နိုင်လွတ်လုံ နဲ့ ကျွန်တော်
ကျွန်တော်၊ ဦးဘိုဘိုကျော်ငြိမ်း နဲ့ ဦးလှဆွေတို့ ရဲ့ သူရဦးရွှေမန်းနိုင်ငံရေးပါတီထူထောင်တဲ့အပေါ် သုံးသပ်ချက်အင်တာဗျူးတွေကို နိုင်လွတ်လုံ ပုဒ်မ ၁၀ နဲ့တိုင်ချက်ဖွင့်ခံထားရတယ်။
အခုတော့ အမှုကိစ္စနဲ့ပတ် သက်ပြီး စုံစမ်းတွေ့ရှိချက်တွေကို ဥပဒေအကြံတောင်းတဲ့အခါ နိုင်လွတ်လုံပုဒ်မ ၁၀ နဲ့ ပြစ်မှု မမြောက်တဲ့အတွက် တရားစွဲတင်မှာမဟုတ်ဘူးလို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်က ပြောတဲ့ အကြောင်းသတင်းတွေတက်လာပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်ပြီး ကျွန်တော့်ကို တရားဝင်အသိပေးတာမရှိဘူး။ တရားမဝင်ကြားတာလည်း မရှိဘူး။ အခု သတင်းတက်လာမှ သိတာပါ။
အဲဒီသတင်းအပေါ် ကျွန်တော့်သဘောထားကို မီဒီယာတစ်ခုက မေးတဲ့အတွက် အခုလို ဖြေခဲ့ပါတယ်။
၁။ မူလထဲက ကိုယ့်စကားကို ကိုယ်တာဝန်ယူပြီး တရားရုံးမှာ ရင်ဆိုင်ဖို့ ပြင်ဆင်ထားပြီးဖြစ်တဲ့အတွက် ဦးရွှေမန်းနဲ့ မိသားစုဝင်တွေကို သက်သေအဖြစ်ခေါ်ပြီး သူ့လုပ်ဆောင်ချက်တွေအပေါ် မေးခွန်းထုတ်နိုင်မယ့် အခွင့်အရေ းဆုံးရှုံးသွားတယ်လို့ပဲ မြင်ပါတယ်။
၂။ ဦးရွှေမန်းဟာ သာမန်ပြည်သူမဟုတ်ဘူး။နိင်ငံရေးပါတီတစ်ခုရဲ့ခေါင်း ဆောင် ဖြစ်တဲ့အပြင် ပြည်သူက တာဝန်ပေးရင် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးတာဝန်တွေ ကို ထမ်းဆောင်မယ်လို့ အတိအလင်းပြောထားတဲ့ သူဖြစ်တဲ့အတွက် နောင်မှာလည်း နိုင်ငံသားတစ်ဦး ၊ မဲဆန္ဒရှင်တစ်ဦးအနေနဲ့ ဆက်လက်စောင့်ကြည့်ဝေဖန်နေဦးမှာပါ။
ကျွန်တော့်သဘောထားကို အားလုံး သိနိုင်အောင် မ ျှေ၀ လိုက်ပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဆိုတာ
ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်း ဆီးရီးုယားမြောက်ပိုင်းမှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို ရုပ်သိမ်းလိုက်ပြီးတဲ့နောက် အဲဒီဒေသမှာရှိတဲ့ ကဒ်ပြည်သူ့စစ်တပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို တူရကီတပ်မတော်နဲ့ တူရကီကထောက်ခံအားပေးနေ တဲ့ ဆီးရီးယားပြည်သူ့စစ်တပ်ဖွဲ့တွေက ဝင်ရောက်သိမ်းပိုက်ဖို့ ပြင်ဆင်နေတယ်။
အဲဒီလုပ်ဆောင်ချက်ကို အမေရိကန်သမ္မတ ထရမ့်က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး တူရကီကို စီးပွားရေးအရဒဏ်ခတ်မယ်လို့ ခြိမ်းခြောက်ခဲ့တယ်။
အဲဒီအခြေအနေနဲ့ပတ်သက်ပြီး တူရကီ နိင်ငံခြားရေးဝန်ကြီး Mevlut Cavusoglu က နယူးယောက်တိုင်းမ် သတင်းစာမှာ ဆောင်းပါးရေးသားပြီး တူရကီနိုင်ငံရဲ့ လုပ်ဆောင်ချက်ဟာ မှန်ကန်ကြောင်း ကာကွယ်ပြောဆိုခဲ့တယ်။ စင်္ကာပူနိုင်ငံထုတ်စထရိတ်တိုင်းမ်စ်သတင်းစာအပါအဝင် နိုင်ငံတကာမီဒီယာတွေကလည်း အဲဒီဆောင်းပါးကို ထပ်ဆင့်ဖော်ပြခြင်း၊ ကိုးကားသတင်းရေးသားခြင်း တွေလုပ်ခဲ့တယ်။
နိုင်ငံခြားရေးဝန်ကြီးဆိုတာ သံတမန်စစ်မျက်နှာမှာ တိုက်စစ်ရော၊ ခံစစ်ရော အတွက် တာဝန်ရှိတယ်၊ ကိုယ့်မီဒီယာ၊ ကိုယ့်ပြည်တွင်းမှာပဲ ပြော ပြီး အိမ်ကျယ်လုပ်မနေပဲ နိုင်ငံတကာ အစည်းအဝေးတွေ၊ နိုင်ငံတကာမီဒီယာတွေမှာပါ ကိုယ့်နိုင်ငံရပ်တည်ချက်ကို ရဲရဲပြော ရ တယ်ဆိုတာ သက်သေပြလိုက်တာပါပဲ။
https://www.straitstimes.com/opinion/why-turkey-took-the-fight-to-syria
ဗီယက်နမ်နဲ့ စင်္ကာပူ
ဗီယက်နမ် သမ္မတ နဲ့ ဝန်ကြီးချုပ်ကတော့ စင်္ကာပူကိုကျော်မယ်၊ ဘယ်သို့ ဘယ်ဝါ ပြောခဲ့တာ မတွေ့ရဘူး။ ဒါပေမယ့် စင်္ကာပူနိုင်ငံ DBS ဘဏ်ကတော့ လက်ရှိ ဖွံ့ဖြိုးမှုအတိုင်းသွားမယ်ဆိုရင် နောက်ဆယ်နှစ်မှာ ဗီယက်နမ်ရဲ့ ဂျီဒီပီက စင်္ကာပူကိုကျော်သွားမယ်လို့ခန့်မှန်းထားတယ် ။
မြန်မာနိုင်ငံကတော့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က စင်္ကာပူကို နှစ်နှစ်ဆယ်မှာကျော်မယ်လို့ စင်္ကာပူနိုင်ငံပရိသတ်ရှေ့မှာ ပြောခဲ့တယ်။
ဒါပေမယ့် ဘယ်ကဏ္ဍမှာကျော်မယ်ဆိုတာကိုတော့ တိတိကျကျ ပြောတာ မရှိဘူး။စင်္ကာပူနိုင်ငံက အဖွဲ့အစည်းတွေကလည်း စင်္ကာပူကို ကျော်တက်မယ်ဆိုတဲ့ စကားအပေါ် အလေးထား သုံးသပ်တာလည်း မတွေ့မိသေးဘူး။ ( တွေ့ရင် ၊ ရှိရင်လည်း ပြောကြပါဦး)
In a report published by Singapore-based DBS Bank on Tuesday, senior economist Irvin Seah predicted that Vietnam’s gross domestic product (GDP) will surpass that of Singapore’s by 2029 if Vietnam maintains its annual growth rate of about six to 6.5 percent and Singapore continues to grow at 2.5 percent a year.
ဆီ နဲ့ ရေ
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ကျောင်းဆရာမတွေအတွက် ဘော်ဒါဆောင် မလို အောင် ဒေသခံလူငယ်လေးတွေက ရည်းစားစကားလိုက်ပြော၊ အိမ်ထောင်ကျသွား ရင် ဘော်ဒါဆောင် မလိုတော့ဘူးလို့ လူထု တွေ့ဆုံပွဲမှာ ပြောတဲ့သတင်းတွေတက်လာတယ်။ ဒါပေမယ့် သတင်း ဌာန ကြီးတွေမှာ မတွေ့တဲ့အတွက် ဘာမှ ဝင်မပြောခဲ့ဘူး။
အခုတော့ အဲဒီ အသံဖိုင်ကို နားထောင်လိုက်ရတယ်။ အဲဒီ အသံဖိုင်မှာ ဒေသခံတွေနဲ့ ပညာ ရေးဌာနကတာဝန်ရှိသူတွေက ဝန်ထမ်းတွေအတွက် အဆောင်ရရှိရေးတင်ပြ တယ်။
အဲဒီအခါ ဝန်ကြီးချုပ်က “ အကောင်းဘက်က ကြည့်ပြောတာပါ။ ဝန်ထမ်းအိမ်ယာ မရှိတာကောင်းတယ်၊ဆရာ၊ ဆရာမတွေ ရပ်ထဲ ရွာထဲ တည်းတဲ့အခါကျတော့ ဒီက ရွာသူ ရွာသားနဲ့ အိမ်ထောင်ကျ၊ အဲဒါဆိုရင်လိုအပ်ချက်တွေပြည့်သွားမယ်၊ လူငယ်လေ း တွေက ရည်းစားစကားလိုက်ပြော၊ အဲဒါမှ မြဲမှာ” လို့ပြောခဲ့တာကို ကြားလိုက်ရပါတယ်။( အသံဖိုင် ၂း၄၀ ကနေ ၃း ၂၂ ထိ ) ။
ဒါ့အပြင် ဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ယာအတွက် လောလောဆယ် အစီအစဉ်မရှိသေးပါကြောင်း လို့ စကားဖြတ်ခဲ့ပြီး ကျန်းမာရေးနဲ့ပတ်သက်လို့ “ နာစ့်မတွေလား ၊ ရအောင် ဆွဲထားပေါ့၊ ဒါပဲ” လို့ ပြောခဲ့ပါတယ်။ အဲဒီနေရာမှာ အသံဖိုင်ဆုံးသွားတဲ့အတွက် သူနာပြုဆရာမလေးတွေ အတွက် ဘာတွေထပ်ပြောသလဲဆိုတာတော့ မသိရပါဘူး။
ဝန်ကြီးချုပ်ရဲ့ စကားကို ကြားတော့ တပ်မတော်သားဘဝမှာ ကြုံခဲ့ရတဲ့ အဖြစ်အပျက်တစ်ခုကို သတိရမိတယ်။ အညိုရောင်နယ်မြေလို့ ခေါ်တဲ့ စပ်ကြားနယ်မြေက ရွာတစ်ရွာမှာ ဖြစ်ခဲ့တာပါ။ စပ်ကြားနယ်မြေဆိုတာက ရဲစခန်းတွေ၊ တပ်စခန်းတွေ မရှိပဲ ကျွန်တော်တို့ရော၊ တစ်ဘက် လက်နက်ကိုင် အဖွဲ့အစည်းရော ဝင်ထွက်နေတဲ့နေရာပေါ့။
အဲဒီ လက်နက်ကိုင်အဖွဲ့အစည်း က အစိုးရကို ဆန့်ကျင်တိုက်ခိုက်နေပေမယ့် ပညာရေး၊ ကျန်း မာရေး ဝန်ထမ်းတွေကိုတော့ အန္တရာယ်မပြုဘူး။ ဒါကြောင့် အဲဒီရွာမှာ မြစ်ဝကျွန်းပေါ်ဘက်က ဆရာမလေးနှစ်ယောက်ရှိတယ်။
အဲဒီဆရာမတစ်ယောက်ကို ရွာသားလူငယ်တစ်ယောက်က ချစ်ကြိုက်စကားပြောတယ်။ ဆရာမ က လက်မခံဘူး။ ရွာလူကြီးတွေကို တိုင်တယ်။ ဒါပေမယ့် ဒီကောင်လေးအဖေက လည်း ရွာမျက်နှာဖုံးလိုဖြစ်နေတော့ ဆုံးမလို့မရဘူး။ ဆရာမလေးလည်း စိတ်ညစ်ပြီး ပြန်မယ် လုပ်တယ်။ သူပြန်ရင် ကျန်တဲ့ဆရာမကလည်း တစ်ယောက်တည်းမနေ နိုင်တဲ့ အတွက် သူလည်း ပြန် တော့ မယ်လို့ ပြောတယ်။
အဲဒီသတင်းကို တစ်ဘက်အဖွဲ့အစည်းက ကြားတော့ ညဘက် ရွာကို ရောက်လာပြီး အဲဒီ လူငယ် လေးကို ဖမ်းပြီး သတ်ပစ်လိုက်တယ်။ သူ့အဖေကိုလည်း မင်းရဲ့ သားလို ကောင်မျိုးက ပေါ တယ်။ ငါတို့နေရာကို စာလာသင်မယ့် ဆရာမက ရှားတယ်လို့ ပြောသွားတယ်။
အဲဒီရွာကို ကျွန်တော်တို့တပ်ခွဲရောက်သွားတော့ ကောင်လေးအဖေ က တပ်ခွဲမှူးကိုလာတိုင် တယ်။ တပ်ခွဲမှူးက ဖြစ်စဉ်ကို သိတော့ “ ကျုပ်ကတော့ ဟိုမောင်တွေ လို သတ်လို့မရဘူး။ ဒါပေမယ့် ကျုပ်ဆိုရင်လည်း ခင်ဗျားသားကို ကြိုးတုပ်ပြီးရိုက်မှာပဲ“ လို့ ပြော ခဲ့တယ်။
တစ်ဘက်လက်နက်ကိုင်အဖွဲ့အစည်းရဲ့ လုပ်ရပ်က တရားဥပဒေနဲ့မညီပေမယ့် နယ်မြေအခြေအနေအရ သူလုပ်နိုင်တာ လုပ်လိုက်တာပဲ။ ဒါဟာ
ကိုယ့်တိုင်းအတွင်းမှာ ရှိတဲ့ ဆရာ၊ ဆရာမလေးတွေရဲ့ လုံခြုံရေး အတွက် တာဝန်ရှိတဲ့ တိုင်းဝန်ကြီးချုပ်က ဝန်ထမ်းအိမ်ယာ အခက်အခဲကို ဖြေရှင်းနိုင်ဖို့အတွက် က ဆရာမလေးတွေကို ရည်းစားစကားလိုက်ပြောဖို့ တိုက်တွန်းတာနဲ့တော့ ဆီ နဲ့ ရေလို ကွာခြား ပါတယ်။
ကျွန်တော်ကတော့ လူငယ်လေး တွေ က ဝန်ကြီးချုပ်ပြောစကားဟာ အင်န်အယ်လ်ဒီပါတီက ဦးဆောင်တဲ့ တိုင်းဒေသကြီးအစိုးရရဲ့မူဝါဒပဲလို့လက်ခံ ပြီး လက်တွေ့ အကောင်အထည်မဖော်ပါစေနဲ့လို့ပဲ ဆုတောင်းမိတယ်။
ဝန်ကြီးချုပ် ပြောစကားကို ဒီလင့်ခ်မှာ နားထောင်နိုင်ပါတယ်။ ဝန်ကြီးချုပ် ကဒေသခံတွေ တင်ပြ ချက်တွေအပေါ် တုန့်ပြန်ပြောဆိုတဲ့ လေယူလေသိမ်းကို နားထောင်မိတော့ ဒေသခံတွေ စပါးခင်း ခရုဖျက်လို့တင်ပြတာကို ဖမ်းပြီး စားဖို့ပြောတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ကို လည်း သတိရမိတယ်။
https://www.facebook.com/hninmyat.thazia/videos/199305114415401/?tn=%2CdCH-R-R&eid=ARDjoI6wGF7YN0Zwu1FDW9j2Mmi1pWxj8OIepH6FOh_elV3_ux7lNdfTeFRNtYLDSHcwOm6G0iW1_j27&hc_ref=ARR9tDzwrATiyew3Nn9TwIPcrgT0mcO5x___nwRPNwVDwpyvcM3aCodgpjq0mMTdwnU&fref=nf
ကားစီးသူများ
ကားစီးသူများ
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက မြို့နယ်စည်ပင်ကော်မတီဥက္ကဋ္ဌတွေအတွက် ကား ၃၃ စီး အပါအဝင် လူစီးယာဉ် ၆၇ စီး ၊ လုပ်ငန်းသုံးယာဉ် ၁၃ စီး၊ စုစုပေါင်း ၈၀ စီး ဝယ်ယူခဲ့ တဲ့အပေါ် ဝေဖန်မှုတွေနဲ့ ပတ်သက်ပြီး မြိ့တော်ဝန်ဦးမောင်မောင်စိုးက အခုလို တုန့်ပြန်ပြောဆိုခဲ့ပါတယ် –
၁။ ကိုယ့်ကားကိုယ်စီး၍ အစိုးရ ဝန်ထမ်းလာလုပ်နေရခြင်းမှာ သဘာဝမကျ ။ ပုံ ၁
၂။ အလုပ်တစ်ခု ခိုင်းမယ်ဆိုလ ျှင် လူတစ်ယောက်နှင့် ထိုက်တန်သည့် ဝန်ဆောင်မှု ပြည့်စုံ အောင်ပေးမှ ခိုင်း၍ ရမည်။ ပုံ ၂
၃။ ကားအစီး ၈၀ ဝယ်တာကို ကန့်ကွက်သူတွေများသည် အစိုးရ အလုပ် မလုပ်ဖူးသူများ ဖြစ်။ ပုံ ၃
၄။ စည်ပင်က လူထုကို မွေးတာကနေ သေတဲ့အထိ ကို တာဝန်ယူရတဲ့အတွက် ဒီလူတွေကို ဒီလို Facilities မှမပေးဘူးဆိုရင် ဘယ်လိုလုပ်မလဲ။ ဒါကြောင့်ပေးတာ။ အများသူငှာလို ဇိမ်ခံချင်လို့ပေး တာမဟုတ်ဘူး။ ပုံ ၄
မြို့တော်ဝန်ကြီးရဲ့ စကားက စည်ပင်တာဝန်ရှိသူတွေ အတွက်ကားဝယ်မပေးရင် အလုပ်လုပ်ဖို့မဖြစ်နိုင်ဘူး။ ဝန်ထမ်းတွေကို တာဝန်ပေးရင် လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပြည့်စုံအောင်ဖြည့်ဆည်းပေးရမယ်ဆိုတဲ့ သဘောလို့ပဲနားလည်မိပါတယ်။
အဲဒီစကားကိုနားထောင်ပြီးတဲ့နောက်မှာတော့ ကားကြုံတားစီးပြီး ၊ လယ်ကွင်းတွေကိုဖြတ်ပြီး နေ့စဉ်ကျောင်းတက်နေရတဲ့ ဆရာ၊ ဆရာမများကို သတိရမိပါတယ်။
တရုတ်ပိုးလမ်းသစ် နဲ့ မြန်မာ့အခွင့်အလမ်း
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ရဲ့ နှစ်တစ်ရာ ပြည့် မဂ္ဂဇင်းအတွက် ဆရာကြီး ဦးမြင့် က “ Myanmar: Going from Pause to Fast Forward with China’s Belt and Road Initiative (BRI)” ဆိုတဲ့စာတမ်းတစ်စောင်ရေးတယ်။
ဒီစာတမ်းက မြန်မာ နိုင်ငံအနေနဲ့ တရုတ်နိုင်ငံဆီကနေ စီးပွားရေးအခွင့်အလမ်းတွေ ဘယ်လို ရ ယူနိုင်မလဲ၊ဘယ်လိုစိန်ခေါ်မှုတွေ နဲ့ ရင်ဆိုင်ရမလဲ၊ အန္တရာယ်တွေ၊ ထောင်ချောက်တွေကို ဘယ်လို ရှောင်ရှားမလဲဆိုတာကိုနိုင်ငံတကာဖြစ်စဉ်တွေနဲ့နှိုင်းယှဉ်သုံးသပ်ထားတာဖြစ်တဲ့အတွက် အတော် စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒါ့ကြောင့် ဆရာကြီး ဦးမြင့်ရဲ့ ခွင့်ပြုချက်နဲ့ စာတမ်း အနှစ်ချုပ်သုံးသပ်ချက်ကို ရေးသား မ ျှဝေလိုက်ပါတယ်။
ခါးပတ်တစ်ကွင်း ၊ လမ်းတစ်စင်း
ဆရာကြီးက သူ့စာတမ်းကို Belt and Road Initiative (BRI) ဆိုတာ ဘာလဲ ဆိုတဲ့ ရှင်းလင်းချက် နဲ့ စထားပါတယ်။ ခါးပတ် ဆိုတာက ကုန်းလမ်း (ရထားလမ်း၊ ကားလမ်း)တွေ ပါဝင်တဲ့ ပိုးလမ်းမ စီးပွားရေး စြင်္ကန် Silk Road Economic Belt ကို ဆိုလိုတာဖြစ်ပါတယ်။ လမ်း ဆိုတာကတော့ ပင်လယ်ရေကြောင်းလမ်းတွေပါဝင်တဲ့ ၂၁ ရာစု ရေကြောင်းပိုးလမ်းမ 21st Century Maritime Silk Road ကိုဆိုလိုတာဖြစ်ပါတယ်။ ( ကျွန်တော်ကတော့ စာဖတ်သူတွေ ရှင်းလင်း လွယ်ကူစေဖို့ အတွက် BRI ကို ပိုးလမ်းမသစ်လို့ပဲ သုံးစွဲပါ့မယ်။ )
ဒီပိုးလမ်းမသစ်အယူအဆကို တရုတ်သမ္မတ ရှီကျင့်ဖျင်က ၂၀၁၃ ခုနှစ် စက်တင်ဘာလ ကာဇက်စတန် နိုင်ငံခရီးစဉ်မှာ စတင်ပြောဆိုခဲ့တာဖြစ်ပါတယ်။ သမ္မတ ရှီက လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်က အာရှ နဲ့ ဥရောပ ကို ဆက်သွယ်ခဲ့တဲ့ ပိုးလမ်းမကို ပြန်လည်အသက်သွင်းဖို့ စီစဉ်ခဲ့တာဖြစ်ပါ တယ်။ ပိုးလမ်းမသစ်စီမံကိန်းအတွက် ရန်ပုံငွေလျာထားချက်က ဒေါ်လာတစ် ထရီလီယံလောက် ရှိ ပြီး ၂၀၁၇ ခုနှစ်စာရင်းအရ နိုင်ငံ ၆၈ နိုင်ငံကျော်၊ ကမ္ဘာ့လူဦးရေရဲ့ ၆၅% ကျော်၊ ကမ္ဘာ့ဂျီဒီပီရဲ့ ၄၀%ကျော် ပါဝင်နေတာ ဖြစ်ပါတယ်။
ပိုးလမ်းမသစ် မှာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့ အပိုင်းကတော့ အရှေ့တောင်အာရှ၊ တောင် အာရှ၊ အရှေ့အလယ်ပိုင်း နဲ့ အာဖရိကတိုက်ကို ဆက်သွယ်ထားတဲ့ရေကြောင်းပိုးလမ်းမနဲ့ တရုတ် – မြန်မာ စီးပွားရေးစြင်္ကန် ( CMEC) အစိတ်အပိုင်းဖြစ်လာမယ့် ကူမင်း- မူဆယ် – မန္တလေး – ကျောက်ဖြူ အပိုင်းဖြစ်တယ်လို့ ဆရာကြီးဦးမြင့်ကထောက်ပြပါတယ်။
မြစ်ဆုံစီမံကိန်း
ဆရာကြီးဦးမြင့်က တရုတ်-မြန်မာဆက်ဆံရေးမှာ စိန်ခေါ်မှုတစ်ခုဖြစ်နေတဲ့ မြစ်ဆုံရေအားလ ျှပ် စစ် စီမံကိန်းရဲ့ သမိုင်းကြောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကျိုးအပြစ် ၊ စီးပွားရေးဆိုင် ရာ ရှုထောင့် နဲ့ မြစ်ဆုံစီမံကိန်း ပြန်လည်စတင်ဖို့ ကြိုးစားရင် ဖြစ်လာနိုင်မယ့် အကျိုးဆက်တွေ အကြောင်းအသေးစိတ်ရေးသားထားတယ်။
ဆရာကြီးဦးမြင့်ကတော့ မြစ်ဆုံစီမံကိန်းကို လုံးဝဖျက်သိမ်းသင့်တယ်လို့ ယူဆထားတယ်။ အဲဒီလို လုပ်ဆောင်ရာမှာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းပြောကြားချက် နဲ့ မလေးရှား ဝန်ကြီး မဟာသီယာတို့ ပြောကြားချက်တွေကို အခြေခံပြီး
၁။ တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်နှစ်က ပြည်ပကနေ လ ျှပ်စစ်ဓာတ်အားဝယ်ယူဖို့ လိုအပ်ပေ မယ့် အခုအချိန်မှာ ပြည်တွင်းသုံးစွဲမှုလုံလောက်ရုံကမ ပိုလ ျှံနေပြီ၊ ဒ့ါကြောင့် မြစ်ဆုံစီမံကိန်းဟာ နှစ် နိုင်ငံဆက်ဆံရေးမှာ အနှောက်အယှက်မဖြစ်သင့်တော့ဘူး။
၂။ တရုတ်- မြန်မာ စီးပွားရေးစြင်္ကန်အတွက် လ ျှပ်စစ်ဓာတ်အားလိုအပ်တယ်ဆိုရင်လည်း အခြား ရေအားလ ျှပ်စစ်အရင်းအမြစ်တွေကနေ ရယူနိုင်တယ်။
၃။ မြစ်ဆုံဟာ မြန်မာပြည်သူတွေအတွက် ခံစားချက်ပြင်းပြတဲ့ အရေးကိစ္စဖြစ်တယ်။ စီမံကိန်း ပြန် စတင်ရင် ရမယ့် အကျိုးထက်အပြစ်က ပိုများတယ်။ နိုင်ငံရေးအရ ကိုယ့်သေတွင်းကိုယ်တူးတာနဲ့ တူမယ်။
၄။ တရုတ်နိုင်ငံရဲ့ မဟာစီမံကိန်းတွေကို ဖျက်သိမ်းခြင်း၊ဆိုင်းငံ့ခြင်းလုပ်ဆောင်တာနဲ့ပတ်သက်ရင် မလေးရှား ဝန်ကြီးချုပ် မဟာသီယာရဲ့လုပ်ဆောင်ချက်တွေကို လေ့လာသင့်တယ်။
၅။ မြစ်ဆုံစီမံကိန်း ပြန်စဖို့ထက် တရုတ်- မြန်မာစီးပွားရေးစြင်္ကန် နဲ့ ကျောက်ဖြူ အထူးစီးပွားရေး ဇုန် စီမံကိန်းတွေအောင်မြင်ရေးကို ပိုဦးစားပေးသင့်တယ်။
လို့ သုံးသပ်ထားပါတယ်။
စီးပွားရေးစြင်္ကန် နဲ့ ရေနက်ဆိပ်ကမ်း
ဆရာကြီး ဦးမြင့်က မြစ်ဆုံစီမံကိန်း ကို ရပ်ဆိုင်းသင့်ကြောင်းပြောခဲ့ပေမယ့် တရုတ်- မြန်မာ စီးပွားရေး စြင်္ကန်နဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်းတွေကတော့ မြန်မာနိုင်ငံအတွက် အကျိုး ရှိမယ်လို့ သုံးသပ်ထားတယ်။
စီးပွားရေးစြင်္ကန်က ယူနန်ပြည်နယ် ကူမင်းမြို့ကနေ မူဆယ် အဲဒီကနေ မန္တလေး။ မန္တလေးကနေ ကျောက်ဖြူနဲ့ ရန်ကုန်ကို နှစ်လမ်းခွဲထွက်မယ်။ ဒီစြင်္ကန်လမ်းက ကျောက်ဖြူ – ကူမင်း ရေနံ ၊ ဓာတ် ငွေ့ပိုက်လိုင်းနဲ့ အပြိုင်သွားမှာဖြစ်တယ်။ အရှေ့အလယ်ပိုင်း ကနေ တရုတ်ပြည်ကို ပင်လယ် ရေကြောင်းက ဆက်သွယ်ရတဲ့ ခရီး ကီလိုမီတာ ငါးထောင် လောက်သက်သာသွားမယ်။ ဒီထက် ပိုအရေးကြီးတာက စီးပွားရေးစြင်္ကန်ဟာ တရုတ်နိုင်ငံရေကြောင်းကုန်သွယ်မှုအတွက် မလက္ကာ ရေလက်ကြားတစ်ခုတည်းကို အားကိုးနေရတာကို လျော့ချနိုင်မယ့် မဟာဗျူဟာအရ အရေးပါတဲ့ လမ်းကြောင်းဖြစ်လာ မယ်။ ဒ့ါအပြင် ကုန်းတွင်းပိတ် ယူနန်ပြည်နယ်အတွက် ပင်လယ် ထွက်ပေါက် ရပြီး စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်ပေးနိုင်မယ်။ ဒါတွေက တရုတ်နိုင်ငံအနေနဲ့ ရမယ့် အကျိုးကျေးဇူး တွေ ဖြစ်တယ်။
မြန်မာနိုင်ငံအတွက်ကတော့ ဒီစီးပွားရေးစြင်္ကန်နဲ့ ရေနက်ဆိပ်ကမ်း စီမံကိန်းတွေဟာ မြန်မာနိုင်ငံ အတွက် လိုအပ်နေတဲ့ အခြေခံ အဆောက်အအုံဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုတွေကို ရနိုင်မယ်။ တရုတ် နိုင်ငံအနောက်ဘက် ကုန်းတွင်း ပြည်နယ်တွေနဲ့ စီးပွားရေးဆက်ဆံမှုကို တိုးတက်စေမယ်။ ဒါပေ မယ့်ဒီလိုအကျိုးတွေရနိုင်ဖို့အတွက် မြန်မာအစိုးရအနေနဲ့အလေးထားလုပ်ဆောင်ရမယ့် လုပ်ငန်း တွေ လည်း ရှိသေး တယ်။
အဲဒါတွေကတော့ စီမံကိန်းအချက်အလက်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းအသိပေးဖို့၊ သီရိလင်္ကာ၊ ပါကစ္စတန်၊ အာဖရိက နဲ့ ဥရောပနိုင်ငံတွေမှာ ပိုးလမ်းမသစ် စီမံ ကိန်းနဲ့ပတ်သက်ပြီး တွေ့ကြုံနေရတဲ့ကြွေးမြီပြဿနာတွေကနေ သင်ခန်းစာယူဖို့လိုတယ်လို့ ဆရာကြီးဦးမြင့်က ဆိုပါတယ်။
ဆရာကြီးဦးမြင့် အလေးထားသတိပေးတဲ့အချက်တစ်ချက်ကတော့ တရုတ်- မြန်မာ စီးပွားရေး စြင်္ကန်ဟာ တိုင်းရင်းသားလူနည်းစုတွေနေထိုင်ရာဒေသတွေကို ဖြတ်သန်းသွားရမယ့် အခြေအနေ ဖြစ်ပါတယ်။ တိုင်းရင်းသားလူနည်းစုတွေမဆိုထားနဲ့ မန္တလေးလို မြို့ကြီးတွေမှာတောင် တရုတ် လူမျိုးတွေ ထိုးဖောက်ဝင်ရောက်မှုအပေါ် စိုးရိမ်မှုတွေအများကြီးရှိနေတယ်။ ဒါ့ကြောင့် စီးပွားရေး စြင်္ကန်လမ်း စီမံကိန်းကို အစိုးရနဲ့ တရုတ် လက်ဝါးရိုက်လုပ်တယ်၊ ဒေသခံတွေအကျိုးစီးပွားမပါဘူး လို့အထင်မခံရအောင် သတိထားဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါကို ဖြေရှင်းဖို့အကောင်းဆုံးနည်း လမ်းကတော့ စီမံကိန်းအစထဲက ပြည်သူလူထု နဲ့ တိုင်ပင်ဆွေးနွေး အကြံဉာဏ်ရယူဆောင်ရွက် တာပါပဲ။
ဘာလုပ်သင့်သလဲ
တရုတ် – မြန်မာစီးပွားရေးစြင်္ကန်နဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၂၀၁၉ ဧပြီလ တရုတ် ခရီးစဉ်မှာ သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးခဲ့တယ်။ အဲဒီဆွေးနွေးမှုရလဒ်အဖြစ် တရုတ် – မြန်မာ စီးပွားရေးစြင်္ကန် စီမံကိန်း ( ၂၀၁၉ -၂၀၃၀) နဲ့ပတ်သက်တဲ့ နားလည်မှုစာချွန်လွှာကိုလက်မှတ် ထိုး ခဲ့တယ်။ ဒီသဘောတူညီချက်ဟာ နှစ်နိုင်ငံလုံးအတွက်အကျိုးရှိမယ့် စီမံကိန်းဖြစ်တဲ့အတွက် အမြန် ဆုံး စတင်သင့်တယ်လို့ ဆရာကြီးဦးမြင့်က ယုံကြည်တယ်။ ဒါကြောင့် စီမံကိန်းအမြန်စတင်နိုင်ရေး အတွက် လုပ်ဆောင်သင့်တဲ့အချက်တွေကို စာတမ်းနိဂုံးချုပ်အဖြစ် ဖော်ပြခဲ့ပါတယ်။ အဲဒီထဲက အရေးကြီးတယ်လို့ မြင်မိတဲ့အချက်တွေကတော့ –
၁။ မြစ်ဆုံစီမံကိန်းဖျက်သိမ်းကြောင်းနဲ့ အဲဒီစီမံကိန်းကို တရုတ်- မြန်မာစီးပွားရေး စြင်္ကန် စီမံကိန်း နဲ့အစားထိုးကြောင်းကြေညာရန်။
၂။ စီးပွားရေးစြင်္ကန်စီမံကိန်းဟာ ပိုးလမ်းမသစ်စီမံကိန်းနဲ့ပတ်သက်ရင် မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းအဖြစ် သတ်မှတ်ဆောင်ရွက်ရန်။
၃။ ပြီးခဲ့တဲ့ ငါးနှစ်အတွင်း ပိုးလမ်းမသစ်စီမံကိန်းနဲ့ပတ်သက်ပြီး တွေ့ခဲ့ရတဲ့ လူမှုရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊စီးပွားရေး နဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ နိုင်ငံတကာ အတွေ့အကြုံ တွေကို လေ့လာအသုံးချရန်။
၄။ ပိုးလမ်းမသစ်စီမံကိန်း နဲ့ပတ်သက်ပြီး လူထုကို ပွင့်ပွင့်လင်းလင်းအသိပေးရန်၊ လူထု ပါဝင်မှု အခန်းကဏ္ဍကို မြှင့်တင်ရန်။
၅။ စီမံကိန်းဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသားလူနည်းစုများရဲ့ အကျိုးစီးပွားများကို ဥပဒေအရ အကာအကွယ်ပေးရန်။ တိုင်းရင်းသားလူမျိုးများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေ (၂၀၁၅)ကို အသက်ဝင်အောင်ဆောင်ရွက်ရန်။
၆။ ဒီစီမံကိန်းကို အကောင်အထည်ဖော်ရာမှာ နှစ်နိုင်ငံလုံးအကျိုးရှိဖို့အတွက် တန်းတူရည်တူရှိမှု အပြန်အလှန်လေးစားမှု ကို အခြေခံဆောင်ရွက်ရန်။
တို့ဖြစ်ပါတယ်။
ဆရာကြီးဦးမြင့် စာတမ်းအနှစ်ချုပ်ကတော့ လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေအရ အခြေခံ အဆောက်အအုံကဏ္ဍအတွက် ရင်းနှီးမြှုပ်နံှမှုတွေ လိုအပ်နေတယ်။ အဲဒါကို အမြန်ဆုံး နဲ့ အများဆုံး ရနိုင်တာက တရုတ်နိုင်ငံရဲ့ ပိုးလမ်းမသစ်စီမံကိန်းဖြစ်တယ်။ ဒါ့ကြောင့် ပြည်သူလူထု လက်မခံတဲ့ မြစ်ဆုံစီမံကိန်းကို ဖျက်သိမ်းပြီး ပိုးလမ်းမသစ်က ရလာမယ့် အခွင့်အရေး တွေကို မြန်မာနိုင်ငံ အတွက် အကောင်းဆုံးအသုံးချဖို့ဆိုတဲ့ သတင်းစကားပဲဖြစ်ပါတယ်။
yehtutarticle
China
BRI
ခေတ်သစ်မီဒီယာနဲ့ ဖေ့စ်ဘွတ်
ခေတ်သစ်မီဒီယာက သူတို့ ဖေ့စ်ဘွတ်စာမျက်နှာမှာတင်ထားတဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ နဲ့ ပတ်သက်တဲ့ သတင်းနှစ်ပုဒ်ကို #Facebook က Community Standard ငြိစွန်းလို့ ရှယ်ခွင့်မပေး တဲ့ သဘောဆောင်ရွက်ထားတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
ခေတ်သစ်မီဒီယာရဲ့ သတင်းထုတ်ပြန်ချက်မှန်၊ မမှန်သိရဖို့အတွက် အဲဒီသတင်းကို ရှယ်ဖို့ လုပ်တဲ့ အခါ “တစ်ခုခု မှားယွင်းနေလို့ ပြင်ဆင်ဖို့ကြိုးစားနေပါတယ်၊ ဒီပို့စ်က Community Standard နဲ့ ဆန့်ကျင်မနေဘူးဆိုရင် သူတို့ကို အသိပေးပါ။ ” ဆိုတဲ့စာတမ်းပေါ်လာပါတယ်။
ခေတ်သစ်မီဒီယာရဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ပတ်သက်တဲ့သတင်းနှစ်ပုဒ်လုံးက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးရဲ့ တရားဝင် ပြောကြားချက်များကို ကိုးကားရေးထားတာဖြစ်ပါတယ်။
ဒီလိုသတင်းကို Community Standard နဲ့ မကိုက်ညီလို့ တားမြစ်ထားတယ်ဆိုရင်တော့ #Facebook ရဲ့ လုပ်ဆောင်ချက်ဟာ ဘက်လိုက်နေပြီလား၊ အစိုးရ ကိုယ်စား အင်တာနက် ကင်ပေတိုင်ဖြစ်နေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်လာပါပြီ။
#yehtutcomment
#Facebook
#KhitThitMedia
ခေတ်သစ်မီဒီယာရဲ့ ရန်ကုန်တိုင်းဒေသကြီးအစိုးရနဲ့ပတ်သက်တဲ့သတင်းနှစ်ပုဒ်လုံးက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ တိုင်းဒေသကြီး လွှတ်တော်ကို်ယ်စားလှယ် နှစ်ဦးရဲ့ တရားဝင် ပြောကြားချက်များကို ကိုးကားရေးထားတာဖြစ်ပါတယ်။ 
#yehtutcomment
#Facebook
#KhitThitMedia 
အမေရိကန်သမိုင်းမှာ ၁၈၆၈ ခုနှစ်မှာ သမ္မတ အင်ဒရူးဂျွန်ဆင် နဲ့ ၁၉ ၉ ၈ ခုနှစ်မှာ သမ္မတ ကလင် တန်တို့ နှစ်ယောက်ပဲ အထက်လွှတ်တော်က ကြားနာဆုံးဖြတ်ရတဲ့ ပြစ်တင်စွပ်စွဲ မှုကို ခံခဲ့ ရတယ်။ နှစ်ယောက်လုံးကို အပြစ်မရှိကြောင်း ဆုံးဖြတ်ခဲ့တယ်။ သမ္မတ နစ်ဆင်ကတော့ စုံစမ်း စစ်ဆေးမှု နဲ့ပတ်သက်ပြီးအောက်လွှတ်တော်မှာ မဲမခွဲခင် ရာထူးကနေ နုတ်ထွက်သွားခဲ့တယ်။
အခုကိစ္စမှာ အောက်လွှတ်တော်အနေနဲ့ ပထမအဆင့် ထရမ့်ကို စွပ်စွဲပြစ်တင်သင့် ကြောင်း စုံစမ်းစစ်ဆေးအတည်ပြုရမယ်။ ထရမ့် နဲ့ ယူကရိန်းသမ္မတ ဖုန်းပြော တဲ့ အကြောင်းအရာက နိုင်ငံတော်သစ္စာဖောက်မှု၊ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ငြိစွန်းကြောင်း သက်သေပြဖို့ ခက်တယ်။ “ ကြီးလေးသော ရာဇဝတ်မှုနဲ့ အပြစ်” ဆိုတဲ့အချက်ကတော့ အခြေခံ ဥပဒေမှာ တိတိကျကျ ဖွင့်ဆိုထားတာမရှိတဲ့အတွက် ဒီအချက်နဲ့ ငြိစွန်းကြောင်းသက်သေပြဖို့ လုပ်ရမှာဖြစ်ပါတယ်။ အောက်လွှတ်တော်မှာ ဒီမိုကရက်တွေက အများစုရထားတဲ့အတွက် ဒီအဆင့်ကတော့ ဖြစ်သွားနိုင်တယ်။
ဒါပေမယ့် အပြစ်ရှိမရှိ ဆုံးဖြတ်ရမယ့် အထက်လွှတ်တော်မှာ ရီပတ်ဘလီကင်တွေက အများစု ဖြစ် တဲ့အတွက် စွပ်စွဲပြစ်တင်မှုကို အပြစ်ရှိကြောင်းဆုံးဖြတ်ဖို့ကမလွယ်လှဘူး။ အထက်လွှတ်တော် ရီပတ်ဘလီကင်ခေါင်းဆောင်တွေကတော့ ဒီစုံစမ်းစစ်ဆေးမှုဟာ နိုင်ငံရေးကစားကွက်ပဲ။ သူတို့ အနေနဲ့လက်မခံဘူးလို့ပြောနေတယ်။
ဒီမိုကရက်အမတ်တိုင်းကလည်း ထရမ့်ကို စွပ်စွဲပြစ်တင်မှုလုပ်တာကို ကြိုက်တာတော့မဟုတ် ဘူး ။ တစ်ချို့ကတော့ ဒီမိုကရက်တွေဟာ ဒီကိစ္စနဲ့ အချိန်ကုန်နေတယ်လို့ မဲဆန္ဒရှင်တွေက မြင်မှာကို စိုးရိမ်ကြတယ်။ သူတို့က ကလင်တန်ကို စွပ်စွဲဖို့ကြိုးစားတဲ့ ရီပတ်ဘလီကင်တွေ သူတို့ အများစု ရထားတဲ့ အောက်လွှတ်တော်ကို လက်လွှတ်ခဲ့ရတဲ့ဖြစ်စဉ်ကို ထောက်ပြပြီး သတိပေးနေကြတယ်။
ထရမ့်နဲ့ ရီပတ်ဘလီကင်ပါတီကတော့ ဒီကိစ္စကို အကြောင်းပြုပြီး ဒီမိုကရက်တွေဟာ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲရှုံးခဲ့တာကို လက်စားချေဖို့ပဲ လုပ်နေတယ်၊ နိုင်ငံအတွက်အရေးကြီးတဲ့ နယ်စပ်တံတိုင်းပြဿနာ၊ ကုန်သွယ်ရေးစစ်ပွဲ၊ ကာကွယ်ရေးအင်အားတိုးချဲ့ဖို့၊ အခွန်လေ ျှာ့ ဖို့ ဆိုတဲ့ကိစ္စတွေကို စိတ်မဝင်စားဘူးဆိုပြီး တိုက်ခိုက်မှုတွေစလုပ်နေပြီ၊။ ရီပတ်ဘလီကင်တွေ က တော့ ဒီကိစ္စဟာ ရီပတ်ဘလီကင်ပါတီထောက်ခံသူတွေ ၂၀၂၀ ရွေးကောက်ပွဲမှာ အလုံး အရင်း နဲ့ထွက်ပြီးမဲပေးအောင်စွမ်းဆောင်နိုင်မယ်လို့ မေ ျှာ်လင့်နေတယ်။
အောက်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီနဲ့ အဖွဲ့ကတော့ အခု စုံစမ်းစစ်ဆေးမှုတွေကနေ နောက်ထပ် အစတွေဆွဲထုတ်နိုင်လိမ့်မယ်လို့ မေ ျှာ်လင့်နေကြတယ်။ အခုတောင် ထရမ့်က တရုတ်သမ္မတ ရှီ နဲ့ဖုန်းပြောတဲ့အခါမှာလည်း ဒီပုံစံမျိုးပဲပြောခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်နေတယ်။ သူတို့က ထရမ့်ကို စွဲချက်မတင်နိုင်ရင်တောင် သူ့လုပ်ရပ်တွေကို ဖွင့်ချခြင်းအားဖြင့် မဲဆန္ဒရှင်တွေက ရီပတ် ဘလီကင်ပါတီနဲ့ ထရမ့်အပေါ်ယုံကြည်မှုကင်းမဲ့လာမယ်၊ ၂၀၂၀ မှာ ဒီမိုကရက်တွေအနေနဲ့ အိမ် ဖြူတော်ကိုရော၊ လွှတ်တော်နှစ်ရပ်လုံးကိုပါ ထိန်းချုပ်နိုင်မယ်လို့မေ ျှာ်လင့်နေတယ်။
ပြန်ချုပ်လိုက်တော့ အခု စွပ်စွဲပြစ်တင်မှုဆိုတာ ၂၀၂၀ အတွက် နှစ်ဘက်လုံးက ခြေသွေးတဲ့ ၊လက်ရည်စမ်းတဲ့ပွဲပါပဲ။ နိုင်ငံရေးသမားဆိုတာက လူထုအကျိုး၊ နိုင်ငံ့အကျိုး ဘာဘာ ညာညာ ပြောနေပေမယ့် နောက်ဆုံးတော့လည်း ရွေးကောက်ပွဲ နိုင်ရေး က အဓိက ဖြစ်သွားတာ ပါပဲ။
yehtutarticle
US
Trump
ထရမ့် ရဲ့ နောက်ဆုံးစစ်ပွဲ
၂၀၁၆ သမ္မတရွေးကောက်ပွဲထဲက စလိုက်တဲ့ 
  ထရမ့် နဲ့ ဒီမိုကရက်တွေရဲ့ စစ်ပွဲဟာ ထရမ့်ကို ပြစ်တင်စွပ်စွဲပြီး ဖယ်ရှားဖို့အတွက် ကြိုးစားတဲ့အဆင့်ကိုရောက်သွားခဲ့ပြီ။
စက်တင်ဘာလ ၂၄ ရက်နေ့မှာ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပလိုစီ ( ဒီမိုကရက်ပါတီ) က သမ္မတ ထရမ့်ကို ပြစ်တင်စွပ်စွဲနိုင်ဖို့အတွက် စုံစမ်းစစ်ဆေးမှုတွေ တရားဝင်စတင်လုပ်ဆောင်  တော့မယ်လို့ ကြေညာခဲ့တယ်။ 
အောက်လွှတ်တော်ဥက္ကဋ္ဌ ပလိုစီအနေနဲ့ ပြီးခဲ့တဲ့လပေါင်းများစွာအတွင်း ဒီမိုကရက်အမတ်တွေက ထရမ့်ကို စုံစမ်းစစ်ဆေးဖို့တောင်းဆိုခဲ့တာကို ငြင်းဆန်နေခဲ့ရာကနေ အခုတော့ သဘောထား  ပြောင်းသွားတာဖြစ်ပါတယ်။ ဒါကလည်း ပြီးခဲ့တဲ့ ဇူလိုင်လ အတွင်းမှာ ထရမ့် နဲ့ ယူကရိန်း သမ္မတ တို့ ဖုန်းပြောတဲ့အခါ ထရမ့်က ယူကရိန်းသမ္မတကို ၂၀၂၀ မှာ ဒီမိုကရက်သမ္မတလောင်းဖြစ်နိုင်ချေ ရှိတဲ့ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင် နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေ စုံစမ်းပေးဖို့  ပြောဆိုတဲ့ သတင်းအချက်အလက်တွေပေါက်ကြားလာမှုကြောင့်ဖြစ်ပါတယ်။
တကယ်တော့ ၂၀၁၇ ထဲက ဒီမိုကရက်တွေအနေနဲ့ ထရမ့်ဟာ  ရွေးကောက်ပွဲအနိုင်ရဖို့အတွက် ရုရှားအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စုံစမ်းစစ်ဆေးပြီး ရာထူးက ဖယ် ရှားနိုင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ 
၂၀၁၇ ခုနှစ် ဒီဇင်ဘာလထဲမှာ ဒီမိုကရက်အမတ်နှစ်ဦးက ပြစ်တင်စွပ်စွဲမှုလုပ်ဖို့ အဆိုတင် တယ်။ ရီပတ်ဘလီကင်အများစုဖြစ်တဲ့ အောက်လွှတ်တော်က ပယ်ချခဲ့တယ်။ ၂၀၁၈ နိုဝင်ဘာလ လွှတ် တော်ရွေးကောက်ပွဲတွေမှာဒီမိုကရက်တွေက အောက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ ပြီး တဲ့နောက် ထရမ့်ကို ဖယ်ရှားဖို့ကြိုးစားမှုတွေပိုများလာတယ်။
အခုအချိန်ထိ အောက်လွှတ် တော် ကော်မတီ ခြောက်ခုက ထရမ့်အစိုးရရဲ့ လုပ်ဆောင်ချက် တွေ ကို စုံစမ်းစစ်ဆေးနေတယ်။ ပလိုစီကတော့ အဲဒီကော်မတီတွေရဲ့ တွေ့ရှိချက်တွေကို ထရမ့် ကို ပြစ်တင်စွပ်စွဲမှုနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့တာဝန်ရှိတဲ့ တရားရေးကော်မတီ လက်ကို လွှဲ ပေးမယ်လို့ဆိုတယ်။ ပလိုစီက ဒီမိုကရက်အမတ်တွေကို  စုံစမ်းစစ်ဆေးမှုတွေ မြန်မြန်လုပ်ရမယ်။ သံပူနေတုန်း နာနာ ထုရမယ်လို့ “strike while the iron is hot” ပြောခဲ့တယ်။ 
ဒါပေမယ့် ဒီစုံစမ်းစစ်ဆေးမှုတွေဟာ သမ္မတ ထရမ့်ကို ရာထူးကနေ ဖယ်ရှားတဲ့အထိ ရောက်ပါ့ မလားဆိုတာကလည်း စဉ်းစားစရာပဲ။ 
အမေရိကန်အခြေခံဥပဒေမှာ သမ္မတကို နိုင်ငံတော်သစ္စာဖောက်မှု၊ လာဘ်ပေးလာဘ်ယူမှု၊ ကြီးလေးသော ရာဇ၀တ်မှုနဲ့ အပြစ်များကို ကျူးလွန်မှုတို့နဲ့ပတ်သက်ပြီး စွပ်စွဲပြစ်တင်နိုင် ကြောင်း ပြဋ္ဌာန်းထားတယ်။ စွပ်စွဲပြစ်တင်ဖို့ စုံစမ်းစစ်ဆေးမှုတွေကို အောက်လွှတ်တော်က လုပ်ရတယ်။ အပြစ်ရှိမရှိကို အထက်လွှတ်တော်က ကြားနာစစ်ဆေးရတယ်။ အထက် လွှတ် တော်က အပြစ်ရှိတယ်လို့ဆုံးဖြတ်ရင် သမ္မတကို ရာထူးကဖယ်ရှားနိုင်တယ်။
ထရမ့်နဲ့ ရီပတ်ဘလီကင်ပါတီကတော့ ဒီကိစ္စကို အကြောင်းပြုပြီး ဒီမိုကရက်တွေဟာ ၂၀၁၆ သမ္မတ ရွေးကောက်ပွဲရှုံးခဲ့တာကို လက်စားချေဖို့ပဲ လုပ်နေတယ်၊ နိုင်ငံအတွက်အရေးကြီးတဲ့  နယ်စပ်တံတိုင်းပြဿနာ၊ ကုန်သွယ်ရေးစစ်ပွဲ၊ ကာကွယ်ရေးအင်အားတိုးချဲ့ဖို့၊ အခွန်လျှော့ ဖို့ ဆိုတဲ့ကိစ္စတွေကို စိတ်မ၀င်စားဘူးဆိုပြီး တိုက်ခိုက်မှုတွေစလုပ်နေပြီ၊။ ရီပတ်ဘလီကင်တွေ က တော့ ဒီကိစ္စဟာ ရီပတ်ဘလီကင်ပါတီထောက်ခံသူတွေ ၂၀၂၀ ရွေးကောက်ပွဲမှာ အလုံး အရင်း နဲ့ထွက်ပြီးမဲပေးအောင်စွမ်းဆောင်နိုင်မယ်လို့ မျှော်လင့်နေတယ်။ 
#yehtutarticle
#US 
#Trump