်။ ဈေးဆစ်ဖို့မလိုဘူး ၊Continue reading “၁၂ လမ်း ဂိတ် ၊ လေဆိပ်တက္ကစီ”